🇰🇷EPS ပ/ဒု သုတ် ရမှတ် ၈၅ အထက် မည်သည့် သင်တန်းကမဆို ပညာဒါန အခမဲ့၊သင်ရိုးသစ် စာအုပ် ဝယ်ရမည်။
🇰🇷ရမှတ် ၈၅ အောက် သင်တန်းကြေး ၂သိန်းကျပ်၊သင်ရိုးသစ် စာအုပ် ဝယ်ရမည်။
🇰🇷နောက်လာမယ့် အကြိမ် ကြိုတင်ပြင်ဆင်ချင်သူအတွက် သင်တန်းသူ/သားများ ၄သိန်း၅သောင်းကျပ်။
🇰🇷ကိုရီးယား eps_topikစာမေးပွဲ လောကထဲဝင်တော့မယ်ဆိုရင် စိတ်အားထက်သန်ရမယ်၊ဇွဲရှိရမယ်၊စာကျက်အား ကောင်းရမယ်။ဘာပဲဖြစ်ဖြစ် ကိုရီးယားကလွဲပြီး တခြားနိုင်ငံတော့ မသွားချင်သူသာလျှင် ဒီလိုင်းကို ရွေးသင့်ပါတယ်။ယခုအကြိမ် ဖြတ်မှတ်ကြမ်းတော့ အများစု စိတ်ဓါတ်ကျကြတာ သိပါတယ်။တစ်ကြိမ် တစ်ခါကျရှုံးယုံနဲ့ သင် ညံ့လို့မဟုတ်ပါဘူး။စာမေးပွဲဖြေနေတဲ့အချိန် သင့်ရဲ့စိတ်လှုပ်ရှားမှု၊မေးခွန်းအယူအဆ အပေါ် အတွေးမှားမှု တွေက ၁/၂ပုဒ်မှားနဲ့ ကပ်ကျန်ခဲ့သူတွေဟာ နှမြောဖို့ကောင်းပါတယ်။
🇰🇷စာကျက်အားမကောင်းသူ၊ဇွဲမရှိသူ ဆိုရင်တော့ EPS က အချိန်ကုန်လူပန်းပဲ ဖြစ်ပါလိမ့်မယ်။တစ်ကြိမ်ကျရှုံးတာကို သင်ခန်းစာယူပြီး အကောင်းဆုံး ပြန်လည်အားယူနိုင်ကြပါစေ။ဘဝရည်မှန်းချက်များ ပြည့်ဝကြပါစေ။
AD Korea Language Centre,EPS-TOPIK
Education2k23
မင်္ဂလာပါ...
-Topik သင်ယူနေသော သင်တန်းသားအပေါင်းတို့ အကြံလေး အနည်းငယ်ပေးပါရစေ။
#တချို့က ကိုရီးယားသွားဖို့ ၄လပြတ်၊၅လပြတ်၊၆လပြတ် သင်တန်းအသီးသီး တက်ကြပြီး ကြိုတင်ပြင်ဆင်ကြတယ်။သင်ရိုးကတော့ သတ်မှတ်တဲ့ ကာလအတိုင်း အပြီးအပြတ်သင်လို့ရပါတယ်။အဲဒီမှာ ပြဿနာက တချို့သင်တန်းသား ကျက်မှတ်အားကောင်းတယ်၊တချို့က ကျက်မှတ်အား မကောင်းဘူး။သင်ရိုးသာပြီးသွားတယ် ကိုယ်ပိုင်အသိနဲ့ မေးခွန်းပုံစံတွေ ဖြေခိုင်းလိုက်ရင် ထင်သလောက် မဖြေနိုင်တာတွေ့ရတယ်။အဲတော့ ကိုယ်တိုင်က စာကျက်အားအပေါ်မှာမူတည်ပြီး သင်တန်းကြိုတက်သင့်လား ဆိုတာ သင်ကိုယ်တိုင် ဆုံးဖြတ်ရမှာပါ။စာမေးပွဲ အသံကြားမှ အနီးကပ်တက်ပြီး မအောင်နိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ကိုယ်ဘက်က အကောင်းဆုံးဖြစ်အောင် သင်ရိုးပြီးအောင် ကြိုတက်ထားတဲ့လူက မေးခွန်းလေ့ကျင့်ဖို့ အချိန်ပိုရတယ်။Eps စာမေးပွဲက ထင်သလောက် မလွယ်ဘူးဆိုတာ ပြီးခဲ့တဲ့ စာမေးပွဲ ရလာဒ်ကို ကြည့်ရင်သိနိုင်ပါတယ်။
-Topik သင်ရိုးကုန် ကြိုတင်သင်ယူချင်တဲ့ သင်တန်းသားများ စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။
☎️09-772197942 ,09-792384547
#အလုပ်တစ်ဖက်နှင့် သင်တန်းကြိုတက်ထားချင်တဲ့ သင်တန်းသားများကြိုဆိုပါတယ်...စာသင်ချိန်ကိုလည်း အချိန်ညှိသင်ကြားပေးမှာ ဖြစ်ပါတယ်။အိမ်ဝိုင်းပုံစံ သင်ကြားတာဖြစ်တဲ့အတွက် စာသင်ချိန်တစ်ချိန်မှာ လူနည်းနည်းထိထိရောက်ရောက် သင်ယူနိုင်မှာဖြစ်ပါတယ်။သင်တန်းကြေး တစ်ခါတည်းပေးသွင်းဖို့ ခက်ခဲတဲ့ သူများအတွက်လည်း လစဉ်သင်တန်းကြေး ၅သောင်းကျပ် ပေးသွင်းပြီး တက်ရောက်နိုင်ပါတယ်။သင်တန်းကာလ အနည်းဆုံး၆လ မှ ၈လ အထိကြာနိုင်ပါတယ်။သင်တန်းကာလပြီးဆုံးလည်းဘဲ စာမေးပွဲဖြေဖို့ အနီးကပ်မေးခွန်းများလေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါတယ်....သိချင်တာရှိလျှင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ။ကိုရီးယားဘာသာ EPS စာမေးပွဲအတွက် ကြိုတင်လေ့လာနေသော သင်တန်းသားအားလုံး လွယ်ကူစွာကျက်မှတ်နိုင်ကြပါစေ...ဘဝရည်မှန်းချက်များ အောင်မြင်ကြပါစေ...။
☎️09-772197942,09-792384547
24/01/2023
#လွယ်ကူစွာလေ့လာကျက်မှတ်နိုင်ကြပါစေ.....
#လွယ်ကူစွာလေ့လာကျက်မှတ်နိုင်ပါစေ.....
#အမှားလွယ်သောဝေါဟာရများ.....
부치다-(ပါဆယ်)ပေးပို့သည်
붙이다-ကပ်သည်
낫다-နေကောင်း၊သက်သာသည်
낮다-နိမ့်သည်
없다-မရှိသည်
업다-ကုန်းပိုးသည်
있다-ရှိသည်
잇다-တွဲဆက်သည်
다치다-ထိခိုက်သည်
닫히다-ပိတ်ထားသည်
밖-အပြင်
박-ဘူးသီး
빛-အလင်းရောင်
빚-အကြွေး
겉-အပြင်ပန်းပုံ
것-အရာဝတ်ထုပစည်း
갖다-ပိုင်ဆိုင်၊ယူဆောင်သည်
같다-တူညီသည်
닫다-(တံခါး)ပိတ်သည်
닿다-ထိ၊ရောက်၊မှီသည်
씻다-ဆေးကြော၊ကိုယ်လက်သန့်စင်သည်
싣다-(ကား၊ရထား)တင်သည်
담다-ထည့်သည်
닮다-(ရုပ်ရည်)ဆင်တူသည်
잡다-ဖမ်းသည်
접다-ခေါက်၊ချိုးသည်
서명하다-လက်မှတ်ထိုးသည်
설명하다-ရှင်းပြသည်
조용하다-တိတ်ဆိတ်သည်
중요하다-အရေးကြီးသည်
매다-ချည်နှောင်သည်
메다-လွယ်သည်
세우다-ကားရပ်၊အစီစဉ်ဆွဲသည်
새우다-ညလုံးပေါက်သည်
닦다-တိုက်၊သုတ်သည်
닫다-ပိတ်သည်
묵다-တည်းခိုသည်
묶다-ချည်သည်
익다-ရင့်မှည့်သည်
읽다-စာဖတ်သည်
딱딱하다-မာကြောသည်
똑똑하다-ဥာဏ်ကောင်းသည်
괜찮다-အဆင်ပြေသည်
귀찮다-အဆင်မပြေသည်
넣다-ထည့်သည်
놓다-ထားသည်
낳다-(ကလေး)မွေးသည်
작다-သေးငယ်သည်
적다-နည်းသည်
젖다-စိုစွတ်သည်
짓다-ပြုလုပ်သည်
짖다-(ခွေး)ဟောင်သည်
짙다-(အရောင်အသွေး)ရင့်သည်
짚다-(တုတ်၊လက်ဖြင့်)ထောက်သည်
짜다-အရသာငန်သည်
찌다-ကိုယ်အလေးချိန်တက်သည်
찢다-ဆွဲဖြဲသည်
찧다-ထောင်းသည်
박다-သံရိုက်သည်
밝다-တောက်ပသည်
맑다-ကြည်လင်သည်
막다-တားဆီးပိတ်ဆို့သည်
맞다-မှန်ကန်သည်
맡다-အပ်နှံသည်
쉬다-အနားယူသည်
쉽다-လွယ်ကူသည်
10/01/2023
#လွယ်ကူစွာကျက်မှတ်နိုင်ကြပါစေ....
08/01/2023
#လွယ်ကူစွာလေ့လာကျက်မှတ်နိုင်ကြပါစေ....
#တစ်လုံးကျက်နောက်တစ်လုံးမှတ်မိပါစေ....
약-ဆေး 개미-ပုရွက်ဆိတ်
역-ဘူတာ။ 거미-ပင့်ကူ။
팔-လက်မောင်း 물-ရေ
발-ခြေချောင်း 불-မီး
약사-ဆေးစပ်သူ။ 모기-ခြင်။
역사-သမိုင်း 무기-လက်နက်
땅-မြေကြီး/땅콩-မြေပဲ
똥-မစင် /땀-ချွေး
소포-ပါဆယ်
수표-ချက်လက်မှတ်
생선-ငါး။
여관-တည်းခိုခန်း
선생-ဆရာ/ဆရာမ။
여권-ပတ်စ်ပို့
여관-တည်းခိုခန်း
먼지-ဖုန်မှုန့်။ 공항-လေဆိပ်
먼저-အရင်ဆုံး။ 고향-မွေးရပ်မြေ
거울-ကြည့်မှန်။ 사탕-သကြားလုံး
겨울-ဆောင်းရာသီ။ 설탕-သကြား
기운-အင်အား
기온-အပူချိန်
06/01/2023
#လွယ်ကူစွာလေ့လာကျက်မှတ်နိုင်ကြပါစေ…
03/01/2023
#လွယ်ကူစွာ လေ့လာကျက်မှတ်နိုင်ကြပါစေ...
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Address
အမှတ်-၃၄၉/က, လှိုင်မင်္ဂလာလမ်း(၁၃)ရပ်ကွက်၊လှိုင်သာယာမြို့နယ်။
Yangon