22/05/2024
AutoGen ဆိုတာ ဘာလဲ?
AutoGen သည် framework တစ်ခုဖြစ်ပြီး များစွာသော agents များ တစ်ခုနှင့်တစ်ခု ဆွေးနွေးတိုင်ပင်ပြီး ပြဿနာများကို ဖြေရှင်းပေးသော LLM applications များ ရေးသားထုတ်လုပ်နိုင်ရန် အတွက် ရည်ရွယ်သည်။ Python နှင့် ရေးသားထားပြီး C #, Python program များတွင် အသုံးပြု၍ ရသည်။
၄င်းသည် AutoGen agents များနှင့် အတူ အသုံးပြုသူ (လူ) များပါဝင်ပြီး ပြဿနာကို အတူတကွဆွေးနွေးဖြေရှင်းရန် စီမံထားသည်။
သီးသန့်လုပ်ဆောင်မှုများ ရှိသော agents များ၊ လူသား ၏ ဆုံးဖြတ်မှုများ၊အကြံပေးမှုများ၊ လုပ်ဆောင်ရန်ကိစ္စတစ်ခုစီအတွက် ရေးသားထားသော programs များနှင့် ကိစ္စတိုင်းအတွက် အဖြေရှိသော LLMs များ ကို လိုအပ်သလို စီစဥ် ရေးသားးနိုင်သော framework တစ်ခုဖြစ်သည်။
A programming framework for agentic AI.
https://github.com/microsoft/autogen
16/05/2024
Testing Result of OpenAI GPT-4o Image Understanding
GPT-4o model ၏ ဓာတ်ပုံအပေါ် နားလည်ခြင်း ကို စမ်းသပ်ခြင်း
စမ်းသပ်သည့် ပုံကိုတော့ ဆရာ အော်ပီကျယ်ရဲ့ ကာတွန်းကို ယူသုံးထားပါသည်။
မြန်မာစာ နားလည်သည့်အတိုင်းအတာကို စမ်းချင်သည့်အတွက်လည်း ပါသည်။
မေးခွန်း(၂) ခု နှင့် စမ်းထားခြင်း ဖြစ်သည်။
အခြေအနေ ဘယ်လိုရှိသလဲ? What’s in the image?
ဘာပြောနေကြတာလဲ? Can you tell me what are they talking about in this image?
11/05/2024
Exploring Perspectives on Programmer Types and NxGen School's Tools, Frameworks info
06/05/2024
Ollama ဆိုတာဘာလဲ?
Ollama သည် tool (ကိရိယာ) တစ်ခု ဖြစ်ပြီး open-source LLMs များကို မိမိစက်ထဲတွင် ထည့်သွင်းအသုံးပြုရန် အတွက် ရေးသားထားသော computer program တစ်ခုဖြစ်သည်။
Ollama တွင် Llama 3, Phi-3, gemma Models များကို အသုံးပြု၍ ရသည်။ macOS, Linux, Windows တွင် install လုပ်ရ၍ ရသည်။
https://ollama.com/library
Ollama သည် Model ကို API endpoint တစ်ခုမှ အသုံးပြု၍ ရအောင် ပြုလုပ်ထားခြင်းကြောင့် C #, Python programs များ ဖြင့် ခေါ်ယူအသုံးပြု၍ ရသည်။
ဥပမာ - E-Commerce website တစ်ခု တွင် chat module ကို Llama 3 အသုံးပြု၍ ဖြေဆိုခြင်းကို ရေးသား၍ ရသည်။ Cloud အသုံးပြုထားသော OpenAI အစား Local machine မှ LLM ကို Ollama + C # + Llama 3 model ဖြင့် ရေးသား၍ ရသည်။
What is Ollama?
Ollama is a tool that allows you to run open-source large language models (LLMs) locally on your machine. It supports a variety of models, including Llama3, Phi-3, etc..
04/05/2024
2024 May တွင် အသစ်ဖွင့်မည့် programming သင်တန်း
NxGen သည် ကွန်ပျူတာပရိုဂရမ် ရေးသားခြင်းနည်းပညာများကို အခြေခံမှ အဆင့်မြင့်အထိ သင်ကြားပေးသော သင်တန်းဖြစ်သည်။
အခြေခံကို Python,C # ဘာသာစကား(၂) မျိုးနှင့် သင်၍ စီးပွားရေးလုပ်ငန်းသုံးကွန်ပျူတာစနစ်များရေးသားခြင်းအပိုင်းကို C # ဖြင့် Web Application Development ကို သင်ကြားပေးသည်။
NxGen သည် code မရေးတတ်သူ Non-Coder ကို programmer, software engineer ဖြစ်အောင် အဆင့် (၄) ဆင့် ဖြင့် သင်ကြားသည်။
NxGen Level 1 နှင့် Level 2 သည် Coder, Programmer ဖြစ်လိုသူများအတွက်ဖြစ်ပြီး Level 3 နှင့် Level 4 သည် Application Developer, Software Engineer ဖြစ်လိုသူများအတွက် ဖြစ်သည်။
သင်တန်းတွင် သင်ကြားမည့် အကြောင်းအရာများ အသေးစိတ်ကို website တွင် လေ့လာနိုင်ပါသည်။
http://www.nxgenschool.com
သိလိုသော အကြောင်းအရာများကို messenger / phone မှ မေးမြန်:နိုင်ပါသည်။
သင်တန်းသို့လည်း လာရောက် မေးမြန်းနိုင်ပါသည်။
နေရာ - အမှတ်(၆၅/၅လွှာ) လှည်းတန်းလမ်း၊ ကမာရွတ်မြို့နယ်
လှည်းလေးဒိန်ချဉ်ဆိုင်မျက်စောင်းထိုး၊
တင်တင် ဇာဘော်လီဆိုင် အပေါ်
phone - 09774468717
=====
NxGen Level 3 - Web Application,Mobile Application Development with C # 7.0,8.0
လုပ်ငန်းသုံး ကွန်ပျူတာစနစ် ရေးသားခြင်း သင်တန်း (၃)လ
Web App (Razor Page,Blazor,Web Assembly), API App, Console App, Mobile App with .NET MAUI - App Development with C # 7.0,8.0
Weekend Course
Sat & Sun 12:00 To 2:00 pm
Start Date : 11-May-2024
(250,000 MMK)
=====
မှတ်ချက်
Level (1) နှင့် Level (2) အတန်းများ မဖွင့်သေးပါ။
18/01/2024
offline running LLM models on local (laptop) machine
1. C #, dotnet programmer အနေနှင့် ChatGPT ကဲ့သို့ LLM ကို မိမိစက်ထဲတွင် run လိုလျှင် https://github.com/SciSharp/LLamaSharp သုံးပြီး setup လုပ်၍ရသည်။
2. programmer မဟုတ်သူများ မိမိစက်ထဲတွင် LLM များကို စမ်းချင်လျှင် https://lmstudio.ai/ မှ LM Studio install လုပ်၍ Hugging Face မှ Model ကို download လုပ်ပြီး offline အသုံးပြု၍ ရသည်။
အောက်ပါပုံများသည် Local machine တွင် run နေသော ပုံများ ဖြစ်သည်။
Meta မှ ထုတ်ထားသော Llama-2 model ကို LLamaSharp အသုံးပြုထားသော ပုံနှင့် Microsoft မှ ထုတ်ထားသော Phi-2 model ကို LM Studio သုံးထားသော ပုံများ ဖြစ်သည်။
15/01/2024
ICT, Information Management System ဆိုတာ ဘာလဲ?
လူမှုစီးပွားရေးလုပ်ငန်းများကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန်အတွက် ကွန်ပျူတာအသုံးချ တည်ဆောက်ထားသော စနစ်များကို Information and Communication Technology (ICT) သတင်းအချက်အလက် ဆက်သွယ်မှု နည်းပညာ အဖြစ် ခေါ်ဝေါ်သုံးစွဲလေ့ရှိသည်။
လူအဖွဲ့အစည်းတစ်ခုတွင် များစွာသော လုပ်ငန်းများသည် တစ်ခုနှင့်တစ်ခု တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ပတ်သက်နေသောကြောင့် လုပ်ဆောင်နေသော အချက်အလက်များကို မြန်ဆန် မှန်ကန် တိကျ သေချာ စေရန်အတွက် စနစ်များရေးသား အသုံးပြု၍ သိမ်းဆည်းထားရန် လိုအပ်သည်။ စီးပွားရေးလုပ်ငန်းအချက်အလက်များကို ဥပမာပေးရလျှင် customers, orders, sales, stock, inventory စသည့်အရာများဖြစ်သည်။ မည်သူက မည်သည့်အရာကို မည်သည့်အချိန်တွင် အရေအတွက် မည်မျှကို စျေးနှုန်းဘယ်လောက်အဖြစ် မှာယူထားသည် ဆိုတာမျိုး။
၄င်းသော အချက်အလက်များကို တည်ဆောက်သိမ်းဆည်းပြီး အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု၊ လူတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ပတ်သက်ပြီးဆုံးဖြတ်ချက်များကို ချမှတ်လုပ်ဆောင်ရသောကြောင့် Information and Communication Technology အဖြစ် ခေါ်ဝေါ်သုံးစွဲခြင်းဖြစ်သည်။ စီမံခန့်ခွဲမှုများ အတွက် သတင်းအချက်ကို တွက်ထုတ်ပေးသော စနစ်ဖြစ်ခြင်းကြောင့် Information Management System အဖြစ်လည်း သုံးစွဲကြသည်။
အတိုချုပ်ပြောရလျှင် လုပ်ငန်းများကို စီမံခန့်ခွဲရာတွင် လွယ်ကူမြန်ဆန်စေရန် ရေးသားထားသော ကွန်ပျူတာ စနစ်များ ဖြစ်သည်။
ICT Systems/Information Management System များကို ခွဲခြမ်းစိတ်ဖြာမှု(decomposition) နှင့် လုပ်ဆောင်မှု တူညီသောအရာများကို အသိအမှတ်ပြုခြင်း (pattern recognition) ပြုလုပ်ပြီး ဘာတွေနှင့် ဖွဲ့စည်းထားသလဲဆိုတာကို Abstraction အနေနှင့်ပြောရလျှင် ဆက်စပ်ပတ်သက်နေသော စနစ်(၃)ခုဖြင့် ဖော်ပြလို့ရသည်။
(၁) a data management layer (အချက်အလက်စီမံခန့်ခွဲခြင်း)
(၂) a business layer (စည်းမျည်းများကိုသတ်မှတ်ခြင်း)
(၃) an interface layer (ကွန်ပျူတာနှင့်အသုံးပြုသူအကြား သုံးစွဲမှု လွယ်ကူစေရန် ပြုလုပ်ခြင်း)
Data management Layer သည်
Data(အချက်အလက်)များကို structure(သတ်မှတ်ထားသောပုံစံ) တည်ဆောက်၍ database (သိမ်းဆည်းသောစနစ်တစ်ခု)တွင် သိမ်းသည်။ eg. Customers, Orders, Sales
Business Layer သည်
Transactions (လုပ်ငန်းဆိုင်ရာ အချက်အလက်)များကို CRUD operations (တည်ဆောက်ခြင်း၊ထုတ်ယူခြင်း၊ပြင်ဆင်ခြင်း၊ဖျက်ခြင်း) စသော လုပ်ဆောင်မှုများ လုပ်ဆောင်ရန် ညွှန်ကြားသည်။
၄င်းအပြင် လုပ်ငန်းဆိုင်ရာ စည်းမျည်းများ (Business Rules)များကို အကောင်အထည်ဖော်သော code များ ရေးသားလေ့ရှိသည်။ eg. ဝယ်ယူသူ၏ ကျောင်းသားဖြစ်ကြောင်း သက်သေပြနိုင်လျှင် 10% စျေးလျှော့ပေးခြင်းမျိုး၊ (၅)မျိုး ဝယ်လျှင် လက်ဆောင်ပေးခြင်းမျိုး
Interface Layer သည်
အသုံးပြုသူနှင့် ကွန်ပျူတာစနစ် အကြား ဆက်သွယ်မှု လွယ်ကူစေရန် လုပ်ဆောင်ရခြင်းဖြစ်သည်။ အသုံးပြုသူ သည် ပုံမှန်အားဖြင့် device တစ်ခုခု (Desktop/Laptop/Tablet/Mobile phone) ကိုသုံး၍ Form(အချက်အလက်ဖြည့်သောပုံစံ) ၊ Dialogs (အမေးအဖြေလုပ်ဆောင်ခြင်း)၊ Report (အခြေအနေပြသော ပုံစံ)၊ Dashboard (ကိစ္စတစ်ခုလုံး၏ အခြေအနေပြ ပုံစံ) များဖြင့် စီမံခန့်ခွဲလေ့ရှိသည်။
Nxgen level (1) တက်ရောက်ပြီး ပြဿနာများ/ကိစ္စများကို code များဖြင့် ပုံဖော်တွက်ချက်ခြင်းများကို လုပ်ဆောင်နိုင်သော အခါတွင် ဒုတိယအဆင့်၊တတိယအဆင့် (Level2, Level3) အနေဖြင့်လေ့လာရမည့်အရာက business information system များအတွက် ရေးသားခြင်း နည်းလမ်းများ ဖြစ်သည်။
10/01/2024
မေးခွန်း - coding ရေးသားခြင်းအတွေ့အကြုံမရှိသောသူ အနေအထားမှ Web/Mobile App ရေးသားနိုင်ဖို့အတွက် အချိန် ဘယ်လောက်ကြာမှာလဲ?
အဖြေ - တစ်ပတ်ကို (၂) ရက် ၊ တစ်နေ့ (၂) နာရီ သင်ယူ ၊ တစ်ပတ် (၆) နာရီ ပြန်လေ့လာ = စုစုပေါင်း တစ်ပတ် (၁၀) နာရီနှုန်းဖြင့် လေ့လာလျှင် အချိန် (၈) လ ကြာသောအခါတွင် Web/Mobile App ရေးသားနိုင်သော သူတစ်ဦး ဖြစ်လာမည်။
NxgenSchool တွင် Web/Mobile App အတွက် Python, C #, SQL အသုံးပြု၍ သင်ကြားသည်။ သင်ကြားသောအဆင့်များကို အောက်တွင် ဖော်ပြထားသည်။
0. ပြဿနာများကို သင်္ချာနည်းဖြင့် ပုံဖော်ရေးသားခြင်း၊ ပြဿနာဖြေရှင်းနည်းလမ်းများ
1. Python - ပြဿနာကို code ရေး၍ ကွန်ပျူတာကိုအဖြေရှာစေခြင်းများ
2. SQL - အချက်အလက်များကို စနစ်တကျသိမ်းဆည်းခြင်း၊ပြန်လည်ထုတ်ယူခြင်းများ
3. C # - ကိစ္စများ၏စီမံခန့်ခွဲမှု စနစ်များကို Web, API, Desktop, Console, Mobile, iOT Apps များအဖြစ် cross platform (Windows, iOS, Linux) တွင် အသုံးပြုနိုင်အောင် ရေးခြင်းများ
4. EFCore, LINQ - C # ORM (မတူညီသော database engine များအတွက် code base တစ်ခုတည်းဖြင့် လုပ်စေခြင်း၊ LINQ ( C # တွင် ပါသော Data Query API )
5. MAUI - C # သုံး၍ cross platform desktop app, iOS, Android tablet app, mobile app များ ရေးသား၍ရသော Framework
6. MVVM - Software design pattern တစ်ခု - App ကို Test လုပ်ခြင်း၊ထိန်းသိမ်းခြင်း၊ခေတ်နှင့်အညီတိုးတက်အောင် ပြုလုပ်ရန်အတွက် business logic နှင့် presentation logic ကို သီးခြားခွဲစေ၍ App developer နှင့် UI designer တစ်ချိန်တည်း ရေးနိုင်အောင် အထောက်အကူပြုသောအရာ
အခြား လိုအပ်သော skills
- English
- persistence
- attitude (everything breaks up to a point)
အခြား သင်ကြားသော အရာများ
- data structures & algorithms
- data analytics with python and Jupyter notebook
- ML with scikit-learn, ML.NET
- DL with Tensorflow, ONNX
- Optimization problems with Python, C #
အရေးကြီးသောမေးခွန်း - (၈) လ သင်ပြီးလျှင် အလုပ်ရနိုင်သလား?
အဖြေ - အလုပ်မရနိုင်ပါ။ လိုအပ်တာများကို သင်ယူပြီးသော အနေအထားတွင်သာရှိသည်။
အလုပ်အတွေ့အကြုံ ရယူခြင်းများ ၊ ကိုယ်ပိုင် ပြဿနာများကို ဖြေရှင်းသော projects များ ရေးသားထားခြင်းများ၊ market က လိုအပ်သော skills များ ရှိနေခြင်းများ က သာလျှင် အလုပ်ရနိုင်မှာ ဖြစ်သည်။
သင်တန်းကျောင်းအနေနှင့် လိုအပ်သော skills များကို သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းသား သည် လိုအပ်၍ သင်ယူဖို့ လိုလျှင် ပြန်လည်တက်ရောက်ခွင့်ရှိသည်။ သင်တန်းကြေးထပ်ပေးရန် မလိုပါ။
08/01/2024
Cross-Platform Mobile App Development ဆိုတာ ဘာလဲ?
iOS phone များ၊ Android phone များအတွက် App များ ရေးသားရာတွင် platform တစ်ခုစီအတွက် သီးသန့် ရေးသားခြင်းမျိုး မဟုတ်ဘဲ platform (၂) ခု အတွက် code base တစ်ခုတည်းမှ ရေးသားပေးနိုင်သော Application Development ကို ဆိုလိုသည်။
Code base တစ်ခုတည်းတွင် ရေးခြင်းအားဖြင့် code များကို shared လုပ်ရေးနိုင်ခြင်း၊ ပြုပြင်ထိန်းသိမ်းရလွယ်ကူခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း စသည့် အကျိုးတရားများ ရရှိနိုင်သည်။
လောလောဆယ်တွင် အောက်ပါ cross platform programming options များ ရှိသည်။
Flutter, React Native, .NET MAUI, Kotlin Multiplatform Mobile, Ionic, Cordova.
NET MAUI သည် Mobile App Development အပြင် Code based တစ်ခုတည်းဖြင့် Windows Desktop App UI များ အဖြစ်လည်း ရေးလို့ရအောင် ပြုလုပ်နိုင်သည်။ မိမိရေးထားသော App သည် Device ပေါ်မူတည်၍ လိုအပ်သော display ကို ပြသနိုင်သည်။ Windows Desktop App, iOS Desktop App, iPad App, Android Tablet App များအဖြစ်လည်း ပုံဖော်၍ ရသည်။
NxgenSchool Level 3 တွင် Mobile App Development အတွက် .NET MAUI ကို C # Language အသုံးပြု၍ သင်ကြားသည်။
03/01/2024
Computational Thinking ဆိုတာ ဘာလဲ? (Version 2)
CT သည် ကွန်ပျူတာ ပရိုဂရမ်ရေးသားသူများ ပြဿနာဖြေရှင်းရာတွင် အသုံးပြုသော နည်းလမ်းတစ်ခုဖြစ်ပြီး အဆင့် (၄) ဆင့် ပါဝင်သည်။ ကွန်ပျူတာ ပရိုဂရမ်များကို မရေးသားခင်တွင် စဥ်းစားလုပ်ဆောင်ရသော ဖြစ်စဥ်တစ်ခု ဖြစ်သည်။
(၁) Decomposition – Breakdown a complex problem into smaller/manageable parts
ပြဿနာ/အကြောင်းအရာတစ်ခုကို စီမံလို့ရသော အပိုင်းများဖြစ်အောင် ခွဲထုတ်လုပ်ဆောင်ခြင်း/စဥ်းစားခြင်း
ဥပမာ - ကားတစ်စီးကို Decomposition ပြုလုပ်သော အခါတွင်
ကိုယ်ထည်၊ ဘီးများ၊ တာယာများ၊ ထိုင်ခုံများ၊ တံခါးများ၊ အင်ဂျင်၊ စတီယာတိုင်၊ ဘရိတ် ၊ လီဗာ ၊ ကားသော့ စသည်ဖြင့် လုပ်ဆောင်ချက်များ သီးသန့်စီ ဖြစ်နေသော အရာများ အဖြစ် ရလာသည်။
(၂) Abstraction – generalization of a problem / focus on the big pictures
ပြဿနာ/ကိစ္စများကို အသေးစိတ်ရှင်းပြ/ပြုလုပ်ခြင်း မပြုဘဲ အရေးကြီးသော အရာများကိုသာ ဆွဲထုတ်ဖော်ပြခြင်း
ဥပမာ - စာအုပ်တစ်အုပ်၏ မာတိကာတွင် ပါဝင်သော အကြောင်းအရာများသည် abstraction ဖြစ်သည်။
ကွန်ပျူတာ ပရိုဂရမ်တစ်ပုဒ်တွင် ပါဝင်သော function/methods များသည် ရေးသားထားသော ပရိုဂရမ်၏ လုပ်ဆောင်မှုများကို ဖော်ပြသည်။ ကျောင်းသားတစ်ဦး/လူတစ်ဦး၏ တစ်နေ့တာ လုပ်ဆောင်မှုများကို Abstraction နှင့် ဖော်ပြရလျှင် အိပ်ရာထ၊ရေချိုး၊ကျောင်းသွား၊နေ့လည်စာစား၊ကျောင်းပြန်၊ကစား၊ညစာစား၊အိပ်ရာဝင် ဖြင့် ဖော်ပြနိုင်သည်။
(၃) Patterns Recognition – Recognize if there is a pattern
လုပ်ဆောင်မှု ပုံစံတူညီသော ကိစ္စများ/အရာများကို သတိပြုမိခြင်း/အသိအမှတ်ပြုခြင်း
ဥပမာ - TV Remote တစ်ခု၏ အလုပ်လုပ်ပုံနှင့် ဓာတ်လှေကားတစ်ခု၏ အလုပ်လုပ်ပုံတူခြင်း (TV Remote တွင် channels များ ပြောင်းခြင်း နှင့် ဓာတ်လှေကားတွင် သွားလိုသော အထပ်ရွေးခြင်း)
အရောင်းစင်တာတစ်ခု၏ လာရောက်လည်ပတ်သူများ၏ အလေ့အထကို တွက်ယူခြင်း နှင့် လမ်းဆုံမီးပွိုင့်တွင် ဖြတ်သန်းသွားလာသော မော်တော်ကားများ၏ အလေ့အထကို တွက်ယူခြင်း (ဘယ်အချိန်တွင် လူများသနည်း? ဘယ်အချိန်တွင် ကားများသနည်း?)
ကားရပ်နားစခန်းတစ်ခု၏ ကားရပ်နားနိုင်သော အခြေအနေပြ dashboard / ရုပ်ရှင်တစ်ခု၏လက်မှတ်ဝယ်သူအခြေအနေပြ dashboard/အများသုံးခရီးသည်တင် ကားတစ်စီး၏ လက်မှတ်ဝယ်ယူအခြေအနေပြ dashboard တို့၏ အခြေအနေပြ သဘောတရားများ တူညီခြင်း (Resource Allocation Status dashboard)
(၄) Algorithms – steps by steps instructions to solve/do/perform
ပြဿနာတစ်ခုဖြေရှင်းခြင်း/ ကိစ္စတစ်ခုလုပ်ဆောင်ခြင်း အဆင့်ဆင့်ကို စနစ်တကျ ဖော်ပြရေးသားထားသောအရာ
ပြဿနာဖြေရှင်းရာတွင် ဘယ်လိုလုပ်မည်၊ ဘာကစမည်၊ ဘာပြီးရင် ဘာကို လုပ်ရမည်၊ လုပ်ဆောင်သောအခါတွင် မည်သည့်အရာများကို သတိပြုရမည် စသည်ဖြစ် လိုအပ်သောအဆင့်များ/အရာများ အားလုံးကို စနစ်တကျ ရေးဆွဲထားသော PLAN
၄င်းကို ပုံမှန်အားဖြင့် pseudo code, Flowchart များဖြင့် ရေးသားထားလေ့ရှိသည်။
ကွန်ပျူတာ ပရိုဂရမ်မာ တစ်ဦးသည် code မရေးသားခင်တွင် အထက်ပါ အချက် (၄) ချက် ကို စဥ်းစားလုပ်ဆောင်လေ့ရှိသည်။
28/12/2023
2024 January တွင် အသစ်ဖွင့်မည့် programming သင်တန်းများ
NxGen သည် ကွန်ပျူတာပရိုဂရမ် ရေးသားခြင်းနည်းပညာများကို အခြေခံမှ အဆင့်မြင့်အထိ သင်ကြားပေးသော သင်တန်းဖြစ်သည်။
အခြေခံကို Python,C # ဘာသာစကား(၂) မျိုးနှင့် သင်၍ စီးပွားရေးလုပ်ငန်းသုံးကွန်ပျူတာစနစ်များရေးသားခြင်းအပိုင်းကို C # ဖြင့် Web Application Development ကို သင်ကြားပေးသည်။
NxGen သည် code မရေးတတ်သူ Non-Coder ကို programmer, software engineer ဖြစ်အောင် အဆင့် (၄) ဆင့် ဖြင့် သင်ကြားသည်။
NxGen Level 1 နှင့် Level 2 သည် Coder, Programmer ဖြစ်လိုသူများအတွက်ဖြစ်ပြီး Level 3 နှင့် Level 4 သည် Application Developer, Software Engineer ဖြစ်လိုသူများအတွက် ဖြစ်သည်။
သင်တန်းတွင် သင်ကြားမည့် အကြောင်းအရာများ အသေးစိတ်ကို website တွင် လေ့လာနိုင်ပါသည်။
http://www.nxgenschool.com
သိလိုသော အကြောင်းအရာများကို messenger / phone မှ မေးမြန်:နိုင်ပါသည်။
သင်တန်းသို့လည်း လာရောက် မေးမြန်းနိုင်ပါသည်။
နေရာ - အမှတ်(၆၅/၅လွှာ) လှည်းတန်းလမ်း၊ ကမာရွတ်မြို့နယ်
လှည်းလေးဒိန်ချဉ်ဆိုင်မျက်စောင်းထိုး၊
တင်တင် ဇာဘော်လီဆိုင် အပေါ်
phone - 09774468717
=====
NxGen Level 1 - Programming with Python,C #,SQL
ပရိုဂရမ်ရေးသားခြင်း အခြေခံ သင်တန်း (၂)လ
Weekend Course
Sat & Sun 9:00 To 11:00 am
Start Date : 20-January-2024
10 persons class
(150,000 MMK)
NxGen Level 2 - Web App development with C # & Data Analysis,ML with Python
ပရိုဂရမ်ရေးသားခြင်း အဆင့်မြင့် သင်တန်း (၂)လ
Weekend Course
Sat & Sun 12:00 To 2:00 pm
Start Date : 20-January-2024
10 persons class
(150,000 MMK)
NxGen Level 3 - Web Application,Mobile Application Development with C # 7.0,8.0
လုပ်ငန်းသုံး ကွန်ပျူတာစနစ် ရေးသားခြင်း သင်တန်း (၃-၄)လ
Web App (Razor Page,Blazor,Web Assembly), API App, Windows App, Console App, Mobile App with .NET MAUI - App Development with C # 7.0,8.0
Weekend Course
Sat & Sun 2:30 To 4:30 pm
Start Date : 20-January-2024
(250,000 MMK)
=====
Code လုံး၀ မရေးတတ်သူများသည် NxGen Level 1 မှ စတက်ရမည်ဖြစ်သည်။
25/12/2023
Humans Need Not Apply.
- လူမှုစီးပွားရေးတွင် ကွန်ပျူတာ ပရိုဂရမ်များ၏ သက်ရောက်မှုများ
- computer programming သင်ယူတတ်မြောက်သင့်ခြင်း အကြောင်းတရားများ
Humans Need Not Apply
Support Grey making videos: https://www.patreon.com/cgpgrey # # Robots, Etc:Terex Port automation: http://www.terex.com/port-solutions/en/products/new-equipmen...