23/05/2026
🇹🇭 နီးကပ်လာပြီဖြစ်တဲ့ 𝐀𝐬𝐬𝐮𝐦𝐩𝐭𝐢𝐨𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐀𝐮𝐠𝐮𝐬𝐭 𝐈𝐧𝐭𝐚𝐤𝐞 𝟐𝟎𝟐6
ထိုင်းနိုင်ငံရဲ့ ထိပ်တန်း 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐏𝐫𝐢𝐯𝐚𝐭𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 တစ်ခုဖြစ်တဲ့ 𝐀𝐬𝐬𝐮𝐦𝐩𝐭𝐢𝐨𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 (𝐀𝐔) ရဲ့ 𝐀𝐮𝐠𝐮𝐬𝐭 𝐈𝐧𝐭𝐚𝐤𝐞 𝟐𝟎𝟐𝟔 အတွက် လျှောက်ထားချိန် နီးကပ်လာပြီဖြစ်ပါတယ်။
🎓 𝐁𝐚𝐜𝐡𝐞𝐥𝐨𝐫 𝐃𝐞𝐠𝐫𝐞𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐬 လျှောက်ထားနိုင်တဲ့ ဘာသာရပ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
➤ 𝐁.𝐁.𝐀. (𝐃𝐞𝐬𝐢𝐠𝐧 𝐚𝐧𝐝 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐨𝐧)
➤ 𝐁.𝐁.𝐀. (𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐀𝐝𝐦𝐢𝐧𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧)
➤ 𝐁.𝐀𝐜𝐜 (𝐀𝐜𝐜𝐨𝐮𝐧𝐭𝐚𝐧𝐜𝐲)
➤ 𝐁.𝐄𝐜𝐨𝐧 (𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐄𝐜𝐨𝐧𝐨𝐦𝐢𝐜𝐬)
➤ 𝐁.𝐀. (𝐄𝐧𝐠𝐥𝐢𝐬𝐡-𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐟𝐨𝐫 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧)
➤ 𝐁.𝐀. (𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐟𝐨𝐫 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬),
➤ 𝐁.𝐀. (𝐅𝐫𝐞𝐧𝐜𝐡 / 𝐂𝐡𝐢𝐧𝐞𝐬𝐞 / 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐟𝐨𝐫 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬)
➤ 𝐁.𝐀. (𝐌𝐮𝐬𝐢𝐜 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬𝐡𝐢𝐩)
➤ 𝐁.𝐄𝐧𝐠. (𝐀𝐞𝐫𝐨𝐧𝐚𝐮𝐭𝐢𝐜 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 – 𝐂𝐨𝐦𝐦𝐞𝐫𝐜𝐢𝐚𝐥 𝐏𝐢𝐥𝐨𝐭 / 𝐀𝐢𝐫𝐜𝐫𝐚𝐟𝐭 𝐌𝐚𝐢𝐧𝐭𝐞𝐧𝐚𝐧𝐜𝐞)
➤ 𝐁.𝐄𝐧𝐠. (𝐄𝐧𝐞𝐫𝐠𝐲 𝐀𝐮𝐭𝐨𝐦𝐨𝐭𝐢𝐯𝐞 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠)
➤ 𝐁.𝐂𝐨𝐦.𝐀𝐫𝐭𝐬. (𝐈𝐦𝐚𝐠𝐢𝐧𝐞𝐞𝐫 𝐌𝐞𝐝𝐢𝐚 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬𝐡𝐢𝐩)
➤ 𝐁.𝐂𝐨𝐦.𝐀𝐫𝐭𝐬. (𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐂𝐨𝐦𝐦𝐞𝐫𝐜𝐢𝐚𝐥 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧)
➤ 𝐁.𝐅.𝐀. (𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐃𝐞𝐬𝐢𝐠𝐧 / 𝐈𝐧𝐭𝐞𝐫𝐢𝐨𝐫 𝐃𝐞𝐬𝐢𝐠𝐧)
➤ 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐋𝐚𝐰
➤ 𝐁.𝐀𝐫𝐜𝐡 (𝐀𝐫𝐜𝐡𝐢𝐭𝐞𝐜𝐭𝐮𝐫𝐞 / 𝐈𝐧𝐭𝐞𝐫𝐢𝐨𝐫 𝐀𝐫𝐜𝐡𝐢𝐭𝐞𝐜𝐭𝐮𝐫𝐞)
➤ 𝐁.𝐄𝐧𝐠. (𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 / 𝐄𝐥𝐞𝐜𝐭𝐫𝐢𝐜𝐚𝐥 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 / 𝐌𝐞𝐜𝐡𝐚𝐭𝐫𝐨𝐧𝐢𝐜𝐬 & 𝐀𝐈)
➤ 𝐁.𝐒. (𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐒𝐜𝐢𝐞𝐧𝐜𝐞 / 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲)
➤ 𝐁.𝐒𝐜. (𝐅𝐨𝐨𝐝 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲)
➤ 𝐁.𝐁.𝐀. (𝐒𝐮𝐬𝐭𝐚𝐢𝐧𝐚𝐛𝐥𝐞 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭)
➤ 𝐁.𝐍.𝐒. (𝐍𝐮𝐫𝐬𝐢𝐧𝐠 𝐒𝐜𝐢𝐞𝐧𝐜𝐞)
📄 လျှောက်ထားလိုပါကအောက်ပါ 𝐃𝐨𝐜𝐮𝐦𝐞𝐧𝐭𝐬 တွေကိုပြင်ဆင်ထားဖို့လိုအပ်ပါတယ်။
🔹𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭 မိတ္တူ
🔹ပတ်စပို့ဓာတ်ပုံ
🔹ကျောင်းအမှတ်စာရင်း (𝐓𝐫𝐚𝐧𝐬𝐜𝐫𝐢𝐩𝐭𝐬)
🔹𝐆𝟏𝟐 အောင်လက်မှတ် / 𝐆𝐄𝐃 / 𝐈.𝐆.𝐂.𝐒.𝐄./𝐆.𝐂.𝐒.𝐄./𝐆.𝐂.𝐄. “𝐎” 𝐥𝐞𝐯𝐞𝐥 စတဲ့ လက်မှတ် တစ်ခုခုကိုင်ဆောင်ထားရပါမယ်။)
🔹𝐈𝐄𝐋𝐓𝐒 / 𝐓𝐎𝐄𝐅𝐋 (𝐩𝐫𝐨𝐠𝐫𝐚𝐦 ပေါ်မူတည်ပါတယ်။)
👉 𝐀𝐮𝐠𝐮𝐬𝐭 𝐈𝐧𝐭𝐚𝐤𝐞 အတွက် ⏳ 𝐃𝐞𝐚𝐝𝐥𝐢𝐧𝐞 ကတော့ 𝟐𝟗 𝐌𝐚𝐲 𝟐𝟎𝟐𝟔 ဖြစ်ပါတယ်။ ဒါကြောင့် 𝐃𝐞𝐚𝐝𝐥𝐢𝐧𝐞 မတိုင်ခင်လျှောက်ထားဖို့ အကြံပေးချင်ပါတယ်။
လျှောက်ထားလိုတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ 𝐁𝐚𝐜𝐡𝐞𝐥𝐨𝐫 𝐏𝐫𝐨𝐠𝐫𝐚𝐦 ဆိုင်ရာ အချက်အလက်တွေကို အသေးစိတ်သိရှိလိုပါက 𝐊𝐚𝐢𝐳𝐞𝐧 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐂𝐞𝐧𝐭𝐞𝐫 ရဲ့ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 သို့𝐕𝐢𝐛𝐞𝐫 မှာ “𝐅𝐫𝐞𝐞 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 𝐒𝐞𝐫𝐯𝐢𝐜𝐞” ကို ရယူနိုင်ဖို့အတွက် ခုပဲ 𝐇𝐢 👋🏼 လိုက်နော် ❗️
𝐕𝐢𝐛𝐞𝐫: +𝟔𝟔𝟗𝟔𝟗𝟔𝟓𝟒𝟎𝟗𝟔
𝐕𝐢𝐛𝐞𝐫: +𝟔𝟔𝟔𝟏𝟕𝟎𝟕𝟎𝟔𝟏𝟏
𝐓𝐞𝐚𝐦 𝐊𝐚𝐢𝐳𝐞𝐧 🧡
#ထိုင်းတက္ကသိုလ် #ထိုင်းပညာရေး #နိုင်ငံခြားပညာရေး #မြန်မာကျောင်းသား #ထိုင်းမှာကျောင်းတက်မယ် #ပညာရေးအခွင့်အလမ်း #နိုင်ငံခြားကျောင်း #မြန်မာကျောင်းသားများ
22/05/2026
ဆယ်ကျော်သက် သားသမီးတွေနဲ့ ယုံကြည်မှု ပိုခိုင်မြဲစေဖို့ 'စည်းဘောင်' တွေကို ဘယ်လိုသုံးမလဲ❓🤝
မိဘအများစုက စည်းကမ်းတွေ၊ ဘောင်တွေ သတ်မှတ်လိုက်ရင် သားသမီးတွေနဲ့ ဝေးကွာသွားမလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ တကယ်တော့ အမှန်တရားက ... ကျန်းမာတဲ့ စည်းဘောင်တွေ (𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐁𝐨𝐮𝐧𝐝𝐚𝐫𝐢𝐞𝐬) ရှိခြင်းဟာ မိဘနဲ့ သားသမီးကို ပိုမိုနီးကပ်စေပါတယ်။ စည်းဘောင်တွေက ကလေးတွေကို လုံခြုံမှုရှိစေတယ်၊ အပြန်အလှန် လေးစားမှုကို သင်ပေးတယ်၊ ဒါ့အပြင် သူတို့ လူကြီးဘဝရောက်တဲ့အထိ အသုံးဝင်မဲ့ လူမှုဆက်ဆံရေး အရည်အချင်းတွေကိုလည်း ပျိုးထောင်ပေးပါတယ်။
📌 ကျန်းမာသော မိဘ-ကျောင်းသား စည်းဘောင်ဆိုတာ ဘာလဲ❓
ဒါဟာ မိဘရော သားသမီးပါ အပြန်အလှန် လေးစားမှုရှိစေမဲ့ "ရှင်းလင်းပြီး တရားမျှတတဲ့ မျှော်လင့်ချက်များ/စည်းကမ်းများ" ပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် -
• ဘယ်အရာကို ခွင့်ပြုသလဲ ❓
• ဘယ်အရာကို ခွင့်မပြုဘူးလဲ❓
• စည်းကမ်းဖောက်ဖျက်ရင် ဘာဖြစ်မလဲ❓
• တစ်ဦးနဲ့တစ်ဦး ဘယ်လို လေးလေးစားစား ပြောဆိုကြမလဲ❓ စတဲ့ စည်းဘောင်တွေ ရှင်းလင်းနေတဲ့အခါ ကလေးတွေဟာ စိတ်ရှုပ်ထွေးမှုနဲ့ စိတ်ဖိစီးမှုတွေ လျော့နည်းသွားပါတယ်။
📌 ကျောင်းသားလူငယ်တွေအတွက် စည်းဘောင်တွေ ဘာကြောင့် အရေးကြီးတာလဲ❓
ကျန်းမာတဲ့ စည်းဘောင်တွေက သားသမီးတွေကို -
✅ မိမိကိုယ်ကိုယ် ထိန်းကျောင်းနိုင်စွမ်း (𝐒𝐞𝐥𝐟-𝐝𝐢𝐬𝐜𝐢𝐩𝐥𝐢𝐧𝐞) တိုးတက်စေတယ်၊
✅ တာဝန်ယူလိုစိတ် ရှိလာစေတယ်၊
✅ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ခံစားရစေတယ်၊
✅ မိဘအပေါ် ယုံကြည်မှု ပိုရှိလာစေတယ်၊
✅ ဘေးကင်းတဲ့ နည်းလမ်းနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ရရှိစေပါတယ်၊ စည်းဘောင်မရှိတဲ့အခါ ကလေးတွေဟာ လမ်းပျောက်သလို ဖြစ်တတ်ပြီး စိုးရိမ်ပူပန်မှုတွေ များလာတတ်ပါတယ်။
📌 ကျန်းမာသော စည်းဘောင်များ သတ်မှတ်နည်း အဆင့်ဆင့် လမ်းညွှန်
🗣️ ရှင်းလင်းအေးဆေးစွာ ပြောဆိုပါ။
စည်းကမ်းတွေကို ရိုးရှင်းတဲ့ စကားလုံးတွေနဲ့ ရှင်းပြပါ။ အော်ဟစ်တာ ဒါမှမဟုတ် ကြောက်ရွံ့အောင် လုပ်တာမျိုး ရှောင်ကြဉ်ပါ။ ကလေးတွေဟာ လေးစားခံရတယ်လို့ ခံစားရတဲ့အခါ ပိုပြီး နားထောင်တတ်ကြပါတယ်။
🤝 ဖြစ်နိုင်ရင် ရွေးချယ်ခွင့် ပေးပါ။
အမိန့်ပေးတာမျိုးထက် ကန့်သတ်ချက်ရှိတဲ့ ရွေးချယ်ခွင့်လေးတွေ ပေးပါ။ ဥပမာ - "ကျောင်းဆင်းဆင်းချင်း စာလုပ်မလား? ဒါမှမဟုတ် ညစာစားပြီးမှ လုပ်မလား?" ဒါဟာ သူတို့ကို တန်ဖိုးထားခံရတယ်လို့ ခံစားရစေပြီး ပူးပေါင်းပါဝင်လာစေပါတယ်။
⏰ တသမတ်တည်း ရှိပါ။
စည်းကမ်းတွေက နေ့တိုင်း ပြောင်းလဲမနေသင့်ပါဘူး။ မိဘတွေက တည်ငြိမ်ပြီး တသမတ်တည်း ရှိနေတဲ့အခါ ကလေးတွေက ပိုပြီး စိတ်ချယုံကြည်လာကြပါတယ်။
📱 အကြောင်းပြချက်နှင့်တကွ ကန့်သတ်ချက်များ ထားရှိပါ။
ဖုန်းသုံးချိန် ဒါမှမဟုတ် စာကြည့်ချိန်တွေကို သတ်မှတ်တဲ့အခါ "စည်းကမ်းရှိလို့" ဆိုတာထက် "ဘာကြောင့်လဲ" ဆိုတဲ့ အကြောင်းပြချက်ကို ရှင်းပြပါ။ အကျိုးကျေးဇူးကို သိတဲ့အခါ သူတို့ ပိုပြီး လိုက်နာလာပါလိမ့်မယ်။
👂 သူတို့ရဲ့ ခံစားချက်နဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို လေးစားပါ။
အပြစ်မတင်ဘဲ နားထောင်ပေးတာက သားသမီးတွေကို ရင်ဖွင့်လာအောင် ကူညီပေးပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်တွေအတွက် သူတို့ရဲ့ လွတ်လပ်ခွင့်ကို လေးစားပေးတာဟာ ယုံကြည်မှုကို တည်ဆောက်တာပဲ ဖြစ်ပါတယ်။
❤️ စည်းကမ်းနဲ့ မေတ္တာကို မျှတပါစေ။
စည်းဘောင်တွေဟာ ကြောက်ရွံ့မှုအပေါ် အခြေမခံဘဲ ချစ်ခြင်း၊ အားပေးခြင်းနဲ့ ထောက်ပံ့ခြင်းတွေအပေါ် အခြေခံသင့်ပါတယ်။
📌 စည်းဘောင်ဆိုတာ "အပြစ်ပေးခြင်း" မဟုတ်ပါဘူး။ စည်းဘောင်ဆိုတာ "လမ်းညွှန်ပြသခြင်း" သာ ဖြစ်ပါတယ်။ ဒါဟာ သားသမီးတွေကို ဒီလို သတင်းစကား ပေးလိုက်တာပါ - "ဂရုစိုက်တယ်" "ဘေးကင်းကင်းနဲ့ ကြီးပြင်းစေချင်တယ်" " သင်ယူပြီး ပိုကောင်းလာမယ်လို့ ယုံကြည်တယ်" စတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။
💬 နောက်ဆုံးအနေနဲ့ လက်ရှိ မိဘတို့အိမ်မှာ သားသမီးတွေအတွက် ဘယ်လို ကျန်းမာတဲ့ စည်းဘောင်လေးတွေက အလုပ်ဖြစ်ဆုံးလဲဆိုတာ 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ မျှဝေပေးခဲ့ပါဦးနော်။ 👇
𝐓𝐞𝐚𝐦 𝐊𝐚𝐢𝐳𝐞𝐧 🧡
#မိဘရေးရာ #ကျန်းမာသောစည်းဘောင် #မိဘနဲ့သားသမီးဆက်ဆံရေး #ဆယ်ကျော်သက်သားသမီး #ယုံကြည်မှုတည်ဆောက်ခြင်း
#ကျောင်းသားစိတ်ကျန်းမာရေး #ပညာရေးဗဟုသုတ #မိသားစုအပြောအဆိုကောင်းမွန်ရေး #အပြုသဘောဆောင်မိဘရေးရာ
#ဗဟုသုတမျှဝေ #ပညာရေး
𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞𝐬 (ကိုးကားချက်များ)
-Emora Health. (n.d.). Boundaries for kids: A complete guide to setting healthy limits.
-Georgia Department of Education. (n.d.). 8 ways to set healthy boundaries with your child. GCPS.
-ReachOut Australia. (n.d.). Setting healthy boundaries with your teenager.
19/05/2026
❝📚အင်္ဂလိပ်စာကို ချဉ်းကပ်ပုံအသစ်ဖြင့် လေ့လာခြင်း ❞
ကျောင်းသားတွေဟာ အင်္ဂလိပ်စာ လေ့လာတဲ့အခါမှာ "အချိန်မရှိဘူး" ဆိုတဲ့ အကြောင်းပြချက်က အမြဲတမ်း အကြီးမားဆုံး အဟန့်အတား ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ တကယ်တော့ ဘာသာစကားတစ်ခုကို ကျွမ်းကျင်ဖို့ဆိုတာ တစ်နေ့ကို နာရီပေါင်းများစွာ အချိန်ပေးရတာထက် "နည်းစနစ်မှန်မှန်နဲ့ ပုံမှန်လုပ်ဆောင်ဖို့" က ပိုအရေးကြီးပါတယ်။
ဒီနေ့မှာတော့ ကမ္ဘာတစ်ဝှမ်းမှာ ခေတ်စားလာတဲ့ 𝐌𝐢𝐜𝐫𝐨-𝐥𝐞𝐚𝐫𝐧𝐢𝐧𝐠
နည်းစနစ်နဲ့ အင်္ဂလိပ်စာကို ဘယ်လိုထိရောက်အောင် လေ့လာရမလဲဆိုတာ အသေးစိတ် မျှဝေပေးချင်ပါတယ်။
🧠 𝐌𝐢𝐜𝐫𝐨-𝐥𝐞𝐚𝐫𝐧𝐢𝐧𝐠 ဆိုတာ ဘာလဲ ဆိုတာလေးနဲ့ စလိုက်ကြရအောင်။
𝐌𝐢𝐜𝐫𝐨-𝐥𝐞𝐚𝐫𝐧𝐢𝐧𝐠 ဆိုတာ သင်ခန်းစာအရှည်ကြီးတွေကို တစ်ထိုင်တည်း လေ့လာမယ့်အစား ၅ မိနစ်ကနေ ၁၀ မိနစ်အတွင်းမှာ ပြီးမြောက်နိုင်တဲ့ "သင်ခန်းစာအပိုင်းအစလေးတွေ" အဖြစ် ခွဲခြမ်းပြီး လေ့လာတဲ့ နည်းစနစ်ဖြစ်ပါတယ်။
ဘာကြောင့် ပိုထိရောက်တာလဲ ❓
👉ဦးနှောက်ဟာ အချက်အလက်တွေ အများကြီးကို တစ်ပြိုင်နက် လက်ခံရရင် ပင်ပန်းသွားတတ်ပါတယ်။ 𝐌𝐢𝐜𝐫𝐨-𝐥𝐞𝐚𝐫𝐧𝐢𝐧𝐠 ကတော့ အချက်အလက်ကို နည်းနည်းချင်းစီ ပေးတဲ့အတွက် ဦးနှောက်က လွယ်လွယ်ကူကူ လက်ခံနိုင်ပြီး ရေရှည်မှတ်ဉာဏ် (Long-term Memory) ထဲကို ပိုမိုစွဲမြဲစေပါတယ်။
🛠️ 𝐌𝐢𝐜𝐫𝐨-𝐥𝐞𝐚𝐫𝐧𝐢𝐧𝐠 အတွက် လက်တွေ့အသုံးချနိုင်မဲ့ 𝐌𝐢𝐜𝐫𝐨-𝐇𝐚𝐛𝐢𝐭𝐬 နဲ့ ပတ်သက်ပြီးလေ့လာကြည့်လိုက်ရအောင်။
𝐓𝐡𝐞 𝟓-𝐌𝐢𝐧𝐮𝐭𝐞 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠
မနက်ခင်း ကော်ဖီဖျော်နေချိန် ဒါမှမဟုတ် အလုပ်သွားနေချိန်မှာ အင်္ဂလိပ်လို 𝐏𝐨𝐝𝐜𝐚𝐬𝐭 သို့မဟုတ် 𝐘𝐨𝐮𝐓𝐮𝐛𝐞 ဗီဒီယိုတိုလေးတွေကို နားထောင်ပါ။ အကုန်လုံး နားမလည်ရင်တောင် စိတ်မပူပါနဲ့။ အင်္ဂလိပ်စကားပြောရဲ့ လေယူလေသိမ်းနဲ့ စည်းချက်ကို သင့်ဦးနှောက်က ရုန်းရင်းရင်းနှီးနှီး ဖြစ်သွားအောင် လုပ်ပေးတဲ့နည်းလမ်းဖြစ်ပါတယ်။
𝐓𝐡𝐞 "𝐂𝐨𝐧𝐭𝐞𝐱𝐭𝐮𝐚𝐥 𝐖𝐨𝐫𝐝" 𝐌𝐞𝐭𝐡𝐨𝐝
စကားလုံးစာရင်းတွေကို အလွတ်ကျက်မဲ့အစား တစ်နေ့ကို ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ ပစ္စည်းတစ်ခုခု (ဥပမာ- ရေနွေးအိုး၊ ဆိုင်းဘုတ်) ကို မြင်တဲ့အခါ ဒါကို အင်္ဂလိပ်လို ဘယ်လိုခေါ်လဲဆိုတာ ရှာဖွေပါ။ ဒီလို ပတ်ဝန်းကျင်နဲ့ ချိတ်ဆက်လေ့လာတာဟာ ပိုမှတ်မိစေပါတယ်။
𝐒𝐞𝐥𝐟-𝐓𝐚𝐥𝐤 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞
တစ်နေ့ကို ၃ မိနစ်လောက် ကိုယ့်ဘာကိုယ် အင်္ဂလိပ်လို စကားပြောကြည့်ပါ။ ဥပမာ- "ဒီနေ့ ဘာတွေလုပ်ခဲ့လဲ" ဆိုတာမျိုးကို အသံထွက်ပြီး ပြန်ပြောကြည့်ပါ။ ဒါဟာ ရှက်စရာမလိုဘဲ စကားပြောစွမ်းရည် (𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥) ကို တိုးတက်စေတဲ့ အမြန်ဆုံးနည်းလမ်းဖြစ်ပါတယ်။
𝐀𝐜𝐭𝐢𝐯𝐞 𝐑𝐞𝐚𝐝𝐢𝐧𝐠
သတင်းခေါင်းစဉ် တစ်ခုတည်းကိုပဲ ဖြစ်ဖြစ်၊ 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 ပေါ်က အင်္ဂလိပ်လို ရေးထားတဲ့ 𝐏𝐨𝐬𝐭 တိုတိုလေးတစ်ခုကိုပဲ ဖြစ်ဖြစ် သေချာဖတ်ပြီး အဓိပ္ပာယ်ဖော်ကြည့်ပါ။
ပြီးတော့ 𝐌𝐢𝐜𝐫𝐨-𝐥𝐞𝐚𝐫𝐧𝐢𝐧𝐠 ရဲ့ အဓိက အနှစ်သာရက "ပုံမှန်လုပ်ဆောင်ခြင်း" ဖြစ်ပါတယ်။ တစ်ပတ်မှာ တစ်ခါ ၅ နာရီဆက်တိုက် စာလုပ်တာထက်၊ နေ့တိုင်း ၁၀ မိနစ်စာ လုပ်တာက ပိုပြီး ထိရောက်ပါတယ်။
𝐌𝐢𝐜𝐫𝐨-𝐥𝐞𝐚𝐫𝐧𝐢𝐧𝐠 လုပ်ခြင်းကြောင့်ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ အောက်ပါအချက်တွေပဲဖြစ်ပါတယ်။
စာလုပ်ရတာ ပျော်လာမယ်။ ဝန်ထုတ်ဝန်ပိုး မဖြစ်တဲ့အတွက် စာလုပ်ဖို့ ပျင်းရိတာမျိုး မရှိတော့ပါဘူး။
အချိန်ကုန်သက်သာမယ်။ အလုပ်ကြား၊ ကျောင်းကြားမှာ ရှိတဲ့ အချိန်လပ်လေးတွေကို အကျိုးရှိရှိ အသုံးချနိုင်ပါတယ်။
ယုံကြည်မှု တိုးလာမယ်။ နေ့တိုင်း အောင်မြင်မှုအသေးလေးတွေ ရလာတဲ့အခါ အင်္ဂလိပ်စကားပြောဖို့ ယုံကြည်မှု ပိုရှိလာပါလိမ့်မယ်။
✨ ဒါ့ကြောင့် အင်္ဂလိပ်စာဆိုတာ ကျောင်းစာလိုမျိုး အမှတ်ကောင်းဖို့ပဲ ကျက်မှတ်ရမယ့် "ဘာသာရပ်" တစ်ခုမဟုတ်ပါဘူး။ တကယ်တော့ ဒါဟာ စန္ဒရားတီးတာ ဒါမှမဟုတ် ကားမောင်းတာလိုမျိုး နေ့စဉ်ထိတွေ့လေ့ကျင့်မှ ကျွမ်းကျင်လာမယ့် "အရည်အချင်း" (𝐒𝐤𝐢𝐥𝐥) တစ်ခုသာ ဖြစ်ပါတယ်။
ကျောင်းသားအတော်များများက "အချိန်မရှိဘူး" ဆိုတဲ့ စကားကို အကြောင်းပြချက်တစ်ခုလို သုံးတတ်ကြပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်စာ တိုးတက်ဖို့ဆိုတာ တစ်နေ့ကို နာရီပေါင်းများစွာ ပေးဆပ်ဖို့ မလိုပါဘူး။ တကယ့်လက်တွေ့မှာတော့ သင့်ရဲ့ အဖိုးတန်တဲ့ အချိန်ထဲက "၅ မိနစ်" လောက်ကိုပဲ အာရုံစိုက်ပြီး နေ့စဉ်ပုံမှန် ရင်းနှီးမြှုပ်နှံဖို့ပဲ လိုအပ်တာပါ။
ဒီနေ့သင်လုပ်လိုက်တဲ့ ၅ မိနစ်စာ အလေ့အကျင့်လေးဟာ သေးငယ်တယ်လို့ ထင်ရပေမဲ့၊ တစ်နှစ်အကြာမှာတော့ သင့်ကို အံ့ဩစရာကောင်းတဲ့ ပြောင်းလဲမှုတွေဆီ ခေါ်ဆောင်သွားပါလိမ့်မယ်။
"ကြီးမားတဲ့ အောင်မြင်မှုဆိုတာ သေးငယ်တဲ့ ခြေလှမ်းလေးတွေကို မနားတမ်း လှမ်းရာကနေ စတင်တာပါ"
ဒါကြောင့် ဒီနေ့ကစပြီး "အချိန်မရှိဘူး" ဆိုတဲ့ အတွေးကို ဖယ်ထုတ်လိုက်ပါ။ အခုပဲ သင့်ရဲ့ ၅ မိနစ်စာ 𝐌𝐢𝐜𝐫𝐨-𝐥𝐞𝐚𝐫𝐧𝐢𝐧𝐠 ကို စတင်လိုက်ရအောင်! 🚀
𝐓𝐞𝐚𝐦 𝐊𝐚𝐢𝐳𝐞𝐧 🧡
#ပညာရေး
𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞𝐬 (ကိုးကားချက်များ)
-PlanetSpark. (2025, October 31). 10 micro habits that improve your English daily. PlanetSpark.
-Talaera. (2024, September 24). The benefits of microlearning a new language. Talaera.
-Novakid School. (2025, July 29). Microlearning: What it is and why kids should use it in learning English. Novakid School.
17/05/2026
“ပညာရေးကိုလည်း အာရုံစိုက်ချင်တယ်၊ မိဘကိုလည်း ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူးဆိုတဲ့ ကျောင်းသား/သူများအတွက်” 🎓💼
ဒီနေ့ခေတ်မှာ ကျောင်းသားတစ်ယောက်ဖြစ်ရတာဟာ စာသင်ခန်းထဲမှာတင် အဆုံးမသတ်ပါဘူး။ ကုန်ဈေးနှုန်းတွေ တက်လာတာနဲ့အမျှ ကိုယ်ပိုင်မုန့်ဖိုးရှာနိုင်ဖို့က ဝါသနာတစ်ခုထက် "လိုအပ်ချက်" တစ်ခု ဖြစ်လာပါတယ်။ ဒါပေမဲ့ အတွေ့အကြုံမရှိသေးလို့၊ အရင်းအနှီးမရှိလို့ ဆိုတဲ့ အတားအဆီးတွေကြောင့် နောက်တွန့်နေကြတာ များပါတယ်။
တကယ်တော့ ကျွန်တော်တို့လက်ထဲမှာရှိတဲ့ ဖုန်းနဲ့ အင်တာနက်ဟာ ဂိမ်းဆော့ဖို့နဲ့ 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 သုံးဖို့တင် မဟုတ်ပါဘူး။ ဒါဟာ သင့်ရဲ့ "ပထမဆုံး လုပ်ငန်းခွင်" ဖြစ်လာနိုင်ပါတယ်။ဒီအခက်အခဲတွေကို ဖြေရှင်းဖို့ အတွေ့အကြုံလည်း မလို၊ ရင်းနှီးငွေလည်း တစ်ပြားမှ စိုက်စရာမလိုဘဲ ဖုန်းတစ်လုံး သို့မဟုတ် 𝐋𝐚𝐩𝐭𝐨𝐩 တစ်လုံးရှိရုံနဲ့ စတင်လို့ရတဲ့ 𝐎𝐧𝐥𝐢𝐧𝐞 အလုပ် (၁၀) ခုကို ပြန်လည်မျှဝေပေးချင်ပါတယ်။
𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐖𝐫𝐢𝐭𝐢𝐧𝐠 ✍️
စာစီစာကုံး ရေးရတာ ဝါသနာပါလား? 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 ပေါ်မှာ စာတိုလေးတွေ ရေးရတာ ကြိုက်လား? ဒါဆိုရင် ကုမ္ပဏီတွေရဲ့ 𝐁𝐥𝐨𝐠 တွေ၊ 𝐖𝐞𝐛𝐬𝐢𝐭𝐞 တွေအတွက် ဆောင်းပါးရေးပေးပြီး ဝင်ငွေရှာလို့ရပါတယ်။ အစပိုင်းမှာ သူများဆီက သင်ယူရင်းနဲ့ တစ်ဖြည်းဖြည်း လက်ခကို တိုးတောင်းလာနိုင်ပါတယ်။
𝐆𝐫𝐚𝐩𝐡𝐢𝐜 𝐃𝐞𝐬𝐢𝐠𝐧 🎨
𝐃𝐞𝐬𝐢𝐠𝐧 ဆွဲရတာ ဝါသနာပါပေမဲ့ 𝐏𝐡𝐨𝐭𝐨𝐬𝐡𝐨𝐩 တွေ၊ 𝐀𝐈 တွေ မတတ်လို့ စိတ်မပူပါနဲ့။ 𝐂𝐚𝐧𝐯𝐚 လို 𝐀𝐩𝐩 မျိုးနဲ့တင် ဆွဲဆောင်မှုရှိတဲ့ 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 𝐏𝐨𝐬𝐭 တွေ၊ ကြော်ငြာပုံတွေကို ဖန်တီးပေးလို့ရပါတယ်။ အခုခေတ် 𝐎𝐧𝐥𝐢𝐧𝐞 𝐒𝐡𝐨𝐩 တိုင်းက ဒီဇိုင်းလှလှလေးတွေ လိုအပ်နေတာမို့ ဒါဟာ အခွင့်အရေးပါပဲ။
𝐎𝐧𝐥𝐢𝐧𝐞 𝐓𝐮𝐭𝐨𝐫𝐢𝐧𝐠📚
ကိုယ်က သူများထက် ပိုတော်တဲ့ ဘာသာရပ်တစ်ခုခု (ဥပမာ- အင်္ဂလိပ်စာ၊ သင်္ချာ၊ ကွန်ပျူတာ) ရှိနေပြီလား? ဒါဆိုရင် အွန်လိုင်းကနေ ကျူရှင်ပြကြည့်ပါ။ သင်ပေးရင်းနဲ့ ကိုယ့်ဘာသာရပ်လည်း ပိုကျွမ်းကျင်လာသလို၊ အချိန်ပိုင်းအလုပ်အနေနဲ့လည်း ဝင်ငွေကောင်းလှပါတယ်။
𝐕𝐢𝐫𝐭𝐮𝐚𝐥 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 📧
အလုပ်များတဲ့ လုပ်ငန်းရှင်တွေရဲ့ 𝐄𝐦𝐚𝐢𝐥 တွေ ပြန်ပေးတာ၊ အစည်းအဝေးအချိန်ဇယားတွေ စီစဉ်ပေးတာမျိုးပါ။ စနစ်တကျ လုပ်တတ်ကိုင်တတ်တဲ့ ကျောင်းသားတွေအတွက် အကိုက်ညီဆုံး အလုပ်ဖြစ်မှာပါ။
𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 📱
နေ့တိုင်း 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤, 𝐓𝐢𝐤𝐓𝐨𝐤 သုံးနေမယ့်အစား တခြား 𝐁𝐫𝐚𝐧𝐝 တွေရဲ့ 𝐏𝐚𝐠𝐞 တွေကို 𝐀𝐝𝐦𝐢𝐧 လုပ်ပေးတာ၊ 𝐂𝐨𝐧𝐭𝐞𝐧𝐭 တင်ပေးတာမျိုး လုပ်ပေးလို့ရပါတယ်။ ကိုယ်က ခေတ်ရေစီးကြောင်းကို နားလည်သူဆိုရင် ဒီအလုပ်က အရမ်းပျော်ဖို့ကောင်းပါတယ်။
𝐓𝐫𝐚𝐧𝐬𝐥𝐚𝐭𝐢𝐨𝐧🌍
အင်္ဂလိပ်စာ သို့မဟုတ် တခြား ဘာသာစကားတစ်ခုခုကို နားလည်တတ်ကျွမ်းတယ်ဆိုရင် စာရွက်စာတမ်းတွေ၊ ဗီဒီယိုစာတန်းထိုး (𝐒𝐮𝐛𝐭𝐢𝐭𝐥𝐞𝐬) တွေကို ဘာသာပြန်ပေးရင်း ဝင်ငွေရှာနိုင်ပါတယ်။
𝐀𝐟𝐟𝐢𝐥𝐢𝐚𝐭𝐞 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 🔗
ကိုယ်သုံးနေတဲ့ ပစ္စည်းလေးတွေကို သူငယ်ချင်းတွေကို ညွှန်းပေးရုံပါပဲ။ ကိုယ့်ရဲ့ 𝐋𝐢𝐧𝐤 ကနေတစ်ဆင့် ဝယ်ယူသူရှိရင် ရောင်းရငွေရဲ့ ရာခိုင်နှုန်းတစ်ခုကို ကော်မရှင်အနေနဲ့ ရမှာဖြစ်ပါတယ်။ ရင်းနှီးငွေ မလိုပါဘူးနော်။
𝐃𝐚𝐭𝐚 𝐄𝐧𝐭𝐫𝐲 ⌨️
ကုမ္ပဏီတွေရဲ့ အချက်အလက်တွေကို 𝐄𝐱𝐜𝐞𝐥 ထဲမှာ သေချာရိုက်သွင်းပေးရတာမျိုးပါ။ ပညာအရည်အချင်းထက် ဂရုတစိုက်ရှိဖို့နဲ့ စာရိုက်မြန်ဖို့ပဲ လိုအပ်ပါတယ်။
𝐓𝐫𝐚𝐧𝐬𝐜𝐫𝐢𝐩𝐭𝐢𝐨𝐧 🎧
အသံဖိုင်တွေကို နားထောင်ပြီး စာပြန်ရိုက်ပေးရတာပါ။ အာရုံစိုက်နိုင်စွမ်းရှိတဲ့ ကျောင်းသားတွေအတွက် အားလပ်ချိန်မှာ လုပ်ဖို့ အဆင်ပြေပါတယ်။
𝐒𝐮𝐫𝐯𝐞𝐲𝐬 & 𝐑𝐞𝐯𝐢𝐞𝐰𝐬🧪
𝐀𝐩𝐩 တွေ၊ 𝐖𝐞𝐛𝐬𝐢𝐭𝐞 တွေကို သုံးကြည့်ပြီး ကိုယ့်ရဲ့ စိတ်ရင်းမှန်အတိုင်း 𝐑𝐞𝐯𝐢𝐞𝐰 ရေးပေးတာမျိုးပါ။ အလုပ်ကြီးတစ်ခု မဟုတ်ပေမယ့် မုန့်ဖိုးတော့ ပုံမှန်ရနိုင်ပါတယ်။
ဒါပေမဲ့ သတိထားရမှာကတော့ ကျောင်းစာကို ထိခိုက်လို့မဖြစ်ဘူးနော်။ ကိုယ်အားတဲ့ အချိန်ပိုင်းလေးတွေမှာပဲ လုပ်ဖို့ အကြံပေးချင်ပါတယ်။ ပြီးတော့ ♦️ "အလုပ်မပေးခင် ပိုက်ဆံ အရင်သွင်းရမယ်" ဆိုတဲ့ အလုပ်မျိုးတွေကိုတော့ အထူးသတိထား ရှောင်ကြဉ်ကြပါ!♦️
𝐓𝐞𝐚𝐦 𝐊𝐚𝐢𝐳𝐞𝐧 🧡
#ကျောင်းသားဘဝ #ကျောင်းသားအလုပ် #အွန်လိုင်းအလုပ် #အချိန်ပိုင်းအလုပ် #ကျောင်းသားဝင်ငွေ #အလုပ်အကိုင်အခွင့်အလမ်း #ကိုယ်ပိုင်ဝင်ငွေ #ပညာရေး
𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞 (ကိုးကားချက်)
-SEA-FAJ Consults. (2025, July 9). 15 legit online jobs for students (and how to start without experience).
13/05/2026
"ပညာရေးတင်မကဘဲ ဘဝမှာပါ တကယ်အောင်မြင်မှုရရှိဖို့ ဘာက အရေးပါလဲဆိုတာ တွေးဖူးပါသလား" ❓
ကျွန်တော်တို့ မကြာခဏ လျစ်လျူရှုမိတတ်တဲ့အရာတစ်ခုကတော့ လူမှု-စိတ်ခံစားမှုဆိုင်ရာ သင်ယူမှု (𝐒𝐨𝐜𝐢𝐚𝐥-𝐄𝐦𝐨𝐭𝐢𝐨𝐧𝐚𝐥 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠) ပဲဖြစ်ပါတယ်။ ✨
ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်စွမ်း၊ ရည်မှန်းချက်တွေ ချမှတ်နိုင်စွမ်း၊ တခြားသူတွေနဲ့ ဆက်ဆံနိုင်စွမ်းနဲ့ ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်စွမ်းတွေဟာ ကျွန်တော်တို့ လုပ်သမျှအရာရာတိုင်းအပေါ် သက်ရောက်မှုရှိပါတယ်။ ပြီးတော့ အံ့သြစရာကောင်းတာက ဒါတွေဟာ “𝐒𝐨𝐟𝐭 𝐒𝐤𝐢𝐥𝐥𝐬” သက်သက်မဟုတ်တော့ပါဘူး။ သင်ယူမှုကို ကောင်းကောင်းလုပ်ဆောင်နိုင်ပြီး ကိုယ်ပိုင်ဘဝမှာ အောင်မြင်ပျော်ရွှင်ဖို့အတွက် အခြေခံအုတ်မြစ်တွေဖြစ်ပါတယ်။
လူမှု-စိတ်ခံစားမှုဆိုင်ရာ သင်ယူမှု (𝐒𝐨𝐜𝐢𝐚𝐥-𝐄𝐦𝐨𝐭𝐢𝐨𝐧𝐚𝐥 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠) ဟာ ကျောင်းသားကျောင်းသူတွေအတွက် ဘာကြောင့် ဒီလောက်အရေးပါပြီး ဘယ်လိုအားသာချက်တွေ ပေးနိုင်လဲဆိုတာ ကြည့်ရအောင်။
🧠 ဦးနှောက်စွမ်းအားနဲ့ ပညာရေးစွမ်းဆောင်ရည်ကို မြှင့်တင်ပေးတယ်။
ဘာတွေသင်ယူလဲဆိုတာထက် ဘယ်လိုသင်ယူလဲဆိုတာက ပိုအရေးကြီးပါတယ်။ 𝐒𝐄𝐋 ကနေ ကိုယ့်ကိုယ်ကို သိမြင်နားလည်မှု (𝐒𝐞𝐥𝐟-𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬) ကို မြှင့်တင်တဲ့အခါ သင်ယူမှုပုံစံနဲ့ စိတ်ခံစားမှုဆိုင်ရာ လှုံ့ဆော်မှုတွေကို နားလည်လာပါတယ်။ ဒါက စာမေးပွဲကြီးတွေမတိုင်ခင် စိတ်ဖိစီးမှုကို ထိန်းချုပ်ဖို့၊ ခက်ခဲတဲ့အလုပ်တွေမှာ အာရုံစူးစိုက်ထားနိုင်ဖို့၊ မှတ်ဉာဏ်နဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းကိုတောင် တိုးတက်စေပါတယ်။
😧 စာမေးပွဲကြောက်စိတ်ကို လျှော့ချနိုင်တာ ဒါမှမဟုတ် အမှတ်နည်းသွားရင်တောင် မြန်မြန်ဆန်ဆန် ပြန်အားယူနိုင်ဖို့ စိတ်ခွန်အားပေးပါတယ်။ ဒါဟာ 𝐒𝐄𝐋 ရဲ့ စွမ်းအားပါပဲ။ ဒါတွေက ပိုကောင်းတဲ့ရမှတ်တွေနဲ့ ပိုအပြုသဘောဆောင်တဲ့ သင်ယူမှုအတွေ့အကြုံကို တိုက်ရိုက်ဦးတည်စေပါတယ်။
💖 ခိုင်မာတဲ့ ဆက်ဆံရေးတွေနဲ့ အပြုသဘောဆောင်တဲ့ ပတ်ဝန်းကျင်ကို တည်ဆောက်ပေးတယ်။
ကျောင်းဆိုတာ စာတွေပဲသင်တာမဟုတ်ပါဘူး၊ လူတွေနဲ့လည်း ဆက်ဆံရတာပါ။ 𝐒𝐄𝐋 က စာနာစိတ် (𝐄𝐦𝐩𝐚𝐭𝐡𝐲) ကို မွေးမြူပေးပြီး မတူညီတဲ့အမြင်တွေကို နားလည်နိုင်စေကာ ထိရောက်စွာ ဆက်သွယ်ပြောဆိုတတ်စေပါတယ်။ ဒါက ပဋိပက္ခတွေကို လျှော့ချနိုင်ပြီး အဖွဲ့လိုက်လုပ်ဆောင်မှုတွေကို ပိုမိုထိရောက်စေကာ သူငယ်ချင်းတွေ၊ မိသားစုနဲ့ ဆရာတွေနဲ့ ပိုမိုနက်ရှိုင်းပြီး ပံ့ပိုးမှုပေးနိုင်တဲ့ ဆက်ဆံရေးတွေကို တည်ဆောက်နိုင်စေပါတယ်။ လူမှုရေးအခြေအနေတွေကို ဘယ်လိုကိုင်တွယ်ရမယ်၊ ကိုယ့်ကိုယ်ကို နဲ့ တစ်ခြားသူတွေကိုပါ ဘယ်လိုထောက်ခံရမယ်ဆိုတာ သိတဲ့အခါ လူတိုင်းအတွက် ပိုမိုပါဝင်နိုင်တဲ့၊ လေးစားမှုရှိတဲ့၊ လုံခြုံစိတ်ချရတဲ့ ကျောင်းပတ်ဝန်းကျင်တစ်ခုကို သင်ပါဝင်ကူညီပေးရာရောက်ပါတယ်။
🚀 အောင်မြင်မှုကို အနာဂတ်အတွက် အာမခံချက်ပေးပြီး ကိုယ်ပိုင်ဘဝကို မြှင့်တင်ပေးတယ်။
တကယ့် လက်တွေ့ကမ္ဘာကြီးက ရှုပ်ထွေးပါတယ်။ အလုပ်ရှင်တွေဟာ လူမှု-စိတ်ခံစားမှုဆိုင်ရာ စွမ်းရည်တွေကို အောင်မြင်မှုအတွက် အရေးအကြီးဆုံးအရာတွေထဲက တစ်ခုအဖြစ် အမြဲတမ်း သတ်မှတ်ပါတယ်။ SEL က သင့်ကို ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်း၊ တာဝန်ယူမှုရှိတဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းနဲ့ လိုက်လျောညီထွေရှိမှု (𝐀𝐝𝐚𝐩𝐭𝐚𝐛𝐢𝐥𝐢𝐭𝐲) တွေကို ပေးစွမ်းပါတယ်။ ဒါတွေက တက္ကသိုလ်လျှောက်လွှာတွေ၊ အလုပ်အကိုင်ရွေးချယ်မှုတွေ၊ ပုဂ္ဂိုလ်ရေးဘဏ္ဍာရေးစီမံခန့်ခွဲမှုတွေနဲ့ ဘဝရဲ့ ရှောင်လွှဲလို့မရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ဒါ့အပြင် အဓိပ္ပာယ်ရှိတဲ့ ရည်မှန်းချက်တွေ ချမှတ်နိုင်ပြီး သူတို့ကို အကောင်အထည်ဖော်ဖို့ ခံနိုင်ရည်ရှိအောင် လုပ်ဆောင်နိုင်စွမ်းကိုလည်း ပေးစွမ်းပါတယ်။ ဒါက ရေရှည်စိတ်ကျန်းမာရေးနဲ့ ဘဝရဲ့ ပျော်ရွှင်မှုအတွက် အာမခံချက်တစ်ခုပါပဲ။
📕 ဒါဟာ စာအုပ်တွေ၊ စာမေးပွဲတွေထက် အများကြီး ပိုပါတယ်။ သင်ဟာ ဘဝမှာ ကြုံတွေ့လာမယ့်အရာတွေအတွက် အသင့်ဖြစ်နေတဲ့၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုအရှိဆုံး၊ အရည်အချင်းအရှိဆုံး၊ စာနာတတ်ဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာဖို့ပါပဲ။ 💪
စိတ်ဖိစီးမှုကို ထိန်းချုပ်တာ၊ ရှင်းရှင်းလင်းလင်း ဆက်သွယ်ပြောဆိုတာ ဒါမှမဟုတ် ပန်းတိုင်တွေ ချမှတ်တာစတဲ့ လူမှု-စိတ်ခံစားမှုဆိုင်ရာ ဘယ်စွမ်းရည်တစ်ခုက သင့်ဘဝ ဒါမှမဟုတ် သင်ယူမှုမှာ အကူအညီဆုံးဖြစ်ခဲ့လဲ၊ ဘယ်လိုကွာခြားမှုတွေ ဖြစ်လာခဲ့လဲ။ အောက်က 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ မျှဝေပေးခဲ့ပါဦးနော်! 👇
𝐓𝐞𝐚𝐦 𝐊𝐚𝐢𝐳𝐞𝐧 🧡
#ပညာရေး
𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞𝐬(ကိုးကားချက်များ)
-Cornerstone University. (2023, March 14). Is social-emotional learning the foundation of success?
-National University. (n.d.). Social emotional learning (SEL): Why it matters for educators. National University.
-Ozford. (2023, July 10). The role of social and emotional learning (SEL) in promoting student success and wellbeing.
-Reedley International School. (n.d.). 5 reasons social emotional learning is essential for students.
-Yale School of Medicine. (2022, August 16). New research published in Child Development confirms that social and emotional learning significantly improves student academic performance, well-being, and perceptions of school safety.
10/05/2026
စဥ်းစားတွေးခေါ်နိုင်စွမ်း (𝐂𝐫𝐢𝐭𝐢𝐜𝐚𝐥 𝐓𝐡𝐢𝐧𝐤𝐢𝐧𝐠) ဆိုတာဘာလဲ ❓
𝐂𝐫𝐢𝐭𝐢𝐜𝐚𝐥 𝐓𝐡𝐢𝐧𝐤𝐢𝐧𝐠 ကောင်းမွန်ဖို့ ဘာတွေ လုပ်ဆောင်ရမလဲ ❓
🧠 စဥ်းစားတွေးခေါ်နိုင်စွမ်း (𝐂𝐫𝐢𝐭𝐢𝐜𝐚𝐥 𝐓𝐡𝐢𝐧𝐤𝐢𝐧𝐠) ဆိုတာကတော့ အချက်အလက် (𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧) တွေကို ကျိုးကြောင်းဆီလျော်စွာ ခွဲခြမ်းစိတ်ဖြာ အကဲဖြတ်ပြီး အဓိပ္ပာယ်ပြန်ဆိုတာပဲ ဖြစ်ပါတယ်။ မေးခွန်းများ မေးခြင်း၊ ရရှိလာတဲ့ အချက်တွေအပေါ် မူတည်ပြီး ဆုံးဖြတ်ချက်များ ချမှတ်ခြင်းတို့လည်း ပါဝင်ပါတယ်။
💐 စဥ်းစားတွေးခေါ်နိုင်စွမ်း (𝐂𝐫𝐢𝐭𝐢𝐜𝐚𝐥 𝐓𝐡𝐢𝐧𝐤𝐢𝐧𝐠) က ပညာရေး၊ အလုပ်အကိုင်နဲ့ ပေါင်းသင်းဆက်ဆံရေး စတဲ့ ဘဝရဲ့ အခန်းကဏ္ဍပေါင်းစုံမှာ အရေးပါပါတယ်။ စဥ်းစားတွေးခေါ်နိုင်စွမ်း ကောင်းတဲ့သူတွေဟာ
💚 မှန်ကန်ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချလာနိုင်မယ်၊
💚 ပြဿနာတွေကို ထိရောက်စွာ ဖြေရှင်းနိုင်မယ်။
💚 မှားယွင်းတဲ့ အရာတွေကိုလည်း ခွဲခြားသိမြင်မယ်။
💚 ပေါင်းသင်းဆက်ဆံရေး ကောင်းလာမယ်။
💚 ကြုံတွေ့လာတဲ့ အခက်အခဲတွေကိုလည်း ဆက်စပ်တွေးခေါ် ဖြေရှင်းလာနိုင်မယ် စတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာပဲ ဖြစ်ပါတယ်။
ဒါဆို စဥ်းစားတွေးခေါ်နိုင်စွမ်း ကောင်းမွန်ဖို့ ဘယ်လိုလုပ်ရမလဲ 🤔
① ပထမဆုံးအနေနဲ့ မေးခွန်းတွေ မေးကြည့်ပါ။
ကိစ္စရပ်တစ်ခု၊ အကြောင်းအရာတစ်ခုက ဘာလဲ (𝐖𝐡𝐚𝐭)၊ ဘာကြောင့်လဲ (𝐖𝐡𝐲)၊ ဘယ်လိုဖြစ်တာလဲ (𝐇𝐨𝐰) စတဲ့ မေးခွန်းတွေ မေးကြည့်ပါ။ 🗣️
② မတူကွဲပြားတဲ့ အမြင်များနဲ့ သုံးသပ်ပါ။
ကိစ္စရပ်တစ်ခုကို စဥ်းစားဆုံးဖြတ်တဲ့အခါ အမျိုးမျိုးသော အမြင် (𝐏𝐞𝐫𝐬𝐩𝐞𝐜𝐭𝐢𝐯𝐞𝐬) 👁️ များမှ သုံးသပ်ခြင်းအားဖြင့် မိမိရဲ့ နားလည်နိုင်စွမ်းအား တိုးတက်စေမှာပဲ ဖြစ်ပါတယ်။
③ သတင်းအချက်အလက်များ မှန်ကန်စွာ ရယူပါ။
📝 မိမိရရှိတဲ့ သတင်းအချက်အလက်က မှန်ကန်မှုရှိသလား သေချာအကဲဖြတ်ပြီး စီစစ်လက်ခံပါ။
④ ဦးနှောက်ကို အလေ့အကျင့်ပေးပါ။
🧠 ဦးနှောက်ကို အလေ့အကျင့်ပေးတဲ့ 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 များ (စကားရည်လုခြင်း၊ 𝐂𝐡𝐞𝐬𝐬 ထိုးခြင်း၊ 𝐁𝐫𝐚𝐢𝐧 𝐆𝐚𝐦𝐞𝐬 များ ဆော့ခြင်း) ပြုလုပ်ပေးခြင်းဖြင့် အသိပညာ၊ ဗဟုသုတများ တိုးပွားလာပြီး စဥ်းစားတွေးခေါ်နိုင်စွမ်းတိုးတက်မှာပဲ ဖြစ်ပါတယ်။
⑤ အရာရာကို သိလိုစိတ်ရှိပြီး 𝐨𝐩𝐞𝐧-𝐦𝐢𝐧𝐝𝐞𝐝 ဖြစ်ပါ။
🧑🏫 တစ်သက်တာ သင်ယူခြင်း (𝐋𝐢𝐟𝐞𝐥𝐨𝐧𝐠 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠) ကို မွေးမြူပြီး အသစ်သိရှိလာသော အသိပညာများနှင့် လိုက်လျောညီထွေမှု ရှိခြင်းကလည်း မတူကွဲပြားမှု (𝐃𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲) ကို လက်ခံနိုင်စွမ်း မြင့်လာစေမှာပဲ ဖြစ်ပါတယ်။
⑥ စိတ်တည်ငြိမ်မှု (𝐌𝐢𝐧𝐝𝐟𝐮𝐥𝐧𝐞𝐬𝐬) ဖြစ်ပါ။
🫀 ကျိုးကြောင်းဆီလျော်တဲ့ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ဖို့ မိမိရဲ့ စိတ်ခံစားချက်များ မရောထွေးစေဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် မိမိရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်တတ်ဖို့ သင်ယူကာ စိတ်တည်ငြိမ်မှု (𝐌𝐢𝐧𝐝𝐟𝐮𝐥𝐧𝐞𝐬𝐬) ရှိခြင်းဖြင့် ကောင်းမွန်ပြီး ကျိုးကြောင်းဆီလျော်တဲ့ ဆုံးဖြတ်ချက်များ၊ ရွေးချယ်မှုများ ပြုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်။
⑦ ပြန်လည်သုံးသပ်ခြင်း (𝐑𝐞𝐟𝐥𝐞𝐜𝐭𝐢𝐨𝐧) ပြန်လုပ်ပါ။
🪞 မိမိကြုံတွေ့ခဲ့ရတဲ့ ကိစ္စရပ်တွေ၊ ပြဿနာများကို ပြန်လည်သုံးသပ်ကာ သင်ခန်းစာ ယူခြင်းဖြင့် အနာဂတ်ကာလများမှာ ဆက်စပ်တွေးခေါ်နိုင်စွမ်းနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်း တိုးတက်လာမှာပဲ ဖြစ်ပါတယ်။
ဒီအချက်တွေကို မိမိရဲ့ နေ့စဥ်ဘဝမှာ အသုံးချခြင်းဖြင့် စဥ်းစားတွေးခေါ်နိုင်စွမ်း (𝐂𝐫𝐢𝐭𝐢𝐜𝐚𝐥 𝐓𝐡𝐢𝐧𝐤𝐢𝐧𝐠) တိုးတက်ကာ ပိုမိုကောင်းမွန်တဲ့ ကျိုးကြောင်းဆီလျော်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်မှာပဲ ဖြစ်ပါတယ်။
𝐒𝐭𝐚𝐲 𝐰𝐢𝐭𝐡 𝐊𝐚𝐢𝐳𝐞𝐧 🧡
#ပညာရေး
မှီငြမ်းကိုးကားချက်များ
Bailin, S., Case, R., Coombs, J. R., & Daniels, L. B. (1999). Conceptualizing critical thinking. Journal of Curriculum Studies, 31(3), 285–302.
Brookfield, S. D. (2012). Teaching for critical thinking: Tools and techniques to help students question their assumptions. Jossey-Bass.
Ennis, R. H. (2018). Critical thinking across the curriculum: A vision. Inquiry: Critical Thinking Across the Disciplines, 32(1), 25–45.
Facione, P. A. (2011). Think critically. Pearson.
Halpern, D. F. (2014). Thought and knowledge: An introduction to critical thinking (5th ed.). Psychology Press.
Paul, R., & Elder, L. (2019). Critical thinking: Tools for taking charge of your learning and your life (4th ed.). Pearson.
Stanovich, K. E. (2020). How to think straight about psychology (11th ed.). Pearson.
08/05/2026
❝ပြီးပြည့်စုံတဲ့ ကျောင်းသား❞ အစား ❝ပိုကောင်းတဲ့ ကျောင်းသား❞ ဖြစ်လိုက်ပါ
💁 ကျောင်းသားများအနေနဲ့ အဖြေတွေ အကုန်မှန်တယ်၊ ဘာသာရပ်အားလုံး အမှတ်ပြည့်ရတယ် ဆိုပြီး အကုန်လုံး ပြီးပြည့်စုံမှ အောင်မြင်မှုကို ရနိုင်တယ်လို့ ထင်မှတ်ကြပါတယ်။ ဒါပေမယ့် အောင်မြင်မှုက ပြီးပြည့်စုံမှုမှ ရရှိတာ မဟုတ်ပါဘူး။ အောင်မြင်မှုဆိုတာ လုပ်ခဲ့ဖူးတဲ့ အမှားတွေကနေ သင်ယူပြီး ပိုကောင်းအောင် ကြိုးစားမှု၊ တိုးတက်မှုတို့ကနေ လာတာ ဖြစ်ပါတယ်။
မိမိကိုယ်ကိုယ်ပိုမိုတိုးတက်အောင် ကြိုးစားနေတဲ့ ကျောင်းသားအနေနဲ့
✔️ အသစ်အသစ်သော ပညာရပ်များကို လေ့လာသင်ယူခြင်း
✔️ မေးခွန်းများ မေးမြန်းခြင်း
✔️ အမှားများကနေ ပြန်လည် သင်ယူခြင်း
✔️ အချိန်နဲ့အမျှ တိုးတက်ရန် သင်ယူနေခြင်းများ ပြုလုပ်နေပြီး 𝐆𝐫𝐨𝐰𝐭𝐡 𝐌𝐢𝐧𝐝𝐬𝐞𝐭 နဲ့ ရှေ့ဆက်သွားနေပါတယ်။
ပြီးပြည့်စုံမှု (𝐏𝐞𝐫𝐟𝐞𝐜𝐭𝐢𝐨𝐧𝐢𝐬𝐦) ကိုသာ လိုလားတဲ့ ကျောင်းသားတွေကတော့
🔹မေးခွန်းမေးရန် ကြောက်ရွံ့ခြင်း
🔹အမှန်တကယ် ပညာရပ်များကို သိရှိခြင်းထက် အမှတ်ကိုသာ ဦးစားပေးခြင်း
🔹တခြားသော ပညာရပ်များ လေ့လာရန် ခက်ခဲခြင်း
🔹ပြီးပြည့်စုံမှု ရရှိရန် စိတ်ဖိစီးခြင်း စတဲ့ ဖိအားတွေ ခံစားရပါတယ်။
ကျောင်းသားများအတွက် လေ့လာသင်ယူခြင်းဟာ ဖိအားတွေနဲ့ မသင်ယူသင့်ဘဲ သိချင်စိတ် (𝐂𝐮𝐫𝐢𝐨𝐬𝐢𝐭𝐲) ကို မီးမွှေးပေးတဲ့ လေ့လာသင်ယူခြင်း ဖြစ်သင့်ပါတယ်။ 🔥 သိချင်စိတ်နဲ့ လေ့လာသင်ယူနေသမျှ ကာလပတ်လုံး စာလုပ်ရတာကို ပင်ပန်းတယ်လို့ မထင်တော့ဘဲ သိချင်သော အရာများ သိရှိခွင့်ရကာ စိတ်ဝင်စားမှု ရှိတဲ့အတွက် စာကို ပိုပြီး လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။ 📝 ဒါ့အပြင် အမှားများ ပြုလုပ်မိတဲ့အခါမှာလည်း အမှားတွေကနေတစ်ဆင့် ဘာကြောင့် ဒါကမှားတာလဲ၊ ဘယ်လိုလုပ်ရင် မှန်နိုင်မလဲ ဆိုပြီး လေ့လာသင်ယူကာ နောက်တစ်ခေါက် ထပ်မမှားတော့မှာပဲ ဖြစ်ပါတယ်။
ကျောင်းသားတိုင်းအနေနဲ့ ပြီးပြည့်စုံတယ်ဆိုပြီး မရှိဘဲ ပိုပြီးတော့ ကောင်းအောင် လေ့လာသင်ယူမှုများ အမြဲမပြတ် ပြုလုပ်နေရမှာပဲ ဖြစ်ပါတယ်။ ပိုပြီးတော့ ကောင်းမွန်တဲ့ ကျောင်းသားများ ဖြစ်ရန်အတွက်
📊 စာလုပ်ရန် အချိန်ဇယား ထားရှိခြင်း
📇 𝐅𝐥𝐚𝐬𝐡𝐜𝐚𝐫𝐝𝐬, 𝐒𝐮𝐦𝐦𝐚𝐫𝐲, 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐞 𝐐𝐮𝐞𝐬𝐭𝐢𝐨𝐧𝐬 အစရှိတဲ့ 𝐀𝐜𝐭𝐢𝐯𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐌𝐞𝐭𝐡𝐨𝐝𝐬 များဖြင့် လေ့လာခြင်း
🧑🏫 မရှင်းလင်းတာများ ရှိရင် ဆရာ၊ဆရာမကို မေးမြန်းခြင်း
☑️ အမှားတွေကို ပြန်လည်ပြုပြင်ခြင်းတို့ ပြုလုပ်ပြီး အလေ့အကျင့်ကောင်းများ တည်ဆောက်သင့်ပါတယ်။
ကျောင်းသားများအနေနဲ့ တခြားသူများနှင့် မနှိုင်းယှဉ်ဘဲ အတိတ်က မိမိနှင့် လက်ရှိက မိမိကိုယ်တိုင်သာ နှိုင်းယှဉ်ကာ ဘယ်လောက်အထိ တိုးတက်သလဲ (𝐏𝐫𝐨𝐠𝐫𝐞𝐬𝐬) 📈 ကိုသာ အာရုံစိုက်ပြီး ပြန်လည်သုံးသပ်မှု (𝐑𝐞𝐟𝐥𝐞𝐜𝐭𝐢𝐨𝐧) များ ပြုလုပ်သင့်ပါတယ်။ ဒီလိုမျိုး ပြီးပြည့်စုံမှုကိုသာ အလေးမထားဘဲ ကိုယ့်ကိုယ်ကိုယ် ယခုထက် ပိုမိုတိုးတက်အောင် အလေ့အကျင့်ကောင်းများ အချိန်ယူ တည်ဆောက်ခြင်းဖြင့် အနာဂတ်မှာ ဘာမဆို ရင်ဆိုင်နိုင်ကာ ယုံကြည်မှု ရှိပြီး လုပ်နိုင်စွမ်း မြင့်မားတဲ့ သူတစ်ယောက် ဖြစ်လာမှာပဲ ဖြစ်ပါတယ်။ 💯
𝐊𝐚𝐢𝐳𝐞𝐧 မှ ကျောင်းသားကျောင်းသူများနဲ့ ဖေဖေမေမေတို့အတွက် ကျွမ်းကျင်ပညာရှင်များနှင့်အတူ ပညာရေးဆွေးနွေးတိုင်ပင်မှု (𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞) ကို ပေးအပ်နေပြီ ဖြစ်ပါတယ်။ ပညာရေး လမ်းကြောင်းမှာ တွေ့ကြုံရမယ့် အခက်အခဲတွေကို သေချာ ရင်ဆိုင်ဖြတ်ကျော်နိုင်ဖို့အတွက် အခုပဲ 𝐕𝐢𝐛𝐞𝐫 မှတစ်ဆင့် ဆက်သွယ်လိုက်တော့နော် ~
𝐕𝐢𝐛𝐞𝐫: +𝟔𝟔𝟗𝟔𝟗𝟔𝟓𝟒𝟎𝟗𝟔
𝐕𝐢𝐛𝐞𝐫: +𝟔𝟔𝟔𝟏𝟕𝟎𝟕𝟎𝟔𝟏𝟏
𝐓𝐞𝐚𝐦 𝐊𝐚𝐢𝐳𝐞𝐧 🧡
#ပညာရေး
𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞𝐬(ကိုးကားချက်များ)
-Dweck, C. S. (2006). Mindset: The new psychology of success. Random House.
-Yeager, D. S., & Dweck, C. S. (2012). Mindsets that promote resilience: When students believe that personal characteristics can be developed. Educational Psychologist, 47(4), 302–314.
-Zimmerman, B. J. (2002). Becoming a self-regulated learner: An overview. Theory Into Practice, 41(2), 64–70.
04/05/2026
🇹🇭 𝐀𝐬𝐬𝐮𝐦𝐩𝐭𝐢𝐨𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐨𝐟 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 မှာ အနီးဆုံး 𝐀𝐮𝐠𝐮𝐬𝐭 𝐢𝐧𝐭𝐚𝐤𝐞 အမီ ကျောင်းတက်ကြရအောင် ~
🏫 𝐀𝐬𝐬𝐮𝐦𝐩𝐭𝐢𝐨𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ဟာ ထိုင်းနိုင်ငံရဲ့ နံပါတ် (၁) 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐏𝐫𝐢𝐯𝐚𝐭𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 တစ်ခု ဖြစ်ပြီး မြန်မာကျောင်းသား အများအပြား လက်ရှိတက်ရောက်နေတဲ့ တက္ကသိုလ်ပဲ ဖြစ်ပါတယ်။ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐭𝐮𝐝𝐞𝐧𝐭𝐬 များအတွက် ဘွဲ့ကြို (𝐁𝐚𝐜𝐡𝐞𝐥𝐨𝐫) ဒီဂရီအတွက်
🔰 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐚𝐧𝐝 𝐄𝐜𝐨𝐧𝐨𝐦𝐢𝐜𝐬
🔰 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐀𝐫𝐭𝐬
🔰 𝐀𝐫𝐭𝐬
🔰 𝐀𝐫𝐜𝐡𝐢𝐭𝐞𝐜𝐭𝐮𝐫𝐞 𝐚𝐧𝐝 𝐃𝐞𝐬𝐢𝐠𝐧
🔰 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠
🔰 𝐌𝐮𝐬𝐢𝐜
🔰 𝐁𝐢𝐨𝐭𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲
🔰 𝐒𝐜𝐢𝐞𝐧𝐜𝐞 𝐚𝐧𝐝 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲
🔰 𝐋𝐚𝐰 စသဖြင့် များပြားလှတဲ့ နယ်ပယ်မှ မေဂျာများ ရှိတဲ့အပြင် အခြားသော ဘွဲ့လွန် (𝐌𝐚𝐬𝐭𝐞𝐫) နဲ့ ဒေါက်တာဘွဲ့ (𝐏𝐡𝐃) တို့ပါ ပေးအပ်လျက် ရှိပါတယ်။ ဒါ့အပြင် 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐭𝐮𝐝𝐞𝐧𝐭𝐬 များအတွက် 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 လျှောက်ထားနိုင်ပါတယ်။
💼 အလုပ်အကိုင် အခွင့်အလမ်းအနေနဲ့လည်း ထိုင်းနိုင်ငံရှိ ထိပ်တန်း ကုမ္ပဏီများနှင့် ပူးပေါင်းကာ 𝐂𝐚𝐫𝐞𝐞𝐫 𝐖𝐞𝐞𝐤 များ ပြုလုပ်ပြီး ကျောင်းသားမျာအတွက် 𝐈𝐧𝐭𝐞𝐫𝐧𝐬𝐡𝐢𝐩 များ၊ 𝐅𝐮𝐥𝐥-𝐭𝐢𝐦𝐞 𝐣𝐨𝐛𝐬 များပါ ရရှိအောင် ထောက်ပံ့ပေးနေပါတယ်။
🚨 𝐀𝐮𝐠 𝐢𝐧𝐭𝐚𝐤𝐞 အတွက် လျှောက်ထားရမယ့် 𝐃𝐞𝐚𝐝𝐥𝐢𝐧𝐞 ကတော့ 𝐌𝐚𝐲 𝟐𝟗, 𝟐𝟎𝟐𝟔 ဖြစ်ပါတယ်။ 🎯 ဒါကြောင့် 𝐀𝐮𝐠𝐮𝐬𝐭 လအမီ ကျောင်းတက်နိုင်အောင် 𝐀𝐬𝐬𝐮𝐦𝐩𝐭𝐢𝐨𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ရဲ့ 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐀𝐠𝐞𝐧𝐭 ဖြစ်တဲ့ 𝐊𝐚𝐢𝐳𝐞𝐧 ကို အခုပဲ 𝐕𝐢𝐛𝐞𝐫 မှတစ်ဆင့် ဆက်သွယ်လိုက်ပါ ~
𝐕𝐢𝐛𝐞𝐫: +𝟔𝟔𝟗𝟔𝟗𝟔𝟓𝟒𝟎𝟗𝟔
𝐕𝐢𝐛𝐞𝐫: +𝟔𝟔𝟔𝟏𝟕𝟎𝟕𝟎𝟔𝟏𝟏
𝐓𝐞𝐚𝐦 𝐊𝐚𝐢𝐳𝐞𝐧 🧡
#2026 #ပညာရေး
30/04/2026
🌕✨ ကဆုန်လပြည့်နေ့ — စင်ကြယ်ခြင်းနဲ့ အတွေးအမြင် ရယူခြင်း ✨🌕
ဒီနေ့ဟာ ကမ္ဘာတစ်ဝှမ်းက ဗုဒ္ဓဘာသာဝင်တွေအတွက် အမြတ်နိုးဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံး ရက်တွေထဲက တစ်ရက်ဖြစ်တဲ့ ကဆုန်လပြည့်နေ့ပဲဖြစ်ပါတယ်။
ဒီနေ့ကို ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်မှတ်ရန် ဗုဒ္ဓနေ့ လို့လည်းပြောစမှတ်ပြုကြပါတယ်။
🪷 ဗျာ - ကဆုန်လပြည့်နေ့မှာ ဗျာဒိတ်တော်ကိုခံယူတော်မူခြင်း၊
🪷 ဖွား - ကဆုန်လပြည့်နေ့မှာ ဖွားမြင်တော်မူခြင်း၊
🪷 ပွင့် - ကဆုန်လပြည့်နေ့မှာ ဘုရားပွင့်တော်မူခြင်း၊
🪷 စံ - ကဆုန်လပြည့်နေ့မှာ ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း၊
စတဲ့ အရာအာလုံးဟာ ပြည့်စုံသောကြောင့် ကဆုန်လပြည့်နေ (ဘုရားနေ့) လို့သတ်မှတ်ခဲ့ကြပါတယ်။ ဒါကြောင့် ကဆုန်လပြည့်နေ့ဟာ အထူးခြားဆုံးဖြစ်သလို စိတ်ဝိညာဉ်ရေးအရလည်း အင်မတန် နက်နဲတဲ့ လတစ်လပါ။ 🧘♂️🙏
ဒီနေ့မှာ ဗုဒ္ဓဘာသာဝင်တွေဟာ မြတ်စွာဘုရားဟာ ဒီညောင်ပင်အောက်မှာ ဘုရားဖြစ်တော်မူခဲ့တာကို အမှတ်ရပြီး ဗောဓိညောင်ပင်ကို ရေလောင်းပူဇော်ကြလေ့ ရှိပါတယ်။ဒီလိုပြုလုပ်ခြင်းဟာ ပူပြင်းတဲ့နွေရာသီမှာ ဗောဓိညာင်ပင်ကိုကြံ့ကြံ့ခံနိုင်ပြီး ဗုဒ္ဓဘာသာ ရေရှည်တည့်တံ့ဖို့ရည်ရွယ်ခြင်းဖြစ်ပါတယ်။
ဗုဒ္ဓဘာသာက တကယ့် စိတ်ချမ်းသာမှုဆိုတာ ကိုယ့်အတွင်းစိတ်ကနေ စတင်တယ်လို့ ပြောကြားခဲ့ပါတယ် — ဟန်ချက်ညီညီနေထိုင်ခြင်း၊ သတိနဲ့နေထိုင်ခြင်းနဲ့ ကရုဏာထားခြင်းတွေကနေ အစပျိုးခဲ့တာပဲဖြစ်ပါတယ်။ 🧘♂️💛
ဒီမှာတော့ ကျောင်းသားကျောင်းသူ လူငယ်လေးတွေအနေနဲ့ ကျန်းမာပြီး အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကို ဒီနေ့ကစပြီး တည်ဆောက်နိုင်ဖို့အတွက် အချိန်နဲ့အမျှ တန်ဖိုးရှိတဲ့ ဗုဒ္ဓဘာသာရဲ့ အလေ့အကျင့် ၇ ခုကို ဖော်ပြပေးလိုက်ပါတယ်။
✅ မဇ္ဈိမပဋိပဒါလမ်းစဉ်ကို လိုက်နာပါ။
အစွန်းရောက်တဲ့အရာတွေကို ရှောင်ပါ။ အလုပ်လုပ်ချိန်၊ စာလေ့လာချိန်၊ အနားယူချိန်၊ စားသောက်မှုနဲ့ စိတ်ခံစားမှုတွေကို မျှတအောင် ထားရှိပြီး ငြိမ်းချမ်းစွာနေထိုင်ကာ ပင်ပန်းနွမ်းနယ်မှုတွေကို ကာကွယ်ပါ။
✅ သတိရှိစွာ စားသောက်ပါ။
ဖြည်းဖြည်းနဲ့ အရသာရှိရှိ စားပါ။ အသိစိတ်နဲ့ စားတာက အစာခြေစနစ်ကို ကောင်းမွန်စေပြီး အလွန်အကျွံစားသုံးမှုကို ရှောင်ရှားနိုင်ပါတယ်။
✅ နေ့စဉ် တရားထိုင်ပါ။
တစ်နေ့ကို မိနစ်အနည်းငယ်ကြာ တရားထိုင်တာက စာတွေ၊ အလုပ်တွေကြောင့် ရတဲ့စိတ်ဖိစီးမှုကို လျော့ချပေးနိုင်သလို စိတ်ကို တည်ငြိမ်စေပြီး စိတ်ပိုင်းဆိုင်ရာ ရှင်းလင်းမှုကို တိုးပွားစေပါတယ်။
✅ သတိရှိစွာ လှုပ်ရှားပါ။
လမ်းလျှောက်တာပဲဖြစ်ဖြစ်၊ ယောဂကျင့်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ညင်ညင်သာသာ လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ်၊ လှုပ်ရှားမှုတိုင်းကို သတိလေးကပ်ပြီး ပြုလုပ်ပါက ခန္ဓာကိုယ်ရော စိတ်ကိုပါ ကျန်းမာစေပါတယ်။
✅ ရိုးရှင်းစွာ နေထိုင်ပါ။
သင့်ပတ်ဝန်းကျင်နဲ့ သင့်အတွေးတွေကို ရှင်းလင်းလိုက်ပါ။ ရိုးရှင်းမှုက လွတ်လပ်မှုကို ပေးစွမ်းပြီး စိတ်ဖိစီးမှုကို လျော့နည်းစေနိုင်ပြီး စာလေ့လာရာမှာလည်း အာရုံစူးစိုက်နိုင်ပါတယ်။
✅ ကရုဏာနဲ့ မေတ္တာကို တိုးပွားအောင် လုပ်ပါ။
ကြင်နာမှုက ပေးတဲ့သူရော ခံယူတဲ့သူကိုပါ ကုစားပေးနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုရော တခြားသူတွေကိုပါ စာနာစိတ်ထားပါ။
✅ ကျေးဇူးတင်တဲ့စိတ်ကို မွေးမြူပါ။
သေးငယ်တဲ့အရာလေးတွေကိုတောင် တန်ဖိုးထားပါ။ ကျေးဇူးတင်ခြင်းက မရှိတာတွေကို အာရုံစိုက်မယ့်အစား ရှိတာတွေအပေါ် အာရုံရောက်စေနိုင်တာမလို့ ခုလက်ရှိအခြေအနေကို ရောင့်ရဲတတ်ပြီး အကောင်းမြင်စိတ်တွေတိုးမြင့်လာနိုင်ပါတယ်။
ဒီလို မင်္ဂလာရှိတဲ့ ကဆုန်လပြည့်နေ့မှာ ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို ဂုဏ်ပြုရုံသာမက ကျန်းမာခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ သက်ရှည်ခြင်းတွေနဲ့ ပြည့်စုံတဲ့ ဘဝကိုလည်း ဖန်တီးနိုင်မှာဖြစ်ပါတယ်။ 🌸ဗုဒ္ဓရဲ့လမ်းစဉ် နဲ့ အဆုံးအမတွေကိုနာခံရင်း ကျောင်းသားကျောင်းသူများအနေနဲ့လည်း သင့်ရဲ ပညာရေးလမ်းခရီးနဲ့ အနာဂတ်အိမ်မက်တွေကို ချစ်ရတဲ့ မိသားစုများနဲ့ ပျော်ပျော်ရွှင်ရွှင် ကုန်းဆုံးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ 🙏
မိသားစုအားလုံး ဘေးရန်ကင်းရှင်းပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
ကဆုန်လပြည့်နေ့ မင်္ဂလာရှိသော နေ့ဖြစ်ပါစေ! 🌕
Team Kaizen 🧡
#ကဆုန်လပြည့်နေ့ #ဘုရားနေ့ #ပညာရေး
𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞𝐬(ကိုးကားချက်များ)
-BestPrice Travel. (2023, August 31). The Kason Festival: Full Moon Day. Retrieved from
-Times of India. (2024, April 30). 7 Buddhist habits for a healthier, longer life.
-Wikipedia contributors. (2024, May 3). Vesak. Wikipedia.