Shun's milestones

Shun's milestones

Share

This is your personal Bff Shun🤓!

27/04/2026

G10,11,12 Chemistry ကိုအခြေခံပါအောင်ပညာဒါနနီးပါး သင့်တင့်တဲ့ fees နဲ့ သင်ပေးမယ်ဆိုစိတ်ဝင်စားကြလား ?

Chemistry က တက္ကသိုလ်ဝင်တန်းမှာ ဂုဏ်ထူးထွက်ဖို့ လွယ်သယောင်ရှိပေမယ့် တကယ်အခြေခံမပိုင်တဲ့ ကလေးအ​တွက် စာမေးပွဲကြီးမှာမေးလာတဲ့ ဉာဏ်စမ်းတွေ Concept based question တွေကိုဖြေရတာခက်ခဲပါတယ်။

အမ အထက်တန်းတစ်လျှောက်မှာ Chemistry ကိုအကြိုက်ဆုံးဖြစ်ခဲ့ပြီးတော့ နှံ့နှံ့စပ်စပ်လေ့လာခဲ့တာမို့လို့အခြေခံပါအောင်သင်ပေးနိုင်ပါတယ်။
[ အမက Grade-12 စနစ်သစ်ပထမဆုံးနှစ်မှာ All D အမှတ်ပေါင်း 524 မှတ် ၊ Chemistry ကို 92 မှတ် နဲ့အောင်မြင်ခဲ့သူဖြစ်ပြီး အခုလက်ရှိ ဒုတိယနှစ်ဆေးကျောင်းသူပါ ။ ]

အမက ဆရာနဲ့စာသင်ရတာမျိုးမဟုတ်ဘဲပေါ့ပေါ့ပါးပါးဖြစ်အောင် ၊ Chemistry ကို မကြောက်အောင် ပညာဒါနနီးပါး သက်သာတဲ့ fees နဲ့ စေတနာထား သင်ပေးမှာမို့ ဒီအခွင့်အရေးကိုရအောင်ဖမ်းဆုပ်ကြဖို့ တိုက်တွန်းပါတယ်။

Main Platform - Zoom
( In person also available - ဆေးတက္ကသိုလ် ၂ အနီး မြောက်ဥက္ကလာမြို့နယ်၊ ရန်ကုန်မြို့ -အချိန်နဲ့ fee ကို dm မှာလာညှိလို့ရပါတယ်ရှင့်။ )

Fees (Only for Zoom)
30000 Ks per month for G10
35000 Ks per month for G 11
45000 Ks per month for G 12
အတန်းချိန်ကိုအသေးစိတ်ပြန်ပြောပေးပါမယ်ရှင့် ။

သေချာကြည့်ပေးနိုင်အောင် လူဦးရေ ကန့်သတ်ထားတာမို့ အပြေးလေးလာအပ်ကြတော့နော်။

With love,
Your personal Bff ' Shun '

Photos from Shun's milestones's post 18/01/2026

ဆေးတက္ကသိုလ်၊ မကွေး အကြောင်းဘာသိထားလဲ ?

မောင်လေး၊ ညီမလေးတို့မင်္ဂလာပါ။ ရွှန်းပါ။ မှတ်မိတယ်မလားနော်။ ဒီတလောစာ​မေးပွဲတွေဖြေနေရတာရယ် ကျောင်းပိတ်တော့လည်းစာရေးဖို့ပျင်းနေတာနဲ့ အခုမှသေချာရေးဖြစ်ပါတယ် ဟီး။

ရွှန်း G12 စာတွေတင်ပြီးတော့ ဘာရေးရင်ကောင်းမလဲ
စဥ်းစားနေတာနဲ့ ကြာသွားပါတယ်။(To effectively create one post about my med school journey is absolutely difficult fr☹️ . )

ဒီတစ်ခါတော့ ရွှန်းအားလပ်နေချိန်လေးမှာ Uni life အကြောင်းစာလေးတွေရေးချင်လာလို့ ဆေးကျောင်းအကြောင်းစာလေးတွေအစပျိုးတင်ပေးပါမယ်ရှင့်။

တခြားကျောင်းကမောင်လေး၊ညီမလေးတွေလဲဆေးကျောင်းမှာဘာတွေရှိလဲ ? ဘာတွေလုပ်ရမလဲ ? စိတ်ဝင်စားမယ်ထင်ပါတယ် At least, you should once in a life time :3 (ဆရာဝန် မဖြစ်လဲ ဆရာဝန်မလေးနဲ့ ဖြစ်အောင်လို့ မြေပြင်ဗဟုသုတတွေဖတ်ကြစို့ 😎)

And also as a motivation post for future juniors who want to join med school !

ရွှန်းကတော့ဆေးကျောင်းစာတွေအကြောင်းမပြောခင် ဒီတစ်ခေါက်တော့ ပေါ့ပေါ့ပါးပါး ကိုယ်တက်တဲ့ဆေးကျောင်းက စိတ်ဝင်စားဖို့ကောင်းတဲ့ legendary spots တွေအကြောင်း ပြောပြပါမယ်။

ဆေးကျောင်း(၆) ကျောင်းရှိတဲ့ အထဲ​ကမှ ရွှန်းကဆေးတက္ကသိုလ်မကွေး ၊ University of medicine,Magway (UMMG )မှာတက်နေပါတယ်။

ဒါကြောင့် ဆေးတက္ကသိုလ်မကွေးက အထင်ကရနေရာများအကြောင်းပြောပြမှာဖြစ်ပါတယ်ရှင်။

Disclaimer : ကျွန်မရေးသောစာများသည်ကျွန်မ၏အတွေ့အကြုံ​များအပေါ်အခြေခံ၍ရေးသားချက်များသာဖြစ်ပြီးကျောင်း၏ဂုဏ်သိက္ခာကိုငြိုးနွမ်းစေလိုခြင်းလုံးဝ(လုံးဝ)မရှိပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

With love,
Your personal Bff Shun

16/08/2025

Knock Knock! I am here lovelies

ကဲ တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းတွေလဲ ထွက်ပြီနော်။ ကြိုးစားပမ်းစားဖြေပေးခဲ့ကြတဲ့ မောင်လေး၊ညီမလေးတွေအားလုံးအတွက်ဝမ်းမြောက်ဂုဏ်ယူပါတယ်။အကြောင်းအမျိုးမျိုးကြောင့် ကျရှုံးတဲ့မောင်လေး၊ညီမလေးတွေလဲ စိတ်ဓာတ်မကျဘဲပြန်ဖြေဖို့အမတိုက်တွန်းပါတယ်။ဒီတစ်ခေါက်မှာတော့အမကတက္ကသိုလ်ဝင်တန်း အောင်ထားတဲ့ မောင်လေး၊ညီမလေးတွေထဲကမှ ဆေးတက္ကသိုလ်တက်ချင်တဲ့ ကလေးတွေအတွက်ဆေးကျောင်းအကြောင်းလေး မျှဝေပေးချင်ပါတယ်။

(၁) အမှတ်ဘယ်လောက်ရရင် ဆေးကျောင်းတက်လို့ရတာလဲ ?
ဆေးကျောင်းကိုတက္ကသိုလ်ဝင်တန်းမှာသိပ္ပံဘာသာတွဲစုစုပေါင်းရမှတ်(၄၅၀)နဲ့ အထက်ဆိုစလျှောက်လို့ရပါပြီ။အဲ့ထဲကမှ ဆေးကျောင်းအတွက်အရေးကြီးတဲ့ဘာသာရပ်တွေဖြစ်တဲ့ အင်္ဂလိပ်စာ၊ဓာတုဗေဒ၊ဇီဝဗေဒ (English,Chemistry,Bio) သုံးဘာသာ ရမှတ်အနည်းအများအလိုက်ပြန်စဥ်ပြီး သတ်မှတ်ဦးရေပြည့်အောင်ခေါ်တာပါရှင်။(တစ်နှစ်နဲ့ တစ်နှစ်ခေါ်တဲ့ လူအရေအတွက်နဲ့ အနိမ့်ဆုံးဖြတ်မှတ်တွေကတော့မတူတာမို့လို့ ကိုယ့်ဘက်ကသေချာနေအောင်အမှတ်များထားရင်ပိုကောင်းပါတယ်။)

(၂)ဆေးကျောင်းဘယ်နှစ်ကျောင်းရှိတာလဲ?
ဆေးကျောင်းကစုစုပေါင်း(၆) ကျောင်းရှိပါတယ်။
ဆေးတက္ကသိုလ်(၁)၊ရန်ကုန်
ဆေးတက္ကသိုလ်(၂)၊ရန်ကုန်
ဆေးတက္ကသိုလ်၊မန္တလေး
ဆေးတက္ကသိုလ်၊မကွေး
ဆေးတက္ကသိုလ်၊တောင်ကြီး နဲ့
Faculty of Medicine,Naypyitaw State Academy
တို့ဖြစ်ပါတယ်။ဒီဆေးကျောင်းတွေအပြင်တပ်မတော်ဆေးတက္ကသိုလ် လည်းရှိပြီးတော့
တူညီတဲ့ MBBS(Bachelor of Medicine and Bachelor of Surgery)ဘွဲ့ကိုချီးမြှင့်တာဖြစ်ပါတယ်။
ဒီနေရာမှာမောင်လေး၊ညီမလေးတွေကိုတစ်ခါတည်းရှင်းအောင် ရှင်းပြချင်ပါတယ်။ဆေးကျောင်းရတာက ကိုယ်​ဖြေတဲ့စာစစ်ဌာနနဲ့ ကျောင်း​အပေါ်မူတည်ပြီးချပေးတဲ့ဆေးကျောင်းကိုတက်ရတာဖြစ်ပါတယ်။အမှတ်အနည်းအများကြောင့်ရောက်တာမျိုးလုံးဝမဟုတ်ပါဘူး။(ဥပမာ ကိုယ်က မကွေးစာစစ်ဌာန သို့ မကွေးတိုင်းထဲပါတဲ့ကျောင်းမှာဖြေလာခဲ့ရင် ဆေးတက္ကသိုလ်၊မကွေးကိုပဲရောက်မှာဖြစ်ပါတယ်။)

(၃)ဆေးကျောင်းက ဘယ်နှစ်နှစ်တက်ရတာလဲ ?
ဆေးကျောင်းကအမတို့နှစ်ကစပြီး အလုပ်သင်ဆရာဝန်(Houseဆင်းရတဲ့နှစ်)အပါအဝင်ကိုမှခြောက်နှစ်ပဲတက်ရတော့မှာပါ။(KG+12 )ကအောင်လာတဲ့ အတန်းဖြစ်တဲ့အတွက် Foundation Year ကိုဖြုတ်လိုက်ပြီး Introductory course သင်ပြီးတာနဲ့ Yr1 ကစတက်ရပါတယ်။( Foundation ဖြုတ်တယ်ဆိုပေမယ့် မြန်မာစာနဲ့အင်္ဂလိပ်စာနှစ်ဘာသာတော့ သင်ရပါသေးတယ်။)

(၄)ဆေးကျောင်းမှာအတန်းတွေဘယ်လိုခွဲထားလဲ?
ဆေးကျောင်းတက်ရတဲ့ကာလ (၆) နှစ်ကို Pre Clinical Year နဲ့ Clinical Year ဆိုပြီးခွဲထားပါတယ်။
Pre clinical Year မှာ
Year -1 နဲ့ 2 ပါဝင်ပြီးတော့ အခြေခံဆေးစာတွေကိုဆေးကျောင်းမှာပဲ စာတွေ့အဓိကသင်ရတာဖြစ်ပါတယ်။
Clinical Year မှာ
Year 3,
Year 4(or Final Part-1လို့လဲခေါ်ပါတယ်)
Year 5 (or Final part 2) နဲ့
House officer (House Surgeon) ဆိုပြီးပါဝင်ပြီးတော့ သင်တဲ့အခါလဲ ဆေး​ရုံတွေမှာပဲ လူနာနဲ့ထိတွေ့ပြီးတော့ စာတွေ့၊လက်တွေ့ပို့ချသင်ကြားပေး​တာဖြစ်ပါတယ်။​ ဒီ clinicalနှစ်တွေမှာတော့ ဆေးရုံမှာပဲ စာသင်ခန်းနဲ့ လူနာနဲ့ သင်ရတာဖြစ်ပြီး ဆေးကျောင်းမှာလာသင်ရတဲ့ ဘာသာတွေက နည်းသွားပါတယ်
တစ်ပတ်မှ တစ်ခေါက်နှစ်ခေါက်လောက်ပဲ ဆေးကျောင်းလာရတာပါ။

(၅)ဆေးကျောင်းမှာဘာဘာသာတွေသင်ရလဲ ?
ဒီအပိုင်းလေးက အမ sharing လုပ်ပေးချင်တဲ့အဓိကအကြောင်းအရာလေးထဲမှာပါပါတယ်။
အမတို့ batch (1/2025) ကစပြီး Introductory course (၁ လ ခွဲ)စတက်ရပါတယ်။
အဲ့ တစ်လခွဲမှာ နှစ်ပိုင်းထပ်ခွဲပြီးတော့ ပထမ ၃ ပတ်မှာ သုံးဘာသာသင်ရပါတယ်။

1.Structural Principle ; Anatomy(ခန္ဓာဗေဒ)
(လူ့ခန္ဒာကိုယ်ရဲ့ structure တွေအကြောင်းသင်ပေးတာပါ။)

2.Functional Principle ; Physiology (ဇီဝကမ္မဗေဒ)
(ခန္ဒာကိုယ်ရဲ့ သဘာဝဖြစ်စဥ်တွေ၊ဆဲလ် လေးတွေ ခန္ဓာကိုယ်မှာရှိတဲ့ structure တွေရဲ့ လုပ်ဆောင်ချက်တွေ ၊ normal process တွေအကြောင်းသင်ရတာပါ။)

3.Molecular Principle; Biochemistry(ဇီဝဓာတုဗေဒ)
Chemistry ကိုမှ လူနဲ့ဆိုင်တဲ့ Biological chemistry ကိုသင်ရတာပါ။Organic chemistry လိုမျိုးပါ။ဒီမှာတော့ equations တွေ Chemical structure တွေထက် ဒီလို structure ၊ ဒီလို Properties တွေရှိလို့ ဘယ်process တွေကိုဖြစ်စေတာ ၊ ဘာ molecule တွေအပြောင်းအလဲဖြစ်ပြီး ခန္ဓာကိုယ်ကို ဘယ်လိုသက်ရောက်စေလဲ စသည်ဖြင့် molecular level အထိဆင်းပြီး သင်ပေးတာပါ။
ဒီ သုံးဘာသာနဲ့ ဒုတိယသုံးပတ်မှာတော့ _

1.Principle of Medical Microbiology(အဏုဇီဝဗေဒ)
Microscope နဲ့ကြည့်မှမြင်ရတဲ့ Virus,Bacteria,Fungi တွေနဲ့ Parasites တွေအကြောင်းသင်ပေးတဲ့ ဘာသာရပ်ပါ။ ဒီ အကောင်လေးတွေရဲ့ Characteristics တွေ သူတို့ကိုပေါက်အောင် ဘယ်လိုမွေးရမလဲ။ဘယ်လို diagnosis လုပ်မလဲ။ spicemen ဘယ်လိုယူမလဲ စသဖြင့်ဓာတ်ခွဲခန်းထဲကဆရာဝန်တွေနဲ့ lab technician တွေရဲ့အခြေခံတွေကိုသင်ပေးတာပါ။(Which played a big role during COVID-19 🙂‍↕️)

2.Principle of disease Mechanism ; Pathology(ရောဂါဗေဒ)
ခန္ဓာကိုယ်မှာဖြစ်တတ်တဲ့ရောဂါပေါင်းစုံကိုသင်ပေးတာပါ။ အပေါ်မှာပြောပြပေးခဲ့တဲ့ Physiology (ဇီဝကမ္မဗေဒ)ဘာသာရပ်ရဲ့ ပြောင်းပြန် abnormal process တွေကိုလေ့လာတဲ့ဘာသာရပ်ပါ။ဆေးကျောင်းရဲ့အရေးကြီးတဲ့ ဘာသာ ရပ်တွေထဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်။

3.Principle of drug therapy ; Pharmacology(ဆေးဝါးဗေဒ)
ဆေးအကြောင်းတွေသင်ရတဲ့ ဘာသာရပ်ပါ။အပေါ်ကသင်ခဲ့တဲ့ patho ရယ် physio ရယ်နဲ့ ချိတ်ပြီး ဒီရောဂါမှာ ဘာကပြဿနာလဲ၊ ဒီ ပြဿနာကို ဘယ်ဆေးကဖြေရှင်းနိုင်လဲ၊ ဆေးက ဘယ် mechanism နဲ့ ဘာကိုသွားပိတ်တာလဲ၊ လူနာအတွက် side effect ဘာတွေရှိလဲ ၊ ဘယ်လိုလူတွေမှာ သုံးလို့မရဘူးလဲ ၊ ဘယ်လောက် ပမာဏကို တစ်နေ့ဘယ်နှစ်ကြိမ်ပေးရမလဲ စသဖြင့် သင်ရမှာပါ။(ကိုယ်တစ်ကယ် ဆရာဝန်လို့ ခံစားရစေတဲ့ဘာသာဖြစ်ပြီးတော့ အိမ်ကလူတွေကိုဆရာကြီး လုပ်လို့ရပါသေးတယ် ဟီး🥱)
ဒီသုံးဘာသာကို သင်ပြီးတော့ စာ​မေးပွဲဖြေပြီးတာနဲ့ Yr 1 တန်းတက်ရတာပါ။

Yr 1 မှာတော့
Main module တွေအနေနဲ့
1.MSS (Musculoskeletal & Skin Module)
2.CVS(Cardiovascular Module)
3.Res(Respiratory Module)
4.GLN(Gastrointestinal,Liver and Nutrition Module)
5.Genetic Module တို့ဖြစ်ပါတယ်။

ဒီModules တွေက Integrated learning system ဖြစ်တဲ့အတွက် အပေါ်ကအမပြောထားတဲ့ ဘာသာရပ်တွေပဲ module အလိုက်သက်ဆိုင်တဲ့ topics တွေသင်ပေးသွားတာပါ။ ဒီ Module အပြင် ဆေးရုံကဆရာတွေလာသင်ပေးတဲ့Clinical management အပါအဝင် ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာ ( Community & Family Health)၊ Research Culture and Skill စတဲ့ ဘာသာရပ်တွေနဲ့ဆရာဝန်တစ်ယောက်ရဲ့စိတ်နေစိတ်ထားနဲ့လိုက်နာရမယ့် ကျင့်ဝတ်တွေကို သင်ပေးတဲ့ ဘာသာဖြစ်တဲ့ Ethnic & Professionalism စတဲ့ ဘာသာရပ်တွေကိုလဲ ထည့်သွင်းသင်ကြားပေးပါတယ်။ကြားထဲမှာ presentation တွေ Combined Small Group discission (SGD)တွေ Team-based learning (TBL) တွေနဲ့ Hospital visit တွေရှိပါသေးတယ်။ ( သိပ်ပျော်စရာ​ကောင်းပါတယ်။ လာခဲ့ကြပါ 🙂‍↔️)
မြန်မာစာကတော့ Yr -1 မှာသင်ပြီးတော့ စာမေးပွဲသပ်သပ်တစ်ဘာသာတည်းစစ်ပါတယ်။
အင်္ဂလိပ်စာကတော့ Year 1 ကော 2 ကောမှာသင်ရပါတယ်။Year 1 က activity တွေနဲ့ tests အသေးလေးတွေကို Continuous asscessment (CA) အနေနဲ့အမှတ်ယူသွားပြီး Year 2 မှာမှစာမေးပွဲဖြေရတာပါ။

(Year 2 မှာဆိုရင်တော့
1.Haematology Module
2.Immunology Module
3.Endocrinology Module
4.Renal & Reproductive Module
5.Neural & Mental Module ဆိုပြီး 5 ခုသင်ရတာဖြစ်ပြီး အပေါ်ကပြောခဲ့တဲ့ ဘာသာရပ် 6 ခုကပဲ သူ့ role နဲ့ သူ Topic အလိုက် သင်ပေးသွားတာဖြစ်ပါတယ်။

(၆)။စာမေးပွဲ ဘယ်နှစ်ခါဖြေရလဲ ?
University of Examination လို့ နာမည်ကြီးတာကဆေးကျောင်းပါ။ ဘာသာရပ်အလိုက်စစ်တဲ့ မရေတွက်နိုင်သော tests ပေါင်းမြောက်မြားစွာရှိပေမယ့် Pre clinical Year ; Year 1နဲ့ 2 မှာ ကြားထဲမှာထင်ရှားတဲ့ test ကြီးနှစ်ခုကတော့ MET (Module End Test ) နဲ့ YET (Year End Test ) ဖြစ်ပါတယ်။ MET ကအမအပေါ်ကရေးပြခဲ့တဲ့ Module တွေတစ်ခုပြီးတိုင်းတစ်ခါစစ်ပါတယ်။YET ကတော့ အတန်းတင်စာမေးပွဲကြီးပါပဲ။တစ်နှစ်လုံးသင်ခဲ့တဲ့ Module 5 ခုလုံးကို ပြန်ခြုံမေးပြီး Paper 1 နဲ့ 2 ဆိုပြီးဖြေရတာပါ။(Which is not easy and drives you crazy🫠 )
( Module တစ်ခါတစ်ခါဖြေရတဲ့စာနဲ့တင် ကြောက်နေပါပြီလို့ 🥲 )

YET အောင်မှ အတန်းတက်ရမှာဖြစ်ပါတယ်။MET နဲ့ YET မှာတော့ SBA(single best answer )A,B,C,D ရွေးပြီး multiple choice လို​ဖြေရတာပါ။ကြားထဲက test လေးတွေက ဘာသာရပ် အလိုက်essay type ဖြေရတာမျိုးလဲရှိပါတယ်။

ကဲ စာကသိပ်ရှည်နေပြီဆိုတော့ ဒီမှာပဲ တစ်ဖြတ်ဖြတ်လိုက်ပါမယ်ရှင့်။အမလဲစာမေးပွဲ ပြီးလို့ခုမှပဲရေးဖြစ်ပါတယ် Sorry you guys🥺🫶

မောင်လေး၊ ညီမလေးတွေ ကိုယ်လိုချင်တဲ့ တက္ကသိုလ်ကိုအဆင်ပြေချောမွေ့စွာ ဝင်ခွင့်ရကြပါစေ။

With Love,
Your Personal Bff Shun

05/06/2025

G12 Biology class is available!🍀

Hey Loveiles ! မောင်လေးညီမလေးတို့ အားလုံး မင်္ဂလာပါ ရွှန်းပါ။

မောင်လေးညီမလေးတို့ကိုကြော်ငြာစရာလေးရှိလို့ပါ။၊
ရွှန်းက မောင်လေး ညီမလေးတို့အတွက် Biology class ကိုဖွင့်ပေးချင်ပါတယ်။

ကိုယ့်တုန်းကBio ကျက်ရင်းနဲ့ ကြုံရနိုင်တဲ့ အခက်အခဲတွေကို မောင်လေး၊ညီမလေးတွေ အတွက် ပံ့ပိုးပေးချင်တာရယ် ၊ ကိုယ့်မှာရှိတဲ့ knowledge တွေကို အကျိုးရှိရှိဝေမျှချင်လို့ရယ် နဲ့ class လေးကိုစလိုက်ပါတယ်။

ရွှန်းကစနစ်သစ် Grade-12 ပထမဦးဆုံးနှစ်ဖြစ်တဲ့
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်မှာ ၆ဘာသာဂုဏ်ထူး ၊ဇီဝဗေဒဘာသာရပ်မှာ ၉၇ မှတ် ရခဲ့ပါတယ်။ရွှန်းကအခုလက်ရှိ ဆေးကျောင်းပထမနှစ်တက်နေတာဖြစ်လို့ တချို့ chapter တွေမှာပါတဲ့ Human biology ကို ကလေးတွေအနေနဲ့ နားလည်ရလွယ်အောင်ဆေးစာတွေနဲ့ ချိတ်ပြီးသင်ပေးချင်လို့ပါ။
ရွှန်းကဒီ class မှာ
🌸စာတွေမှတ်မိဖို့တစ်ပုဒ်ချင်းစီရဲ့ concept တွေရှင်းပြမယ်
🌸စာကျက်ရလွယ်အောင် Key words တွေနဲ့ သင်ပေးမယ်။
🌸mnemonic တွေနဲ့ မှတ်ကျက်ပေးမယ်။
🌸စာသင်ပြီးတိုင်းအချိန်ရရင်ရသလိုစာမေးပွဲတွေလဲစစ်ပါမယ်။
စာသင်တယ်လို့ မခံစားရစေဘဲ study guide လို စာကျက်ရလွယ်အောင်သင်ပေးမှာပါ။
စိတ်တိုင်းမကျရင် ၇ ရက်အတွင်းချက်ချင်းငွေပြန်အမ်းပေးပါမယ်ရှင့်။
ရွှန်းကဆေးကျောင်းတစ်ဖက်နဲ့ စာသင်ပေးရမှာဖြစ်လို့ တကယ်ကို စာကြိုးစားချင်တဲ့စိတ်၊ အပင်ပန်းခံနိုင်တဲ့ကလေးမှ အဆင်ပြေမှာပါ။(ကိုယ့် အားစိုက်မှုလေးတွေကိုတကယ်လိုချင်တဲ့ကလေးကို အကျိုးရှိရှိဖြစ်စေချင်တာပါ။)

Fees - 45000 Ks per month
Learning platform : zoom
Starting date: 14. 6.2025 🌸
Dm for more details❤️

စိတ်ဝင်စားတဲ့မောင်လေးညီမလေးတွေPage messenger ကို လာပြောပေးပါရှင့်။

22/04/2025

FYI

📣 တက္ကသိုလ်ဝင်စာမေးပွဲပြန်လည် ဖြေဆိုရမယ့် ညီလေး၊ ညီမလေးတို့အတွက် ဝါဆိုလန်း ၂ လတာ "အခမဲ့" အသုံးပြုခွင့်များ လှူဒါန်းသွားပါမယ်ခင်ဗျာ။ 🙏

ငလျင်ဒဏ်ကြောင့် စာမေးပွဲအဖြေလွှာများပျက်စီးဆုံးရှုံးခဲ့ရသော ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှ Grade 12 တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရမယ့် ကျောင်းသား၊ ကျောင်းသူများအတွက် "ဇီဝဗေဒနဲ့ ဘောဂဗေဒ" ဘာသာစုံ သင်ခန်းစာများကို စာမေးပွဲကောင်းမွန်စွာ ပြန်လည်ဖြေဆိုနိုင်ရန် ဝါဆိုလန်းမှ "အခမဲ့" လေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားပါတယ်ခင်ဗျာ။

အခုအချိန်မှစပြီး တက္ကသိုလ်ဝင်စာမေးပွဲပြီးဆုံးမယ့် ဇွန်လကုန်အထိ "အခမဲ့" အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ငလျင်ဒဏ်ကြောင့် စာမေးပွဲပြန်လည်ဖြေဆိုရမယ့် သူငယ်ချင်း မိတ်ဆွေများကိုလည်း Grade 12 စာလေ့လာခွင့် "အခမဲ့" လှူဒါန်းပေးနေကြောင်း အသိပေး "မျှဝေ" ပေးပါဦးခင်ဗျာ။

💁‍♂️ "အခမဲ့" စာလေ့လာခွင့်ရယူလိုသော ကျောင်းသား ကျောင်းသူများအနေနဲ့ ဝါဆိုလန်း Application ကို download ဆွဲပြီး ဝါဆိုလန်းအကောင့်လေးဖွင့်ထားဖို့လိုအပ်ပါတယ်ခင်ဗျာ။
အကောင့်လေးဖွင့်ပြီးတာနဲ့ Page messenger - m.me/wasolearn (သို့) ဖုန်းနံပါတ် - 09 266 805 001 ~ 004 သို့ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

📲 Waso Learn Mobile Application ကို
(Android အသုံးပြုသူများအတွက်)
Waso Learn KG-12 : https://bit.ly/Waso_G10to12
(iOS အသုံးပြုသူများအတွက်)
Waso Learn KG-12 : https://apps.apple.com/mm/app/waso-learn/id1531073432 များမှ လွယ်ကူစွာ download ဆွဲနိုင်ပါတယ် ခင်ဗျာ။

#ငလျင်ဘေးအလှူ



#ဝါဆိုလန်း
#ဝါဆိုလန်းနဲ့စာလုပ်မယ်

14/04/2025

Hey guyss! မောင်လေး၊ညီမလေးတို့မင်္ဂလာပါ။ရွှန်းပါ။တချို့တိုင်းဒေသကြီးနဲ့ပြည်နယ်ကမောင်လေး၊ညီမလေးတွေစာမေးပွဲပြန်ဖြေရမယ်လို့ကြားနေရတဲ့အတွက် G12 Chemistry တစ်ဘာသာကိုအမတာဝန်ယူပေးချင်ပါတယ်။(no fees)ပါ။

(Only available in April) အမဒီလပဲအားပါတယ်။မေလဆိုရင်တော့ကျောင်းပြန်တက်ရမှာမလို့ ပြန်မဖြေပေးနိုင်တာကို သည်းခံပါရှင့်)

မောင်လေး၊ညီမလေးတွေအနေနဲ့ကိုယ်မကြေဘူးထင်တဲ့ အခန်းတွေရှိရင် အမကိုDm(Direct message)မှာလာပြောပေးပါ။
(လောလောဆယ်တော့ Dm မှာရှင်းပြပါမယ်)။များလာရင်တော့ Study section တစ်ခုဖွင့်ပေးပါမယ်)

အမအတတ်နိုင်ဆုံးရှင်းပြချင်ပါတယ်။ (ကျန်တဲ့ဘာသာတွေကအမသိပ်မပိုင်လို့မနွှေးပေးတာပါ။ဒါပေမဲ့မေးမယ်ဆိုလည်း အမဖြေပေးပါ့မယ်။)

Stay safe guys!💙
With love,
Your personal Bff 'Shun'

#တက္ကသိုလ်ဝင်တန်း #ဓာတုဗေဒ

16/03/2025

Good luck you guys! Wishing you all the best for tomorrow🍀💚.

09/03/2025

Motivations for my loveliest juniors💞

မောင်လေး၊ညီမလေးတို့မင်္ဂလာပါ။ရွှန်းပါ။ ကဲ စာမေးပွဲကြီးကတော့ တော်တော်နီးနေပြီနော်။စာတွေပိုင်နေပြီလို့ ယူဆပါတယ်။ဒီတစ်ခေါက်တော့ Motivation လေးလည်းပေးရင်း စိတ်ကလေးထားတတ်အောင်အကြံဉာဏ်ကောင်းလေးတွေလာပေးတာပါ။

စာမေးပွဲဖြေခါနီးဒီအချိန်က စိတ်ပိုင်းဆိုင်ရာ ထိခိုက်လွယ်ဆုံးအချိန်ဖြစ်လို့ စိတ်ကလေးကို ပေါ့ပေါ့ပါးပါးထားပါ။ စာတွေမရသေးဘူး ၊ မပိုင်သေးဘူးလို့ မတွေးပါနဲ့နော်။( ဒီအတွေးက revision ဘယ်လောက်ပြန်ပြန် စာမေးပွဲမပြီးမချင်းရှိတတ်ပါတယ်။ Guysss that is normal,You will be fine.Trust me🤍)

စာမေးပွဲက(၆)ရက်ဆက်တိုက်ရက်ဆက်ဖြေရမှာဖြစ်လို့စိတ်ပင်ပန်းပါတယ်။ တက္ကသိုလ်ဝင်တန်းဆိုတာ စာမေးတဲ့ပွဲလဲဟုတ်သလို စိတ်ကိုတိုက်တဲ့ပွဲလဲဟုတ်တယ်လို့ အမတို့ဆရာကြီးကပြောဖူးပါတယ်။ဒါကြောင့်အတတ်နိုင်ဆုံးပေါ့ပေါ့ပါးပါးနဲ့ Chapter end test လေးဖြေသလိုသဘောထားပါ။ပေါ့ပေါ့တန်တန်သဘောထားပြီး ဖြေခိုင်းတာမျိုးမဟုတ်ဘူးနော်။
တချို့ကလေးတွေက စိတ်လှုပ်ရှားပြီး Exam fright (စာမေးပွဲကြောက်တဲ့စိတ်) ရှိတတ်ပါတယ်။စာရရဲ့သားနဲ့ မဖြေနိုင်တာမျိုးဖြစ်မှာစိုးလို့ပါ။

🍁I can do this! I got this!
စာမေးပွဲခန်းထဲမဝင်ခင် ကိုယ့်ကိုယ်ကိုအားပေးပါ။ ငါလုပ်နိုင်တယ်။ငါဖြေနိုင်တယ်။ငါအကောင်းဆုံးလုပ်မယ်လို့ ပြောပါ။အမရေးခဲ့ဖူးသလိုပဲ Law of attraction နဲ့ positive energy က စာမေးပွဲ မှာစိတ်ငြိမ်ဖို့အထောက်အကူပြုပါတယ်။

🍁စိတ်အေးအေးထားဖြေပါ။
မြန်မာစာလိုမျိုးဘာသာတွေဆိုအတတ်နိုင်ဆုံးလက်ရေးကိုထိန်းဖြေပါ။ ကျန်တဲ့ဘာသာတွေကိုလဲ သပ်သပ်ရပ်ရပ် ဖြေပါ။ စာစစ်တဲ့ဆရာ၊ဆရာမ စာစစ်ရလွယ်အောင် ရှင်းရှင်းလင်းလင်းရေးမယ်လို့မေတ္တာစိတ်ထားရင် ကုသိုလ်လဲရပြီး စာမေးပွဲလဲချောချောမွေ့မွေ့ဖြေနိုင်ပါတယ်။

🍁စာမေးပွဲခန်းထဲရောက်ရင် စက္ကန့်၂၀လောက်ဝင်လေ၊ထွက်လေမှတ်ပါ။
ဘေးမျဥ်းသား၊ခုံနံပါတ်ရေးပြီးသွားရင် ဝင်လေထွက်လေ မှတ်ပါ။စိတ်လှုပ်ရှားတာလေးတွေလျော့သွားပါတယ်။ စာမေးပွဲအခန်းစောင့်တဲ့ဆရာ၊ဆရာမတွေ စာသင်ကြားပေးတဲ့ဆရာ၊ဆရာမတွေကိုမေတ္တာပို့ပါ။ပေါ့ပေါ့ပါးပါးဖြေပါ။တစ်ပုဒ်ပြီးမှတစ်ပုဒ်ကြည့်ပါ။ (ရွေးဖို့မေးခွန်းကိုခြုံဖတ်တာကရပါတယ်။တစ်ပုဒ်ပြီးမှတစ်ပုဒ်ကြည့်ခိုင်းတာက ဉာဏ်စမ်းအပုဒ်ပါရင် မဖြေရသေးခင်စိတ်လှုပ်ရှားမှာစိုးလို့ပါ။) မရရင် ကျော်ခဲ့ပါနော်။အရမ်းကြီးမတွေးပါနဲ့။စိတ်ကလေးအေးအေးထားပြီးရတဲ့အပုဒ်တွေဆက်ဖြေသွားပါ။

🍁နေ့ခင်းနေလည်ကိုခဏအိပ်ပါ။
အမတုန်းကလဲ နေ့ခင်းနေ့လည် တစ်နာရီလောက်အိပ်ပါတယ်။စာမေးပွဲဖြေထားရလို့ပင်ပန်းနေတဲ့ဦးနှောက်ကိုအနားပေးရရောက်သလိုနောက်တစ်ဘာသာအတွက် နွှေးတဲ့အခါ အာရုံစူးစိုက်မှုပိုရစေပါတယ်။

🍁အရေးကြီးတဲ့အပိုင်းကိုဦးစားပေးနွှေးပါ။
မြန်မာစာဆို ခက်ဆစ် ၊ အလင်္ကာ၊ ၅ မှတ်တန် နဲ့ရေသည်တို့လိုအမှတ်ရတဲ့ Portion များတဲ့အပိုင်းတွေနွှေးပါ။English ဆို poem ၄ပုဒ်တို့ Grammar တို့ကိုအရင်နွှေးပါ။ သင်္ချာနေ့ကတော့အကုန်တွက်ရင်မပြီးပါဘူး။အမတုန်းကအားနည်းတဲ့အပုဒ်လောက်ပဲချတွက်ပြီး ကျန်တာမျက်လုံးလေးနဲ့ပဲကြည့်ချိန်ရပါတယ်။Physics နေ့ဆိုလဲတစ်ခန်းကိုတစ်နာရီတောင်မရပါဘူး။(စာကြည့်ဖို့အချိန်ကိုချိန်လို့ရအောင်ပြောပြတာပါ။)

🍁တွက်စာပါတဲ့နေ့တွေဆို မနက်ပိုင်းမှာ Formula တွေပြန်နွှေးပေးပါ။

🍁နေပူရှိန်ပြင်းလို့ပြန်ရောက်ရောက်ချင်းရေမချိုးပါနဲ့နော်။
🍁ဓာတ်ဆားရေသောက်ပေးပါ။

🍁ညဘက်အိပ်ရေးဝဝအိပ်ပါ။12 လောက်ဆိုအိပ်ပါနော်။ အိပ်ရေးမဝရင် ခေါင်းမကြည်မှာစိုးလို့ပါ။

That's all lovelies! 🤍Warmly welcome to your dream universities Juniors! 🎓

ဒီအတောအတွင်းအမရေးတဲ့ Tips လေးတွေဖတ်ပြီး စိတ်ဝင်တစား စာလာမေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။အမကျောင်းစာကြောင့်စာပြန်တာကြာခဲ့တာတွေအတွက်လည်းတောင်းပန်ပါတယ်။

မောင်လေး၊ညီမလေးတို့လည်း တက္ကသိုလ်ဝင်စာမေးပွဲကြီးမှာအမှတ်တွေအများကြီးနဲ့အောင်မြင်ပြီးကိုယ်ရည်မှန်းထားတဲ့ တက္ကသိုလ်တွေကိုတက်ရောက်ခွင့်ရကြပါစေ။
With love,
Your personal Bff, Shun

10/11/2024

တက္ကသိုလ်ဝင်တန်းဖြေမယ့်မောင်လေး၊ညီမလေးတို့ထံ ပေးစာ 💌

Hey lovelies! မောင်လေး၊ညီမလေးတို့ အားလုံးမင်္ဂလာပါ။ရွှန်းပါ။ စာတွေအကြောင်းပြောလို့ပြီးပြီဆိုတော့ စာမေးပွဲ​ဖြေတဲ့ရက်တွေမှာ ဂရုစိုက်သင့်တဲ့ ဆောင်ရန်/ ရှောင်ရန်လေးတွေကို ပြောပြပေးချင်ပါတယ်။

So Let's go🤍!

၁။စောစောအိပ်ပါ

မောင်လေး၊ညီမလေးတို့အနေနဲ့ တစ်နှစ်ပတ်လုံးအစွမ်းကုန်ကြိုးစားကျက်မှတ်ပြီးပါပြီ။ မနက်ဖြန်ဖြေမယ့်စာမေးပွဲအတွက် တစ်အုပ်လုံးကအရေးကြီးတာတွေကိုပဲပြန်ဖတ်ရမယ့်အချိန်ရောက်နေပါပြီ။ဒီအချိန်ရောက်မှတော့လွှတ်ထားတဲ့စာတွေကိုမကျက်သင့်တော့ပါဘူး။ကိုယ်အပိုင်လုပ်ထားတဲ့စာတွေကိုပြန်နွှေးပြီးစောစောအိပ်ပါ။ ညဥ့်နက်တဲ့အထိစာကျက်ရင် နောက်နေ့မနက်ခေါင်းမကြည်ဖြစ်တတ်ပါတယ်။ကိုယ်ကျက်ထားပါရက်နဲ့ အိပ်ရေးမဝလို့ စိတ်ရှုပ်တာကြောင့်စာမေးပွဲခန်းမှာ စာတွေစဥ်းစားလို့မရတာဖြစ်တတ်ပါတယ်။ဒါကြောင့်စောစောအိပ်ပါ။

၂။Calculator အဖုံးဖြုတ်သွားပါ။

Calculator အဖုံးနောက်မှာစာတွေမှတ်ထားမှာစိုးတဲ့အတွက် တွက်စာဖြေတဲ့နေ့(Math,Chem,Phy)တွေဆို အဖုံးမယူရပါဘူး။ယူသွားမိရင်လဲ သိမ်းထားပြီးစာမေးပွဲအချိန်ပြီးမှပြန်ပေးပါတယ်။အများနဲ့ဖြစ်တဲ့အတွက် ကိုယ့်အဖုံးကိုရှာဖို့မလွယ်ပါဘူး။စက်ဝိုင်းကတ်တွေ၊ဘဲဥကတ်တွေလဲမယူရပါဘူး။(ထောက်ချွန်တော့ရပါတယ်။)ဒါကြောင့် calculator အဖုံးတို့စက်ဝိုင်းခြမ်းကတ်တို့ကိုထားခဲ့ပါ။ ( calculator အဖုံးမယူရတဲ့အတွက် constant တန်ဖိုးတွေ ဆက်သွယ်ချက်တွေမေးခွန်းမှာမပါရင်ချက်ချင်းမသိနိုင်ပါဘူး။)

၃။၊ရန်ကုန်တက္ကသိုလ်ကထုတ်တဲ့ဂျာနယ်တွေဖတ်ပါ။

တက္ကသိုလ်ဝင်စာမေးပွဲကြီးနီးရင် ရန်ကုန်တက္ကသိုလ်ကပါမောက္ခတွေ တက္ကသိုလ်ဝင်တန်းအထောက်အကူပြုဂျာနယ်တွေထုတ်လေ့ရှိပါတယ်။ ပါမောက္ခတွေကရေးတာဆိုတော့ တစ်အုပ်လုံးရဲ့အနှစ်ချုပ်ကိုသေချာရှင်းပြပြီး ဘယ်နေရာမှာဘာဖြစ်လို့ ဒီလိုရေးရလဲဆိုတဲ့ရှင်းပြချက်လေးတွေပါပါတယ်။ အမှတ်ပေးစည်းမျဥ်းနဲ့အညီပြုစုထားတာဖြစ်လို့ ဖတ်ကြည့်သင့်ပါတယ်။(မဝယ်မနေရတော့မဟုတ်ပေမယ့် ငှားပြီးတော့ဖြစ်ဖြစ် ဖတ်ကြည့်ပါ)

၄။ဖြေပြီးသားဘာသာအကြောင်း(လုံးဝ)မစဥ်းစားနဲ့။

တက္ကသိုလ်ဝင်တန်းစာမေးပွဲဆိုတာ စာကိုမေးတဲ့ပွဲဟုတ်သလို စိတ်ကိုတိုက်တဲ့တိုက်ပွဲလည်းဟုတ်ပါတယ်။ ဒီနေရာမှာ ၆ ဘာသာဖြေရရင် ၆ဘာသာလုံးတော့ ကိုယ့်ကိုယ်ကို ကျေနပ်အားရဖို့မဖြစ်နိုင်ပါဘူး။ဒီတော့မဖြေနိုင်တဲ့ဘာသာရပ်တွေမှာ ကိုယ့်ကိုယ့်ကိုအားငယ်တာမျိုးတွေ၊ မဖြေနိုင်လို့စိတ်ပူနေတာမျိုးတွေ၊ နောက်ဘာသာကျက်ဖို့စိတ်မပါတာမျိုးတွေဖြစ်နိုင်ပါတယ်။ဒီလိုမျိုးဆိုနောက်ဘာသာ မှာထိတတ်ပါတယ်။ဒါကြောင့်ဖြေပြီးတာနဲ့ ခေါင်းထဲကအဲ့ဘာသာအကြောင်းကိုထုတ်ပစ်လိုက်ပါ။နောက်ဘာသာကိုပဲအပြည့်အဝအာရုံစိုက်ပါ။မေးခွန်းခက်ရင် အမှတ်ပေးစည်းမျဥ်းလျှော့ပါတယ်။စိတ်မပူပါနဲ့။

၅။နေ့ခင်းနေ့လည်ခဏအနားယူပါ။

စာဆိုတာတောက်လျှောက်ကျက်ရင် ဦးနှောက်ပူတတ်တဲ့အမျိုးပါ။ ဒါကြောင့်နေ့ခင်းနေ့လည်တရေးတမောအိပ်တာဖြစ်ဖြစ်၊ ရေချိုးတာဖြစ်ဖြစ်၊လန်းဆန်းသွားပြီးစာကျက်လို့ကောင်းအောင် တစ်ခုခုလုပ်လိုက်သင့်ပါတယ်။ဒါမှအားအင်ပြည့်ပြီး စာကျက်ဖို့စိတ်ကြည်လင်မှာပါ။

၆။ဘာသာရေးကိုင်းရှိုင်းပါ။

တက္ကသိုလ်ဝင်တန်းက နတ်ကြီးတယ်လို့ပြောလေ့ရှိပါတယ်။ဉာဏ်နဲ့ဝီရိယပဲကောင်းနေလို့မရပါဘူး။ကံကောင်းဖို့လည်းလိုပါတယ်။ဒါကြောင့်ကိုယ်ယုံကြည်ကိုင်းရှိုင်းတဲ့ဘာသာတရားကိုလုပ်သင့်ပါတယ်။မိဘနဲ့ဆရာကိုရိုသေပါ။ဆရာတွေကိုမပြစ်မှားမိပါစေနဲ့။စာမေးပွဲခန်းထဲမဝင်ခင်မိဘနဲ့ဆရာတွေကိုလည်းရှိခိုးသွားပါ။ စာမေးပွဲခန်းထဲရောက်ရင်လည်းစိတ်ငြိမ်အောင်လို့ အသက်ရှုလေ့ကျင့်ခန်းလုပ်သင့်ပါတယ်။စက္ကန့်၂၀လောက် အသက်ကိုဝဝရှူပါ။ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ထားပါ။စိတ်အေးလက်အေးဖြေပါ။

That's it lovelies! မောင်လေး၊ညီမလေးတို့အနေနဲ့ လာမယ့်တက္ကသိုလ်ဝင်စာမေးပွဲကြီးမှာ အဆင်ပြေပြေ၊ချောချောမွေ့မွေ့နဲ့ ဘာသာရပ်အားလုံးကို ဂုဏ်ထူးလွန်မှတ်တွေနဲ့ဖြေဆိုအောင်မြင်ပြီး ဝါသနာပါရာ အသက်မွေးဝမ်းကြောင်းကိုရွေးချယ်နိုင်ကြပါစေ။

မမတော့ ၂၁ ရက်နေ့ဆို ကျောင်းစတက်ပြီဖြစ်လို့ စာလေးတွေတော့ပြန်နိုင်တော့မှာမဟုတ်ပါဘူးရှင့်🤍🍀။ အားတဲ့အခါတော့ ပြန်နိုင်အောင်အတတ်နိုင်ဆုံးတော့ကြိုးစားကြည့်ပါမယ်။

With love,
Your personal Bff Shun

#တက္ကသိုလ်ဝင်တန်း #စနစ်သစ် ်သစ်

11/10/2024

ရူပဗေဒဘာသာရပ်ကိုဂုဏ်ထူးထွက်ဖို့ ဘယ်ပုံတွေပုံဆွဲလေ့ကျင့်ကြမလဲ???

မောင်လေး၊ညီမလေး တို့အားလုံးပဲမင်္ဂလာပါ။ ရွှန်းပါ။ဒီနေ့မှာတော့ရွှန်းက မောင်လေး၊ညီမလေးတွေအတွက်အဆင်ပြေအောင် ရူပဗေဒဘာသာရပ်မှာ လေ့ကျင့်ထားသင့်တဲ့ ပုံလေးတွေကို အရေးကြီးအစဥ်အတိုင်းအခန်းကုန်ရေးပေးမှာဖြစ်ပါတယ်ရှင့်။

Don't lose hope in Physics! You can do it!🤷‍♀️
(This ranking is based on my preference only.)

🍯 3 - Stars

❄️ Pg: 8 Figure 1.4 , 1.5

❄️Pg:13 Figure 2.1

❄️Pg:24 Figure 3.1 (a ) ( b ) ,( c )

❄️Pg:38 Figure 3.10 ( a ) , ( b )

❄️Pg: 73 Figure 5.7

❄️Pg: 74 Figure 5.8, 5.9

❄️Pg: 75 Figure 5.10

❄️ Pg: 78 Figure 5.12 (b)

❄️ Pg:80 Figure 5.14 က graph နဲ့ပုံ

❄️ Pg: 102 Figure 7.4 (a) , ( b )

❄️ Pg 103 Figure 7.5 (a) ,( b )

❄️ Pg 105 Figure 7.7

❄️ Pg 139 Figure 9.2 (a),(b ),(c)

❄️ Pg 141 Figure 9.3 ( a ) , ( c )

❄️ Pg 145 Figure 9.5

❄️ Pg 146 Figure 9.6 (b)

❄️Pg 148 Figure 9.7 ( b )

❄️ Pg 149 Figure 9.8 ( b )

❄️ Pg 154 Figure 10.1( a ).( b ) , 10.2

❄️ Pg 155 Figure 10.3 ( a), ( b )

❄️Pg 158 Figure 10.5 + 10.6 ( a )နှစ်ပုံလုံးဓာတ်ခဲအောက်ကပုံတွေ(circuit ပုံ)

❄️ Pg 159 Figure 10. 7 (a) ဓာတ်ခဲအောက်ကပုံ (Circuit ပုံ )

❄️ Pg 197 Figure 12.1 (circuit ပုံ + graph နှစ်ပုံ )

❄️ Pg 202 Figure 12.6( photodiode circuit symbol ) , Figure 12.7

❄️ Pg 203 Figure 12.8 (LDR circuit symbol )

❄️ Pg 204 Figure 12.9 circuit symbol + graph

❄️ Pg 216 Figure 12.22 ( a ), (b ),( c )

❄️ Pg 217 Figure 12.24 အောက်ဆုံး ပုံ

❄️ Pg 212 Figure 12.16

❄️ Pg 213 Figure 12.17

❄️ Pg 214 Figure 12.18

❄️ Pg 215 Figure 12.21

❄️Pg 218 Figure 12.25

❄️Pg 227 Figure 13.2 graph လေးနဲ့ ဘေးကဇယား

🍯Page 218 cu Simple Radio Receiver က ပထမတစ်ကြောင်းနဲ့ ဒုတိယတစ်ကြောင်းကျက်ပေးပါ။ အရေးကြီးပါတယ်။

🍯 Pg 210 က Fire alarm System နဲ့ Street Lighting System ကို ပုံလေးနဲ့ table လေးပါဆွဲလေ့ကျင့်ထားပါ။ Fire Alarm System က စနစ်ဟောင်းတုန်းကမေးပါတယ်။ Street Lighting System က G-12 မှပါတဲ့အသစ်ပါ။သူလေးလဲထူးခြားတာမလို့ နှစ်ပုဒ်လုံးသေချာကြည့်ပေးပါ။

🍯မေးပြီးသားပုံတွေကိုနောက်ဆုံးမှကြည့်ပါ။(ပယ်လိုက်လည်းရပါတယ်။ )

🍯 2 - Stars

❄️ Pg 4 Figure 1.2 ( b )

❄️ Pg 24 Figure 3.2

❄️Pg 28 Figure 3.3

❄️ Pg 31 Figure 3.4, 3.5

❄️ Pg 77 Figure 5.11

❄️ Pg 106 Figure 7.8 ( a )

❄️ Pg 108 Figure 7.9

❄️ Pg 109 Figure 7.10 ( a ) , 7.11 (a )

❄️ Pg 143 Figure 9.4 ( a), ( b )

❄️Pg 146 Figure 9.6 ( a )

❄️Pg 155 Figure 10.4 ( c )

❄️ Pg 176 Figure 11.6

❄️ Pg 182 Figure 11.10 ( b )

❄️ Pg 200 Figure 12.5

❄️Pg 216 Figure 12.23

❄️ Pg 217 Figure 12.24 အပေါ်က နှစ်ပုံ

🍯 1 - Star

❄️ Pg 34 Figure 3.8

❄️ Pg 99 Figure 7.1 (a) , ( b )

❄️ Pg 101 Figure 7.2

❄️ Pg 109 Figure 7.10 ( a ) , 7.11 ( a )

❄️ Pg 112 Figure 7.14

❄️ Pg 117 Figure 7.20

❄️ Pg 118 Figure 7.22

❄️ Pg 119 Figure 7.23

❄️ Pg 132 Figure 8.10

ဒါဆိုရင်တော့ပြီးသွားပါပြီရှင်။ဒီပုံလေးတွေကတော့အမစိတ်ကြိုက် မေးလို့အကောင်းဆုံးတွေကိုစီချပြီးရေးထားတာပါ။ဒီပုံတွေအပြင် Reviewed Exercise နဲ့ Exercise ထဲက ပုံတွေပါကြည့်ပေးရမှာပါနော်။(Reviewed Exercise နဲ့ Exercise ထဲကပုံတွေကပထမဦးစားပေးတွေပါ။)

ကိုယ်နိုင်သလောက်ကြည့်ပါရှင်။ (ကိုယ်အပိုင်လုပ်တဲ့အခန်းကပုံကိုသာဦးစားပေးဆွဲပါ။) 3 stars ချည်းပဲကိုတော်တော်များသွားပါတယ်။

ဒီအချိန်မှာအပင်ပန်းခံထားရင် result ထွက်လာတဲ့အခါ ပျော်ရမှာမလို့ ဒို့မောင်လေး၊ညီမလေးတို့ အားတင်းထားနော်။

That's all lovelies! Wish you all the best 🫶

မောင်လေး၊ညီမလေးတို့လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးမှာ ရူပဗေဒဘာသာရပ်ကို စိတ်အေးလက်အေး၊သက်သောင့်သက်သာ၊ ပြုံးပြုံးရွှင်ရွှင် ဖြေဆိုနိုင်ပြီး မိမိ ကြည့်ထားသောပုံများနှင့်သာ တိုးပါစေ။

With love,
Your Personal Bff Shun

ရူပဗေဒဘာသာရပ်ကိုဂုဏ်ထူးထွက်အောင် ဘယ်လိုလေ့ကျင့်ကြမလဲ ???
https://www.facebook.com/share/p/Vzexz7he2PWBZQfn/

ူပဗေဒ #စနစ်သစ်ရူပဗေဒ #တက္ကသိုလ်ဝင်တန်း

11/10/2024

ရူပဗေဒဘာသာရပ်ကိုဂုဏ်ထူးထွက်အောင်ဘယ်လို​​လေ့ကျင့်ကြမလဲ ???

Hey babies!Welcome back to Shun's milestones! At this Round, let's talk about the mighty Physics😎!

ကဲ နောက်ဆုံးပိတ် အိတ်နဲ့လွယ် ရူပဗေဒဘာသာရပ်အတွက် tips လေးတွေ sharing လုပ်ပေးပါ့မယ်ရှင့်။

Stay focus!Stay active!🤍

🍯ရူပဗေဒမေးခွန်းသုံးသပ်ချက်

စနစ်သစ် Grade-12 Physics မေးခွန်းကိုကြည့်မယ်ဆိုရင်Section-A မှာ 1 မှတ်တန် အပုဒ် 40 ပါလာပါတယ်။Section-B မှာတော့ 6 ပုဒ်ပေး 4ပုဒ်ဖြေဖြစ်ပါတယ်။
ဒါကြောင့်မောင်လေး၊ညီမလေးတို့အနေနဲ့ ရူပဗေဒကိုဂုဏ်ထူးထွက်ချင်တယ်ဆိုရင်တော့ 1 မှတ်တန်ကို
မကြည့်မဖြစ်ကြည့်ရပါမယ်။ 1မှတ်တန် 40 ဖိုးမေးတာဟာ အောင်မှတ်အတွက်တော့ အသက်ရှူချောင်ပေ
မယ့် 90 ကျော်သမားအတွက်တော့ခက်သွားပါတယ်။အခန်းတွေအကုန်ကြည့်တဲ့ကလေးကသာ 90 ကျော်
မှန်းလို့ရမှာပါ။ဒါကြောင့် နှစ်စကတည်းက Chapter တစ်ခုပြီးတိုင်းပြီးတိုင်း 1 မှတ်တန်အတွက်ပြန်ပြန်ဖတ်ဖို့လိုပါလိမ့်မယ်။
Physics အတွက်စာလုပ်ဖို့အချိန်ဖယ်တဲ့အခါ တစ်မှတ်တန်ကြည့်ဖို့အတွက်လည်းဖယ်ထားပါ။ နီးမှစုပြုံကြည့်ရင်ခေါင်းထဲမဝင်ပါဘူးနော်။

🍯ဟိုနည်းနည်း၊ဒီနည်းနည်း (လုံးဝ) မကြည့်ပါနဲ့။

Section-B မှာ 7 မှတ်တန် နဲ့ 8 မှတ်တန် အတွဲတွေက Chapter တွေရောပြီးတွဲထားတာပါ။ဘယ်အခန်းနဲ့ ဘယ်အခန်းတွဲထားတယ်လို့ တရားသေပြောလို့မရပါဘူး။ဒါကြောင့် ကိုယ်အပိုင်လုပ်မယ့်အခန်းကို 1 မှတ်တန် ,Reviewed exercise , Exercise ,Diagram မကျန်
ရနေအောင်လုပ်ပေးပါ။ ဒါမှ ကိုယ်အပိုင်ရထားတဲ့အခန်းကအမှတ်ပြည့်ရမှာဖြစ်ပါတယ်။ ဟိုနည်းနည်းဒီနည်းနည်းကြည့်မိရင် မပိုင်တဲ့အခန်းတွဲထားတဲ့အခါ နစ်နာပါတယ်။ (ကိုယ်ပိုင်တယ်ထင်တဲ့အခန်းကလဲ ရေရေရာရာမရ၊ မပိုင်တဲ့အခန်းကလဲ မရ ဖြစ်တတ်ပါတယ်။)

🍯တစ်အုပ်လုံးကပုစ္ဆာတွေကိုအပိုင်တွက်ပါ။

အခန်းတစ်ခန်းကိုကြည့်တော့မယ်ဆိုရင် ပုစ္ဆာ(exercise+example)ကိုဦးစားပေးပြန်တွက်ပါ။ပုစ္ဆာတွေက 3 မှတ်ကနေ 5 မှတ်အထိ အမှတ်ယူထားလို့ပါ။

ပြီးမှ Reviewed exercise , Exercise နဲ့ example ထဲမှာပါတဲ့ကျက်စာတွေကျက်ပါ။ပြီးရင်Definition တို့ Law တို့ကျက်ပါ။အားလုံးပြီးမှ diagram ဆွဲလေ့ကျင့်ပါ။

🍯 Formula တွေကိုအမြဲချရေးနေပါ။

Physics ကစာများတဲ့အတွက် တစ်ခန်းပြီးလို့နောက်တစ်ခန်းသွားရင်းနဲ့ ကိုယ်သင်ခဲ့တဲ့အခန်းကစာတွေတောင်မေ့သွားတတ်ပါတယ်။

ဒါကြောင့်သင်ပြီးတဲ့အခန်းတွေကို revision ပြန်တာမြန်အောင် Formula တွေကိုဒိုးဒိုးဒေါက်ဒေါက်ရနေပါစေ။

❄️တစ်အုပ်လုံးသင်ပြီးတဲ့အခါ revision ပြန်တဲ့အချိန်တိုင်း အခန်းအားလုံးရဲ့ရှိသမျှ formula တွေကို တစ်ခေါက်ပြန်ချရေးပါ။

🍯သဘောတရားနားလည်အောင်လုပ်ပါ။

Physics က သဘောတရားနားလည်မှ သင်ရတာပျော်လာတာပါ။ ကျက်သင့်တာကျက်တာကတစ်ကဏ္ဍပါ။သဘောတရားနားလည်ဖို့လည်းလိုအပ်ပါတယ်။

Physics မှာသဘောတရားနားလည်ရင် unseen အပုဒ်ပါလာရင်တောင် ကိုယ်သိတဲ့ concept လေးကို Key-word ပါအောင်ရေးနိုင်ရင် အမှတ်ရပါတယ်။ Concept နားလည်ရင် 1 မှတ်တန် 40 ဖိုးက စိတ်ပူစရာ
မလိုပါဘူး။(စာတော့ဖတ်ထားပေးရပါမယ်နော်)

🍯ကျက်စာတွေကိုအသေမကျက်ပါနဲ့။

Physics မှာ ကျက်စာတွေက 13 ခန်းစာဖြစ်တဲ့ အတွက် definitionတို့ Law တို့မပါသေးဘဲ Reviewed exercise နဲ့ Exercise တင်ပဲ တော်တော်များပါတယ်။ဒါကြောင့်တစ်ခါတစ်လေမှာဘယ်လောက်ကျက်ထားကျက်ထား မေ့သွားတတ်ပါတယ်။

ဒါကြောင့် မေးခွန်းတစ်ခုရဲ့ အဖြေကိုကျက်တော့မယ်ဆိုရင် ဘာကြောင့်ဒီလိုဖြေရတာလဲ?ဆိုတဲ့ logical thinking ကိုထည့်တွေးကြည့်ပြီးမှ ကျက်ပါ။

အကယ်၍ကိုယ်ကစာမေးပွဲခန်းမှာမေ့သွားရင်တောင် ပြန်စဥ်းစားရလွယ်စေမှာပါ။ကျက်ထားတာမေ့သွားရင်တောင် ကိုယ်ပိုင် sentence structure နဲ့ အဖြေကိုရေးတတ်မှာပါ။

(ဒီမှာပြောချင်တာက Reviewed Exercise နဲ့ Exercise တွေက ကျက်စာတွေရဲ့အဖြေက တစ်ခုတည်းမဟုတ်ပါဘူး။တစ်နိုင်ငံလုံးကကျောင်းပေါင်းစုံကအဖြေတွေကွဲပါတယ်။ဒါကြောင့်လည်းစာစစ်တဲ့ ပါမောက္ခက စာသားကို ၏၊သည် မရွေးမစစ်ပါဘူး။Keyword တွေနဲ့ပဲအမှတ်ပေးတာပါ။ ဒါကြောင့်အတိအကျကြီးရနေစရာမလိုပါဘူး။)

🍯 Definition နဲ့ Law ကို နောက်ဆုံးမှကျက်ပါ။

အခန်းတစ်ခန်းရဲ့ ပုစ္ဆာ၊ Reviewed Exercises,
Exercises တွေလေ့ကျင့်ပြီးမှ Definition၊ Law ကျက်ပါ။ပြီးမှ Diagram ဆွဲလေ့ကျင့်ပါ။

🍯Law ကျက်တဲ့အခါအတိအကျကျက်ရပါမယ်။

Physics မှာ Law တွေကိုတော့ အတိအကျစစ်ပါတယ်။ Comma ( , ) ကအစအတိအကျပါ။ဒါကြောင့် Law ကျက်ရင် ကျန်တဲ့ definition တွေထက် ပိုဂရုစိုက်ပြီးတိတိကျကျကျက်ပေးပါ။( Definition က သဘောတရားအဓိပ္ပာယ်တူရင်ပေးပါတယ်။)

🍯လွယ်တဲ့ပုံလေးတွေဆိုပုံဆွဲလေ့ကျင့်ပါ။
(ပုစ္ဆာတွေ ၊ Reviewed exercises၊Exercises ၊Definition၊ Law တွေလေ့ကျင့်ပြီးမှ )

အခန်းတစ်ခုသင်ပြီးသွားပြီဆိုရင် ဒီအခန်းက diagram တွေကိုလေ့ကျင့်ပါ။

Physics မှာမေးတဲ့ diagram လေးတွေက ရိုးရိုးရှင်းရှင်းလေးတွေမေးတာများပါတယ်။

(မမ G12မှာနောင်တအရဆုံးက ပုံသေချာမကြည့်ခဲ့တာပါပဲ။2024 တက္ကသိုလ်ဝင်တန်းမေးခွန်းမှာပုံတွေအများကြီးပါလာပါတယ်။)

ဒါကြောင့်ဂုဏ်ထူးထွက်ချင်တဲ့မောင်လေး၊ညီမလေးတို့အနေနဲ့ ကိုယ့်အတွက်အရမ်းကြီးမခက်ခဲတဲ့ပုံမျိုးဆိုဆွဲသာလေ့ကျင့်ပါ။

❄️ အထူးသဖြင့် Reviewed Question နဲ့ Exercise ထဲမှာပါတဲ့ ပုံတွေကိုဦးစားပေးကြည့်စေချင်ပါတယ်။

🍯

Chapter 13 ခန်းရှိပါတယ်။ ။အရမ်းများတယ်ထင်ရင် တစ်ခန်းလွှတ်လိုက်ပါ။(90 ကျော်မှန်းတဲ့ကလေးတွေကို 12 ခန်းကိုင်စေချင်ပါတယ်။)

တစ်ခန်းလောက်လွှတ်တာကတော့ဂုဏ်ထူးကိုမထိပါဘူး။ကျန်တဲ့ အခန်းတွေတော့ အပိုင်ရနေဖို့လိုပါတယ်။

ကျက်စာမနိုင်လို့အခန်းတွေလွှတ်တယ် ဆိုရင်တောင် ပုစ္ဆာလေးတွေတော့ အပိုင်တွက်ထားစေချင်ပါတယ်။ပုစ္ဆာတစ်ပုဒ်ကအနည်းဆုံး 3 မှတ်တန်ပါတယ်။( ဘယ်အခန်းနဲ့တွဲမှန်းမသိတာကြောင့် ကိုယ်အပိုင်နိုင်ဆုံး အခန်းနဲ့လာတွဲထားမှာစိုးလို့ပါ။)

🍯မေးခွန်းကိုသေချာဖတ်ပါ။

Physics က မေးခွန်းကြည့်တော့သာများတယ်ထင်ရပေမယ့် ဖြေကြည့်လိုက်ရင် အနည်းဆုံး 1 နာရီတော့ပိုနေတတ်ပါတယ်။ ဒါကြောင့် ဖြေးဖြေးအေးအေးနဲ့ မေးခွန်းဖတ်ဖြေပါ။
Section- B မှာရွေးစရာ ၂ပုဒ်အပိုပါလို့ ကိုယ်အပိုင်နိုင်ဆုံး 4 ပုဒ် ကိုသေချာစိစစ်ပြီးရွေးပါ။unseen တွေ၊
မကြည့်ထားတဲ့ diagram တွေပါလာတာချင်းအတူတူတောင် အမှတ်သေချာတွက်ကြည့်ပြီး အမှတ်ပိုရမယ့်အပုဒ်မျိုးကိုရွေးဖြေပါ။

❄️ကိုယ်ရွေးတဲ့အပုဒ်က (a) (b) နှစ်ပုဒ်လုံးကိုဖြေရမှာပါ။ တစ်ခါတစ်လေ 4 က (a) နဲ့ 5 က (b) နဲ့ တစ်ပုဒ်ဆိုပြီး မျက်စိလျှမ်းပြီး ခွဖြေမိတတ်ပါတယ်။အမှတ်တွေအများကြီး နစ်နာတဲ့အတွက် သေချာလေးလက်ထောက်ပြီးဖြေပါ။

🍯Section-A No. 3

မောင်လေး၊ညီမလေးတို့သိတဲ့အတိုင်း Section A က No.3 ကChoice ပါ။

ဒီနေရာမှာသတိထားရမှာကတော့

Choose the correct answer from the following.
လို့Heading ပေးထားတာပါ။
" the correct answer " လို့ပြောထားတာဖြစ်တဲ့အတွက် ကိုယ်ရွေးရမယ့် A,B,C သုံးခုထဲမှာ အကယ်၍အဖြေမှန် နှစ်ခုပါလာရင်လည်းနှစ်ခုလုံးရွေးပေးရင်ပိုကောင်းပါတယ်။

❄️Choice ကတော့ A.B,C ပဲရေးရင် ရပါပြီ။

ဒီလောက်ဆိုလုံလောက်သွားပါပြီ။
အဆုံးထိဖတ်ပေးကြတဲ့ မောင်လေး၊ညီမလေးတစ်ဦးချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။

မောင်လေး၊ညီမလေးတို့လည်း တက္ကသိုလ်ဝင်စာမေးပွဲကြီးမှာရူပဗေဒ ဘာသာရပ်ကို အမေ့အလျော့၊ အထစ်အငေါ့ မရှိလွယ်ကူစွာဖြေဆိုနိုင်ပြီးတော့ အပိုင်
ကြည့်ထားတဲ့ အခန်းတွေကနေကွက်တိမေးပါစေရှင့်။

With Love,
Your Personal Bff Shun

ရူပဗေဒဘာသာရပ်ကိုဂုဏ်ထူးထွက်ဖို့ ဘယ်ပုံတွေပုံဆွဲလေ့ကျင့်ကြမလဲ ???
https://www.facebook.com/share/p/xytNn7iWeie9yeos/

#စနစ်သစ်ရူပဗေဒ #တက္ကသိုလ်ဝင်တန်းရူပဗေဒ
ူပဗေဒ #တက္ကသိုလ်ဝင်တန်း

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

Yangon