26/05/2024
စာလုပ်ဖြစ်ကြရဲ့လား? သူငယ်ချင်းတို့ရေ...
ကျွန်တော် ပေ့ခ်ျမှာ ပိုစ့်တွေ မတင်ဖြစ်ပေမယ့် စာလုပ်နေတာ အခန်း (၁၃) အထိ ရောက်နေပါပြီ။
အခုတော့ Kotoba တွေ ကျက်နေပါတယ်ဗျ။
စစကျက်ချင်းမှာပဲ "လျှောက်လည်သည်" လို့ အဓိပ္ပာယ်ရတဲ့ စကားလုံးရဲ့ အသံထွက်ကို သဘောကျလို့ ပိုစ့်လာတင်တာပါ။
あそびます = လျှောက်လည်သည်။
မသိရင် အိမ်မှာ အနေနည်းပြီး အမြဲလျှောက်လည်နေတတ်တဲ့ ကိုယ့်ကို "အာ ဆိုးဘီ" လို့ သတိပေးနေသလိုပါပဲ။
ဟုတ်ကဲ့ နောက်မဆိုးတော့ပါဘူးဗျ။ 😂