U Learn Education

U Learn Education Learn together. Grow together.

📺 Best Educational YouTube Channels for KidsYouTube ဆိုတာ ကလေးတွေအတွက် ဖျော်ဖြေရေးတစ်ခုတည်း မဟုတ်ပါဘူး။ မှန်ကန်တဲ့ YouTu...
25/08/2026

📺 Best Educational YouTube Channels for Kids
YouTube ဆိုတာ ကလေးတွေအတွက် ဖျော်ဖြေရေးတစ်ခုတည်း မဟုတ်ပါဘူး။

မှန်ကန်တဲ့ YouTube Channels တွေကို ရွေးချယ်ပေးနိုင်မယ်ဆိုရင် ကလေးတွေဟာ
English, Math, Science, Reading နဲ့ General Knowledge တို့ကို ပျော်ပျော်ရွှင်ရွှင် သင်ယူနိုင်ပါတယ်။

Animation လေးတွေ၊ သီချင်းတွေ၊ Games နဲ့ စိတ်ဝင်စားဖွယ် Video တွေကနေ သင်ယူခြင်းဟာ ကလေးတွေရဲ့ စိတ်ဝင်စားမှုကို တိုးစေပြီး သင်ခန်းစာတွေကိုလည်း ပိုမိုမှတ်မိလွယ်စေပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ ကလေးတွေ ကြည့်သင့်တဲ့ Educational YouTube Channels လေးတွေကို မျှဝေပေးလိုက်ပါတယ်။

📺 1. KidsTV123
🔗 https://www.youtube.com/
💡 သီချင်းများနဲ့ Animation တွေကို အသုံးပြုပြီး အခြေခံ English နဲ့ Math Concepts တွေကို ပျော်ရွှင်စွာ သင်ယူနိုင်ပါတယ်။

📺 2. Super Simple Songs
🔗 https://www.youtube.com/
💡 ရိုးရှင်းတဲ့ သီချင်းတွေနဲ့ နေ့စဉ်သုံး English ကို သဘာဝကျကျ သင်ယူနိုင်ပြီး Listening နဲ့ Pronunciation ကိုလည်း အထောက်အကူဖြစ်စေပါတယ်။

📺 3. Alphablocks
🔗 https://www.youtube.com/
💡 Letter Sounds နဲ့ Word Blending ကို Animation ပုံစံနဲ့ ရှင်းပြပေးတာကြောင့် ကလေးတွေ နားလည်လွယ်ကူပြီး စာဖတ်စွမ်းရည်ကို တိုးတက်စေပါတယ်။

📺 4. Numberblocks
🔗 https://www.youtube.com/
💡 သင်္ချာကို ဇာတ်ကောင်လေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် သင်ပေးတာကြောင့် Math ကို စိတ်ဝင်စားလာစေပါတယ်။

📺 5. SciShow Kids
🔗 https://www.youtube.com/
💡 သိပ္ပံအကြောင်းအရာတွေကို ကလေးတွေနားလည်လွယ်တဲ့ ပုံစံနဲ့ ရှင်းပြပေးပြီး စူးစမ်းလိုစိတ်ကို မြှင့်တင်ပေးပါတယ်။

📺 6. National Geographic Kids
🔗 https://www.youtube.com/
💡 တိရစ္ဆာန်တွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ ကမ္ဘာကြီးအကြောင်းကို အရည်အသွေးမြင့် Video တွေကနေ လေ့လာနိုင်ပါတယ်။

📺 7. Crash Course Kids
🔗 https://www.youtube.com/
💡 မူလတန်းအရွယ်ကလေးတွေအတွက် သိပ္ပံအကြောင်းအရာတွေကို ပုံပြင်ဆန်ဆန် ရှင်းပြပေးတဲ့ Channel ဖြစ်ပါတယ်။

📺 8. Peekaboo Kidz
🔗 https://youtube.com/?si=JlZcQZOJkQ8ytKOe
💡 လူ့ခန္ဓာကိုယ်၊ ကျန်းမာရေးနဲ့ သိပ္ပံအကြောင်းအရာတွေကို Animation တွေနဲ့ စိတ်ဝင်စားဖွယ် တင်ဆက်ပေးပါတယ်။

💡 မိဘများအတွက် အကြံပြုချက်
YouTube ကို ကလေးတွေအတွက် အသုံးပြုတဲ့အခါ Screen Time ကို သင့်တော်သလို ကန့်သတ်ပေးပြီး၊ ကလေးနဲ့အတူ ကြည့်ရှုပြီး ဆွေးနွေးပေးခြင်း က သင်ယူမှုကို ပိုမိုထိရောက်စေပါတယ်။





တစ်ခုခုကို စိတ်လှုပ်ရှားပြီး စောင့်မျှော်နေတဲ့အခါ “I'm happy.” လို့ပဲ ပြော​နေတုန်းလား။ ဒါဆိုရင် ဒီPhrase ​လေး​တွေ သုံးကြ...
16/08/2026

တစ်ခုခုကို စိတ်လှုပ်ရှားပြီး စောင့်မျှော်နေတဲ့အခါ “I'm happy.” လို့ပဲ ပြော​နေတုန်းလား။ ဒါဆိုရင် ဒီPhrase ​လေး​တွေ သုံးကြည့်ပါ​နော်။

✨ I'm so excited!
✨ I can't wait!
✨ I'm looking forward to it!
✨ This is going to be fun!

နေ့စဉ်ဘဝမှာ တကယ်ကြုံရတဲ့ အခြေအနေတွေနဲ့ တွဲပြီး လေ့ကျင့်ရင်း ကိုယ်ရဲ့ Confidence ကို မြှင့်လိုက်ရ​အောင်​နော်။

တစ်ခုခုတောင်းချင်တဲ့အခါ “I want...” အပြင် ဘာ​တွေ​ပြောလို့ရမလဲဆိုတာ ​လေ့လာကြရ​အောင်​နော်။✨ Can I...?✨ Could I...?✨ May I....
15/08/2026

တစ်ခုခုတောင်းချင်တဲ့အခါ “I want...” အပြင် ဘာ​တွေ​ပြောလို့ရမလဲဆိုတာ ​လေ့လာကြရ​အောင်​နော်။

✨ Can I...?
✨ Could I...?
✨ May I...?

ဒီလို Expressions လေးတွေကို နေ့စဉ်ဘဝမှာ Polite Communication အ​နေနဲ့ အသုံးချလို့ရတယ်​နော်။

English သင်ယူတဲ့အခါ မသိတာကို မေးတတ်ခြင်း နဲ့ အကူအညီတောင်းတတ်ခြင်း ကလည်း အရေးကြီးတဲ့ Communication Skill တစ်ခုပါ။အခုလို E...
14/08/2026

English သင်ယူတဲ့အခါ မသိတာကို မေးတတ်ခြင်း နဲ့ အကူအညီတောင်းတတ်ခြင်း ကလည်း အရေးကြီးတဲ့ Communication Skill တစ်ခုပါ။

အခုလို Expressions လေးတွေကို နေ့စဉ်အခြေအနေတွေမှာ အသုံးပြုပြီး လေ့ကျင့်ကြည့်ရအောင်​နော်။

“I don't understand.” လို့ ပြောတာနဲ့တင် မပြီးသေးပါဘူးနော်။
✨ Can you say that again, please?
✨ What does this mean?
✨ Can you help me, please?
("Please" ဆိုတဲ့ ယဉ်ကျေးတဲ့ အသုံးအနှုန်းကိုလည်း တစ်ခါတည်း သင်ပေးနိုင်ပါတယ်။)

English ကို သိရုံမဟုတ်ဘဲ အသုံးချတတ်ဖို့လည်း အရေးကြီးပါတယ်။💛
​နောက်လဲ ဒီလိုမျိုး knowledge sharing,​တွေလုပ်သွား​ပေးမှာဖြစ်လို့ U Learn Education ကို Like & Follow လုပ်ထားလို့ရပါတယ်နော်။




ဒီနေ့မှာတော့ စမ်းဖြေကြည့်လို့ရနိုင်တဲ့ English Knowledge Quiz လေး​တွေ မျှဝေပေးလိုက်ပါတယ်။ အဖြေကို Comment မှာ ရေးပေးခဲ့ပ...
02/08/2026

ဒီနေ့မှာတော့ စမ်းဖြေကြည့်လို့ရနိုင်တဲ့ English Knowledge Quiz လေး​တွေ မျှဝေပေးလိုက်ပါတယ်။

အဖြေကို Comment မှာ ရေးပေးခဲ့ပါဦး​နော်။
မှန်ကန်တဲ့အဖြေကို Comment မှာ ပြန်လည်မျှဝေပေးပါမယ်​။

ကလေးတစ်ယောက် English စာတိုးတက်ဖို့ သင်တန်းတက်တာတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။🏡 အိမ်မှာ မိဘတွေနဲ့ အတူ နေ့စဉ် (၁၀–၁၅) မိနစ်လ...
31/07/2026

ကလေးတစ်ယောက် English စာတိုးတက်ဖို့ သင်တန်းတက်တာတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။

🏡 အိမ်မှာ မိဘတွေနဲ့ အတူ နေ့စဉ် (၁၀–၁၅) မိနစ်လောက် ပျော်ပျော်ရွှင်ရွှင် လေ့ကျင့်ပေးတာက ကလေးရဲ့ Language Skills နဲ့ Confidence ကို သိသိသာသာ တိုးတက်လာစေပါတယ်။ စာကြည့်ချိန်၊ ကစားချိန်၊ အိပ်ချိန်မျှပြီး မိဘ ဆရာ ​ကျောင်းသား ပူး​​ပေါင်းမှသာ က​လေးရဲ့ စွမ်း​ဆောင်ရည်​တွေ မြင်ရမှာပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ အိမ်မှာပဲ လွယ်လွယ်ကူကူ လုပ်ပေးနိုင်တဲ့ Activity (၅) မျိုးကို မျှဝေပေးလိုက်ပါတယ်။ 💛

📖 1. Read Together (အတူတူ စာဖတ်ပါ)
နေ့တိုင်း ပုံပြင်စာအုပ် (သို့) Picture Book တစ်အုပ်ကို အတူဖတ်ပေးပါ။
📌 ပုံတွေကိုကြည့်ပြီး
"What is this?"
"What color is it?"
လိုမျိုး မေးခွန်းလေးတွေ မေးပေးရုံနဲ့ Vocabulary နဲ့ Speaking Skill ကို တိုးတက်စေပါတယ်။

🎲 2. Play English Games
Flashcards, Matching Games, Memory Games စတဲ့ ရိုးရှင်းတဲ့ Games လေးတွေ ကစားပေးပါ။
ကလေးတွေက ကစားရင်း သင်ယူတာကို ပိုပြီး မှတ်မိလွယ်ပါတယ်။

🎵 3. Sing English Songs
Alphabet Song, Phonics Songs, Nursery Rhymes စတဲ့ သီချင်းလေးတွေကို နေ့တိုင်း နားထောင်ပြီး အတူဆိုပေးပါ။
🎶 သီချင်းတွေက Pronunciation နဲ့ Listening Skills ကို သဘာဝကျကျ တိုးတက်စေပါတယ်။

🗣 4. Use Simple English Every Day
အိမ်မှာ အင်္ဂလိပ်စကားလုံးလေးတွေကို နေ့စဉ် အသုံးပြုကြည့်ပါ။
ဥပမာ...
💬 Good morning!
💬 Thank you.
💬 Sit down.
💬 Let's eat.
💬 Good job!
ကလေးက English ကို စာအဖြစ်သာမက နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သဘောပေါက်လာပါလိမ့်မယ်။

🏠 5. Learn Through Everyday Objects
အိမ်ထဲက ပစ္စည်းတွေကို အင်္ဂလိပ်လို ခေါ်ပေးပါ။
🍎 Apple
🚪 Door
🪑 Chair
📚 Book
🥤 Cup
ကလေးက မြင်တာနဲ့ စကားလုံးကို ချိတ်ဆက်မှတ်မိလာပြီး Vocabulary လည်း သဘာဝအတိုင်း တိုးလာပါလိမ့်မယ်။

💛 မေမေ၊ ဖေဖေတို့အတွက် အရေးကြီးဆုံး အချက်အ​နေနဲ့ ကလေးကို အများကြီး သင်ပေးဖို့ထက် နေ့တိုင်း အနည်းငယ် ပုံမှန်လေ့ကျင့်ပေးတာက ပိုထိရောက်ပါတယ်။

အမှားလုပ်တာကို မစိုးရိမ်စေဘဲ ချီးကျူးပေးပြီး အားပေးသင်ကြားပေးခြင်း က ကလေးရဲ့ Confidence ကို ပိုမိုတိုးတက်စေပါတယ်။

💬 မေမေ၊ ဖေဖေတို့က အိမ်မှာ ဘယ် Activity ကို အများဆုံး လုပ်ပေးဖြစ်လဲ? Comment မှာ မျှဝေပေးခဲ့ပါဦးနော်။




📚 Best Free Phonics Websites မိဘများနဲ့ ဆရာ၊ ဆရာမများအတွက် အခမဲ့အသုံးပြုနိုင်တဲ့ အကောင်းဆုံး Phonics Websites 🌟 Starfall...
29/07/2026

📚 Best Free Phonics Websites
မိဘများနဲ့ ဆရာ၊ ဆရာမများအတွက် အခမဲ့အသုံးပြုနိုင်တဲ့ အကောင်းဆုံး Phonics Websites

🌟 Starfall
🔗 www.starfall.com
✅ ABCs၊ Letter Sounds နဲ့ Early Reading ကို Games၊ Songs နဲ့ Interactive Activities တွေ
ကတစ်ဆင့် ပျော်ပျော်ရွှင်ရွှင် သင်ယူနိုင်ပါတယ်။ Preschool နဲ့ Kindergarten ကလေးတွေအတွက် အထူးသင့်တော်ပါတယ်။

🌟 Teach Your Monster to Read
🔗 www.teachyourmonster.org
✅ Game ပုံစံနဲ့ Letter Sounds၊ Blending နဲ့ Reading Skills ကို တစ်ဆင့်ချင်း လေ့ကျင့်ပေးတဲ့ Website ဖြစ်ပြီး ကလေးတွေ စိတ်ဝင်စားစွာ သင်ယူနိုင်ပါတယ်။

🌟 Phonics and Stuff
🔗 www.phonicsandstuff.com
✅ Flashcards၊ Printable Worksheets၊ Classroom Games နဲ့ Online Activities များစွာ ပါဝင်တာကြောင့် ဆရာ၊ ဆရာမများနဲ့ မိဘများအတွက်အလွန်အသုံးဝင်ပါတယ်။

🌟 Alphablocks
🔗 www.alphablocks.tv
✅ Letter Sounds နဲ့ Word Blending ကို Animation နဲ့ Videos တွေကတစ်ဆင့် လေ့လာနိုင်ပြီး ကလေးတွေ နားလည်လွယ်ကူကာ စိတ်ဝင်စားစေပါတယ်။

🌟 Oxford Owl
🔗 home.oxfordowl.co.uk
✅ Free eBooks၊ Reading Resources နဲ့ Phonics Activities များ ပါဝင်ပြီး ကလေးတွေရဲ့ Reading Skills နဲ့ Confidence ကို တိုးတက်စေဖို့ အထောက်အကူဖြစ်ပါတယ်။

💡 မိဘများအတွက် အကြံပြုချက်
Website တစ်ခုတည်းကို အချိန်ကြာကြာ အသုံးပြုတာထက် တစ်နေ့ကို ၁၅ မိနစ်ခန့် ပုံမှန်လေ့ကျင့်ပေးခြင်းက ကလေးရဲ့ Reading Skills နဲ့ Phonics Skills ကို ပိုမိုတိုးတက်စေပါတယ်။

💬 အသုံးပြုဖူးတဲ့ Phonics Website ရှိရင် Comment မှာ မျှဝေပေးခဲ့ပါဦးနော်။






မေမေ၊ ဖေဖေတို့ အမေးများဆုံး မေးခွန်းတစ်ခုကတော့..."Jolly Phonics နဲ့ Oxford Phonics ဘာကွာလဲ? ဘယ်ဟာက ပိုကောင်းလဲ?"🤔တကယ်တော...
25/07/2026

မေမေ၊ ဖေဖေတို့ အမေးများဆုံး မေးခွန်းတစ်ခုကတော့..."Jolly Phonics နဲ့ Oxford Phonics ဘာကွာလဲ? ဘယ်ဟာက ပိုကောင်းလဲ?"🤔
တကယ်တော့ ၂ မျိုးလုံးက ကလေးများကို English Reading နဲ့ Writing အတွက် ခိုင်မာတဲ့ အခြေခံတည်ဆောက်ပေးတဲ့ International Phonics Programs တွေပါ။ ရည်ရွယ်ချက်တူပေမယ့် သင်ကြားပုံနဲ့ သင်ယူပုံမှာ အနည်းငယ် ကွာခြားပါတယ်။

Jolly Phonics
✅ Alphabet (A-Z) အစဉ်လိုက် မသင်ပါဘူး။
အသုံးများပြီး စကားလုံးပေါင်းဖတ်နိုင်တဲ့ အသံတွေကို အရင်သင်ပါတယ်။
ဥပမာ... s, a, t, i, p, n
🎵 Story, Song နဲ့ Action တွေကို အသုံးပြုပြီး သင်ကြားတာကြောင့် ကလေးတွေ ပျော်ပျော်ရွှင်ရွှင် သင်ယူနိုင်ပါတယ်။
📖 Letter Sounds အနည်းငယ် သင်ပြီးတာနဲ့ Blending (စာလုံးပေါင်းဖတ်ခြင်း) ကို စတင်သင်ပေးတာကြောင့် ကလေးတွေ Words တွေကို စောစောဖတ်နိုင်လာပါတယ်။
Jolly Phonics မှာလဲ
✨️Pupil Books
✨️Workbook &Activity Books
✨️Readers
✨️Finger Phonics စတဲ့ စာအုပ်အများကြီးရှိ​ပေမဲ့ အကုန်လုံးကို မဖြစ်မ​နေ အသုံးပြု​သင်ကြားဖို့မလို့ပါဘူး။

Oxford Phonics World
✅ Alphabet (A-Z) အစဉ်လိုက် သင်ပေးပါတယ်။
Level (1) ကနေ Level (5) အထိ အဆင့်လိုက် သင်ယူရပြီး...
📚 Letter Sounds, Vocabulary, Reading, Writing ကို တဖြည်းဖြည်း ဖွံ့ဖြိုးအောင် တည်ဆောက်ပေးပါတယ်။ ဒီ့အတွက်ကိုလဲ သက်ဆိုင်ရာ level အလိုက် website နဲ့ သင်​ထောက်ကူ​တွေ အဆင်သင့်ရှိပါတယ်။
Oxford ရဲ့ အားသာချက်ကတော့...
✨ Stories
✨ Activities
✨ Songs & Audio
✨ Workbook & Student books
တို့ ပါဝင်တဲ့အတွက် Language Skills ကို မျှတစွာ တိုးတက်စေပါတယ်။

📌 ဒါဆို... ဘယ်ဟာက ပိုကောင်းလဲ?
တကယ်တော့ "ပိုကောင်းတဲ့ Program" မရှိပါဘူး။
Jolly Phonics ဖြစ်ဖြစ် Oxford Phonics ဖြစ်ဖြစ်
မှန်ကန်တဲ့ နည်းလမ်းနဲ့ သင်ကြားပေးမယ်ဆိုရင် ၂ မျိုးလုံးက ကလေးတွေရဲ့ Reading, Pronunciation, Writing နဲ့ Confidence ကို တိုးတက်စေပါတယ်။

အရေးကြီးဆုံးက ဘယ်စာအုပ်သုံးတာထက် ကလေးရဲ့ Learning Style နဲ့ ဆရာ/ဆရာမရဲ့ သင်ကြားနည်း ပဲ ဖြစ်ပါတယ်။
📚 U Learn Education မှာတော့ ကလေးတစ်ယောက်ချင်းစီရဲ့ Learning Level နဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး ထိရောက်တဲ့ သင်ကြားနည်းများနဲ့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။






📚 မိဘများ ကလေးကို အင်္ဂလိပ်စာ သင်ကြားပေးတဲ့အခါ အများဆုံး ပြုလုပ်မိတတ်တဲ့ အမှားများ ကလေးကို အင်္ဂလိပ်စာတတ်စေချင်တာ မိဘတို...
23/07/2026

📚 မိဘများ ကလေးကို အင်္ဂလိပ်စာ သင်ကြားပေးတဲ့အခါ အများဆုံး ပြုလုပ်မိတတ်တဲ့ အမှားများ

ကလေးကို အင်္ဂလိပ်စာတတ်စေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပါ။ ဒါပေမယ့် ကောင်းတဲ့ရည်ရွယ်ချက်ရှိပေမယ့်လည်း သင်ကြားတဲ့နည်းလမ်း မမှန်ကန်ရင် ကလေးရဲ့ သင်ယူမှုကို ထိခိုက်စေနိုင်ပါတယ်။

ဒီနေ့တော့ မိဘများ အများဆုံး ပြုလုပ်မိတတ်တဲ့ အမှားလေးတွေကို မျှဝေပေးချင်ပါတယ်။

⚠️ Vocabulary တွေကို အလွတ်ကျက်ခိုင်းတာ
စကားလုံးတွေကို အဓိပ္ပာယ်နဲ့အတူ အလွတ်ကျက်ထားရုံနဲ့ မလုံလောက်ပါဘူး။ စကားလုံးကို ဘယ်လိုအသုံးပြုရမလဲ၊ ဘယ်လိုအခြေအနေမှာ သုံးရမလဲဆိုတာကို နားလည်ဖို့က ပိုအရေးကြီးပါတယ်။

⚠️ အမှားလုပ်မှာကို ကြောက်အောင် ဖိအားပေးတာ
ကလေးက အမှားလုပ်မှာကြောက်နေရင် English ပြောဖို့ မရဲတော့ပါဘူး။ အမှားဆိုတာ သင်ယူမှုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် အားပေးပြီး သင်ယူခွင့်ပေးတာက ပိုထိရောက်ပါတယ်။

⚠️ Grammar ကိုပဲ အလွန်အကျွံ အာရုံစိုက်တာ
Grammar က အရေးကြီးပေမယ့် Listening, Speaking, Reading နဲ့ Writing Skills တွေကိုလည်း မျှတစွာ လေ့ကျင့်ပေးဖို့ လိုပါတယ်။

⚠️ ပျော်ရွှင်စရာ သင်ယူမှုမဖန်တီးပေးတာ
စာပဲထိုင်ကျက်ခိုင်းတာထက် Games၊ Songs၊ Stories နဲ့ Activities တွေကနေ သင်ယူရင် ကလေးတွေ ပိုစိတ်ဝင်စားပြီး ပိုမှတ်မိနိုင်ပါတယ်။

⚠️ တခြားကလေးတွေနဲ့ နှိုင်းယှဉ်တာ
"သူများကလေးက ပိုတတ်တယ်" ဆိုတဲ့ နှိုင်းယှဉ်မှုတွေက ကလေးရဲ့ ယုံကြည်မှုကို လျော့ကျစေနိုင်ပါတယ်။ ကလေးတိုင်းရဲ့ သင်ယူနှုန်းက မတူညီတဲ့အတွက် မိမိကလေးရဲ့ တိုးတက်မှုကိုပဲ အားပေးပေးဖို့ အရေးကြီးပါတယ်။

⚠️ ရလဒ်ကို အလျင်လိုတာ
Language Learning ဆိုတာ အချိန်ယူရတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ နေ့တိုင်း အနည်းငယ်စီ လေ့ကျင့်ပေးတာက အချိန်တိုအတွင်း ရလဒ်ကြီးကို မျှော်လင့်တာထက် ပိုထိရောက်ပါတယ်။

💡 မိဘများအတွက် အရေးကြီးတဲ့ အချက်တစ်ခု
ကလေးကို အင်္ဂလိပ်စာ သင်ပေးတာဟာ Perfect ဖြစ်ဖို့ မဟုတ်ဘဲ English ကို စိတ်ဝင်စားပြီး ယုံကြည်မှုရှိရှိ အသုံးပြုနိုင်လာဖို့ ဖြစ်ပါတယ်။
မိဘရဲ့ အားပေးမှု၊ စိတ်ရှည်မှုနဲ့ မှန်ကန်တဲ့ သင်ကြားနည်းတွေက ကလေးရဲ့ အင်္ဂလိပ်စာ သင်ယူမှုကို ပိုမိုထိရောက်စေပြီး ရေရှည်တိုးတက်မှုကို ဖန်တီးပေးနိုင်ပါတယ်။

💬 သင့်အမြင်မှာ ကလေးကို အင်္ဂလိပ်စာ သင်ပေးတဲ့အခါ အခက်ခဲဆုံးအပိုင်းက ဘာလဲ? မိဘတွေအနေနဲ့ ဘယ်လိုအတွေ့အကြုံတွေ ကြုံဖူးလဲ? Comment မှာ မျှဝေပေးခဲ့ပါဦးနော်။

📚 အသစ်ဖွင့်လှစ်မည့် Classes များ၊ Special Programs များနှင့် Learning Opportunities များကို မလွတ်စေရန် U Learn Education Page ကို Like & Follow လုပ်ပြီး စောင့်ကြည့်ပေးပါဦးနော်။







"ကလေးက ငယ်သေးတယ်၊ နောက်မှ သင်လည်း ရတာပဲ" လို့ မိဘတချို့က  တွေးတတ်ကြပါတယ်။ ဒါပေမယ့် ကလေးငယ်တွေဟာ ဘာသာစကားအသစ်တွေကို အလွယ်...
22/07/2026

"ကလေးက ငယ်သေးတယ်၊ နောက်မှ သင်လည်း ရတာပဲ" လို့ မိဘတချို့က တွေးတတ်ကြပါတယ်။ ဒါပေမယ့် ကလေးငယ်တွေဟာ ဘာသာစကားအသစ်တွေကို အလွယ်တကူ လေ့လာသင်ယူနိုင်တဲ့ အရွယ် ဖြစ်ပါတယ်။
ဒီအချိန်မှာ အင်္ဂလိပ်စာကို စနစ်တကျ စတင်သင်ယူပေးနိုင်မယ်ဆိုရင် နောင်လာမယ့် သင်ယူမှုခရီးစဉ်အတွက် ခိုင်မာတဲ့ အခြေခံကို တည်ဆောက်ပေးနိုင်ပါတယ်။

ငယ်ရွယ်စဉ်ကတည်းက အင်္ဂလိပ်စာ သင်ယူခြင်းရဲ့ အကျိုးကျေးဇူးများ

✅ကလေးတွေဟာ ကြားတဲ့အသံတွေကို အလွယ်တကူ အတုယူနိုင်ကြပါတယ်။
ငယ်ငယ်တည်းက English Sounds တွေကို မှန်ကန်စွာ သင်ယူထားမယ်ဆိုရင် သဘာဝကျတဲ့ အသံထွက်နဲ့ ယုံကြည်မှုရှိရှိ ပြောဆိုနိုင်လာပါတယ်။

✅နားထောင်နိုင်စွမ်းနဲ့ သင်ယူနိုင်စွမ်းကို တိုးတက်စေပါတယ်။
English သီချင်းတွေ၊ ပုံပြင်တွေ၊ စကားပြောလေ့ကျင့်မှုတွေကနေ တစ်ဆင့် Vocabulary တွေကို ပိုမိုရင်းနှီးလာပြီးနောက်ပိုင်း Reading နဲ့ Speaking Skills အတွက် အရေးကြီးတဲ့ အခြေခံဖြစ်လာပါတယ်။

✅ကလေးတစ်ယောက်ဟာ အင်္ဂလိပ်စာနဲ့ ရင်းနှီးလာတဲ့အခါ စကားပြောဖို့၊ မေးခွန်းဖြေဖို့၊ စာဖတ်ဖို့ကို ပိုမိုရဲရင့်လာပါတယ်။
ဒီလို Confidence က ကျောင်းတွင်းသင်ယူမှုမှာသာမက နေ့စဉ်ဘဝမှာပါ အကျိုးရှိစေပါတယ်။

✅Reading နဲ့ Writing အတွက် ခိုင်မာတဲ့ အခြေခံကို တည်ဆောက်ပေးတယ်။
English ကို အခြေခံကနေ မှန်ကန်စွာ သင်ယူထားတဲ့ ကလေးတွေဟာ စာဖတ်ခြင်း၊ စာရေးခြင်းနဲ့ Vocabulary တိုးတက်လာခြင်းတို့ကို ပိုမိုလွယ်ကူစွာ ရရှိနိုင်ပါတယ်။

✅ဘဝတစ်လျှောက် သင်ယူနိုင်တဲ့ အလေ့အကျင့်ကောင်းကို ပျိုးထောင်ပေးတယ်။
အင်္ဂလိပ်စာကို ပျော်ရွှင်စွာ သင်ယူရတဲ့ အတွေ့အကြုံက ကလေးတွေအတွက် သင်ယူခြင်းကို စိတ်ဝင်စားလာစေပြီး အသစ်အသစ်သော အရာတွေကို ဆက်လက်လေ့လာလိုတဲ့ စိတ်ဓာတ်ကို မွေးမြူပေးနိုင်ပါတယ်။

💡 မိဘများအတွက် အရေးကြီးတဲ့ အချက်တစ်ခု
ကလေးကို အင်္ဂလိပ်စာ သင်ပေးတယ်ဆိုတာ စာတွေ အများကြီး ကျက်ခိုင်းတာ မဟုတ်ပါဘူး။
အသက်အရွယ်နဲ့ ကိုက်ညီတဲ့ သင်ကြားနည်း၊ ပျော်ရွှင်စရာ Activities တွေ၊ Games တွေ၊ Stories တွေကနေ တစ်ဆင့် သင်ယူမှုကို စိတ်ဝင်စားလာအောင် ဖန်တီးပေးခြင်းက ပိုအရေးကြီးပါတယ်။

💬 အခြေခံကောင်းတဲ့ သင်ယူမှုက အနာဂတ်အောင်မြင်မှုရဲ့ ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်။ သင့်အမြင်မှာ ကလေးတွေကို အင်္ဂလိပ်စာကို ငယ်ရွယ်စဉ်က စတင်သင်ယူတာက ဘာကြောင့် အရေးကြီးတယ်လို့ ထင်လဲ Comment မှာ မျှဝေပေးခဲ့ပါဦးနော်။





Address

Yangon

Opening Hours

Monday 21:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when U Learn Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share