English by Noa

English by Noa

Share

Unlock Your Potential With 'English by Noa'✨

10/09/2024

Hello everyone,
ဒီနေ့မှာတော့ Noa က Learners လေးတို့အတွက်
Writing အတွက်ရော Speaking အတွက်ပါ အသုံး၀င်တဲ့ အဓိပ္ပာယ်‌လည်း အနည်းငယ်ဆင်တူတဲ့ grammar လေးနှစ်ခုကို ပြောပြပေးသွားမှာဖြစ်ပါတယ်နော်။

ပထမ grammar pattern လေးကတော့

◼️If I had + V3 ( Past Participle ) တစ်ခုခုဖြစ်ခဲ့ရင်/ လုပ်ခဲ့ရင်/ ရှိခဲ့ရင်...

ဒီ grammar လေးကိုတော့
တကယ်မဖြစ်ခဲ့တဲ့ အတိတ်ကို စိတ်ကူးနဲ့ ပြန်ပြောတဲ့ အခါမှာ သုံးပါတယ်နော်။

Example: If I had known you were in Yangon, I would have come to see you.
မင်း ရန်ကုန်မှာ ရှိခဲ့မှန်း သိခဲ့ရင် ငါလာ တွေ့‌ပါတယ်ကွာ။

_ဒီဥပမာ sentence လေးကို ကြည့်မယ်ဆိုရင်
တကယ်မတွေ့ဖြစ်ခဲ့တဲ့ အတိတ်ကို ပြောနေမှန်း သိနိုင်ပါတယ်။

နောက် pattern လေးတစ်ခုကတော့

◼️I wish I had + V3 ( Past Participle ) တစ်ခုခုဖြစ်ခဲ့ရင်/ လုပ်ခဲ့ရင်/ ရှိခဲ့ရင်... ကောင်းသား

ဒီ grammar လေးကို‌တော့ တကယ်မဖြစ်ခဲ့တဲ့ အတိတ်ကို စိတ်ကူးနဲ့ ဖြစ်ခဲ့ရင်‌ကောင်းမယ် လုပ်ခဲ့ရင်ကောင်းမယ် ဆိုပြီး ပြန်ပြောတဲ့ အခါမှာ သုံးပါတယ်နော်။

Example: I wish I had known you were in Yangon.
ငါ မင်း ရန်ကုန်မှာ ရှိခဲ့မှန်းသိခဲ့ရင် ကောင်းသား။

_ဒီဥပမာ sentence လေးကို ကြည့်မယ်ဆိုရင်လည်း
တကယ်မဖြစ်ခဲ့တဲ့ အတိတ်ကအရာကို ဖြစ်ခဲ့ရင်ကောင်းမယ်ဆိုတဲ့ စိတ်ကူးနဲ့ ပြောနေမှန်း သိနိုင်ပါတယ်။

ဒီ‌နေ့ noa ပြောပြပေးခဲ့တဲ့ grammar pattern လေးဟာ Learners လေးတို့ကို တစ်စုံတစ်ရာ အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။နောက်လည်း English စာလေ့လာတာနဲ့ ပတ်သတ်ပြီး Blogs လေးတွေ တင်ပေးပါမယ်။ အကျိုးရှိတယ်ဆိုရင် Like and Share လေးလုပ်ပြီး မိမိရဲ့သူငယ်ချင်းတွေကိုလည်း ပြောပြပေးနိုင်ပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ content လေးနဲ့အတူပြန်ဆုံကြပါမယ်နော်။

Instagram -
https://www.instagram.com/englishbynoa_ebn?igsh=MWVqMmVudDM3MXBwMg==
Telegram -
https://t.me/englishbynoaEbN
Viber -
https://invite.viber.com/...




05/09/2024

Learners လေးတို့ရေ English စာ အများကြီး တိုးတက်ဖို့ဆို ဒီ အချက်လေးတွေ မသွေမတိမ်း သေချာ လိုက်နာဖို့ လိုပါတယ်နော်။

English စကား အမြန် ပြောတတ်ချင်ရင် …

၁။ စကားစုတွေကို ကျက်ပါ။ စကားလုံးတွေကိုပဲ မကျက်ပါနဲ့။
၂။ ကိုယ့်ပတ်ဝန်းကျင်က အကြောင်းအရာတွေကို ဦးစားပေးလေ့လာပါ။ တွေ့သမျှအကုန် လိုက်မမှတ်ပါနဲ့။
၃။ Listening ပထမအဆင့်မှာ စကားလုံးတွေနဲ့ ရင်းနှီးအောင် အရင်လုပ်ပါ။ အကုန်နားလည်ဖို့ မကြိုးစားပါနဲ့။
၄။ Pattern တွေကို လေ့လာပြီး ကိုယ်ပိုင်စာကြောင်းတွေ ထိထိမိမိ ပြုလုပ်ပါ။ အပေါ်ယံ တစ်ကြောင်း နှစ်ကြောင်းလောက်ပဲ မလေ့လာပါနဲ့။
၅။ ငါ ဘာကြောင့် English စာ လေ့လာနေတာလဲ ဆိုတဲ့ Goal တစ်ခု ရှိပါစေ။ Goal မချရသေးခင် စာစမလုပ်ပါနဲ့။
၆။ စကားများများပြောနိုင်အောင် speaking သင်တန်းတက်ပါ။ Self-study က လူတိုင်းအတွက် မဟုတ်ပါဘူး။
၇။ English စကားပြောတဲ့ သူတွေနဲ့ မိတ်ဆွေဖွဲ့ပါ။ ကိုယ့်ကို လှောင်မယ့် ရယ်မယ့်သူတွေနား Speaking မလေ့ကျင့်ပါနဲ့။
၈။ နည်းရင်နည်းပါစေ ပုံမှန် practice လုပ်ပါ။ စိတ်ပါမှ စာလုပ်တာမျိုး မလုပ်ပါနဲ့။
၉။ Level test စစ်ပါ။ ကိုယ် level နဲ့ မကိုက်ညီတဲ့ စာတွေ မလုပ်ပါနဲ့။
၁၀။ စာအုပ် ဖတ်ပါ။ ပြန်အသုံးချဖို့ ဖတ်ပါ။ အပျော်သက်သက် အချိန်ဖြုန်းဖို့ပဲ မဖတ်ပါနဲ့။

ဒီ ၁၀ ချက်ကို သေချာဂရုတစိုက် စဉ်းစားသုံးသပ်ပြီး စာပြန်လုပ်ပါ။ ၂ လကနေ ၃ လ အတွင်း Speaking သိသိသာသာ တိုးတက်လာပါလိမ့်မယ်။

ဒီ အချက်တွေကို မမေ့သွားအောင် ဖုန်းထဲ SS ရိုက် သိမ်းထားပါ။ မိမိ account မှာ share ထားပါ။

စေတနာဖြင့်
ဇော်ရဲ

28/08/2024

Hello everyone! အားလုံးပဲ မင်္ဂလာပါခင်ဗျ။
"English by Noa" page လေးကနေ English Learners လေး‌တွေ အားလုံးကို ကြိုဆိုလိုက်ပါတယ်နော်။👋🏻
အခု page‌ လေးမှာ‌တော့ English နဲ့ ပတ်သက်‌တဲ့ အသုံး၀င်တဲ့အရာများစွာကို တင်ပေးသွားမှာဖြစ်တာမို့ Noa နဲ့အတူ English Learning Journey လေးကို learners လေးတွေပါ တူတူပါ၀င်ပေးကြပါဖို့ ဖိတ်ခေါ်ပါတယ်နော်။😊

Noa ဒီ page လေးကို ဖွင့်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျွန်တော်ကိုယ်တိုင်လည်း ဘာသာစကားတွေ လေ့လာရာတာ စိတ်၀င်စားတဲ့သူ တစ်ယောက်အနေနဲ့ အထူးသဖြင့် Noa လိုမျိုး English ကို self-study လုပ်ရင်း improve ဖြစ်အောင် ကြိုးစားနေကြတဲ့ learners လေးတွေအတွက် English စာနဲ့ ပတ်သက်တဲ့ အရာအားလုံးကို တူတူသင်ယူရင်း sharing လုပ်ပေးချင်တဲ့စိတ်‌လေးကြောင့်ပဲ ဖြစ်ပါတယ်။ Noa ကိုယ်တိုင်လဲ English စာကို Perfectly Fluent ဖြစ်အောင် လေ့လာနေဆဲဖြစ်တာမို့ Noa နဲ့တူတဲ့ learners တွေအတွက် ကိုယ်တိုင်လေ့လာထားတဲ့ အရာလေးတွေကို အကျိုးရှိအောင် ပြန်လည်မျှဝေပေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အခုလို "English by Noa" ဆိုတဲ့ pageလေးကို လုပ်ဖြစ်ခဲ့တာပါ။✨

အခုလို page လေးဖွင့်လိုက်ခြင်းအားဖြင့်လည်း Noa ကိုယ်တိုင်ပါ ကိုယ်တိုင်လေ့လာထားတာတွေ ပြန်လည်မှတ်မိသလိုမျိုး English ကို self-study လုပ်နေကြတဲ့ learners လေးတို့အတွက်ပါ အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်၊ ထပ်ပြီး Noa ကိုယ်တိုင်လဲ လေ့လာနေဆဲသူတစ်ယောက်ဖြစ်တာမို့ တစ်ချို့အရာ‌လေးတွေ အမှားပါသွားနိုင်တာ ဖြစ်တဲ့အတွက်ကြောင့် ကြိုတင်ပြီးတောင်းပန်ထားချင်ပါတယ်။ Noa မှားယွင်းနေတာ‌လေးတွေကိုလည်း ပြန်လည်ပြင်ဆင်ဖို့ ပြောဆိုအကြံ‌ပေးနိုင်ပါတယ်နော်။ Plus, English နဲ့ ပတ်သက်လို့ သိချင်တာတွေရှိရင်လည်း comment နဲ့ messenger မှာပါ feel free to ask ပါနော်။ Noa အတတ်နိုင်ဆုံး ပြောပြပေးသွားပါမယ်။✨

ဒါ့အပြင် Learners လေးတွေ အားလုံးအတွက် အသုံး၀င် အကျိုးရှိစေမယ့် study website တွေ application တွေနဲ့ tips & tricks အစရှိတဲ့ content တွေကို Instagram, Telegram နဲ့ Viber စတဲ့ social media platforms တွေမှာပါ update လုပ်ပေးသွားမှာမို့ ‌Noa အောက်မှာချ‌ပေးထားတဲ့ link လေးတွေပါ join နိုင်ပါတယ်နော်။😊

Instagram -
https://www.instagram.com/englishbynoa_ebn?igsh=MWVqMmVudDM3MXBwMg==

Telegram -
https://t.me/englishbynoaEbN

Viber -
https://invite.viber.com/?g2=AQBqucp1rq8isFNmTaxWJBTVN7KsEr7gFp2KPEoxCKxA%2FdzIwrCmwcZp9W%2FnMwbP


Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Address

Yangon