Matt’s Miles

Matt’s Miles

Share

Hello, peeps! This is just my travel blog for fun as I love traveling so much and just wanna share.

11/07/2023

ကလောရေယောင်းမ ViewPoint

11/07/2023

ဆင်ရေချိုးနေတာလေးက ချစ်စရာလေး

#ရှမ်းရိုးမဆင်စခန်း


Photos from Matt’s Miles's post 11/07/2023

ဘယ်အချိန်သွားသွား ရိုးကိုမရိုးတဲ့ တောင်ပေါ်မြို့ “ကလော”

ဥတုရာသီအေးပြီး ထင်းရှူးတောပင်တွေနဲ့ စိမ်းလန်းတဲ့ ကလောနဲ့ ပက်သက်ရင်တော့ များများစားစား ပြောစရာမလိုအောင်ကို ကလောက လည်ပတ်သူများပါတယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင် ရှာဖွေတွေ့ရှိထားတဲ့ ကလောရောက်ရင် လုပ်သင့်တဲ့ အရာအသစ်လေးတွေနဲ့ လည်ပတ်သင့်တဲ့ နေရာသစ်လေးတွေကို မျှဝေချင်ပါတယ်။

အရင်ဆုံး ကလောမြို့ကို ဘာကြောင့်လည်ပတ်သင့်လဲဆိုတာကို နည်းနည်းလေး ပြောပြပါမယ်။ ကလောမြို့ကို ဘာလို့လည်ပတ်သင့်လဲဆိုရင် တစ်နှစ်ပတ်လုံး ရာသီဥတုက အေးပြီး သစ်ပင်ပန်းပင်၊ ထင်းရူးပင်တွေများစွာ ရှိတာကြောင့် စိမ်းလန်းစိုပြေပြီး အနားယူစရာကောင်းတဲ့ တောင်ပေါ်မြို့လေးဖြစ်လို့ပါပဲ။ အကောင်းဆုံးအချက်ကတော့ ရှမ်းတိုင်းရင်းသားများ၏ တိုင်းရင်းသားရိုးရာအစားအစာတွေဖြစ်တဲ့ ရှမ်းရည်၊ ရှမ်းခေါက်ဆွဲ၊ တိုဟူးနွေး စသည့် ရှမ်းအစားအစာတွေကို တစ်အုန်ထိုး စားနိုင်လို့လဲဖြစ်ပါတယ်။

ဘယ်နေရာတွေလည်မလဲ?

၁)ဗျိုက်တောင်

ကလောရောက်ရင် ဗျိုက်တောင်မရောက်ရင် ရင်နာစရာပါ။ ဗျိုက်တောင်က တောင်ကြီး၊ ညောင်ရွှေဘက်ကလာရင် ကလော်ဆိုင်းဘုတ်ရှိတဲ့နေရာကို မတက်ခင်၊ Toll Gate မဖြတ်ခင် မိတာ ၂၀၀ အလိုလောက်မှာရှိတဲ့ ဘယ်ဘက်ချိုးပြီး တည့်တည့် မောင်းဝင်လာရင် ဗျိုက်တောင်ရောက်ပါပြီ။ ကလောမြို့ကနေလာမယ်ဆိုရင်လဲ ကလောမြို့ပြင်ထွက် toll gate အကျော်ကနေ ညာကွေ့လိုက်ရင် နည်းနည်းဆက်မောင်းရင် ရောက်ပါပြီ။

ဗျိုက်တောင်က ရှင်းရှင်းပြောရင် ကားလမ်းဘေးရှိ ကျောက်တောင်ကြီးကြီးတွေ တန်းစီပြီး လှလှပပ စီစီရီရီ တည်ရှိနေတာပါ။ မျက်နှာချင်းဆိုင်မှာတော့ ရထားလမ်းလှလှရှိတာဖြစ်ပြီး ဓာတ်ပုံရိုက်လို့ ရူခင်းကြည့်ဖို့ အင်မတန်လှတဲ့ ရထားလမ်းပါ။ အများကြီးပြောစရာမလိုအောင် ဗျိုုက်တောင်က လှပါတယ်။

တစ်ခုရှိတာက အခုအချိန်မှာ ဗျိုက်တောင်အဝင်ဝနားလေးမှာ ရဲတွေ စစ်သားတွေ လုံခြုံရေးစစ်ပါတယ်။ ဆိုင်ကယ်ဆို ဆင်းတွန်းပြီး သွားရပါတယ်။

၂)ရေယောင်းမ ViewPoint

အမှန်တိုင်းပြောရင် ကျွန်တော် ကလောကို အကြိမ်ကြိမ်ရောက်ပေမဲ့ ရေယောင်းမ ViewPoint ကို ကျွန်တော်မဝင်ပါဘူး။ ဒါပေမဲ့ ဒီတစ်ခေါက်ဝင်ကြည့်လိုက်တာ အရင်က မဝင်ဖြစ်ခဲ့တာတွေကိုပါ နောင်တရပါတယ်။

ဘာလို့လဲဆို ရေယောင်းမ ViewPoint ပေါ်က Mountain View က ကျွန်တော် ချင်းမိုင်၊ ချင်းရိုင်မှာ မြင်တွေ့ခဲ့ရသည်ထက် ပိုပြီး ရင်သပ်ရှုမောဖွယ်လှပါတယ်။ တောင်တွေ အထပ်ထပ်နဲ့ စိမ်းစိမ်းစိုစိုလေး လှပလွန်းပါတယ်။

ရေယောင်းမ ViewPoint ကတော့ ကလောမြို့ထွက် တောင်အောက်အဆင်းလမ်းမှာရှိတာကြောင့် ကလောမြို့ကနေ ခနထွက်ပြီး လည်ရပါမယ်။ သို့သော် အင်မတန်တန်ပါတယ်၊ သွားလည်ပါ။ လည်ပတ်ဖို့ အကောင်းဆုံးအချိန်ကတော့ နေ့လည်ခင်းနှင့် ညနေပါ။

၃)ကလော ViewPoint

ကလော ViewPoint က Kalaw Cafeyard မရောက်ခင် ဘယ်ဘက်တည့်တည့်ချိုးပြီး မောင်းဝင်ရတာပါ။ လက်ရှိလမ်းက မြေနီတွေမို့ ဆိုင်ကယ်နဲ့ဆို အဝတ်စားအဖြူရောင်၊ အမဲရောင်သာဆိုရင် တန်းပြီး ဝါကုန်မှာပါ။ အပေါ်ရုံတစ်ခုခုဝတ်ပါ။ ကားနဲ့ဆိုရင်တော့ ကားဝါထိန်သွားမှာပါ။

ဒါပေမဲ့ ကလော viewpoint က ညနေစောင်းနားလေးသွားပါ။ နေဝင်ချိန်နေရောင်လေးနဲ့ အင်မတန်ရင်သပ်ရှုမောရတဲ့ မြင်ကွင်းကို မြင်ရပါတယ်။ ဒီအချိန် ဓာတ်ပုံရိုက်လို့ အကောင်းဆုံးပါ။

၄)အိုးစည်တောင်

အိုးစည်တောင်က တောင်ကြီး၊ ညောင်ရွှေဘက်ကနေလာရင် ကလောမြို့ဆိုင်းဘုတ်ဘေးက လမ်းထဲကနေ ဝင်သွားရင် ရောက်ပါပြီ။ ကလောမြို့ကနေဆိုရင်တော့ မြို့ပြင်လေးနည်းနည်းထွက်ပြီး လည်ရမှာပါ။ ဘာလို့လည်ပတ်သင်လဲဆိုရင် အိုးစည်တောင်ပေါ်ကနေ ကလောမြို့သစ်စီမံကိန်းလုပ်နေတဲ့ တောင်ကြားကို မြင်နိုင်လို့ပါ။ အဲ့မြင်ကွင်းက စိမ်းလမ်းအေးချမ်းပြီး လှပါတယ်။ ဒါ့အပြင် အိုးစည်တောင်ပေါ်မှာ ခုံတန်းလေးတွေနဲ့ ဓာတ်ပုံရိုက်ရင် အင်မတန်လှပါတယ်။

အိုးစည်တောင်ကို သွားသင့်တဲ့အချိန်က မနက်စောစော ၅:၃၀/၆:၀၀ ကိုသွားပါ။ အထူးသဖြင့် ဆောင်းတွင်းဆိုရင် မြူတွေအုံထူနေပြီး အေးစက်အောင်ထိ အေးပါတယ်။ မနက်ခင်း Sunrise View ကို ဗျိုက်တောင်ကနေ ကြည့်ပါ။ လှချက်ကတော့ တကယ်ပါ။

၅)Pinewoods ဘေးနားက ရထားလမ်း

Pinewoods ဘေးနားက ရထားလမ်းက လည်ပတ်သူတွေကြား နာမည်ကြီးတစ်ခုပါ။ Pinewoods Hotel ဘေးနားကပ်လျက်လေးရှိပါတယ်။ Kalaw Heritage Hotel ဘေးလမ်းကို ဝင်လာလိုက်ရင် ရောက်ပါပြီ။ ရထားလမ်းဘေးဘက်နှစ်ခြမ်းမှာ အပင်တွေနဲ့ စိမ်းစိုပြီး သွားရောက်လည်ပတ် ဓာတ်ပုံရိုက်သင့်တဲ့နေရာတစ်ခုပါ။ couple တွေအတွက်လည်း romantic photos တွေ ရိုက်ကောင်းတဲ့နေရာပါ။

၆)ရှမ်းရိုးမဆင်စခန်း

ကလောမြို့တွင်းမှာ လည်ပတ်လို့ဝရင် ကလောမြို့ပြင်လေးထွက် လည်ပတ်ရအောင်ပါ။ ကလောမြို့အတက် စစ်ဆေးရေးဂိတ်ကြီးအကျော်လေးမှာ ရှမ်းရိုးမဆင်စခန်း ရှိပါတယ်။ ဆင်တွေချစ်တတ်သူ၊ တောတောင်သဘာဝကြိုက်နှစ်သက်သူတွေအတွက် အစာကျွေးလို့လည်းရ ကြိုးတံတားလေးပေါ်မှာ လမ်းလျှောက်လို့လဲရ အပန်းဖြေလို့ရပါတယ်။ ဆင်းစီးတာကို သိပ်အားမပေးပေးမဲ့ ဆင်တွေအတွက် လိုအပ်တာဝယ်ခြမ်းပေးနိုင်ဖို့နှင့် ဆင်ထိန်းတွေအတွက် မုန့်ဖိုးရလို့ငှါ ဆင်စီးလို့လဲရပါတယ်။ တစ်ခါစီး တစ်ယောက်ကို ၃၀၀၀ တည်းပေးရတာပါ။ သူငယ်ချင်းအဖွဲ့ပဲဖြစ်ဖြစ် မိသားစုပဲဖြစ်ဖြစ် အပန်းဖြေသွားရောက်သင့်ပါတယ်။

၇)Kalawe Glamping & Eco-Activities

Kalawe ကတော့ Glamping ဆိုတဲ့အတိုင်း ကလောမြို့ထဲက ရွာထဲမှာ တည်ရှိပြီး camping နေလို့ရတဲ့ နေရာပါ။ ဒါ့အပြင်ကို Eco-Activities များဖြစ်တဲ့ Zip Line စီးတာ၊ Adventure Walk လုပ်တာ၊ ကျောက်တောင်တက်တာစသည့် Adventure Eco Activities များကို လုပ်လို့ရတာကြောင့် တစ်ညလောက်တော့ သွားတည်းသင့် အိပ်သင့်တဲ့ နေရာလေးတစ်ခုပါ။ မဟုတ်ရင်တောင် EcoActivities လေးတွေပဲ သွားဆော့ပါ။ ကလောရောက်တောင် မတူညီတဲ့ feelings တွေကို ရအောင်ယူပါ။

၈)Kalaw Heritage

Kalaw Heritage Hotel ကတော့ မိတ်ဆက်ပေးစရာမလိုအောင်ကို နာမည်ကြီးပြီးသားပါ။ Hotel တွင်းထဲမှာ ပန်းတွေ၊ Western Style အဆောက်အဦးတွေက အင်မတန်လှပြီး ဓာတ်ပုံရိုက်လို့ သိပ်ကောင်းတဲ့နေရာပါ။ Pre Wedding, Graduation ဓာတ်ပုံတွေကိုလည်းရိုက်လေ့ရှိပါတယ်။ တစ်ခုရှိတာက ဝင်ကြေးပေးရပါတယ်။ ဝင်ကြေးက ၅၀၀၀ ပါ၊ ဒါပေမဲ့ ဒီ ၅၀၀၀ တန် ကူပွန်နဲ့ ဟိုတယ်ထဲမှာ အစားအစာတွေ ပြန်ဝယ်စားလို့ရတာကြောင့် မရှုံးပါဘူး။

၉)ကလောဘူတာ

ကလောဘူတာကတော့ ကြေညာပေးစရာမလိုအောင်ကို ကလောလည်ပတ်သူတိုင်း ဝင်ရောက် ဓာတ်ဖန်းဖို့နေရာလေးတစ်ခုမို့ မပြတ်မကွက်သွားပါ။

၁၀)ကလောနာရီစဉ်

ကလောနာရီစဉ်ကတော့ ကလောဘူတာမရောက်ခင်နားလေးမှာရှိပါတယ်။ အမှတ်တရ ဓာတ်ပုံရိုက်လို့ ကောင်းပါတယ်။

၁၁)ကလောစျေး

ကလောစျေးကတော့ ရှမ်းပြည်လက်ဆောင်တွေ ဝယ်ဖို့ ဝင်ကိုဝင်ရမဲ့နေရာပါ။ ဒါ့အပြင် မနက်စာစားဖို့အတွက် နေရာကောင်းတစ်ခုပါ။ စျေးထဲမှာ ဒေသစာ ရှမ်းစာအမျိုးစုံရပြီး လက်ဆောင် ရှမ်းချဉ်၊ အင်းဘောင်းဘီ၊ ပဲ အစုံဝယ်နိုင်ပါတယ်။ စျေးနဲ့သာတိုးရင် ကလောစျေးကို မသွားပဲမနေသင့်တော့ပါဘူး။

၁၂)Hi Bar

Hi Bar က ကလောစျေးဘေးနားမှာရှိပါတယ်။ ညနေစောင်းကနေစပြီး ဖွင့်ပါတယ်။ ဒီ Bar ကို လမ်းညွှန်ရခြင်းအကြောင်းအရင်းကတော့ သူ့ Vibe က တစ်ခြားနေရာတွေနဲ့မတူလို့ပါ။ ဒါ့အပြင်ကို Cocktails တွေနဲ့ Ram Sour တို့ရသလို အမြည်းတွေကို အလကားချပေးပြီး၊ အမည်းတွေက အသက်ပါပဲ၊ ဘာလို့ဆို အမြည်းတွေက လက်ဖက်သုပ်၊ ရှောက်သီးသုပ်၊ ဂျင်းသုပ်တို့ပဲဖြစ်လို့ပါ။ Jin Tonic လေးနဲ့ ဒီအမြည်းနဲ့ဆိုရင် ကလောညနေခင်းအေးနေရင်တောင် ရင်ထဲ ပူသွားစေပါတယ်။ Drinks တွေလည်းကောင်းတာမို့ သွားကြည့်သင့်ပါတယ်။

ကလောမှာ ဘာစားမလဲ?

ကလောစျေး

ကလောစျေးကို မသွားမနေသွားဖို့ အကြံပေးရတဲ့အကြောင်းအရင်းက အစားအစာကြောင့်ပါပဲ။ ကလောစျေးမှာ မနက်စာစားပါ၊ မနက်စာကို တစ်ဝတစ်ပြဲ ပြဲကားအောင်စားပါ။ ဘာတွေစားရမလဲဆိုတော့ ရှမ်းရည်၊ ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေး၊ ကြက်သားချဉ်၊ ဝက်သားချဉ်၊ ရှမ်းမြီးရှည်၊ ငါးထမင်းနယ် တွေကို တစ်ဆိုင်ပြီးတစ်ဆိုင် လျှောက်စားပါ။

Cafe Kalaw

Cafe Kalaw မှာက Lunch စားပါ၊ Cafe Kalaw က Pizza က အရမ်းကောင်းပါတယ်၊ စျေးကလည်း ၁၅၀၀၀ နားပဲရှိတာကြောင့် ကောင်းကောင်းစားရပါတယ်။ သူရဲ့ signature coffee ကိုလည်း သောက်ဖို့မမေ့ပါနဲ့။

Kalaw Cafeyard

Kalaw Cafeyard မှာတော့ Deserts & Snacks စားပါ။ Cheese Cake, Chocolate Cake, Lemon Tea ကတော့ ကျွန်တော့ favorites ေျွပါပဲ။ ကော်ဖီလဲကောင်းတယ်။ အကောင်းဆုံးကတော့ အပေါ်ထပ်မှာ ထိုင်ပြီး ထင်းရှူးတောတွေပြည့်နေတဲ့ တောင် View ကို မြင်ရတာက အသက်ပါပဲ။

Sky House Hot Pot & Barbecue

အခု Sky House Hot Pot & Barbecue ကို အထူးတလည်ထည့်ပေးထားတာပါ။ ကလောရောက်တိုင်း မပြန်မချင်းကို ခနခန ထပ်ခါထပ်ခါ ကျွန်တော်ဆို သွားစားတာပါ။ အရင်က ဘူဖေးအဝစားကို ၅၅၀၀ ပေမဲ့ ကုန်စျေးနှုန်းတက်လို့ အခု ၇၅၀၀ ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဝက်သားသုံးထပ်သားက စားလို့ကောင်းတာ အရမ်းပါပဲ။ ကျွန်တော့ personal recommendation မလို့ barbecue ကြိုက်ရင် မလွတ်တန်းသွားပါ။

New Simple Life Inn & Restaurant

New Simple Life Inn & Restaurant မှာတော့ နေ့လည်စာဖြစ်ဖြစ် ညစာဖြစ်ဖြစ်စားပါ။ ပိုင်ရှင်အမကြီးကို အင်မတန်စိတ်ကောင်းပြီး ဖော်ရွေပျူငှါတယ်။ သူ့ဆိုင်မှာတော့ Pizza က နာမည်အကြီးဆုံးဖြစ်ပြီး အနောက်တိုင်းအစားအစာတွေလည်း ရပါတယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ Inn တစ်ခုလုံးက အပင်ပေါင်းများစွာများစွာနှင့်ကိုမှ စိမ်းလန်းပြည့်နှက်နေတာမလို့ အင််မတန် အေးချမ်းလွန်းလှတာပါ။ Inn ဖြစ်တာကြောင့် အိမ်ခန်းတွေက စျေးသက်သာပြီး သန့်ရှင်း၊ ဝန်ဆောင်မှုကောင်းလွန်းတာကြောင့် recommend ပေးပါရစေ။ Organic Soap တွေလဲ မေးဝယ်ပါ။ အရမ်းကောင်းလို့ပါ။ ကျွန်တော်အခုသုံးနေတာပါ။

ဘယ်မှာနေမလဲ

1)Pinewoods Hotel
2)New Simple Life Inn & Restaurant
3)Kalaw Heritage Hotel
4)Kalaw Hill Lodge

Pinewoods Hotel မှာတော့ နှစ်ကြိမ်တိတိတည်းဖူးပါတယ်၊ စျေးသက်သာသလို မနက်စာလဲ အရမ်းကောင်းပါတယ်။ တစ်ခုရှိတာက အသံမလုံပါဘူး။ ဇနီးမောင်နှံ၊ ချစ်သူတွေအတွက် သိပ်အဆင်မပြေပါဘူး။ သို့သော် ထင်းရှူးတောကြားအေးအေးချမ်းချမ်းနေချင်ရင်တော့ Pinewoods ပါပဲ။

New Simple Life Inn & Restaurant ကတော့ ကျွန်တော်ပြောခဲ့တဲ့အတိုင်း အပင်ပေါင်းများစွာ ခြံရံထားတဲ့ ခြံဝန်းကြီးထဲက ဟိုတယ်ခန်းတွေဟာဆိုရင် စျေးသက်သာသလို သန့်ရှင်းသပ်ရပ်နေရောပါ။ အသံလဲလုံသလို အေးအေးချမ်းချမ်း သီးသီးသန့်သန့်လေး အနားယူနိုင်ပါတယ်။

စျေးကြီးကြီးတည်းချင်ရင်တော့ Kalaw Heritage Hotel ၊ Kalaw Hill Lodge တို့ကို သွားပါ။ ကျွန်တော်လည်း မတည်းဖူးတာကြောင့် သေချာမသိပါဘူး၊ သူများတွေတော့ အရမ်း recommend ပေးကြပါတယ်။

ဘယ်အချိန်သွားရင် ကောင်းလဲ?

ကလောက ဘယ်ချိန်သွားသွား စိတ်မပျက်စေတဲ့ တောင်ပေါ်မြို့ပါ။ ဆောင်းတွင်းဆိုလည်း နေ့ရော ညရော ရာသီဥတုအေးပြီး အရမ်းနေလို့ကောင်းတာပါ။ မိုးရာသီကျတော့လည်း မိုးလေးတဖွဲဖွဲထဲ လွမ်းဆွတ်တဲ့ခံစားချက်လေးနဲ့ ပျော်ရွှင်ရတဲ့မြို့လေးပါ။ နွေရာသီဆိုပြီးတော့လည်း ပူမယ်မထင်ပါနဲ့၊ အေးတဲ့လေတွေတိုက်တာကြောင့် ပူမှန်းတောင်မသိရပဲ၊ လည်ပတ်ရတာ အဆင်ပြေဆုံးပါ။ ဒါကြောင့် သွားချင်တဲ့အချိန်၊ အနားယူချင်တဲ့အချိန် ကောက်သာထသွားလိုက်ပါ။

ယခု travel guide လေးက ကျွန်တော့ personal travel guide and tips လေးတွေပဲဖြစ်ပါတယ်။ သဘောကျနှစ်သက်လို့ပဲဖြစ်ဖြစ်၊ ကျွန်တော့ကို ကူညီချင်လို့ပဲဖြစ်ဖြစ် အားပေးတဲ့အနေနဲ့ ကူညီ share ပေးကြပါအုံးနော်ဗျ။ အဆုံးထိဖတ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။





#ဗျိုက်တောင်

08/07/2023

Guess where is next for my travel blog?


Photos from Matt’s Miles's post 01/07/2023

ထိုင်းနိုင်ငံမြောက်ပိုင်းစွန်းက “ချင်းရိုင်”

ချင်းရိုင်က ထိုင်းနိုင်ငံရဲ့ မြောက်ဘက်ပိုင်းမှာ တည်ရှိတဲ့ မြို့လေးဖြစ်ပြီး တောင်တန်းတွေကြောင့် နာမည်ကြီးပါတယ်။ အထူးသဖြင့် Blue Temple နှင့် White Temple ကြောင့် နာမည်ကြီးတဲ့ မြို့တစ်မြို့ပါ။ ချင်းမိုင်နဲ့ဆိုရင် ကားနှင့်ဖြစ်ဖြစ် ဆိုင်ကယ်နှင့်ဖြစ်ဖြစ် ၄ နာရီခွဲလောက် ကြာကြာ မောင်းရပါတယ်။

တောင်တန်းတွေချစ်ခင်နှစ်သက်သူ၊ ထိုင်းအစားအစာနှင့် ထိုင်းယဉ်ကျေးမှုတွေ ခုံမင်သူတွေအတွက် သွားလည်သင့်တဲ့မြို့ဖြစ်ပါတယ်။ ချင်းရိုင်ရောက်တဲ့အခါ ထိုင်းမြောက်ပိုင်းရဲ့ နာမည်ကြီး ဟင်းခေါက်ဆွဲကိုလဲ စားခဲ့ဖို့ မမေ့ပါနဲ့။ ကျွန်တော်တော့ တော်တော်ကြိုက်ပါတယ်။

ဘယ်နေရာတွေ လည်မလဲ?

၁)Blue Temple
၂)White Temple
၃)Mae Fah Luang University
၄)Chiang Rai Night Market
၅)Akha Farmville
၆)Black House

ဒီနေရာ (၅) ခု ချင်းရိုင်မြို့တွင်းမြို့ပြင် နီးနီးနားနားရှိတဲ့နေရာတွေပဲဖြစ်ပါတယ်။ ကျွန်တော် တစ်ညပဲ ချင်းရိုင်မှာအိပ်ခဲ့တာပါ။ ဘာလို့လဲဆိုတော့ ချင်းရိုင်က တစ်ရက်တည်းနဲ့ အထင်ကရနေရာတွေ အကုန်လည်ပတ်လို့ ပြီးနိုင်တာကြောင့်ပါ။

Blue Temple ဟာ ချင်းမိုင်မြို့တွင်းမှာပဲ ရှိတာမလို့ သွားလည်ရတာလွယ်ပါတယ်။ အဓိက ထိုင်းရိုရာ မြတ်ဘုရားကို ဖူးရမှာဖြစ်ပါတယ်။

White Temple ကတော့ မြို့ကနေ နည်းနည်းလေး အပြင်ထွက်ရပြီး မြို့စွန်နားလေးမှာတည်ရှိပါတယ်။ ဘုရားရင်ပြင်မှာ ငရဲရောက်နေတဲ့ လူတွေရဲ့ ကြောက်မက်ဖွယ်ရာ အကူအညီတောင်းနေတဲ့ လက်တွေကို မြင်ရမှာပါ။ သွားရ တန်ပါတယ်။

ချင်းရိုင်ရောက်ရင် Mae Fah Luang University ကိုလည်း သွားရောက်လည်ပတ်သင့်ပါတယ်။ ဘာလို့လဲဆိုရင် ဒီတက္ကသိုလ်ဟာ ထိုင်းနိုင်ငံမှာ နာမည်ကြီးဖြစ်သလို သစ်ပင်စိမ်းတွေများကြားမှာ ကွယ်ကွယ်ဝှက်ဝှက်လေးရှိနေပြီး နွေရာသီမှာတောင်မှ ကျောင်းက မပူပဲ အေးအေးလေးရှိနေတာကြောင့်ပါ။

Chiang Rai Night Market ကတော့ မလည်မဖြစ်ပါပဲ၊ ဘာလို့ဆိုရင် ထိုင်းမြောက်ပိုင်း ရိုးရာအစားအစာအများအပြားကို စားနိုင်လို့ပဲဖြစ်ပါတယ်။ ဒါအပြင် လက်ဆောင်များနှင့် ထိုင်းအကအလှများကို စျေးထဲမှာပဲ ကြည့်ရှုလို့ရတာကြောင့်ပါ။

ချင်းရိုင်ရောက်လို့ Akha Farmville ကို မလည်ခဲ့ဘူးဆိုရင်တော့ ချင်းရိုင်ကို သွားကိုမလည်ပါနဲ့တော့။ စတာပါ။ ဘာလို့လဲဆိုတော့ Akha FarmVille ဟာ အင်မတန် ရင်သက်ရှူမောဖွယ်ရာ တောင်ကုန်းတောင်တန်းပေါ်မှာတည်ရှိပြီး သူ့တောင်တန်းကနေ တစ်ခြားတောင်တန်းတွေကို မျက်စိတစ်ဆုံး မြင်တွေ့ရလို့ပါ။ ဒါ့အပြင် သိုးတွေမွေးထားတာကြောင့် သိုးတွေနဲ့ ကဗျာဆန်ဆန် ကျွန်တော့လို ဓာတ်ပုံလှလှလေးတွေ ရိုက်လို့ရအောင်ပါ။ ညနေခင်း နေဝင််ချိန်လေးကို အမီနေခဲ့ဖို့ကိုလဲ အကြံပြုသလို၊ ဖြစ်နိုင်မယ်ဆိုရင် တောင်ပေါ်မှာ တစ်ညအိပ်ဖို့ကိုလဲ အကြံပြုပါတယ်။ ချစ်သူတွေအတွက် tent တွေလဲရှိပါတယ်။ အိပ်ဖြစ်မယ်ဆိုရင် ညဘက်အေးချမ်းမှုအရသာနှင့် ချင်းရိုင်တောင်တန်းရဲ့ အစစ်အမှန် သဘာဝအလှတရားကိုခံစားရမှာပါ။ ကျွန်တော် နောက်တစ်ကြိမ်သွားဖြစ်ရင်တော့ မြို့ထဲမအိပ်ဘဲ တောင်ျပါ်ပဲ အိပ်မှာပါ။

Black House ကတော့ ဘုရားတည်ထားပြီး အဆောက်အဦးတွေက မဲနေတာကြောင့် Black House ဆိုပြီး နာမည်ပေးထားပါ။ ရာဇဝင်လေးက စိတ်ဝင်စားစရာကောင်းတာကြောင့် အချိန်ရမယ်ဆိုရင်တော့ ဝင်လည်သင့်ပါတယ်။ ကျွန်တော့အနေနဲ့ကတော့ ဘာမှထူးထူးခြားခြား မရှိတာကြောင့် ဝင်မလည်ခဲ့ပါဘူး။

ချင်းရိုင်မြို့ကနေ လှမ်းတဲ့နေရာတွေ လည်ပတ်ချင်တယ်ဆိုရင်

၁)Long Neck Village
၂)Tea Plantation
၃)Golden Triangle
၄)Mae Sai
၅)ChiangSean

Long Neck Village၊ Tea Plantation တွေကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိပြီးသားပါ။ မထူးမခြားနားလေးပါပဲ။ ကျန်တဲ့နေရာတွေကတော့ ချင်းရိုင်ကနေ မြို့ပြင်ထွက်ပြီး တခြားမြို့ကို သွားလည်ပတ်ရတာပါ။

တိုတိုရှင်းရှင်းပြောရရင် ချင်းရိုင်မြို့တွင်းမှာက လည်စရာအရမ်းနည်းပါတယ်။ အဓိကက Blue Temple နဲ့ White Temple ပဲ ရှိပါတယ်။ ဒါတောင် White Temple က မြို့ပြင် ရောက်ပါတယ်။

ချင်းရိုင်မြို့က မြို့သေးသေးလေးတစ်ခုပဲဖြစ်တာမလို့ အများအပြားလည်စရာမရှိပါဘူး။ သို့သော် ချင်းရိုင်မြို့ပြင်ထွက်မယ်ဆိုရင်တော့ လည်စရာတွေ အများကြီးရှိပါတယ်။ အချိန်ရမယ်ဆိုရင် ထိုင်း-လာအို နယ်စပ်သွားပြီး မဲခေါင်မြစ်တစ်လျှောက် လှေစီးလို့ရပါသေးတယ်။

ဘယ်လိုလည်မလဲ?

ကျွန်တော် recommend တာကတော့ ဆိုင်ကယ်ငှါးပြီး လည်ဖို့ပါပဲ။ ဆိုင်ကယ်ကို တစ်ရက်စာ၊ ၂၄ နာရီ ကို 250 Baht ပဲရှိပါတယ်။ မြို့ထဲနားဖြစ်တဲ့ Night Market နားတစ်လျှောက် ငှါးလို့ရပါတယ်။ တစ်ချို့ဆိုင်တွေဆို မြန်မာဖြစ်တာမလို့ ငှါးရလွယ်ပါတယ်။ ကျွန်တော်ငှါးခဲ့တဲ့နေရာကို ပုံမှာပြထားပါတယ်။

ချင်းရိုင်မြို့တွင်းလည်မယ်ဆိုရင်တော့ မနက်ခင်ပိုင်းနှင့် ညနေခင်းပိုင်းတွေကို လည်ဖို့ အကြံပြုလိုပါတယ်။ ဘာလို့လဲဆိုတော့ ချင်းရိုင်က တောင်ပေါ်မြို့မဟုတ်ဘဲ၊ တောင်ကြားမြို့ဖြစ်တာကြောင့် ကလောနဲ့ယှဉ်ရင် နေ့ဘက်မှာ မအေးပါဘူး၊ ပူပါတယ်။ ဆိုင်ကယ်နှင့် နေပူချိန်လည်မယ်ဆိုရင် အတော်ပူပါတယ်။ ကျွန်တော် သွားခဲ့တာ ဒီဇင်ဘာ ဆောင်းရာသီကာလမှာတောင် ပူနေခဲ့တာပါ။

သို့သော် ဆိုင်ကယ်နှင့်လည်သင့်တဲ့ တခြားအကြောင်းအရင်းတွေလည်းရှိပါတယ်။ စျေးသက်သာတာရယ်၊ အထူးသဖြင့် ချင်းရိုင်တောင်တန်းတွေပေါ်ကို ဆိုင်ကယ်မောင်းပြီးတက်တဲ့အခါ မြင်ကွင်းရှုခင်းတွေက အင်မတန်လှပြီး လေမှာလည်း သန့်ရှင်းလန်းဆန်းတာကြောင့်ပါ။ တောင်ပေါ်မှာ လေကောင်းလေသန့်လေးရပါတယ်။

ဘယ်အချိန်သွားရင် အကောင်းဆုံးလဲ?

တောင်ပေါ်ဒေသဖြစ်တဲ့ ချင်းရိုင်ဟာ စပါးတွေ ကောက်ပဲသီးနှံတွေ မီးရှို့တဲ့ ကာလတွေဖြစ်တဲ့ Late October, November နှင့် March, April, May ကာလများမှာ မသွားရန် အကြံပြုလိုပါတယ်။ ဘာကြောင့်လဲဆိုရင် အဲ့ဒီလများဟာ ထိုင်းငံတစ်ခွင်လုံး လေထုအညစ်ညမ်းဆုံးလများဖြစ်ပြီး တောင်တန်းတွေထက်မှာ လေထုဆိုးတွေ များများရှိနေတာကြောင့်ပါ။

အကောင်းဆုံးအချိန်ကတော့ December, January, February လတွေပဲဖြစ်ပါတယ်။ High Season ဖြစ်သလို တောင်တန်းတွေ စိမ်းစိုပြီး အလှပဆုံးအချိန်ပါ။

ဘယ်မှာတည်းမလဲ?

ကျွန်တော်အနေနဲ့ကတော့ တစ်ညပဲအိပ်ခဲ့တာရယ်၊ Budget Trip ဖြစ်တာရယ်ကြောင့် Chiang Rai Bus Terminal နားမှာရှိတဲ့ B2 ChiangRai Night Bazaar Hotel မှာပဲ တည်းခဲ့ပါတယ်။ နေစရာက များတာမလို့ ချင်းရိုင်ရောက်မှ Walk-in သာလုပ်လိုက်ပါ။ စျေးလဲ မကြီးပါဘူး။

စျေးသက်သာတွေဆိုရင်တော့

The ChiangRai Hotel
Backpack Hotel
B2 ChiangRai Night Bazaar Hotel

သက်တောင့်သက်တာနေချင်တယ်ဆိုရင်တော့

The Heritage Chiang Rai Hotel and Convention
The Riverie by Katathani Chiang Rai
Mora Boutique Hotel

ကျွန်တော်အနေနဲ့ကတော့ ချင်းရိုင်မှာ တစ်ည၊ တစ်ရက်ပဲ နေခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ လည်စရာအရမ်းမများတာရယ်၊ မြို့ကလဲ သေးသေးလေးမို့ ဆိုင်ကယ်နှင့် နှစ်ပတ်လောက်ပတ်လိုက်ရင်ကို နှံ့သွားတာကြောင့်ပါ။

ခုလို အစအဆုံးဖတ်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်၊ အသုံးဝင်တယ်ဆိုရင် share သွားပေးကြပါအုံးခင်ဗျ။

နောက်ထပ်လဲ မြန်မာနိုင်ငံတွင်းနှင့် ပြည်ပခရီးစဉ်တွေနဲ့ပက်သက်ပြီး မျှဝေပေးအုံးမှာမလို့ စောင့်ကြည့်ပေးကြပါအုံး။ ကျေးဇူးတင်ပါတယ်



30/06/2023

Chiang Rai ရဲ့ လှပတဲ့ တောင်တန်းတစ်ခု “ Akha Farmville “

ရင်သပ်ရှုမောဖွယ်ကောင်းပြီး တောင်တန်းတွေကို မျက်စိတစ်ဆုံး မြင်ရသလို၊ ညနေစောင်း နေဝင်ချိန်လေးမှာ နေဝင်တဲ့အလှကိုပါ ကြည့်ဖြစ်အောင် ကြည့်ခဲ့ပါ။

21/06/2023

တောင်တွေကို မျက်စိတစ်ဆုံး မြင်ရတဲ့ ရေယောင်းမ View Point

ကျွန်တော့အတွေ့အကြုံအရ ချင်းမိုင် ချင်းရိုင်တို့ထက် ပိုလှတဲ့ mountainous view တစ်ခုပါ။

Stay tuned for Kalaw Trip and Tips!!!



20/06/2023

မင်္ဂလာပါခင်ဗျ

ကျွန်တော် ဒီ page လေးကို ကျွန်တော့ရဲ့ ခရီးသွားတဲ့ အမှတ်တရတွေကို မျှဝေချင်လို့ ပြန်လည် run မှာ ဖြစ်တဲ့အတွက် စိတ်ဝင်စားသောသူများအနေနဲ့ ဆက်လက်စောင့်မျှော်ပေးဖို့ မျှော်လင့်ပါတယ်။

Matt

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon