Athena gang

Athena gang

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Athena gang, School, Yangon.

11/10/2024

‼️‼️Attention please ❤️
ATHENA GANG ?! 🤦🤔

အားလုံးပဲ မင်္ဂလာပါ
ဒီ post လေးမှာတာ့ Zara ကိုယ်တိုင် organize လုပ်ထားတဲ့ education team တခုဖြစ်တဲ့ Athena Gang လေးအ‌ကြောင်းရှင်းပြပေးသွားမှာပါ။

ဒီ organization ရဲ့ ရည်ရွယ်ချက်ကတော့
🤎founder ဖြစ်တဲ့ Zara ရယ်
အခြားလူငယ်တွေနဲ့ education ပိုင်းက လူကြီးလူငယ်မရွေး Zara လက်လှမ်းမှီသလောက်လူတွေကို စုစည်းထားပြီးတော့
🤎အခုလိုကာလမှာ education ပိုင်းနဲ့ ပတ်သတ်တာမှန်သမျှမှာ Zara တို့တက်နိုင်သလောက်
🤎လူငယ်တွေအတွက် knowledge ပိုင်းရော motivation ပိုင်းပါ တဖက်တလမ်းကနေ support ဖြစ်စေဖို့ပါ

နာမည်က နည်းနည်း weird ဖြစ်ပေမယ့် သူ့ရည်ရွယ်ချက်နဲ့သူတော့ လိုက်ဖက်ညီပါတယ်
👉Athena ဆိုတာက Education နဲ့ Wisdom ပိုင်းမှာ ဆရာမကြီးဖြစ်တဲ့ greek နတ်ဘုရားမရဲ့နာမည်ပါ
ဒါကသိပ်တော့ weird မဖြစ်သေးဘူး
🤦👉GANG ဆိုတာကြီးကျ ?
ဒီနာမည်ကို founder ဖြစ်တဲ့ Zara လည်း နည်းနည်းတော့ ထည့်ရင်ကောင်းမလားဆိုပြီးတော့ခေါင်းစားသွားတယ်၊ ဒါပေမယ့် ဒီနာမည်မြင်လိုက်တာနဲ့
🤎လူငယ်တွေအတွက် motivation ဖြစ်စေချင်တယ်၊ နောက်တခုက
🤎သူတို့ကိုယ်တိုင်ပါ တက်ကြွစွာ ပါဝင်နိုင်တယ်ဆိုတဲ့ sense တစ်ခုကိုလည်း ရစေချင်တယ်
🤎နာမည်ကို အရမ်းလည်း formal ဆန်ပြီး ပျင်းဖို့ မကောင်းစေချင်တဲ့ အတွက်ရော ဒီလိုမျိုး ရွေးလိုက်တာပါ

နောက်ပြီး Athena Gang ရဲ့ official channel နဲ့ page တွေမှာ follow လုပ်ရုံနဲ့ Athena Gang member အဖြစ် မှတ်ယူနိုင်ပြီး Zara တို့နဲ့အတူ study with me live တွေမှာ ဝင်ရောက် join နိုင်ပြီး education နဲ့ပတ်သတ်တဲ့ အထူးသဖြင့်
🤎IGCSE နဲ့ပတ်သတ်တာတွေ
🤎international education system တွေ
🤎နိုင်ငံတကာ university တွေအကြောင်းနဲ့ ‌apply လုပ်ပုံတွေ
🤎student lifestyle တွေ၊
🤎scholarships တွေနဲ့ပတ်သတ်တဲ့ knowledge post တွေကို free ဖတ်ရှု‌လေ့လာနိုင်ပြီးတော့ အဲ့ဒီ
🤎international education system က syllabus တွေ အထူးသဖြင့်
🤎IGCSE , GED , SAT နဲ့ language ပိုင်းနဲ့ ပတ်သတ်တာတွေကိုပါ
🤎အခကြေးငွေနည်းနည်းနဲ့ အိမ်မှာထိုင်နေရင်းပဲ စာလေ့လာနိုင်တဲ့ group လေးတွေကိုလည်း ဝင်ရောက် join နိုင်မှာ ဖြစ်ပါတယ်

ဒါကြောင့်မို့ ဒီ post ကိုဖတ်ပြီးရင် Zara တို့ရဲ့ ATHENA GANG telegram main channel နဲ့ page တွေကိုပါ follow လုပ်ဖို့ဖိတ်ခေါ်ပါတယ်ရှင့်

Education နဲ့ပတ်သက်ပြီး မေးချင်တာ သိချင်တာရှိတာတို့ ATHENA gang နဲ့ပတ်သက်ပြီးတခုခုပြောချင်တာတို့ဆို
admin tg အကောင့်ကို ဆက်သွယ်နိုင်ပါတယ်

https://t.me/ATHENAgang_myanmar

Athena gang School

Photos from Athena gang's post 10/10/2024

❗IGCSE တက်တော့မယ်ဆိုရင်
😩 CIE လား Edexcel လား ဘယ်လို ရွေးရမလဲ
သူတိူ့ 2 ခုဘာကွာလဲဆိုတာလေးကို ပြောပြ ပေးသွားပါမယ် pros and cons လေးတွေပါ ပြောပြပေးသွားမှာမို့ compare လုပ်ရတာပိုလွယ်ကူစေမှာပါ

ဒီ post လေး မဖတ်ခင် IGCSE အကြောင်းနဲ့ Olevel A-level အကြောင်းမသိသေးရင် "ATHENA gang" main channel search bar မှာ ရှာဖတ်နိုင်ပါတယ်ရှင့်

👉အရင်ဆုံးသူတို့ရဲ့ founding year ကို ကြည့်ကြရ‌‌အောင်နော်
🤎CAIE ( Cambridge Assessment International Education ) က 1858 ခုနှစ်ထဲကနေပြီး Cambridge university ရဲ့အစိတ်အပိုင်းတခုအဖြစ်ရှိနေခဲ့ပြီးသားပါ (So it's one of the oldest examination boards), Zara တို့ဘိုးဘေးတွေထက်တောင် အသက် ပိုကြီးသေးတယ်😅
🤎Edexcel ကတော့ 1996 ကျမှ BTEC (Business ‌& Technology Education Council) နဲ့ ULEAC (University of London Examination & Assesment Council) တို့ကနေပြီး စလုပ်ခဲ့တာပါ
အခုတော့ Pearson ဆိုတဲ့ Global education company ရဲ့လက်အောက်မှာပေါ့နော်

ဆိုတော့ အသက်အရဆိုရင်တော့ CIE ကပိုစောတယ်ပေါ့နော်
Intro ပြီးသွားပြီဆိုတော့ သူတို့ရဲ့ ကွာခြားချက်လေးတွေ ကြည့်ကြည့်ရအောင်
🤎🤎🤎🤎🤎🤎🤎🤎🤎🤎🤎🤎🤎

🤎 1.Curriculum Focus
👉CAIE ကပိုပြီး textbook base သွားတယ်ပေါ့နော် broad ဖြစ်ပြီး ပိုပြီးတော့ theory ကို deeper ဖြစ်ဖြစ်နှိုက်ယူပြီး curriculum ကိုဖွဲ့စည်းထားလေ့ရှိတယ်
👉Edexcel က textbookအထူကြီးတွေထက်ကို practical application နဲ့ concise content ဘက်ကို ပိုသွားတယ် theory base ဆိုတာထက် straightforward ပုစ္ဆာ ဖြေရှင်းတဲ့ဘက်ကို တန်းသွားတာမျိုးပေါ့

🤎 2. Assesment styles
👉CAIE ရဲ့ Assesment ပုံစံက critical thinking ကိုပိုပြီး အသားပေးပါတယ် သူပြောထားတဲ့ theory တွေကိုသေချာ လေ့မလာထားရင် ဖြေရတာ အတော်ခက်ခဲပါတယ်
👉Edexcel ကတော့ CAIE ထက်စာရင် ပိုပြီး direct ဖြစ်ပါတယ်ဒါကြောင့်လည်း သင်ရတဲ့စာချင်းတူပေမယ့် မြန်မာ ကျောင်းကလာတဲ့သူတွေအတွက် Edexcel ပိုပြီး သဟဇာတဖြစ်တာပါ

🤎 3. Grading and marking schemes
👉CAIE က A* ကနေ G ထိအမှတ် ပေးတဲ့ ပုံစံမျိုးသွားတာကြောင့် တကမ္ဘာလုံး နားလည်ရလွယ်ပါတယ်
👉Edexcel ကတော့ 9 to 1 grading စနစ်ကို သွားပါတယ် တော်တော်များများတွက်တော့ သိပ် familiar မဖြစ်ဘူးပေါ့ ဒါပေမယ့် သူ့အားသာချက်က top grading တွေကို differentiation လုပ်ရတာ ပိုလွယ်သွားတယ် A* ဆိုရင် 9 လား 8 လားပြန်ခွဲတာမျိုးပေါ့ အသေးစိတ်သလို နည်းနည်းလည်း ပိုရှုပ်သွားတယ်

🤎 4. Subject Availability and Flexibility
👉CAIE ကတော့ အသက်ပိုကြီးတဲ့ အတွက် သူ့မှာ ယူလို့ရတဲ့ subject တွေပိုများတာ အစမ်းတော့ မဟုတ်ပါဘူး
👉Edexcel ကတော့ အဲ့လောက် မစုံသေးဘူးပေါ့ ဒါပေမယ့် အယူများတဲ့ subjects တွေက အတူတူပဲမို့ ကိုယ်က ပုံမှန် ရွေးနေကျ subjects တွေပဲ ယူဖို့ စဉ်းစားထားရင် ဒါက သိပ်ပြဿနာမရှိပါဘူး

🤎 5. Regonition and University Acceptance
👉CAIE ကဟိုးဘိုးဘေး လက်ထက်ထဲက ပေါ်ထားတာဖြစ်တဲ့အတွက် သူ့ကို လက်ခံပြီး ဖြစ်နေတဲ့ ကျောင်းတွေကတော့ ပိုများတာပေ့ါနော်
👉Edexcel က UK ကတော့ ကောင်းကောင်းကြီး လက်ခံပါတယ်
ဒါပေမယ့် အခြားနိုင်ငံကတချို့ကျောင်း တွေက ခြွင်းချက်အနေနဲ့ ရှိနေပါသေးတယ် Singapore polytechnic ကျောင်းတွေတောင် သူ့ကို စလက်ခံတာ နှစ်အနည်းငယ်ပဲ ရှိပါသေးတယ်

ဒီတော့ တော်တော်များများလက်ခံနေပြီ ဖြစ်ပေမယ့် သေချာ အောင်တော့ ကိုယ်တက်မယ့်ကျောင်းရဲ့ website ကိုစစ်စချင်ပါတယ်

🤎 6. Coursework and practical assessments
👉CIE ရဲ့ practical assessment က exam based , theory based ပုံစံပိုသွားတယ်
ပြီးတော့ science subject တွေမှာ coursework ထည့်တာမျိုးပေ့ါ
👉Edexcel ကျ‌ေတာ့ coursework ကပို common ဖြစ်တယ်

🤎 7. Exam Timing and Resit Opportunities
👉မြန်မာမှာ CAIE ရော Edexcel 1 နှစ်မှာ exam series 2 ခါရှိတယ်ဆိုပေမယ့်
👉Edexcel ကတချို့ subject တွေဆိုရင် mainly May/June မှာပဲထိုင်ပါတယ်

Zara သူငယ်ချင်းတချို့ Edexcel သမား
တွေဆိုရင် Oct/Nov ဖြေမှာပေမယ့် computer science တစ်ဘာသာကို may/June မှာ ဖြေလိုက်ရတာမျိုး
အဲ့လိုလေးတော့ Edexcel ကရှိတယ်ပေါ့နော်

🤎 8. School and teacher experience
နောက်ဆုံးတခု consider လုပ်သင့်တာက ကိုယ် IGCSE တက်ဖို့စီစဉ်ထားတဲ့ ကျောင်း ကိုယ်သဘောကျတဲ့ ကျောင်းက Edexcel နဲ့ CIE ဘယ်မှာအားသာလဲ သိဖို့ လိုတယ် အဲ့က teacher ကရော ဘယ်ဘက်မှာ ပိုအသင်အပြ ကောင်းလဲဆိုတာမျိုး နောက်ပြီး တချို့ကျောငိးတွေက Edexcel ပဲဖွင့်တာမျိုး တခုတည်းပဲ mainly ထားပြီးဖွင့်တာမျိုးတွေရှိလို့ပါ
Zara တုန်းကလည်း Zara သဘောကျတဲ့ ကျောင်းက Edexcel ပဲဖွင့်တာကြောင့် နောက်တကျောင်းမှာပဲ တက်လိုက်ရပြီး တော်တော်လေး စိတ်အနှာင့်အယှက်လေးဖြစ်သွားရပါတယ်

♦️ဆိုတော့ အပေါ်က အချက် 8 လျက်လုံးကို Edexcel နဲ့ CIE မရွေးခင် consider လုပ်သင့်ပါတယ် ဘယ်ဟာက ပိုက‌ောင်းတယ်ဆိုတာထက်ကို တခုနဲ့တခု သိပ်မတူတဲ့ အတွက် compare လုပ်နေမှာထကက်စာရင် ကိုယ်နဲ့ ပိုသဟဇာတ ဖြစ်မယ့်ဟာကို ရွေးစေချင်ပါတယ်♦️

#4
🤎🤎🤎🤎🤎🤎🤎🤎🤎🤎🤎🤎🤎
အောက်မှာလည်း slide လေးတွနဲ့ pros and cons လေး တွေ သေချာပြပေးထားပါတယ်နော် 🥰

For my beloved "ATHENA gang"
Please join the main channel and page so you can see more posts like this,
https://t.me/ATHENAgang_myanmar
You can also contact the admin account


အခု post က Zara ဖတ်ခဲ့တဲ့စာတွေနဲ့ research တွေအပေါ် အခြေခံပြီး ရေးထားတာမို့ ပိုသိတဲ့သူတွေရှိရင် post ထဲအမှားပါရင် ထောက်ပြပေးနိုင်ပါတယ်🙏🥰

Photos from Athena gang's post 10/10/2024

IGCSE , GED, IELTS, SAT, Duolingo, Edexcel, ACT, TOEFL , CIE , O-level, A-level, Pre-igcse, AS, A2, AP, IB, PTE, community college, OSSD, TED...🥵🤒🤒 ဒီစကားလုံးတွ အများကြီးက????

Zara တို့လို state school ကနေ ဒီဘက်ကိုပြောင်းလာပြီး ကိုယ်သွားမယ့် လမ်းကြောင်းကို သေချာ research လုပ်ထားတဲ့သူတွေကတာ့ ဒီထဲက တချို့နာမည်တွေနဲ့ စိမ်းမှာမဟုတ်ပါဘူး 🤎
ဒါပေမယ့် အခုမှ ဒီလမ်းကိုလျှောက်ဖို့ စဉ်းစားထားတဲ့ Athena လေးတွေအတွက်
ဒီစကားလုံးတွေက မြင်ဖူးနေကြပေမယ့် ဘာမှန်း သေချာနားမလည်ပဲ ရော နေကြတဲ့အတွက် Zara က ဒီ post လေးကို ရေးလိုက်တာပါ☺️🤎

ဒီ post လေးမှာတော့ General classification ပုံစံမျိုးပဲသွားမှာမို့ တခုချင်းစီရဲ့ အသေးစိတ်ကို နောက် post တွေမှာ အပိုင်းလေးတွေခွဲပြီး တင်ပေးသွားပါမှာမို့ "ATHENA gang" main channel လေးကို join ထားကြနော်🥰

အပေါ်က popular ဖြစ်နေတဲ့ စာလုံးတွေအားလုံးကို category ပြန်ခွဲလိုက်ရင်
1. American education system
2. UK education system
3. Canada education system
4. English tests
5. AP, IB

နောက်တခုက TED အဲ့ဒါကတော့ တချို့တွေ GED နဲ့ရောရောပြီး Zara ကို လာလာ
လာလာမေးကြလို့ သူက education system နဲ့ မဆိုင်ပါဘူး
TED ဆိုတာ media company တခုရဲ့ နာမည်ဖြစ်ပြီးတော့ research and idea တွေကို စင်ပေါ်မှာ ဟောပြောတဲ့ ပုံစံမျိုးပါပဲ ဒါကြောင့် သူ့ရဲ့ long form က Technology, Entertainment, Design လို့ပေးထားပါတယ် အဲ့က video တွေကို မြန်မာ translation နဲ့ကြည့်ချင်ရင်လည်း နောက်ပိုင်း sub-channel လေးစီစဉ်ပေးပါမယ်နော်
🤎🤎🤎🤎🤎🤎🤎🤎🤎🤎🤎🤎🤎
အပေါ်က category လေးတွကို မသွားခင် Zara ပထမဆုံးရေးခဲ့တဲ့ blog မှာရှင်းပြခဲ့တဲ့ ISCED အကြောင်းလေးကို အရင်ဖတ်စေချငိပါတယ် အဲ့ဒါမှ အောက်ကစာတွ ပိုနားလည်အာင်ပါ main channel ရဲ့ search bar မှာ ISCED လို့ရိုက်ရှာလိုက်ရင်ရတယ်နော်

1. American education system 🤎
GED, SAT, ACT, community college
သူတို့အားလုံး America ကစစ်တဲ့ exam တွေပါ
GED, SAT, ACT က ISCED level 3 အဆင့်မှာရှိပြီးတော့ community college က level 4 မှာပါ
SAT, ACT ကတော့ education level ထက်ကိုပေါ့နော် သူက college admissions အတွက် test ပုံစံမျိုးပိုသွားပါတယ်
ဒီ category ကိုတော့ America သွားမယ့်သူတွေနဲ့ american ပညာ ရေးစနစ်ကိုလက်ခံတယ့် နိုင်ငံနဲ့ ကျောင်းတွေကို သွားမယ့်သူတွေ ရွေးရင် ပိုအဆင်ပြပါတယ်

2. UK education system🤎
IGCSE, Edexcel, CIE, O-level, A-level Pre-igcse, AS, A2
Level သတ်မှတ်ချက် အစီတိုင်းစီမယ်ဆိုရင်တော့
Pre-igcse - level 2
O-level - level 2
A-level (AS, A2) - level 3
AS, A2 က A-level မှာကိုပဲ first year , second year ခွဲလိုက်တဲ့ ပုံစံမျိူးပါပဲ
Edexcel နဲ့ CIE ဆိုတာကကျ ဒီ education system ကို support ပေးနေတဲ့ organisations တွေဖြစ်ပါတယ် သူတို့ရဲ့ ကွာခြားချက် အသေးစိတ်နဲ့ ဘယ်ဟာရွေးသင့်လဲဆိုတာကိုတော့ နောက် post မှာ Zara အသေးစိတ်ထပ်ရှင်းပါမယ်နော်

3. Canada education system🤎
ဒီထဲမှာတော့ မြန်မာမှာ popular ဖြစ်နေတာဆိုလို့ OSSD တခုပဲ အတွေ့ရများပါတယ် သူက ISCED level 3 equivalent ဖြစ်ပါတယ် အခြား Canada education system နဲ့ exam တွေအကြောင်းကိုလည်း post လေး တင်ပေးပါအုန်းမယ်နော်

4. English tests 🤎
IELTS, Duolingo, TOEFL, PTE
ဒါတွေကိုတော့ ISCED level သတ်မှတ်ချက်နဲ့ ပြောလို့မရပါဘူး သူတို့က English tests ပုံစံမျိုးပဲ သွားပါတယ်
တချို့ university တွေက ဝင်ခွင့်အတွက် ပြီးသွားတဲ့ education အောင်လက်မှတ်အပြင် သူသတ်မှတ်ထားတဲ့ English test ကို ထပ်ဆင့်တောင်းတဲ့ ပုံစံမျိုးပါ
ကျောင်းအကုန်လုံးတော့ ဒီလို မတောင်းပါဘူး အချို့ကျောင်းတွေ အတွက်တော့လိုတယ် ပြီးတော့ ဘယ် test ကိုပိုရွေးသင့်တယ်ဆိုတာကလည်း နိုင်ငံနဲ့ university ပေါ်လိုက်ပြီး ထပ်ကွဲပါတယ်
ဒီ test တွေအကြောင်းကိုလည်း တခုချင်း အသေးစိတ်ကို နောက် post မှာ ရှင်းပြပေးပါ့မယ် စာရှည်သွားမှာစိုးလို့ပါ

5. AP, IB 🤎
ဒီအဆင့်ကတော့ အပေါ်က စာလုံးတွထမှာ အမြင့်ဆုံးပဲပေါ့နော် level 5 နဲ့ 6 တွေပါ နောက်ပြီးသူတို့ American ရော Canada ရော နိုင်ငံတော်တော်များများရှိတယ့်တွက် သူတို့ကို နိုင်ငံတခုတည်းရဲ့ education system အနေနဲ့တော့ သတ်မှတ်လို့မရပါဘူး သူတို့ အကြောင်းကိုလည်း နောက် post လေးမှာ ရှင်းပြပေးပါမယ်

ဒီ post က မြန်မာမှာ popular ဖြစ်နေတဲ့ education system တွေကို general classification အရ တခုနဲ့ တခုရှင်းသွားအောင်ပဲ ရှင်းထားတာ ဖြစ်တာကြောင့် တခုချင်းစီရဲ့ အသေးစိတ်ကို နောက် post တွေမှာ ကြည့်ပေးကြပါနော်🥰
တခုချင်းစီ လိုက်ရှင်းနေရင် စာလေးရှည်သွားမှာစိုးလို့ပါရှင့်
🤎🤎🤎🤎🤎🤎🤎🤎🤎🤎🤎🤎🤎
Post အောက်မှာပိုရှင်းအောင်
slide လေးလည်း တင်ပေးထားပါတယ်😍. #3

For my beloved "ATHENA gang"
Please join the main channel and page so you can see more posts like this,
https://t.me/ATHENAgang_myanmar

Photos from Athena gang's post 10/10/2024

#2. ISCED , part 2

အရင် post မှာ Zara က ISCED အကြောင်းနဲ့သူရဲ့ အရေးပါပုံကို ရှင်းပြခဲ့တယ်ပေါ့နော်
အခု post မှာက အဲ့အပိုင်းမှာ ချန်ခဲ့တယ့် ISCED ရဲ့ level သတ်မှတ်ချက်တွေကိုသေချာလေး ရှင်းပေးသွားမှာပါ🤎

ဘယ်နိုင်ငံရဲ့ ပညာရေးစနစ်ကိုမဆို
Level 0 ကနေ 8 ထိ သတ်မှတ်ပြီးတော့
Level 0 မှာတာ့ 0.1 နဲ့ 0.2 ဆိုပြီး ထပ်ခွဲထားတယ်‌‌ပေါ့နော်
Zara ကစုံစုံလင်လင်လေး ဖြစ်သွာအောင် level အကုန်လုံးရှင်းပြပေးသွားမှာပါ

အကုန်လုံးသိထားရင် ပိုကောင်းပေမယ့်
ကိုယ်နဲ့ သက်ဆိုင်တဲ့ level ကိုပဲ ကျော်ပြီး ဖတ်လို့ရပါတယ် 🥰
Level တစ်ခုချင်းစီကို 🤎
👉purpose
👉Age range ( ခန့်မှန်းချက်အနေနဲ့ပဲ ဖြစ်တာကြောင့် တစ်ယောက်နဲ့ တစ်ယောက် တော့ နည်းနည်း ကွဲနိုင်ပါတယ်)
👉Programs include
👉 Characteristics ဆိုပြီးရှင်းပြပေးသွားပါတယ် (ဒါကိုတော့ channel ရဲ့ post အောက်က slide မှာကြည့်ပေးပါရှင့်)

🤎🤎🤎🤎🤎🤎🤎🤎🤎🤎🤎🤎🤎

🤎 Level 0: Early Childhood Education
Level 0.1: Early Childhood Educational Development
👉 Age Range:
မွေးကင်းစ ကလေးတွေကနေပြီး ၂ နှစ်အရွယ်ထိ
👉 Focus
စာဘက်ကို သွားတာထက် ပတ်ဝန်းကျင်နဲ့ သဇဟဇာတဖြစ်လာပြီး ကလေးတစ်‌ေယာက်ရဲ့ စူးစမ်းချင်စိတ်ကို ပိုပြီး အထောက်အကူဖြစ်ပါတယ်
ဥပမာ ကလေးထိန်းကျောင်းလိုမျိုး
Level 0.2: Pre-Primary Education
Age range: 3 နှစ်က‌နေ 5 နှစ်အရွယ်ထိ
Focus: ပညာရေးလမ်းကို မလျှောက်ခင် ကလေးတွေအတွက် လိုအပ်တဲ့
Letters, alphabets, numbers စတဲ့ အ ခြေခံလးတွေအပြင် ကလေးတွေကို ကျောင်းစထားတဲ့ အခါ ပတ်၀န်းကျင်နဲ့ မစိမ်းအောင်လည်း အထောက်အကူပေးပါတယ်
ဥပမာ - မူကြိုနဲ့ kindergartens လေးတွေ😍

🤎level 1: Primary Education
👉Purpose: ဘာသာရပ်တွေရဲ့ ပထမဆုံးအဆင့်ကို စတင်သင်ယူရပါတယ်
သင်္ချာ အပေါင်းအနှုတ်တို့ words တွေအပြင် reading နဲ့ writing ကိုပိုအားစိုက်ပြီး သင်ယူလာကြရပါတယ်
👉Age Range : 5 နှစ်ကနေ 10 နှစ်ကြား
👉Program Include: မြန်မာ မူလတန်းကျာင်းတွေနဲ့ international primary school အကုန် first stage of education system သင်ရင်ကို အကျုံးဝင်ပါတယ်

🤎 Level 2: Lower Secondary Education
👉Purpose: Primary တုန်းကသင်ခဲ့တာထက် subject oriented ပိုသွားပြီး advance ပိုဖြစ်လာပါပြီ
👉Age Range : 11 to 15
👉Programs include: အလယ်တန်း‌ေကျာင်းတွေနဲ့ international secondary schools ( lower secondary )

🤎Level 3: Upper secondary Education
👉Purpose: higher education ကိုသွားဖို့နဲ့ ပိုကောင်းတဲ့ အလုပ်အကိုင်တခုရချင်တယ့် သူတွေအတွက်
👉Age Range: 15 to 18
👉Program Include: အထက်တန်းဆင့်နဲ့ international upper secondary schools

🤎Level 4: post secondary but
non-tertiary education
👉Purpose: upper secondary ပြီးပြီးသားသူတွအတွက် practical ပိုကျတဲ့ training တွေ
👉Age Range: Varies (training ပုံစံနဲ့ optional ပုံစံမျိုးပိုသွားပါတယ်)
👉program Include: All training schools

🤎Level 5: Short-cycle Tertiary education
👉Purpose: level 3 ပြီးသွားတဲ့သူတွအတွက်ဖြစ်ပြီး university(level 6) လောက်လည်း နှစ်ရှည်မတက်ရဘဲ practical ဘက်ကိုပိုသွားပါတယ်
👉Age range: 18 and above
👉Program Include: diploma တွေနဲ့ ဘာသာရပ်ဆိုင်ရာ program တွေ especially business

🤎Level 6: Bachelor's or Equivalent levels
👉Purpose: ဘာသာရပ်တခုကို specific ရွေးပြီး အဲ့ဘာသာကို အသေးစိတ်ကျကျ စလေ့လာတဲ့ stage ရောက်ပါပြီ
👉Age range: 18 and above
👉Program Include: bachelor အဆင့်နှင့်ညီတဲ့ ပညာရေးအဆင့်အကုန်ပါပါတယ် မြန်မာလိုဆို တက္ကသိုလ်ဘွဲ့ပေါ့

🤎Level 7: Master's or Equivalent levels
👉Purpose: bachelor မှာသင်ခဲ့ရတဲ့ ဘာသာရပ်ကို ပိုပြီး အသေးစိတ်ကျကျ လေ့လာတဲ့ stage ပါ
👉Age range: typically 21+
👉Program Include: ဘွဲ့လွန်တွေနဲ့ master degree programs တွေ

🤎Level 8: Doctoral or Equivalent levels
👉Purpose: education အဆင့်သတ်မှတ်ချက်မှာ အမြင့်ဆုံးအဆင့်ဖြစ်ပြီး ကိုယ်ရွေးချယ်ထားတဲ့ ဘာသာရပ်မှာ တော်တော်ကို အသေးစိတ်ကျကျနဲ့ practical ရော knowledge ပိုင်းရော ပြည့်စုံနေပြီ ပြောလို့ရပါတယ်
👉Age range: typically 24+
👉Program Include: master level programs တွေနဲ့ ဒေါက်တာဘွဲ့နဲ့ PhD
🤎🤎🤎🤎🤎🤎🤎🤎🤎🤎🤎🤎🤎
Post အောက်မှာပိုရှင်းအောင်
slide လေးလည်း တင်ပေးထားပါတယ်😍
For my beloved "ATHENA gang"
Please join the main channel and page so you can see more posts like this,
https://t.me/ATHENAgang_myanmar

You can also contact admin account


အခု post က Zara ဖတ်ခဲ့တဲ့စာတွေနဲ့ research တွေအပေါ် အခြေခံပြီး ရေးထားတာမို့ ပိုသိတဲ့သူတွေရှိရင် post ထဲအမှားပါရင် ထောက်ပြပေးနိုင်ပါတယ်🙏🥰

Photos from Athena gang's post 10/10/2024

နိုင်ငံခြား ကျောင်းသွားတက်ဖို့ ‼️
လိုအပ်တဲ့ ပညာရေး grade ကို ဘယ်သူတွေသတ်မှတ်ထားတာလဲ။

🤎နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ ရည်ရွယ်ထားတဲ့ ဘယ်သူမဆို ဒီ post လေးကို ဆုံးအောင် ဖတ်စေချင်ပါတယ်

Zara တို့နိုင်ငံခြားကို ကျောင်းသွားတက်မယ်ဆိုရင်
👉ဘယ်နိုင်ငံပဲဖြစ်ဖြစ် သူ့တို့နိုင်ငံက ပညာရေးစနစ်နဲ့ မြန်မာပညာရေးနဲ့မတူနိုင်ဘူး ဥပမာ မြန်မာမှာ အရင်က 10 တန်းအောင်ရင် အထက်တန်း ‌‌‌‌‌‌‌‌‌‌‌‌‌အောင်တယ် သတ်မှတ်တယ် အခြားနိုင်ငံတွမှာက grade 12 ထိ သတ်မှတ်ထားခဲ့တယ်

👉အဲ့လိုပဲ ကျောင်းလျှောက်ရင်လည်း မြန်မာ 10 တန်းနဲ့ရလား IGCSE olevel ပဲလား A-level ရောလိုလား။ အဲ့ဒါတွေကလည်း လျှောက်မယ့် university ချင်းတူပေမယ့် လာမယ့်လမ်းကြောင်းချင်းတူမှာ မဟုတ်ဘူး
ဥပမာ Singapore Polytechnic ဆိုလည်း မြန်မာ 10 တန်း သို့မဟုတ် Olevel လို့ပြောထားပြီးသား အဲ့တော့ အဲ့နှစ်ခုက level ညီတယ်လို့ပြောလို့ရတယ်

👉အဲ့တော့ ဒီလိုမတူညီတဲ့ ပညာ ရေးအဆင့်သတ်မှတ်ချက် 2 ခုသွားချိတ်မိဖို့ဆိုရငိ
ဘယ်စနစ်အတွက်မဆို common grading တစ်ခု၊ အဆင့်သတ်မှတ်ချက်တစ်ခုလိုလာတယ်

🤎🤎🤎🤎🤎🤎🤎🤎🤎🤎🤎🤎🤎

👉UNESCO (United Nations Educational, Scientific and Cultural Organisation) ကနေ 1970 မှာ
👉ISCED ဆိုတဲ့ International Standard Classification of Education ဆိုပြီး ပညာရေးအတင့်အတန်းကို နိုင်ငံအားလုံး တူညီအောင် classification ကိုစခွဲတယ်
(အဲ့တော့ မြန်မာ 10 တန်းအောင်တို့ American 12 တန်းအောင်တို့ မဟုတ်တာ့ဘဲ level 1 , 2 ,3 ဆိုပြီး သတ်မှတ်လိုက် တော့ တဖက်နိုင်ငံရဲ့ ပညာ ရေးစနစ်က ဘယ်အဆင့်မှာ ရှိလည်းဆိုတာ ခန့်မှန်းလို့ရလာတယ်)
👉နောက်ဆူံး Update ဖြစ်တဲ့ ISCED က 2011 မှာ။ အဲ့တော့ updated ဖြစ်တဲ့ classification တခုအဖြစ် Zara တို့မှတ်ယူလိူ့ရတယ်

အဲ့ဒီ ISCED က level ဘယ်လိုသတ်မှတ်လဲ၊ level (ပညာရေးအဆင့်) ဘယ်နှခုရှိလဲ🤔🤔🤔
စာလေးရှည်သွားမှာစိုးလို့
ဒီအကြာင်းကိုတော့ နောက် post မှာ တင်ပေးသွားပါမယ်

အခု post က Zara ဖတ်ခဲ့တဲ့စာတွေနဲ့ research တွေအပေါ် အခြေခံပြီး ရေးထားတာမို့ ပိုသိတဲ့သူတွေရှိရင် post ထဲအမှားပါရင် ထောက်ပြပေးနိုင်ပါတယ်🙏🥰

#1 ISCED - part 1
For my beloved "ATHENA gang"
Please join the main channel and page so you can see more posts like this,

https://t.me/ATHENAgang_myanmar

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

Yangon