25/11/2025
Vietnam မှာ ကျောင်းသွားတက်ကြမည့် ကျောင်းသား/သူများ(ပထမအသုတ်) ကို ဒီနေ့ လေယာဉ်ကွင်း လိုက်ပို့လာခဲ့ပြီးအမှတ်တရ …
အိမ်မက်ကိုယ်စီ၊ ပန်းတိုင်ကိုယ်စီနဲ့ အခက်အခဲမရှိပဲ ရှေ့ဆက်လျှောက်လှမ်းနိုင်ကြပါစေ …
📍Japan Student Visa Reject သမားများလက်ခံပေးပါသည်။
📍2025 December တွင်ဒုတိယအသုတ်သွားမည်ဖြစ်သည်။
☎️ Ph - 09796489935 တွင်ဆက်သွယ်နိုင်ပါသည်။
21/11/2025
📢【ဂျပန်ဗီဇာလျှောက်ထားရေး စင်တာဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍】
📢【日本ビザ申請センターの開設について】
ဗီဇာလျှောက်ထားသူများအတွက် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုနှင့် အဆင်ပြေချောမွေ့မှုကို မြှင့်တင်ရန်အတွက် ဂျပန်ဗီဇာလျှောက်ထားရေးစင်တာ (Japan Visa Application Centre : JVAC)ကို ဖွင့်လှစ်၍ ဗီဇာလျှောက်ထားမှု လက်ခံခြင်းနှင့် ပြန်လည်ထုတ်ပေးခြင်းကို ဆောင်ရွက်မည်ဖြစ်ပါသည်။
ဂျပန်ဗီဇာလျှောက်ထားရေးစင်တာကို VFS Service Myanmar ရုံးခွဲသို့ လုပ်ငန်းလွှဲအပ်၍ ဒီဇင်ဘာလ ၁၁ ရက်နေ့ (ကြာသပတေးနေ့) မှစတင်ပြီး အောက်ပါအတိုင်း လုပ်ငန်းစဥ်များကို ဆောင်ရွက်မည်ဖြစ်ပါသည်။ အသေးစိတ်အချက်အလက်များနှင့် ပတ်သက်၍ ဤနေရာ (https://visa.vfsglobal.com/mmr/en/jpn) တွင် ကြည့်ရှုစုံစမ်းနိုင်ပါသည်။
【ဂျပန်ဗီဇာလျှောက်ထားရေးစင်တာ၏ လက်ခံကောင်တာ ဖွင့်ချိန်၊ လိပ်စာ၊ ဆက်သွယ်ရန်】
အလုပ်ချိန် : တနင်္လာနေ့မှ သောကြာနေ့ နံနက် ၀၈:၃၀ မှ ညနေ ၁၇:၃၀ နာရီ
လျှောက်လွှာလက်ခံခြင်း : တနင်္လာနေ့မှ သောကြာနေ့ နံနက် ၀၈:၃၀ မှ ညနေ ၁၂:၃၀ နာရီ၊ ညနေ ၁၃:၃၀ မှ ညနေ ၁၆:၀၀ နာရီ
ဗီဇာထုတ်ပေးခြင်း : တနင်္လာနေ့မှ သောကြာနေ့ နံနက် ၀၉:၀၀ မှ ညနေ ၁၇:၀၀ နာရီ
(စနေ၊ တနင်္ဂနွေ၊ အစိုးရရုံးပိတ်ရက်များနှင့် ဂျပန်သံရုံးပိတ်ရက်များတွင် စင်တာပိတ်ပါမည်)
လိပ်စာနှင့် ဆက်သွယ်ရန် :
လိပ်စာ : https://visa.vfsglobal.com/mmr/my/jpn/attend-centre/kantharyar
ဆက်သွယ်ရန် : https://visa.vfsglobal.com/mmr/en/jpn/contact-us
လျှောက်ထားပုံနည်းလမ်းအသေးစိတ်နှင့် ပတ်သက်၍ : https://visa.vfsglobal.com/mmr/my/jpn/book-an-appointment
※ဒီဇင်ဘာလ ၁၁ ရက်နေ့မှစ၍ ဗီဇာလျှောက်ထားရန်အတွက် ကြိုတင်ရက်ချိန်းယူရမည့်ဝက်ဆိုဒ်ကို ယနေ့ (နိုဝင်ဘာလ ၁၇ ရက်) တွင် စတင်ဖွင့်လှစ်ထားပါသည်။ လျှောက်ထားရန်နည်းလမ်း အသေးစိတ်ကို VFS Service Myanmar ဝက်ဆိုဒ် (အထက်ပါ Link) တွင် ကြည့်ရှုနိုင်ပါသည်။
※သို့ရာတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့မတိုင်မီဗီဇာလျှောက်ထားလိုပါက ကြိုတင်ရက်ချိန်းယူခြင်းများကို ယခင်အတိုင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ ကြိုတင်ရက်ချိန်းယူရမည့်ဝက်ဆိုဒ် (https://www.mm.emb-japan.go.jp/itpr_en/onlinebooking_en.html) တွင် ဆက်လက်လက်ခံလျက်ရှိပါသည်။
တယ်လီဖုန်းနံပါတ် : +၉၅ ၉၇၈၃၄၆၉၃၇၆
ဗီဇာလျှောက်ထားရေးစင်တာ၏အကူအညီရယူရန် : [email protected]
မှတ်ချက် :
(၁) ဗီဇာလျှောက်ထားရေးစင်တာတွင် ဗီဇာလျှောက်ထားသည့်အခါ သံရုံးတွင်ပေးဆောင်ရမည့် ဗီဇာကြေးနှင့် ၎င်းစင်တာအသုံးပြုရန်ဝန်ဆောင်ခ ကျသင့်ပါမည်။ (အသေးစိတ်ကို VFS ဝက်ဆိုဒ် https://visa.vfsglobal.com/one-pager/japan/myanmar/english/index.html တွင်ကြည့်ရှုပါ)။
(၂) ဗီဇာကြေးနှင့် စင်တာအသုံးပြုဝန်ဆောင်ခကို ဗီဇာလျှောက်ထားချိန်တွင် ပေးချေရပါမည်။
【အသိပေးချက်】
၁) ယခုလက်ရှိဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၌ ဗီဇာလျှောက်ထားမှု လက်ခံဆောင်ရွက်ခြင်းသည် ဒီဇင်ဘာလ ၁၀ ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် ပြီးဆုံးမည်ဖြစ်ပါသည်။ ဒီဇင်ဘာလ ၁၁ ရက်နေ့ (ကြာသပတေးနေ့) မှစတင်၍ အထက်ဖော်ပြပါ ဂျပန်ဗီဇာလျှောက်ထားရေးစင်တာတွင် လျှောက်ထားမှုများကို လက်ခံဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် သတိပြုနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။ (သို့ရာတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ မတိုင်မီလျှောက်ထားပါက နိုင်ငံကူးလက်မှတ်စာအုပ်များကို ဂျပန်သံရုံး ဗီဇာကောင်တာတွင် ပြန်လည်ထုတ်ယူရမည် ဖြစ်ပါသည်)။
၂) သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စရပ်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်ကိစ္စရပ်များစသည်တို့နှင့် ပတ်သက်၍ ဂျပန်သံရုံး ကောင်စစ်ရေးရာဌာနတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
■မေးမြန်းစုံစမ်းရန် : မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ကောင်စစ်ရေးရာဌာန
တယ်လီဖုန်း : ၉၅-၁-၅၄၉၆၄၄ မှ ၅၄၉၆၄၈
အီးမေးလ် : [email protected]
*****************************
このたび、ビザ申請される皆様への一層のサービスと利便性の向上のため、「日本ビザ申請センター(Japan Visa Application Centre : JVAC)を開設し、ビザ申請の受付及び交付を行うこととしました。
日本ビザ申請センターは、VFS サービス ミャンマー社への業務委託により、12月11日(木)から以下のとおり運用を開始する予定です。詳細につきましては、こちら(https://visa.vfsglobal.com/mmr/en/jpn)をご参照ください。
【ミャンマー日本ビザ申請センターの窓口時間、住所、連絡先】
営業時間:月曜日~金曜日
午前08時30分~午後17時30分
申請受付:月曜日~金曜日
午前08時30分~午後12時30分、
午後13時30分~午後16時00分
交付業務:月曜日~金曜日
午前09時00分~午後17時00分
(土曜、日曜、祝日および当館閉館日は閉館します)
住所及び連絡先:
住所:https://visa.vfsglobal.com/mmr/en/jpn/attend-centre/kantharyar
連絡先:https://visa.vfsglobal.com/mmr/en/jpn/contact-us
申請方法等の詳細について:https://visa.vfsglobal.com/mmr/en/jpn/book-an-appointment
※12月11日以降のビザ受付の予約サイトを本日(11月17日)から開設しています。申請方法等の詳細は同サイト(上記リンク先)よりご確認ください。
※なお、12月10日までのビザ受付の予約は、従来どおり在ミャンマー日本国大使館の予約サイトにて受け付けています。申請はこちら(https://www.mm.emb-japan.go.jp/itpr_ja/onlinebooking_ja.html) よりご確認ください。
電話番号:+95 9783469376
ビザ申請センターヘルプデスク:[email protected]
備考:
(1)同センターでのビザ申請には、当館のビザ発給手数料及び同センター利用手数料がかかります(詳細は、VFSサイト https://www.vfsglobal.com/one-pager/japan/myanmar/english/index.html をご参照ください)。
(2)ビザ手数料及び同センター利用手数料は、申請時にお支払いいただきます。
【お知らせ】
1 現行の在ミャンマー大使館でのビザ申請受付は、12月10日(水)をもって終了します。12月11日(木)以降は、上記の「日本ビザ申請センター」での受付となりますので、ご注意願います(なお、12月10日以前に申請された場合には、返却窓口は在ミャンマー大使館になります)。
2 外交・公用旅券に係る案件、人道に関わる緊急案件等については、 当館領事班にお問い合わせください。
■問い合わせ先: 在ミャンマー日本国大使館領事班
電話:95ー1ー549644~8
メール:[email protected]
*****************************
[Website]
Japanese Version: https://www.mm.emb-japan.go.jp/itpr_ja/20251118_InformOpeningVisaCenterJA.html
English Version : https://www.mm.emb-japan.go.jp/itpr_en/20251118_InformOpeningVisaCenterEN.html
Myanmar Version : https://www.mm.emb-japan.go.jp/itpr_my/20251119_InformOpeningVisaCentreMM.html
04/11/2025
🍀 今日の一言 🍀
🍀 ယနေ့အတွက်စကားတစ်ခွန်း 🍀
မကြိုက်တဲ့သူကို မကြိုက်ဘူးလို့ အသိအမှတ်ပြုပါ
ဒါပေမဲ့ သူ့ကြောင့် မိမိရဲ့ ပျော်ရွှင်မှု့ကို ဖျက်ဆီးခွင့် မပေးပါနဲ့ …
သာယာသောနေ့လေးဖြစ်ပါစေ 🍀
03/11/2025
🍀 今日の一言 🍀
🍀 ယနေ့အတွက်စကားတစ်ခွန်း 🍀
အသက်အရွယ်ကို ကိန်းဂဏန်းနဲ့တိုင်းတာတာလား …
ရင့်ကျက်မှု့နဲ့ တိုင်းတာလား …
သာယာသောနေ့လေးဖြစ်ပါစေ 🍀
02/11/2025
🍀 今日の一言 🍀
🍀 ယနေ့အတွက်စကားတစ်ခွန်း 🍀
ရောဂါဝေဒနာခံစားရခြင်းဟာ ကျွန်တော်တို့ရဲ့ ဘဝနေထိုင်မှု့ပုံစံ မမှန်ကန်ကြောင်းကို သတိရစေဖို့ သဘာဝကပေးတဲ့ သတိပေးချက်တစ်ခုလို့ သတ်မှတ်လို့ရပါတယ် …
သာယာသောနေ့လေးဖြစ်ပါစေ 🍀
01/11/2025
🍀 今日の一言 🍀
🍀 ယနေ့အတွက်စကားတစ်ခွန်း 🍀
တကယ်သန်မာသူတွေက တပါးသူကို အန်ိုင်ယူရန် မကြိုးစားဘူး …
သာယာသောနေ့လေးဖြစ်ပါစေ 🍀
31/10/2025
🍀 今日の一言 🍀
🍀 ယနေ့အတွက်စကားတစ်ခွန်း 🍀
ရိုးသားစွာရှင်သန်ပါ …
သာယာသောနေ့လေးဖြစ်ပါစေ 🍀
31/10/2025
#ハロウィン #ハロウィーン
🎃
👻 Hello ..... トリックオアトリート 👻
👻 အောက်တိုဘာ ၃၁ရက်နေ့... ဟောလိုဝင်းနော် ... 👻
ကဲ ... ဟောလိုဝင်းအကြောင်းအနည်းငယ်နဲ့ ဟောလိုဝင်းကိုဂျပန်လူမျိုးတွေဘယ်လိုဆင်နွှဲကြလဲဆိုတာလေ့လာကြည့်မယ်နော် .... 🎃
တဆက်တည်း Vocub တိုးအောင်ဟောလိုဝင်းနဲ့ပတ်သက်တဲ့စကားလုံးလေးတွေလည်းပြောပြထားလို့အပျင်းပြေမှတ်ထားကြရအောင်... 🎃
ပုံများကို google မှမျှယူအသုံးပြုထားပါသည် .. 🙏
30.10.2020 တွင်တင်ပေးခဲ့သော Post ကိုပြန်လည်ဝေမျှခြင်းဖြစ်ပါသည်..
သာယာသောနေ့လေးပိုင်ဆိုင်နိုင်ပါစေ 🍀
#トリックオアトリート🍬🍭
#ハロウィーンイベント🎃👻
30/10/2025
🍀 今日の一言 🍀
🍀 ယနေ့အတွက်စကားတစ်ခွန်း 🍀
ဘာမှမလုပ်ဘဲ နေခြင်းအတွက် အသက်အရွယ်ကို အကြောင်းပြချက်အဖြစ် မရှာပါနဲ့။ မည်သည့် အသက်အရွယ်တွင်မဆို သင်ယူခြင်း၊ စတင်လုပ်ဆောင်ခြင်းနှင့် ပြောင်းလဲခြင်းတို့ကို ပြုလုပ်နိုင်သည် ဟူသော အတွေးကို ခံယူပါ။
သာယာသောနေ့လေးဖြစ်ပါစေ 🍀
30/10/2025
2026 July intake, October intake တွေမှာ ကျောင်းလျှောက်ဖို့ အစီအစဉ်ရှိသူများအနေနဲ့ Show Money ပြဖို့အတွက် အခုကတည်းက စပွန်ဆာနာမည်နဲ့ ဘဏ်စာအုပ်ဖွင့်ထားပါ။ ငွေအသွင်းအထုတ် လုပ်ထားပါ။
📍ဘယ်ဘဏ်တွေသုံးရမလဲ?
CB, KBZ, AYA, MAB, YOMA အများဆုံးအသုံးပြုကြပါတယ်။ ဘဏ်တံဆိပ်တုံးများကို အင်္ဂလိပ်စာတန်းဖြင့် ရိုက်ပေးသော ဘဏ်ကိုသာ အသုံးပြုပါ။
📍ဘာအကောင့်ဖွင့်ရမလဲ?
နေ့တိုး/လတိုး ဘာဖြစ်ဖြစ်ရပါတယ်။
Special Acc ဖြစ်နေတာပိုအဆင်ပြေပါတယ်။
Mobile Banking တခါတည်းချိတ်ဆက်ထားသင့်ပါတယ်။
📍အကောင့်ဖွင့်ချိန်မှာ ဒေတာအပေးမှားရင် ဘာဖြစ်တတ်သလဲ?
အကောင့်ဖွင့်ချိန်မှာ အမည်၊ မှတ်ပုံတင်နံပါတ်၊ အိမ်လိပ်စာ၊ ဖုန်းနံပါတ် ကို ပြီးသလွယ်ရေးပေးလိုက်ရင် အကောင့်ဖွင့်ပြီး ငွေသွင်းငွေထုတ် History လုပ်ထားလည်း အလကားဖြစ်သွားပါလိမ့်မယ်။ (အဓိကအားဖြင့် အိမ်လိပ်စာ ပေးသည့်အချိန်သည် အင်မတန်အရေးကြီးပါသည်)
*** အိမ်နံပါတ်၊ လမ်းအမည်၊ ရပ်ကွက်အမည်(သို့) ကျေးရွာအမည်၊ မြို့နယ်အမည်၊ ပြည်နယ်/တိုင်းဒေသကြီးအမည်***
အထက်ဖော်ပြပါအတိုင်း အတိအကျဖြစ်နေရမည်ဖြစ်သည်။
👉 မိမိတို့ဘဏ်အကောင့်ဖွင့်ထားသည့်အိမ်လိပ်စာနှင့် ကျောင်းဝင်ခွင့်လွှာတွင်ဖြည့်သွင်းမည့်အိမ်လိပ်စာ မတူညီပါက ဘဏ်အကောင့်အသစ်ပြန်ဖွင့်ရမည်ဖြစ်သောကြောင့် သေချာဂရုစိုက်ရန်လိုပါသည်။ နားမလည်ပါက မိမိအပ်ထားသည့် အေဂျင်စီကို သေချာမေးမြန်းပါ။
နောက် intake ကျောင်းလျှောက်မည့်သူများအတွက် လက်ရှိ OSAKA CITY JLC တွင် ဘဏ်စာအုပ်ဖွင့်ချိန်တွင် လိုအပ်မည့် အမည်၊ မှတ်ပုံတင်နံပါတ်၊ အိမ်လိပ်စာကို မေတ္တာဖြင့် စစ်ဆေးပေးနေပါသည်။ လိုအပ်သူများက Page Messenger မှာ ဆက်သွယ်နိုင်ပါသည်။
သာယာသောနေ့လေးဖြစ်ပါစေ 🍀
29/10/2025
🍀 今日の一言 🍀
🍀 ယနေ့အတွက်စကားတစ်ခွန်း 🍀
အသေးအဖွဲကိစ္စလေးများနှင့် ပတ်သက်၍ပင် စိတ်တိုလွယ်ခြင်း၊ ဒေါသထွက်လွယ်ခြင်းသည် ထိုသူ၏ စိတ်ဓာတ်ကျဉ်းမြောင်းမှုကို ဖော်ပြသည် …
သာယာသောနေ့လေးဖြစ်ပါစေ 🍀
28/10/2025
🍀 今日の一言 🍀
🍀 ယနေ့အတွက်စကားတစ်ခွန်း 🍀
လူတစ်ယောက်က သူ့ထက် နိမ့်ကျတဲ့သူတွေကို ရိုင်းရိုင်းစိုင်းစိုင်း၊ မထီမဲ့မြင်ပြုတဲ့ စကားလုံးတွေနဲ့ ပြောဆိုဆက်ဆံနေရင် အဲဒီလူဟာ အပေါ်ယံသာ ကောင်းဟန်ဆောင်ပြီး စိတ်ရင်းမမှန်ဘူးလို့ တိုင်းတာနိုင်ပါတယ်။ စိတ်ရင်းကောင်းတဲ့သူဟာ ဘယ်သူ့ကိုမဆို လေးစားမှုရှိရှိနဲ့ ယဉ်ကျေးစွာ ဆက်ဆံတတ်ပါတယ်။
သာယာသောနေ့လေးဖြစ်ပါစေ 🍀