Lanncien Academy

Lanncien Academy

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lanncien Academy, Education Website, No 106 Tarmwe, Yangon.

အကိုလန်းဆန်းသင်ကြားပေးမယ့် Better conversation and communication (စကားပြောတတ်ခြင်းအနှပညာ) သင်တန်းကို၂၀၂၅ February လမှာ (Zoom) ဖြင့်တိုက်ရိုက်သင်ကြားပေး သွားမှာဖြစ်ပါတယ်။ သင်တန်း စုံစမ်း အပ်နှံနိုင် ပါပြီရှင့်

05/01/2026

👋Hi Guys!!
💁ဒီနေ့မှာတော့ လူတိုင်းနီးပါး စိတ်ဝင်စား လေ့လာသင်ယူနေကြပြီး တတ်ကိုတတ်ထားသင့်တဲ့ ⤵️

Basic English 4 skills Online Class လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဗျ။🙆

🤔2025နှစ်ကုန်လို့ နှစ်သစ်ထဲတောင်ဝင်လာပြီး သင်က ခုချိန်ထိ English skills မှာ ယောင်လည်လည်နဲ့ဖြစ်နေတုန်းလား။😵‍💫

🫶ဒါဆို 2026 မှာ အဂ်လိပ်စာကို အခြေခံကောင်းကောင်းနဲ့ level up လုပ်ချင်သူများအတွက် Lanncien Academy မှ Basic English 4 skills အတန်းကိုဖွင့်လှစ်ပေးလိုက်ပါပြီးနော်။🥳

📖Reading
✍️Writing
🎧Listening
🗣Speaking
4 skills အပြည့်အစုံနဲ့ကိုမှ သင်တန်းကြေးလုံးဝမယူဘဲနဲ့ free သင်ကြားပေးမှာဖြစ်ပါတယ်နော်။

🙅Free Class လေးဖြစ်တာမို့ တစ်ဝက်တစ်ပျက်တက်တာမျိုးမလုပ်ဘဲ
စာကိုတကယ်လုပ်နိုင်ပြီး သင်တန်းပြီးသည်ထိ တက်နိုင်မှသာ join ဖို့ တောင်းဆိုချင်ပါတယ်ဗျ။🙇

ဘယ်သူတွေတက်သင့်လဲ?

▶️ အဂ်လိပ်စာကို အခြေခံကောင်းကောင်းရချင်သူတွေ၊
▶️ အဂ်လိပ်စာကို ဘယ်ကစလေ့လာရမှန်းမသိဖြစ်နေသူတွေ၊
▶️ Self-study လုပ်နေပေမဲ့လည်း တိုးတက်မှုနှေးနေသူတွေ၊
▶️ English 4 skills ကို စနစ်တကျ တိုးတက်ချင်သူတွေ၊
▶️ စာတစ်ကယ်လုပ်ချင်၊ ကြိုးစားချင်သူတွေအားလုံး Lanncien Academyရဲ့ Online class မှာတက်ရောက်နိုင်ပါပြီးနော်။

Curriculum: own curriculum
Subject: Basic English 4 Skills
Start Date: 9.1.2026
Class Time: 8 to 9 p.m
Class Day: Friday, Saturday, Sunday
Platform: Zoom (Telegram)
Student Limit: 25 Only

🚨သင်တန်းသား 25 ယောက်တည်းသာလက်ခံတာမို့ လူမပြည့်ခင် အမြန်လေးသာလာအပ်လိုက်တော့နော်❣️

💫join ချင်သူလေးတွေရေ အောက်က Contact မှာ သွားရောက်အပ်နှံလိုရပြီးနော်။

Telegram Acc -
FACEBOOK Page Messenger

# Lanncien Academy
# Basic English 4 skills
# Content by Thaw Tar

09/10/2025

🤗🤩ဟယ်လို! စာဖတ်သူလေးတို့ရေ နေကောင်းကျန်းမာကြရဲ့လားဗျ။ ဒီကနေ့မှာတော့ ကျွန်တော်က ''အသံ''နဲ့ပတ်သက်တဲ့content လေးကိုပြောပြပေးထားပါတယ်နော်။ နောက်ပြီး ကျွန်တော်တို့ရဲ့ 'Lanncien Myanmar ' organization မှာ ''The Voices of The Future '' ဆိုတဲ့အစီအစဥ်လေးလည်းရှိတာကြောင့် စာဖတ်သူလေးတို့ ဒီcontent လေးကိုဖတ်ပြီးတာနဲ့ အစီအစဥ်လေးမှာ လက်မနှေးဘဲပါဝင်ယှဥ်ပြိုင်ကြလိမ့်မယ်လို့ထင်ပါတယ်နော်။🤩🥳

အသံ

🌧🎤ပါဠိစကားဖြစ်သည့် 'သဒ္ဒ'သည် 'အသံ'ဟု အဓိပ္ပါယ်ရတယ်။ နားဖြင့် ကြားသမျှကို အသံလို့ခေါ်တယ်။ လူတွေရဲ့နှုတ်မှထွက်လာသမျှသည်လည်း အသံ(စကားသံ)ဖြစ်တယ်။ လူသံ၊ ခွေးသံ၊ ကလေးငိုသံ၊ လေသံ၊ မိုးသံ၊ ဆိုင်းသံ၊ ဗုံသံ၊ သီချင်းသံ စသည်တို့က အသံတွေပဲဖြစ်ကြတယ်။🥁🥁

🔊🌼လူတို့ရဲ့နှုတ်မှ အသံအမြောက်အမြားထွက်နိုင်တယ်။ ဒါကို လူတို့နှုတ်မှထွက်တဲ့ အချို့အသံတွေကအဓိပ္ပါယ်ရှိပြီး အချို့အသံကမူအဓိပ္ပါယ်မရှိချေ။ 'စာအုပ်၊ လိမ္မော်သီး၊ ကန်စွန်းရွက်၊ တစ်နေ့က၊ ထိုင်ပါ၊ လာပါ' စသည်တို့က အဓိပ္ပါယ်ရှိတဲ့ အသံတွေဖြစ်ကြတယ်။ 'ခေါခေါ' ဆိုတဲ့ဟောက်သံ၊ 'ရွှီရွှီ' ဆိုတဲ့လေချွန်သံ၊ 'ဟီးဟီး၊ ဟားဟား' ဆိုတဲ့ရယ်သံ စတဲ့အသံတွေက အဓိပ္ပါယ်မရှိတဲ့အသံတွေဖြစ်ကြတယ်။🌼🔊

🫁💨လူတို့နှုတ်မှထွက်တဲ့ အသံ(စကားသံ) ဘယ်လိုဖြစ်ပေါ်လာလဲဆိုတော့ အဆုတ်ထဲသို့အသက်ရှူသွင်းပြီးပြန်ထုတ်လိုက်တဲ့လေဟာ အထက်သို့တက်လာရာ အသံကြိုးလို့ခေါ်တဲ့ လည်မျိုအတွင်းရှိ အမျှင်ကလေးနှစ်ခုကို ဖြတ်သန်းပြီးနောက် ခံတွင်းအတွင်းရှိ စကားသံဖြစ်အဂ်ါအစိတ်အပိုင်းများနဲ့ထိတွေ့ကာ အသံ(စကားသံ) ဖြစ်ပေါ်လာရခြင်းဖြစ်တယ်။ အသံကြားရတာက နားအတွင်းရှိ အာရုံခံဆဲလ်များက ဦးနှောက်သို့ သတင်းအချက်အလက်ပေးပို့မှ လူအနေနဲ့ အသံကြားရခြင်းဖြစ်တယ်။🧏‍♂️👂

🗯⚡️အသံတွင်လည်း အသံအမျိုးအစားကွဲတယ်။ ဥပမာ- ဒီလူ့အသံက အသံသေးတယ်၊ အသံကြီးတယ်၊ အသံဩတယ်၊ အသံစူးတယ်၊ အသံချိုတယ် စသဖြင့် ပုံသဏ္ဌာန်ကွဲနိုင်တယ်။ လူတစ်ယောက်၏အသံက အခြားလူတစ်ယောက်၏အသံနဲ့ မတူပါဘူး။ အတိုချုပ်ပြောရရင်တော့ 'လူတစ်ကိုယ် အသံတစ်မျိုး' စီပဲဖြစ်ပါတယ်။⚡️🗯

🤝🎙နေ့စဉ် လူအချင်းချင်း ဆက်သွယ်မှုပြုတဲ့အခါ အသံလို့ခေါ်တဲ့စကားသံကို ကြားခံအဖြစ်သုံးပြီးဆက်သွယ်ရေးလုပ်နေကြတာမဟုတ်လားကွယ်။ ဆိုတော့ စာဖတ်သူလေးတို့ရဲ့အသံကိုသာ ကောင်းစွာအသုံးပြုတတ်မယ်ဆိုရင် ကိုယ့်ရဲ့အသံက တခြားလူတွေအတွက် ချမ်းမြသာယာနိုင်စေရုံသာမက စိတ်နှလုံးပျော်ရွှင်စေမှာတော့ အသေချာပါပဲနော်။😊🌠

🎙🧿ဒါဆို ကိုယ့်ရဲ့အသံလေးနဲ့တင် အမြင်ချို့တဲ့နေသူတွေအတွက် အားဖြည့်ပေးနိုင်ပါတယ်။ ''The Voices of The Future'' အစီအစဥ်လေးဟာ စာဖတ်သူလေးတို့အတွက် အသံစွမ်းအင်ကိုကောင်းကောင်းအသုံးချတတ်စေဖို့ကျင်းပပေးတဲ့ အခွင့်အရေးတစ်ခုပါနော်။ ဒါကြောင့် အခွင့်အရေးကိုလက်လွတ်မခံဘဲ ပါဝင်ယှဥ်ပြိုင်ဖို့ တိုက်တွန်းလိုက်ပါရစေနော်။🔮🎉
(9.10.2025)
# Lanncien Myanmar
# အသံ-the voice
# Content-by- Thaw Tar

02/04/2025

Lanncien Academy ရဲ့ ကျောင်းသူ ကျောင်းသားတွေအနေနဲ့လဲ ကိုယ်တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းလှူဒါန်းဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျ။

We will stand together! ✌️

လက်ရှိတစ်နိုင်ငံလုံးကြုံတွေ့နေရတဲ့ငလျင်ဘေးသင့် ပြည်သူတွေအကြောင်းသိပြီးကြမှာပါ။

အားလုံးသိကြတဲ့အတိုင်း သဘာဝဘေးအန္တရာယ် ငလျင်ကနေ ထိခိုက်မှုတွေ များစွာရှိနေတဲ့ စစ်ကိုင်း၊ မန္တလေး စတဲ့ မြို့နေပြည်သူများနှင့်ရပ်တည်ပြီး တစ်ဖက်တစ်လှမ်းကနေ ကူညီသွားမှာဖြစ်ပါတယ်။ ✊

ဘယ်လိုကူညီသွားမလဲဆိုရင်တော့ ကျွန်တော်တို့ Lanncien Org Limited နှင့် Imfinity Creation တို့ပူပေါင်းပြီး ရံပုံငွေရှာကြမှာပဲဖြစ်ပါတယ်ဗျ။

ငလျင်ဘေးအတွက် လှူဒါန်းတဲ့ ရံပုံငွေအားလုံးကို အဓိကလိုအပ်နေတဲ့ စစ်ကိုင်းနှင့် မန္တလေးမြို့ရှိ နေရာများ ထိထိရောက်ရောက်လှူဒါန်းသွားမှာဖြစ်ပါတယ်။

လှူဒါန်းသွားတဲ့သူများအတွက် Lanncien ရဲ့ Founder ဖြစ်တဲ့ အကိုလန်းဆန်းဖိုးပြည့်ကနေပြီးတော့ လှူဒါန်းတဲ့သူ တစ်ယောက်ကို တစ်နေ့ တစ်နာရီနှုန်းနဲ့ Coaching Session လုပ်ပေးသွားမှာဖြစ်ပါတယ်။

Infinity Creation အနေဖြင့်ကလည်း လှူဒါန်းသူများကို Content Writing Short Training လုပ်ပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် 10,000 Ks အထက် လှူဒါန်းသူတိုင်းကိုလည်း Infinity Creation နှင့် Lanncien Organization ကနေပြီးတော့ Certificate ထုတ်ပေးသွားဦးမှာပါနော်။

We will stand together ဖြစ်တဲ့အလျှောက် အလှူငွေအနည်းအများသည် ကိန်းဂဏန်းဖြစ်သောကြောင့် ကိုယ်တတ်နိုင်သလောက်ပါဝင်လှူဒါန်းနိုင်ပြီးတော့ ထိုအခွင့်အရေးများကို free ရယူလိုက်ပါနော်။ 🫵

အလှူငွေများကို Telegram Acc - ဒါမှာမဟုတ်Facebook Messenger လာရောက်ပြီးတော့ လှူဒါန်းလို့ရပါတယ်ဗျ။

လှပသော မိမိနိုင်ငံအတွက် ဝိုင်းဝန်း လှူဒါန်းကြပါစို့ "We will stand together."






27/01/2025

စကားရဲ့ ပါဝါဆိုတာ လူသားတွေအတွက် အရေးကြီးတဲ့ အင်္ဂါရပ်တစ်ခုဖြစ်ပါတယ်။ စကားဟာ နေ့စဉ်ဘဝမှာ အပြုအမူ၊ စွမ်းဆောင်ရည်၊ နားလည်မှုနဲ့ ချစ်ခြင်းမေတ္တာကိုဖော်ပြဖို့အရေးကြီးတဲ့ tools တစ်ခုဖြစ်သလို၊ တစ်ချို့အခါတွင် စိတ်ကိုနာကျင်စေတဲ့ အရာတစ်ခုအဖြစ်လည်းအလုပ်လုပ်နိုင်ပါတယ်။

စကားရဲ့ အရေးကြီးမှု
သဘောထားနှင့်စွမ်းအားပေးခြင်း

အနုစိတ်စကားတစ်ခွန်းတောင်တစ်ဦးအပေါ်မှာ များစွာသောအကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ "ကိုယ့်စွမ်းရည်ရှိတယ်"၊ "မင်းအောင်မြင်လိမ့်မယ်" စသဖြင့် အားပေးတဲ့စကားတွေက တစ်ဦးတစ်ယောက်ကို စိတ်အားထက်သန်စေပါတယ်။

ဆက်ဆံရေးအတွက် အရေးကြီးမှု

အပြန်အလှန်နားလည်မှုကိုတည်ဆောက်ဖို့ စကားဟာ အဓိကအထောက်အကူပြုပါတယ်။ တူညီတဲ့စကားနဲ့ ထိထိရောက်ရောက်စကားပြောဆိုနိုင်လျှင် လူမှုဆက်ဆံရေးတွေ ပိုမိုကောင်းမွန်လာမယ်။

အတူတကွပြောင်းလဲခြင်း

စကားတစ်ခုဟာ လူတစ်ဦးတစ်ယောက်ရဲ့အတွင်းစိတ်ကိုပြောင်းလဲစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဥပမာ - လောကသိတဲ့ မဟာဗျူဟာတစ်ခုဖြစ်တဲ့ မဟာမိတ်စကား တွေနဲ့ လူထုတွေကိုထိခိုက်နိုင်ပါတယ်။

စကားရဲ့ အနုတ်လိုက်မှု
စိတ်နာကျင်စေခြင်း

အပြစ်တင်တဲ့စကားတွေဟာ တစ်ဦးတစ်ယောက်ရဲ့စိတ်ကိုဖိစီးစေတတ်တယ်။ မကြာခဏ ထိခိုက်စေသောစကားတွေလည်း လူမှုရေးကိုပျက်စီးစေတတ်တယ်။

သတိမထားမိခြင်း

အခါအားလျော်စွာ စိတ်ထိခိုက်စေမယ့်စကားကို သတိမထားမိဘဲ ပြောဆိုရင် ဆက်ဆံရေးတွေကိုဆိုးရွားစေနိုင်တယ်။

စကားကို အပြုသဘောနဲ့အသုံးချနည်း

အခြားသူများအား အားပေးတဲ့စကားများပြော။
သနားစရာ၊ နားလည်မှုအပြည့်နဲ့ တုန့်ပြန်။
အနုတ်လက္ခဏာများဖြစ်ပေါ်စေမယ့်စကားများအား ရှောင်ရှား။

စကားဟာ ပြောတဲ့သူရဲ့ အတွင်းစိတ်ကိုပြသနိုင်ပြီး၊ နားထောင်တဲ့သူရဲ့ အနေအထားကိုလည်းပြောင်းလဲနိုင်တဲ့ စွမ်းအားတစ်ခုဖြစ်ပါတယ်။

ဒီလိုစွမ်းအားရှိတဲ့ စကားလုံးကောင်းတွေကို
ရွေးခြယ်နိုင်ပြီး လူတွေရဲ့ ရင်ဘက်ထဲထိ
ရောက်အောင်ပြောတတ်ချင်တယ်ဆိုရင်တော့
အားလုံးကို သတင်းကောင်းအနေနဲ့
အကိုလန်းဆန်းကိုယ်တိုင် Februaryလ ၂၀/၂၁/၂၂/၂၃/၂၄/၂၅/ မှာ
Zoom Live ကနေ ပြောပြ သင်ကြားပေးမယ့်
စကားပြောတတ်ခြင်းအနှပညာ
Better Convesation & Communication ဆိုတဲ့ Class လေရှိပါတယ်။

ဒီတော့ စွမ်းအားရှိတဲ့ စကားလုံးတွေကို
ရွေးခြယ်တတ်ပြီးတော့ စကားပြောကောင်းသူ
တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ဒီသင်တန်းကို
တက်ဖို့တိုက်တွန်းလိုက်ပါတယ်ရှင့်

ဒီထက်ပိုပြီး သိချင်တယ်ဆိုရင်
Lanncien Academy Fb Page Messenger ကို
ဆက်သွယ်ပြီးတော့လဲ
သင်တန်းအပ်နှံနိုင်ပါတယ်ရှင့်။



&Communication

23/01/2025

အကိုလန်းဆန်းရဲ့ စကားပြောဆိုတတ်ဖို့ သင်ကြားပေးတဲ့ စကားပြောတတ်ခြင်းအနုပညာ သင်တန်းကို February လမှာဖွင့်ဖို့ရာ ရှိပါတယ်။ သင်တန်းအကြောင်း အသေးစိတ်ကို Lanncien Academy ရဲ့ page မှာမေးလို့ရပါတယ်ဗျ

21/01/2025

လူတွေနဲ့ပြောဆိုရမှာကြောက်တယ်

လူများနဲ့ ပြောဆိုဆက်ဆံရာမှာ ကြောက်တဲ့သူတွေအတွက်ယုံကြည်မှုရရှိအောင် ပြုလုပ်နိုင်ဖို့ အောက်ပါအချက်တွေကို သိထားရပါမယ်။

1. နားထောင်ဖို့လေ့ကျင့်ပါ
လူတွေနဲ့ပြောဆိုရာမှာ နားထောင်တတ်ဖို့အရေးကြီးပါတယ်။ သူများအကြောင်းနားထောင်ရာမှာ သင့်ရဲ့အာရုံကို အပြည့်အဝပြုမူမှာပါ။ ဒီလိုလုပ်သွားရင်ကလည်း သင့်အပေါ်ယုံကြည်မှုရှိလာမှာဖြစ်ပါတယ်။

2. အနည်းဆုံးအသုံးချသော စကားတွေသုံးပါ
တစ်ခါတစ်လေ အလွန်အသုံးပြုတဲ့ စကားတွေက တခြားသူကို မနှစ်သက်စေတတ်ပါတယ်။ အထူးသဖြင့် ကနဦးတွေ့ဆုံမှုတွေမှာ ရိုးရိုးသားသားနဲ့ ရိုးရှင်းတဲ့ စကားတွေကို အသုံးပြုကြည့်ပါ။

3. အပြုံးဖြင့်စတင်ပါ
အပြုံးဟာ လူတွေရဲ့ မျက်နှာစာအနေဖြစ်ပြီး မိမိရဲ့ရည်ရွယ်ချက်ကောင်းမှုကို ဖော်ပြဖို့အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။

4. အချိန်အလိုက်နားလည်မှုရှိပါ
သူများအကြောင်းနားလည်မှုရှိပြီး အချိန်အလိုက်အတန်ပြောဆိုရင် ပိုပြီးထိရောက်မှုရှိပါတယ်။ သင့်အနေနဲ့ ထိုသူရဲ့ခံစားချက်ကို နားလည်ပြီး ထောက်ခံဖို့ကြိုးစားပါ။

5. မကြိုက်မူကိုငြင်းမဲ့အစားနားလည်မှုနဲ့တုံ့ပြန်ပါ
သဘောထားများမကိုက်ညီသော်လည်း မိမိရဲ့သဘောထားကို ရိုင်းစိုင်းစွာမဖော်ပြပါနဲ့။ အစားထိုးကာ သဘောထားတွေကို ဆွေးနွေးနိုင်ဖို့ ကျင့်သားပြုပါ။

6. သဘောထားကောင်းလို့ ဖြစ်နိုင်ချေများစေသည်
သင့်ရဲ့တုံ့ပြန်မှုတွေအပေါ် လူတွေကအခြေခံပြီး သင့်ကိုခံစားကြတာမို့ အမြဲတမ်း သဘောထားကောင်းတဲ့ အနေအထားရှိဖို့ ကြိုးစားပါ။

နောက်ဆုံးအကြံပြုချက်:
သင့်ရဲ့ပြောဆိုဆက်ဆံမှုတွေဟာ သင့်ကိုယ်ရဲ့အမူအကျင့်နဲ့ သဘောထားတွေကို ပြသတဲ့ပုံစံတစ်ခုပါ။ လူတွေနဲ့ပြောဆိုရာမှာ သင့်ရဲ့စစ်မှန်မှုနဲ့ ယဉ်ကျေးမှုကိုအခြေခံပြီး ပြုမူပါက သင့်ဆက်ဆံရေးအောင်မြင်စေမှာ အမှန်ပါပဲ။
ဒီလို့အပြောအဆိုကောင်းဖို့ဆိုရင် Lanncien Academy ကဒီ February လ 20 / 21 / 22 / 23 / 24 / 25 / မှာဖွင့်လှစ်မဲ့စကားပြောတတ်ခြင်းအနုပညာဆိုတဲ့သင်တန်းလေရှိပါတယ်မသိသေးရင်ဒီ Link မှာကြည့်လို့ရပါတယ်။

https://www.facebook.com/share/p/15U21E4HoU/

#စကားပြောတတ်ခြင်းအနုပညာ


Photos from Lanncien Academy's post 20/01/2025

လူတွေကြားမှာ လျှမ်းလျှမ်းတောက်နေစေဖို့🔥🔥👇🏼👇🏼

Hello, Everyone 🤗🤗

👉🏽 ဒီတစ်ခါမှာတော့ တော်ကီတစ်ပေါက် အထာကျသွားစေမယ့် 😱🔥👇🏼

( စကားပြောတတ်ခြင်းအနှပညာ )ဆိုတဲ့ Better Conversation and Communication Class လို့ခေါ်တဲ့ သင်တန်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျ။😱🤭✨

🔥သင်က..

🫵🏼 လူတွေရှေ့မှာ စကားပြောရ ကြောက်နေပါသလား😏💥

🫵🏼 သူများပြောတာပဲ ခံနေရပြီး ပြန်မပြောနိုင်တဲ့သူလား😏💥

🫵🏼 စကားပြောရင် အမြဲမှားနေတဲ့သူလား😏💥

🫵🏼 ခံစားချက်တွေများပြီး ပြောမယ့်စကားကို မထိန်းချုပ်နိုင်သူလား😏💥

ဒါဆိုရင်တော့..👇👇

Lanncien Academyကနေ ပြုလုပ်မယ့် ဒီသင်တန်းလေးက သင့်ကိုစောင့်‌မျှော်နေပါပြီနော်🤗😍

ဆိုတော့..👇👇

👉🏽 ဒီသင်တန်းလေးကနေ ဘာတွေသင်ပေးပြီး ဘာအကျိုးအမြတ်တွေရလာမလဲ 👀🤩👇

✨ရလာမှာတွေကတော့...💥🎉👇

🔥လူတွေကို ကိုယ့်ရဲ့အပြောအောက်မှာ ကျဆုံးသွားစေဖို့အတွက် လိုအပ်တဲ့😱👇🏽💥

⚡ထိရောက်စွာ နားထောင်ခြင်းနဲ့ စကားပြောခြင်းအခြေခံများ

⚡ယုံကြည်မှုရှိရှိ ပြတ်သားစွာပြောခြင်း

⚡ဟန်အမူရာgestureသုံးပြီး အထာကျကျပြောခြင်း

⚡ယုံကြည်မှုရအောင် ညို့ယူပြောဆိုခြင်းနှင့် မိတ်ဖွဲ့ခြင်း

စတဲ့ ခေါင်းစဉ်တွေနဲ့အတူ 💥😱👇

⚡စကားပြောခြင်းနောက်ကွယ်က စိတ်နေသဘောထား

⚡ပရော်ဖက်ရှင်နယ်ဆန်ဆန် စကားပြောကျွမ်းကျင်မှု

⚡မေးခွန်းကောင်းတွေ ဘယ်လိုမေးမလဲ

⚡လူတွေကို ဘယ်လိုလွမ်းမိုးရမလဲ

စတဲ့ ခေါင်းစဉ်တွေ အပြင်💥😱👇

⚡စကားပြောရင် ဆွဲဆောင်မှုရှိဖို့ ဟန်အမူရာ(၁၀)မျိုး

⚡လူချစ်လူခင်ပေါအောင် ပြောဆိုခြင်း

⚡စကားပြောရင် လူတိုင်းမှားနေတဲ့ အမှား(၁၀ )ခု။

⚡စကားပြောကောင်းဖို့ နေ့တိုင်းလုပ်‌သင့်တဲ့ အချက်(၅)ချက်

⚡ကိုယ့်စတိုင်နဲ့ကိုယ် စကားပြောနည်း

🔥စတဲ့ 🔥စတဲ့ လျှမ်းလျှမ်းတောက်သွားစေမယ့် စကားပြောစွမ်းရည်တွေကို သင်ကြား‌ပို့ချပေးသွားမှာဖြစ်ပါတယ်ဗျ😱🥳🎉

ဒါဆိုသင်တန်းကဘယ်သူသင်မှာလဲဆိုတော့ Lanncien Myanmar နဲ့ Lanncien Academy တို့ရဲ့ Founder Lanncien Library ရဲ့ CEO
Lann San Phoe Pyai ( Smart Life ) ဖြစ်ပါတယ်။
အရှေ့မှာလဲအကိုရဲ့ Personal Development သင်တန်းကအရမ်းအရမ်းကိုမှာ Popular ဖြစ်သွားတာဆိုတော့ဒီသင်တန်းလဲအဲ့လို့ပါပဲ။

👉သင်တန်း informationအရ🥳👇👇

✅ သင်တန်းသားဦးရေ - (၃၀)သာ

✅သင်တန်းကြေး - Free

✅သင်တန်းကဘယ်ရက်တွေလဲ - February လ 20 / 21 / 22 / 23 / 24 / 25

✅သင်တန်း Platform - Zoom App

✅သင်တန်းချိန် - ည(၉)နာရီ

✅သင်ကြားပေးမည့်သူ - Lann San Phoe Pyai

အသေးစိတ်သိရှိလိုပါက အောက်ပါ Lanncien Academy page နဲ့ Lanncien Myanmar Telegram Accတို့ကနေတစ်ဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ။

🍀သင်တန်းသားတွေရဲ့ တိုးတက်မှုကို သိသာစေဖို့ ဦးရေ(၃၀)သာ ကန့်သတ်ထားတာဖြစ်တဲ့အတွက် မပြည့်ခင် အမြန်သွားအပ်လိုက်တော့နော်🍀

Lanncien Academy page - https://www.facebook.com/share/1AKXqaE4BY/

Lanncien Telegram Acc -



#စကားပြောတတ်ခြင်းအနှပညာ

18/01/2025

မနက်ဖန် Live လေရှိတယ်နော်

Hello, Everyone 🤗

✨တိုးတက်မှုကို လိုလားနေတဲ့လူငယ်တွေအတွက်🫠👇

💛ကျွန်တော်တို့ Lanncien Myanmar ရဲ့ Founder ချောချောလေး လန်းဆန်းဖိုးပြည့်ရဲ့ သင်တန်းသစ် မိတ်ဆက်ပွဲလေးရှိတယ်နော်😍🎉

⚡အကြောင်းအရာလေးက Lanncien သင်တန်းသစ် ဖြစ်ပြီး Lanncien Myanmar page မှာ Live လွှင့်သွားမှာ ဖြစ်ပါတယ်ဗျ🍀✨

👉 Live လွှင့်ချိန်လေးကတော့🤩👇

✅ အချိန် - 9:30 P.M

✅ ရက်စွဲ - 19.1.2025

💥 လူငယ်တွေတိုးတက်ဖို့ စိတ်ဝင်စားစရာ အကြောင်းအရာတွေကို ပြောသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုအားပေးဖို့မမေ့နဲ့နော်😍✨

🫵🏼 သင်က ကိုယ်ရည်ကိုယ်သွေးကောင်းချင်တဲ့သူလား 💥👇

ဒါဆိုရင်တော့ သင်တန်းသစ်တွေအမြဲမိတ်ဆက်ပေးနေတဲ့ ကျွန်တော်တို့ရဲ့Lanncien Myanmar ကိုစောင့်ကြည့်ဖို့ အကြံပြုလိုက်ချင်ပါရဲ့ဗျာ😍🫠

Lanncien Myanmar page - https://www.facebook.com/share/12ECPqSzXnF/



16/01/2025

မဂ်လာပါရှင့်.......စာဖတ်သူလေးတို့ရေ......

Lanncien Academy က စာပေကို ချစ်မြတ်နိုးပြီး စိတ်ဝင်စားသူလေးများ အတွက် သတင်းကောင်း အသစ်လေး ထပ်မံယူဆောင် လာပါပြီရှင့်။

သတင်းကောင်း အသစ်လေးကတော့ စာရေးတာ ကြိုက်နှစ်သက်ကြတဲ့ ဝါသနာရှင်များ အတွက် အထူးစိတ်ကျေနပ်၊ ပျော်ရွှင်စေမယ့် "ကလောင်သစ် မွေးထုတ်ခြင်း" ✍သင်တန်းလေး Batch-2 ဖွင့်လှစ်မယ့် အကြောင်းလေးပဲ ဖြစ်ပါတယ်ရှင့်။

သင်တန်းလေးကို Batch-1မှာ မသိခဲ့ရတာဖြစ်ဖြစ်၊ မတက်ဖြစ်ခဲ့ရတာပဲဖြစ်ဖြစ် အခု Batch-2 လေး ထပ်မံဖွင့်လှစ်မယ်ဆိုတာ သိသွားပြီဆိုတော့ လက်လွတ်မခံကြဘူးလို့ 🤗မျှော်လင့်ပါတယ်ရှင့်။

"ကလောင်သစ် မွေးထုတ်ခြင်း"✍ သင်တန်းလေးကို ကိုယ်ကစာရေးဝါသနာပါလို့ စာရေးကြမယ့် တက်သစ်စ စာရေးသူလေးတို့အတွက် အဓိက ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာ ဖြစ်ပေမယ့်လို့လဲ ကျန်ရှိနေကြသော စာရေးဆရာများ၊ စာပေဝါသနာရှင်များ၊ ကဗျာ၊ ဆောင်းပါး ဝါသနာရှင်များလဲ တက်ရောက်နိုင်ပါတယ်ရှင့်။

သင်တန်း ပို့ချပေးမယ့် သူကတော့🤔 ယခု onlineစာပေလောက၊ ဆောင်းပါးလောကမှာ နာမည်ကြီး၊ သတင်းမွှေးနေသော ဆရာမ မြ(စံကားဝါမြေ) ဖြစ်ပါတယ်ပါတယ်ရှင့်။

သင်တန်း စတင်ဖွင့်လှစ်မယ့် ရက်လေးကတော့ -
January,20 (Mon) နေ့ပဲဖြစ်ပါတယ်ရှင့်။

Zoom နဲ့သင်ကြားမယ့် (zoom class) လေးဖြစ်ပြီး သင်ကြားမယ့် အချိန်လေးကတော့ (4:00 to 5:00 pm) ထိသင်ကြားသွားမှာ ဖြစ်ပါတယ်ရှင့်။

သင်တန်းကြေးလေးကလဲ ကိုယ်သင်ကြားရမယ့် အကြောင်းအရာလေးတွေနဲ့ မတန်အောင်ကို ပမာဏနည်းပြီး သင်တန်းသား၊ သင်တန်းသူ၊ မိ‌တ်ဆွေတို့အတွက် အရမ်းတန်တယ့် ငွေကြေးပမာဏ 3000ကျပ်ထဲပါရှင့်။(ရရှိလာမယ့် သင်တန်းကြေးဟာလဲ Lanncien Academyနှင့် မသက်ဆိုင်ပဲ Class Instructor အား ပညာပူဇော်ကြေးလေး ဖြစ်ပါတယ်ရှင့်။ )

သင်တန်းကို စိတ်ဝင်စားပြီး🤩 တက်ချင်သော စာရေးစာဖတ် ဝါသနာရှင်များ အနေဖြင့် ကျွန်မတို့ Lanncien Academy Telegram Channel မှ တဆင့် အသေးစိတ် စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်။

Lanncien Academy Telegram Acc👇


(ကလောင်သစ်မွေးထုတ်ခြင်း)

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Address

No 106 Tarmwe
Yangon
932346