TVET Umfcci - MCVI

  • Home
  • TVET Umfcci - MCVI

TVET Umfcci - MCVI Institution

31/10/2017

နိုင်ငံတော်ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်များ ပုံမှန် အစည်းအဝေး (၁၁ ကြိမ်မြောက်) တွင်
ပုဂ္ဂလိကကဏ္ဍမှ တင်ပြချက်များကို ဖော်ပြလိုက်ပါသည်။

၁၁ ကြိမ်မြောက်အဖြစ် ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပသည့် နိုင်ငံတော် ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်များ၏ လစဉ်ပုံမှန် အစည်းအဝေးတွင် - ကချင်ပြည်နယ် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ပဲမျိုးစုံ စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချရေး ၊ မွေးမြူရေး၊ ကလေး - တမူး နယ်စပ်ကုန်သွယ်ရေး ၊
မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး၊ တနင်္သာရီတိုင်းဒေသကြီး ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာစီးပွားရေးဖိုရမ် (မြေယာလုပ်ငန်းအဖွဲ့-မြို့ပြ) စသည့်ကဏ္ဍများကို ဆွေးနွေးခဲ့ကြသည်။

ကချင်ပြည်နယ် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး

ကချင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးပေါ်ဦးမှ တင်ပြပါသည်။

• ကချင်ပြည်နယ် ကန်ပိုက်တည် နယ်စပ်ဂိတ်သည် တရုတ်နိုင်ငံ ထိန်ချုံးမြို့ ဟိုက်ကျိထန်ဂိတ်နှင့် နယ်စပ် ဆက်သွယ်ရေးဂိတ် ဖြစ်ပါကြောင်း၊

• ထိန်ချုံးခရိုင် အစိုးရသည် ဟိုက်ကျိထန်ဂိတ်ကို အပြည်ပြည်ဆိုင်ရာဂိတ်အဖြစ်၊ လေဆိပ်ကိုလည်း အပြည်ပြည် ဆိုင်ရာလေဆိပ်အဖြစ် မြှင့်တင်ဆောင်ရွက်လျှက်ရှိပြီး၊ ထိန်ချုံးမှ ဟိုက်ကျိထန်ဂိတ်သို့ အဆင့်မြင့်လမ်းမ ဖောက်လုပ်လျက်ရှိပါကြောင်း၊

• နှစ်စဉ် ထိန်ချုံးခရိုင်ရောက် ခရီးသွားဧည့်သည် (၁၀) သန်း အနက်မှ (၂) သန်းသည် ကချင်ပြည်နယ်သို့ လာရောက်လည်ပတ်လျှင်ပင် ပြည်နယ်၏ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ နိုင်ပါသဖြင့် ကန်ပိုက်တည် နယ်စပ်ဂိတ်အား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်ဂိတ်အဖြစ် သတ်မှတ်ကာ Border Pass အဆင့်သာမကာ Visa များ ထုတ်ပေးပါရန် နှင့် Border Pass လက်မှတ်သာ ထုတ်ပေးကာ ဝိုင်းမော်မြို့အထိသာ သွားရောက်ခွင့်ပြုထားခြင်းအား ဖြေလျှော့ပေးပါရန်

• ကန်ပိုက်တည်နယ်စပ် ကုန်သွယ်ရေးစခန်းနှင့် လွယ်ကျယ်နယ်စပ်ကုန်သွယ်ရေးစခန်းတို့တွင် တရုတ်နိုင်ငံသို့ ကားသေး၊ ကားကြီးများ သွားလာရန် တရုတ်အာမခံ ကုမ္ပဏီများထံ အာမခံထားရှိနေရပြီး၊ မထားရှိပါက ဒဏ်ငွေဆောင်နေရခြင်းကြောင့် နှင့် ကုန်သွယ်မှုပြုရာတွင် ဟွန်ဒီနှင့် တရုတ်ဘဏ်များအား အသုံးပြုနေ ရသဖြင့် ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းကို ပုဂ္ဂလိကဘဏ်များအား လုပ်ကိုင်ခွင့်ပြုပေးပါရန်

• ကန်ပိုက်တည်နယ်စပ် ကုန်သွယ်ရေးစခန်းနှင့် လွယ်ကျယ်နယ်စပ်ကုန်သွယ်ရေးစခန်းတို့တွင် ကုန်ထားသို၊ ခင်းကျင်းပြသရန် အခက်အခဲရှိနေခြင်းကြောင့် ကုန်စည်သိုလှောင်ရုံ၊ အရင်းပြကွင်း၊ အအေးခန်း၊ ပစ္စည်း တားကွင်း အစရှိသည့် အခြေခံအဆောက်အအုံများ တည်ဆောက်ပေးပါရန်

• နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် တရားမဝင်၊ စားသောက်ရန်မသင့်သော ကုန်ပစ္စည်းနှင့် အစား အသောက်များအား စစ်ဆေးနိုင်ရန်အတွက် FDA ဌာန ထားရှိပေးပါရန်

ပဲမျိုးစုံ စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချရေး

မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးအုန်းဆိုင်မှ တင်ပြပါသည်။

• အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းခြင်းကို တန်ချိန်ကန့်သတ်ခဲ့ခြင်းကြောင့် လက်ရှိအချိန်တွင် ပဲစင်းငုံနှင့် မတ်ပဲ ဈေးကွက် ပေါက်ဈေး ထက်ဝက်ခန့်အထိ ကျဆင်းနေပြီဖြစ်ပါကြောင်း၊

• ပဲစင်းငုံနှင့် မတ်ပဲ ဈေးနှုန်းတည်ငြိမ်ရေးနှင့် ဝယ်ယူတင်ပို့ရောင်းချရေးအဖွဲ့အား မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမှ အသင်းဝင် (၄၈) ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး အဆိုပြုထားသည့်အတိုင်း ငွေကျပ် ဘီလီယံ (၅၀) ကျော် ထည့်ဝင် စုဆောင်းထားပြီဖြစ်ပါသဖြင့် အစိုးရမှလည်း ငွေကျပ် ဘီလီယံ (၅၀) ကို အတိုးနှုန်းမဲ့ ချေးငွေအဖြစ် ထည့်ဝင်ပေးရန်

• အဆိုပါ ဘဏ္ဍာငွေဖြင့် တောင်သူများထံမှ ပဲများကို အဖွဲ့မှ ဝယ်ယူကာ အာမခံဖြင့် သိုလှောင်မည်၊ ပြန်လည်ရောင်းချချိန်တွင် ဆုံးရှုံးမှုရှိပါကလည်း တာဝန်ယူလျော်ပေးမည်ဖြစ်ကြောင်းနှင့် အမြတ်ရရှိပါက နိုင်ငံတော်အစိုးရ စီမံခန့်ခွဲပေးရန်

မွေးမြူရေး

မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဦးမြဟန်မှ တင်ပြပါသည်။

• ပြည်ပမှ တင်သွင်းသော ကြက်သားပေါက်များနှင့် မျိုးကြက်ဥများအား ထိန်းချုပ်ပေးပါရန်နှင့် အခွန် အကောက်များ ကောက်ခံပေးပါရန်

• မွေးမြူရေးအစာ ထုတ်လုပ်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည့် MIC ၏ ခွင့်ပြုချက်အရ တင်သွင်းသော အစာကုန်ကြမ်းများအပေါ် အကောက်ခွန်ကင်းလွတ်သည့်နည်းတူ၊ ပြည်တွင်း လုပ်ငန်းများ အနေဖြင့် Soy Bean Meal အတွက် ၁.၅ % ၊ Meat & Bone Meal 7.5% လက်ရှိ ပေးဆောင်နေရခြင်းကို ကင်းလွတ် ခွင့်ပြုရန်

• ကြက်သားပေါက်ထုတ်လုပ်သည့် လုပ်ငန်းသည် မြေနေရာများစွာလိုအပ်ခြင်း၊ အဆင့်မြင့် နည်းပညာများနှင့် ကျွမ်းကျင်လုပ်သားများလိုအပ်ခြင်း၊ ထုတ်လုပ်မှုအချိန်ကြာမြင့်သလို ဇီဝလုံခြုံရေးနှင့် အရည်အသွေး ထိန်းချုပ်ရခြင်းတို့ကြောင့် ရင်းနှီးမြှုပ်နှံမှု ကြီးမားပါကြောင်း၊ ပြည်တွင်းလုပ်ငန်းရှင်များက လုံလောက်စွာ ထုတ်လုပ်ပေးလျက်ရှိခြင်းကြောင့် ကြက်သားပေါက်နှင့် မျိုးကြက်ဥများအား အကောက်ခွန်စည်းကြပ် ခြင်းမရှိဘဲ လွတ်လပ်စွာပြည်ပမှ တင်သွင်းခွင့်အား ကန့်သတ်ပြီး အကောက်ခွန် ၁၅% မှ ၃၀% အထိ စည်းကျပ်ပေးရန်

ကလေး - တမူး နယ်စပ်ကုန်သွယ်ရေး

ကလေး - တမူး နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးလှမောင်မှ တင်ပြပါသည်။

• ကုန်သွယ်မှုပြုသည့်အခါ အမြဲတမ်း အမြတ်အစွန်းရရှိခြင်းမရှိသဖြင့် အသားတင်အမြတ်အပေါ် ကောက်ခံသော ကြိုတင်ဝင်ငွေခွန် ၂% အား ကောက်ခံနေခြင်းသည် ကုန်သည်များအတွက် ဝန်ထုတ် ဝန်ပိုးဖြစ်နေပါကြောင်း၊
• ဝန်ထုတ်ဝန်ပိုးဖြစ်စေပါက အခွန်ရှောင်မှုများ ဖြစ်ပေါ်လာနိုင်ပါသဖြင့် ရိုးရှင်းလွယ်ကူသည့် အပြီးအပြတ် စည်းကျပ်သည့်စနစ်အား ချထားပေးပါရန်

မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး

မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း တင်ပြပါသည်။

• ရန်ကုန်တိုင်းဒေသကြီး နှင့် အခြားပြည်နယ်/တိုင်းဒေသကြီးများတွင် ကောက်ခံလျက်ရှိသော ကားတစ်စီး၏ အခွန်နှုန်းများ တူညီနေပါသဖြင့် ရန်ကုန်လိုင်စင်ကားများ အဝယ်များပြီး ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ ကြုံတွေ့နေရခြင်းကြောင့် ကားအစီရေနည်းသည့် ပြည်နယ်/တိုင်းများအတွက် အခွန်နှုန်းထား ခွဲခြား သတ်မှတ် ပေးပါရန်

• ပြည်ပသွင်းကုန်လုပ်ငန်းအတွက် UNSNCE L/C အသုံးပြုရာတွင်၊ မော်တော်ယာဉ်နှင့် လယ်ယာသုံး စက်ပစ္စည်းများအား အရစ်ကျစနစ်ဖြင့် ရောင်းချရာတွင် နှင့် SME လုပ်ငန်းများ ငွေချေးရာတွင် အပေါင် ပစ္စည်းလိုအပ်ခြင်းကြောင့် SME လုပ်ငန်းများ အရင်းအနှီးရရှိရန် ခက်ခဲနေပါသဖြင့် အပေါင်းပစ္စည်းမဲ့ ကုန်သွယ်မှု ချေးငွေနှင့် လုပ်ငန်းချေးငွေ ထုတ်ပေးခြင်းတို့ကို လက်ခံကျင့်သုံးပေးပါရန်

• မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ခြင်း ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ လိုအပ်ချက်များ၊ CKD/SKD တို့နှင့် သက်ဆိုင်သော အဓိပ္ပါယ်သတ်မှတ်ချက်များ၊ အခွန်ကောက်ခံမှုစနစ်များနှင့် ပတ်သတ်သော သတင်း အချက်အလက်များကို ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် တိကျ လွယ်ကူစွာ ရရှိနိုင်စေရန် Website သော်လည်းကောင်း လမ်းညွှန်စာအုပ်သော်လည်းကောင်း စီစဉ်ပေးပါရန်

• စက်မှုဇုန်မြေဈေးများ ကြီးမြင့်နေခြင်း၊ မော်တော်ယာဉ် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရန် တစ်ဆက်တည်း စက်မှုမြေနေရာမရှိခြင်း၊ မီးနှင့်ရေ လုံလောက်စွာရရှိမှုမရှိခြင်းတို့ကြောင့် မောတော်ယာဉ်စက်ရုံနှင့် ဆက်စပ်ပစ္စည်းစက်ရုံများနှင့် စမ်းသပ်မောင်းနှင်နိုင်မည့် မြေနေရာပါရှိသော မော်တော်ယာဉ်စက်မှုဇုန်တစ်ရပ် ဖော်ထုတ်ပေးပါရန်

• ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာတွင် အသုံးပြုသော Prime Mover ကုန်တင်ယာဉ်ကြီးများအား တန်ဖိုး (AV Value) သတ်မှတ်ရာတွင် အမှန်တကယ် ဝယ်ယူသည့် ဈေးနှုန်းထက် များပြားနေခြင်းကြောင့် ဈေးနှုန်း ကြီးမြင့်လာပြီး ကုန်စည်စီးဆင်းမှု အခက်အခဲများ ဖြစ်ပေါ်နေပါကြောင်း

• ဆိပ်ကမ်းရှိ ကုန်ပစ္စည်းများစစ်ဆေးရာတွင် Manuel နှင့် MACCS (၂) နည်းလုံးဖြင့် စစ်ဆေးနေခြင်းမှ အာဆီယံနိုင်ငံများ စံညွှန်းအတိုင်းသာ အချိန်ယူစစ်ဆေးပေးရန်

• ကားအရောင်းပြခန်းများ၊ ကားအရောင်းစင်တာများသည် စီးပွား-ကူးသန်းလိုင်စင်၊ ကညနလိုင်စင်၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ၏ ခွင့်ပြုချက်၊ စည်ပင်လိုင်စင်၊ ပြည်တွင်းအခွန်လိုင်စင် စသည်ဖြင့် ရယူထားပြီး နိုင်ငံတော်သို့ အခွန်ထမ်းဆောင်နေသော လုပ်ငန်းများဖြစ်ပါကြောင်း၊ လက်ရှိတွင် ၎င်းတို့ကို ရန်ကုန်တိုင်းဒေသကြီးတွင် ထပ်မံမှတ်ပုံတင်ခွင့် ဆိုင်းငံထားခြင်းကို ညှိနှိုင်းဆောင်ရွက်ပေးပါရန်

တနင်္သာရီတိုင်းဒေသကြီး ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး

တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးရဲထွဋ်နိုင်မှ တင်ပြပါသည်။

• တနင်္သာရီတိုင်းဒေသကြီးသည် လမ်းပန်းဆက်သွယ်ရေး အသင့်အတင့် ကောင်းမွန်လာခြင်းနှင့် လုံခြုံရေးနှင့် ငြိမ်းချမ်းရေးတို့ ကောင်းမွန်လာခြင်းတို့ကြောင့် ပြည်တွင်းပြည်ပအလည်အပတ်ခရီးသွားများနှင့် ငွေအရင်းအနှီး မြှုပ်နှံပြီး စီးပွားလုပ်ကိုင်လိုသူများ စိတ်ဝင်တစားသွားလာမှု တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာလျက်ရှိသဖြင့် ခရီးသွားများ တည်းခိုနိုင်ရန် ဟိုတယ်နှင့် ဧည့်ရိပ်သာများ လုံလောက်စွာ တည်ဆောက်ပေးရန်

• ခရီးသွားလာခွင့်ပိတ်ပင်ထားသော ကျွန်းများအားတစ်ချို့ခရီးသွားများသည် ၀င်ရောက်သွားလာမှုများ ရှိနေသဖြင့် အန္တရာယ်ကင်းစေရန်အတွက် Day Trip ကဲ့သို့သော ခရီးစဉ်များ စီစဉ်ပေးရန်

• လက်ရှိဟိုတယ်တည်းခိုရိပ်သာလုပ်ငန်း လုပ်ကိုင်နေကြသူများသည် လျှပ်စစ်မီးအတွက် မီတာခမြင့်မား နေခြင်းကို ရင်ဆိုင်နေရသဖြင့် လျှပ်စစ်မီတာခနှုန်းထားများလျော့ချပေးရန်

• နိုင်ငံခြားခရီးသွားများအတွက် ဒေသအတွင်း ဘေးအန္တရာယ်မရှိပဲ လုံခြုံစိတ်ချစွာ ခရီးသွားနိုင်ရန်အတွက် ခရီးသွားလုပ်ငန်းများဖြိုးတိုးတက်ရေးကို ပံ့ပိုးဆောင်ရွက်ပေးရန်

• ဒေသနှင့်ဆိုင်သော ကုန်စည်ဒိုင်များ၊ ဒေသတွင်းစက်မှုဇုန်များ တည်ဆောက်ပေးရန်

• ဒေသထွက်ကုန်များအား ကျယ်ပြန့်စွာတင်ပို့နိုင်ရေးအတွက် Smallport တည်ဆောက်နိုင်ပေးရန်

• ရနောင်းမှ ထားဝယ်မြို့သို့ ကုန်ပစ္စည်းများ သယ်ယူလာသော သင်္ဘော၊ စက်လှေများသည် မြိတ်မြို့ အတွင်းသို့ ခရီးတစ်ထောက်ဝင်ရောက်ပြီး ကုန်ပစ္စည်းများကို ဂျူတီဆောင်နေရသဖြင့် အချိန်ကြန့်ကြာမှု ရှိနေသောကြောင့် မြိတ်မြို့တွင် ဂျူတီဆောင်ရမည့်အစား ခေတ်နှင့်လျော်ညီစွာ ထားဝယ်မြို့တွင် ဂျူတီဆောင်ခွင့်ပြုရန်

• တရားမ၀င် သတ္တုတူးဖော်ခြင်းလုပ်ငန်းများကို ထိန်းချုပ်နိုင်ရန်နှင့် လုပ်ကွက်သစ်များ စည်းကမ်းတကျ ဖော်ထုတ်နိုင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် နိုင်ငံဝင်ငွေတိုးမြှင့်ရရှိစေရန်တို့အတွက် မြန်မာနိုင်ငံ သတ္တုတွင်းလုပ်ငန်းများတွင် နည်းဥပဒေကို အလျှင်အမြန်ထုတ်ပြန်ပေးနိုင်ရန်

• ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များ၏ အားနည်းချက်များနှင့် ဓါတ်သတ္တုကန့်သတ် နယ်မြေသတ်မှတ် ပေးနိုင်မှုမရှိပဲ ၄င်းကိုအကာအကွယ်ယူ၍ စီးပွားရေးအရ ကျူးကျော်မှုများကို တားဆီးပေးနိုင်ရန်

• လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းတို့တွင် အဆင့်များပြားပြီး အချိန်ကြန့်ကြာမှု များခြင်းတို့ကြောင့် ဌာနဆိုင်ရာတည်ဆောက်ရေးလုပ်ငန်းများ၏ တင်ဒါပေးသွင်းရာတွင် အချိန်မီလိုင်စင် တင်ပြနိုင်မှု မရှိခြင်းကြောင့် လွယ်ကူမြန်ဆန်စေရန်အတွက် ဆောင်ရွက်ပေးရန်

• ကျောက်ထုတ်လုပ်ငန်းလိုင်စင်သက်တမ်းအား ယခုခွင့်ပြုပေးနေသည့် (၁) နှစ်အစား (၅) နှစ်အထိ ခွင့်ပြုပေးရန်

• သစ်တောဌာနမြေဖြစ်ပါက ကျောက်ထုတ်လုပ်ငန်းများအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့သို့ အခွန်နှစ်ရပ်ပေးဆောင်နေရခြင်းအတွက် လျော့ပေါ့ပေးရန်

• ကျောက်ထုတ်လုပ်ငန်းများနှင့်ပတ်သက်၍ တိကျသောမူဝါဒမရှိခြင်းနှင့် တာဝန်ခံသည့် မိခင်ဌာန မရှိခြင်း တို့ကြောင့် လုပ်ပိုင်ခွင့်လျှောက်ထားရာတွင် ကြုံတွေ့နေရသော အခက်အခဲများအတွက် စီစဉ်ပေးရန်

• ခဲမဖြူ၊ အဖြိုက်နက်ထုတ်လုပ်သည့်ကုမ္ပဏီများသည် မိမိတို့တူးဖော်ထုတ်လုပ်ထားသော သတ္တုရိုင်းများကို သတ္တုသားပါဝင်မှု (၆၅%) မှအထက်ရရှိအောင် သန့်စင်ကြပြီး အဆိုပါသတ္တုများကို ၀န်ကြီးဌာနသို့အပ်နှံ၍ သတ်မှတ်ထားသော အချိုးအတိုင်း ခွဲဝေယူကြောင်း

• ခွဲဝေမှုအချိုးမှာ ဓါတ်သတ္တုခွန် (၄%) နုတ်ပြီး ကျန် (၉၆%) အပေါ် ၀န်ကြီးဌာန (၃၀%)၊ ကုမ္ပဏီ (၇၀%) ဖြစ်ရာ ၀န်ကြီးဌာနမှ (၃၂.၈%)၊ ကုမ္ပဏီမှ (၆၇.၂%) ဖြစ်သည်။ အဆိုပါကုမ္ပဏီမှရရှိသော အချိုးကို ပြည်ပသို့တင်ပို့ရောင်းချပါက ပို့ကုန်ရငွေအပေါ် (၂%) အခွန်ပေးဆောင်ရပြီး ပြည်တွင်းရောင်းချပါက ရောင်းရငွေအပေါ်တွင် ကုန်သွယ်ခွန် (၅%) ပေးဆောင်ရသဖြင့် ကုမ္ပဏီများသည် ထုတ်လုပ်မှု ကုန်ကျစရိတ်မြင့်မားလာချိန်တွင် စီးပွားရေးအရ တွက်ခြေမကိုက်ပဲ အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရကာ လုပ်ငန်းများနှေးလာသဖြင့် ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားမှုအချိုးကို နှစ်ဦးနှစ်ဖက်မျှတမှုရှိသည့် အချိုးသို့ ပြောင်းလဲသတ်မှတ်ပေးရန်

မြန်မာစီးပွားရေးဖိုရမ် (မြေယာလုပ်ငန်းအဖွဲ့-မြို့ပြ)

မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဌ ဦးရဲမင်းအောင်မှ တင်ပြ ပါသည်။

• မြန်မာစီးပွားရေးဖိုရမ် မြေယာလုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များ၏ တင်ပြချက်များသည် မြေယာပိုင်ဆိုင်မှု လွှဲပြောင်းခြင်း၊ အငှားစာချုပ်မှတ်ပုံတင်ခြင်း၊ စုပေါင်းပိုင်ဆိုင်မှုနှင့် ကွန်ဒိုမီနီယမ် ဥပဒေ အစရှိသည့် ကိစ္စရပ်များအတွက် ညှိနှိုင်းဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တွေ့ဆုံခွင့် တောင်းခံခဲ့ ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

04/07/2017

Technical and Vocational Education Training Unit မှ
👨‍🔧သင်တန်းဖွင့်လှစ်ခြင်း 👩‍🔧

👨‍🔧 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု
လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ Technical Vocational Education Training Unit သင်တန်းကျောင်းမှ သင်တန်းသားများအား
သက်ဆိုင်ရာ ဘာသာရပ်ကျွမ်းကျင်၍လုပ်ငန်းခွင်အတွေ့အကြုံရရှိစေရန်၊ အလုပ်အကိုင်များရရှိစေရန်၊ အလုပ်ရှင်နှင့်အလုပ်သမား နှစ်ဦးနှစ်ဖက်
အကျိုးရှိစေရန်၊ အသေးစားလုပ်ငန်းရှင်များအဖြစ် ရပ်တည်
လုပ်ကိုင်နိုင်စေရန် နှင့် စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာန၊
လျှပ်စစ်စစ်ဆေးရေး၏ လျှပ်စစ်ကျွမ်းကျင်အခြေခံသင်တန်း (EI)
သင်ရိုးညွှန်းတမ်းနှင့်ကိုက်ညီသော Schneider Electric ၏သင်ရိုးညွှန်းတမ်းဖြင့် လျှပ်စစ်ကျွမ်းကျင်လက်မှတ်များ ရရှိစေရန်ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ပါသည်။

👩‍🔧 လျှပ်စစ်လုပ်ငန်းလုပ်ကိုင်အသက်မွေးလိုသူများအတွက်
စက်မှုဝန်ကြီးဌာန၊ လျှပ်စစ်စစ်ဆေးရေးဌာနနှင့် ပူးပေါင်း၍
ခေတ်မှီနည်းပညာများဖြင့် Basic Electrican Vocational Training
(လျှပ်စစ်အခြေခံသက်မွေးပညာ သင်တန်း) ကိုနိုင်ငံတကာအဆင့်မှီ
သင်ကြားနည်းများအတိုင်း စာတွေ့၊ လက်တွေ့သင်ကြားပေးမည့်အပြင်
လုပ်ငန်းခွင်လေ့လာရေးနှင့် လုပ်ငန်းခွင်အတွေ့အကြုံရရှိနိုင်ရန်
စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး သင်တန်းအောင်မြင် ပြီးဆုံးပါက
အသင်းချုပ်၏ထောက်ခံချက်ဖြင့် လျှပ်စစ်ကျွမ်းကျင်စာမေးပွဲဖြေဆိုခွင့်
ရရှိနိုင်မည် ဖြစ်ပါသည်။

👨‍🔧 ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့တွင် လျှပ်စစ်အခြေခံ
ကျွမ်းကျင်သက်မွေးပညာ သင်တန်းကို ဖွင့်လှစ်ပါမည်။

👩‍🔧 သင်တန်းကာလမှာ စာတွေ့၊ လက်တွေ့ နှင့် On Job Training
(၃) လ ဖြစ်ပါသည်။

👨‍🏭 သင်တန်းအားထိရောက်စွာ သင်ကြားနိုင်ရန် သင်တန်းတစ်ခုတွင်
လူဦးရေ (၂၀) ဦးသာ သတ်မှတ်ထားပါသည်။

👨‍🏫ကျောင်းအပ်စတင် လက်ခံနေပါသည်။
အချိန်မှီ စာရင်းပေးသွင်းနိုင်ရန်အတွက် သိရှိလိုသောအချက်အလက်များအား အောက်ဖော်ပြပါ လိပ်စာများအတိုင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။👩‍🏫

UMFCCI, TVET Unit
🛠️နည်းပညာနှင့်သက်မွေးပညာ လေ့ကျင့်ရေးသင်တန်းဌာန ⚒️

☎️ (+95) 1 231 4344 ~ 49 (Ext: 107),
📱(+95) 9 430 89 686,
💻 [email protected]

👩‍🏫 ဒေါ်သီရိနိုင် (သင်တန်းကျောင်းတာဝန်ခံ):
(+95) 9 799 242 518, (+ 95) 9 450 200 690

သင်ကြားရေးပိုင်း၏ ဆရာများဖြစ်သော
👨‍🏫 ဆရာ ကျော်စိုးသူ - (+95) 782 270 088
👨‍🏫 ဆရာ ကျော်ဇေယျ - (+95) 421 005 171
👨‍🏫 ဆရာ မောင်အေး - (+95) 9 5088 487

4th Regional TVET Conference 2017 in Myanmar13-15.6.2017 in MICC II in Nay Pyi Taw & field trip in Yangon
26/06/2017

4th Regional TVET Conference 2017 in Myanmar
13-15.6.2017 in MICC II in Nay Pyi Taw & field trip in Yangon

02/06/2017

Strengthening Private Sector Involvement in TVET & Skills development in Myanmar Seminar hold in UMFCCI, collaborated with GIZ & British Council.

17/11/2014
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အသက်မွေးနိုင်သော နည်းပညာများသင်တန်း ဖ...
17/11/2014

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်

အသက်မွေးနိုင်သော နည်းပညာများသင်တန်း ဖွင့်လှစ်ရာတွင် ပူးပေါင်းဆောင်ရွက်ရန်ဖိတ်ခေါ်ခြင်း



၁။ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ မြန်မာနိုင်ငံသားများ အထူးလိုအပ်နေသည့်လက်တွေ့ကျွမ်းကျင် အသက်မွေးဝမ်းကျောင်းနိုင်သော နည်းပညာသင်တန်းများကို စဉ်ဆက်မပြတ် ထိရောက်စွာဖွင့်လှစ်၍အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်

၂။ ဤကဲ့သိုဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက် ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်ရန် စီမံထားရှိပါသည်။

၃။ သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ

(က) အသက်မွေးပညာသင်တန်းကျောင်းများ

(ခ) အသက်မွေးပညာသင်တန်းကျောင်း ဆရာများ၊ ဆရာဖြစ်လိုသူများ။

(ဂ) အသက်မွေးပညာ ပင်စင်စား ကျောင်းဆရာများ။

(ဃ) ဒေသဖွံဖြိုးရေး အဖွဲ့အစည်းများ။

(င) စက်မှုဇုန်များ။

(စ) ညီနောင်အသင်းများ။

(ဆ) ပူးပေါင်းဆောင်ရွက်လိုသော ပြည်တွင်း၊ ပြည်ပကုမ္ဗဏီများအဖွဲ့အစည်းများအားလုံး ဖိတ်ခေါ်ပါသည်။

၎။ ပြည်တွင်း၊ ပြည်ပသို့ စနစ်ကျ အဆင့်မှီဆရာဖြစ်သင်တန်းများအားလည်း စေလွှတ်သွားရန်ရှိပါသည်။

ဂျာမနီနိုင်ငံ GIZ အဖွဲ့အစည်းမှ ၄င်းတို့နိုင်ငံတွင် TVET Professional (အသက်မွေးဝမ်းကြောင်းပညာ ဆရာဖြစ်သင်တန်းအား ၂၀၁၅ ခုနစ် ဧပြီလ မှ ဒ်ီဇင်ဘာလအထိ (၇)လတိတိသင်ကြားပေး သွားရန် ကမ်းလှမ်းထားပါသည်။

၅။ ဂျာမနီ နိုင်ငံသို့ ပညာတော်သင်လျှောက်ထားမည်သူများအား CV Form ကိုလည်းပူးတွဲပေးပို့ထားပါသည်။
၆။ ဖြည့်စွက်၍ UMFCCI အတွင်းရေးမှုးရုံးခန်းသို့ ၂၀.၁၁.၂၀၁၄ နောက်ဆုံးထားပေးပို့လျှောက်ထားနိုင်ပါသည်။
သိရှိလိုသည်များကို -01-214344-9 (EXT- 107) 09-250075519, 09-7955559212 သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။

17/11/2014

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်

အသက်မွေးနိုင်သော နည်းပညာများသင်တန်း ဖွင့်လှစ်ရာတွင် ပူးပေါင်းဆောင်ရွက်ရန်ဖိတ်ခေါ်ခြင်း



၁။ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ မြန်မာနိုင်ငံသားများ အထူးလိုအပ်နေသည့်လက်တွေ့ကျွမ်းကျင် အသက်မွေးဝမ်းကျောင်းနိုင်သော နည်းပညာသင်တန်းများကို စဉ်ဆက်မပြတ် ထိရောက်စွာဖွင့်လှစ်၍အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်

၂။ ဤကဲ့သိုဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက် ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်ရန် စီမံထားရှိပါသည်။

၃။ သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ

(က) အသက်မွေးပညာသင်တန်းကျောင်းများ

(ခ) အသက်မွေးပညာသင်တန်းကျောင်း ဆရာများ၊ ဆရာဖြစ်လိုသူများ။

(ဂ) အသက်မွေးပညာ ပင်စင်စား ကျောင်းဆရာများ။

(ဃ) ဒေသဖွံဖြိုးရေး အဖွဲ့အစည်းများ။

(င) စက်မှုဇုန်များ။

(စ) ညီနောင်အသင်းများ။

(ဆ) ပူးပေါင်းဆောင်ရွက်လိုသော ပြည်တွင်း၊ ပြည်ပကုမ္ဗဏီများအဖွဲ့အစည်းများအားလုံး ဖိတ်ခေါ်ပါသည်။

၎။ ပြည်တွင်း၊ ပြည်ပသို့ စနစ်ကျ အဆင့်မှီဆရာဖြစ်သင်တန်းများအားလည်း စေလွှတ်သွားရန်ရှိပါသည်။

ဂျာမနီနိုင်ငံ GIZ အဖွဲ့အစည်းမှ ၄င်းတို့နိုင်ငံတွင် TVET Professional (အသက်မွေးဝမ်းကြောင်းပညာ ဆရာဖြစ်သင်တန်းအား ၂၀၁၅ ခုနစ် ဧပြီလ မှ ဒ်ီဇင်ဘာလအထိ (၇)လတိတိသင်ကြားပေး သွားရန် ကမ်းလှမ်းထားပါသည်။

၅။ ဂျာမနီ နိုင်ငံသို့ ပညာတော်သင်လျှောက်ထားမည်သူများအား CV Form ကိုလည်းပူးတွဲပေးပို့ထားပါသည်။
၆။ ဖြည့်စွက်၍ UMFCCI အတွင်းရေးမှုးရုံးခန်းသို့ ၂၀.၁၁.၂၀၁၄ နောက်ဆုံးထားပေးပို့လျှောက်ထားနိုင်ပါသည်

Coming Soon in UMFCCI (Myanmar Vocational Institute)
29/10/2014

Coming Soon in UMFCCI (Myanmar Vocational Institute)

Address

No. 29, Min Ye Kyaw Swar Street, Lanmadaw Township

Website

Alerts

Be the first to know and let us send you an email when TVET Umfcci - MCVI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your school to be the top-listed School/college?

Share