06/05/2026
အင်္ဂလိပ်လို Do vs Make ကို မှန်ကန်စွာ အသုံးပြုနည်း 🗣️💬
(How to Use “Do” and “Make” Correctly in English)
အင်္ဂလိပ်လို ပြောဆိုရာမှာ Do နဲ့ Make ကို ရောထွေးပြီး မှားသုံးလေ့ရှိကြပါတယ်။ ဘာလို့လဲဆိုတော့ စကားလုံးနှစ်လုံးလုံးက တချို့ဘာသာစကားတွေမှာ တူညီတဲ့အဓိပ္ပာယ်လို ပြန်ဆိုလို့ရတာကြောင့်ပါ။
ဒါပေမယ့် အင်္ဂလိပ်ဘာသာစကားမှာတော့ Do နဲ့ Make ကို အသုံးပြုတဲ့ ပုံစံမှာ ရှင်းလင်းတဲ့ Rule (စည်းမျဉ်း) ရှိပါတယ်။
နားလည်ရလွယ်ကူအောင် အုပ်စု (၂) ခု ခွဲပြီး လေ့လာကြည့်ကြရအောင်။
⸻
🧩 Do (လုပ်ဆောင်သည်)
(တာဝန်၊ အလုပ်၊ လုပ်ငန်း၊ activity တစ်ခုကို လုပ်ဆောင်ခြင်း)
👉 Use Do for actions, tasks, and responsibilities.
နေ့စဉ်လုပ်ရတဲ့ အလုပ်တွေ၊ တာဝန်တွေ၊ ပြီးအောင်လုပ်ရမယ့် tasks တွေအတွက် Do ကို သုံးပါတယ်။
🗣️ Do homework.
(အိမ်စာလုပ်ပါ။)
🗣️ Do the dishes.
(ပန်းကန်ဆေးပါ။)
🗣️ Do exercise.
(လေ့ကျင့်ခန်းလုပ်ပါ။)
🗣️ Do your job.
(ကိုယ့်အလုပ်ကို လုပ်ပါ။)
🗣️ Do me a favor.
(ကျွန်မ/ကျွန်တော့်ကို ကူညီပေးပါ။)
🌟 Key Idea:
Do = Perform a task (အလုပ် / တာဝန်တစ်ခု လုပ်ဆောင်တာ)
⸻
🧩 Make (ဖန်တီးသည်)
(တစ်ခုခုကို ဖန်တီးခြင်း၊ ထုတ်လုပ်ခြင်း၊ ရလဒ်တစ်ခု ဖြစ်ပေါ်စေခြင်း)
👉 Use Make for creating, producing, or causing a result.
တစ်ခုခုကို ဖန်တီးတာ၊ ပြင်ဆင်တာ၊ ထုတ်လုပ်တာ၊ ရလဒ်တစ်ခု ဖြစ်ပေါ်လာစေတာတွေမှာ Make ကို သုံးပါတယ်။
🗣️ Make a cake.
(ကိတ်မုန့်တစ်လုံးဖုတ်ပါ။)
🗣️ Make dinner.
(ညစာပြင်ပါ။)
🗣️ Make a plan.
(အစီအစဉ်တစ်ခုဆွဲပါ။)
🗣️ Make money.
(ပိုက်ဆံရှာပါ။)
🗣️ Make a mistake.
(အမှားတစ်ခုလုပ်ပါ။)
🌟 Key Idea:
Make = Create / Produce something (တစ်ခုခုကို ဖန်တီးထုတ်လုပ်တာ)
⸻
🧩 Do vs Make (နှိုင်းယှဉ်ချက်)
🗣️ Do homework.
(အိမ်စာလုပ်ပါ။)
▫️ Task (ပြီးအောင်လုပ်ရမယ့် အလုပ်)
🗣️ Make a cake.
(ကိတ်မုန့်တစ်လုံးဖုတ်ပါ။)
▫️ Create (အသစ်ဖန်တီးတာ)
🗣️ Do the dishes.
(ပန်းကန်ဆေးပါ။)
▫️ Routine task (နေ့စဉ်အလုပ်)
🗣️ Make dinner.
(ညစာပြင်ပါ။)
▫️ Prepare something (တစ်ခုခု ပြင်ဆင်ဖန်တီးတာ)
👉 Difference:
Do = Task / Duty (အလုပ် / တာဝန်)
Make = Create / Result (ဖန်တီးမှု / ရလဒ်)
⸻
📝 Simple Way to Remember
ကိုယ့်ကိုယ်ကို ဒီမေးခွန်းလေး မေးကြည့်ပါ 👇
✅ Is it a task or duty?
(ဒါက လုပ်ရမယ့် အလုပ် / တာဝန်လား?)
→ Use DO
✅ Is it about creating or producing something?
(ဒါက တစ်ခုခုကို ဖန်တီး / ထုတ်လုပ်တာလား?)
→ Use MAKE
⸻
📝 Practice Tip
ဒီနေ့ 5 minutes လောက် အချိန်ယူပြီး ကိုယ်တိုင် ဥပမာလေးတွေ ရေးကြည့်ပါ ✍️
✅ Write 3 sentences with DO.
✅ Write 3 sentences with MAKE.
ပြီးရင် အသံထွက်ဖတ်ကြည့်ပါ။ 🗣️
ဒီလိုလေ့ကျင့်တာက Natural English Speaking Habit တည်ဆောက်ရာမှာ အများကြီး အထောက်အကူဖြစ်စေပါတယ်။
⸻
Using “Do” and “Make” correctly will make your English sound more natural and confident in daily conversations.
Best Wishes,
Wint Wah Aung 👩🏻🏫🧡
Founder & Instructor (B&B School of Languages - BSL)