National University of Computer Studies - NUCS

National University of Computer Studies - NUCS The official page of National University of Computer Studies - NUCS

22/08/2026

National University of Computer Studies ၏ နှစ်နှစ်မြောက် အခမ်းအနားကို ၁၅.၈.၂၀၂၆ ရက်နေ့တွင်

၁. အခမ်းအနားဖွင့်လှစ်ကြောင်းကြေငြာခြင်း
၂. ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း
၃. ပညာရေးဝန်ကြီးဌာနမှ ဆရာကြီးတစ်ဦးမှ ဂုဏ်ပြုစကားပြောကြားခြင်း
၄. အဆင့်မြင့်ပညာဦးစီးဌာနမှ Academic ဌာနမှူးမှ ဂုဏ်ပြုအမှတ်တရစကားပြောကြားခြင်း
၅. NUCS ၏ Acting Chancellor မှ ဂုဏ်ပြုအမှတ်တရစကားပြောကြားခြင်း
၆. NUCS ၏ Acting Vice Chancellor မှ ဂုဏ်ပြုအမှတ်တရစကားပြောကြားခြင်း
အစီအစဉ်(၇)မှ (၁၆) သက်ဆိုင်ရာ ဘာသာရပ်အသီးသီးမှ Project Shows
၁၇. NUCS ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်းစသည့် အစီအစဉ်များဖြင့်ကျင်းပခဲ့ရာ...

Project Shows များထဲမှSecond Year ကျောင်းသားကျောင်းသူလေးများ၏ OOP in Java Project Show Video လေးကို ကျောင်းသား၊ ကျောင်းသူများ၏ ကြိုးစားအားထုတ်မှု၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် နည်းပညာဆိုင်ရာ စွမ်းရည်များကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဖော်ပြလိုက်ပါတယ်။





အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုခြင်း      NUCS ၏ (၂) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ အချိန်ပေးတက်ရောက်၍ အ...
16/08/2026

အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုခြင်း

NUCS ၏ (၂) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ အချိန်ပေးတက်ရောက်၍ အမှတ်တရဂုဏ်ပြုစကားများ ချီးမြှင့်ပေးခဲ့ကြပါသော ပြည်ထောင်စုဒုတိယဝန်ကြီး (တာဝန်ခံ) နှင့် Head of Academic Department ဆရာကြီး တို့အား အထူးပင်ကျေးဇူးတင်ရှိပါသည်။
ထို့အပြင် အခမ်းအနားသို့ အချိန်ပေးတက်ရောက်၍ ဂုဏ်ပြုအားပေးခဲ့ကြပါသော တက္ကသိုလ်အသီးသီးမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြင်ပပညာရှင်များ၊ အတတ်ပညာရှင်များနှင့် ဧည့်သည်တော်များအားလုံးကိုလည်း လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။
NUCS ၏ (၂) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရန် စေတနာ၊ ဝီရိယအပြည့်ဖြင့် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြပါသော အခမ်းအနားကျင်းပရေး အမှုဆောင်ကော်မတီဝင်များအားလုံးကိုလည်း လေးစားစွာ ကျေးဇူးတင်ရှိပြီး မှတ်တမ်းတင်အပ်ပါသည်။
အခမ်းအနားတွင် မိမိတို့၏ ကြိုးစားအားထုတ်မှု၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် နည်းပညာဆိုင်ရာ စွမ်းရည်များကို Project Shows များဖြင့် အကောင်းဆုံးဖော်ထုတ်ပြသခဲ့ကြသော သင်တန်းနှစ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများအားလည်း အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါသည်။
NUCS ၏ ယနေ့အောင်မြင်မှုသည် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် NUCS အပေါ် ယုံကြည်စွာ ပါဝင်ပံ့ပိုးပေးကြသူများအားလုံး၏ စုပေါင်းကြိုးပမ်းအားထုတ်မှု၊ စည်းလုံးညီညွတ်မှုနှင့် အားပေးပံ့ပိုးမှုများ၏ ရလဒ်ကောင်းတစ်ခု ဖြစ်ပါသည်။
NUCS ၏ (၂) နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ပိုမိုတိုးတက်အောင်မြင်ပြီး ကွန်ပျူတာနည်းပညာနှင့် ပညာရေးနယ်ပယ်တွင် ထူးချွန်သော လူငယ်များကို ဆက်လက်မွေးထုတ်ပေးနိုင်၍ အစဉ်တိုးတက်ရှင်သန်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

NUCS မိသားစု



telegram :t.me/ucs_iboe
website: https://nucs-edu.org/
NUCS Email:
[email protected]

အင်တာနက်ပြတ်တောက်နိုင်ခြေရှိသူများအတွက် အသိပေးချက်**********Star Link Internet ပြတ်တောက်နိုင်ခြေရှိသည့် သတင်း‌နှင့်ပတ်သက...
26/07/2026

အင်တာနက်ပြတ်တောက်နိုင်ခြေရှိသူများအတွက် အသိပေးချက်
**********
Star Link Internet ပြတ်တောက်နိုင်ခြေရှိသည့် သတင်း‌နှင့်ပတ်သက်၍ ကျောင်းသား/သူများ စိုးရိမ်နေကြကြောင်း သိရှိပါသည်။

အင်တာနက် ပြတ်တောက်ပြီး တက္ကသိုလ်နှင့် ကင်းကွာဖြစ်မည်ကိုစိုးရိမ်ကာ ရပ်နားတင်ထားရမည်လား မေးမြန်းထားသည့်အပေါ် NUCS တက္ကသိုလ်စီမံအုပ်ချုပ်ရေးအနေဖြင့် လက်ရှိအခြေအနေကို အမြဲစောင့်ကြည့်လျှက်ရှိပါသည်။

မိမိတို့နေရာဒေသတွင် Star Link Internet ပြတ်တောက်နိုင်ခြေရှိသည့် ကျောင်းသား/သူများသည် ကြိုတင်ပြီး ရပ်နားတင်ထားရန် မလိုအပ်ကြောင်း နှင့် LMS အတွင်း တင်ထားပေးသည့် Form တွင်သာ စာရင်းဖြည့်သွင်းထားရပါမည်။

အကယ်၍ အင်တာနက်ပြတ်တောက်ခဲ့ပါက အင်တာနက်ပြန်လည်အသုံးပြုနိုင်ချိန်တွင် တက္ကသိုလ်သို့ Telegram/Email/Messenger တို့ဖြင့် ပြန်လည်သတင်းပို့ပြီး မိမိ၏သင်ယူမှုများကို ဆက်လက်ပြုလုပ်နိုင်ပါသည်။

*အထူးသတိပြုရန်*

LMS အတွင်း ပေးထားသည့် Link မှသာ ဖောင်ကိုဖြည့်ပေးကြပါရန်နှင့် အခြားမည်သည့်နေရာတွင်မှ ယင်းလင့်ကို တင်ထားပေးမည် မဟုတ်ပါ။

NUCS သည် ကျောင်းသား/သူ၏ Personal အချက်အလက်များကို မည်သည့်အခါမှ ကောက်ခံမည် မဟုတ်ပါ။

**********
MES-ID၊ NUCS-Id နှင့် MES အတွင်း Register လုပ်ထားသည့် Email များကို မှတ်သားထားပါရန်နှင့် ကျောင်းသား/သူကိုစိစစ်အတည်ပြုရန် NUCS က ယင်းအချက်အလက်များကို ပြန်လည်မေးမြန်းမည် ဖြစ်ပါသည်။

ကျောင်းသားရေးရာဌာန
NUCS

21/07/2026
အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုခြင်း************************************************NUCSသို့  NUCS တက္ကသိုလ်...
05/07/2026

အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုခြင်း

************************************************
NUCSသို့ NUCS တက္ကသိုလ် တည်ထောင်ခြင်း နှစ်နှစ်မြောက် နှစ်ပတ်လည် အမှတ်တရ ကျောင်းပညာရေး ပဒေသာပင်အလှူ အဖြစ် လှူဒါန်းခဲ့သည့် We're Teapots Team (Oct Batch) ကို NUCS မှ အထူးကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။



telegram :t.me/ucs_iboe
website: https://nucs-edu.org/
NUCS Email:
[email protected]
[email protected]

01/07/2026

NUCSမှ ဒုတိယနှစ် - ဒုတိယအကြိမ် ကျောင်းသူ၊ ကျောင်းသားများ၏ Java Project များထဲမှ Technology Explorer Award/ Beyond the Classroom Award ရရှိသော NEXA အဖွဲ့၏ SKY Messaging System Project Showcase Video လေးကို ဖော်ပြလိုက်ပါတယ်။

Title: SKY Messaging System

Team: NEXA (Group-5)

Members: Xiao Qiang, Xiao Yan, Bright, Only One, Shan Su, Dalot Ntp, Indico, Lwin, Phyu, Zeus,
Rose

1. Introduction
SKY Messenger is a modern web-based messaging application designed for seamless and efficient communication.

Key Features:
-Supports real-time messaging, social feeds, and media sharing.
-Features a mobile-first and fully responsive user interface.
-Provides a fast, secure, and interactive communication experience.

2. Tools and Technologies
-IDE: Visual Studio Code
-Database: Firebase (Fire store, Realtime Database)
-Authentication: Email JS (OTP verification)
-Programming Language: Java

3. Functionalities
-User registration and login (Phone / Gmail OTP)
-Real-time messaging system
-Post creation (text and image)
-Like and comment system
-Friend request and contact management
-Media upload (photo, video, file)
-Notification system
-Offline notes feature

4. Objectives
-To develop a fast and reliable messaging platform
-To combine social media and chat system in one application
-To create a user-friendly and interactive interface
-To ensure secure communication for users

5. Motivation
-Inspired by modern messaging apps like Messenger and Telegram
-To learn real-time communication technologies
-To improve web development skills (HTML, JavaScript, Firebase)
-To build a practical and interactive system

6. Features
-Real-time messaging
-Social feed (post, like, comment)
-Media sharing (image, video, file)
-Theme customization
-Multi-account support
-Security panel (upload and history)
-Responsive design (Mobile and Desktop)

7. Data Ethics
-User data (name, email, phone) is securely stored
-Authentication is used to prevent unauthorized access
-User data is not shared without permission
-Privacy Policy is included in the application
-Responsible data handling is maintained

8. Future Works
-Add End-to-End Encryption
-Implement Voice and Video Call features
-Integrate AI chatbot
-Improve push notifications
-Optimize performance
-Support large-scale users (scalable database)
-Develop mobile apps (Android & iOS)



telegram :t.me/ucs_iboe
website: https://nucs-edu.org/
NUCS Email:
[email protected]
[email protected]




01/07/2026

NUCSမှ ဒုတိယနှစ် - ဒုတိယအကြိမ် ကျောင်းသူ၊ ကျောင်းသားများ၏ Java Project များထဲမှBest, Strongest, and Most Eager Team ဖြစ်သော GEN အဖွဲ့၏ Payroll Management System Project Showcase Video လေးကို ဖော်ပြလိုက်ပါတယ်။

Title: Payroll Management System
Team: GEN
Presented by: Kay, Cam, Ra Ra, Maple, Den, Zego, Lwan Wai

Supervised by : Tr. CL

Introduction

A Payroll Management System is software that automates employee salary calculations, deduction processing, and payment management. It helps organizations accurately process payroll, maintain employee records, and track payment status efficiently.

Key Features:
Employee Payroll Data –> Stores employee information such as Employee ID, Name, and Salary.
Net Pay Calculation –> Automatically calculates employees' net salary after deductions.
Payment Methods –> Supports multiple payment options, including KPay, WaveMoney, and Cash.
Database Integration –> Stores and manages payroll records using a MySQL database.
Payroll Status –> Tracks the payment status of each employee as Paid or Unpaid.

Objectives
● To calculate employee salaries accurately
● To manage overtime, deductions, and allowances
● To store payroll data securely
● To support multiple payment methods
● To process payroll step-by-step

Motivation
Manual payroll processing is time-consuming and error-prone
Difficult to manage multiple employees and salary records
Lack of structured data storage and tracking
This system is developed to:
● Automate payroll calculations
● Reduce human errors
● Improve processing speed
● Organize payroll data efficiently
● Designed for small to medium organizations
● Step-by-step payroll processing workflow
● Customizable employee data management

Features
● Multi-step payroll processing (Step 1 → Step 3)
● Employee selection using JTable with checkbox
● Automatic salary calculation (Net Pay)
● Payment method selection (KPay, WaveMoney, Cash)
● Database integration using MySQL
● Payroll status update (Paid / Unpaid)

Advantages of the System
● Improves payroll accuracy
● Saves processing time
● Reduces manual workload
● Provides real-time payroll summary
● Easy employee data management
● Enhances financial tracking and reporting

Data Ethics
● Data Privacy
- Store only necessary employee data
- Protect sensitive data (salary, ID)
- Follow data protection principles
● Fairness and Prevention
- Treat all employees equally
- Rule-based salary calculation
- Avoid discrimination or bias
● Informed Consent
- Inform employees about data usage
- Obtain user permission before processing
- Respect user privacy rights
● Transparency
- Clear payroll calculation process
- Easy-to-understand system workflow
- Show how salaries are calculated
● Data Security
- Secure MySQL database connection
- User authentication (login system)
- Password encryption
● Accountabitlty
- Track user activities (logging)
- Monitor system actions
- Ensure responsibility for errors

Future Work
● Mobile app (Android/iOS support)
● Online payment integration (API)
● Advanced analytics dashboard
● Biometric attendance system
● Cloud-based database (AWS / Firebase)
● Email/SMS notification system
● AI-based payroll prediction



telegram :t.me/ucs_iboe
website: https://nucs-edu.org/
NUCS Email:
[email protected]
[email protected]





26/06/2026

၂၆.၆.၂၀၂၆ (သောကြာနေ့)ထိ MES တွင် ပထမနှစ် Enroll (ကျောင်းအပ်)ထားပြီးသူများ LMS အတွင်း ဝင်ရောက်နိုင်ပါပြီ။ ကျောင်းအပ်နည်းလမ်းညွှန် အဆင့် ၈ နှင့် ၉ ပါ လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ပါ။
(https://nucs-edu.org/admission/enroll-guide/ )
LMS ထဲသို့ ဝင်ရောက်ပြီး 2026-2027 Academic Year —> Batch-4 (June Intake) —> First Year —> Semester-I (June-October) သို့ အဆင့်ဆင့် ဝင်ရောက်ပါ။

LMS ထဲရှိ သင်တန်းဆိုင်ရာ ကြေညာချက်များကို ဖတ်ရှုပြီး လမ်းညွှန်ချက်များအတိုင်း ဆက်လက်လုပ်ဆောင်ပါ။

အဆင်မပြေမှုများရှိပါက တက္ကသိုလ်၏ Facebook နှင့် Telegram ချန်နယ်များနှင့် [email protected] သို့
၁။ MES-ID
၂။ NUCS-ID (MES ထဲတွင် ကြည့်ရန်)
၃။ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာအမှတ်စဉ်နှင့်
၄။ MES ထဲတွင် Register လုပ်ခဲ့သော အီးမေးလ်
စသည့်အချက်များ ပြည့်ပြည့်စုံစုံ ဖော်ပြလျှက် မေးမြန်းနိုင်ပါသည်။ အကောင့်လုံခြုံရေးအတွက် အချက်အလက်မပြည့်စုံသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးမည် မဟုတ်ပါ။

အထူးသတိပေးချက် -
မိမိတို့၏ MES နှင့် LMS ID များနှင့် Password များကို မည်သူ့ထံသို့မျှ မည်သည့်အကြောင်းကြောင့်မျှ ပေးပို့ခြင်းလုံးဝ (လုံးဝ) မပြုလုပ်ကြပါရန်။
LMS ထဲရှိ ကြေညာချက်များ အပါအဝင် မည်သည့် အချက်အလက်ကိုမှ အပြင်သို ထုတ်ခြင်း၊ ရှဲခြင်း မပြုလုပ်ကြပါရန်။

ဘွဲ့လွန်သုတေသနသင်တန်းသားများအတွက် ကျောင်းအပ်နည်းလမ်းညွှန်ပညာသင်ခွင့်ရပ်တန့်နေခဲ့ကြသော ပါရဂူနှင့်မဟာတန်း သုတေသနကျောင်းသား...
25/06/2026

ဘွဲ့လွန်သုတေသနသင်တန်းသားများအတွက် ကျောင်းအပ်နည်းလမ်းညွှန်

ပညာသင်ခွင့်ရပ်တန့်နေခဲ့ကြသော ပါရဂူနှင့်မဟာတန်း သုတေသနကျောင်းသား/သူများအတွက် NUCS တွင် သုတေသနဆက်လက်ပြုလုပ်ရန် စီစဉ်ဆောင်ရွက်ပေးလျှက်ရှိရာ ယခုအခါတွင် ကျောင်းအပ်ခြင်းနှင့် သင်တန်းသားစာရင်းသွင်းခြင်းများကို MES မှ တဆင့် ပြုလုပ်နိုင်ကြပြီ ဖြစ်ပါသည်။

သင်တန်းကြေညာချက်နှင့် သင်တန်းအပ်နည်းလမ်းညွှန်ကို https://nucs-edu.org/academic/postgrad/ တွင် ဝင်ရောက်ဖတ်ရှုပြီး လမ်းညွှန်ချက်များအတိုင်း လိုက်ပါလုပ်ဆောင်နိုင်ပါသည်။
တက္ကသိုလ်ဘက်က စိစစ်စီစဉ်ပြီး အီးမေးလ်ဖြင့် အကြောင်းပြန်ပါမည်။

သင်တန်းသားတစ်ဦးချင်းစီအလိုက် စီစဉ်ဆောင်ရွက်ပေးရမည် ဖြစ်ပါသဖြင့် ကြာမြင့်ချိန် (၃) လအထိ ရှိနိုင်ပါသည်။ စုံစမ်းမေးမြန်းမှုများကို Submit လုပ်ပြီး (၃)လကျော်မှသာ ပြုလုပ်ပါရန်။

အဆင်မပြေမှုရှိပါက NUCS ၏ Facebook နှင့် Telegram Channel များမှသော်လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပို့၍သော်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ကျောင်းသားရေးရာဌာန
NUCS

Address

Yangon

Alerts

Be the first to know and let us send you an email when National University of Computer Studies - NUCS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to National University of Computer Studies - NUCS:

Shortcuts

Share