30/10/2025
2026 July intake, October intake တွေမှာ ကျောင်းလျှောက်ဖို့ အစီအစဉ်ရှိသူများအနေနဲ့ Show Money ပြဖို့အတွက် အခုကတည်းက စပွန်ဆာနာမည်နဲ့ ဘဏ်စာအုပ်ဖွင့်ထားပါ။ ငွေအသွင်းအထုတ် လုပ်ထားပါ။
📍ဘယ်ဘဏ်တွေသုံးရမလဲ?
CB, KBZ, AYA, MAB, YOMA အများဆုံးအသုံးပြုကြပါတယ်။ ဘဏ်တံဆိပ်တုံးများကို အင်္ဂလိပ်စာတန်းဖြင့် ရိုက်ပေးသော ဘဏ်ကိုသာ အသုံးပြုပါ။
📍ဘာအကောင့်ဖွင့်ရမလဲ?
နေ့တိုး/လတိုး ဘာဖြစ်ဖြစ်ရပါတယ်။
Special Acc ဖြစ်နေတာပိုအဆင်ပြေပါတယ်။
Mobile Banking တခါတည်းချိတ်ဆက်ထားသင့်ပါတယ်။
📍အကောင့်ဖွင့်ချိန်မှာ ဒေတာအပေးမှားရင် ဘာဖြစ်တတ်သလဲ?
အကောင့်ဖွင့်ချိန်မှာ အမည်၊ မှတ်ပုံတင်နံပါတ်၊ အိမ်လိပ်စာ၊ ဖုန်းနံပါတ် ကို ပြီးသလွယ်ရေးပေးလိုက်ရင် အကောင့်ဖွင့်ပြီး ငွေသွင်းငွေထုတ် History လုပ်ထားလည်း အလကားဖြစ်သွားပါလိမ့်မယ်။ (အဓိကအားဖြင့် အိမ်လိပ်စာ ပေးသည့်အချိန်သည် အင်မတန်အရေးကြီးပါသည်)
*** အိမ်နံပါတ်၊ လမ်းအမည်၊ ရပ်ကွက်အမည်(သို့) ကျေးရွာအမည်၊ မြို့နယ်အမည်၊ ပြည်နယ်/တိုင်းဒေသကြီးအမည်***
အထက်ဖော်ပြပါအတိုင်း အတိအကျဖြစ်နေရမည်ဖြစ်သည်။
👉 မိမိတို့ဘဏ်အကောင့်ဖွင့်ထားသည့်အိမ်လိပ်စာနှင့် ကျောင်းဝင်ခွင့်လွှာတွင်ဖြည့်သွင်းမည့်အိမ်လိပ်စာ မတူညီပါက ဘဏ်အကောင့်အသစ်ပြန်ဖွင့်ရမည်ဖြစ်သောကြောင့် သေချာဂရုစိုက်ရန်လိုပါသည်။ နားမလည်ပါက မိမိအပ်ထားသည့် အေဂျင်စီကို သေချာမေးမြန်းပါ။
နောက် intake ကျောင်းလျှောက်မည့်သူများအတွက် လက်ရှိ OSAKA CITY JLC တွင် ဘဏ်စာအုပ်ဖွင့်ချိန်တွင် လိုအပ်မည့် အမည်၊ မှတ်ပုံတင်နံပါတ်၊ အိမ်လိပ်စာကို မေတ္တာဖြင့် စစ်ဆေးပေးနေပါသည်။ လိုအပ်သူများက Page Messenger မှာ ဆက်သွယ်နိုင်ပါသည်။
သာယာသောနေ့လေးဖြစ်ပါစေ 🍀