CVT Myanmar - Commercial Assistant Profession

CVT Myanmar - Commercial Assistant Profession Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CVT Myanmar - Commercial Assistant Profession, Trade school, No. 42 Strand Road, 3rd Floor, Botataung Township, Yangon.

စီးပွားရေးပညာ အထောက်အကူပြုသင်တန်းသည် မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးနယ်ပယ်များ၏ လိုအပ်ချက်များကို ဖြည့်တင်းပေးနိုင်ရန် သီအိုရီဗဟုသုတ များကို သင်ကြားပေးလျက်ရှိနေပါသည်။ သင်ရိုးညွှန်းတန်းတွင် ပါဝင်သော ဘာသာရပ်များမှာ စာရင်းကိုင်ဘာသာရပ်၊ စီးပွားရေးနှင့် စီးပွားရေးသုံးပထ၀ီဝင်၊ လုပ်ငန်းအုပ်ချုပ်မှုပညာ၊ အင်္ဂလိပ်စာ၊ မြန်မာစာနှင့် ကွန်ပျူတာ ဘာသာရပ်တို့ ဖြစ်ပါသည်။ သီအိုရီနှင့် လက်တွေ့ပူးပေါင်းကာ စီးပွားရေးအြ

မင်ဗဟုသုတ ပေးနိုင်ရန် စီးပွားရေးလုပ်ငန်းခွင် အမျိုးမျိုးသို့ အထူးလေ့လာရေးခရီးများကို ကျောင်းစာသင်နှစ်တိုင်းတွင် တစ်ရက်သွားရမည်ဖြစ်ပြီး အလုပ်သင် ကျောင်းသားတိုင်းသည် အုပ်စုလိုက် မှတ်တမ်းစာစောင်တင်သွင်းရမည်ဖြစ်ပါသည်။ အလုပ်သင် ကျောင်းသားတိုင်းသည် သက်ဆိုင်ရာ လုပ်ငန်းခွင်မှ ခွင့်ပြူချက်ဖြင့် သင်တန်းကာလ သုံးနှစ်အတွင်း သီအိုရီ ဗဟုသုတများကို တစ်ပတ်လျှင်တစ်ရက် မဖြစ်မမေ တက်ရမည်ဖြစ်ပါသည်။ ရရှိလာသော ဗဟုသုတများကို မိမိတို့ လုပ်ငန်းနယ်ပယ်များတွင် လက်တွေ့အသုံးချရမည်ဖြစ်ပါသည်။ CVT ၌ ပညာသင်ကြားနေစဉ် အတောအတွင်း သင်တန်းသားများ အနေဖြင့် ခက်ခဲသော အခြေအနေများတွင် ညှိုနှိုင်းဆောင်ရွက်ရခြင်း အတွေ့အကြုံများ၊ ၀ယ်ယူစားသုံးသူ ဖောက်သည်များ၊ စီးပွားရေးနယ်ပယ်ရှိ လုပ်ဖော်ကိုင်ဖက်များ၊ ရာထူးမြင့်မားသူများနှင့် ပြောဆိုဆက်ဆံပုံ စသော အထွေထွေပညာရပ်များကို လေ့လာသင်ကြားရမည်ဖြစ်ပါသည်။ စီးပွားရေးအထေက်အကူပြူ သင်တန်းဆင်း အများစုမှာ အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိလျက်ရှိပြီး အချို့မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ တည်ထောင်နိုင်လျက်ရှိကြပါသည်။ ထို့အပြင် သင်တန်းသား လက်ခံသော Company များ အနေဖြင့် CVT တွင် သင်တန်းသား စေလွှတ်ခြင်းဖြင့် ကောင်းစွာလေ့ကျင့်သင်ကြားပေးထားသည့် လုပ်သားများမှ ထုတ်လုပ်မှုစွမ်းအား မြင့်မားလာခြင်း၊ လုပ်ငန်းအနေဖြင့် မိမိဝန်ထမ်းများကို အချိန်နှင့် ငွေကြေး ကုန်ကျခံစရာမလိုဘဲ သင်တန်းပေးတက်နိုင်ခြင်းနှင့် ပြင်ပမှ ကျွမ်းကျင်ဝန်ထမ်းများ ခန့်အပ်မှုကုန်ကျစားရိတ်သက်သာခြင်းစသည့် အကျိုးကျေးဇူးများစွာ ရရှိစေမည်ဖြစ်ပါသည်။

Address

No. 42 Strand Road, 3rd Floor, Botataung Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+95943032983

Alerts

Be the first to know and let us send you an email when CVT Myanmar - Commercial Assistant Profession posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to CVT Myanmar - Commercial Assistant Profession:

Shortcuts

Share

Category