Infinity Learning Hub

Infinity Learning Hub Start your infinite English journey with us. We are offering IELTS & general four skills courses, and monthly free programmes.

16/08/2026

✨Infinity Learning Hub က ဘာကြောင့် စတင်ခဲ့တာလဲ၊ လက်ရှိမှာ ဘယ်လိုအစီအစဉ်တွေ လုပ်ဆောင်ပေးနေသလဲဆိုတာကို ဒီ Video လေးမှာ မျှဝေပေးထားပါတယ်။

အင်္ဂလိပ်စာလေ့လာချင်သူတိုင်းအတွက် ကိုယ့်ရဲ့ Level နဲ့ ရည်မှန်းချက်နဲ့ ကိုက်ညီတဲ့ သင်ယူခွင့်တွေ ရရှိနိုင်ဖို့က ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်တစ်ခုဖြစ်ပါတယ်။ General English နဲ့ IELTS Courses တွေအပြင် Speaking Clubs, Workshops, Webinars နဲ့ Free Educational Programs တွေကနေတစ်ဆင့် English ကို စာသင်ခန်းထဲမှာပဲ လေ့လာရုံတင်မဟုတ်ဘဲ လက်တွေ့အသုံးချနိုင်ဖို့ အခွင့်အရေးတွေပါ ဖန်တီးပေးနေပါတယ်။

Infinity Learning Hub က ဘယ်လို Learning Community တစ်ခုဖြစ်လာဖို့ ကြိုးစားနေသလဲဆိုတာ ဒီ Video လေးမှာ ဆက်ပြီးကြည့်ပေးကြပါဦးဗျ။

✨ Infinity Learning Hub ရဲ့ Chat & Chill: Speaking Hub မှာ ဒီတစ်ပတ် အတွက် topic ကတော့“Modern love: Real or unreal”   ဖြစ...
16/08/2026

✨ Infinity Learning Hub ရဲ့ Chat & Chill: Speaking Hub မှာ ဒီတစ်ပတ် အတွက် topic ကတော့

“Modern love: Real or unreal” ဖြစ်ပါတယ်။

🧩 ဒီ club လေးမှာတော့ ယနေ့ခေတ် လူငယ်အများစု ကြုံတွေ့နေရတဲ့ ခေါင်းစဉ်တပ်လို့ မရတဲ့ ချစ်ခြင်းမေတ္တာ၊ ဆက်ဆံရေးတို့ကို ပေါ့ပေါ့ပါးပါး ဆွေးနွေးသွားကြမှာဖြစ်ပြီး relationships တွေမှာ ကြုံတွေ့နိုင်တဲ့ ပြသနာတွေကို အတူတူ brainstorm လုပ်ပြီး missions completed လုပ်ကြမှာပဲ ဖြစ်ပါတယ်

🗣️ English language နှင့်ဆွေးနွေးကြမှာ ဖြစ်ပြီး English ကိုလေ့လာနေသူများအပြင် Speaking ကို ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် လေ့လာချင်သူများအားလုံးကို ကြိုဆိုပါတယ်။

✨အားလုံးအတွက် ပေါ့ပေါ့ပါးပါးနဲ့ အကျိုးရှိတဲ့ speaking session တစ်ခုဖြစ်ဖို့ရည်ရွယ်ပါတယ်။ Chat & Chill မှာ ပြန်တွေ့ကြမယ်။✨

📩 ILH ရဲ့ Free IELTS Foundation Batch 4 အတွက် Email တွေ ပို့ပြီးပါပြီ! 🎉လျှောက်ထားထားသူများအနေနဲ့ ကိုယ့်ရဲ့ Inbox  ကို စ...
14/08/2026

📩 ILH ရဲ့ Free IELTS Foundation Batch 4 အတွက် Email တွေ ပို့ပြီးပါပြီ! 🎉

လျှောက်ထားထားသူများအနေနဲ့ ကိုယ့်ရဲ့ Inbox ကို စစ်ဆေးပေးပါနော်။ Email မတွေ့သေးရင် Spam / Junk Folder ကိုလည်း တစ်ချက်စစ်ပေးပါဗျ။

🎓 See you in class! ✨

💭 What do you wish you could change?This week’s Friday Grammar is all about Wish & If Only. It's perfect for talking abo...
14/08/2026

💭 What do you wish you could change?

This week’s Friday Grammar is all about Wish & If Only. It's perfect for talking about regrets, unreal situations, and things you want to be different.

Complete this sentence: I wish I could… 👇

🚀 English Level တစ်ခုတည်းမှာပဲ ရပ်နေပြီလား?English ကို လေ့လာနေတာ ကြာပြီဖြစ်ပေမယ့် ကိုယ့်ရဲ့ English level က တစ်နေရာတည်းမ...
12/08/2026

🚀 English Level တစ်ခုတည်းမှာပဲ ရပ်နေပြီလား?

English ကို လေ့လာနေတာ ကြာပြီဖြစ်ပေမယ့် ကိုယ့်ရဲ့ English level က တစ်နေရာတည်းမှာပဲ ရပ်နေသလို ခံစားနေရပါသလား?

Grammar တွေ သိပေမယ့် Speaking မှာ ပြောမထွက်တာ၊ Vocabulary တွေ သိပေမယ့် Listening မှာ နားမလည်တာ၊ Reading နဲ့ Writing ကိုလည်း စနစ်တကျ တိုးတက်အောင် လေ့လာဖို့ အခက်အခဲရှိနေတာမျိုး ဖြစ်နေပါသလား?

ဒါဆိုရင်တော့ English Level တစ်ဆင့်ကနေ နောက်တစ်ဆင့်ကို စနစ်တကျ တက်လှမ်းနိုင်ဖို့ ILH ရဲ့ General English 4 Skills Online Classes တွေကို စတင်လေ့လာလိုက်ပါ။ 🎯

၃ လအတွင်း သတ်မှတ်ထားတဲ့ English level တစ်ဆင့်ကို ပြီးမြောက်အောင် လေ့လာနိုင်ပြီး Listening, Speaking, Reading & Writing ဆိုတဲ့ 4 Skills လုံးကို တစ်ပြိုင်နက်တည်း တိုးတက်လာစေဖို့ ရည်ရွယ်ထားတဲ့ course တွေ ဖြစ်ပါတယ်။

🌟 ဘာကြောင့် ILH ကို ရွေးချယ်သင့်လဲ?

1️⃣ Structured Learning Hours + Self-study Plan

Level တစ်ဆင့်ကနေ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ လိုအပ်တဲ့ learning hours တွေကို စနစ်တကျ ထည့်သွင်းပေးထားပါတယ်။

👩‍🏫 Teacher-led class – 54 hours
📚 Self-study / Study Plan – 64 hours

Teacher နဲ့ တိုက်ရိုက်သင်ယူရုံသာမက class ပြင်ပမှာ ကိုယ်တိုင်လေ့လာနိုင်ဖို့ study plan ပါ ထည့်သွင်းပေးထားတဲ့အတွက် classroom learning + independent learning နှစ်မျိုးလုံးကို balance ဖြစ်အောင် လေ့လာနိုင်မှာ ဖြစ်ပါတယ်။

2️⃣ Free Consultation Session ဖြင့် ကိုယ့်ရဲ့ Learning Journey ကို စတင်ပါ

အတန်းမအပ်ခင်မှာပဲ Free Consultation Session ရရှိမှာ ဖြစ်ပါတယ်။ 💬

ဒီ session မှာ—

✔️ လက်ရှိ English level နဲ့ Speaking ability
✔️ English လေ့လာရာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲများ
✔️ ကိုယ်တိုင်တိုးတက်ချင်တဲ့ English skills
✔️ ကိုယ့်ရဲ့ Learning Goals
✔️ ဘယ်လို learning approach က ကိုယ့်အတွက် ပိုသင့်တော်မလဲ

စတာတွေကို ဆွေးနွေးပြီး ကိုယ့်ရဲ့ English learning journey အတွက် သင့်တော်တဲ့ လမ်းကြောင်းကို စတင်သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

3️⃣ Qualified & Experienced Teachers များနဲ့ သင်ယူနိုင်ခြင်း

ILH ရဲ့ online classes တွေကို TKT, CELTA စတဲ့ နိုင်ငံတကာအသိအမှတ်ပြု teaching qualifications တွေ ရရှိထားတဲ့ experienced and qualified teachers တွေက သင်ကြားပေးမှာ ဖြစ်ပါတယ်။ 👩‍🏫👨‍🏫

ဒါကြောင့် Grammar နဲ့ Vocabulary တွေကို မှတ်သားရုံသာမက Listening, Speaking, Reading & Writing skills တွေကို practical and communicative approach နဲ့ လေ့လာနိုင်မှာ ဖြစ်ပါတယ်။

4️⃣ Final 4-Skills Examination + Certificate

Course တစ်ခု ပြီးဆုံးတဲ့အခါမှာတော့ ကျောင်းသားတွေရဲ့ English proficiency တိုးတက်မှုကို စစ်ဆေးနိုင်ဖို့ Final 4-Skills Examination ဖြေဆိုရမှာ ဖြစ်ပါတယ်။ 📝

Exam ကို အောင်မြင်စွာ ဖြေဆိုနိုင်ပါက ILH မှ သက်ဆိုင်ရာ English level ကို ပြီးမြောက်အောင်မြင်ကြောင်း Certificate ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ 🏆

ဒါကြောင့် Course ပြီးသွားတာနဲ့ သင်ခန်းစာတွေပြီးဆုံးသွားရုံမဟုတ်ဘဲ ကိုယ့်ရဲ့ level progression ကိုလည်း ပြန်လည်သုံးသပ်နိုင်မှာ ဖြစ်ပါတယ်။

5️⃣ Small Class Size - တစ်တန်းလျှင် အများဆုံး ၁၀ ယောက်သာ

Online class ဖြစ်ပေမယ့် ကျောင်းသားအရေအတွက် များပြားလွန်းတဲ့ class မျိုး မဟုတ်ပါဘူး။

တစ်တန်းကို အများဆုံး ကျောင်းသား ၁၀ ယောက်သာ လက်ခံသင်ကြားပေးမှာ ဖြစ်တဲ့အတွက်—

🗣️ Speaking practice ပိုမိုလုပ်ဆောင်နိုင်ခြင်း
🙋‍♀️ Teacher နဲ့ တိုက်ရိုက် interaction ရရှိခြင်း
💬 Individual feedback ရရှိခြင်း
📚 သင်ခန်းစာတွေကို အသေးစိတ် မေးမြန်းနိုင်ခြင်း

စတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

6️⃣ Once You Are an ILH Student, You’ll Always Be Our Student! ❤️

ILH မှာ Course တစ်ခု ပြီးဆုံးသွားတာနဲ့ ကိုယ့်ရဲ့ learning journey က မပြီးဆုံးသွားပါဘူး။

ILH Student ID ရရှိထားတဲ့ students တွေအနေနဲ့ ILH မှ နောင်မှာ ဆက်လက်ဖွင့်လှစ်သွားမယ့် English Classes, Special Programs, Workshops & Other Learning Opportunities တွေမှာ Student Discount တွေ ရရှိခံစားခွင့် ရှိမှာ ဖြစ်ပါတယ်။ 🎁

ဒါကြောင့် ILH ဟာ English class တစ်ခုတည်းကို တက်ရောက်ဖို့အတွက်သာမက ရေရှည် English learning journey အတွက် ဆက်လက်လေ့လာနိုင်မယ့် learning community တစ်ခု ဖြစ်ပါတယ်။ 🌱

🎯 3 လအတွင်း ကိုယ့်ရဲ့ English Level ကို Upgrade လုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား?

“တစ်နေ့နေ့မှာ English ကောင်းကောင်းပြောတတ်လာမယ်” ဆိုပြီး စောင့်နေမယ့်အစား ဒီနေ့ကစပြီး ကိုယ့်ရဲ့ English learning journey ကို စနစ်တကျ စတင်လိုက်ပါ။

📌 General English 4 Skills Online Classes
📌 3-Month Course
📌 Listening | Speaking | Reading | Writing
📌 Qualified & Experienced Teachers
📌 Small Class - Maximum 10 Students
📌 Free Pre-course Consultation
📌 Final 4-Skills Examination
📌 Certificate upon successful completion

Level အလိုက် အတန်းချိန်၊ သင်တန်းကြေးနဲ့ Course အသေးစိတ်အချက်အလက်တွေကို အောက်ပါပုံများမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

📩 ကိုယ့်အတွက် သင့်တော်တဲ့ level ကို သိရှိလိုပါက ILH Page Messenger မှာ ဆက်သွယ်ပြီး Free Consultation Session အတွက် စာရင်းပေးသွင်းနိုင်ပါပြီ။

Infinity Learning Hub : learn with us 🚀

"She spins a yarn about being a princess."
12/08/2026

"She spins a yarn about being a princess."



10/08/2026

ဘိုသံပေါက်အောင်ဆိုပြီး English ဗျည်းသံ /p/ တွေ့တာနဲ့ “ဖ” သံ၊ /t/ ဆိုတာနဲ့ “ထ” သံ၊ /s/ ဆိုတာနဲ့ “ဆ” သံ ထွက်ချင်တတ်ကြပါတယ်။

ဒါကြောင့် Spain ကို “ဆဖိန်” လို့ အသံထွက်မိတတ်ပါတယ်။

တကယ်တော့ ဘာသာစကားတွေမှာ phoneme တစ်ခုတည်းကိုပဲ ထွက်တဲ့နေရာနဲ့ အခြေအနေအလိုက် အသံထွက်ပုံ နည်းနည်းကွဲသွားတတ်ပါတယ်။ ဒါပေမယ့် စကားလုံးရဲ့ အဓိပ္ပာယ်တော့ မပြောင်းပါဘူး။ ဒီလို အသံထွက်ပုံကွဲပြားတာကို အသံမူကွဲ (Allophone) လို့ ခေါ်ပါတယ်။

"Please queue up for the tickets!"
10/08/2026

"Please queue up for the tickets!"



✨ Infinity Learning Hub ရဲ့ Chat & Chill: Speaking Hub မှာ ဒီတစ်ပတ် အတွက် topic ကတော့“Music: And its impact on the world...
09/08/2026

✨ Infinity Learning Hub ရဲ့ Chat & Chill: Speaking Hub မှာ ဒီတစ်ပတ် အတွက် topic ကတော့

“Music: And its impact on the world”

🧩 ဒီ session မှာတော့ Music Genres တွေနဲ့အတူ emotions အပေါ်သက်ရောက်မှု ၊ cultures အပေါ်သက်ရောက်မှု တို့အပြင် တခြားပါဝင်တဲ့ properties တွေကို ကိုယ့် experiences တွေနဲ့အတူ relate လုပ်ပြီးဆွေးနွေးကြမှာပဲ ဖြစ်ပါတယ်။

🗣️ English language နှင့်ဆွေးနွေးကြမှာ ဖြစ်ပြီး English ကိုလေ့လာနေသူများအပြင် Speaking ကို ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် လေ့လာချင်သူများအားလုံးကို ကြိုဆိုပါတယ်။

📍ပါဝင်ချင်သူတွေကတော့ အောက်က Telegram Channel ကို join လုပ်ပေးရမှာဖြစ်ပါတယ်။

🔗 ILH Telegram Channel Link: https://t.me/infinitylearninghub26

📍Zoom Link နဲ့ session အသေးစိတ်တွေကို Telegram Channel ကနေတစ်ဆင့် ပို့ပေးသွားမှာဖြစ်လို့ join ထားဖို့ မမေ့ပါနဲ့။

Chat & Chill: Speaking Hub အကြောင်းကို ပိုမိုဖတ်ရှုရန်: https://www.facebook.com/share/p/1H1bzYGaYX/?mibextid=wwXIfr





📖 Page & Pause  #007Title & Author: Young Mungo by Douglas StuartType: Novelဒီတစ်ခေါက် အတူဖတ်မယ့်စာအုပ်ကတော့ Young Mungo...
09/08/2026

📖 Page & Pause #007
Title & Author: Young Mungo by Douglas Stuart
Type: Novel

ဒီတစ်ခေါက် အတူဖတ်မယ့်စာအုပ်ကတော့ Young Mungo by Douglas Stuart ဖြစ်ပါတယ်။ Glasgow မြို့ရဲ့ ဆင်းရဲနွမ်းပါးတဲ့ ပတ်ဝန်းကျင်ထဲမှာ ကြီးပြင်းလာတဲ့ Mungo ဟာ မိသားစုအတွင်းက အကြမ်းဖက်မှုတွေနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ မျှော်လင့်ချက်တွေကြားမှာ ရှင်သန်နေရပါတယ်။ အဲဒီအချိန်မှာ James ဆိုတဲ့ ကောင်လေးနဲ့ တွေ့ဆုံပြီး သူတို့နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာဟာ Mungo ရဲ့ဘဝမှာ မထင်မှတ်ထားတဲ့ အလင်းရောင်တစ်ခု ဖြစ်လာပါတယ်။

အချစ်နဲ့ အကြမ်းဖက်မှု‌၊ လူတန်းစားနဲ့ ကိုယ်ပိုင်အမှတ်အသား‌တွေ ကြားမှာ ကိုယ်ဖြစ်ချင်တဲ့သူအဖြစ် ရှင်သန်ဖို့ ကြိုးစားနေတဲ့ Mungo ရဲ့ နာကျင်စရာကောင်းပေမယ့် နူးညံ့တဲ့ဇာတ်လမ်းကို ထိထိမိမိ ရေးဖွဲ့ထားတဲ့ ဝတ္ထုတစ်အုပ်ပါ။

စာအုပ်ရဲ့ pdf နဲ့ epub လိုချင်ရင်အောက်က channel ထဲဝင်ယူလို့ရပါတယ်။

Telegram Channel: https://t.me/infinitylearninghub26

Happy Reading 📖✨


Address

Yangon

Website

Alerts

Be the first to know and let us send you an email when Infinity Learning Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share