09/03/2022
လှပတဲ့ကမ္ဘာသစ်ကိုပုံဖော်မဲ့မေမေများ
https://www.facebook.com/102451465541090/posts/156215356831367/
💦သားသမီးတွေရဲ့ပညာရေးထက်အမေများရဲ့ပညာရေး လိုအပ်နေတဲ့ တိုင်းပြည်
🍓အမေများရဲ့ ပညာတတ်ခြင်း(Maternal Literacy)ကအရမ်းအရေးကြီးပါတယ်။
အရည်အချင်းပြည့်၀တဲ့ မိခင်တစ်ယောက်ဟာ ကိုယ်တိုင်တော့ မဟုတ်ပေမဲ့ လူမှုပတ်၀န်းကျင်အတွက် တန်ဖိုးရှိတဲ့ သားသမီးတွေကို မွေးဖွားသန့်စင် ပြုစုပျိုးထောင်ပေးခြင်းဖြင့် လောကကြီးကို သွယ်ဝိုက်အကျိုးပြုနေတယ် ဆိုတာလေး သိစေချင်ပါတယ်။
🍓ပြင်သစ်စစ်ဗိုလ်ချုပ် နပိုလီယံ ရဲ့ အဆိုအမိန့်တစ်ခုနဲ့ပြောပါရစေ။
“Give me an educated mother, I shall promise you the birth of a civilized, educated nation.”
“ပညာတတ်မိခင်တွေပဲ ကျုပ်ကို ပေးပါ၊ ဖွံ့ဖြိုးတိုးတက်ပြီး ပညာတတ်တွေနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံတစ်ခုကို ကျုပ်က ပြန်ပေးပါမယ်” တဲ့ပါ။
👉ကလေးအတွက် ပညာရေးကအရေးကြီးတယ်ဆိုပေမယ့် Maternal Literacy(မိခင်ကိုယ်တိုင်ပညာတတ်ခြင်း)ကပိုအရေးကြီးတယ်ထင်ပါတယ်။
👉တကယ်တော့ပညာတတ်ခြင်းနဲ့စာတတ်ခြင်းမတူပါ။မြန်မာနိုင်ငံမှာဘွဲ့ရပညာမတတ်တွေဒုနဲ့ဒေးပါ။ပညာရေးစနစ်အမှားကြောင့်ဖြစ်သလို မိမိကိုယ်တိုင်မလေ့လာခြင်းကပိုဆိုးပါတယ်။
🍓ပညာ ဆိုတာဘာလဲ
အကောင်းအဆိုးအကျိုးအပြစ် အမှန်အမှား၊လုပ်သင့်မလုပ်သင့်တာကိုဝေဖန်ပိုင်းခြားနိုင်တဲ့အသိဉာဏ်ပါ။တချို့ဘွဲ့မရပေမဲ့ပညာတတ်နေတဲ့သူတွေအများကြီးပါ။
👉ကျောင်းမှာ ဘယ်လောက်သင်ပေးသင်ပေး အမေက အိမ်မှာ တလွဲပြုစုပျိုးထောင်နေရင် ကလေးက ဘာမှ ဖွံ့ဖြိုးလာမှာမဟုတ်ဘူး။တတ်သိနားလည်သူတွေမည်သို့ဆုံးမစေကာမူအမေပျိုးထောင်မှုမှားနေရင်ကလေးတိုးတက်မှာမဟုတ်ပါ။
👉အမေသာ အသိဉာဏ်ပညာရှိရင် ကလေးကို စာသင်ပေးနိုင်မယ်၊ လူတွေကို လေးစားဖို့ သင်ပေးနိုင်မယ်၊ ကိုယ်ကျင့်တရားတွေ သင်ပေးနိုင်မယ်၊ အာဟာရပြည့်အောင် ကျွေးနိုင်မယ်၊ငွေကြေးချို့တဲ့ရင်တောင် လူလားမြောက်အောင်ပညာရည်ပြည့်ဝပီးအရည်ချင်းရှိအောင်ထားနိုင်မှာပါ။
🍓ကလေးကိုအနီးကပ်ပြုစုပျိုးထောင်ရတာ အမေတွေပါ
တိုင်းပြည်အနာဂတ်က ကလေးတွေဆိုရင် ကလေးတွေကို အနီးကပ် ပြုစုပျိုးထောင်ပေးနေတဲ့ အမေတွေ ပညာတတ်ဖို့က အရမ်းအရေးကြီးပါတယ်။
🍓လောကမှာရိုးရိုးမိခင်(simple mother) နဲ့ ပရိုဖက်ရှင်နယ်မိခင်(Professional mother)ဆိုပီးနှစ်မျိုးရှိပါတယ်။
🍄ရိုးရိုးမိခင်ကဘာလဲ?
👉သားသမီးတွေကို ကျွေးမွေးတယ်၊ စောင့်ရှောက်တယ်
👉သားသမီးအလိုကိုလိုက်တယ်
👉ဖျားနာရင် တတ်သိသလောက် ပြုစုတယ်
👉ကျောင်းထားပေးတယ်၊ စာမေးလာတဲ့အခါ သိရင်သိသလို ဖြေပေးတယ်၊း။ထပ်မလေ့လာတော့ဘူး။
👉ဆယ်ကျော်သက်အရွယ် ရောက်လာရင် မဖြစ်သင့်တာ မဖြစ်ရအောင် ခြောက်လှန့်ဆုံးမတယ်။
ဒါဆို သမားရိုးကျ မိခင်တစ်ယောက်လို့ ဆိုနိုင်ပါတယ်။
🍄ပရိုကျတဲ့မိခင်ကဘာလဲ?
👉ချစ်တာတွေ၊ ကောင်းစေချင်တာတွေက အတူတူပဲ။ဒါပေမယ့် သူကျတော့ ပညာရှိတာ၊ပညာတတ်တာတစ်ခု ပိုတိုးလာတယ်။
👉ကလေးနေထိုင်မကောင်း ဖြစ်ရင် ဟိုမေးဒီမေးနဲ့ ထင်ရာလျှောက်မလုပ်ဘူး။မှန်ကန်တဲ့ ကျန်းမာရေးအသိတွေ ရှိနေအောင် ကြိုးစားထားတယ်။
👉သားသမီးကို နေရာတကာ အလိုမလိုက်ဘူး။ စည်းကမ်းနဲ့ နေတတ်အောင် လေ့ကျင့်ပေးတယ်၊ကိုယ့်ကိုယ်ကိုယ် မညှာစေဘဲ စိတ်ပိုင်းဆိုင်ရာ မာကျောမှု (Strong mentality) ရှိအောင်ပဲ အားပေးတယ်။
👉စာမေးပွဲအမှတ်များမှ ဆိုပြီး စာတွေချည်း မကျက်ခိုင်းဘူး။ လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ တိုးတက်လာအောင်လည်း ပျိုးထောင်ပေးတယ်။ သူတို့ လိုရာကို ပုံမသွင်းဘူး။ သားသမီးဖြစ်ချင်တာကိုပဲ ပုံဖော်ပေးတယ်။
👉အရာအားလုံး လိုက်မလုပ်ပေးဘူး။ ကိုယ့်အားကိုယ်ကိုးတတ်အောင်ပဲ သင်ပေးတယ်။ ပြောင်းလဲလာတဲ့ လူနေမှုပုံစံတွေနဲ့လည်း အံ၀င်ခွင်ကျ နေနိုင်အောင် ကြိုးစားတယ်။
👉 ခေတ်လူငယ်တွေရဲ့ အခြေအနေကို သိအောင်လုပ်တယ်။ နားလည်ပေးတယ်။ သားသမီးကို ရှေးရိုးစွဲ အတွေးအခေါ်တွေနဲ့ မဆုံးမဘူး။ သားသမီးရဲ့ ရှေ့ရေးကို အမြဲထည့်စဉ်းစားတယ်။ ရေရှည်အမြော်အမြင်ရှိတဲ့မိခင်မျိုးကိုဆိုလိုပါတယ်။
👉မိခင်ဘ၀၊ ကလေးပြုစုပျိုးထောင်ခြင်း ဆိုတာကို သမားရိုးကျ မဟုတ်ဘဲ ရလဒ်ထွက်အောင် ထိထိရောက်ရောက်နဲ့ အကောင်းဆုံး လုပ်နေကြသူတွေဟာ ပရိုပီသတဲ့ မိခင်တွေပါပဲ။
🍓ဒီလိုမျိုးမိခင်ဘ၀ကို အလုပ်တစ်ခုလို သဘောထားပြီး စနစ်တကျ လုပ်နေတဲ့အတွက် ‘ဒီအတိုင်း အိမ်အလုပ်ပဲ လုပ်နေတာပါ၊။မိသားစုမှာ ဘာ၀င်ငွေမှလည်း မရှိပါဘူး၊ ယောကျာ်းအပေါ် မှီခိုနေရတာပဲ’ ဆိုတဲ့ အတွေးမျိုးတွေ မရှိတော့ဘူး။
‘ကလေးကို ပြုစုစောင့်ရှောက်တဲ့ အလုပ်ကို အကောင်းဆုံး လုပ်နေတယ်၊ မိသားစုရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါ၀င်နေတယ်’ ဆိုတဲ့ ခံစားချက်မျိုးတွေ ရှိလာတယ်။
👉ရလဒ်အနေနဲ့ သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ မြင့်လာတယ်။ Personality တက်လာတယ်။ မျက်လုံးအရောင်တွေ ပြောင်းလာတယ်။ လူတွေက ပိုလှလာတယ်၊ ပိုကြည့်ကောင်းလာတယ်။
👉ဒါကြောင့် အိမ်မှာပဲ အလုပ်တွေ တကုပ်ကုပ်လုပ် ကျန်နေခဲ့ရတဲ့ အမျိုးသမီးတိုင်းကို သမားရိုးကျ အနေအထားမှာတင် ရပ်မနေဘဲ အဲ့လို ပရိုပီသတဲ့ မိခင်တွေ၊ အိမ်ရှင်မတွေ ဖြစ်လာစေချင်ပါတယ်။
🍓သားသမီးဆိုတာ မိဘဆိုတဲ့ စက်ရုံက ထုတ်လုပ်ပြီး လောကကြီးထဲကို တင်သွင်းလိုက်တဲ့ ကုန်ပစ္စည်းတွေလို့ မြင်ယောင်ကြည့်လိုက်ပါ။
👉စိတ်ဒဏ်ရာ တပွေ့တပိုက်နဲ့ လူတွေ၊ အငုံ့စိတ်တွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ လူတွေ
👉ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ခြင်း မခံခဲ့ရလို့ ဆိုးသွမ်းနေတဲ့ လူငယ်တွေ ဘယ်က ရောက်လာပါသလဲ။
👉မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားသူတွေ၊ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးမှိုင်းတွေမိပြီး အသေခံဗုံးခွဲ တိုက်ခိုက်နေသူတွေရော ဘယ်ကနေ ရောက်လာတယ်လို့ ထင်ပါသလဲ။
👉ကမ္ဘာကျော်ပညာရှင်တွေ၊ဆရာဝန်၊အင်ဂျင်နီယာတွေရောဘယ်ကလာပါသလဲ။
🛑မိဘတွေကပဲ လူ့လောကကြီးဆီ တင်သွင်းလိုက်တာပါ။
🍓ဒီလောက်ဆို မိဘရဲ့ အုပ်ထိန်းမှု၊ ပျိုးထောင်မှု၊ အထူးသဖြင့် မိခင်တွေရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အရေးကြီးလဲ ဆိုတာကို သိနိုင်မယ် ထင်ပါတယ်။
🌲အရည်အချင်းပြည့်၀တဲ့ မိခင်တစ်ယောက်ဟာ ကိုယ်တိုင်တော့ မဟုတ်ပေမယ့် လူမှုပတ်၀န်းကျင်အတွက် တန်ဖိုးရှိတဲ့ သားသမီးတွေကို မွေးဖွားသန့်စင် ပြုစုပျိုးထောင်ပေးခြင်းဖြင့် လောကကြီးကို သွယ်ဝိုက်အကျိုးပြုနေတယ် ဆိုတာကိုအလေးအနက် သိစေချင်ပါတယ်။
🌲ပညာတတ်ပီးနှလုံးသားလှတဲ့ပရိုမေမေတို့ကနေသားသမီးကောင်းရတနာလေးတွေထွက်ပေါ်လာစေဖို့ဆန္ဒပြုရင်း
မေတ္တာဖြင့်
ဒေါက်တာကောင်းထက်ကျော်