Thinbone Gyi

Thinbone Gyi Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thinbone Gyi, Education, 75/H Banyadala Road, Yangon.

This page is for kids and teens who would like to publish their own creations such as article, short story, essay, poem, daily diary, music, art and even their feeling.

ဗျည်းအားလုံးသင်ပြီးတဲ့အခါ ဗျည်းတလုံးချင်းနဲ့ အဓိပ္ပါယ် ရှိတဲ့ စာလုံး​တွေကို ​ရွေးထုတ်ပြီး ခုလိုပုံ​လေး​တွေနဲ့ ရှင်းပြပါတ...
06/09/2024

ဗျည်းအားလုံးသင်ပြီးတဲ့အခါ ဗျည်းတလုံးချင်းနဲ့ အဓိပ္ပါယ် ရှိတဲ့ စာလုံး​တွေကို ​ရွေးထုတ်ပြီး ခုလိုပုံ​လေး​တွေနဲ့ ရှင်းပြပါတယ်။ ပြီး​တော့ ပြည်ပက က​လေး​တွေ သင်တဲ့အခါမှာ (အထူးသဖြင့် ယူ​ကေ) ဝ ကို fat လို့ ​ပြောပြီးသင်လို့မရပါဘူး။ သူတို့​ကျောင်း​တွေမှာ fat စကားလုံးက body shaming မို့ မသုံးဖို့ တားမြစ်ထားတယ်လို့ ​မေ​မေတ​ယောက် ​ပြောပြပါတယ်။ ဒါ​ကြောင့်မို့ fat အစား chubby လို့ ​ပြောင်းသုံးရတယ်။
​​နောက်တချက်က ဝ ဆိုရင် ခန္ဓာကိုယ် ဝ တာအပြင် ထမင်း ဝ တာတို့ တံခါးဝ တို့ စသဖြင့်လည်း ရှိ​သေးတာမို့ သင်ရင်းနဲ့ ​ပြောသွားရတယ်။ အဲဒီစာလုံး​တွေကို က​လေး​တွေ နားလည်​အောင် ပုံမှာပြထားသလို ယှဥ်တွဲရှင်းပြ​ပါတယ်။
ဗျည်းတလုံးပြီး​တော့ တလုံးထက်ပိုတဲ့ ဗျည်း​တွေ​ပေါ့။

အဲဒီလိုသင်ရင်းနဲ့ တဖြည်းဖြည်း ဖတ်တတ်လာတာပါပဲ။
သင်​ပေးသူ သင်ယူသူ နှစ်ဦးနှစ်ဖက် စိတ်ရှည်ဖို့​တော့လိုတာ​ပေါ့။ 🥰
***
MND
#မြန်မာစာ

Thanks a lot! 💜🥰💜Shout out to my newest followers! Excited to have you onboard! Zar Ni, Seesein Shinss, Chaw Suu, Kay Ma...
05/09/2024

Thanks a lot! 💜🥰💜

Shout out to my newest followers! Excited to have you onboard! Zar Ni, Seesein Shinss, Chaw Suu, Kay Mar Khaing, Kay Myint

မိုးည​နေ***မိုးရွာပြီ မိုးရွာပြီ သမီး ပျော်ပါသည်မိုးကာနီ​နီ ခြုံကာလွှမ်းမိုး​ရေစက်​တွေဖျန်း။မိုးရွာပြီ မိုးရွာပြီသမီး​တေ...
04/09/2024

မိုးည​နေ
***
မိုးရွာပြီ မိုးရွာပြီ
သမီး ပျော်ပါသည်
မိုးကာနီ​နီ ခြုံကာလွှမ်း
မိုး​ရေစက်​တွေဖျန်း။
မိုးရွာပြီ မိုးရွာပြီ
သမီး​တေးဆိုမည်
ညီညီညာညာ စည်းချက်ကျ
မိုးသံရဲ့ဂီတ။
မိုးရွာပြီ မိုးရွာပြီ
​လှေ​​တွေလွှတ်ကြမည်
သစ်ရွက်​ကြွေ ​ရေမှာ​မျော
သမီး​လှေ​လေး​နော။
မိုးရွာပြီ မိုးရွာပြီ
မိုးရေချိုးဦးမည်
စီရရီ မိုးစက်များ
​အေးမြ​နေပါလား။
မိုးရွာပြီ မိုးရွာပြီ
သမီး အိပ်​တော့မည်
ကတ္တှီပါ ခြုံလွှာခင်း
သမီးမျက်​တောင်စင်း။
***
MDW
2 Aug 2023




ကကြီး ခ​​ခွေး ဘယ်လိုသင် ***အင်္ဂလိပ်လိုသာ အ​ပြောများတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းကြရတဲ့ က​​လေး​တွေကို ကကြီးခ​ခွေး သင်တဲ့အ...
03/09/2024

ကကြီး ခ​​ခွေး ဘယ်လိုသင်
***
အင်္ဂလိပ်လိုသာ အ​ပြောများတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းကြရတဲ့ က​​လေး​တွေကို ကကြီးခ​ခွေး သင်တဲ့အခါ အခုလို နာမည်က ကကြီး၊ အသံထွက်က ကာ့ (Ka) စသဖြင့် ​ပြောလည်း​ပြော ​ရေးလည်း​ရေးပြီး သင်ရပါတယ်။ က - က​လေး ဆို​ပေမဲ့ အသံထွက်မှာ ခ​လေး (ခသံ) ဖြစ်​ကြောင်း၊ က - ကစားစရာ ဆို​ပေမဲ့ အသံထွက်က ဂဇားဇရာ (​ဂသံ) ဖြစ်​ကြောင်း စကတည်းက ​ပြောပြထားရပါတယ်။ နားလည်နိုင်သ​လောက်​ပေါ့။
စာသင်တဲ့အခါ အခုပုံ​လေး​တွေနဲ့ ပါဝါပွိုင့် ​လေးလုပ်ပြီးပြပါတယ်။ ဖတ်စာအုပ်ထဲက က က​လေးငယ် ချစ်စဖွယ် သံ​ပေါက်ကဗျာလေး​တွေကို​တော့ သူတို့သိနိုင်​အောင် အင်္ဂလိပ်လို ပြန်ရှင်းပြရပါတယ်။ ​နောက်ဆုံးပုံက စလုံးကိုသင်ရင် rounded Sa. ဆလိမ် ဆို twisted Sa လို့ ​ပြောပြပါတယ်။ လုံးဆိုတာ မှာ မျက်လုံး ​​ဘောလုံး တို့နဲ့ ယှဥ်​ပြောရ​သေးတာ။
ဒါ​ကြောင့် ကကြီး ခ​ခွေး သင်ရတာ အလွယ်​လေးလို့ ​ပြောလို့မရပါဘူး။ သူတို့​လေး​တွေ နားလည်​အောင် နည်းအမျိုးမျိုးနဲ့ ကြိုးစားရှင်းပြရတာ ​​ပျော်စရာလည်း ​ကောင်း၊ စိတ်ဝင်စားဖို့လည်း ​ကောင်းပါတယ်။
​နောက်ပို့စ်ကျရင် ဗျည်း တလုံး /၂ လုံးနဲ့ အဓိပ္ပါယ်ရှိတဲ့ စာလုံး​တွေ သင်​တဲ့အ​ကြောင်း ​ရေးပါဦးမယ်။
***
မြန်မာစာကို သင်ယူ/သင်​ပေးရင်း ​ပျော်ရွှင်ကြပါ​စေ ..

MND

#မြန်မာစာ

ဇီးကွက်+++ဇီးကွက် ဇီးကွက် ညမှာထွက်မျက်လုံးပြူးနက်နက်၊ချွန်ထက်နှုတ်သီး လက်သည်းတွေသားကောင်ဖမ်းဖို့လေ၊ တောင်ပံတွေ ဖြန့်ကာဝဲ...
30/08/2024

ဇီးကွက်
+++
ဇီးကွက် ဇီးကွက် ညမှာထွက်
မျက်လုံးပြူးနက်နက်၊
ချွန်ထက်နှုတ်သီး လက်သည်းတွေ
သားကောင်ဖမ်းဖို့လေ၊
တောင်ပံတွေ ဖြန့်ကာဝဲ
ပျံသန်းကောင်းကင်ထဲ။
ဇီးကွက် သူအော် အမည်ဖော်
အမှောင်ထဲမှာပျော်၊
သစ်ပင်ပေါ် ငြိမ်ကာကြည့်
ဣန္ဒြေကြီးပါဘိ
ဇီးကွက် ပညာရှိ။
***
မေဓာဝီ

An Owl
+++
Its eyes are big and bright,
it can see at night.

Beaks and claws are strong and sharp,
these can catch prey in the dark.

Wings are spreaded when it flies,
it can reach fast in the sky.

Hooting its name always,
even no light, it enjoys to stay.

It's a wise bird in the story,
people talk about its glory.
***
Translated by May Nandar

ဒီကဗျာလေးကတော့ "ကလေးတို့အတွက် ကဗျာများ" အမည်နဲ့ အင်္ဂလိပ် မြန်မာ ကလေးကဗျာလေးတွေကို စာအုပ်ထုတ်ဖို့ ရေးထားတဲ့ ကဗျာတွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။ တော်တော်များများ ရေးသားထားပြီးမှ စာအုပ် မထုတ်ဖြစ်သေးလို့ ပေ့ချ်မှာပဲ တင်လိုက်ပါတယ်။

မြန်မာဗားရှင်းရေးသူက မေဓာဝီ၊ အင်္ဂလိပ်ဘာသာပြန်သူက မေနန္ဒာ၊ သရုပ်ဖော် ပန်းချီ MND ပါ။ တစုံတရာ အမှားပါရင် သက်ဆိုင်သူများတာဝန်သာ။ 😄😁

ကကြီး ခခွေး အမည်မှန်+++++ပြည်ပမှာ မွေးဖွား ကြီးပြင်းပြီး များသောအားဖြင့် မြန်မာလို ပြောလေ့မရှိတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်...
28/08/2024

ကကြီး ခခွေး အမည်မှန်
+++++
ပြည်ပမှာ မွေးဖွား ကြီးပြင်းပြီး များသောအားဖြင့် မြန်မာလို ပြောလေ့မရှိတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ ကလေးတွေကို မြန်မာစာသင်တဲ့အခါ ကကြီး ခခွေး ဗျည်းတွေရဲ့ အမည်မှန်နဲ့ အသံထွက်ကို ကွဲပြားအောင် သေသေချာချာ ပြောပြရပါတယ်။ ဉပမာ - အမည်က "ကကြီး" အသံထွက်က "က" စသဖြင့်ပါ။ အမည်မှန်ကို စသင်ကတည်းက သေချာသိပါမှ ကြီးအထိ မှန်သွားမှာမို့ ကကြီး ခခွေး အမည်မှန်သိဖို့က အရေးကြီးပါတယ်။ ဓအုပ်ခြိုက်တို့ ဗလက်ခြိုက်တို့ ဆိုပြီးအသက်ကြီးတဲ့အထိ စွဲသွားမှာ စိုးလို့ပါ။
ဒါကတော့ အရင်က ပါစင်နယ်အကောင့်မှာ တင်ဖူးတဲ့ စာနဲ့ ကဗျာလေးပါ။ ဖတ်ကြည့်ကြပါဦးနော်။
ကလေးတွေကို ကကြီး ခခွေး သင်မယ်ဆိုရင် ဘာကြောင့် ကကြီးလို့ ခေါ်ရတယ်၊ ဘာကြောင့် ခခွေးလို့ ခေါ်ရတယ်ဆိုတာကို မိဘ သို့မဟုတ် ဆရာတွေက ဒီကဗျာလေးတွေနဲ့ အရင် မိတ်ဆက် ပြောပြပေးနိုင်ပါတယ်။ ဒါမှ ကကြီး ခခွေး အမည်တွေဟာ အကြောင်းမဲ့ ပေးထားတာ မဟုတ်ကြောင်း ကလေးတွေ သဘောပေါက် နားလည် သွားကြမှာ ဖြစ်ပါတယ်။ ပြည်ပက ကလေးတွေ အနေနဲ့တော့ ဒီကဗျာလေးဟာ ခက်ကောင်း ခက်နိုင်ပေမဲ့ နားလည်နိုင်တဲ့ အသက်အပိုင်းအခြား ရှိတဲ့ ကျောင်းသားတွေအတွက်တော့ အဆင်ပြေပါလိမ့်မယ်။

ကကြီး ခခွေး ကဗျာ
===
ရှေ့ဆောင်ဦးစီး ကိုကကြီး
ခွေခွေလေးကွေး မယ်ခခွေး
ခခွေးနောက်ဝယ် မဂငယ်
ဂငယ်အပြီး ဦးဃကြီး
ဃကြီးနောက်က င။
လုံးတုံးလုံးတုံး ကိုစလုံး
မုန့်ကြိုးအလိမ် မဆလိမ်
အောက်အနားခွဲ မောင်ဇကွဲ
စ-ကိုမျဉ်းဆွဲ ဈမျဉ်းဆွဲ
ဈမျဉ်းဆွဲနောက်က ည။
သန်လျင်းမှာ ချိတ် ဋသန်လျင်းချိတ်
ဂတ်ဂတ်ဝမ်းဘဲ ဌဝမ်းဘဲ
ရင်ကလေးကောက် ဍရင်ကောက်
ရေခပ်ဖို့ထုတ် ဎရေမှုတ်
နငယ်ထက်ကြီး ဦးဏကြီး
ခဏခဏညည်း။
ဝမ်းဗိုက်ပူပူ တဝမ်းပူ
ဆင်ခတ်တဲ့ထူး ထဆင်ထူး
နှမမယ်ထွေး မယ်ဒထွေး
အောက်ကလေးခြိုက် ဓအောက်ခြိုက်
သေးသေးငယ်ငယ် မောင်နငယ်
နာရီလေးနဲ့ကွယ်။
ခွက်လိုစောက်စောက် ကိုပစောက်
ခေါင်းစောင်းဦးထုပ် ဖဦးထုပ်
အထက်ကခြိုက် ဗထက်ခြိုက်
ခါးလေးကုန်းကုန်း ဘိုးဘကုန်း
ရင်တမမ မမယ်မ
မမ သိပ်ကိုလှ။
အိပ်ရင်ပက်လက် ယပက်လက်
အမြီးကောက်ကောက် မောင်ရကောက်
မိုးပေါ်မှာဗျ ဖိုးရွှေလ
ဝလုံးလေးလို ပြည့်လို့ဝ
အားလုံး တသသ။
ရွှင်ရွှင်ပျပျ ရယ်ဟဟ
လထက်အကြီး ဦးဠကြီး
နောက်ဆုံးမှာဗျ ကိုရွှေအ
ကျီးတွေ တအအ။
က မှ အ ထိ ရွတ်ပါမယ်
မမေ့ကြနဲ့ကွယ်
ဘာကြောင့်ရယ် ခေါ်တာလဲ
မှတ်ကြပါ အမြဲ။
***
မေဓာဝီ

28 Aug 2024

မြန်မာဗျည်းအက္ခရာများ+++++ဒီပုံလေး ၂ ပုံကတော့ ၁၉၇၂ ခုနှစ်က ထုတ်ဝေတဲ့ မြန်မာစာ သင်ပုန်းကြီး ဖတ်စာသစ်မှာ ပါဝင်တဲ့ မြန်မာဗျ...
27/08/2024

မြန်မာဗျည်းအက္ခရာများ
+++++
ဒီပုံလေး ၂ ပုံကတော့ ၁၉၇၂ ခုနှစ်က ထုတ်ဝေတဲ့ မြန်မာစာ သင်ပုန်းကြီး ဖတ်စာသစ်မှာ ပါဝင်တဲ့ မြန်မာဗျည်းအက္ခရာများနဲ့ ရေးဆွဲပုံတွေပဲ ဖြစ်ပါတယ်။

စနစ်သစ် ဖတ်စာအုပ်မှာပါတဲ့ အက္ခရာရေးဆွဲပုံကို ကျွန်မအနေနဲ့ သိပ်သဘောမကျ တာကြောင့် ဒီစာအုပ်ထဲကအတိုင်းသာ ရေးဆွဲဖို့ သင်ပေးပါတယ်။
ဉပမာ စနစ်သစ် ဖတ်စာထဲက ဋ သန်လျင်းချိတ် ဆိုရင် ကွန်ပျူတာစာလုံး ဒီဇိုင်းအတိုင်း အချိတ်တွေ အထပ်တွေနဲ့မို့ ကလေးငယ်တွေ ရေးရ မှတ်ရတာ စိတ်ရှုပ်ထွေးနိုင်တာကြောင့် အခု ပုံထဲကအတိုင်း ရိုးရိုးရှင်းရှင်းပဲ ရေးစေပါတယ်။ ရေးနည်းအထွေထွေ ဘယ်ဟာလွယ်တယ် ဘယ်ဟာ ခက်တယ် အငြင်းပွားဖွယ်တွေ ရှိပေမဲ့ အဓိက ကတော့ စာသင်သား ကလေးတွေ သေသပ် မှန်ကန်စွာ ရေးနိုင်ဖို့ပဲ မဟုတ်လား။
***
မေဓာဝီ
၂၇၊ ဩဂုတ်၊ ၂၀၂၄

Address

75/H Banyadala Road
Yangon

Telephone

+959250151963

Website

Alerts

Be the first to know and let us send you an email when Thinbone Gyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Thinbone Gyi:

Shortcuts

Share

Category