10/06/2026
ပညာဒါနသင်တန်းလေးပြန်ခေါ်ပါမယ် Basic အခြေခံကိုပိုင်ပိုင်နိုင်နိုင်နဲ့ပြောတတ်၊ရေးတတ်၊ဖတ်တတ်ဖို့19.6.2026ရက်နေ့မှာစမှာမို့အမြန်ဆုံးစာရင်းပေးလိုက်တော့နော်
တောက်ပတဲ့ အနာဂတ်ဆီသို့ ရွှေရောင်လမ်းကနေ လျှောက်လှမ်းကြစို့! 🌟
10/06/2026
ပညာဒါနသင်တန်းလေးပြန်ခေါ်ပါမယ် Basic အခြေခံကိုပိုင်ပိုင်နိုင်နိုင်နဲ့ပြောတတ်၊ရေးတတ်၊ဖတ်တတ်ဖို့19.6.2026ရက်နေ့မှာစမှာမို့အမြန်ဆုံးစာရင်းပေးလိုက်တော့နော်
28/03/2026
🧧 တရုတ်ရိုးရာ ၁၂ ရာသီခွင် (The 12 Chinese Zodiac Signs)
တရုတ်ရိုးရာ ရာသီခွင်ဟာ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိပြီး လူတစ်ဦးချင်းစီရဲ့ မွေးနှစ်အလိုက် စရိုက်လက္ခဏာနဲ့ ကံကြမ္မာတွေကို တိရစ္ဆာန် ၁၂ မျိုးနဲ့ ကိုယ်စားပြု သတ်မှတ်ထားတာ ဖြစ်ပါတယ်။
သင့်ရဲ့ မွေးနှစ်က ဘယ်တိရစ္ဆာန်ဖြစ်မလဲ? သူတို့မှာ ဘယ်လို အားသာချက်တွေ ရှိသလဲဆိုတာ ကြည့်လိုက်ရအောင်။ 👇
🐁 ၁။ ကြွက် (Rat)
စရိုက်: ဉာဏ်အလွန်ကောင်းပြီး ဖျတ်လတ်သူများ။ အခြေအနေကို လိုက်လျောညီထွေ နေထိုင်တတ်ပြီး စုဆောင်းတတ်သူတွေပါ။
မွေးနှစ်များ: 1948, 1960, 1972, 1984, 1996, 2008, 2020
🐂 ၂။ နွား (Ox)
စရိုက်: စိတ်ရှည်သည်းခံပြီး အလုပ်ကြိုးစားသူများ။ စကားနည်းသော်လည်း လုပ်ဆောင်ချက်က ထိရောက်ပြီး ယုံကြည်ရသူတွေပါ။
မွေးနှစ်များ: 1949, 1961, 1973, 1985, 1997, 2009, 2021
🐅 ၃။ ကျား (Tiger)
စရိုက်: သတ္တိရှိပြီး ခေါင်းဆောင်မှု အားကောင်းသူများ။ စွန့်စားရတာကို ဝါသနာပါပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိကြပါတယ်။
မွေးနှစ်များ: 1950, 1962, 1974, 1986, 1998, 2010, 2022
🐇 ၄။ ယုန် (Rabbit)
စရိုက်: နူးညံ့သိမ်မွေ့ပြီး အေးအေးဆေးဆေး နေတတ်သူများ။ စာနာစိတ်ရှိပြီး အငြင်းပွားမှုတွေကို ရှောင်ရှားလေ့ရှိပါတယ်။
မွေးနှစ်များ: 1951, 1963, 1975, 1987, 1999, 2011, 2023
🐉 ၅။ နဂါး (Dragon)
စရိုက်: စွမ်းအားကြီးပြီး ကံကောင်းခြင်းကို ကိုယ်စားပြုပါတယ်။ တက်ကြွတယ်၊ စိတ်ကူးစိတ်သန်း ကောင်းပြီး အောင်မြင်လိုစိတ် ပြင်းပြသူတွေပါ။
မွေးနှစ်များ: 1952, 1964, 1976, 1988, 2000, 2012, 2024
🐍 ၆။ မြွေ (Snake)
စရိုက်: လျှို့ဝှက်ပြီး ထက်မြက်တဲ့ ဉာဏ်ရည်ရှိသူများ။ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချတတ်ပြီး အနုပညာ အာရုံခံစားမှု ကောင်းကြပါတယ်။
မွေးနှစ်များ: 1953, 1965, 1977, 1989, 2001, 2013, 2025
🐎 ၇။ မြင်း (Horse)
စရိုက်: လွတ်လပ်မှုကို မြတ်နိုးပြီး ဖော်ရွေတက်ကြွသူများ။ လူမှုဆက်ဆံရေး ကောင်းမွန်ပြီး ခရီးသွားရတာကို ဝါသနာပါသူတွေပါ။
မွေးနှစ်များ: 1954, 1966, 1978, 1990, 2002, 2014
🐏 ၈။ ဆိတ် (Goat)
စရိုက်: သဘောထားကြီးပြီး ကြင်နာတတ်သူများ။ ဖန်တီးမှုအားကောင်းပြီး မိသားစုနဲ့ သူငယ်ချင်းတွေကို တန်ဖိုးထားတတ်ကြပါတယ်။
မွေးနှစ်များ: 1955, 1967, 1979, 1991, 2003, 2015
🐒 ၉။ မျောက် (Monkey)
စရိုက်: ဉာဏ်နီဉာဏ်နက် များပြီး ဟာသဉာဏ်ရှိသူများ။ ဘယ်ပြဿနာကိုမဆို လျင်လျင်မြန်မြန် ဖြေရှင်းနိုင်စွမ်း ရှိကြပါတယ်။
မွေးနှစ်များ: 1956, 1968, 1980, 1992, 2004, 2016
🐓 ၁၀။ ကြက် (Rooster)
စရိုက်: စနစ်ကျပြီး အလုပ်ကို တိတိကျကျ လုပ်ဆောင်သူများ။ ပွင့်လင်းရိုးသားပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် ပြင်ဆင်တတ်ကြပါတယ်။
မွေးနှစ်များ: 1957, 1969, 1981, 1993, 2005, 2017
🐕 ၁၁။ ခွေး (Dog)
စရိုက်: သစ္စာအရှိဆုံးနဲ့ ယုံကြည်ရဆုံးသူများ။ သူတစ်ပါးကို အကာအကွယ်ပေးလိုစိတ် ရှိပြီး တရားမျှတမှုကို မြတ်နိုးကြပါတယ်။
မွေးနှစ်များ: 1958, 1970, 1982, 1994, 2006, 2018
🐖 ၁၂။ ဝက် (Pig)
စရိုက်: စေတနာကောင်းပြီး အေးချမ်းစွာ နေထိုင်တတ်သူများ။ ရိုးသားဖြောင့်မတ်ပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတတ်သူတွေပါ။
မွေးနှစ်များ: 1959, 1971, 1983, 1995, 2007, 2019
💡 သိထားသင့်သည်မှာ:
တရုတ်နှစ်သစ်ကူးဟာ ဇန်နဝါရီလနှောင်းပိုင်း သို့မဟုတ် ဖေဖော်ဝါရီလမှာ ကျရောက်တတ်တာကြောင့် ဇန်နဝါရီလထဲမှာ မွေးဖွားသူတွေ အနေနဲ့ ရှေ့နှစ်ရဲ့ ရာသီခွင်ထဲမှာ ပါဝင်နိုင်တာကို သတိပြုရပါမယ်။
✨ သင်ကရော ဘယ်ရာသီခွင်ဖွားလဲ? ကွန်းမန့်မှာ ပြောပြသွားပါဦး။
#တရုတ်ရာသီခွင်
22/03/2026
🔴 သင်သိပါသလား? တရုတ်ယဉ်ကျေးမှုမှာ အနီရောင်ရဲ့ အဓိပ္ပာယ်
တရုတ်ရိုးရာပွဲတော်တွေ၊ အထူးသဖြင့် တရုတ်နှစ်သစ်ကူး အခါသမယတွေမှာ နေရာအနှံ့ "အနီရောင်" တွေကိုပဲ မြင်တွေ့ရတတ်ပါတယ်။ ဘာကြောင့်ပါလဲ?
တရုတ်လူမျိုးတွေအတွက် အနီရောင်ဟာ:
✅ ကံကောင်းခြင်း (Luck)
✅ ပျော်ရွှင်ခြင်း (Happiness)
✅ အောင်မြင်ခြင်း (Success) နဲ့
✅ ကြွယ်ဝချမ်းသာခြင်း (Prosperity) တို့ရဲ့ ပြယုဂ်ဖြစ်ပါတယ်။
ဒါ့အပြင် အနီရောင်ဟာ မကောင်းတဲ့ ဝိညာဉ်ဆိုးတွေကို မောင်းထုတ်နိုင်တယ်လို့လည်း ရှေးယခင်ကတည်းက ယုံကြည်ကြပါတယ်။ အဲ့ဒါကြောင့်မို့လို့ နှစ်သစ်ကူးမှာ မီးပုံးနီတွေချိတ်၊ ကပ်စာနီတွေကပ်ပြီး "ဟုန်ပေါင်" (အနီရောင်စာအိတ်) တွေကို ပေးကမ်းကြတာ ဖြစ်ပါတယ်။
💡 Tip: တရုတ်သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ ဒါမှမဟုတ် မင်္ဂလာဆောင်သွားတဲ့အခါ အနီရောင် ဝတ်ဆင်သွားခြင်းက လာဘ်ကောင်းတယ်လို့ ယူဆကြပါတယ်။
26/02/2026
သားသား မီးမီးတို့ရဲ့ တောက်ပတဲ့ အနာဂတ်အတွက် "ရွှေရောင်လမ်း" ကနေ လမ်းစတင်လိုက်ရအောင်! 🌟🧒👧
ဒီနေ့ခေတ်မှာ တရုတ်စကားတတ်တာဟာ သားသားမီးမီးတို့အတွက် ကမ္ဘာကြီးရဲ့တံခါးကို ဖွင့်ပေးလိုက်သလိုပါပဲနော်။ ပျော်စရာကောင်းတဲ့ ပညာရေးခရီးကို "ရွှေရောင်လမ်း" (Jin Lu) တရုတ်စာသင်တန်းကျောင်းမှာ စတင်လိုက်ရအောင်!
ကျွန်တော်တို့ရဲ့ "ရွှေရောင်လမ်း" ဟာ ကလေးငယ်တွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့အညီ ပျော်ပျော်ရွှင်ရွှင် သင်ယူနိုင်ဖို့ အကောင်းဆုံးပတ်ဝန်းကျင်ကို ဖန်တီးပေးထားပါတယ်-
✅ ပျော်စရာကောင်းတဲ့ သင်ကြားရေး: သီချင်းတွေ၊ ကာတွန်းတွေ၊ ဂိမ်းလေးတွေနဲ့ တရုတ်စာကို ပျော်ရင်းသင်ယူနိုင်ဖို့ သင်ခန်းစာတွေကို စီစဉ်ပေးထားပါတယ်။
✅ Friendly ဆရာ/မများ: ကလေးငယ်တွေနဲ့ရင်းနှီးပြီး စိတ်ရှည်လက်ရှည် သင်ကြားပေးနိုင်မယ့် ဆရာ/မတွေက ဦးဆောင်သင်ကြားပေးမှာပါ။
✅ အခြေခံကစပြီး တည်ဆောက်ခြင်း: အသံထွက်မှန်မှန်နဲ့ စနစ်တကျ ပြောတတ်၊ ဖတ်တတ်၊ ရေးတတ်အောင် အခြေခံအုတ်မြစ်ခိုင်မာအောင် သင်ကြားပေးပါတယ်။
✅ ယုံကြည်မှု တိုးပွားခြင်း: ကလေးငယ်တွေ သူတို့တတ်မြောက်လာတဲ့ တရုတ်စကားတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ ပြောဆိုဆက်ဆံနိုင်အောင် လေ့ကျင့်ပေးပါတယ်။
သားသားမီးမီးတို့ရဲ့ အနာဂတ်မှာ ပိုမိုတောက်ပတဲ့ ရွှေရောင်လမ်းကို ဖန်တီးပေးဖို့ "ရွှေရောင်လမ်း" ကို ရွေးချယ်လိုက်ပါ။
📞 အသေးစိတ်စုံစမ်းရန်နှင့် စာရင်းပေးသွင်းရန်: [09-447 555 507]
📍 သင်တန်းတည်နေရာ: အမှတ်၁၄၊ပထမထပ်၊သမာဓိ(၄)လမ်း၊ဆ/ကရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ်။
#ရွှေရောင်လမ်း #ကလေးများအတွက်တရုတ်စာ #တရုတ်စာသင်တန်းကျောင်း #အနာဂတ်အတွက်
12/02/2026
"စကားစွမ်းရည် တိုးတက်ဖို့၊ ရွှေရောင်လမ်းကို လှမ်းခဲ့စို့" 👣✨
တရုတ်စာ သင်ယူရတာ ခက်ခဲနေပြီလား? စာအုပ်ထဲက စာတွေတင်မဟုတ်ဘဲ လက်တွေ့အသုံးချနိုင်တဲ့အထိ "ရွှေရောင်လမ်း" က တာဝန်ယူ သင်ကြားပေးနေပါပြီ။
🏮 သင်တန်းအသစ်များ မကြာမီဖွင့်ပါမည်။
အသေးစိတ်ကို Messenger ကနေ ခုပဲ စုံစမ်းမေးမြန်းနိုင်ပါပြီ။
Phone 📱: 09447555507
#ရွှေရောင်လမ်း
09/02/2026
(သင်တန်းကြေး(၀)ကျပ်ဖြင့်တရုတ်စာအခြေခံ ပညာဒါန တတ်ရောက်နိုင်မည့်အခွင့်အရေး 💯)
Jin Lu Chinese Language Centreမှနွေးထွေးစွာကြိုဆိုပါတယ်ရှင့်🙏
ယခုဆိုရင် Jin Lu Chinese Language Centreမှ တရုတ်စာပညာဒါနသင်တန်းမှာ ပထမအကြိမ်မြောက်ဖြစ်ပါတယ်ရှင့်.....🎉
ယနေ့ ကမ္ဘာပေါ်ရှိ တရုတ်စကားပြောဆိုသူ သန်းပေါင်း၁၃၀၀ ကျော် ရှိခဲ့ပြီးနယ်ပယ်အသီးသီးအလိုက် အလွန်အသုံးဝင်လှတဲ့ တရုတ်စကားရဲ့ပထမခြေလှမ်းကို Jin Lu နဲ့အတူ စတင်ဖို့ ဖိတ်ခေါ်ပါရစေ....🎊
တရုတ်စာ အခြေခံပညာဒါန သင်တန်းမှာ သင်ကြားပေးမှာတွေကတော့.......
📋 ဗျည်း
📋သရ
📋ဗျည်းနဲ့သရပေါင်းစပ်ခြင်း
📋အသံtone (၅)မျိုး
📋ဗျည်း + သရ ပေါင်းစပ်ပြီး Pin Yin ပေါင်းဖတ်နည်း
📋Pin Yin + Han Zi ရေးသားနည်းများ
📋Speacking Lesson-5ခုတို့ပဲ ဖြစ်ပါတယ်ရှင့်....
သင်ကြားမှုအပိုင်းမှာဆိုရင်
📝 Leasson တခုချင်းစီကို pdf files များ ဖြင့်ပေးပို့ပေးခြင်း....
📝 ကိုယ်တိုင်သင်ထားတဲ့ video များဖြင့်လေ့လာစေခြင်း.....
(Or)
📝.....Telegram......face to face ဖြင့် ကျွမ်းကျင်နားလည်အောင် သင်ကြားပေးခြင်း တို့ဖြစ်ပါတယ်။
💢Free Class ဆိုပေမယ့် ပညာကို တန်ဖိုးထားပေးပါရန် အနူးညွှတ်တောင်းဆိုအပ်ပါတယ်ရှင့်.....
Jin Lu Chinese Language Centreရဲ့
Chinese language basic ကို တက်ရောက်လိုပါက လိုက်နာရမည့်အချက်များ......
-Jin Lu Chinese Language Centre Page ကို like & followလုပ်ပေးရန်.....🌠
👇👇(Page link par)
https://www.facebook.com/share/1MZRApjiVD/
-ယခုပညာဒါနpost အား publicဖြင့် share ပေးရန်....🌠
အပေါ်ကနှစ်ချက်ကလုပ်ပြီးပါက screenshotနဲ့တကွ .....မန့်ပေးပါ...
အချက်နှစ်ချက်နှင့်ပြည့်စုံပါက Jin Lu ပညာဒါန class ရဲ့ တရားဝင်သင်တန်းသားဖြစ်ပါပြီနော်...🤗
Page ကို like & followနဲ့ share ပြီး ပညာဒါန class လေးမှာအခြေခံတရုတ်စာလေး သင်ကြားလိုက်ရအောင်......
📆(21.2.2026 သင်တန်းစပါမည်)📌📌
#ရွှေရောင်လမ်း
#ပညာဒါန