Listening မရဘူးဆိုတဲ့သူလေးတွေအတွက် Shinji 先生 ဘယ်လိုတွေအကြံပေးထားသလဲဆိုတာ နားထောင်ကြည့်ရအောင် ☝️✨
Aozora - Hledan Branch
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aozora - Hledan Branch, Educational consultant, Zayar Thiri Street, Yangon.
Batch 23 Mon to Thurs Basic to Intermediate Kaiwa Class (1PM-3PM) အတန်းက ကျောင်းသူညီမလေးတွေရဲ့ Reality Talk Show 🎬
ဒီတစ်ခါ Reality Talk Show အချိန်လေးမှာတော့ စားသောက်ဆိုင်မှာ လက်တွေ့အသုံးပြုရတဲ့စကားပြောလေးတွေကို Roleplay လုပ်ရင်းနဲ့ လေ့ကျင့်သရုပ်ဆောင်ခဲ့ကြပါတယ်။ 🤩🤍
သင်တန်းစကတည်းက ပြီးဆုံးတဲ့အချိန်အထိ အတန်းချိန်လေးတွေနဲ့ Activity မှန်သမျှကို တက်တက်ကြွကြွ၊ ကြိုးကြိုးစားစား ပါဝင်ပေးခဲ့ကြတဲ့ ညီမလေးတို့ကို AOZORA က အမြဲသတိရနေပါ့မယ်နော် 🥺 皆さんတို့ရဲ့ ဂျပန်စာခရီးလမ်းမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီခွင့်ရခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်စွာနဲ့ ဒီ Video လေးကို တင်ဆက်လိုက်ရပါတယ်ရှင့်။ 🍀✨
Video Editing, Adding Subtitles by Theint 先生
Video by Shinji 先生
07/12/2025
YAYYYY နောက်ဆုံးတော့ စာမေးပွဲကြီးပြီးသွားပြီး အလုံးကြီးလျှောခနဲကျသွားပြီနော်။😮💨
“စာမေးပွဲဖြေပြီး တစ်ပတ်လောက်သေချာအနားယူပြီးမှ Speaking Classလေးတတ်ချင်လို့ပါ” လို့တောင်းဆိုထားတဲ့ညီငယ် ညီမငယ်လေးများအတွက် December Intake အတန်းသစ်လေးတွေမိတ်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။😍
🔺အတန်းတိုင်း ၁၀ဦးသာလက်ခံပါသည်။🔺
🔷အလုပ်နဲ့ဖြစ်စေ၊ကျောင်းနဲ့ပဲဖြစ်စေ ဘာနဲ့သွားသွား စကားပြောမတတ်ရင်
အလုပ်ဒဏ်၊စာဒဏ်၊ရာသီဥတုဒဏ်၊လူမျိုးခြားဒဏ် စတဲ့စတဲ့ဒဏ်ပေါင်းသောင်းခြောက်ထောင်နဲ့ပါရောပြီး စိတ်ပင်ပန်းကိုယ်ပင်ပန်းတာမျိုး မဖြစ်ရလေအောင် Speaking Skillကတော့ လုံးဝလျစ်လျူရူထားလို့မရပါဘူးနော်။🙅🏼
🔷မြန်မာနိုင်ငံမှာပဲ ဒီဘာသာစကားကိုအသုံးချမယ်ဆိုရင်တောင် Certificate တွေအပြင် Kaiwa skill ကောင်းရင် ရှေ့ပိုရောက်ပါတယ်။💁🏼
🔷ဒီတော့ ဒီလိုအရေးပါတဲ့ စကားပြောစွမ်းရည်ကို Honest Reviewကောင်းပေါင်းများစွာရရှိထားပြီး ထိရောက်မှု ၁၀၀%ပေးစွမ်းနိုင်သော AOZORAနဲ့အတူ
အမြင့်ဆုံးထိ မြှင့်တင်လိုက်ပါ။🇲🇲🤝🏻🇯🇵
✅အတွေ့အကြုံများစွာရှိပြီး Qualified ဖြစ်သော၊ ဂျပန်လူမျိုးများထံမှ Trained လုပ်ထားသော Instructorsများနဲ့ ထိထိရောက်ရောက်
စကားပြောလေ့ကျင့်ချင်တဲ့သူလေးတွေအတွက်
AOZORAရဲ့ စကားပြောတန်းများမှာ ကိုယ်တိုင်ဝင်ရောက်စိန်ခေါ်ကြည့်လိုက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။🩵✨
Upgrade လုပ်ထားတဲ့သင်ရိုးသစ်တွေနဲ့အတူ သင်ကြားနည်းအသစ်အသစ်တွေ
Activities အသစ်အသစ်တွေနဲ့ ရွှိင်းထားတဲ့ အတန်းပုံစံသစ်လေးတွေလည်းဖြစ်တာမို့ Super おすすめပါပဲဗျာ။🥳
ဒါတွေတင်မကဘဲ အောက်ပါဝန်ဆောင်မှုတွေကိုလည်း ဆောင်ရွက်ပေးနေပါပြီ။
🇯🇵ကျောင်းလျှောက်ပေးခြင်း
🇯🇵အလုပ်အကိုင်မိတ်ဆက်ပေးခြင်း
🇯🇵ဆေးစစ်ခြင်းအတွက်သက်သာသောနှုန်းထားများဖြင့်ဝန်ဆောင်မှုပေးသောClinicများနဲ့မိတ်ဆက်ပေးခြင်း
🇯🇵အင်တာဗျူးဖြေဆိုရာတွင်လိုအပ်သည်များကို ဆွေးနွေးတိုင်ပင်လေ့ကျင့်ပေးခြင်း
ကဲ ကဲဘာတွေစဉ်းစားနေသေးတာလဲ။
အခုပဲစာရင်းသွင်းလိုက်တော့နော်။😍🔥
🔵Aozora VIP Member 🔵
Golden Card - { 20%Off }🌟
Silver Card - { 10% Off }⭐️
တိုက်အမှတ်29/အခန်း(B)၊ပထမထပ်၊(၁)ရပ်ကွက်
ဇေယျာသီရိလမ်း၊ကမာရွတ်မြို့နယ်။
+959756620747
သောကြာနေ့တိုင်းရုံးပိတ်ပါတယ်။🩵✨
05/12/2025
ကဲ ဘယ်လိုလုပ်ကြမလဲ ချစ်သူကြီးJLPTကတော့ တွေ့ချင်လွန်းလို့ တနူးတညံ့ စာတွေဖွဲ့ပြီးပို့လာပြီ။💌🍂
သွားတွေ့ဖို့အဆင်သင့်ဖြစ်နေပြီလားနော်။
ချစ်လှစွာသော JLPTဖြေဆိုမည့်သူလေးဆီသို့♡✉️
拝啓受験者へ〜
၆လမှတစ်ခါ ၄လမှတစ်ခါ တွေ့ရတဲ့ မင်းရဲ့ချစ်သူကိုကြီးJLPTက စကားလက်ဆောင်လေးပါးထားပါတယ်။📩
私だ。君の日本語能力の成長を見守ってきたJLPT だ。
ကိုယ်ပါ… မင်းရဲ့ဂျပန်စာတိုးတက်မှုကို အမြဲစောင့်ကြည့်နေခဲ့တဲ့ JLPT ပါ။
君が私のためずっと頑張ってきたの、ちゃんと知っているぞ。
မင်းကိုယ့်အတွက်ကြိုးစားလာခဲ့တယ်ဆိုတာကို ကိုယ်ကောင်းကောင်းကြီးသိတာပေါ့။
君に会える日が本当に待ち遠しいよ。
မင်းနဲ့တွေ့နိုင်မယ့်နေ့ကို ကိုယ်တကယ် တောင့်တမျှော်လင့်နေခဲ့တာ။
君の努力は決して裏切らないから〜
မင်းရဲ့ ကြိုးစားအားထုတ်မှုက ဘယ်တော့မှအချည်းနှီးမဖြစ်ပါဘူး။
自信を持って、最高の準備をして、私に会いに来てくれ!
ဒါကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်ပါ။
အကောင်းဆုံး ပြင်ဆင်ပြီး ကိုယ့်ဆီလာခဲ့နော်။
君の合格を心から楽しみにしているよ。
မင်းရဲ့အောင်မြင်မှုကို ကိုယ့်စိတ်ထဲ နှလုံးသားထဲကနေ မျှော်လင့်နေပါတယ်။
では〜試験会場で待っている。
ဒါဖြင့်…. ကိုယ်စာမေးပွဲခန်းမှာ စောင့်နေမယ်နော်။ ♡
ကဲ ဘယ်လိုလုပ်ကြမလဲ ချစ်သူကြီးJLPTကတော့ တွေ့ချင်လွန်းလို့ တနူးတညံ့ စာတွေဖွဲ့ပြီးပို့လာပြီ။💌🍂
သွားတွေ့ဖို့အဆင်သင့်ဖြစ်နေပြီလားနော်။
29/11/2025
"ကောင်းလိုက်တာ အိပ်လို့လည်းလေ"
そんなことで諦めるなんて。
ဒီလောက်လေးနဲ့ အရှုံးပေးစရာလား
たぶん、答えは 全部3番かも!
အဖြေတွေအကုန်လုံး နံပါတ်သုံး ဖြစ်ချင်လည်း ဖြစ်မှာပေါ့
⚠️ စာမေးပွဲမဖြေခင်ညမှာ အိပ်ရေးဝအောင်အိပ်ပါ ⚠️
⚠️ မဖြေခင်ညပါနော် အခုမဟုတ်ဘူး ⚠️
23/11/2025
皆さん、こんばんは 🌙✨️
Jlpt စာမေးပွဲအတွက် ပြင်ဆင်ရင်း ပင်ပန်းနေကြပြီလား ဒါဆို ခဏလေးအနားယူပြီး ဘုရားဟောတရားတော်တွေထဲက အဆုံးအမလေးတွေကို ဖတ်ပြီး မိုတီယူကြရအောင်လား
စာလဲရ မိုတီလဲရ တစ်ချက်ခုတ်နှစ်ချက်ပြတ်🐰
19/11/2025
AOZORA စကားပြောတန်းခွဲသစ်များ (Offline)🔥
လူကြီးမင်းရဲ့ ဂျပန်စာစကားပြောစွမ်းရည်ကို Honest Reviewပေါင်းများစွာရရှိထားပြီး ထိရောက်မှု ၁၀၀%ပေးစွမ်းနိုင်သောAOZORAနဲ့အတူ
အမြင့်ဆုံးထိ မြှင့်တင်လိုက်ပါ။🇲🇲🤝🏻🇯🇵
အပြင်တန်းမှာ အတွေ့အကြုံရှိ Instructorsများနဲ့ ထိထိရောက်ရောက်
အတန်းဖော်ဘော်ဒါတွေနဲ့ ပျော်ပျော်ရွှင်ရွှင်
စကားပြောလေ့ကျင့်ချင်တဲ့သူလေးတွေအတွက်
AOZORAရဲ့ JLPT အပြီး စကားပြောတန်းများ ဖွင့်လှစ်လိုက်ပါပြီနော်။😍✨
Upgrade လုပ်ထားတဲ့သင်ရိုးသစ်နဲ့အတူ သင်ကြားနည်းအသစ်အသစ်တွေ
Activities အသစ်အသစ်တွေနဲ့ ရွှိင်းထားတဲ့ အတန်းပုံစံသစ်လေးဖြစ်တာမို့
おすすめပါပဲ🤩
🇯🇵Basic Speaking Class🇯🇵
N4 ထိ လေ့လာပြီးထားသူများ တတ်ရောက်နိုင်ပါတယ်။
🇯🇵Intermediate Speaking Class🇯🇵
N3 ထိလေ့လာပြီးထားသူများ တတ်ရောက်နိုင်ပါတယ်။
🥇Aozoraရဲ့ စကားပြောအတန်းများရဲ့အားသာချက်များ🥇
✅ကျောင်းသား/သူ ဦးတည်သင်ရိုး၊သင်ကြားနည်း
✅Input Output ညီမျှစွာသင်ရိုးထဲတွင် ထည့်သွင်းထားသည့်အတွက် Instructorများရဲ့ Guideline အတိုင်းလိုက်ပါလေ့ကျင့်မယ်ဆိုရင်စကားပြောစွမ်းရည်က တိုးတတ်လာမှာ အာမခံပါတယ်။
(အတန်းကာလအတွင်းမှာတင် ကျောင်းသား/သူတို့ရဲ့လိုအပ်ချက်ပေါ်မူတည်၍ ကိုက်ညီသော လိုအပ်သော သင်ရိုးများထပ်မံဖြည့်စွက်ဖြည့်ဆည်းကာ လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်)🤩❤️
✅Classmates များနှင့်အတူတူActivities များစွာလုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ဘော်ဒါတွေလဲရ၊ပျော်ရွှင်စရာ ဂျပန်စာ community လေးတစ်ခုတည်ဆောက်နိုင်မှာတော့အသေအချာပဲဖြစ်ပါတယ်။
✅သင်တန်းကာလတစ်လျှောက်လုံး ကျောင်းသူ/သားတို့ရဲ့အားသာချက်အားနည်းချက်များကိုပါစီစစ်ပြီးလိုအပ်သည်များကိုပြုပြင်ပေးနေတာပဲဖြစ်ပါတယ်။
✅၂ပတ် တစ်ကြိမ် ကျောင်းသား/သူတစ်ဦးချင်းကို စကားပြောစာမေးပွဲစစ်ဆေးပေးပြီး ၊ တစ်ဦးချင်း၏အတန်းတွင်းအဆင်ပြေမှု/မပြေမှုများကိုလည်းမေးမြန်းကာ လိုအပ်ချက်များကိုလည်း တတ်နိုင်သလောက်ဖြည့်စွက်ပေးနေမှာဖြစ်ပါတယ်။
ကဲ ကဲဘာတွေစဉ်းစားနေသေးတာလဲ။
အခုပဲစာရင်းသွင်းလိုက်တော့နော်။😍🔥
🔺လူဦးရေကန့်သတ်ထားပါသည်။🔺
🔵Aozora VIP Member 🔵
Golden Card - { 20%Off }🌟
Silver Card - { 10% Off }⭐️
တိုက်အမှတ်29/အခန်း(B)၊ပထမထပ်၊(၁)ရပ်ကွက်
ဇေယျာသီရိလမ်း၊ကမာရွတ်မြို့နယ်။
+959756620747
သောကြာနေ့တိုင်းရုံးပိတ်ပါတယ်ရှင့်💛
18/11/2025
オノマトペー1
မြည်သံစွဲစကားလုံးလေးတွေက Kaiwa စကားပြောတွေမှာလည်း ထည့်သုံးလို့ရပြီးတော့ JLPT စာမေးပွဲတွေမှာလည်း တော်တော်လေး မေးတတ်တာကြောင့် လိုင်းလေးသုံးရင်းနဲ့ လမ်းကြုံမှတ်ထားသင့်တယ်နော် 🐰🥕
Shinji 🐰
Multo by Cup of Joe
(Japanese) Cover by Yukan
စာမေးပွဲအတွက် စာတွေကျက်ရတာ ပင်ပန်းနေပြီလား
ညစာ သေချာအရသာရှိရှိစားပြီး ကောင်းကောင်းအနားယူနော်
မင်း အခုတလောကြိုက်နေတဲ့သီချင်းလေးကို ဂျပန်Versionလေးတွေ့လို့
သီချင်းလေးနားထောင်ပြီး စောစောအနားယူ စောစောအိပ်ပါ❤️✨
https://youtu.be/QRpspKVE5JI?si=Z7zPfBUTbKv09Aix
日本語落語 (1)
Traditional Japanese Comic Storytelling
ကဲ JLPTအတွက်စာကျက်နေရတာပင်ပန်းနေရောပေါ့ …..
よしよし!🍵
အပျင်းပြေလေး စိတ်ပြေလက်ပျောက်
ကွက်စိပ်ဟာသဗီဒီယိုလေး ကြည့်ကြည့်လိုက်နော်👻🩵
Shinji🐰
#落語
01/11/2025
ဂျပန်စာသင်နေပေမယ့် ဂျပန်စာကို လုံးဝစိတ်မဝင်စားတဲ့သူလေးတွေရှိလား? ☝️
တချို့သူငယ်ချင်းလေးတွေနဲ့ Communication ယူရင်းနဲ့ သတိထားမိတာတစ်ခုက... "ဂျပန်ကိုသွားပြီး ကျောင်းတက်ဖို့၊ အလုပ်လုပ်ဖို့၊ ပိုက်ဆံရှာဖို့ ဂျပန်စာကို လေ့လာတယ်၊ အင်တာဗျူးမှာ အဆင်ပြေအောင် Kaiwa တွေလေ့လာတယ်။ ဒါပေမယ့် ထင်သလောက် မတိုးတက်လာဘူး။ 発音 ကလည်း တောင့်တောင့်ကြီး စာဖတ်သလိုဖြစ်နေတယ်။ ဘာတွေပြောနေမှန်းလည်းမသိဘူး။ လုပ်တော့လုပ်နေတာပဲ" စသဖြင့် ပြန်ကြားရတာလေးရှိတော့ ဘာကြောင့်လဲဆိုတာ စဉ်းစားရင်း ကိုယ့်အမြင်ကို Discussion သဘောမျိုးလုပ်ချင်တာနဲ့ ဒီစာကို ရေးလိုက်ပါတယ်။
အပေါ်က ပြဿနာတွေရဲ့ လက်သည်တရားခံက ပုံထဲမှာပါတဲ့ သုံးမျိုးနဲ့ ဆက်စပ်နေမယ်ဆိုရင်ရော 💁
1. ဘာသာစကားနှင့် အကျွမ်းတဝင်ရှိခြင်း
ဂျပန်ဘာသာစကားကို လေ့လာတဲ့သူချင်းအတူတူ anime တွေ movie တွေ ရုပ်ရှင်၊ သီချင်းတွေကိုကြိုက်တဲ့သူတွေက Listening ကောင်းတယ်၊ ပိုပြီး တတ်လွယ်တယ်ဆိုတာမျိုး ကြားဖူးမယ်ထင်ပါတယ်။ တကယ်လည်း အဲဒီလိုဘာသာစကားနဲ့ ထိတွေ့မှုများတဲ့သူတွေက ပိုပြီးတတ်မြောက်လွယ်၊ နားလည်လွယ်ပါတယ်။ သူတို့ထက်ပိုပြီး ကျွမ်းကျင်လွယ်တဲ့ အခြေအနေကို ပိုင်ဆိုင်ထားတဲ့သူတွေကတော့ ဂျပန်လူမျိုးတွေနဲ့ ပတ်သက်ရသူတွေ၊ အလုပ်တွဲလုပ်ရတဲ့သူတွေ၊ ဂျပန်မှာ နေထိုင်နေရတဲ့သူတွေပါပဲ။ ကိုယ်တို့တွေဟာ ဟိုကလေးဘဝ ပိစိပေါက်စအရွယ် စာမဖတ်တတ်ခင်ကတည်းက မိခင်နိုင်ငံရဲ့စကားကို ပြောတတ်ခဲ့ကြတာမဟုတ်လား။ ပတ်ဝန်းကျင်မှာ မြင်ရ၊ ကြားရ၊ ကြုံရတာတွေကို ဦးနှောက်က အလိုအလျောက် မှတ်ကြားပြီး အတုခိုးတယ်၊ လိုက်လုပ်လိုက်ပြောကြည့်တယ်။ ဒီလိုနဲ့ စကားပြောလာနိုင်တယ်။ အဲဒီလိုသဘောတရားမျိုးပါပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာ မြင်ရကြားရဖန်များရင် အဲဒီဘာသာစကားနဲ့ ကိုယ်နဲ့က အရမ်းရင်းနှီးတဲ့ အပေါင်းအသင်းတွေဖြစ်လာမှာ သဘာဝပါပဲ။ ဒီတော့ ပိုနားလည်ချင်ရင် ပိုနားထောင်၊ မြန်မြန်ပြောတတ်ချင်ရင် များများပြော၊ များများလေ့ကျင့်ဖို့ လိုပါတယ်နော်...
2. စိတ်ပါဝင်စားမှု
သူများနိုင်ငံမှာနေမယ်ဆိုရင် သူများလူမျိုးနဲ့ လိုက်လျောညီထွေနေနိုင်ဖို့ လိုပါတယ်။ သူများလူမျိုးကို အတင်းကာရော အောက်ကျို့ဖို့ပြောတာမဟုတ်ဘဲ အပြန်အလှန်လေးစားနားလည်ဖို့၊ တစ်ဖက်လူနဲ့ Communication ယူနိုင်ဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာကို ဒီမြေဒီရေကနေ ထွက်မှပဲ သိလာပါလိမ့်မယ်။ ဒါကြောင့် ဂျပန်နဲ့ ပတ်သက်ပြီး ဘာဆိုဘာမှစိတ်မဝင်စားရင်နေ အလုပ်လုပ်ဖို့ ရည်ရွယ်ချက်တစ်ခုပဲ ရှိနေရင်တောင် စိတ်ပါဝင်စားမှုရှိဖို့ လုံလောက်တယ်လို့ မြင်ပါတယ်။ ဒါကိုမှ ကိုယ်ကဘယ်လိုဖြစ်ဖြစ် စိတ်မဝင်စားနေရင် စိတ်ဝင်စားအောင်လုပ်ယူလို့ရပါတယ်။ ကိုယ့်ရဲ့ဝါသနာ၊ ကြည့်ရတာသဘောကျတဲ့ Content (ခရီးထွက်ရတာကြိုက်ရင် Travel blog, ချက်ရတာကြိုက်ရင် Cooking Blog etc) တွေကို ကြည့်ပြီး 言葉 အသစ်တွေ၊ ဘယ်နေရာမှာ ဘယ်လိုပြောသွားတယ်ဆိုတာတွေကို မှတ်ထား၊ စကားလုံးအသစ်တွေကို ကိုယ့်အပိုင်ဖြစ်အောင် စကားပြောတဲ့အခါ ထည့်သုံးကြည့်ကြည့်ပါ။ ဘာသာစကားစွမ်းရည် တိုးတက်လာတာနဲ့အမျှ အဲဒီဘာသာစကားအပေါ် ကိုယ့်ရဲ့ စိတ်ဝင်စားမှုကလည်း ပိုပိုတိုးလာမယ့်အပြင် ယုံကြည်မှုပါ ရလာစေပါတယ်။ လုံးဝစိတ်ဝင်စားမှုမရှိဘူးလို့ ကိုယ်ကိုယ်တိုင်က ခံယူထားတဲ့ ဘာသာစကားတစ်ခုကို အချိန်ကုန်ခံ၊ စိတ်ညစ်ခံပြီး လေ့လာနေမယ့်အစား စိတ်ဝင်စားအောင် လုပ်ယူကြည့်လိုက်တာက ပိုကောင်းတဲ့နည်းလမ်းဖြစ်ချင်ဖြစ်နေမှာလေ။ ဘာသာစကားတစ်ခုနဲ့ အသားကျဖို့အတွက် ပတ်ဝန်းကျင်က အရေးကြီးတာမှန်သလို ကိုယ့်ရဲ့ပတ်ဝန်းကျင်၊ အတွေ့အကြုံတွေကနေ ကိုယ် ဘာကို သင်ယူလို့ရနိုင်မလဲ ဆိုတဲ့ စူးစမ်းသင်ယူလိုစိတ် တစ်နည်းအားဖြင့် စိတ်ပါဝင်စားမှုဆိုတာကိုလည်း မေ့ထားလို့မရပြန်ပါဘူး။
3.ကြိုးစားအားထုတ်မှု
အခုလို Wifi ရှိရင် ဘာမဆိုလုပ်နိုင်တဲ့ခေတ်မှာ အရင်ကလောက် Effort စိုက်ထုတ်စရာမလိုအပ်တော့တာ အမှန်ပဲ။ ဒီ့အပြင် ခုဆို Knowledge Sharing လုပ်ပေးနေတဲ့သူတွေ၊ Page တွေလည်း အများကြီးပေါ်လာသလို Podcast တွေဆိုလည်း အများကြီးရွေးချယ်ပြီး နားထောင်လို့ ရနေတဲ့အခြေအနေပါ။ စိတ်ပါရင် AI နဲ့တောင် လေ့ကျင့်နိုင်နေပြီ။ သို့သော် တချို့တချို့သော သူငယ်ချင်းလေးတွေက 発表 ချိန်ဆို AI နဲ့ Google Translate ကဘာသာပြန်ပေးတာကို တိုက်ရိုက်ယူသုံးရုံလောက်၊ Shadowing ဆိုလည်း ဒီတိုင်းလေးနားထောင်ရုံ လိုက်ပြောရုံလောက်၊ Podcast ဆိုလည်း လူပြောများတဲ့ဟာလောက်ပဲ လိုက်နားထောင်၊ သင်တန်းတက်လည်း တက်နေချိန်လောက်ပဲ မဖြစ်စလောက်ကျင့်ပြီး ကျန်တဲ့ချိန်ကျ ဂျပန်စကားနဲ့ ရန်ဖြစ်ထားသလိုမျိုး လှည့်ကိုမကြည့်ကြတာမျိုး ရှိပါတယ်။ အလွတ်ကျက်ထားတဲ့စာတွေနဲ့ ကံကောင်းရင် အင်တာဗျူးအောင်ပြီး ဂျပန်ကိုရောက်ရင်ရောက်သွားလိမ့်မယ်။ ဒါပေမယ့် ဂျပန်ကိုရောက်တာနဲ့ပဲ ဘဝက ပြီးပြည့်စုံသွားပြီလား။ ဘာကိုမှ လေ့လာဖို့ မလိုအပ်တော့ဘူးလား။ ဘဝမှာ မရဖူးတဲ့အရာ၊ မရောက်ဖူးတဲ့နေရာတွေကို ရောက်ချင်ရင် မှန်ကန်တဲ့နည်းလမ်းနဲ့ ကြိုးစားအားထုတ်ဖို့ကိုလည်း ကိုယ့်ကိုယ်ကိုယ် Remind လုပ်ကြရအောင်ပါ။
စာတော့ အတော်ရှည်သွားပါတယ်။ ဒါပေမယ့် ဒီစာအရှည်ကြီးဟာ ဂျပန်ဘာသာစကားလေ့လာမှုခရီးလမ်းမှာ ပုံထဲကလို နံရံကြီးသုံးခုနဲ့ တွေ့နေတဲ့သူတွေအတွက် Self-awareness နည်းနည်းလောက်ပဲဖြစ်ဖြစ် ရစေမယ်ဆိုရင်ပဲ ကျေနပ်ပါပြီ။ ကိုယ့်ရဲ့အမြင်တချို့ကို Sharing လုပ်ပေးထားတာဖြစ်တဲ့အတွက် ကွဲလွဲချက်လေးတွေ၊ လိုအပ်ချက်လေးတွေရှိရင်လည်း ထောက်ပြပေးကြပါဦးနော်။
またね。バイバイ👋
Eris👽
🎃‼️ကြည့်ဖူးရင်လည်း ပြောဦး ဘယ်ကားကြောက်ဖို့အကောင်းဆုံးလဲ‼️🎃
Halloween နေ့လေးဆိုတော့ စာလုပ်ပြီးရင် အပျင်းပြေကြည့်လို့ရအောင် Halloween ပွဲတော်ချိန်နဲ့ လိုက်ဖက်တဲ့ရုပ်ရှင် 11 ကားကို 皆さん တို့အတွက် ရွေးချယ်ပေးလိုက်ပါပြီ👻😈
皆さんတို့တော့ မသိပေမယ့် ကျွန်တော်ကတော့ Horror ကြည့်ရင် Jumpscare scene တွေထက် တစိမ့်စိမ့်နဲ့ တွေးလေလေ ကြောက်စရာကောင်းလေလေ ဆိုတဲ့ရုပ်ရှင်မျိုးကို ပိုကြိုက်တယ်။ ဒါကြောင့်လည်း Psychogical နဲ့ Mystery Genre တွေပဲ ပိုကြည့်ဖြစ်တယ်။ 🔥💀
အခုရွေးချယ်ပေးထားတဲ့ ရုပ်ရှင် 11 ကားထဲမှာ ကျွန်တော်ကြည့်ဖူးတဲ့ J Horror တွေလည်းပါသလို မကြည့်ရသေးပေမယ့် ကြည့်ဖို့ဆိုပြီး List ထဲထည့်ဥထားတာလေးတွေလည်း ပါပါတယ်။ ネタバレ(Spoiler) တော့ အထွေအထူးမပြောချင်ပေမယ့် Audition ဆိုရင် ရုပ်ရှင်မကြည့်ရသေးခင် စာအုပ်ကိုဖတ်ပြီးကတည်းက (Ryuu Murakami ရေးတာပါ) လူတွေရဲ့ အမှောင်ခြမ်းက စိတ်ဒဏ်ရာတွေကို လွယ်လွယ်နဲ့ကုမရနိုင်ပါလားဆိုပြီး တရားတွေအတော်ရလိုက်တာ။ သွေးသံတရဲရဲနဲ့ ကြက်သီးထဖို့ အတော်ကောင်းတယ်။ Kwaidan ကတော့ ရိုးရာဂျပန်ပုံပြင်လေးခုကို စုထားတာမျိုး။ အဲဒီထဲက Hoichi the earless ဆို ကိုယ်တွေအကြိုက်ဆုံး Horror ပုံပြင်ပဲ။ Perfect Blue ဆိုရင်လည်း စဉ်းစားစရာတွေအများကြီးချန်ခဲ့တာ။ OLD BUT GOLD ဖြစ်တဲ့ J-Horror တွေပေါ့လေ... နာမည်ထည့်မရေးထားတဲ့ နောက်ဆုံး Movie ဆိုရင် အပြင်မှာပါ အဲဒီလိုအဖြစ်မျိုး ကိုယ်တွေ့ကြုံဖူးတော့ နာမည်တောင်ထည့်မရေးရဲဘူး။ တွေးလိုက်တိုင်း ခေါင်းတွေမူးလာလို့လေ... ကိုယ့်ဘာသာ Video ထဲမှာပဲ ကြည့်လိုက်ကြပါတော့နော် 😰😰
1.Ring (1998) - Supernatural, Mystery
2.Cure (1997) - Psychological, Thriller, Mystery
3.Audition (1999) - Psychological Horror, Thriller
4.Dark Water (2002) - Supernatural, Drama
5.Kwaidan (1964) - Anthology, Historical Horror
6.Noroi: The Curse (2005) - Found Footage, Supernatural
7.Confessions (2010) - Psychological Thriller, Revenge
8.Pulse (Kairo) (2001) - Tech-no Horror, Existential
9.Perfect Blue (1997) - Psychological Thriller, Mystery
10.Paprika (2006) - Psychological, Sci-fi Thriller
11. **** - Psychological, Drama, Thriller, Mystery
Click here to claim your Sponsored Listing.
Location
Category
Culinary Team
Attire
Telephone
Website
Address
Zayar Thiri Street
Yangon
11051