VEG by Krissy

VEG by Krissy

Share

Your personal guide to healthy eating and an active lifestyle

01/09/2022

မီးပျက်နေလို့live streamမလုပ်နိုင်ပါ 😅
Random number selectလုပ်ပြီး မဲပေါက်တဲ့ကံထူးရှင်ကိုပြန်ဆက်သွယ်ပေးပါမယ်ရှင့် 🙏🙏

10/08/2022

Vegetarian surveyအတွက် data collectionအဆင့်ပြီးဆုံးပြီမလို့ ကြေညာထားတဲ့အတိုင်း smart watch and headphones တွေကို မဲဖောက်ပေးပါတော့မယ် 🎉🎉🎉
အားလုံးတန်းတူအခွင့်အရေးရမှာမို့ ဒီပေ့ချ်ကနေ live လွှင့်ပြီး ဖောက်ပေးပါမယ် အချိန်နဲ့နေ့ရက်ကိုပုံမှာကြည့်ပါ
(မီးပျက်ရင်တော့ အချိန်ရွှေ့မယ်နော်)

ပါဝင်ပေးတဲ့သူအားလုံး၊ သေသေချာချာ စနစ်တကျမှတ်ပေးတဲ့သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် 🙏🏻🙏🏻🙏🏻

I cannot show enough appreciation for your enthusiastic participation. May your future endeavors be a success! 🎊🎊🎉

P.s. Only those with accurate data are eligible to participate.

23/03/2022

🍎 သင်ဟာ အသက် ၁၉-၅၀ အတွင်း သက်သတ်လွတ်စားသုံးသူလား?
🍎 မိမိစားသောက်တဲ့ အစားအသောက်ပုံစံအာဟာရမျှတလား သိလိုပါသလား?
သုံးရက်စာအစားအသောက် မှတ်တမ်းတင်ခြင်းတွေ ပြုလုပ်ပြီး Xiaomi Smartwatch and JBL headphones တွေ ဝင်ရောက်ကံထူးလိူက်ပါ။ https://forms.gle/u95oMLtSPa75jJAE6
မင်္ဂလာပါ
“မြန်မာနိုင်ငံအတွင်း သက်သတ်လွတ်စားသုံးသူများ၏ စားသောက်ပုံ၊ အသားဓာတ်နှင့် ဗီတာမင်၊သတ္တုဓာတ်ပမာဏ” (Diet Quality, Protein Quality and Micronutrient Adequacy of Myanmar Vegans and Lato-ovo-vegetarians) စစ်တမ်း မှာပါဝင်ဖို့ဖိတ်ခေါ်ပါတယ်။

ဒီစစ်တမ်းဟာ ကျွန်မ ဒေါက်တာစုမွန်ကြည် (MSc. Nutrition and Dietetics (Candidate), Mahidol University, Thailand) ရဲ့ မဟာဘွဲ့သုတေသနစာတမ်းအတွက် ကောက်ယူခြင်းဖြစ်ပါတယ်။

အသွေးအသားလွတ်စားသုံးသူ (Vegans)နဲ့ နို့±ကြက်ဥစားသက်သတ်လွတ်စားသုံးသူ (Lato-ovo-vegetarians)တွေရဲ့ စားသောက်မှုပုံစံကို စစ်တမ်းကောက်ယူသွားမှာပါ။

၁။ ကိုယ်ရေးကိုယ်တာအချက်အလက်တွေဖြည့်
၂။ မှတ်နည်းဗီဒီယိုနှစ်ခုကြည့် (ကြာမြင့်ချိန်၂၀မိနစ်ခန့်)
၃။ သုံးရက်စာအစားအသောက်ကို မှတ်တမ်းတင်ပြီးရင်

1690 baht (≈ 100,000 MMK)တန် Xiaomi Mi Lite Watch နဲ့

1290 baht (≈70,000 MMK) JBL T450 Headphone 2 prizes
တွေကိုပါဝင်ကံစမ်းနိုင်မှာဖြစ်ပါတယ်။

အောက်ကလင့်ခ်လေးနှိပ်, ကိုယ်ရေးအချက်အလက်တွေဖြည့်, ၃ရက်တာအစားအသောက်ကိုမှတ်ပြီး ကံစမ်းလိုက်ပါတော့။

https://forms.gle/u95oMLtSPa75jJAE6

𝐓𝐚𝐤𝐞 𝐩𝐚𝐫𝐭 𝐢𝐧 𝐭𝐡𝐞 𝐬𝐮𝐫𝐯𝐞𝐲 𝐚𝐧𝐝 𝐰𝐢𝐧 𝐚 𝐒𝐦𝐚𝐫𝐭𝐰𝐚𝐭𝐜𝐡

PS. သုံးရက်တာစားသောက်သမျှကိုမှတ်ပေးနိုင်တဲ့သူပဲလင့်ကိုဝင်ဖြည့်ပေးပါနော်

စစ်တမ်းပါဝင်သူတိုင်းကို မိမိစားသောက်မှုပုံစံ အာဟာရမျှတလား၊ ဘယ်ဗီတာမင်တွေလိုအပ်နိုင်သလဲ၊ ဘယ်အစားအသောက်ပိုစားပေးသင့်လဲ၊ ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုစားသောက်နေထိုင်မလဲ စတာတွေကို အာဟာရဆရာဝန်ကနေ သေချာဆွေးနွေးပေးသွားမှာပါ။
ဒါကြောင့် သုံးရက်အစားအသောက်ကိုတော့ သေချာဖြည့်ဖို့လိုအပ်ပါတယ်။
သောက်ကိုမှတ်ပြီး ကံစမ်းလိုက်ပါတော့။
Smartwatch and JBL headphones တွေ ဝင်ရောက်ကံထူးလိူက်ပါ။

Photos from VEG by Krissy's post 25/09/2021

မင်္ဂလာပါ
“မြန်မာနိုင်ငံအတွင်း သက်သတ်လွတ်စားသုံးသူများ၏ စားသောက်ပုံ၊ အသားဓာတ်နှင့် ဗီတာမင်၊သတ္တုဓာတ်ပမာဏ” (Diet Quality, Protein Quality and Micronutrient Adequacy of Myanmar Vegans and Lato-ovo-vegetarians) စစ်တမ်း မှာပါဝင်ဖို့ဖိတ်ခေါ်ပါတယ်။

ဒီစစ်တမ်းဟာ ကျွန်မ မစုမွန်ကြည် (MSc. Nutrition and Dietetics, Mahidol University, Thailand) ရဲ့ မဟာဘွဲ့သုတေသနစာတမ်းအတွက် ကောက်ယူခြင်းဖြစ်ပါတယ်။

အသွေးအသားလွတ်စားသုံးသူ (Vegans)၊ နို့±ကြက်ဥစားသက်သတ်လွတ်စားသုံးသူ (Lato-ovo-vegetarians)နဲ့ အသားစားသုံးသူများ (Omnivores)ရဲ့ စားေသာက်မှုပုံစံကို စစ်တမ်းေကာက်ယူသွားမှာပါ။
သက်သတ်လွတ်စားသည်ဖြစ်စေ (vegan/lacto-ovo-vegetarian)၊ အသားစားသည်ဖြစ်စေ စစ်တမ်းမှာပါဝင်လို့ရပါတယ်။

✔️ကိုယ်ရေးကိုယ်တာအချက်အလက်တွေဖြည့်
✔️မှတ်တဲ့နည်းဗီဒီယိုကြည့်
✔️(၃)ရက်စာအစားအသောက်ကို မှတ်တမ်းတင်ပြီးရင်

1690 baht (≈ 90,000 MMK)တန် Xiaomi Mi Lite Watch နဲ့

1290 baht (≈70,000 MMK) JBL T450 Headphone 2 prizes
တွေကိုပါဝင်ကံစမ်းနိုင်မှာဖြစ်ပါတယ်။

အောက်ကလင့်ခ်လေးနှိပ်, ကိုယ်ရေးအချက်အလက်တွေဖြည့်, ၃ရက်တာအစားအသောက်ကိုမှတ်ပြီး ကံစမ်းလိုက်ပါတော့။
𝐓𝐚𝐤𝐞 𝐩𝐚𝐫𝐭 𝐢𝐧 𝐭𝐡𝐞 𝐬𝐮𝐫𝐯𝐞𝐲 𝐚𝐧𝐝 𝐰𝐢𝐧 𝐚 𝐒𝐦𝐚𝐫𝐭𝐰𝐚𝐭𝐜𝐡

https://forms.gle/uMexiD5wrGaDC4yw6

Photos from Delight - သက်သတ်လွတ်စားသောက်ကုန်မျိုးစုံ's post 17/09/2021

သက်သတ်လွတ်စားသူတွေအဆင်ပြေအောင် ရှဲပေးပါတယ်
သဘာဝ ပြည်တွင်းသက်သတ်လွတ်ထွက်ကုန်လေးတွေပါ

Photos from VEG by Krissy's post 26/08/2021

A Balanced Dinner

✨Rose Tofu Curry (ပဲပြားအုန်းနို့ချက်)
✨ကိုက်လန်ခရုဆီ (ကိုက်လန်၊ အာလူး၊ မုန်လာဥနီ stir-fired with vegetarian oyster sauce and a little sugar)
✨မုန်လာဥ၊ပဲပြားဟင်းရည်
✨ထမင်း ဖြူ+ညို ရောချက်

It was very filling and balanced. Also low in calories.

Rose tofu Curry: https://www.facebook.com/2977148505643779/posts/6354746434550619/

Eat Smart,
Krissy

Photos from VEG by Krissy's post 26/08/2021

“Rosé Tofu Curry”

ငရုတ်သီးမှုန့်/ခရမ်းချဉ်သီးကို plant milk/cow’s milk နဲ့ရောချက်ရင် ပန်းရောင်နုနု (Rosé color) ဟင်းတစ်ခွက်ရပါလိမ့်မယ်။
ဒီမှာတော့အုန်းနို့သုံးထားတယ်
အုန်းနို့သုံးလို့ ကြက်သွန်နီဆီသတ်တဲ့အချိန်မှာ ဆီကို2tspလောက်ပဲထည့်ထားပါတယ်
ဆီအရမ်းများရင်လည်း balancedမဖြစ်တော့ပဲနေမယ်။

⚡️⚡️Tip! ပဲပြားကိုအတုံးမတုံးပဲ လက်နဲ့ဖဲ့ထည့်ထားတော့ အမြင်ပိုလှတယ် အသားတုံးနဲ့ပိုတူတာပေါ့
သကြားနည်းနည်းနဲ့ ခရမ်းချဉ်သီးရောထားတော့ ချိုချဉ်အရသာလေးနဲ့ ကောင်းမှကောင်း
အနှစ်ပိုလိုချင်ရင် ကြက်သွန်ဖြူနီနဲ့ ခရမ်းချဉ်သီးပိုထည့်ပါ

Eat Smart,
Krissy 🥗

23/08/2021

Vegan meals တွေက တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပုံစံတူကြပါတယ်
Vegan meals ideasလေး Instagram မှာတွေ့လို့ရှဲပေးလိုက်ပါတယ်
Cr. vegan_friendly_uk

22/08/2021

The BTS of dairy.

🐮 Sneak Peak into Dairy Industry 🐮

နွားနို့ဘယ်လိုရလဲဆို “နွားမကြီးဆီကရပါတယ်”ဆိုတဲ့ အဖြေဟာ ကျွန်မတို့အတွက် မလုံလောက်တော့ပါဘူး။ နေ့စဉ်စျေးကွက်ထဲ အချိန်မှီတင်သွင်းနိုင်ဖို့ နွားနို့ထုတ်လုပ်ရေးစက်ရုံတွေရဲ့နောက်ကွက်မှာ ကျွန်မတို့မမြင်နိုင်တဲ့ တိရိစ္ဆာန်ညှင်းပန်းမှုများ ရှိနေပါတယ်။

နွားတွေဆိုတာလည်း လူတွေနည်းတူ ကလေးမွေးမှ ကလေးသောက်ဖို့ နို့ရည်ဆိုတာ ထွက်လာတာပါ။ နွားပျိုကနေ နွားနို့မရနိုင်ပါဘူး။ နွားနို့ရဖို့အတွက် လူတွေဟာ နွားမတွေကို ကိုယ်ဝန်ရအောင်ဆိုပြီး နွားထီးတွေရဲ့ S***m တွေကို လက်နဲ့ (သို့မဟုတ်) စက်နဲ့ နွားမတွေရဲ့ မိန်းမကိုယ်ထဲကို အရင်ထည့်ပါတယ်။ သူတို့ကိုယ်ဝန်ဆောင်ပြီး နွားလေးမွေးပြီးတာနဲ့ ချက်ချင်းဆိုသလို နွားလေးကို သူ့အမေဆီကနေ ခေါ်သွားကြပါတယ်။ နွားလေးက အထီးလေးဆိုရင် သတ်ပစ်ပါတယ်။ အမလေးဆိုရင်တော့ နွားနို့ရဖို့ (၁)နှစ်အရွယ် ကလေးမွေးနိုင်တဲ့အရွယ်အထိ ဆက်မွေးထားပါတယ်။

ခုနက ကလေးမွေးပြီးပြီးချင်း နွားမကြီးဟာ ကိုယ့်ကလေးကို သူများခေါ်သွားတာ ခံရတဲ့အပြင် ကိုယ့်ကလေးအတွက် ထွက်လာတဲ့ နို့ရည်ကိုပါ လူတွေသောက်သုံးဖို့ စက်နဲ့ညှစ်ခြင်း ခံရပါတယ်။ အဲ့လိုနဲ့ပဲ သံသရာတစ်ပတ်လည်ပြီး ကိုယ်ဝန်ထပ်ဆောင်ရ၊ ကလေးမွေးရ၊ ကလေးကို ခေါ်သွားကြ၊ နို့ရည်ကိုယူခြင်းခံရနဲ့ အသက်ရှင်ကြရပါတယ်။ ပုံမှန်နွားတစ်ကောင်ရဲ့ သက်တမ်းဟာ (၂၅)နှစ်ကနေ နှစ်(၃၀)အထိရှိကြပေမယ့် အဲ့လိုညှင်းပန်းခံရတဲ့နွားတွေဟာ (၅)နှစ် (၆)နှစ်ဆို နို့ကောင်းကောင်းမထွက်နိုင်ကြတော့ပါဘူး။ အဲ့အချိန်ရောက်တာနဲ့ လူတွေဟာ အဲ့ဒီနွားမတွေကို သတ်ပြီး အသားရောင်းဖို့ သားသတ်ရုံတွေကို ပို့ကြပါတော့တယ်။

🧬 Health Aspect 🩺

စက်တွေနဲ့ နေ့စဉ်နဲ့အမျှ နို့ညှစ်တာခံထားရတဲ့ နွားမတွေရဲ့ ရင်သားမှာ ပြည်တည်တာတွေ အနာဖြစ်တာတွေ ရှိတတ်ပါတယ်။ အဲ့ဒီပြည်တည်နေတဲ့နေရာကိုပဲ စက်တွေနဲ့ထပ်ညှစ်တော့ သူတို့ဆီကယူတဲ့ နွားနို့မှာ ပြည်တွေ သွေးစသွေးနတွေလည်းပါဝင်ပြီး မသန့်စင်ပါဘူး။ အဲ့ဒါကို နည်းပညာနဲ့ ပြန်သန့်စင်ထားလည်း ဘယ်လိုမှ 100% သန့်စင်အောင်မလုပ်နိုင်ပါဘူး။ နိုင်ငံအလိုက် အစားအသောက်ကွပ်ကဲရေး အဖွဲ့အစည်းတွေမှာ မတူညီတဲ့ စံသတ်မှတ်ချက်တွေ ရှိထားပါတယ်။ ဥပမာ ဒီတစ်နိုင်ငံမှာဆို 10% မသန့်စင်တာတွေပါလည်း လက်ခံတယ် စျေးကွက်တင်လို့ရတယ်၊ နောက်တစ်နိုင်ငံကတော့ 5% ပဲပါမှ လက်ခံမယ်ဆိုတာမျိုးပါ။

နွားနို့ရဲ့ အဓိကမူရင်းလုပ်ဆောင်ချက်က ပေါင်(၆၀)သာသာပဲရှိတဲ့ နွားလေးကို (၈)လအတွင်း ပေါင်(၆၀၀)လောက်ရှိတဲ့ နွားပျိုတစ်ကောင်ဖြစ်လာစေဖို့ပါ။ အဲ့ဒါကြောင့် နွားနို့မှာ အရိုးသန်မာစေတဲ့အရာတွေ အပါအဝင် ကြီးထွားဖွံ့ဖြိုးစေတဲ့အရာတွေလည်း ပါဝင်ပါတယ်။ Insulin like growth factor-1 (IGF-1) ဆိုတဲ့ Hormone ဟာ အရိုးအပြင် Cancer cell လိုမျိုး မကောင်းတဲ့အရာတွေကိုလည်း ကြီးထွားစေနိုင်တယ်လို့ တွေ့ထားပါတယ်။ နွားနို့ဟာ Estrogen “မ”ဟော်မုန်းကို များစေပါတယ်။ Estrogen ရဲ့ ကောင်းတဲ့အချက်ကတော့ သွေးဆုံးပြီး အမျိုးသမီးတွေမှာ အရိုးပွရောဂါဖြစ်ပွါးမှုကို လျော့ချပေးတာပါ။ ဒါပေမယ့် Estrogen လိုတာထက်များသွားရင်တော့ Cancer ဖြစ်ပွါးဖို့ Chance အရမ်းများပါတယ်။ အဲ့ဒီဟော်မုန်းနဲ့ ကျွန်မတို့ခန္ဓာကိုယ်က သဘာဝအတိုင်းထုတ်လုပ်တဲ့ ဟော်မုန်းတွေနဲ့ ရောပြီး ဟော်မုန်းမညီမျှမှုတွေ ဖြစ်တတ်လို့ တချို့နွားနို့သောက်ရင် ဝက်ခြံပိုထွက်တယ်ဆိုတာ ဖြစ်လာတာပါ။

နွားနို့မှာ ပါဝင်တဲ့ Animal protein ဓာတ်ဟာ ခန္ဓာကိုယ်က ချေဖျက်ပြီးရင် acid သဘာဝရှိပါတယ် (အပင်ကရတဲ့ protein နဲ့မတူပါဘူး)။ ကျွန်မတို့ ခန္ဓာကိုယ်ထဲမှာ acid များလာရင် ပြန်ချေဖျက်ဖို့ အရိုးထဲက Calcium ထွက်လာရပါတယ်။ အဲ့ဒါကြောင့်နွားနို့ဟာ အရိုးအတွက်ကောင်းကျိုးပေးသလို ဆိုးကျိုးလည်း ပေးပါတယ်။ ကျွန်မတို့ငယ်ငယ်ကတည်းက နွားနို့ဟာအရိုးအတွက်ကောင်းတယ်လို့ပဲ သိထားပြီး အရိုးအတွက် အကျိုးမပြုတာတွေကို မသိခဲ့ရပါဘူး။ US လိုနိုင်ငံဟာ နွားနို့အသောက်ဆုံးနိုင်ငံထဲမှာပါပေမယ့် အရိုးပွရောဂါအဖြစ်အများဆုံးနိုင်ငံဟာလည်း US ပါပဲ။

နောက်ဆုံးအနေနဲ့ ကျွန်မပြောပြချင်တာက နွားနို့ရဲ့ Addictive effect စွဲလန်းစေမှုပါ။ လူတော်တော်များများက နို့ထွက်ပစ္စည်းတွေ စားသုံးမှုကို မဖြတ်နိုင်ကြပါဘူး။ အထူးသဖြင့် Cheese ပေါ့။ အကြောင်းအရင်းက သူ့မှာ Casomorphin လို့ခေါ်တဲ့ ဘိန်းနဲ့ဆင်တူတဲ့ပစ္စည်းပါဝင်လို့ပါ။ အဲ့ဒီ Casomorphin က နွားပေါက်ကလေးတွေကို နို့သောက်ဖို့ မိခင်နွားမကြီးထံပြန်လာအောင် လုပ်ပေးပါတယ်။ လူတွေနို့ထွက်ပစ္စည်းတွေ သုံးဆောင်တဲ့အခါမှာလည်း Casomorphin ကြောင့်ပဲ မဖြတ်နိုင်ကြပါဘူး။

ဒီမှတ်စုလေးကနေ နွားနို့ရရှိပုံနဲ့ နွားနို့အကြောင်း ကျန်းမာရေးဗဟုသုတရရှိစေဖို့ မျှော်လင့်ပါတယ်ရှင်..

References:
1) When friends ask: “Why don’t you drink milk” by Dr. McDougall
2) Calcium and Dairy products by Dr. McDougall
3) Nutritional facts by Dr. Michael Greger

Candy, My Vegan Corner 🌱

Photo credit - Google

12/08/2021

မဟီဒေါတက္ကသိုလ် under-grad and post-grad application and scholarship နဲ့ပတ်သက်ပြီး information sharing session လေးပါ
Page မှာလည်း Krissyကိုလာလာမေးကြလို့ ဒီsessionကနေပဲ shareပေးပါရစေ

⏱⏱⏱ လာမဲ့ တနင်္ဂနွေနေ့ညနေ ထိုင်းစံတော်ချိန် ၅ နာရီ (မြန်မာစံတော်ချိန် ၄:၃၀)တွင် Mahidol University မှ ဘွဲ့ကြို တက်ရောက်ခဲ့ ပြီး ယခုလက်ရှိ ဘွဲ့လွန်တက်ရောက်နေသော ကျောင်းသား တစ်ဦး နှင့် ဘွဲ့လွန် ကျောင်းသူတစ်ဦး တို့ကို ဖိတ်ကြားထားပါတယ်။

👩‍🎓👩‍🎓👩‍🎓ကျောင်းဝင်ခွင့်ရဖို့ ဘာတွေလိုအပ်မလဲ ဘာတွေပြင်ဆင်ထားသင့်သလဲနဲ့ စကောလားရှစ်ဘာတွေရှိမလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီးရှင်းပြပေးသွားမှာဖြစ်ပါတယ်။
🙋‍♂️🙋‍♂️🙋‍♂️Page မှာ live လွှင့်ပေးမှာဖြစ်လို့ မေးချင်တဲ့ မေးခွန်းများရှိရင်လဲ တခါတည်းမေးလို့ရပါတယ်။

ဆွေးနွေးပွဲအတွက် Mahidol University နှင့်သက်ဆိုင်သော မေးခွန်းများကို အောက်ပါ google form တွင် ဖြည့်ပေးကြပါရန်။ သက်ဆိုင်သည့် မေးခွန်းများကို ဆွေးနွေးပွဲတွင် ထည့်သွင်းမေးမြန်းပေးပါမယ်။
https://forms.gle/p5HkgVMFmFrk2fZX8

09/08/2021

What I eat in a day
Vegan high-protein meal (vegan if you don’t count the mayonnaise)
အရမ်းရိုးရှင်းပြီး လူတိုင်းချက်နိုင်တဲ့နေ့လယ်စာ+ညစာပါ

ပဲပြားကအတုံးလေးတွေတုံးပြီးဘာမှမထည့်ပဲ ဆီနဲနဲနဲ့ကြော်ထားတာ air-fryလည်းလုပ်လို့ရတယ် ဆီပိုနည်းတာပေါ့
ကိုယ်တိုင်တော့ဆီနည်းရင် ကယ်လိုရီမပြည့် ပြီးခဏနဲ့ဗိုက်ထထဆာလို့ ဆီနဲ့ပဲကြော်ပါတယ်
(air fryer လည်းမရှိဘူးလေ😄)

အဓိကပြောချင်တာထမင်း
ဆန်လုံးညိုသုံးတယ်
ဘယ်တော့မှဒီတိုင်းမချက်ဘူး ပရိုတင်းများအောင် ပဲတစ်မျိုးမျိုး(+ကွီနိုဝါ)နဲ့အမြဲရောချက်တယ်
ဆန်အဖြူကကျန်းမာရေးနဲ့မညီညွတ်လို့ ဆန်လုံးညိုသုံးတာလည်းမဟုတ်ဘူး ဆန်လုံးညိုကို ကို ကြိုက်တာ
ဒီနေ့တော့ Korean/Chinese dessertတွေမှာသုံးတဲ့ red beansကို ၁၂နာရီရေစိမ်ပြီးထည့်ချက်ထားတယ် ကုလားပဲကုန်သွားလို့

🌟🌟TIP for bodybuilders: vegan dietမှာ ပရိုတင်းပိုများအောင် အဲ့လိုprotein sourcesတွေကို များများပေါင်းထည့်ပေးရပါတယ်
ဒါပေမယ့် အနပ်တိုင်းပရိုတင်းအများကြီးစားစရာမလိုပါဘူး တစ်နေကုန်စားတဲ့ထဲမှာ ပဲ၊ ထမင်း၊ မြေပဲ/အစေ့အဆန် အဲ့လိုပြည့်ပြည့်စုံစုံပါရင်ရပြီ🌟🌟⚡️
Also don’t forget your fibers, sources of antioxidants!!!

Eat Smart,
Krissy 🥗

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

Yangon
11191