Study Sphere

Study Sphere Online Education Centre

ဒီနေ့မှာတော့ common objects တွေဖြစ်တဲ့ electric accessories တွေကို မျက်စိရှေ့တင်မြင်ပြီး မပြောတတ်ဘူး‌ဖြစ်နေရင် ဒီပုံလေးတ...
29/10/2025

ဒီနေ့မှာတော့ common objects တွေဖြစ်တဲ့ electric accessories တွေကို မျက်စိရှေ့တင်မြင်ပြီး မပြောတတ်ဘူး‌ဖြစ်နေရင် ဒီပုံလေးတွေကြည့်ပြီးလေ့လာလိုက်တော့နော် 🤔📚


ဒီတစ်ခါမှာတော့ လမ်းသွားလမ်းလာရင်းသုံးတဲ့ road sign တွေကို ဘယ်လိုခေါ်လို့ရမလဲဆိုတာ sharing လုပ်ပေးမယ်နော်။ ‌
26/10/2025

ဒီတစ်ခါမှာတော့ လမ်းသွားလမ်းလာရင်းသုံးတဲ့ road sign တွေကို ဘယ်လိုခေါ်လို့ရမလဲဆိုတာ sharing လုပ်ပေးမယ်နော်။ ‌


English language ကို အထာကျကျ သုံးတတ်ဖို့ဆိုရင် ဒီလို positive/negative adjectives လေးတွေရဲ့ meaning လေးတွေကို ကောင်းကောင...
23/10/2025

English language ကို အထာကျကျ သုံးတတ်ဖို့ဆိုရင် ဒီလို positive/negative adjectives လေးတွေရဲ့ meaning လေးတွေကို ကောင်းကောင်းလေးသိထားဖို့အသုံးချတတ်ဖို့လည်း အရေးကြီးတယ်နော်
အသုံးဝင်တဲ့ usage လေးကို နေ့တိုင်းတင်ပေးနေမှာမလို့ like & follow လေးလုပ်ထားပေးကြပါဦးနော်

Hello!! ဒီနေ့မှာတော့ study လုပ်ရင်း exam ဖြေရင်း သုံးလိူ့ရတဲ့ idioms လေးတွေကိုပြောပြပေးထားတယ်နော် 📚 နောက်ထပ်အသုံးဝင်တဲ့ ...
20/10/2025

Hello!! ဒီနေ့မှာတော့ study လုပ်ရင်း exam ဖြေရင်း သုံးလိူ့ရတဲ့ idioms လေးတွေကိုပြောပြပေးထားတယ်နော် 📚
နောက်ထပ်အသုံးဝင်တဲ့ usage လေးတွေရှိသေးတာမလို့ page လေးကို like & follow ပေးထားပါဦးနော်


စကားပြောတဲ့ အခါတိုင်း speak / talk တို့ပဲသုံး‌ေနတုန်းပဲလား 🗣️ဒါဆိုရင်တော့ အသုံးဝင်တဲ့ verbs လေးတွေကိုလေ့လာကြည့်ကြရအောင်န...
19/10/2025

စကားပြောတဲ့ အခါတိုင်း speak / talk တို့ပဲသုံး‌ေနတုန်းပဲလား 🗣️
ဒါဆိုရင်တော့ အသုံးဝင်တဲ့ verbs လေးတွေကိုလေ့လာကြည့်ကြရအောင်နော်



Study Sphere နဲ့ အတူသင့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်လိုက်ပါ 🗺️English လိုစကားကောင်းကောင်းပြောဖို့အတွက် စကားလုံးတွေ ရ...
12/10/2025

Study Sphere နဲ့ အတူသင့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်လိုက်ပါ 🗺️

English လိုစကားကောင်းကောင်းပြောဖို့အတွက် စကားလုံးတွေ ရှာမတွေ့လို့ စိတ်ညစ်နေရလား? Language ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိလို့ အခွင့်အရေးတွေ လက်လွတ်နေရတာမျိုး ကြုံနေရလား?
ဒါမှမဟုတ် အင်္ဂလိပ်စာနဲ့ ပတ်သက်လာရင် စိတ်အားငယ်နေရတာမျိုး ရှိနေလား?

သင့်ရဲ့ ရည်မှန်းချက်တွေ၊ အိပ်မက်တွေကို English Language ကြောင့် အတားအဆီးဖြစ်နေတယ်လို့ ခံစားနေရရင်... Study Sphere က အဲဒီအတားအဆီးတွေကို ဖယ်ရှားပေးဖို့ အသင့်ရှိနေပါပြီ 😎

ကျွန်တော်တို့ရဲ့ Study Sphere ကနေတစ်ဆင့် သင့်ရဲ့ အားနည်းချက်တွေကို အနီးကပ်ကူညီပေးပြီး၊ သင့်ရဲ့ အင်္ဂလိပ်စာစွမ်းရည်ကို အခြေခံကနေ အဆင့်မြင့်အထိ တိုးတက်လာအောင် အကောင်းဆုံးလမ်းပြပေးမှာပါ။

• သင့်ကိုယ်သင် ယုံကြည်မှုအပြည့်နဲ့ ပတ်ဝန်းကျင်မှာ ပြောဆိုဆက်ဆံနိုင်ဖို့
• ပညာရေးနဲ့ အလုပ်အကိုင်မှာ ပိုမိုတိုးတက်တဲ့ အခွင့်အလမ်းတွေရရှိဖို့
• နိုင်ငံခြားခရီးတွေမှာ သွားလာဆက်သွယ်မှုလွယ်ကူစေဖို့... စတဲ့ သင့်ရဲ့ ရည်မှန်းချက်တွေအားလုံးကို Study Sphere ကနေတဆင့် အကောင်အထည်ဖော်လိုက်ပါ။

Study Sphere မှာဘယ်လို Class တွေရှိလဲ ဘယ်လိုသင်ကြားမှုတွေနဲ့ သင်ကြားပေးနေလဲဆိုတာတွေကို အသေးစိတ်သိရှိလိုပါက 📩
𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 မှာဆက်သွယ်မေးမြန်းနိုင်သလို
𝐏𝐡𝐨𝐧𝐞 - 𝟎𝟗-𝟕𝟔𝟕𝟗𝟓𝟐𝟗𝟓𝟐, 𝟎𝟗-𝟕𝟖𝟔𝟑𝟔𝟔𝟏𝟔𝟏
𝐄𝐦𝐚𝐢𝐥 - [email protected]
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦- တို့မှာ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

ဒီနေ့ပဲ စတင်ပြီး သင့်ရဲ့ အနာဂတ်ကို ပြောင်းလဲပစ်လိုက်ပါ!

This, That, These, Those လေးလုံးရဲ့ ကွာခြားချက်ကို အလွယ်တကူ မှတ်လိုက်ရအောင်နော်။ 🧐  This (ဒီ/ဒါ) - ကိုယ်နဲ့နီးပြီး တစ်ခု...
11/10/2025

This, That, These, Those လေးလုံးရဲ့ ကွာခြားချက်ကို အလွယ်တကူ မှတ်လိုက်ရအောင်နော်။ 🧐
This (ဒီ/ဒါ) - ကိုယ်နဲ့နီးပြီး တစ်ခုတည်းရှိတဲ့အရာတွေ(Singular Noun) ကိုပြောချင်တဲ့အခါသုံးတယ်နော်
Example: This child is happy.
That (ဟို/အဲ့ဒါ) - ကိုယ်နဲ့ဝေးပြီး တစ်ခုတည်းရှိတဲ့အရာတွေ( singular noun) ကို ပြောတဲ့အခါသုံးတယ်။
Example: That child is playing.
These (ဒီ/ဒါတွေ) - ကိုယ်နဲ့နီးပြီးအရေအတွက် အများကြီးရှိတာတွေ ( plural noun) တွေကိုပြောတဲ့အခါသုံးပါတယ်
Example: These children are playing.
Those (ဟို/အဲ့ဒါတွေ) - ကိုယ်နဲ့ဝေးပြီး အများကြီးရှိတဲ့အရာတွေ (plural nouns) တွေကိုပြောချင်တဲ့အခါတွေမှာသုံးပါတယ်။
Example: Those children are eating.

📍 အလွယ်ဆုံးမှတ်နည်းကတော့
{This} နဲ့ {These} က နီးရင်သုံး တယ်။
{That} နဲ့ {Those} က ဝေးရင်သုံး တယ်။
{This} နဲ့ {That} က တစ်ခု အတွက်။
{These} နဲ့ {Those} က အများကြီး အတွက်။

💡 အင်္ဂလိပ်စာ လေ့လာနေတဲ့သူငယ်ချင်းတွေကို တွေကိုမျှဝေပေးလိုက်တယ်နော်
#အင်္ဂလိပ်စာ

🎇 Thadingyut Festival နှင့်သက်ဆိုင်သော Vocabulary တချို့ကို Sharing လုပ်ပေးလိုက်ပါတယ်📘 1. Abbot (ကျောင်းထိုင်ဆရာတော်)🪷 E...
05/10/2025

🎇 Thadingyut Festival နှင့်သက်ဆိုင်သော Vocabulary တချို့ကို Sharing လုပ်ပေးလိုက်ပါတယ်

📘 1. Abbot (ကျောင်းထိုင်ဆရာတော်)
🪷 Example: “People offer robes and food to the abbot during Thadingyut.”

📘 2. Merit (ကောင်းမှု / ဗုဒ္ဓတရားကောင်းမှု)
🪷 Example: “Donating food to monks is believed to gain merit.”

📘 3. Monastic Retreat / Buddhist Lent (ဝါတွင်းသုံးလ)
🪷 Example: “Thadingyut marks the end of Buddhist Lent.”

📘 4. Confession / Asking Forgiveness (တောင်းပန်ခြင်း)
🪷 Example: “Children ask forgiveness from their parents for past mistakes.”

📘 5. Gratitude (ကျေးဇူးတင်မှု)
🪷 Example: “Gratitude is a central theme of the Thadingyut Festival.”

📘 6. Pilgrimage (ဘုရားဖူးခြင်း)
🪷 Example: “Families make pilgrimages to pagodas during Thadingyut.”

😎 Social Media User တွေအတွက် မဖြစ်မနေရ သိထားသင့်တဲ့ slang words 5 ခု!1️⃣ Delulu – Delusional 😅 Crush ကနေ ပြန်ချစ်မယ်ထင်တ...
02/10/2025

😎 Social Media User တွေအတွက် မဖြစ်မနေရ သိထားသင့်တဲ့ slang words 5 ခု!

1️⃣ Delulu – Delusional 😅 Crush ကနေ ပြန်ချစ်မယ်ထင်တာမျိုးတွေကို “So delulu!” လို့ သုံးကြပါတယ်။
👉 Example: “He’s definitely not texting back but I’m still delulu.”

2️⃣ Brain Rot – Social Media content တွေ အလွန်အမင်းကြည့်ပြီး ဦးနှောက်ပျက်သွားသလို ခံစားရတဲ့အခါ သုံးပါတယ်။
👉 Example: “Scrolling TikTok all night gave me brain rot.”

3️⃣ Skibidi – ရယ်စရာ၊ လွယ်ကူစွာ ပြောတဲ့ စကားလုံးတစ်ခု။ Meme သဘော သုံးကြတယ်။
👉 Example: “That dance was so skibidi.”

4️⃣ Rizz – Charisma (ဆွဲဆောင်မှု) ဆိုတဲ့ အတိုကောက်။
👉 Example: “He pulled that off with so much rizz.”

5️⃣ Ick – တစ်ယောက်ယောက်ကို လက်မခံနိုင်သလို အပြစ်တွေ သတိပေးသလို ဖြစ်လာတဲ့ အချိန် သုံးကြတယ်။
👉 Example: “When he chews too loud… instant ick.”

ဒီ slang လေးတွေ သုံးတတ်ရင် ✨ Gen Z vibes ပိုပြီးရနိုင်မယ်။
📌 သင်လည်း comment မှာ သုံးကြည့်ပါနော်!

𝐒𝐭𝐮𝐝𝐲 𝐒𝐩𝐡𝐞𝐫𝐞 နဲ့အတူ 𝐈𝐝𝐢𝐨𝐦𝐬 လေးတွေလေ့လာကြမယ် 📚ဒီတစ်ခါမှာတော့ အစားအသောက်နဲ့ပတ်သက်တဲ့ Food Idioms (8) ခုကို ဘယ်အချိန်မှာ ဘယ...
12/09/2025

𝐒𝐭𝐮𝐝𝐲 𝐒𝐩𝐡𝐞𝐫𝐞 နဲ့အတူ 𝐈𝐝𝐢𝐨𝐦𝐬 လေးတွေလေ့လာကြမယ် 📚

ဒီတစ်ခါမှာတော့ အစားအသောက်နဲ့ပတ်သက်တဲ့ Food Idioms (8) ခုကို ဘယ်အချိန်မှာ ဘယ်လိုသုံးရမလဲဆိုတာ လေ့လာကြည့်ကြရအောင်...

1. Not my cup of tea ☕
ကိုယ်မကြိုက်တဲ့အရာ ဒါမှမဟုတ် စိတ်မဝင်စားတဲ့အရာတစ်ခုခုကို ပြောတဲ့အခါမှာ သုံးပါတယ်။
ဥပမာ - "Action movies are not my cup of tea."
(အက်ရှင်ဇာတ်ကားတွေကို ငါသိပ်စိတ်မဝင်စားဘူး/ငါမကြိုက်ဘူး။)

2. A piece of cake 🍰
တစ်ခုခုက အရမ်းလွယ်ကူတာကို ပြောချင်တဲ့အခါမှာ သုံးနိုင်ပါတယ်။
ဥပမာ - "The exam was a piece of cake."
(ဒီစာမေးပွဲက အရမ်းလွယ်တယ်။)

3. Cheap as chips 🍟
အရမ်းစျေးပေါတဲ့အရာတစ်ခုခုကို ဖော်ပြတဲ့အခါ သုံးပါတယ်။
ဥပမာ - "I bought this dress for a bargain, it was as cheap as chips."
(ဒီဝတ်စုံကို ဈေးတန်တန်နဲ့ ရလိုက်တယ်၊ တော်တော်လေးကို ဈေးပေါတာ။)

4. Cheesy 🍔
ခေတ်နောက်ကျတာ၊ ဒါမှမဟုတ် ရယ်စရာကောင်းတဲ့အရာတွေကို ဖော်ပြတဲ့အခါ သုံးပါတယ်။
ဥပမာ - "The pickup lines he used were so cheesy."
(သူသုံးတဲ့ စကားလုံးတွေက အရမ်းရိုးနေပြီး ရယ်စရာကောင်းတယ်။)

5. Couch potato 🥔
အိမ်မှာပဲနေပြီး တီဗီကြည့်ရင်း အချိန်ကုန်တတ်တဲ့သူတွေကို ရည်ညွှန်းတဲ့အခါ သုံးပါတယ်။
ဥပမာ - "After a long week, I just want to be a couch potato all weekend."
(တစ်ပတ်လုံးပင်ပန်းခဲ့ရလို့ ပိတ်ရက်ကို အိမ်မှာပဲနေပြီး တီဗီပဲကြည့်ချင်တော့တယ်။)

6. Bad apple 🍎
အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် အုပ်စုတစ်စုထဲမှာ မကောင်းတဲ့သူတစ်ယောက်ကို ရည်ညွှန်းပါတယ်။
ဥပမာ - "One bad apple can spoil the whole barrel."
(ပန်းသီးတစ်လုံးပုပ်ရင် တစ်တောင်းလုံးပုပ်တတ်တယ်။ငါးခုံးမတစ်ကောင်ကြောင့် တစလှေလုံးပုပ်။)

7. Full of beans 🥜
စိတ်အားထက်သန်ပြီး တက်ကြွနေတဲ့သူတစ်ယောက်ကို ဖော်ပြတဲ့အခါ သုံးပါတယ်။
ဥပမာ - "My little brother is always full of beans in the morning."
(ငါ့ညီလေးက မနက်တိုင်း အရမ်းတက်ကြွနေတတ်တယ်။)

8. Big cheese 🧀
သြဇာအာဏာရှိတဲ့သူ ဒါမှမဟုတ် အရေးပါတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို ရည်ညွှန်းပါတယ်။
ဥပမာ - "The CEO is the big cheese of the company."
(CEO ကတော့ ကုမ္ပဏီရဲ့ အရေးအပါဆုံးသူပေါ့။)

အခုဝေမျှပေးခဲ့တဲ့ Food Idioms တွေကို စိတ်ဝင်စားကြမယ်လို့ မျှော်လင့်ပါတယ်😊
Study Sphere မှာဆိုရင် ဒီလိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ သင်ခန်းစာတွေကို အမြဲတမ်း သင်ကြားပေးနေတာမို့လို့ အင်္ဂလိပ်စာကို ပျော်ပျော်ကြီး တိုးတက်ချင်တယ်ဆိုရင်တော့ Study Sphere ကိုလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်! 😉

အသေးစိတ်သိရှိလိုပါက Page Messenger မှာလည်းမေးမြန်းနိုင်သလို
Phone - 09-767952952, 09-786366161
Email - [email protected]
Telegram - တို့မှာ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Study Sphere posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category