Future Light Educational Charity Group

Future Light Educational Charity Group ပညာရေးနှင့်ပတ်သတ်ပြီး စွမ်းနိုင်သလ

ကြော်ငြာ Advertising Post
18/10/2021

ကြော်ငြာ

Advertising Post

21/09/2021

သင်္ချာ

ဒီနေ့မနက် ၅ နှစ်ခွဲအရွယ် ကလေးမိခင်တစ်ဦးက သူ့သမီးကိုသင်ဖို့ သင်္ချာနည်းစနစ်တွေမေးပါတယ်။ ကျနော်က သင်္ချာပညာကို ကျွမ်းကျင်သူမဟုတ်ပါဘူး။ ကျနော်လေ့လာဖူးတဲ့ မူလတန်း၊ အလယ်တန်း ကလေးတွေအတွက် သင်ကြားနည်း တချို့ကို အကြံပေးလိုက်ပါတယ်။ နေအိမ်အခြေပြု၊ ရပ်ရွာအခြေပြု သင်ယူနေကြတဲ့ ကလေးမိဘတွေကိုလည်း ပြောပြရင်ကောင်းမယ်လို့ တွေးမိပြီး Facebook မှာ ဖေါ်ပြလိုက်ပါတယ်။

ကျနော့်ဖေါင်ဒေးရှင်းကအသုံးပြုတဲ့ တက်ကြွစွာသင်ယူခြင်းနဲ့ ဝေဖန်ပိုင်းခြားစဉ်းစားခြင်း (Active Learning and Critical Thinking) နည်းစနစ်တွေမှာ သင်္ချာအတွက် အကြံပေးတာကတော့

၁။ လက်တွေ့ဖြင့်သင်ယူခြင်း
(Concrete)
၂။ လက်တွေ့တဝက်၊ စိတ်ကူးတဝက်သင်ယူခြင်း
(Semi-concrete)
၃။ စိတ်ကူးဖြင့်ပုံဖေါ်ခြင်း
(Abstract)

နည်းတွေဖြစ်ပါတယ်။

လက်တွေ့ဖြင့်သင်ယူခြင်း (concrete)

သင်္ချာစသင်စအရွယ်နဲ့ သင်္ချာခေါင်းစဉ်တစ်ခုကို စတင်မိတ်ဆက်တဲ့အချိန်မှာ အသုံးပြုပါတယ်။ မူကြိုကလေးတွေကိုလည်းသင်လို့ရပါတယ်။ မူကြိုအဆင့်မှာ ရေးတာ၊ ဖတ်တာတွေမပါဘဲ သဘာဝမှာရှိတဲ့ အရေအတွက်၊ အကြီးအသေး၊ အတိုအရှည်၊ အနီးအဝေး၊ အဝိုင်း၊ လေးထောင့် စတာတွေသင်လို့ရပါတယ်။ ပထမတန်းမှာ ကိန်းဂဏန်းတွေကို လက်တွေ့နဲ့တွဲပြီး သင်လို့ရပါတယ်။ စာရေးတတ်ဖတ်တတ်ရင် အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစားပုစ္ဆာတွေ ဖြေရှင်းနိုင်ပါပြီ။

လက်တွေ့တဝက်၊ စိတ်ကူးတဝက်
(semi-concrete)

ဥပမာ။ အလျားတိုင်းတာကို လက်တွေ့စတိုင်းပါတယ်။ စားပွဲခုံရဲ့အလျား၊ အရပ်ဘယ်လောက်ရှည်လဲ၊ လက်တွေ့တိုင်းနိုင်ပါတယ်။ လယ်ကွင်းထဲက ထန်းပင်ရဲ့အမြင့်ကိုတိုင်းခိုင်းမယ်ဆိုရင် ကျောင်းသားတွေစိတ်ကူးထုတ်ရပါတယ်။ စိတ်ကူးအမျိုးမျိုးထွက်ပေါ်လာနိုင်ပါတယ်။ လက်တွေ့တဝက်၊ စိတ်ကူးတဝက် အလုပ်လုပ်ကြရပါတယ်။

စိတ်ကူးဖြင့်ပုံဖေါ်ခြင်း (abstract)

ဥပမာ။ ကမ္ဘာနဲ့လ အကွာအဝေးတိုင်းပါဆိုရင် ပေကြိုးနဲ့ သွားတိုင်းလို့ မရတော့ပါဘူး။ စိတ်ကူးထုတ်ရပါတယ်။ လက်တွေ့လုပ်တာတွေ၊ လက်တွေ့တဝက် စိတ်ကူးတဝက်လုပ်တာတွေ အတွေ့အကြုံရလာရင် င်္သချာသဘောတရားတွေကိုနားလည်လာပါတယ်။ အဲ့ဒီအခါ သင်္ချာနည်းလမ်းတွေကိုစိတ်ကူးပုံဖေါ်လာနိုင်ပါတယ်။

ချဉ်းကပ်နည်းအမျိုးမျိုး

ကလေးတွေသင်္ချာစိတ်ဝင်စားလာအောင် နည်းလမ်းအမျိုးမျိုးနဲ့ ချဉ်းကပ်ကြပါတယ်။ အပေါ်ကအကြံပေးချက်က သင်္ချာကိုလက်တွေ့နဲ့ ချဉ်းကပ်တာပါ။ တချို့က သဘာဝနဲ့ချဉ်းကပ်တယ်၊ တချို့ကယဉ်ကျေးမှုနဲ့ချဉ်းကပ်တယ်။ တချို့က သမိုင်းနဲ့ချဉ်းကပ်ပါတယ်။

သဘာဝမှာ သင်္ချာဆိုင်ရာတွေအများကြီးရှိပါတယ်။ ဥပမာ၊ ပန်းပွင့်လေးတွေရဲ့ ပုံသဏ္ဍာန်တွေ (flowery patterns)၊ ခရုလေးတွေရစ်ခွေပုံတွေ၊ ငှက်ကလေးတွေရဲ့ တောင်ပံတွေကနေ သင်္ချာဆိုင်ရာ အတွေးအမြင်တွေရလာနိုင်ပါတယ်။

လူမျိုးအသီးသီးရဲ့ယဉ်ကျေးမှုဓလေ့ထုံးစံတွေမှာ စိတ်ဝင်စားစရာကောင်းတဲ့ င်္သချာဆိုင်ရာဖေါ်ပြချက်တွေရှိပါတယ်။ ယဉ်ကျေးမှုတွေကနေ ဖေါ်ပြတဲ့ သင်္ချာကိုစိတ်ဝင်စားရာကနေ သင်္ချာကိုလေ့လာဖြစ်ပါတယ်။

သင်္ချာပညာကိုလေ့လာလိုက်စားတဲ့ ပညာရှင်တွေရဲ့ အထုပ္ပတ္တိတွေကနေချဉ်းကပ်ရင်လည်း သင်္ချာကိုစိတ်ဝင်စားပါတယ်။ ရှေးအစဉ်အဆက်ကဖြစ်ပျက်ခဲ့တဲ့ သမိုင်းအဖြစ်အပျက်တွေကို ခုနှစ်သက္ကရာဇ်တွေအလိုက် အချိန်ပြမျဉ်း (timeline) နဲ့ဖေါ်ပြမှုတွေကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

နေအိမ်မှာ၊ ရပ်ရွာမှာ စာသင်ယူနေကြတဲ့ ကလေးတွေကို သင်္ချာသင်ယူရာမှာ ပျော်ပျော်ရွှင်ရွှင် စိတ်ဝင်တစားသင်ယူနိုင်ကြဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ချဉ်းကပ်သင်ကြားဖို့ အကြံပြုပါတယ်။

ဒေါက်တာသိန်းလွင်
စဉ်းစားတွေးခေါ်သောစာသင်ခန်းဖေါင်ဒေးရှင်း
၂၀၂၁ စက်တင်ဘာ ၂၁ ရက်။

Picture: Credit to the owner

28/07/2021

ရေမြင်းလေးတို့ နှင်းနှင်းလေး နှင့် စိန်မျောက်မျောက်ဇာတ်ကောင်တို့ကို ဖန်တီးသူ ကာတွန်း(ဦး)မြေဇာ သည် ဇူလိုင်လ (၂၇)ရက် ည၉:၃၀အချိန်တွင် ကွယ်လွန်ကြောင်း ကြားသိရသည့်အတွက် မိသားစုနှင့်အတူ Burma VJ အဖွဲ့မှ ထပ်တူဝမ်းနည်းမိပါသည်။ ဆရာကြီး ကောင်းရာသုဂတိလားပါစေကြောင်း Burma VJ အဖွဲ့သားများမှ ဆုတောင်းပါသည်။

ဆရာကြီးကွယ်လွန်ချိန်တွင် အသက်(၇၅)နှစ်ရှိပြီဖြစ်ပါသည်။

ဓါတ်ပုံ - ကိုဘိုဘိုထွန်း

11/07/2021

ဘာသာစကားတစ်ခုတတ်မြောက်ဖို့အတွက် စာရေးခြင်းရယ်စာဖတ်ခြင်းရယ်ဟာ အရေးကြီးပါတယ်။ စာကိုကောင်းစွာဖတ်တတ် ရေးတတ်ဖို့အလွန်အရေးကြီးပါတယ်။ ကျနော်တို့ Future Light က မြန်မာစာအရေးအသား ပိုမိုတိုးတက်ကောင်းမွန်စေဖို့ မိတ်ဆွေများရဲ့ သားသမီးတွေကို ကူညီချင်ပါတယ်။ အဲ့သည့်အတွက် Grade 6-7-8 ကျောင်းသား ကျောင်းသူများအတွက် မြန်မာစာ၊ မြန်မာသဒ္ဒါကို Online Class အနေနဲ့ပညာဒါန သင်ကြားပေးဖို့စီစဉ်နေပါတယ်။ တစ်ပါတ်ကို ၂ရက် တစ်ချိန် ၁:၀၀ ကြာချိန်သတ်မှတ်သင်ကြားပေးမှာပါ။
Zoom Meeting Cloud ကိုအသုံးပြုပါမယ်။ သင်ရိုးညွှန်းတမ်းကတော့ ကျောင်းသားကျောင်းသူများအတွက် Future Light ကသီးသန့်စီစဉ်ပေးမှာဖြစ်ပါတယ်။ စိတ်ပါဝင်စားသူများ page messenger ကနေဆက်သွယ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

ကိုယ်တွေချည်းပဲခက်ခဲနေတယ်လို့ထင်နေသလား..…………………ကမ္ဘာ့သမိုင်းမှာ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်တို့ရဲ့ လေကြောင်းကနေ ဗုံးကြဲတာ...
13/03/2021

ကိုယ်တွေချည်းပဲခက်ခဲနေတယ်လို့ထင်နေသလား..…………………

ကမ္ဘာ့သမိုင်းမှာ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်တို့ရဲ့ လေကြောင်းကနေ ဗုံးကြဲတာကို ခံခဲ့ရတဲ့ ဗြိတိန်လောက် ကြံ့ကြံ့ခံခဲ့ရတဲ့နိုင်ငံ မရှိခဲ့ပါဘူး။ ရှစ်လနဲ့ ငါးရက်တိုင်တိုင် ညစဉ်မပြတ် ဗုံးတန်ချိန်ပေါင်းများစွာ ကြဲချခံရချိန်ဗြိတိသျှတို့ ဘယ်လိုများ ထိုအခက်အခဲကို ကျော်ဖြတ်ခဲ့သလဲဆိုတာ အလွန်စိတ်ဝင်စားဖို့ ကောင်းတယ်။

တစ်ညထဲ လူထောင်ချီ သေတယ်။ ဗုံးခိုကျင်းထဲ ဗုံးကျလာရင် တစ်လုံးထဲနဲ့ ဒါဇင်နဲ့ချီ သေတယ်။ ကလေးတစ်ယောက်ရဲ့ လက်မောင်းပြတ်ကို ခွေးချီသွားတာမျိုး၊ ကလေးမလေးတစ်ယောက် တစ်ကိုယ်လုံး မြောက်တက်ပြီး အခြားခြံထဲ ပစ်ကျသေသွားတာမျိုးတွေဟာ မြင်ရိုးမြင်စဉ်လိုကို ဖြစ်ခဲ့တယ်။

ဒါပေမယ့် နီရှေးပြောသလို ‘အသက်ရှင်ချင်တဲ့သူဟာ အသက်ရှင်မယ့် နည်းလမ်းကို သိသလို’ ဗြိတိသျှတွေ အသက်ရှင်အောင် ကျင့်ကြံနေထိုင်နိုင်ခဲ့တယ်။

နိုင်ငံတစ်ခုဟာ အခက်အခဲကြုံတိုင်း ဂျာမန်တို့ရဲ့ ဗုံးဒဏ်ကို ကြံ့ကြံ့ခံခဲ့တဲ့ ဗြိတိသျှတို့ရဲ့ သမိုင်းဝင်စိတ်ဓာတ်ကို ပြန်ကြည့်ရစမြဲပဲ။ ဂျာမန်ဗုံးဒဏ်ကို ဗြိတိသျှတို့ ဘယ်လိုရင်ဆိုင် ကျော်လွှားခဲ့သလဲဆိုတော့

1️⃣ ကယ်သူမဲ့ မဖြစ်အောင်နေ

ဂျာမန်လေတပ် ဗုံးလာကြဲတိုင်း ဗြိတိသျှ တော်ဝင်လေတပ်ဟာ ရှိသမျှ လေယာဉ်တွေနဲ့ ပျံတက်ပြီး ခုခံတိုက်ခိုက်တယ်။ ခေါင်မိုးထိပ်တွေကနေ လေယာဉ်ပစ် သေနတ်တွေနဲ့ ပြန်ပစ်ကြတယ်။ ညအချိန်မျိုးမှာ လေယာဉ်ပစ်သေနတ်နဲ့ ဂျာမန်လေယာဉ်ကို ပျက်ကျလာအောင် ပစ်ချဖို့ဆိုတာ မလွယ်တာ ဗြိတိသျှတို့ သိပါတယ်။ ဒါပေမယ့် သူတို့လိုချင်တာက သူတို့ဟာ ကယ်သူမဲ့ မဟုတ်ဘူး။ လည်စင်းပေးနေသူတွေ မဟုတ်ဘူး။ ရသမျှနဲ့ ခုခံနေတယ်ဆိုတဲ့ စိတ်ဓာတ်မျိုး။ ဒီစိတ်ဓာတ်ဟာ အလွန်အရေးပါခဲ့တယ်။

2️⃣ စုစုစည်းစည်းနေ

ဗုံးခိုကျင်းတွေထဲမှာ တစ်ယောက်နဲ့တစ်ယောက် ခေါင်းချင်းရိုက်ပြီး အိပ်ခဲ့ကြရတယ်။ အခက်အခဲတွေကို အတူရင်ဆိုင်ခဲ့ကြတယ်။ အဆိုတော်တွေဟာ အခမဲ့ ဖျော်ဖြေပေးသလို သူတို့ပွဲတွေမှာလည်း လူက ကြိတ်ကြိတ်တိုး။ တစ်ယောက်ထဲ အထီးကျန်နေတာမျိုး မခံစားရအောင် အချင်းချင်း အမြဲထိတွေ့နေတယ်။ နေ့စဉ် ပျော်စရာ၊ ရယ်စရာ၊ စိတ်ထွက်ပေါက်ရစရာတွေကို ရှာကြံလုပ်ကြတယ်။ အချင်းချင်း အားပေးကူညီကြတယ်။

3️⃣ ရယ်ရယ်မောမောနေ

ပျက်စီးဆုံးရှုံးမှုတွေကိုတောင် ရယ်စရာအဖြစ် ပြောင်းပြောကြတယ်။ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ရာမှာ ဒါဟာ အလွန်အသုံးဝင်တယ်။

4️⃣ ယုံကြည်မှု

ဗြိတိသျှတွေဟာ သူတို့ရပ်တည်ချက်သည် မှန်ကန်သော ရပ်တည်ချက်၊ ဟစ်တလာသည် မကောင်းဆိုးဝါး။ ဒါကြောင့် သူတို့ခံနိုင်ရည် ရှိရမယ်ဆိုတဲ့ စွဲမြဲတဲ့ ယုံကြည်မှုကို ကိုင်စွဲထားကြတယ်။

5️⃣ တန်းတူညီမျှမှု

ပဋိပက္ခ ပရမ်းပတာဖြစ်တိုင်း ဆင်းရဲသားတွေဟာ တန်းတူမဆက်ဆံခံရဘူးဆိုတဲ့ အတွေးဝင်တာ ထုံးစံပဲ။ ဗုံးလာကြဲတိုင်း အလုပ်သမား လူတန်းစားတွေဟာ ဇိမ်ခံဟော်တယ်ကြီးတွေထဲက ဗုံးခိုကျင်းတွေထဲ လုဝင်ကြတယ်။ သူတို့မှာလည်း ဒီလိုအခွင့်အရေးရှိတယ်လို့ ယူဆကြတယ်။ အစိုးရကလည်း တတ်နိုင်သမျှ တန်းတူဖြစ်အောင် လုပ်ပေးတယ်။ ရာရှင်ပေးရာမှာ အားလုံးညီတူပဲ။ ဘက်ကင်ဟမ်နန်းတော် ဗုံးထိတာကို မိဖုရားကြီးက သူလည်း ပြည်သူနဲ့အတူ ဗုံးဒဏ်ခံရတယ်ဆိုပြီး ဝမ်းသာတယ်။

ဂျာမန်တို့ ဗုံးအကြီးအကျယ် လာမချခင် တစ်ညနေမှာ ဗုံးဒဏ်အကြီးအကျယ်ခံရမယ့် နေရာကို ဝန်ကြီးချုပ် ချာချီ ကားနဲ့ပတ်ကြည့်တယ်။ ဝန်ကြီးချုပ်ဟာ ပြည်သူတွေနည်းတူ အန္တရာယ်ကြားမှာ သွားလာနေတာကို ပြည်သူတွေ မြင်ရသလို၊ ဗုံးကြောင့် အကြီးအကျယ် ပျက်စီးသွားတဲ့ နေရာတွေကို ဝန်ကြီးချုပ် ပတ်ကြည့်တာလည်း ခဏခဏပဲ။ ချာချီဟာ တစ်ခါတလေ လူမြင်ကွင်းထဲမှာ ကျူကျူပါအောင် ငိုချင်ငိုချလိုက်သေးတာ မဟုတ်လား။
Crd

Ref: ‘How to Survive the Blitz’, David Brooks, MARCH 29, 2020, The Atlantic.

**အကြမ်းမဖက်ပါနဲ့ စည်းကမ်းကြီးကြီးနဲ့ကို အကြမ်းမဖက်ပါနဲ့။ အကြမ်းဖက် တုံ့ပြန်ရမည်ဟူသော သတင်းစကားကို နားမ​ထောင်ပါနဲ့" ဟု ထ...
01/03/2021

**အကြမ်းမဖက်ပါနဲ့ စည်းကမ်းကြီးကြီးနဲ့ကို အကြမ်းမဖက်ပါနဲ့။ အကြမ်းဖက် တုံ့ပြန်ရမည်ဟူသော သတင်းစကားကို နားမ​ထောင်ပါနဲ့" ဟု ထပ်မံ၍ သတင်းစကားပါးလိုပါသည်**

အစိုးရ အကြမ်းဖက်မှုနောက်မှာ ပြည်သူ့ဗျူဟာ ဘယ်လိုရှိမလဲ

အီဂေါ

မြန်မာနိုင်ငံမြို့အသီးသီးမှ သွေးထွက်သံယိုများ၊ သေဆုံးပြည်သူများ၊ ဒဏ်ရာရသူများ၏ ဗွီဒီယိုနှင့်ဓာတ်ပုံများကို မနေ့က တွေ့ခဲ့ကြရသည်။ အဖမ်းခံရသူများကိုလည်း တွေ့မြင်ရသည်။ ထိုဓာတ်ပုံ ဗွီဒီယိုများနှင့် အတူပါလာသော နာကျင်မှုနှင့် ဒေါသကိုလည်း မြင်ရပါသည်။ ဓာတ်ပုံများနှင့် သတင်းစကားများက နာကျင်စွာ အော်ဟစ် အကူအညီတောင်းခံနေပါသည်။ ထို့အပြင် အကြမ်းမဖက်နည်းဖြင့် အလုပ်ဖြစ်ပါ့မလား ဟူသော မေခွန်းကလည်း မကြာခဏပေါ်လာပါသည်။

အကြမ်းမဖက် ဆန့်ကျင်ရေးကအလုပ်မဖြစ်လျှင်၊ ကျည်ဆံအစစ်များဖြင့် ပစ်ခတ်ခံနေရလျှင် အခြားနည်းလမ်းမပြောင်းသင့်ဘူးလား၊ အကြမ်းဖက်၍ မိမိကိုယ်ကိုယ် မကာကွယ်သင့်ဘူးလားဟု မေးကြသည်။ "အကြမ်းမဖက်ပါနဲ့ စည်းကမ်းကြီးကြီးနဲ့ကို အကြမ်းမဖက်ပါနဲ့။ အကြမ်းဖက် တုံ့ပြန်ရမည်ဟူသော သတင်းစကားကို နားမ​ထောင်ပါနဲ့" ဟု ထပ်မံ၍ သတင်းစကားပါးလိုပါသည်။

ဒေါသနှင့် ထိတ်လန့်စိတ်ကြောင့် အကြမ်းဖက်ရန် ဆော်ဩကြသည်ကို နားလည်ပါသည်။ ထိုသို့ဆိုလျှင် သွေးဆူလွယ်သော တိုက်ခိုက်ရေးသမား၊ အရှည်မမြင်သော ဗျူဟာသမားဖြစ်နေမည်ကို သတိပြုရပါမည်။ စစ်တပ်ဘက်မှ လူငယ်များ အကြမ်းဖက်လာအောင် လှုံ့ဆော်သော ဒလန်များလည်း ရှိပါသည်။ အကြမ်းမဖက်ကြပါနှင့် အခြားသူများကိုလည်း အကြမ်းမဖက်အောင် ဖျောင်းဖျပေးပါ။

စစ်တပ်နှင့်ရဲ၏ အကြမ်းဖက်မှုသည် မည်သည့်အခါကမှ မတော်တဆ မဟုတ်ပါ။ ရည်ရွယ်ချက်ရှိရှိနှင့် လာသော အမိန့်များဖြစ်ပါသည်။ သူတို့၏ ယခုရက်များအတွင်း အကြမ်းဖက်မှုသည် တိကျသော ရည်ရွယ်ချက်များရှိသည်။

၁။ ပထမ ရည်ရွယ်ချက်မှာ အကြမ်းဖက်မှုအားဖြင့် ကုလသမဂ္ဂတွင် စစ်ကောင်စီ၏ အရေးနိမ့်မှုကို အလျင်အမြန် ဖုံးသွားမည့် ပြည်တွင်းပြည်ပ သတင်းမီဒီယာ အခြေအနေကို ဖန်တီးရန်ဖြစ်သည်။

၂။ ဒုတိယရည်မှန်းချက်မှာ လူထုတွင်း ကြောက်စိတ်ဖန်တီးရန် ဖြစ်သည်။ ဆန္ဒပြပွဲတွင်ဆက်ပါနေလျှင် ကြုံရမည့် အန္တရာယ်နှင့် ပေးဆပ်ရမည့် တန်ဖိုးမှာ ကြီးသည်ဟု ပြရန်ဖြစ်ပါသည်။ ထိုသို့ဆိုလျှင် လာမည့်ရက်များတွင် ပြည်သူများလမ်းပေါ်ထွက်ရန် အနည်းငယ် တုံ့ဆိုင်းသွားမည်။

၃။ တတိယနှင့် အဓိက ရည်မှန်းချက်မှာ ဒေါသထွက်နေသော လူငယ်များဆီမှ တန်ပြန်အကြမ်းဖက်မှု ပေါ်လာစေရန်ဖြစ်ပါသည်။ တန်ပြန်အကြမ်းဖက်လာရန်မှာ အာဏာသိမ်းစစ်ကောင်စီမှ အဓိက လိုအပ် နေသော အရာဖြစ်ပါသည်။ နိုင်ငံတဝှမ်းမှ ဆရာဝန်များ၊ ဆရာများ၊ ဝန်ထမ်းများ၊ အလွှာအသီးမှ လူကြီး လူငယ် ဆယ်ကျော်သက် ယောကျာ်း မိန်းမ အစုံစုံအလင်လင် ပြည်သူများ ပါကြသည့် လှပသော၊ အေးချမ်းသော၊ စည်းကမ်းရှိသော ဆန့်ကျင် ဆန္ဒပြမှုနေရာတွင် လမ်းပေါ်တိုက်ပွဲများဖြင့် အစားထိုးရန် တပ်က လိုလားပါသည်။ ထိုသို့သော ကျယ်ပြန့်ကြီးမားသည့် ပြည်သူများနေရာတွင် ကျောက်တုံးများ၊ ရေနံဆီဗုံးများဖြင့် ပစ်နေသော လူငယ် ၁၀၀၊ ၂၀၀ ခန့်နှင့် အစားထိုးသွားသည့် အခြေအနေကို တပ်က လိုချင်ပါသည်။ သူတို့နောက်တွင် ထောင်ချီသော ပြည်သူများ ရှိမနေသည့် ထိုအခင်းအကျင်းကို လိုချင်ပါသည်။ တပ်သည် ထိုလူ ၁၀၀/ ၂၀၀ အား မည်သို့ကိုင်တွယ်ရမညိကို သိပါသည်။ သူတို့သည် အကြမ်းဖက်ဆန့်ကျင်မှုကို အကြမ်းဖက် နှိပ်ကွပ်ရန် လေ့ကျင့်ထားသူများ ဖြစ်ပါသည်။

အမြဲတမ်း အသွင်ပြောင်းနေ၍ ဥာဏ်ပညာပါသော မထင်မှတ်သည့် အကြမ်းမဖက်နည်းလမ်းများကို တပ်သည် မကိုင်တွယ်တတ်ပါ။

ထိုအချက်ကြောင့်ပင် ယနေ့အတွက် အရေးကြီးဆုံး အကြံပြုချက်မှာ မကြမ်းမဖက်ရန် ဖြစ်ပါသည်။

- အကြမ်းမဖက်ပါနှင့် အကြမ်းမဖက်ဆန့်ကျင်ရေးကို ကြပ်ကြပ်စောင့်ထိန်းပါ။

- အင်တာနက်တွင် ဓာတ်ပုံ၊ ဗွီဒီယို ဖြန့်ဝေမှုများကို သတိပြုပါ။ လူအဖွဲ့အစည်းအတွင်း ကြောက်စိတ်ဖန်တီးရေး လုပ်နေသော တပ်၏ ယန္တရားတွင် သတိမထားမိဘဲ ဝင်ကူညီနေသူ မဖြစ်ပါစေနှင့်။ ထိတ်လန့်စရာပုံရိပ်များ ပျံ့နှံ့လျှင် လူထုတွင်း ကြောက်စိတ်ကြီးလာမည်။ တဖက်တွင်လည်း စစ်တပ်နှင့်ရဲ၏ ရာဇဝတ်မှုများကို မှတ်တမ်းမှတ်ရာ သေသေချာချာ ရှိထားရပါမည်။ အခြေအ​နေမှန် ရုပ်သံမှန်များတွင် လူထုလှုပ်ရှားမှုဘက်မှ အားဖြစ်စေမည့် ဇာတ်ကြောင်းနှင့် သတင်းစကားပါရပါမည်။ ဓာတ်ပုံနှင့်ဗွီဒီယိုများသည် သူ့ချည်းသာ မဟုတ်ပါ။ သူက သယ်ဆောင်ပေးသော သတင်းစကား ရှိပါသည်။ ကြောက်လန့်သွားမည့် ရှုံးပြီဟူသော စိတ်မျိုးဖြစ်စေမည့် ဇာတ်ကြောင်းများ မပြန့်ပါစေနှင့်။ အားပေး အားရှိစေသော သတင်းစကားသာဖြစ်ပါစေ။

- နောက်ဆုံးအနေနှင့်အကြံပြုလိုသည်မှာ ခန့်မှန်း၍ ရသောပုံစံမှ နေ၍ အခြားနည်းပရိယာယ်များသို့ ပြောင်းပါ၊ ယခုလုပ်နေသော နည်းတွင် ဘယ်နေရာလူစုမည်ဟု ကြိုသိနေသည်။ လုံခြုံရေး ယူထားသော နေရာများကို ရှောင်၍ မထင်မှတ်သော နေရာများမှ ထွက်ပါ။ တိုက်ရိုက် ရင်ဆိုင်မှု မဟုတ်ဘဲ ဘာလုပ်ရမှန်းမသိဖြစ်မည့် တင့်ကားများ လွှတ်ရန် မလွယ်သည့် နည်းလမ်းများ ရှာပါ။ ဆန္ဒပြနေတာလား ကစားနေတာလား မရှင်းမလင်းဖြစ်မည့် နည်လမ်းများ အရွှင်ရပ်ဝန်းများ လုပ်၍ရပါသည်။ နှိမ်နင်းရန် မလွယ်သော အလုပ်များဖြစ်ရမည့် တပြိုင်တည်းတွင် လူအများပါဝင်ဆင်နွှဲနိုင်သော လှုပ်ရှားမှုများကို ဦးတည်ရမည် ထင်ပါသည်။

Igor Blazevic အီဂေါ ဘလာဇီဗစ်
—————————————————
၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း Igor Blazevic ဟာ Educational Initiatives ရဲ့ ဥဦးဆောင်ဆရာတဦး ဖြစ်ခဲ့ပြီး Comparative experiences of successful and failed transitions to Democracy “ဒီမိုကရေစီ အသွင် ကူးပြောင်းမှုများ အောင်မြင်ခဲ့ခြင်းနှင့် ကျဆုံးခဲ့ခြင်း အတွေ့အကြုံများ“ သင်တန်းတွေကို သင်ကြားပို့ချခဲ့ပါတယ်။

လက်ရှိမှာ ချက်နိုင်ငံ Prague Civil Society Centre နဲ့ အရှေ့ဥရောပ၊ ကော့ကေးဆပ်ဒေသနဲ့ အာရှအလယ်ပိုင်း နိုင်ငံတွေက အရပ်ဘက်လူထုကို ပံ့ပိုးအားပေးတဲ့ စီမံချက်တွေကို လုပ်ဆောင်နေပါတယ်။ Igor Blazevic ဟာ မြန်မာနိုင်ငံမှာ “လူ့အခွင့်အရေးနဲ့လူ့သိက္ခာ ရုပ်ရှင်ပွဲတော်” လုပ်ရာမှာ အဓိကပူးပေါင်းပံ့ပိုးတဲ့ “One World Human Rights Film Festival” ကို တည်ထောင်သူလည်း ဖြစ်ပါတယ်။

Free to post

01/03/2021

CDM မလုပ်သေးတဲ့ ဝန်ထမ်းများ သတိထားပါ
Social Punishment ဆိုတာ
ရေးသားသူ. ပိုးဖြူသန့်

ပြည်သူတွေကို ဖိနှိပ်၊ သတ်ဖြတ်နေတဲ့ စစ်အုပ်စုအပေါ် Social Punishment လုပ်တာ သိပ်ထိရောက်ပါတယ်..

တနင်္ဂနွေနေ့မနက်ပိုင်းမှာ မန္တလေးဆေးဝါးတက္ကသိုလ် ပါချုပ်သိန်းမေစောရဲ့ CDM လုပ်သူတွေကို အရေးယူဖို့ တိုင်တဲ့စာ online ပေါ် ရောက်လာပါတယ်.. စာနဲ့အတူ ယူကေမှာ ဆရာဝန်လုပ်နေတဲ့ သူ့သမီး လှမဥ္ဇူခိုင်ရဲ့ ကိုယ်ရေးအချက်အလက်တွေ ချက်ချင်း ထွက်လာပြီး ယူကေရောက် မြန်မာတွေဟာ မြန်မာအသိုင်းအဝိုင်းမှာ Social Punishment စ လုပ်ပါတယ်..

အဲ့ဒါကို ကောင်မလေးက ခပ်လှောင်လှောင်နဲ့ သူ့ယူကေလစာသည် မြန်မာငွေ သိန်းဆယ်ဂဏန်းကြီးကြီးမို့ သူ့အမေ ပါချုပ်လစာလောက်က အသေးအဖွဲ၊ သူတို့က ငွေမက်စရာလား၊ သူ့အမေသည်သာ ဖြူစင်သူ စင်ဒရဲလားလေး လုပ်ပြီး ပြည်သူကို မတောင်းပန်ရုံမက ဗြောင်ငြင်းပါတယ်..

ယူကေရောက် မြန်မာတွေဟာ ဒီလိုလူကို အပေါင်းအသင်း မလုပ်ဖို့ အချင်းချင်း ဆော်ဩရုံမက သူ အလုပ်လုပ်ရာ ယူကေဆေးရုံ၊ သူနေတဲ့မြို့နယ်က ရဲစခန်း၊ ယူကေလူဝင်မှုကြီးကြပ်ရေးတွေအထိကို စာပို့ကြတော့တာပါပဲ.. ဒီဆရာဝန်မရဲ့ မိသားစုသည် အကြမ်းဖက်လုပ်ရပ်ကို အားပေးနေတာဖြစ်တဲ့အတွက် သူ့ကို ဗီဇာသိမ်းပြီး မြန်မာပြည်ပြန်ပို့ပါလို့ အကျိုးအကြောင်းနဲ့တကွ စာပို့ကြောင်းတင်အပြီးမှာတော့ သူ့သမီးဟာ သူ့အမေကို ချက်ချင်းဖုန်းဆက်ပ်တော့တယ်..

အဲ့သလိုနဲ့ ရုံးပိတ်ရက် တနင်္ဂနွေနေ့ကြီးမှာကို ဆေးဝါးပါချုပ်သိန်းမေစောရဲ့ တောင်းပန်စာဟာချက်ချင်းထွက်လာတာပါပဲ.. သူက ဒီလိုဆိုလိုတာ မဟုတ်ပါကြောင်း၊ ဘာကြောင်းညာကြောင်း ပြည်သူနဲ့အတူ ရပ်တည်ကြောင်းတွေအပြင် သူတိုင်တဲ့စာကလည်း တကယ်အရေးယူစေချင်လို့ မဟုတ်ရကြောင်းတွေပါ လက်တလုံးခြားလုပ် တောင်းပန်တော့တာပါ..

ဝန်ထမ်းတွေကို မညှာတာသူဟာ သူ့သမီး U.K ဗီဇာထိပြီး ပြည်တော်ပြန်ရမယ်ဆိုမှ အသိတရားဝင်ပြီး ပြည်သူ့ဘက်က ရပ်ချင်ယောင် ဆောင်တော့တာပါပဲ.. ကိုယ့်ပေါင်ပေါ်ကျတဲ့ မီးပွါးမှ ပူတယ်ထင်ရဲ့.. ပြည်သူတွေကတော့ အခုမှ တောင်းပန်လည်း ခွင့်လွှတ်ပေးစရာ လုံးဝမရှိတာမို့ Social-punishment လုပ်ကြပါလိမ့်မယ်..

ဆိုတော့ စစ်အုပ်စုကို ထောက်ခံပြီး ပြည်သူတွေရဲ့ အနာဂတ်ကို ဖိအားပေး၊ အလိုတော်ရိ လုပ်နေသူတွေဟာ လူ့အသိုင်းအဝိုင်းက အကျဉ်ခံရ၊ ယူကေက ပြန်ရမှာတော့ ကြောက်ကြတာပါပဲ.. နောင်ကိုလည်း မြန်မာပြည်မှာ ပြည်သူတွေကို ဖိမယ်ဆို အလိုတော်ရိတွေအနေနဲ့ ကိုယ့်သားသမီးက ဘယ်မှာလဲ အရင်စဉ်းစားပါ.. ယူကေရောက် မြန်မာတွေလက်ထဲ အချက်အလက်ရောက်လို့ကတော့ ဘာဖြစ်မလဲဆိုတာ မြင်တဲ့အတိုင်းပါပဲ.. ပြည်သူက ဒဏ်ခတ်တာ မခံနိုင်ရင် ပြည်သူအပေါ် စာစာနာနာ မျှမျှတတနေကြပါ.. ဒါပါပဲ..

#စစ်အာဏာရှင်စနစ်မုချကျရှုံးရမည်

စစ်ကောင်စီရဲ့ အလိုတော်ရိအဖြစ် ခုမှနန်းတက်လာတဲ့မန္တလေးတိုင်းတရားသူကြီးချုပ် (ဒေါ်ခင်သင်းဝေ) မှ အစည်းအဝေးတွင် အဖမ်းဆီးခံ အ...
01/03/2021

စစ်ကောင်စီရဲ့ အလိုတော်ရိအဖြစ် ခုမှနန်းတက်လာတဲ့မန္တလေးတိုင်းတရားသူကြီးချုပ် (ဒေါ်ခင်သင်းဝေ) မှ အစည်းအဝေးတွင် အဖမ်းဆီးခံ အမှုများစီရင်ရာတွင် တရားသူကြီးများအား သူ၏ အမိန့်နာခံရန် အမိန့်ပေး

စစ်ကောင်စီက အသစ်ခန့်လိုက်တဲ့ မန္တလေးတိုင်းတရားသူကြီး ဒေါ်ခင်သင်းဝေမှ တရားသူကြီးများအား ၁၈၈ ဖြင့် အဖမ်းခံသူများအား ထောင် (၃) လ အတိချရန်၊ အခြားပုဒ်မများကိုလည်း ထောင်ရသလောက်ချပြီး မလွှတ်ပေးရန်၊ ၅၀၅ (က)၊ ၅၀၅ (ခ) ပုဒ်မများဖြင့် စွဲဆိုထားပါက အမိန့်မချမီ လောက်ကောင်မအား သတင်းပို့ရန်၊ ထောင်ချမည့် ပမာဏကို ဒေါ်ခင်သင်းဝေမှ သတ်မှတ်မည်ဟုပြောကြား၊

နိုင်ငံရေးသမားများအား video conferencing ဖြင့် သာစစ်ဆေးရန်၊ ငွေဒဏ်မချဘဲ ထောင်ဒဏ်သာချရန်၊ ရှေ့နေများကိုလည်း အမည်ခံအဖြစ်သာ အသုံးချရန်၊ အမှုစစ်ဆေးခွင့်များ ရသလောက်ပိတ်ပင်ရန်၊ ရှေ့နေများ၏အခွင့်အရေးများကိုလည်း မပေးရန် စသဖြင့် အစည်းအဝေးတွင် တချက်လွှတ် ဩဝါဒ မိန့်ကြားခဲ့ရာ မြို့နယ်နှင့် ခရိုင်တရားသူကြီးများမှ မခံမရပ်နိုင်ဖြစ်ခဲ့ကြရပါသည်။

မြို့နယ်နှင့် ခရိုင်တရားသူကြီးများမှ မိမိတို့စစ်ဆေးပြီး ပေါ်သလောက်သာ အမိန့်ချမည်ဟု ပြောကြားသော်လည်း လက်မခံပဲ နင်တို့က ရှေ့နေတွေလား ရှေ့နေတွေအတွက် လိုက်မှာလားဟု ပြောကြားခဲ့သည်။

ထို့ကြောင့် အလိုတော်ရိ တရားသူကြီးဒေါ်ခင်သင်းဝေသည် ပြည်သူများနှင့် ခေါင်းဆောင်များကို အပြတ်အသတ် နှိပ်ကွပ်ရန် အာဏာရှင်စနစ်ကို အကောင်အထည်စတင်ဖေါ်ဆောင်နေပြီဖြစ်ပါသည်။

စစ်ကောင်စီထံမှ မန္တလေးတိုင်းတရားသူကြီးချုပ်ရာထူးကို လက်ခံထားသူ အလိုတော်ရိ လောက်ကောင်မ ဒေါ်ခင်သင်းဝေအား ပြည်သူများနှင့် ရှေ့နေများမှ ဝိုင်းဝန်း၍ အချက်အလက် ထပ်မံဖေါ်ထုတ်ပြီး social punishment ပြုလုပ်ပေးကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

အလိုတော်ရိ ဒေါ်ခင်သင်းဝေ ၏ ကိုယ်ရေးအချက်အလက်
=======================
မန္တလေးတိုင်းတရားသူကြီး ဒေါ်ခင်သင်းဝေ
Daw Khin Thin Wai

တရားသူကြီးဒေါ်ခင်သင်းဝေသည် မန္တလေးတိုင်း ဒေသကြီးတရားလွှတ်တော် တရားသူကြီးအဖြစ် ၂၀၁၁ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ခန့်အပ်ခံခဲ့ရပါသည်။ ဒေါ်ခင်သင်းဝေသည် ယခင်က ညွှန်ကြားရေးမှူးအဆင့်နှင့် ညီမျှသော ‌တွဲဖက်တိုင်းတရားသူကြီးအဖြစ် ၂၀၀၇ခုနှစ်တွင် ခန့်အပ်ခံခဲ့ရပါသည်။ ဒေါ်ခင်သင်းဝေကို ၁၉၆၀ပြည့်နှစ်တွင် မွေးဖွားခဲ့ပြီး ၄င်းသည် ၁၉၈၂ခုနှစ်တွင် ရန်ကုန်ဝိဇာသိပ္ပံတက္ကသိုလ်မှ ဥပဒေဘွဲ့ကို ရရှိခဲ့ပါသည်။ ဒေါ်ခင်သင်းဝေသည် ၁၉၈၄ခုနှစ်တွင် တရားရေးအရာရှိအဆင့် (၄)အဖြစ် တရားရေးဌာနတွင် စတင်ဝင်ရောက်ခဲ့ပြီး ညွှန်ကြားရေးမှူးအဆင့်နှင့် ညီမျှသော ‌တွဲဖက်တိုင်း တရားသူကြီးအဆင့်အထိ စုစုပေါင်းလုပ်သက် (၂၇)နှစ်ကျော် တရားရုံးအဆင့်ဆင့်တွင် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဒေါ်ခင်သင်းဝေသည် အိမ်ထောင်မရှိသူ တစ်ဦးဖြစ်ပါသည်။

အဝေးရောက် တရားသူကြီးတစ်ဦး
၂၈.၂.၂၀၂၁

CDM လုပ်မလား။နွားတွေလိုကျိုးနွံပြီး စစ်ဖိနပ်လျှက်မလား။ ရွေးချယ်ပါ။
23/02/2021

CDM လုပ်မလား။
နွားတွေလိုကျိုးနွံပြီး စစ်ဖိနပ်လျှက်မလား။ ရွေးချယ်ပါ။

မန္တလေးကျန်းမာပါစေ။အမေရိကန်သံရုံးရှေ့မှာ လူငယ်တွေ ဆန္ဒပြုခဲ့ကြပါတယ်။20.2.2021Photo crd
20/02/2021

မန္တလေးကျန်းမာပါစေ။
အမေရိကန်သံရုံးရှေ့မှာ လူငယ်တွေ ဆန္ဒပြုခဲ့ကြပါတယ်။
20.2.2021
Photo crd

နိုင်ငံကြီး (၁‌၄) နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ၏ ကြေညာချက်၎င်းတို့၏တရားဝင်အစိုးရဖြုတ်ချခံရခြင်းအတွက် ငြိမ...
14/02/2021

နိုင်ငံကြီး (၁‌၄) နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ၏ ကြေညာချက်

၎င်းတို့၏တရားဝင်အစိုးရဖြုတ်ချခံရခြင်းအတွက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေကြသော ဆန္ဒပြသူများနှင့်အရပ်သားပြည်သူလူထုအား အကြမ်းဖက်ခြင်းမှ ရှောင်ကြဉ်ရန် လုံခြုံရေးတပ်ဖွဲ့များကို မိမိတို့တောင်းဆိုပါသည်။

နိုင်ငံရေးခေါင်းဆောင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းလှုပ်ရှားတက်ကြွသူများ၊ သတင်းသမားများနှင့် နိုင်ငံ့ဝန်ထမ်းများအား ဖမ်းဆီးထိန်းသိမ်းထားခြင်းနှင့်ဆက်လက်ဖမ်းဆီးနေခြင်းကို မိမိတို့အနေဖြင့် ပြတ်ပြတ်သားသားအတိအလင်း ကန့်ကွက်ရှုတ်ချပါသည်။

စစ်တပ်က ဆက်သွယ်ရေးစနစ်ကိုကြားဖြတ်နှောင့်ယှက်ခြင်းအပြင် မြန်မာနိုင်ငံသားများ၏ အခြေခံရပိုင်ခွင့်များနှင့် ဥပဒေအရအကာအကွယ်ပေးထားသည့်အခြေခံအခွင့်အရေးများကို ချုပ်ချယ်ကန့်သတ်ခြင်းအတွက်လည်း မိမိတို့ လူသိရှင်ကြားကန့်ကွက်ရှုတ်ချပါသည်။

ဒီမိုကရေစီ၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနှင့်သာယာဝပြောမှုကို ရှာဖွေနေကြသော မြန်မာပြည်သူလူထုကို မိမိတို့ထောက်ခံအားပေးနေပါသည်။ တစ်ကမ္ဘာလုံးကလည်းစောင့်ကြည့်နေပါသည်။

ဤကြေညာချက်ကို ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများဖြစ်ကြသော - ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်နိုင်ငံ - နော်ဝေ၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများက ပူးပေါင်းလက်မှတ်ရေးထိုးထုတ်ပြန်ပါသည်။

Statement by Ambassadors to Myanmar

We call on security forces to refrain from violence against demonstrators and civilians, who are protesting the overthrow of their legitimate government.

We unequivocally condemn the detention and ongoing arrests of political leaders, civil society activists, and civil servants, as well as the harassment of journalists.

We also denounce the military's interruption of communications, as well as the restriction of the Myanmar people's fundamental rights and basic legal protections.

We support the people of Myanmar in their quest for democracy, freedom, peace, and prosperity. The world is watching.

Signed by the Ambassadors to Myanmar from Canada; the Delegation of the EU and European Union Member States with presence in Myanmar: Denmark, Czech Republic, Finland, France, Germany, Italy, Netherlands, Spain, and Sweden; Norway; Switzerland; the United Kingdom; and the United States

Address

Laydauangkan Road
Yangon

Alerts

Be the first to know and let us send you an email when Future Light Educational Charity Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Future Light Educational Charity Group:

Shortcuts

Share

Category