Chic & Curious By Doris

Chic & Curious By Doris Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chic & Curious By Doris, Educational consultant, Yangon.

လူရွေးမှားရင်ပြင်လို့ရတယ် နိုင်ငံရွေးမှားရင်တော့ပြင်လို့မရပါဘူး 😛✨IGCSE result တွေလဲထွက်ပြီဆိုတော့ Study abroad plan ကို...
25/08/2024

လူရွေးမှားရင်ပြင်လို့ရတယ် နိုင်ငံရွေးမှားရင်တော့ပြင်လို့မရပါဘူး 😛✨
IGCSE result တွေလဲထွက်ပြီဆိုတော့ Study abroad plan ကို ရွေးခြယ်တဲ့ တခါမှာ students တော်တော်များများ US နဲ့ UK ကြားမှာ confuse ဖြစ်တတ်ကြပါတယ် 🤔⁉️
ဒီ content လေးရဲ့ အဓိကရည်ရွယ်ချက်က US နဲ့ UK ရဲ့ အားသာချက်အားနည်းချက်တွေကို ရှင်းပြသွားပြီး ကိုယ်နဲ့ အဆင်ပြေတာကိုရွေးနိုင်ဖို့ ကူညီပေးသွားမှာပါ 🙆🏻‍♀️🙌🏻

✅Visa
🇺🇸 US ကတော့ လောလောဆယ် obviously Visa လျှောက်ရတာကခက်တယ်ပေါ့နော် 😬
10 ယောက်လျှောက်တယ်ဆို 2 ယောက်လောက်သာ Visa approved ရကြပါတယ်✅
(Visa approved ဖြစ်ဖို့ကိုလဲကန့်သက်ချက်လေးတွေကရှိပါသေးတယ်🤫
ဥပမာ- University ဆို visa ရဖို့က College ထက်လွယ်တာမျိုးပေါ့နော် အခြားများစွာသောကန့်သက်ချက်လေးတွေလဲရှိပါသေးတယ်)
🇬🇧 UK ကတော့ US ထက်စာရင် Visa လွယ်ပါတယ် document တွေ စုံစုံလင်လင် ပြနိုင်ရင် Visa ရတာမျိုးရှိပေမဲ့ ခုနောက်ပိုင်းတော့ Interview ခေါ်တာမျိုးတွေ document required ဆိုပြီး ပြန်တောင်းတာမျိုးတွေရှိလာပါတယ်
(UK visa မှာလဲ Reject ‼️ ထိတယ်ဆိုတာရှိပါတယ် ဒါပေမဲ့လဲ ရှားတော့ရှားပါတယ်)
Doris UK visa လျှောက်ခဲ့တုန်းက experience sharing လုပ်ထားတဲ့ content လေးကိုလဲ ဒီ Link လေးမှာ ဖတ်ရှု့နိုင်ပါတယ် 🤗
(https://www.facebook.com/share/p/xCm4RJJ7cvQBcdbt/?mibextid=WC7FNe)

✅Transportation System
🇺🇸 US တော့ တော်တော်များများ ဇာတ်ကားထဲမှာ တွေ့ဖူးကြတဲ့အတိုင်း Public transportation ကိုသုံးတာတအားရှားပါတယ်
(ကိုယ်က ကားမမောင်းတက်ဘူးဆိုရင်တော့ US မှာ အနည်းငယ်ဒုက္ခတွေ့နိုင်ပါတယ် 😬)
ဘာလို့လဲဆိုတော့ NYC မှအပ အခြား state တွေမှာ Public transportation ဖြစ်တဲ့ bus ကားတွေက ထွက်တဲ့အချိန်ကလဲ တစီးနဲ့ တစီးအတော်လေးကွာတဲ့အပြင်တစ်နေရာနဲ့တစ်နေရာကလဲနည်းနည်းလှမ်းပါတယ် 🚌
🇬🇧UK မှာဆိုရင်တော့ Tube ပဲစီးမလား Bus ပဲစီးမလား Train ပဲစီးမလား အိုကေမှာစိုပြေပါတယ်🤗

✅Education System
🇺🇸 US ရဲ့ education system ကတော့ ပုံမှန် (ဆယ်တန်းအောင်၊ IGCSE O Level ၊ GED) ပြီးထားတဲ့သူတွေအတွက်ဆို College နှစ်နှစ် University နှစ်နှစ် တက်ပြီး ဘွဲ့ရနိုင်ပါတယ်👨‍🎓
⭐️College တွေဟာ တနှစ်ကို $10000 ဝန်းကျင်ပဲရှိပြီး စျေးသက်သာပါတယ်🤗💞
🇬🇧 UK ဆိုရင်တော့ (ဆယ်တန်းအောင်၊ IGCSE O Level ၊ GED) ပြီးထားတဲ့သူအတွက်ဆို University 3 နှစ်ခွဲတက်ပေးရပါတယ် 🎓🤗
⭐️UK ကျောင်းစရိတ်ဟာဆိုရင်လဲ တစ်နှစ်ကို £15000 လောက်ကနေ စလေ့ရှိပါတယ် ‼️

✅ကျောင်းပြီးတဲ့အခါ
🇺🇸ကျောင်းပြီးတဲ့အခါ ကိုယ်က Myanmar နိုင်ငံပြန်မလာချင်ဘူး abroad မှာပဲ အခြေချချင်တယ်ဆိုရင်တော့ US က good choice ပါပဲ 👌🏻
🇬🇧UK ကတော့ ကျောင်းပြီးတဲ့အခါ Graduate Work Visa 2 years ပေးလေ့ရှိပါတယ် Visa extend လုပ်ဖို့ကလဲ တစ်နှစ်နဲ့တနှစ် rules တွေက ပြောင်းလဲနေတဲ့အတွက်ခန့်မှန်းရခက်ပါတယ် ✨
များသောအားဖြင့် Visa sponsor ပေးမဲ့ Company မျိုးမှာ အလုပ်ရတဲ့အခါမှသာရပါတယ် ✨

✅Part-time jobs
🇬🇧🇺🇸 နှစ်နိုင်ငံလုံးကတော့ part-time job ကိုတရားဝင်လုပ်ခွင့်ပေးထားပြီး part-time job ကရတဲ့ လစာဟာလဲ ချွေတာသုံးမယ်ဆိုနေစာရိတ်စားစရိတ်ကာမိပါတယ် 🤗
(Note: ကျောင်းလခတော့ Cover မဖြစ်ပါဘူးရှင် 💸)

ဒါဆိုရင်တော့ ကိုယ်သွားမဲ့နိုင်ငံရွေးခြယ်ဖို့အတွက်အနည်းငယ် idea ရသွားလောက်ကြပီထင်ပါတယ် 🤗
ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ content လေးတွေ ဖတ်ရှု့ချင်တယ်ဆိုရင်တော့ Page ကို Like နဲ့ follow လေးလုပ်ပေးသွားပါဦးနော်⭐️🫶🏻

Study abroad သွားဖို့ consult လုပ်တဲ့အခါမှာ ကျောင်းသားတွေအများစုမေးတဲ့ မေးခွန်းတွေက ✔️ဘယ် major က အလုပ်ရှာလို့လွယ်လဲ? 🤔✔...
10/08/2024

Study abroad သွားဖို့ consult လုပ်တဲ့အခါမှာ ကျောင်းသားတွေအများစုမေးတဲ့ မေးခွန်းတွေက
✔️ဘယ် major က အလုပ်ရှာလို့လွယ်လဲ? 🤔
✔️ဘယ် major က ဝင်ငွေကောင်းလဲ? 💸
✔️ဘယ် major က trending ဖြစ်နေလဲ? 🌈
စတာတွေကို မေးတတ်ကြပါတယ် 🤗🩷

✅Doris အမြဲ ပြန်မေးလေ့ရှိတာက ကိုယ်ဘာကိုဝါသနာပါလဲ ?? 💁🏻‍♀️
လူတိုင်းကတော့ ဝင်ငွေကောင်းပြီး job demand များတဲ့ အလုပ်ကို လိုချင်ကြပါတယ် ဒါကြောင့် ကိုယ်စိတ်မဝင်စားဘဲ အဆင်ပြေမယ် ထင်တဲ့ major တွေကို ရွေးခြယ်ရတာမျိုးတွေရှိပါတယ်🤝
တစ်ခု စဉ်းစားရမှာက ကိုယ်ဒီအလုပ်ကို တစ်ဘဝလုံးဆက်လက်လုပ်ဆောင်ဖို့ အဆင်ပြေရဲ့လား ဆိုတာပါပဲ 🤔✨
ဥပမာ- ကိုယ်က ဒီ field ကို လေ့လာတဲ့အခါမှာ အချိန်ကုန်လို့ ကုန်သွားမှန်းမသိဘူး ကိုယ်ရဲ့ အနာဂါတ်ကိုလဲ ဒီ field ထဲမှာ တွေ့တယ်ဆိုရင်
Congratulations! သင်ဟာ career ကို ရှာတွေ့သွားပါပီ 💞

✅နောက်ထပ်တစ်ခုကတော့ ကိုယ်မလုပ်ချင်တဲ့ အရာကိုသိရှိခြင်းပါ✔️✨
(မလုပ်ချင်တာကိုသိရှိခြင်းကလဲ major ရှာတဲ့ နေရာမှအထောက်ကူဖြစ်စေပါတယ် 😉✨)
ဥပမာ - ကိုယ်က numbers တွေ မကြိုက်ဘူး ဆိုရင် တွက်ရချက်ရတဲ့ accounting တို့ဘာတို့ major တွေက ကိုယ့်အတွက်မဟုတ်ပါဘူး 🤔
ဒီလိုမျိုး ကိုယ်မကြိုက်တာကို ဖယ်ရင်းနဲ့နောက်ဆုံးမှာ ကိုယ်သဘောကျတာကိုရှာတွေ့သွားပါလိမ့်မယ် 🤗✨

✅Trend နောက်မလိုက်ပါနဲ့ 🤖
ဥပမာ - IT major က ဝင်ငွေကောင်းတယ်ဆိုပြီး IT major ကိုရွေးလိုက်တာမျိုး ကလဲ အစပိုင်းအဆင်ပြေကောင်းပြေနိုင်ပေမဲ့ ကိုယ် passionate မဖြစ်တာကို ဆက်လုပ်နေရတဲ့အခါမှာ ကြာလာတာနဲ့အမျှ လမ်းပျောက်သလိုခံစားလာရတာမျိုးတွေ ဖြစ်လာနိုင်ပါတယ် 💞

✅မိသားစုမျိုးရိုးရှိလို့ ဒီ major ပဲယူရမှာ👨‍💻
ဒါကတော့ အမှားအကြီးကြီးပါပဲ (Myanmar နိုင်ငံမှာဆို Doris တို့ လူကြီးမိဘတွေအများစုရှိပါတယ် Engineer မျိုးရိုးမလို့ Engineering major ပဲ ဆက်ယူရမယ်ဆိုတာမျိုးပေါ့ 😬😑)
Student တစ်ယောက်ဆိုရင် 4 နှစ်လုံးလုံး တက္ကသိုလ်မှာ စီးပွါးmajor နဲ့ကျောင်းပြီးပြီးမှ Nursing ကို စိတ်ဝင်စားမှန်းသိလို့ အစကနေပြန်တက်တာမျိုးတွေလဲရှိပါတယ်🤗
(ကိုယ့် passion ကို ရှာတွေ့တယ်ဆိုရင် ပြန်စဖို့ ဘယ်အချိန်ပဲရောက်ရောက်နောက်မကျသေးပါဘူး 💡)

✅နောက်တခုကတော့ Of course ပိုက်ဆံအများကြီးကုန်ခံပြီးသွားတက်တာ အသုံးဝင်ဖို့တော့လိုတာပေါ့ 🌈
(ကိုယ်သွားမဲ့ နိုင်ငံကိုသိပြီးပြီဆိုရင်တော့ အဲ့နိုင်ငံမှာ ဘယ်လို အလုပ်တွေကတော့ job demand များတယ်ဆိုတာကို research လုပ်ပြီး ကိုယ်သွားချင်တဲ့ career နဲ့ ပြန်ချိတ်ပါ 💞)
ဒါကတော့ အကောင်းဆုံးနည်းလမ်းပါပဲ 🫶🏻

✅ဒီအချိန်မှာ ဆယ်ကျော်သက်အများစုကတော့ လမ်းပျောက်နေသလိုခံစားချက်မျိုး ဖြစ်နေနိုင်ပါတယ် ဒါမဲ့ သင်ဟာတစ်ယောက်ထဲမဟုတ်ပါဘူး ✨
ကိုယ်နဲ့ အဆင်ပြေမဲ့ career ကို ရှာတွေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်
🤗🫂

Address

Yangon
11051

Website

Alerts

Be the first to know and let us send you an email when Chic & Curious By Doris posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share