08/10/2025
အမျိုးသမီးတေအောင်မြင်ဖို့တားဆီးထားတဲ့အခြေခံအချက်(2)ချက်ရှိပါတယ်
1️⃣External barrier လို့ခေါ်တဲ့ပြင်ပလူ့အသိုင်းအဝိုင်းရဲ့အတားအဆီးပါပဲ
အမျိုးသားတေနဲ့တန်းတူအခွင့်အရေးမပေးချင်တာ
အမျိုးသမီးဆိုရင် ထမင်းချက်ကလေးထိန်းအိမ်ထောင့်တာဝန်ထမ်းဆောင်ဖို့အတွက်ပဲသတ်မှတ်ထားချင်တာ
ဘယ်လောက်အရည်အချင်းရှိရှိအိမ်မှု့ကိစ္စမထိန်းသိမ်း
နိုင်ရင်လူ့ဘောင်အသိုင်းအဝိုင်းကရှုံ့ချချင်တာ
အမျိုးသားတေအောင်မြင်လာရင်သူတို့ရဲ့ကြိုးစားအားထုတ်မှု့လို့ထင်တတ်ကြပြီးအမျိုးသမီးတေအောင်မြင်လာရင်တော့အထောက်အပံ့ကောင်းကြောင့်လို့ထင်တတ်ကြပါတယ်
ဒီလိုနဲ့အလုပ်နဲ့မိသားစုဖိအားတေကြားမှာရွေးချယ်ကြတဲ့အခါမှာမိသားစုဘက်ကို အလေးသာသွားပြီး
အမျိုးသမီးအများစုရဲ့ လုပ်နိုင်စွမ်းတေမှေးမှိန်ပျောက်ကွယ်သွားပါတယ်
2️⃣Internal barrier ကတော့အမျိုးသမီးတေရဲ့စိတ်အတွင်းမှာရှိနေတဲ့အတားအဆီးပါပဲ
အမျိုးသမီးအများစုဆီမှာရည်မှန်းချက်ကြီးကြီးမားမားမရှိတတ်ကြပါဘူး
တချို့အမျိုးသမီးတေမှာတော့လဲကြီးကြီးမားမားရှိတတ်ကြပါတယ်
ဒါပေမယ့် လူဘောင်အသိုင်းအဝိုင်းမှာအမျိုးသမီးတေရည်မှန်းချက်ကြီးကြီးမားမားရှိလဲ အထင်မကြီးတတ်ကြပါဘူးအမျိုးသမီးဆိုရင် လင်ကောင်းသားကောင်းရဖို့အိမ်ထောင်မှု့နိုင်နင်းဖို့ပဲဦးစားပေးပြီးကြီးပြင်းလာတဲ့ပါတ်ဝန်းကျင်ရဲ့အယူအဆတေယုံကြည်မှု့အစွဲတေက အမျိုးသမီးတေရဲ့စိတ်ထဲက ခေါင်းဆောင်ချင်စိတ်အောင်မြင်ချင်စိတ်အိမ်မက်တေအကောင်အထည်ဖော်ခွင့်တေကိုဖျတ်စီးတတ်ကြပါတယ်
External barrier တေက အမျိုးသမီးတေကို လုပ်ငန်းခွင်ကနေလက်လျော့တတ်ဖို့ဖိအားပေးပြီး
Internal barrier တေကတော့ အိမ်မက်တေခေါင်ဆောင်မှု့စိတ်ဓါတ်တေကို ရိုက်ချိုးပြစ်နိုင်စွမ်းရှိပါတယ်
ဒါကြောင့်ကျွန်မတို့ဟာ ကိုယ့်ရဲ့ဘဝမှာ အောင်မြင်နိုင်ဖို့ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ ကိုယ့်အိမ်မက်တေအကောင်အထည်ဖော်နိုင်ဖို့ သတ္တိရှိရှိ ရွေးချယ်ဆုံးဖြတ်ရှေ့ဆက်နေတတ်ဖို့လိုပါတယ်
နောက်တစ်ချက်ကတော့ လုပ်ငန်းခွင်နဲ့မိသားစုကြားဟန်ချက်ညီညီထိန်းသိမ်းလုပ်ဆောင်နိုင်ဖို့လိုပါတယ်
နောက်နေတေမှာသတ္တိရှိရှိရှေ့ဆက်တတ်ဖို့
ဟန်ချက်ညီညီလုပ်ဆောင်နိုင်ဖို့နည်းလမ်းကောင်းလေးတေမျှဝေပေးသွားပါအုံးမယ်
တောက်ပအောင်မြင်တဲ့အမျိုးသမီးလေးတေဖြစ်ကြပါစေလို့ ဆန္ဒပြုရင်းအကျိုးရှိတဲ့မျှဝေမှု့လေးဖြစ်မယ်လို့ယုံကြည်ပါတယ်