Christina's English Language School

Christina's English Language School Welcome to Christina's English Language School💙🎓📖

17/04/2026

Chris အအေးအလှူလေးကို ပါဝင်ကူညီဆောင်ရွက်ပေးကြသူများအားလုံး ကျေးဇူးပါရှင်❤️

နှစ်ဆန်းတစ်ရက်နေ့ အအေးအလှူ❤️
17/04/2026

နှစ်ဆန်းတစ်ရက်နေ့ အအေးအလှူ❤️

Christina Myat Noe🩵Founder & English Language Instructor🎓• BA English (Yangon University of Distance Education)• Diploma...
13/02/2026

Christina Myat Noe🩵

Founder & English Language Instructor🎓

• BA English
(Yangon University of Distance Education)

• Diploma in English
(Yangon University of Foreign Languages - YUFL)

• Diploma in English for Communication Skills
(Yangon University of Foreign Languages - YUFL)

She specializes in teaching Basic to Advanced English, helping learners build strong grammar foundations and confident speaking skills for real-life communication📖

Christina's English Language School

Teacher Chris နဲ့ တူတူ Life Stages ​လေး​တွေ ​လေ့လာရ​အောင်​နော်❤️Christina's English Language School
14/10/2025

Teacher Chris နဲ့ တူတူ Life Stages ​လေး​တွေ ​လေ့လာရ​အောင်​နော်❤️

Christina's English Language School

မိဘတစ်ယောက်ရဲ့အတ္တ❤️Chris တို့ မိဘတစ်ယောက်ရဲ့အတ္တ ဆိုတာ ဘယ်လိုပုံစံမျိုးလဲ ဆိုတာ လေ့လာကြည့်ရအောင်နော်မိဘတစ်ယောက်ဟာ ကိုယ်...
29/08/2025

မိဘတစ်ယောက်ရဲ့အတ္တ❤️

Chris တို့ မိဘတစ်ယောက်ရဲ့အတ္တ ဆိုတာ ဘယ်လိုပုံစံမျိုးလဲ ဆိုတာ လေ့လာကြည့်ရအောင်နော်

မိဘတစ်ယောက်ဟာ ကိုယ်မွေးထားတဲ့ သားသမီးအပေါ်မှာ သားသမီးတွေရဲ့ဘဝ အမြင့်ဆုံးထိရောက်ရှိဖို့ကို မျှော်မှန်းလေ့ ရှိကြတာတော့ သဘာဝပေါ့

ပညာရေးနဲ့ ပတ်သက်ပြီး မိဘတစ်ယောက်အနေနဲ့လဲ ကိုယ့်သားသမီးအပေါ် အကောင်းဆုံး ဖြည့်ဆည်းပေးလေ့ရှိကြတာပေါ့

■ကိုယ့်သားသမီးကို အိမ်ကောင်းကောင်းမှာ နေစေချင်တယ်
■ကိုယ့်သားသမီးကို ကျောင်းကောင်းကောင်းမှာ ထားချင်တယ်
■ကိုယ့်သားသမီးကို ကားကောင်းကောင်း စီးစေချင်တယ်
■ကိုယ့်သားသမီးကို အစားအသောက်ကောင်းတွေ စားစေချင်တယ်
■ကိုယ့်သားသမီးကို အကောင်းဆုံး ပညာရေးတွေကို ပေးချင်တယ်
■ကိုယ့်သားသမီးကို ဆရာကောင်းတွေနဲ့ သင်စေချင်တယ်

ဒါတွေဟာ မိဘတိုင်းမှာ ရှိတဲ့ ဖြစ်လေ့ရှိတဲ့ စိတ်သဘာဝတွေပေါ့လေ

အဲ့ဒီစိတ်ကို ကိုယ်တိုင်မထိန်းချုပ်နိုင်တဲ့အခါ ကိုယ့်သားသမီးအပေါ် ကောင်းစေချင်တဲ့စေတနာတွေ လွန်ကဲသွားတဲ့အခါ

ကိုယ့်သားသမီးအပေါ် ထားတဲ့ အဲ့စေတနာအရင်းခံတဲ့ စိတ်တွေဟာ အတ္တအဖြစ်ကို ပြောင်းလဲသွားတယ်

မိဘတစ်ယောက်ရဲ့ အတ္တဆိုတာက

■ကောင်းမွန်တဲ့အရာတွေ အားလုံး ကိုယ့်သားသမီးဆီမှာဘဲ ရှိစေရမယ်
■ကောင်းမွန်တဲ့အရာတွေ အားလုံး ကိုယ့်သားသမီးဆီမှာဘဲ ဖြစ်စေရမယ်
■ကောင်းမွန်တဲ့အရာတွေ အားလုံး ကိုယ့်သားသမီးဘဲ ပိုင်ဆိုင်စေရမယ်

ဒါမျိုးစိတ်တွေကိုတော့ အတ္တ လို့ ခေါ်ဆိုနိုင်တာပေါ့

ဒီစိတ်တွေဟာ ကိုယ့်သားသမီးအပေါ် တစ်ဦးတည်းပေါ်မှာ ထားရင်တော့ ကိစ္စသိပ်မရှိဘူး သူ့သားသမီးအပေါ် သူဂရုတစိုက် ပြုစုပျိုးထောင်တာမျိုး လို့ နားလည်ပေးလို့ ရတာပေါ့

ဒါပေမယ့် ကိုယ့်သားသမီးကို သူများသားသမီးနဲ့ နှိုင်းယှဉ်မိတဲ့အခါ မိဘတွေအနေနဲ့ အတ္တတွေကြောင့် ပူလောင်နေရတာတွေ တွေ့မြင်ရတယ်

Chris ပြောချင်တာက

■ကလေးတစ်ယောက်နဲ့ တစ်ယောက်ဟာ မွေးဖွားလာပုံလဲ မတူညီကြသလို
■ကလေးတစ်ယောက်နဲ့ တစ်ယောက်ဟာ ကုသိုလ်ကံချင်းလဲ မတူညီကြသလို
■ကလေးတစ်ယောက်နဲ့ တစ်ယောက်ဟာလဲ ညဏ်ရည်ချင်း မတူညီကြတာမို့

ကိုယ့်သားသမီးကို သူများသားသမီးနဲ့ နှိုင်းယှဉ်ပြီး မပူလောင်ကြဖို့ လိုအပ်တယ်

အတ္တစိတ်တွေနဲ့ ကိုယ့်သားသမီးကို ပြုစုပျိုးထောင်တဲ့အခါ ကိုယ့်သားသမီးက ညဏ်ကောင်းတယ် စာလဲတော်တယ် လူဝင်လဲဆံ့တယ် သင့်တင့်ကောင်းမွန်တဲ့ ပညာရေးလဲ ရနိုင်တယ်

ဒါပေမယ့် ကိုယ့်ရဲ့ အတ္တတွေနဲ့ ပြုစုပျိုးထောင်ထားတဲ့ သားသမီးဟာ ဘဝတစ်ကွေ့ရောက်တဲ့အခါ ထင်သလောက် အမြင့်ကို မတက်လှမ်းနိုင်ဘူး မအောင်မြင်နိုင်ဘူး ဖြစ်တတ်တယ်

■ကိုယ့်အတ္တတွေကြောင့် ကိုယ့်သားသမီးရဲ့ ပညာသင်ယူမှု လမ်းကြောင်းမှာ အဟန့်အတား ဖြစ်စေတယ်

■ကိုယ့်အတ္တတွေကြောင့် ကိုယ့်သားသမီးကို ပူလောင်မှုတွေ မပေးမိစေဖို့ လိုအပ်တယ်

■ကိုယ့်သားသမီးကို အတ္တတွေနဲ့ ပြုစုပျိုးထောင်တာမျိုးတွေ မလုပ်မိကြဖို့ လိုအပ်တယ်

အဆုံးထိ ဖတ်ကြည့်ပြီး အသိတစ်ခုလေး ရရှိမယ်ဆို ကျေနပ်ပါတယ်

တပည့်များအပေါ် မေတ္တာများစွာဖြင့်❤️

Christina Myat Noe

■မည်သူတစ်ဦးတစ်ယောက်အပေါ်မှ ရည်ရွယ်လိုခြင်းမဟုတ်ပါ■

■သားသမီးရှိတဲ့ မိဘ​တွေ အားလုံးနဲ့​တော့ သက်ဆိုင်မယ်လို့ ထင်ပါတယ်■

Chris ​ရေးသားထား​သော ပုံနှင့်စာများအား ကူးယူ​ဖော်ပြခြင်း သည်းခံပါရှင်🚫

Chris မှာ ကိုယ်တိုင်ကျင့်သုံးတဲ့ ကျင့်ဝတ် တစ်ခုရှိတယ်❤️ အဲ့ကျင့်ဝတ်က ဘာလဲဆိုတော့ English စာသင်ကြားမှုနဲ့ ပတ်သက်ပြီး မိဘတ...
27/08/2025

Chris မှာ ကိုယ်တိုင်ကျင့်သုံးတဲ့ ကျင့်ဝတ် တစ်ခုရှိတယ်❤️

အဲ့ကျင့်ဝတ်က ဘာလဲဆိုတော့ English စာသင်ကြားမှုနဲ့ ပတ်သက်ပြီး မိဘတွေအပေါ် ကျောင်းသားတွေ အပေါ် သင်ကြားမှုနဲ့ ပတ်သက်ပြီး ကတိတည်တာဘဲ

ဘယ်နှစ်လအတွင်း တီချယ့်ဘက်က သားတို့ သမီးတို့ရဲ့ English Level ကို ဘယ်အဆင့်အထိရောက်အောင် သင်ပေးမယ်လို့ စာသင်နေရင်းနဲ့ ကတိပေးတယ်

စာသင်နေရင်းနဲ့ Chris လိုချင်တဲ့ အနေအထားရောက်ရင် သင်ကြားမှုကို ရပ်လိုက်တယ်

■ ကလေးက Chris လိုချင်တဲ့ သင်တော်တဲ့ အနေအထားမရောက်သေးဘူးး ကလေးဘက်က လိုအပ်ချက်များလို့ ဆက်ပြီး သင်ကြားဖို့ လိုအပ်နေသေးရင် သင်ကြားဖို့ လိုအပ်နေသေးကြောင်း မိဘကို အသိပေးတယ်

■ ကလေးက သင့်တော်တဲ့အနေအထား Chris လိုချင်တဲ့အနေအထားမျိုး ရောက်ပြီဆိုရင် ဆက်သင်ကြားဖို့ မလိုအပ်သေးကြောင်း မိဘကို အသိပေးတယ်

သက်ဆိုင်ရာ နယ်ပယ်တစ်ခုမှာ Professional အဖြစ် ရပ်တည်ချင်တယ် အောင်မြင်ချင်တယ်ဆိုရင် ကတိတည်တတ်ဖို့ရယ် သင်ကြားမှုအပေါ် ရိုးသားဖို့ရယ် လိုအပ်တယ်❤️

Christina's English Language School

Chris စာသင်ရတာ ပိုက်ဆံ​တွေ အများကြီး ရချင်မှ ရလိမ့်မယ် English စာသင်​နေတဲ့အချိန်မှာ English Grammar တစ်ခုကို ​English Li...
26/08/2025

Chris စာသင်ရတာ ပိုက်ဆံ​တွေ အများကြီး ရချင်မှ ရလိမ့်မယ်

English စာသင်​နေတဲ့အချိန်မှာ English Grammar တစ်ခုကို ​English Listening တစ်ပုဒ်ကို သေချာနားလည်သွားလို့ ပြုံး​ပျော်​သွားတဲ့ က​လေးတစ်​ယောက်ရဲ့ အပြုံးက ဘာနဲ့မှ မလဲနိုင်ဘူး❤️

တည်​ထောင်ထားရတဲ့ ရည်ရွယ်ချက်က လူငယ်​လေး​တွေ English စာနဲ့ ပတ်သက်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု​တွေ ရှိလာဖို့ဘဲ

ဆရာတစ်​ယောက်ရဲ့ကျင့်ဝတ် ပညာကျင့်ဝတ် ဆိုတာ​တော့ ရှိတယ်

ကိုယ့်ဘက်က ဘယ်​လောက်ဘဲ ပညာ​တွေ​မျှ​ဝေ ပေးချင် ​ပေးချင် တစ်ဖက်က ပညာကို လိုလိုလားလားဖြစ်မှသာ ​ပေးခွင့်ရှိတာ ပညာကျင့်ဝတ်ပါ

တစ်ဖက်ရဲ့ အားနည်းချက်ကို မြင်​တွေ့​​နေပေမယ့် တစ်ဖက်က သူ့ကိုသင်ကြား​ပေးပါလို့ ​တောင်းဆိုလာမှသာ သင်ကြားခွင့်ရှိတာ ဆရာကျင့်ဝတ်ပါ

Christina's English Language School ❤️

Learners လို့​ခေါ်တဲ့ သင်ယူ​လေ့လာတဲ့က​လေးတွေကို Chrisရဲ့ သင်ကြား​ရေး နည်းစနစ်​မှာ Slow Learner ရယ် Fast Learner ရယ် ဆိုပ...
22/08/2025

Learners လို့​ခေါ်တဲ့ သင်ယူ​လေ့လာတဲ့က​လေးတွေကို Chrisရဲ့ သင်ကြား​ရေး နည်းစနစ်​မှာ Slow Learner ရယ် Fast Learner ရယ် ဆိုပြီး နှစ်မျိုးခွဲထားတယ်❤️

■ Fast Learner ​ကျောင်းသား​တွေရဲ့ သင်ယူပုံကို ​လေ့လာတဲ့အခါ က​လေးက ညဏ်​ကောင်းတယ် သင်ယူ​လေ့လာမှုအားကလဲ မြန်ဆန်တယ် Critical Thinking ပိုင်း အရမ်း​ကောင်းတယ်

■ Slow Learner ​ကျောင်းသား​တွေရဲ့ သင်ယူပုံကို ​လေ့လာတဲ့အခါ က​လေးက အရမ်းညဏ်​ကောင်းတယ် သင်ယူ​လေ့လာမှုအားက ​နှေး​ကွေးတယ် Critical Thinking ပိုင်းလဲ နည်းနည်း​လေး အားနည်းတယ်

Critical Thinking ပိုင်း​က ဘာကွာခြားလဲဆို​တော့ ​က​လေးက ​ကျောင်းတက်စအရွယ်ကစပြီး ကျောင်းစာကို စတင် သင်ယူ​လေ့လာတဲ့အခါ မိဘလွှမ်းမိုးမှု ဘယ်​လောက်များခဲ့လဲ ဆိုတဲ့အပေါ်မှာ အများကြီး မူတည်သွားတယ်

Critical Thinking ဆိုတာက ​ကျောင်းသင်ခန်းစာနဲ့ ​ကျောင်းပြင်ပသင်ခန်းစာ နှစ်ခုကို ချိတ်ဆက်​တွေး​တောတတ်တဲ့ အ​တွေးအ​ခေါ်လို့ ဆိုလိုတယ်

မြန်မာ့ပညာ​ရေးစနစ်ကိုက စာကိုအလွတ်ကျက်တဲ့နည်းတဲ့ သွားကြတဲ့အခါ က​လေးက စာတစ်ပုဒ်ကို ပုံ​​သေကျက်မှတ်ရမယ်ဆိုတဲ့ အသိကို ရိုက်သွင်းသလို ဖြစ်သွားတယ်

အဲ့အခါမှာ ပြင်ပအ​တွေးအ​ခေါ်ပိုင်းဆိုင်ရာ ပြင်ပဗဟုသုတပိုင်းဆိုင်ရာက အရမ်းအားနည်းသွားတယ် က​လေးက ကိုယ်ကိုကိုယ်ယုံကြည်မှုမရှိဘူး ဖြစ်​နေတတ်တယ်

Slow Learner က​လေး​တွေကို ချဥ်းကပ်တဲ့အခါ အရမ်းသတိထားပြီး ချဥ်းကပ်ရတယ်

သူတို့​လေး​တွေရဲ့ ဦး​နှောက်ထဲထိ ​ရောက်​အောင် စာကို​သေချာသ​ဘော​ပေါက်ပြီး ဦး​နှောက်ထဲ တစ်သက်လုံး စွဲ​နေ​အောင် မှတ်မိ​နေ​အောင် သင်ကြား​ပေးတဲ့ Teaching Method နဲ့ သွားတယ်

တစ်လအတွင်း က​လေးက ဘယ်​လောက်ထိ တိုးတက်လာပြီး Englishဘာသာရပ်နဲ့ ပတ်သက်ပြီး သင်ယူ​လေ့လာမှု​တွေ မြန်​ဆန်လာမလဲ

English စာသင်ရတဲ့အချိန်​တွေမှာ ပို​ပျော်ပြီး ကိုယ့်ကိုကိုယ်ဘယ်​လောက်ထိ ယုံကြည်မှု ရှိလာမလဲဆိုတာ Chris ကိုယ်တိုင် ​သေချာ အချိန်​ပေး ​လေ့ကျင့်​ပေးသွားမှာ ဖြစ်တယ်❤️

Chris က​လေးကို တစ်ယောက်ထဲ one on one ​​သေချာ focus ထားပြီး ​သေချာ အချိန်​ပေး သင်ကြား​ပေး​တော့မှာ ဖြစ်တဲ့အတွက် က​လေးရဲ့မိဘ​တွေ က​လေးရဲ့မိသားစုဝင်​တွေအ​နေနဲ့လဲ ​Chris ပြောစကားကို ​သေချာနား​ထောင်​ပေးကြဖို့ တိုက်တွန်းလိုပါတယ်ရှင်

Christina Myat Noe

Chris ​ရေးသားထား​သော ပုံနှင့်စာများအား ကူးယူ​ဖော်ပြခြင်း သည်းခံပါရှင်🚫

Chris ဘဝမှာ အ​ကြောက်ဆုံးက လူငယ်​လေး​တွေ ပညာ​ရေးလမ်း​ကြောင်း ​ရွေးချယ်မှုနဲ့ ဘဝအတွက် Life Career ​ရွေးချယ်မှု မှားသွားမှာ...
22/08/2025

Chris ဘဝမှာ အ​ကြောက်ဆုံးက လူငယ်​လေး​တွေ ပညာ​ရေးလမ်း​ကြောင်း ​ရွေးချယ်မှုနဲ့ ဘဝအတွက် Life Career ​ရွေးချယ်မှု မှားသွားမှာ အ​ကြောက်ဆုံးဘဲ❤️

Chris ဘဝတစ်​လျှောက်လုံးမှာ English ဘာသာရပ်ကို အကြိုက်ဆုံးဘဲ English ဘာသာကို​လေ့လာပြီး English Language Teacher အဖြစ် ရပ်တည်ခဲ့တာ ဒီ​နေ့ထိ ​နောင်တ မရဖူးဘူး

Chris နဲ့ ပတ်သက်သမျှ လူငယ်​လေး​တွေကိုလဲ Chris အတိုင်း ဖြစ်စေချင်တယ် ​ကိုယ့်ရဲ့ရွေးချယ်မှုအတွက် ​နောင်တ လုံးဝ မရ​စေချင်ဘူး

အဲ့တာ​ကြောင့် Chris တက်နိုင်သ​လောက် လက်တွဲ​ခေါ်​ပေးတယ် အကြံ​ညဏ်​ကောင်း​တွေပေးတယ်

■လူငယ်​တွေကို ကြိုးစား​စေချင်တယ်

■လူငယ်​တွေကို ထက်မြတ်​​စေချင်တယ်

■လူငယ်​တွေကို ထူးချွန်​စေချင်တယ်

■လူငယ်​တွေကို ​ရွေးချယ်မှု​တွေ မှန်ကန်​စေချင်တယ်

■လူငယ်​တွေကို ရည်မှန်းချက်ကြီးကြီး ထားစေချင်တယ်

■လူငယ်​တွေကို တန်ဖိုးထား​တတ်စေချင်တယ်

လူငယ်တစ်​ယောက်ကို ကြည့်လိုက်တာနဲ့ ​ကြိုးစားချင်စိတ်ရှိမရှိ အနာဂတ်အတွက် ​​မျှော်မှန်းချက်ကြီးမကြီး ရည်မှန်းချက်ရှိမရှိ ဆိုတာ Chris အ​တွေ့အကြုံအရ ချက်ချင်းသိပါတယ်

Christina's English Language School 🎓📖

Educational Path and Life Careerအတွက် Chris နဲ့ အချိန်မ​ရွေး လာ​ရောက်တိုင်ပင်နိုင်ပါတယ် လူငယ်​တွေ အားလုံးကို warmly welcome ပါရှင်❤️

Scholarship Counselling💙🎓📖နိုင်ငံရပ်ခြားမှာ International student အ​နေနဲ့ ပညာသင်သွားချင်တယ် ဘာ​တွေ စီစဥ်ရမလဲ နိုင်ငံတကာ​...
20/08/2025

Scholarship Counselling💙🎓📖

နိုင်ငံရပ်ခြားမှာ International student အ​နေနဲ့ ပညာသင်သွားချင်တယ် ဘာ​တွေ စီစဥ်ရမလဲ နိုင်ငံတကာ​ကျောင်း​တွေမှာ Scholarship ​လျှောက်ချင်တယ် ဘယ်လို​လျှောက်ရမလဲ သိချင်တဲ့ ​မောင်​လေး ညီမ​လေး​တွေအတွက် Chris ကိုယ်တိုင် အကြံ​ပေး​နေပါတယ်💙

Counselling Fees က​တော့ $ 100 ပါ

If you want to study abroad as an international student, What should you plan for? If you want to apply for scholarships at the international schools, How do you apply? My name is Chris.I am giving advices to the students who want to know💙

Counselling fees is $ 100.

Christina's English Language School💙🎓📖

Address

No. (527), Corner Of Nawarat 6th Street, (8) Ward, Tharkayta Townships
Yangon

Website

Alerts

Be the first to know and let us send you an email when Christina's English Language School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share