SMIT - Training & Coaching

SMIT - Training & Coaching

Share

gold calculate & sales training for gold shop

Photos from SMIT - Training & Coaching 's post 22/12/2025

ရွှေဆိုင်မှာ တာဝန်အသီးသီးယူနေရတဲ့ Team Member တွေအနေနဲ့ ရွှေတွက်ချက်တတ်ရုံ ပြောဆိုဆက်ဆံရောင်းချတတ်ရုံနဲ့ အဆင်ပြေပြီလား?
အဓိက လိုနေတာဘာလဲ? ရွှေဆိုင်မှာ Team Member တွေနဲ့ ပါတ်သတ်ပြီးဘယ်လိုအခက်အခဲတွေရှိလဲ?

၁၅ ရက်ကြာ လေ့ကျင့်သင်ကြားမှုတွေ ပြီးတဲ့နောက်မှာ ပြောင်းလဲလာတဲ့ သူတို့လေးတွေ ကြည့်ပြီး ပီတိဖြစ်ခဲ့ရတယ်။

ရွှေဆိုင်တစ်ဆိုင်မှာ တာဝန် အသီးသီးယူနေရတဲ့ team member တွေအနေနဲ့ ရွှေတွက်နည်းတစ်ချို့ တတ်မြောက်ပြီး ဆက်ဆံရေးကောင်းမွန်ယုံနဲ့ မလုံလောက်ဘူးဆိုတာ ၁၈ နှစ်ကြာ အတွေ့အကြုံတွေ၊ မိတ်ဆွေရွှေဆိုင်တွေရဲ့ အခက်အခဲတွေ ရင်ဖွင့်တိုင်ပင်မှုကနေ သိခဲ့ရတယ်။

Team Member တွေမှာ အဓိက ဘာတွေလိုနေတာလဲ?

တတ်ကျွမ်းမှု skill တွေအပြင် mind set နဲ့ attitude တွေပါ ကောင်းမွန်နေဖို့လိုအပ်ပါတယ်။

ပြီးတော့ လူငယ်တွေပီပီ စိတ်ခံစားချက်တွေများတာ၊ အချင်းချင်းကြား ပြောဆိုနေတဲ့ စကားလုံးတွေကနေ negative thinking တွေကူးစက်ပြီး တစ်ယောက်ချင်းစီရဲ့ capability တွေကျဆင်းပြီး အလုပ်ခွင် ဆက်ဆံရေးတွေမှာ အဆင်မပြေကြတာတွေ ဖြစ်လာပါတယ်။

အဲ့ဒီအခါ team member တွေအနေနဲ့ အလုပ်မှာပျော်ရွှင် ကျေနပ်မှုမရှိဖြစ်လာသလို owner တွေအနေနဲ့လည်း အဲ့လိုပြဿနာတွေကြောင့် အာရုံတွေနောက်ပြီး ရှေ့အတွက် အာရုံစိုက် စဥ်းစားရမယ့်အရာတွေထဲက အချိန်တွေ စွမ်းအားတွေ ဖဲ့ပေးနေကြရပါတယ်။

အခု သင်ဖြစ်တဲ့ သင်တန်းလေးကတော့ ရွှေအကြောင်းနဲ့ တွက်နည်းတွေကို သူတို့သိထား သလောက်ထက် သူတို့တက်သင့် သမျှတွေကို သင်ကြားမျှဝေယုံတင်မဟုတ်ပဲ အကြိမ်ကြိမ် လေ့ကျင့်ပေးခဲ့တယ်၊ အရောင်းပိုင်းပညာမှာလည်း customer relationshop တင်မဟုတ်ပဲ sales skill တွေ၊ အခြေခံ marketing သဘောတရားတွေကို သူတို့ရဲ့အတွေ့အကြုံတွေနဲ့ ယှဥ်ထိုးစဉ်းစားစေပြီး ပြင်ဆင်လေ့ကျင့်ပေးခဲ့ပါတယ်၊ အဓိကအနေနဲ့ သူတို့ကိုယ်တိုင် self leadership လုပ်နိုင်အောင်၊ သူတို့ရဲ့လုပ်နိုင်စွမ်းအားတွေ တိုးတက်လာအောင်၊ ကိုယ့်ကိုယ်ကိုယ် ကောင်းတဲ့စကားတွေပြောပြီး(self tak) အပြုသဘောဆောင်တဲ့ အတွေးတွေဖြစ်အောင်၊ ကောင်းမွန်တဲ့အလေ့ကျင့်ကောင်းတွေတည်ဆောက်နိုင်အောင်၊ စိတ်ထဲမှာရှိနေတဲ့ negative emotion တွေ ဖယ်ထုတ်နိုင်အောင် ကူညီသင်ကြားလေ့ကျင့် လမ်းညွှန်ပေးခဲ့ပါတယ်။

မသိစိတ်ထဲ အထိစွဲမြဲနေအောင် လေ့ကျင်ရတဲ့အခါ သင်ယူကြတဲ့သူတွေပင်ပန်းသလို၊ သင်ကြားလေ့ကျင်ပေးရတဲ့ သူမှာလည်း ပင်ပန်းခဲ့ပါတယ်။

ဒါပေမယ် သူတို့လေးတွေရဲ့ စိတ်အားထက်သန်မှုနဲ့ ဇွဲရှိရှိလုပ်ဆောင်ခဲ့တာတွေကြောင့် ပြောင်းလဲလာတဲ့ သူတို့လေးတွေ ကြည့်ပြီး အမောပြေခဲ့ ကြည်နူးခဲ့ရပါတယ်။

ကိုယ့်ကိုယ်ကိုလည်း နောက်ထပ်လေ့လာ သင်ယူမှုတွေ လုပ်ရင်း အကောင်းဆုံး လမ်းညွှန် ကူညီသွားနိုင်ဖို့ ကိုယ့်ကိုယ်ကို ကတိပေးရင်း....

Ko Ye Win
SMIT- Training & Coahing
Founder, Trainer & Coah

24/07/2025

စစ်တုရင်ပွဲကရတဲ့သင်ခန်းစာ...
ကျွန်တော်တို့ရဲ့ နေစဥ်ဘဝမှာ ကြုံတွေ့ရတဲ့အဖြစ်အပျက်တွေကနေ သင်ခန်းစာထုတ်ယူတတ်ရင်အကျိုးများပါတယ်..
ဖြစ်ရပ်တစ်ခုစီတိုင်းကို
- ဘာသင်ခန်းစာရလဲ?
- ဘဝမှာဘယ်လိုအသုံးချသွားမလဲ?
ဆိုတဲ့မေးခွန်းများများမေးသင့်ပါတယ်...

Ye Win
Trainer & Coach
SMIT - Training & Coaching

18/07/2025

လိုချင်တာတွေရပြီး မဖြစ်ချင်တာတွေ မရှိတော့တဲ့ လွပ်လပ်ပျော်ရွှင်တဲ့ဘဝကိုလိုချင်လား?
အဲ့ဒါဆို ခု post ကမိတ်ဆွေအတွက်ပါ...

ဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက်လုံးမှာ လိုချင်တာတွေရပြီလား?
မလိုချင်တဲ့အရာတွေကိုရော လွတ်ချနိုင်ခဲ့ပြီလား?
မလိုချင်တဲ့အရာတွေလွတ်ချနိုင်ခဲ့ရင် မိတ်ဆွေရဲ့စိတ်ထဲလွတ်လပ်မှုကို ရမယ်။
လိုချင်တဲ့အရာတွေကို ရလာရင် မိတ်ဆွေရဲ့စိတ်ထဲပျော်ရွှင်ကျေနပ်မှုကိုရမယ်။
လွပ်လပ်မှုနဲ့ပျော်ရွှင်မှုကို မိတ်ဆွေလိုချင်တယ်ဆိုတာ ကျွန်တော်သိပါတယ်။
တစ်ဆက်တည်းမှာပဲ ဒါကိုဘယ်လိုရအောင်လုပ်မယ်ဆိုတာ စိတ်ထဲမှာမရှင်းလင်းဘူး။(ဘယ်လိုလုပ်ရမလဲမသိဖြစ်နေတယ်)ဆိုတာကျွန်တော်နားလည်ပါတယ်။
အဲ့အဖြေကို မိတ်ဆွေလိုချင်နေလိမ့်မယ်။
ဟုတ်တယ်မလား?
အဲ့ဒါဆိုရင် ခုကျွန်တော် စိတ်ရော လူရော နှစ်ပြီး အပင်ပန်းခံကြိုးစားထားတာ မိတ်ဆွေအတွက်ပါပဲ။
မိတ်ဆွေအတွက် coach တစ်ယောက်၊ မိတ်ဆွေသူငယ်ချင်းကောင်းတစ်ယောက်အဖြစ်နဲ့ ကူညီပေးဖို့ SMIT ရှိပါတယ်။
တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင် -
Cb ကနေဆက်သွယ်လို့ရသလို
Ph. 09771007200 ကိုဆက်သွယ်နိုင်ပါတယ်။

SMIT - Training & Coaching

Ko Ye Win
Founder
Trainer & Coach

17/02/2025

တစ်နေ့တာကို ပျော်ရွှင်မှုနဲ့နိုးထပြီး..
ကျေးဇူးတရားများနဲ့ အိပ်စက်ပါ..

"ကောင်းကွက်ကိုသာရှာရင် မပေါင်းနိုင်စရာလူမရှိ
မကောင်းကွက်သာရှာရင် ပေါင်းနိုင်စရာလူမရှိ"

SMIT - Sales & Marketing improvement Training
0977107200

25/01/2025

အ​ပြောင်းအလဲလုပ်မယ်ဆိုရင် ကြုံလာနိုင်တဲ့အခက်အခဲလိုအပ်ချက်...
ကြိုတင်ပြင်ဆင်ရအောင်ပါ..

SMIT - Training & Coaching Send a message to learn more

23/01/2025

မိတ်ဆွေရဲ့ လုပ်ငန်းမှာ အပြောင်းအလဲလုပ်တော့မယ်ဆိုရင် Team Member တွေက အလွယ်တကူလက်မခံကြတဲ့ အကြောင်းအရင်း ၁၂ ချက်....
မိတ်ဆွေတို့ရဲ့ ဘဝမှာတိုးတက်ပြောင်းလဲမှုတွေလုပ်မယ်ဆိုရင်ရော.. မိတ်ဆွေရဲ့စိတ်ထဲမှာ အဲ့ဒီ ၁၂ ချက်ထဲက ဘယ်အချက်တွေက တားဆီးနေတာပါလဲ..?
မိတ်ဆွေတို့အတွက် အတွေးလေးတစ်ခုရပြီးအကျိုးရှိစေတယ်ဆိုရင် အခြားသူတွေအတွက်မျှဝေပေးဖိုတောင်းဆိုချင်ပါတယ်..
Page ကို like & follow လုပ်ထားပြီး မျှဝေမှုတွေကို လေ့လာနိုင်ပါတယ်..
အားလုံးကိုကျေးဇူးတင်ပါတယ်🙏🙏
SMIT - Sales & Marketing Improvement Training

18/01/2025

Family Type Vs Company Type
အပိုင်း ၄
Company Type အားနည်းချက်...

04/01/2025

Family Type Vs Company Type
အပိုင်း ၃
Company Type အားသာချက်...

20/11/2024

Family Type Vs Company Type
အပိုင်း ၂
Family Type အားနည်းချက်...

16/11/2024

Family Type Vs Company Type..အပိုင်း ၁
Family Type အားသာချက်များ..
မိတ်ဆွေတို့ရဲ့အတွေ့အကြုံ၊ထင်မြင်ချက်လေးတွေကို comment မှာပြောခဲ့ဖို့ ဖိတ်ခေါ်ပါတယ်...
ကျေးဇူးပါ🙏
ကိုရဲဝင်း
SMIT training




.

15/11/2024

Daily Life မှာအဆင်ပြေဖို့... "ကြိုက်တာလုပ်ပါ" 😊

SMIT - Sales & Marketing Improvement Training

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Tharkayta
Yangon
11231