13/05/2026
📣 “အမြဲတမ်းမေးနေတဲ့ လူငယ်တွေအတွက် Soft Skill Training အစီအစဉ်” လေး စတင်လိုက်ပါပြီ…
ကျမတို့ ဆယ်ကျော်သက်တွေအတွက် Life Skill Training Program တွေကို ပုံမှန် သင်ကြားပေးနေပေမယ့် “အလုပ်လုပ်နေတဲ့ လူငယ်တွေ Soft Skill Training လေးတွေ မရှိဘူးလား?”ဆိုပြီး အမြဲတမ်း မေးမြန်းလာကြတဲ့အတွက်…
✨ Emotional & Social Mastery Training ✨
ကို Young Professionals & Job Seekers တွေအတွက် အထူးစီစဉ် ဖွင့်လှစ်လိုက်ပါပြီ။
လုပ်ငန်းခွင်မှာ အောင်မြင်ဖို့ ကျွမ်းကျင်မှုအရည်အချင်းတွေရှိရုံနဲ့ မလုံလောက်ပါဘူး။
💡 စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်တည်ငြိမ်မှုနဲ့ ကိုယ့်ရဲ့ Emotion ကို ဘယ်လို Handle လုပ်သလဲ?
💬 လုပ်ငန်းခွင်ထဲက လူတွေနဲ့ ဘယ်လို Communicate လုပ်သလဲ?
🌿 အလုပ်နဲ့ပတ်သက်တဲ့ Stress ကို ဘယ်လို Manage လုပ်သလဲ?
🤝 ကိုယ့်ရဲ့အထက်အရာရှိ၊ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ Healthy Relationship ကို ဘယ်လို တည်ဆောက်မလဲ
ဒီအချက်တွေက သင့်ရဲ့ Career Success အတွက် အဓိကသော့ချက်တွေပဲ ဖြစ်ပါတယ်။
သင်က အလုပ်ဝင်ဖို့ ပြင်ဆင်နေတဲ့သူ ဒါမှမဟုတ် လုပ်ငန်းခွင်ထဲမှာ Workplace Stress & Communication Challenges တွေနဲ့ ကြုံနေရတဲ့သူဆိုရင် သင့်အတွက် အလိုအပ်ဆုံး စိတ်ပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ဖို့
✨ Emotional & Social Mastery Training ✨
လေး ကို Join ဖို့ ဖိတ်ခေါ်ပါတယ်။
🪂ဒီသင်တန်းလေးမှာ ဘာတွေသင်ပေးမှာလဲ?
တစ်လအတွင်း စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်ရင့်ကျက်မှုနဲ့ လူမှုဆက်ဆံရေး Skill (၃) ခုကို အသေးစိတ် သင်ကြားပေးသွားမှာပါ။
၁။ Emotional Intelligence (EQ)
မိမိရဲ့ စိတ်ခံစားချက် (Emotions) များကို နားလည် ထိန်းချုပ်နိုင်ခြင်း
Self-awareness နှင့် Self-confidence တိုးတက်လာခြင်း
Professional Relationship များကို ကောင်းကောင်း တည်ဆောက်နိုင်ခြင်း
၂။ Communication Skills
လုပ်ငန်းခွင်မှာ ထိရောက်စွာ ဆက်သွယ်နိုင်ခြင်း (Effective Communication)
ယုံကြည်မှုရှိရှိ ပြောဆိုနိုင်ခြင်း (Confident Speaking) နှင့် Active Listening
ခက်ခဲသောအခြေအနေများကို ကိုင်တွယ်ခြင်း (Difficult Conversations)
၃။ Stress Management
လုပ်ငန်းခွင်ဖိအား (Work Pressure) များကို စနစ်တကျ ဖြေရှင်းနည်းများ
စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည် (Emotional Resilience) မြှင့်တင်ခြင်း
အပြုသဘောဆောင်သော Positive Mindset တည်ဆောက်ခြင်း
🎯 သင်တန်းကနေ ရရှိသွားမယ့်အရာတွေကတော့
✅ လုပ်ငန်းခွင် စိန်ခေါ်မှုတွေအတွက် စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်ခြင်း
✅ Professional ဆန်တဲ့ Soft Skills များ ပိုင်ဆိုင်လာခြင်း
✅ မိမိကိုယ်ကို ယုံကြည်မှု (Self-confidence) ပိုမို အားကောင်းလာခြင်း
✅ Career Success အတွက် မရှိမဖြစ် Essential Skills များ ရရှိခြင်း တို့ဖြစ်ပါတယ်
📍 သင်တန်းအချက်အလက်
· သင်ကြားမည့်သူ Teacher Daw Cho Cho Naing
· သင်တန်းစတင်မည့် နေ့ရက်: [23 May 2026]
· အချိန်: [Saturday /Sunday စနေ တနင်္ဂနွေနေ့တိုင်း ည ၇:၃၀ - ၉:၀၀]
· ကြာချိန်: ၉ရက် (တစ်ပတ်လျှင် ၂ ရက်)
· နေရာ: Zoom Training
· သင်တန်းကြေး ၁၈၀၀၀၀ (Early Bird Discount 20%) စောအပ်သောကျောင်းသား ၁၅ဦးမှာ ၁၄၄၀၀၀ကျပ် နှင့် အပ်နိုင်ပါတယ်)
📢 လူဦးရေကန့်အသတ်ထားလို့ ခုပဲ Messenger ကနေ စာရင်းပေးသွင်းလိုက်ပါနော်။
လုပ်ငန်းခွင် အခက်အခဲတွေကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေကို သိထားခြင်းက သင့်ကို ပိုမိုယုံကြည်မှုရှိတဲ့သူ ဖြစ်လာစေမှာပါ။ ဒါကြောင့် ဒီသင်တန်းလေးကို Join ဖို့ အခုပဲ ဖိတ်ခေါ်လိုက်ပါတယ်နော်။
11/04/2026
🏄🏻ဆယ်ကျော်သက်အရွယ်မှာ မဖြစ်မနေ ပျိုးထောင်ပေးသင့်တဲ့ Skill (၃) ခု
🧗🏼♀️ဆယ်ကျော်သက်အရွယ်မှာ ပြောရဆိုရခက်ခဲလာတာ ကိုင်တွယ်ရခက်ခဲလာတာ သဘာဝတစ်ခုဖြစ်ပါတယ်။ တကယ်တော့ ကလေးတွေက ဆိုးလာတာမဟုတ်ပဲ သူတို့ရဲ့ ကိုယ်ပိုင် အတွေးအခေါ်နဲ့ စိတ်ခံစားမှုတွေ ဖွံ့ဖြိုး ပြောင်းလဲနေတဲ့ အချိန် မှာ သူတို့ရဲ့ အပြုအမူတွေနဲ့ စိတ်ခံစားချက်တွေကို ကိုယ်တိုင်မထိန်းသိမ်းနိုင် တာကြောင့် ဖြစ်ပါတယ်။
ဒီလိုအပြောင်းအလဲ ကာလမှာ ဆူပူနေတာထက် တစ်သက်တာ အသုံးဝင်မယ့် အောက်ပါ Skill (၃)ခုကို ပျိုးထောင်ပေး လိုက်တာက မိဘရော သားသမီးအတွက်ပါ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။
🥇၁။ အပြောအဆို ဆက်ဆံရေးတွေ တိုးတက်လာစေမယ့် Communication Skill
ဆယ်ကျော်သက်လေးတွေဟာ ကိုယ်ပိုင်ခံစားချက်တွေ အတွေးအခေါ်တွေ ရှိလာပြီဖြစ်တဲ့အတွက် သူတို့ စိတ်ဆန္ဓတွေကို ဖေါ်ထုတ်ချင်လာကြတယ် သူတို့မလုပ်ချင်တဲ့အရာတွေကို ကောင်းကောင်းမတုံ့ပြန်တာမျိုး ဆုံးမစကားတွေကို နားမထောင်ချင်တော့တာမျိုးတွေ လုပ်တတ်ကြပါတယ် ဒီအရွယ်မှာ Communication Skill ကိုသင်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှ သူတို့ရဲ့ စိတ်ကူးတည့်ရာအတိုင်း ပြုမူ တုံ့ပြန်တာလျော့သွားပြီး သူတို့လုပ်ချင်တဲ့အရာ သူတို့ဖြစ်ချင်တဲ့အရာကို ကောင်းစွာ ချဉ်းကပ် ပြောဆိုတက်လာမှာ ဖြစ်ပါတယ်၊ မိဘနဲ့သားသမီး ကြားထဲမှာလည်း အရင်ထက်ပိုပြီးနားလည်မှုရလာပြီး ဆက်ဆံရေးမပြေလည်မှုတွေ လျော့ပါးသွားပြီး ပိုပြီးဆက်ဆံရေးကောင်းမွန်လာမှာဖြစ်ပါတယ်၊
🏅၂။ တွေးခေါ်ဆင်ခြင်သုံးသပ်မှုတွေ အားကောင်းလာစေမယ့် Critical Thinking Skill
ကလေးတစ်ယောက်ဟာ အသက် ၇နှစ်နဲ့ ၁၂ အတွင်းမှာ ဉီးနှောက်ဖွံ့ဖြိုးမှု တဖြည်းဖြည်းတိုးတတ်လာပြီး အသက် ၁၂ အထက်မှာ အကျိုးအကြောင်း ဆီလျှော်မှု (reasoning) ကို စတင်စဉ်းစား တတ်လာတဲ့ အရွယ်ဖြစ်လို့ ဒီအရွယ်လေးတွေဟာ critical thinking skill ကိုစတင်လေ့လာ သင်ယူဖို့ အကောင်းဆုံးအရွယ်လည်း ဖြစ်ပါတယ်။ Critical Thinking skill ကို အားကောင်းလာတာနဲ့အမျှ
• အင်တာနက်ခေတ် ဆိုရှယ်မီဒီယာ သတင်းတွေကို အယုံမလွယ်ဖို့ အမှားအမှန် ခွဲခြားသိမြင်နိုင်မယ်၊
• အပေါ်ယံ အပြင်ပန်းကို ကြည့်ပြီး လူတစ်ယောက်ရဲ့ အရည်အချင်း စရိုက်လက္ခဏာများကို အလွယ်တကူ မယုံကြည်ပဲ သတိထားတက်လာမယ်
• လွပ်လပ်မှု လမ်းစရှာတဲ့ ရွယ်တူ သူငယ်ချင်းတွေရဲ့ အတွေးအကြံ တွေ ဖိအားတွေရဲ့ အကောင်း အဆိုးကို ကိုယ်တိုင်သုံးသပ်နိုင်ပြီး လမ်းမှားရောက် မသွားစေဖို့ ထိန်းနိုင်မယ်
• မိမိရဲ့ ဘဝရပ်တည်မှုအတွက် အမှားနည်းနည်းနဲ့ အန္တရယ်အကင်းဆုံးရွေးချယ်မှုတွေ လုပ်နိုင်လာမှာ ဖြစ်ပါတယ်။
🎖️၃။မဖြစ်မနေသင်ပေးဖို့လိုတဲ့ Time Management Skill
ဆယ်ကျော်သက်အရွယ်မှာ အရေးကြီးဆုံးပျိုးထောင်ပေးရမယ့် Skill ကတော့ Time Management skill ပါပဲ။
Time Management ကောင်းလာစေဖို့ စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပေးရတာဖြစ်ပါတယ်။ နေ့စဉ်အလုပ်ရည်မှန်း ချက်တွေထားရှိစေပြီး Attitude နဲ့ Habit တွေကိုလည်း ပြုပြင်ပေးဖို့လိုအပ်ပါတယ်။ နေ့စဉ်နေတဓူဝ ကိစ္စရပ်တွေကို လူကြီးက လိုက်သတိပေး နေရတာတွေ အချိန်အကန့်အသက်မရှိ ဖုန်းကို အလွန်အကျွံသုံး တာတွေကလည်း အချိန်ကို စနစ်တကျသုံးစွဲတဲ့ အလေ့အထ အားနည်းပြီး Time Management လိုအပ်နေတာ ဖြစ်ပါတယ်။ မိဘတွေက အချိန်ပြည့်သတိပေးနေတယ် တွန်းအားပေး တယ်ဆိုပေမယ့် ကိုယ့်ရဲ့အချိန်ကို ကိုယ်တိုင် စီမံတက်ခြင်းကသာ တိုးတက်ပြောင်းလဲဖို့ အတွက် အဓိကကျတာဖြစ်ပါတယ်။ အချိန်ကို မလေးစားလို့ အမြဲတမ်း ဆူနေမယ့်အစား အချိန်ကိုစနစ်တကျ စီမံခန့်ခွဲတတ်အောင် သင်ပေးလိုက်တာက ပိုအကျိုးရှိစေ မှာဖြစ်ပါတယ်။
ကိုယ်တိုင် သင်ပေးဖို့ မအားတဲ့ မိဘတွေနဲ့ Skill တွေကို စနစ်တကျသင်ကြားစေချင်တဲ့ မိဘတွေအတွက် Smart Teen ရဲ့ Skill (၃)ခုကို တလအတွင်း သင်ကြားပေးမယ့် Essential (3) Skill အစီအစဉ်လေးကို Join ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ဒီအတန်းလေးကို သကြန်အပြီးမှာဖွင့်မှာဖြစ်ပြီး အထူးအစီအစဉ်အဖြစ် Skill (3) ခုစာကို Skill (2) ခုစာ နှုန်းထားနဲ့ တက်ရောက်ရမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် Comment မှာ Essential 3 Skill လို့ ရိုက်လိုက်ပါနော် ဆက်သွယ်ပေးပါမယ်။
📍 သင်တန်းအချက်အလက်
• သင်တန်းစမည့်နေ့ရက်: [ 18 April 2026]
• အချိန်: [တနင်္ဂနွေနေ့တိုင်း ညနေ ၆နာရီမှ ၇နာရီ ခွဲ]
• သင်တန်းကာလ: ၄ ပတ် (တစ်ပတ်လျှင် ၂ ရက်)
• နေရာ: [Zoom]
• သင်ကြားမည့်သူ: တီချယ် ဒေါ်ချိုချိုနိုင်
• သင်တန်းကြေး Skill 3 ခုစာပုံမှန်သင်တန်းကြေး 225,000 (ယခု Special Discount 75000) ပထမ ၁၅ ဦးစာအတွက် 150000 ကျပ်နဲ့ အပ်နှံနိုင်ပါတယ်)
📢 "ကလေးကို အမြဲတမ်း ထိန်းကျောင်းနေရမယ့်အစား၊ ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းနိုင်တဲ့ Skill တွေ သင်ပေးလိုက်တာက ပိုကောင်းပါတယ်"
လူဦးရေ ကန့်သက်ချက်ရှိတာဖြစ်လို့ အခုပဲ Messenger ကတဆင့် စာရင်းပေးသွင်းလိုက်ပါနော်
SMART TEEN Life Skill Mastery - Empowering tomorrow leaders
discovery Intelligent # Critical Thinking # Communication skill # Time Management # Teenager
15/03/2026
ကိုယ့်ရဲ့ပျော်ရွှင်မှုကို သူများလက်ထဲထည့်ထားပေးမိနေလား?
အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ လူမှုဆက်ဆံရေးမှာပဲဖြစ်ဖြစ် ကျွန်မတို့ တော်တော်များများဟာ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုကို သူတစ်ပါးရဲ့ အပြုအမူတွေအပေါ်မှာပဲ မူတည်ပြီး တည်ဆောက်ထားမိ တတ်ကြပါတယ်။
စိတ်ပညာအရ ဒါကို External Locus of Control လို့ ခေါ်ပါတယ်။ ကိုယ့်ရဲ့ ပျော်ရွှင်မှု Remote Control ကို သူတစ်ပါးလက်ထဲ အပ်ထားတဲ့အခါ ကျွန်မတို့ဟာ ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင် မဟုတ်တော့ဘဲ သူတပါးရဲ့ တုံ့ပြန်မှုတွေနောက်မှာ မျောပါနေတဲ့ လှေတစ်စင်းလို ဖြစ်သွားရပါတယ်။
ဒါဟာစိတ်ပိုင်းဆိုင်ရာ မှီခိုမှု အန္တရယ်လည်း ဖြစ်ပြီး ကိုယ့်ကိုယ်နာကျင် စေနိုင်တဲ့အရာ လည်း ဖြစ်ပါတယ်။
ကိုယ်ချစ်ရသူ ဒါမှမဟုတ် အလုပ်ဖော်တွေက ကိုယ့်အပေါ် နားမလည်ပေးနိုင်တဲ့အခါ စိတ်ဓာတ်ကျဆင်းမှု (Mental Breakdown) ကို အလွယ်တကူ ခံစားရတတ်ပါတယ်။
တစ်ခါ သူတစ်ပါးကို ကူညီပေးတဲ့အခါ သူတစ်ပါးကလည်း ကိုယ့်အပေါ်ကောင်းမှာပဲ ဆိုတဲ့ မျှော်လင့်ချက်တွေ ကြီးမားလာပြီး အဲဒီမျှော်လင့်ချက်ကပဲ ကိုယ့်ကို ပြန်ပြီး နာကျင်စေပါတယ်။
ပြီးတော့ သူများကို ပျော်အောင်ထားဖို့ပဲ အမြဲကြိုးစားနေရတာရယ်နဲ့ အဆင်မပြေမှုတွေ ကြုံလာတဲ့အခါမှာလည်း စိတ်မချမ်းမသာဖြစ်နေရတာတွေကြောင့် ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်နဲ့ စိတ်အေးချမ်းမှုကို စတေးလိုက်ရတတ်ပါတယ်။
ဒါကြောင့် Emotional Independence လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကို စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ လွတ်လပ်မှု တွေလည်း တည်ဆောက်ထားဖို့ လိုအပ်ပါတယ် အောက်ပါနည်းလမ်းတွေက အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။
1. ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ဘယ်သူတွေအပေါ်မှာ ဘယ်လောက်အထိ ပုံအပ်ထားသလဲဆိုတာကို ရိုးရိုးသားသား ပြန်လည်ဆန်းစစ်ပါ၊ Self Awareness လုပ်ကြည့်ပါ။
2. သူတစ်ပါးရဲ့ ချီးကျူးမှုထက် ကိုယ့်ရဲ့ အောင်မြင်မှုသေးသေးလေးတွေကို ကိုယ်တိုင် အသိအမှတ်ပြုတဲ့ အလေ့အကျင့် (Self-Appreciation) ကို မွေးမြူပါ။
3. တစ်ယောက်တည်းရှိနေချိန်မှာလည်း ပျော်ရွှင်နိုင်မယ့် ဝါသနာ (Passion) တွေကို ဖော်ထုတ်ပါ။ ကိုယ်ပျော်ရွှင်စေမယ့်အရာတွေလုပ်ပါ။ ဉပမာ ပန်းပင်စိုက်တာ၊ အစားသောက်ချက်တာ၊ သီချင်းဆိုတာ ပန်းချီဆွဲတာ ကခုန်တာ အစသဖြင့် ကိုယ့်ရဲ့ ကိုယ်ပိုင် ပျော်ရွှင်မှုကို တည်ဆောက်ပါ။
လူမှုဆက်ဆံရေးဆိုတာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ပံ့ပိုးပေးဖို့ပဲဖြစ်ပါတယ်။ တစ်ဖက်သတ် မှီခိုနေဖို့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုကို ကိုယ်တိုင် တာဝန်ယူနိုင်တဲ့အခါမှသာ ပိုမိုခိုင်မာပြီး ကျန်းမာတဲ့ ဆက်ဆံရေး (Healthy Relationships) တွေကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် သင့်ရဲ့ ပျော်ရွှင်မှုအတွက် ဘယ်သူ့ကိုမှ မမှီခိုပါနဲ့ ။ သင့်ရဲ့ ပျော်ရွှင်မှုဟာ သင့်အတွက် တန်ဖိုးရှိတဲ့အရာလည်း ဖြစ်လို့ သင် ကိုယ်တိုင် ပိုင်ဆိုင်တဲ့အရာဖြစ်သင့်ပါတယ်။
14/03/2026
Smart Teen Life Skill Mastery သင်တန်းဟာ ဆယ်ကျော်သက် လူငယ်တွေအတွက် ဘဝတစ်သက်တာ အသုံးချလို့ရမယ့် စွမ်းရည်တွေကို စနစ်တကျ လေ့ကျင့်ပေးမယ့် အစီအစဉ်ဖြစ်ပါတယ်ရှင်။
မိဘတွေအနေနဲ့ မိမိကလေးရဲ့ အားလပ်ရက်တွေကို အကျိုးရှိရှိ အသုံးချနိုင်ဖို့နဲ့ ကလေးရဲ့ လိုအပ်ချက်အလိုက် Skill တစ်ခုချင်းစီ သီးသန့်ရွေးချယ်တက်ရောက်နိုင်အောင် စီစဉ်ပေးထားပါတယ်။
ကျောင်းစာအပြင် လက်တွေ့ဘဝမှာ အောင်မြင်ပျော်ရွှင်ဖို့အတွက် အောက်ပါ မရှိမဖြစ် Skill တွေကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်
(၁) Self Discovery - (မိမိကိုယ်ကို ရှာဖွေဖော်ထုတ်ခြင်း)
• မိမိကိုယ်ကို ပုံဖော်ခြင်း: ဘဝအတွက် အရေးကြီးသော မိမိ၏တန်ဖိုးထားမှုများ (Values) ကို သိမြင်စေခြင်း။
• ဆန်းစစ်သုံးသပ်ခြင်း: ခန္ဓာကိုယ်နှင့် စိတ်အခြေအနေကို စူးစမ်း၍ အားသာချက်၊ အားနည်းချက်များကို ရှာဖွေခြင်း။
• Journaling: စိတ်ကူးနှင့် အတွေးအခေါ်များကို စနစ်တကျ မှတ်တမ်းတင်နည်း မိတ်ဆက်ခြင်း။
(၂) Emotional Intelligent- စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးများ မြှင့်တင်ပေးခြင်း။
• ဦးနှောက်နှင့် စိတ်ခံစားမှု: စိတ်ခံစားမှုများ၏ အလုပ်လုပ်ပုံနှင့် ဉာဏ်ရည်ထက်မြက်စွာ စီမံခန့်ခွဲနည်း။
• Energy Matrix: စိတ်စွမ်းအင် အနိမ့်အမြင့်နှင့် အကောင်း/အဆိုး ဖြစ်ပေါ်မှုများကို နားလည်စေခြင်း။
• EQ Skills: ကိုယ့်ကိုယ်ကို သတိပြုခြင်း (Self-Awareness) နှင့် လူမှုဆက်ဆံရေး စီမံခန့်ခွဲခြင်း (Relationship Management)။
၃) Communication skill (ထိရောက်သော ဆက်သွယ်ပြောဆိုမှု)
• အခြေခံသဘောတရား: ဆက်သွယ်ပြောဆိုမှု ဖြစ်စဉ်နှင့် လမ်းကြောင်းများ (Channels)။
• နားထောင်ခြင်းအတတ်ပညာ: တစ်ဖက်သားကို စိတ်ပါဝင်စားစွာ နားထောင်တတ်စေခြင်း (Active Listening)။
• ကိုယ်အမူအရာ: မျက်နှာအမူအရာနှင့် ခန္ဓာကိုယ်ဘာသာစကား (Nonverbal) ၏ အရေးပါပုံ။
(၄) Critical Thinking skill (ဝေဖန်ပိုင်းခြား စဉ်းစားတွေးခေါ်မှု)
• တွေးခေါ်မှုစွမ်းရည်: ပြဿနာများကို ဘက်ပေါင်းစုံမှ ဝေဖန်ပိုင်းခြား စဉ်းစားတတ်စေခြင်း။
• အဆင့် ၇ ဆင့်: Critical Thinking တိုးတက်စေမည့် နည်းလမ်းများနှင့် လက္ခဏာရပ်များ။
• လက်တွေ့အသုံးချမှု: အလေ့အကျင့်ကောင်းများမှတစ်ဆင့် နေ့စဉ်ဘဝတွင် မှန်ကန်စွာ ဆုံးဖြတ်တတ်စေခြင်း။
(၅) Time Management skill (အချိန်စီမံခန့်ခွဲမှု အလေ့အကျင့်ကောင်းများ)
• Eisenhower Matrix ကို အသုံးပြု၍ အရေးကြီးသော အလုပ်များကို ခွဲခြားတတ်စေခြင်း။
• Assessment: မိမိ၏ လက်ရှိအချိန်အသုံးပြုမှုကို အကဲဖြတ်၍ အလေ့အကျင့်ကောင်းများ ပြောင်းလဲခြင်း။
• Effective Tools: အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်မည့် နည်းလမ်းများနှင့် အဓိကထောင့်တိုင်များ။
(၆) Healthy & Social Well-being (ဘက်စုံကျန်းမာပျော်ရွှင်သော ဘဝ)
• ကိုယ်ကျန်းမာရေး: တကိုယ်ရည်သန့်ရှင်းမှု (Hygiene) နှင့် မကောင်းသော အလေ့အကျင့်များ ရှောင်ကြဉ်ခြင်း။
• စိတ်ကျန်းမာရေး: ဆယ်ကျော်သက်များ၏ စိတ်ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်းခြင်း (Stress Management)။
• ကျန်းမာသောဆက်ဆံရေး: ကိုယ်ချင်းစာတရားဖြင့် ပေါင်းသင်းခြင်းနှင့် Toxic Relationship များအား ကိုင်တွယ်ဖြေရှင်းခြင်း။
ဒီသင်တန်းလေးမှာ ကလေးတွေအနေနဲ့ Modules အားလုံးကို ဖြစ်စေ၊ မိမိ ပိုမိုတိုးတက်စေချင်တဲ့ Skill တစ်ခုချင်းစီကိုဖြစ်စေ စိတ်ကြိုက် ရွေးချယ်တက်ရောက်နိုင်ပါတယ်။
ကလေးရဲ့ အချိန်ဇယား နဲ့ အဆင်ပြေပြီး မိဘတွေအတွက်လည်း ကလေး တကယ်လိုအပ်နေတဲ့ စွမ်းရည်အလိုက် ဦးစားပေး သင်ကြားပေးနိုင်မှာ ဖြစ်ပါတယ်ရှင်။
သင်တန်းကြေးမှာ Skill တစ်ခုလျှင် ၇၅၀၀၀ ကျပ်ဖြစ်ပါတယ်။ သင်တန်းအချိန်ဇယားဇယားကို လည်းဖေါ်ပြထားပေးပါတယ်။ အသေးစိတ်သိလိုပါက Messenger တွင်လာရောက် မေးမြန်းနိုင်ပါတယ်ရှင်
Smart Teen Life Skill Mastery
01/03/2026
🧑🏻🎨ကလေးတွေဟာ ကျောင်းစာအပြင် မိမိကိုယ်မိမိ သုံးသပ်တတ်ဖို့နဲ့ မိမိရဲ့ စိတ်ခံစားမှုတွေကို ကိုယ်တိုင် ထိန်းသိမ်းတတ်ဖို့ သင်ယူဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အရွယ်ရောက်ခါစ ဆယ်ကျော်သက် အရွယ်မှာ စနစ်တကျ လေ့ကျင့်သင်ကြားပေးမယ်ဆိုရင် သူတို့တွေဟာ စိတ်ဓာတ်ကြံ့ခိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ဦးဆောင်နိုင်တဲ့ လူငယ်လေးတွေ ဖြစ်လာမှာဖြစ်ပါတယ်။
👑ဆယ်ကျော်သက်တွေ ဘဝအတွက် လက်တွေ့အသုံးချဖို့ တကယ့်ကို လိုအပ်နေတဲ့ ဘဝစွမ်းရည် တွေကို ကျွန်မတို့ရဲ့ Smart Teen ရဲ့ Life Skills Mastery Program မှာ ပျိုးထောင်ပေးသွားမှာ ဖြစ်ပါတယ်
📽️Module 1 - Self Discovery (ကိုယ့်ကိုယ်ကိုယ် ရှာဖွေတွေ့ရှိခြင်း) 🧭
"မိမိကိုယ်ကိုယ်သိခြင်းဟာ အသိဉာဏ်အားလုံးရဲ့ အစဖြစ်ပါတယ်" ကိုယ့်ကိုယ်သုံးသပ်တက်လာတဲ့အခါ
• သူများလုပ်တိုင်း လိုက်လုပ်စရာမလိုဘဲ ကိုယ်နဲ့ကိုက်ညီတဲ့ ပညာရေးနဲ့ အလုပ်အကိုင်ကို မှန်ကန်စွာ ရွေးချယ်နိုင်မယ်။
• ငွေကြေးနဲ့ ဂုဏ်သိက္ခာ၊ ပျော်ရွှင်မှုနဲ့ ပညာရေး ယှဉ်လာရင်တောင် ကိုယ့်ရဲ့ Core Values (တန်ဖိုးထားရာ) အတိုင်း မှန်ကန်စွာ ဆုံးဖြတ်နိုင်မယ်။
• အခက်အခဲကြုံရင်တောင် ကိုယ့်ရွေးချယ်မှုအပေါ် ယုံကြည်မှုရှိရှိနဲ့ ကျော်ဖြတ်နိုင်တဲ့ ခံနိုင်ရည်ရှိလာမယ်။
📽️Module 2 - Emotional Intelligence (စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်) 🧠
စိတ်ခံစားချက်တွေကို လွှတ်ထားပေးပြီး ဒေါသထွက်ရင် ထွက်သလို ပြောဆိုပြုမူတတ်ခြင်းက Emotional Intelligence အားနည်းတဲ့သဘောဖြစ်ပြီး လူမှုဆက်ဆံရေးမှာ အားနည်း ချက်ဖြစ်စေပါတယ်။
• Self-Control: ကိုယ့်ရဲ့ စိတ်လှုပ်ရှားမှုတွေကို အသိဉာဏ်နဲ့ ထိန်းချုပ်တတ်လာပြီး ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်တဲ့ အပြုအမူ လျှော့ချလာမယ်။
• Empathy: သူတစ်ပါးရဲ့ ခံစားချက်ကို နားလည်စာနာတတ်လာလို့ လူမှုဆက်ဆံရေးမှာ ထူးချွန်တဲ့သူ ဖြစ်လာမယ်။
• Character Building: ဒေါသထွက်လွယ်တဲ့သူ မဟုတ်ဘဲ စိတ်အေးချမ်းစွာနဲ့ ပြဿနာတွေကို ဖြေရှင်းတတ်သူ ဖြစ်လာမယ်။
🧑🏻🎨ဘာကြောင့် ဒီသင်တန်းကို တက်ရောက်သင့်တာလဲ?
အထက်ပါ Life skill တွေဟာ လေ့ကျင့်ယူလို့ရတဲ့ အရည်အချင်း တွေ ဖြစ်ပါတယ်။ ဆယ်ကျော်သက် အရွယ်မှာ စနစ်တကျ သင်ကြားပေးလိုက်ခြင်းအားဖြင့် သင့်ကလေးဟာ သူတစ်ပါးရဲ့ လွှမ်းမိုးမှုအောက်မှာ မဟုတ်ဘဲ ကိုယ်ပိုင်အသိဉာဏ်နဲ့ ရပ်တည်နိုင်တဲ့ အောင်မြင်တဲ့လူငယ် တစ်ယောက် ဖြစ်လာမှာ သေချာပါတယ်။
🚀 Empowering Teenager - Life Skill Program for Bright Future
Module 1 - Self Discovery &
Module 2 – Emotional Intelligent
✅ သင်တန်းစတင်မည့်ရက် - မတ်လ (၇)ရက်နေ့ ၂၀၂၆
✅သင်တန်းအချိန် - ညနေ ၆နာရီမှ ၇ နာရီခွဲ အပတ်စဉ် Suturday/Sunday
✅ သင်တန်းကြေး 150000 (Skill 2 ခုစာ)
✅ သင်ကြားမည့်နေရာ - Zoom on line
သင့်ကလေးကို အမှီအခိုကင်းပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းနိုင်တဲ့ လူငယ်တစ်ယောက် ဖြစ်လာဖို့ အခုပဲ စတင်လိုက်ပါ။
SMART TEEN - Empowering Our Future leaders
discovery Intelligent # Critical Thinking # Communication skill # Time Management # Teenager
23/02/2026
Emotional Intelligence (EQ) ဆိုတာ ဘာလဲ?
ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကို ကိုယ်တိုင်သိရှိ နားလည်ပြီး၊ ကိုယ့်အသိစိတ်နဲ့ကိုယ် ပြန်လည်ထိန်းသိမ်းနိုင်တဲ့အပြင် သူတစ်ပါးရဲ့ ခံစားချက်ကိုပါ နားလည်စာနာပေးနိုင်တဲ့ စွမ်းရည်ဖြစ်ပါတယ်။ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးရှိခြင်း ဟာ မိမိကိုယ်တိုင်သာမက မိမိပတ်ဝန်းကျင်ကိုပါ အကျိုးရှိစေတဲ့ အရည်အချင်းတခုဖြစ်ပါတယ်။ ဒါကြောင့်မို့ Emotional Intelligent skill ဟာ ဆယ်ကျော်သက်အရွယ်မှာ ပြုစုပျိုးထောင်သင့်တဲ့ skill တစ်ခုလည်း ဖြစ်ပါတယ်
ဘာကြောင့် ဆယ်ကျော်သက်အရွယ်မှာ EQ ကို သင်ကြားပေးသင့်တာလဲ? ဆယ်ကျော်သက်အရွယ်ဟာ စိတ်ခံစားချက်တွေ အလှုပ်ခတ်ဆုံး အရွယ်ပါ။ ဒီအရွယ်မှာ စိတ်ခံစားမှုတို့ရဲ့ အကောင်းအဆိုး၊ အတိမ်အနက်နဲ့ နောက်ဆက်တွဲ ကောင်းကျိုးဆိုးကျိုးတွေကိုသာ နားလည်အောင် သင်ကြားပေးနိုင်ခဲ့ရင် -
✅ ကိုယ်ပိုင်အသိဉာဏ်ဖြင့် ထိန်းသိမ်းနိုင်ခြင်း: မကောင်းတဲ့ ခံစားချက်တွေကို အသိဉာဏ်နဲ့ ယှဉ်ပြီး ထိန်းချုပ်နိုင်လာမယ်။
✅ အပြုအမူများ ပြောင်းလဲလာခြင်း: အနိုင်ကျင့်ခြင်း၊ အကြမ်းဖက်ခြင်း စတဲ့ ဆိုးကျိုးပေးမယ့် အပြုအမူတွေ လျော့နည်းသွားမယ်။
✅ လူမှုဆက်ဆံရေး ကောင်းမွန်ခြင်း: သူတစ်ပါးကို စာနာတတ်လာလို့ ပတ်ဝန်းကျင်မှာ ဝင်ဆန့်ပြီး အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာမယ်။
EQ ဆိုတာ မွေးရာပါမဟုတ်ဘဲ လေ့ကျင့်ယူလို့ရတဲ့ အရည်အချင်းဖြစ်ပါတယ်!
မိဘများအနေနဲ့ မိမိသားသမီးကို ပတ်ဝန်းကျင်ကို အကျိုးပြုမယ့်၊ ကိုယ့်စိတ်ကိုကိုယ် ပိုင်စိုးမယ့် လူငယ်လေးတွေအဖြစ် ပြုစုပျိုးထောင်ပေးဖို့ အချိန်တန်ပါပြီ။
Emotional Intelligence မှာသင်ကြားပေးမယ့်အကြောင်းအရာများ
• Thinking Brain , Emotional Brain, Survival Brain တိုအလုပ်လုပ်ပုံEmotion ဆိုတာဘာလဲEmotional Intelligent ဆိုတာဘာလဲကြုံတွေရတဲ့အခြေအနေပေါ်မူတည်ပြီးအတွေးတွေခံစားချက်တွေအပြုအမှုတွေဘယ်လိုပြောင်းလဲမှုရှိလဲ
• Emotional Energy Matrix – Low Energy, high Energy, Negative Energy, Positive Energy တွေနဲ့Emotional Energy ဘယ်လိုဆက်စပ်မှုရှိလဲEmotional Intelligent ကောင်းလာစေမယ့်နည်းလမ်းတွေက ဘာတွေလဲ
• Self Awareness လိုခေါ်တဲ့ကိုယ့်ရဲ့ခံစားချက်ကိုကိုယ်ဘယ်လိုသတိထားကြည့်မလဲ
• Self Management လိုခေါ်တဲ့ကိုယ့်မှာကောင်းမွန်တဲ့ခံစားချက်တွေဖြစ်လာအောင်ဘယ်လိုစီမံခန့်ခွဲမလဲ
• Social Awareness မိမိပတ်ဝန်းကျင်ကိုမထိခိုက်အောင်ဘာတွေသတိထားရမလဲRelationship Management မိမိနဲ့ပတ်သက်ဆက်နွယ်နေသူတွေနဲ့Positive relationship တည်ဆောက်ခြင်းနှင့် လွမ်းမိုးအနိုင်ယူသူများ ကာကွယ်စည်းထားခြင်း။
သင့်ရဲ့ ဆယ်ကျော်သက်ကို Emotional Intelligence (စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်) တွေ မြှင့်တင်ပေး ချင်တယ်ဆိုရင်တော့.ကျွန်မတို့ရဲ့ Smart Teen “Empowering Teenager - Life skills program for bright future” မှာ ပါဝင်တဲ့ Module 2 - Emotional Intelligence Development for Teenager အတန်းလေးကို Join ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ ✨
# Smart Teen Life Skill Mastery #