23/08/2026
ကျွန်မတို့ နေတဲ့နေရာက ကြောင်တွေ ဖျားရင် ပါရာစီတမော တိုက်ခိုင်းတဲ့နေရာပါ။ ကြောင်ချစ်သူရှားပြီး ကြောင်ပစ်သူတွေသာများကြပါတယ်။
ကျွန်မတို့မိသားစုလေးက ကြောင်လေးတွေကိုသနားတတ်တော့ အပစ်ခံရတဲ့ ကြောင်လေးတွေကိုခေါ်ယူစောင့်ရှောက်ပေးရာကနေ အိမ် နားဝန်းကျင်အထိ ကြောင်လေးတွေကိုလာပစ်ကြရင်း အကောင်ရေများလာတာပါ။
စားဝတ်နေရင်းရုန်းကန်ရင်း ကလေးတွေအတွက် အတတ်နိုင်ဆုံးပြုစုစောင့်ရှောက်ပေးပေမယ့် လက်ရှိမှာ ကြောင်လေးတွေ ကိစ္စအဝဝ ကို လုပ်ပေးတဲ့ သားက နိုင်ငံခြားကိုသွားရတော့မှာမလို့ ပါ။
ကျွန်မအနေနဲ့ကလည်း စာသင်ရင်း၊ အမျိုးသားကလည်း နာတာရှည်ရောဂါနဲ့မလို့ ကလေးတွေရဲ့ စရိတ်နဲ့ ဆက်လက်စောင့်ရှောက်ဖို့ရာ လူမရှိတော့တဲ့အတွက် ခက်ခဲလာလို့ပါရှင်။
ဒါကြောင့် ဒီကလေးလေးတွေကို ကျွန်မတို့ဆီမှာထက် ပိုကောင်းတဲ့နေရာလေးမှာ ဂရုတစိုက်အချစ်ခံရပြီးနေစေချင်လို့ နိုင်သလောက်မွေးစားပေးလို့ရနိုင်မလားရှင်။
တိုက်ရိုက်ဆက်သွယ်ရန်
Facebook: Thuta May May
https://www.facebook.com/share/19GR7tsvpc/?mibextid=wwXIfr
Ph: '09795855363
တည်နေရာ: ဆင်ဖြူရှင်ရပ်ကွက်၊ပုဗ္ဗာသီရိမြို့နယ်၊နေပြည်တော်
’tshop