12/04/2026
“အထဲမှာ ချို၊ အပြင်မှာဖြူ၊ ရေထဲဆင်းရင် ပေါ်လာတဲ့အရာ” ဘာမုန့်လဲဖြေပါ~🍃
မြန်မာ့ရိုးရာအတာသင်္ကြန်ဆိုတာနဲ့ မြန်မာလူမျိုးများအားလုံး မျှော်လင့်စောင့်ဆိုင်းရတာလေးတွေ ရှိပါတယ်။🔫
ပထမတစ်ခုက စိတ်ဝိဉာဉ်ရဲ့ မကောင်းမှုတွေ ကုန်စင်အောင် ပျော်ပျော်ပါးပါးရေပက်ရတဲ့ ဓလေ့လေးရယ်...💧
ဒုတိယတစ်ခုက ဝါဝါထိန်ထိန် မွှေးမွှေးကြိုင်ကြိုင် ပိတောက်ပန်းလေးတွေ ပွင့်ဖူးဖို့ရယ်...🌼
တတိယတစ်ခုက သင်္ကြန်ရောက်တိုင်း မပါမဖြစ် မမေ့မလျော့ စားရတဲ့ “မုန့်လုံးရေပေါ်” ရယ်...🥥
"Round Snack on the Water"🥣 လို့တိုက်ရိုက်ဖွဲ့ဆိုနိုင်တဲ့ မုန့်လုံးရေပေါ်ဟာ မြန်မာ့ရိုးရာ အစားအသောက်တစ်ခုဖြစ်တဲ့အပြင်၊ အဖွဲ့အစုနဲ့ ဝိုင်းဝန်း လုံးကြ၊ စကားတွေပြောကြနဲ့ ပျော်ရွှင်စရာ အခိုက်အတန့်လေးတွေ စုဝေးရာ အချိန်လေးတစ်ခုလဲဖြစ်ပါတယ်။ 🗣
မုန့်လုံးရေပေါ် လုံးနည်းဆိုတာ မြန်မာလူမျိုးများနဲ့ မစိမ်းပေမယ့်လို့ English လို ဘယ်လိုရှင်းပြရမလဲ မသိဘူးဆိုရင်တော့ ဆက်လက်ဖတ်ရှုပေးပါဦးရှင်။❔
Ingredients🛒
🍚200g glutinous rice flour
ကောက်ညှင်းမှုန့် ၂၀၀ ဂရမ်
🌾50g rice flour
ဆန်မှုန့် ၅၀ ဂရမ်
🧂1/8 tsp salt
ဆား စားပွဲတင်ဇွန်း ရှစ်ပုံတစ်ပုံ
🚰200ml water
ရေ ၂၀၀ ml
🍏Drop of green food colouring (optional)
အရောင်
🟤200g 🔎palm sugar, divided into 1cm balls or chunks
🔎ထန်းညက် ၂၀၀ ဂရမ်
🌶Bird's eye chillies (optional)
ငရုတ်သီး / မိုးမျှော်သီး
🥥Handful of fresh 🔎grated coconut
လတ်လတ်ဆက်ဆက် 🔎ခြစ်ထားသော အုန်းသီး
Method🫴🏻
1. Mix the flours and salt into a large bowl thoroughly. Add the water and knead until it forms a 🔎pliable dough.
ကောက်ညှင်းမှုန့်နဲ့ ဆန်မှုန့်ကို ဆားနဲ့အတူ ခွက်တစ်ခုထဲထည့်၍ ရောမွှေလိုက်ပါ။ ရေကို အနည်းငယ်ဆီထည့်၍ 🔎မပျော့မမာ အနေအထားရောက်တဲ့အထိ ဆုပ်နယ်ပေးပါ။
2. If you want the balls to be green, add the food colouring, and 🔎knead again till the colour spreads evenly.
အရောင်ထည့်ချင်လျှင် လိုချင်တဲ့အရောင်ကာလာကို ထည့်၍ သမအောင် 🔎ဆုပ်နယ်ပေးပါ။
3. Take a small piece of dough, roll it into a ball about 3cm diameter and then flatten it into a circle.
ပြီးလျှင် မုန့်အနည်းငယ်ကို ယူ၍ တော်ရုံအနေအထား လုံးပေးပြီး အဝိုင်းလေးဖြစ်အောင် ပြားလိုက်ပါ။
4. Place a chunk of palm sugar in the middle of the circle and then roll the dough back into a ball so you cover the chunk of sugar up completely.
အလယ်တည့်တည့်မှာ ထန်းညက်ခဲလေးကို ထည့်ပြီး ထန်းညက်ခဲကို ဖုံးအောင် အလုံးလေးအဖြစ် ပြန်လုံးပေးပါ။
5. If you're feeling naughty, stick a chilli into the odd ball.
ဆေးထိုးချင်ရင်တော့ ထန်းညက်ခဲအစား ငရုတ်သီးထည့်လိုက်ပါ။
6. Fill a stockpot or large saucepan with water and bring to the boil. Once it's ready, drop the balls in one by one.
ဒါဆိုရင်တော့ လုံးတဲ့အဆင့်ပြီးပြီဖြစ်တဲ့အတွက်၊ ပွက်ပွက်ဆူတဲ့ ရေအိုးထဲကို တစ်လုံးချင်းစီ ထည့်လိုက်ပါ။
7. They will sink to the bottom at first, but then float to the surface of the water when they're ready.
အစမှာတော့ အောက်ထိ နစ်သွားမှာဖြစ်ပြီး ပြီးရင် ပြန်ပေါ်လာမှာဖြစ်ပါတယ်။
8. Remove the balls with a 🔎slotted spoon, and dish up on squares of banana leaf or saucers - you want 4-5 balls in each serving.
ပေါ်လာတဲ့ မုန့်လုံးရေပေါ်လေးတွေကို 🔎ဇကာဇွန်းလေးနဲ့ ဆယ်ပြီး ဖတ်ရွက် ဒါမှမဟုတ် ပန်းကန်ပြားလေးပေါ် တင်လိုက်ပါ။
9. Scatter the balls with the 🔎shredded coconut and serve whilst still warm.
အပေါ်မှ 🔎ခြစ်ထားတဲ့ အုန်းသီးလေးတွေ ဖြူးပေးပြီးရင်တော့ ပူပူနွေးနွေး အရသာရှိတဲ့ မုန့်လုံးရေပေါ်လေး သုံးဆောင်နိုင်ပါပြီရှင့်။၊
📝လက်တွေ့အသုံးချမှုအနေနဲ့ မုန့်လုံးရေပေါ်လုံးနည်းနဲ့ ပတ်သက်တဲ့ English Sentence တစ်ခုလောက် Comment မှာ တည်ဆောက်ခဲ့ပေးပါ။ 💌
(စာဘယ်လောက်ကြေလဲ လိုက်စစ်မှာနော်။)🛎
✍️ Content by - ကြည်
🎨 Graphic by - Harry
#မုန့်လုံးရေပေါ်