14/08/2026
Come & work with us 🥰✨
✨ Job Announcement: Operation Manager ✨
ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းတွေနဲ့ Fashion လောကမှာ ကိုယ်ပိုင်ခြေလှမ်းဆန်းတွေ လှမ်းနေတဲ့ WON YONE - Your Unique Design မှာ Team ကို စနစ်တကျ ဦးဆောင်ပြီး လုပ်ငန်းစဉ်တွေကို အကောင်းဆုံး မောင်းနှင်ပေးနိုင်မယ့် Operation Manager ရာထူးအတွက် ဖိတ်ခေါ်နေပါတယ်။ 💼👠
အဖွဲ့အစည်းတစ်ခုကို ထိရောက်စွာ စီမံခန့်ခွဲရတာ နှစ်သက်သူ၊ စိန်ခေါ်မှုတွေကို အဖြေရှာရတာ ဝါသနာပါသူနဲ့ Fashion Industry မှာ ကိုယ်တိုင် ပါဝင်ဦးဆောင်ချင်သူတစ်ယောက် ဆိုရင်တော့ WON YONE - Your Unique Design ကနေရာကောင်းတစ်ခု ဖြစ်မှာပါ! ✨
📌 အဓိက တာဝန်ယူရမည့်အခန်းကဏ္ဍများ
• Daily Operations & Team Management ကို စနစ်တကျ ကြီးကြပ်ခြင်း။
• Customer Experience ကောင်းမွန်စေရန် စီမံခန့်ခွဲခြင်းနှင့် SOP များကို ပြင်ဆင်/ရေးဆွဲခြင်း။
• Stock, Inventory, POS နဲ့ Cash Handling (Sales & Expense Reports) များကို စစ်ဆေးကြီးကြပ်ခြင်း။
• Online / Offline Sales နှင့် Social Media Monitor လုပ်ငန်းစဉ်များကို ဦးဆောင်ခြင်း။
• Staff Schedules, Attendance နှင့် Performance များကို အကဲဖြတ် စီမံခြင်း။
🎯 လိုအပ်သည့် အရည်အချင်းများ
• ဘွဲ့ရရှိထားသူ (Business Administration, Sales & Marketing သို့မဟုတ် သက်ဆိုင်ရာ ဘွဲ့ရရှိသူများ ဦးစားပေးမည်)။
• Management အတွေ့အကြုံ အနည်းဆုံး (၃) နှစ်နှင့် Manager/Supervisory Position အဖြစ် (၁ - ၂) နှစ် ရှိသူ။
• Fashion, Retail သို့မဟုတ် Lifestyle Industry အတွေ့အကြုံရှိသူများ ဦးစားပေးမည်။
• Leadership, Teamwork & Problem Solving Skill ကောင်းမွန်ပြီး POS/Computer စနစ်များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ။
• English (Intermediate level) ပြောဆို ရေးသားနိုင်သူ။
🌟 မင်းရဲ့ အရည်အချင်းတွေကို WON YONE - Your Unique Design နဲ့အတူ အပြည့်အဝ ဖော်ထုတ်လိုက်ပါ!
📩 လျှောက်ထားရန် နည်းလမ်း:
မိမိ၏ CV၊ လုပ်ငန်းအတွေ့အကြုံ နှင့် မျှော်မှန်းလစာတို့ကို ဖော်ပြ၍ အောက်ပါအတိုင်း ပေးပို့လျှောက်ထားနိုင်ပါသည်။
Email: [email protected]
Viber: +95 9950000830
YONE