"မော်ရီယာမင်း မှာ ဘာတွေပါလဲ
ဘယ်အချိန် မှာ ထိုးမလဲ နှင့်
ဘေးထွက်ဆိုးကျိုး ဘာတွေရှိတတ်လဲ"
☺
"ဆရာ..
မော်ရီယာမင်းထိုးချင်လို့ပါ"
"ဂျပန်မော်ရီယာမင်းပဲထိုးချင်တယ်"
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
☺
ဘာဖြစ်တယ်..
ဘယ်လိုရောဂါဝေဒနာခံစားနေရတယ်..
ဘာမှမပြောပဲ..
မော်ရီယာမင်းထိုးခိုင်းတာမျိုး..
ရပ်ရွာထဲဆေးခန်းဖွင့်ပြီး..
ဆေးကုသနေကြတဲ့..
အထွေထွေရောဂါကုဆရာဝန်တိုင်း..
ကြုံဖူးကြမှာပါ..
ရပ်ရွာထဲနေထိုင်ကြတဲ့..
မိတ်ဆွေများလည်း..
မော်ရီယာမင်းထိုးဆေး..
အထိုးခံဖူးကြမှာပါ..
ကိုယ်ကိုယ်တိုင်အထိုးမခံဖူးတောင်..
ကိုယ့်အဖေကိုယ့်အမေ..
ကိုယ့်အဖိုးအဖွားတွေကိုတော့..
အားရှိစေချင်လို့..
ထိုးပေးဖူးကြမှာပါ..
☺
မော်ရီယာမင်းထိုးဆေးစားဆေးက..
တခြားအားဆေးတွေထက်..
စျေးကြီးပါတယ်..
200ml..ပုလင်းမျိုးဆိုရင်..
တသောင်းငါးထောင်..
နှစ်သောင်းလောက်...ရှိပြီး..
20ml..အကြောထိုးဆေးမျိုးဆိုရင်..
သုံးထောင်ကျော်ငါးထောင်လောက်ရှိမယ်.
☺
လူရဲ့သေဘာသဘာဝအရ..
စျေးကြီးရင်..
ပိုကောင်းတယ်လို့..
လက်ခံနေကြတော့..
မော်ရီယာမင်းအားဆေးထိုးလိုက်ရင်..
ချက်ချင်းကြီး..အားရှိသွားမယ်လို့..
ယုံကြည်နေကြပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
☺
ဒီလိုမျိုးယုံကြည်နေတဲ့အခြေအနေမျိုးမှာ..
ရပ်ထဲရွာထဲ..လှည့်လည်ပြီး..
အိမ်တိုင်ယာရောက်..
ဆေးလာလာထိုးပေးနေတဲ့..
အရပ်အခေါ်"ဆေးမှူ း"..
ဆိုသူများကလည်း..
မော်ရီယာမင်း..
တပတ်တခါထိုးရင်..
အားပိုရှိတယ်..
ပိုကျန်းမာမယ်..ဆိုပြီး..
မော်ရီယာမင်းထိုးဖို့..
ဆွယ်ကြပြန်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
☺
အဲသလိုနဲ့..
မော်ရီယာမင်းထိုးဆေး..
မှန်မှန်ထိုးရမယ်ဆိုတဲ့..
မှားယွင်းနေတဲ့..
အယူအဆ..ဓလေ့တခု..
မြန်ပြည်တလွှားရပ်ရွာကြားမှာ..
ခေတ်စားနေပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
☺
မြန်မာလူမျိုးများဟာ..
ကျန်းမာရေးအတွက်..
ဖြစ်နေတဲ့ရောဂါအတွက်..
တတ်ကျွမ်းနားလည်တဲ့..
ဆရာဝန်များက..
အာပေါက်မတတ်..
အာခြောက်လောက်အောင်..
ဘယ်လောက်ပြောပြော..
လိုက်နာကျင့်ကြံဖို့နားဝေးကြတယ်..
ဥပမာ။။
သွေးတိုးရောဂါ.. သွေးချိုဆီးချိုရောဂါ..
ဖြစ်လာရင်..
ညွှန်ကြားထားတဲ့ဆေးများကို..
မှန်မှန်သောက်ရမယ်..
ဘယ်လိုစား..
ဘယ်လိုနေ..
ဘယ်လောက်ပြောပြော..
လိုက်နာကြသူ..
တော်တော်နည်းပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
☺
ဆေးထိုးတတ်ရုံ..
ဆေးအကြောင်း..ရောဂါအကြောင်း..
နည်းနည်းပါးပါးလောက်သိတဲ့လူတွေ..
ပြောတဲ့စကားကျတော့..
အဟုတ်မှတ်နေကြပြန်တယ်..
ဟုတ်တာရောမဟုတ်တာရော..
အာဘောင်အာရင်းသန်သန်..
ပြောရင်..အဲဒီအပြောနောက်..
မျောပါသွားလေ့ရှိတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
☺
ပိုဆိုးတာက..
ဆရာဝန်ကဘယ်လောက်ပြောပြော..
ဆေးပညာအကြောင်းဘာမှမသိတဲ့..
အပြောကောင်းတဲ့..
လူတယောက်ယောက်..ပြောသမျှ..
နားရောင်လိုက်ပြီး..
တလွဲတွေလျှောက်လုပ်ကြတာမျိုး..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
☺
မြန်မာပြည်သူတွေရဲ့..
အလွယ်တကူယုံလွယ်ကြတဲ့..
စိတ်အခြေခံကြောင့်..
မော်ရီယာမင်းထိုးဆေး..နဲ့ပတ်သက်လို့..
မှန်မှန်ထိုးရင်အားရှိတယ်..ဆိုတဲ့..
အယူအဆမှားကြီးကလည်း..
တနေ့တခြားကြီးထွားလို့လာနေပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
☺
မော်ရီယာမင်းအားဆေးမှန်မှန်ထိုးရင်..
အားရှိလာမယ်ဆိုတဲ့ကုထုံး..
ဘယ်ဆေးကျမ်းမျိုးမှာမှမပါဝင်ပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
☺
မော်ရီယာမင်းထိုးဆေး..
Moriamine S2..100ml..သည်..
အခြေခံအားဖြင့်..
Aminoacids.. လို့ခေါ်တဲ့..
အသားဓာတ်..၁၇..မျိုးကို..
စုပေါင်းဖော်စပ်ထားတာပါ..
အဲဒီအသားဓာတ်..၁၇.မျိုးကတော့..
1.Lysine Acetate,
2.Leucine,
3.Phenylalanine,
4.Valine,
5.Isoleucine,
6.Methionine,
7.Threonine,
8.Tryptophan,
9.Alanine,
10.Arginine,
11.Glycine,
12.Histidine,
13.Proline,
14.Glutamic acid,
15.Serine,
16.Aspartic acid,
17.Tyrosine,
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
☺
ယေဘုယျအားဖြင့်..
မော်ရီယာမင်းထိုးဆေးကို..
©
ပါးစပ်နဲ့မစားနိုင်မသောက်နိုင်..
ဖြစ်နေတဲ့..လူနာများကိုသာ..
အသားဓာတ်အဟာရဖြည့်စွက်ရန်..
အဓိကထား..အသုံးပြုပေးရပါတယ်..
©
ပါးစပ်နဲ့စားနိုင်သောက်နိုင်သော်ငြား..
စားသုံးလိုက်တဲ့အစာအဟာရများကို..
အားဖြစ်အောင်စုပ်ယူနိုင်စွမ်းမရှိတဲ့..
အစာအိမ်အူလမ်းကြောင်းရောဂါရှိတဲ့..
လူနာများကိုလည်း..
အသားဓာတ်အဟာရ..ရရှိအောင်..
ထိုးပေးနိုင်ပါတယ်..
©
အစာအိမ်နဲ့အူလမ်းကြောင်းရောဂါ..
တမျိုးမျိုးကိုခွဲစိတ်ကုသပြီးတဲ့အခါ..
အစာအိမ်နဲ့အူလမ်းကြောင်းကို..
ခေတ္တခဏအနားပေးနေတဲ့ကာလမှာ..
အသားဓာတ်ဖြည့်စွက်ဖို့အတွက်..
ထိုးပေးနိုင်ပါတယ်..
(သို့သော်..
မော်ရီယာမင်းလို..အသားဓာတ်ကို..
ထိုးဆေးအနေနဲ့အလွန်လိုအပ်ပါမှ..
အသုံးပြုရပါတယ်..
နှာခေါင်းပိုက်မှတဆင့်..
အစာအဟာရကျွေးမွေးခြင်းကိုသာ..
အဓိကထားရပါတယ်)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
☺
သာမန်သွားနိုင်..လာနိုင်..
စားနိုင်..သောက်နိုင်သူများအနေဖြင့်..
ရိုးရိုးအားလျော့နေရုံမျှနဲ့..
မော်ရီယာမင်းအားဆေးမထိုးသင့်ပါ..
လူနာများကိုတောင်..
လိုအပ်မှထိုးပေးရတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
☺
မော်ရီယာမင်းထိုးဆေးဟာ..
အလွန်သတိထားပြီး..
ထိုးပေးရတဲ့..
အားဆေးအမျိုးအစားတမျိုးဖြစ်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
☺
သူ့မှာပေါင်းစပ်ပါဝင်နေတဲ့..
Aminoacids..အုပ်စုဝင်မဟုတ်တဲ့..
Sodium Metabisulfite..ခေါ်တဲ့..
ဒြပ်ပေါင်းတမျိုးဟာ..
ပင်နီဆလင်..ဘားဘလက်စ်..စသည်..
မတည့်လို့..ရှော့..ရသလိုမျိုး..
Anaphylactic Shock..ရပြီး..
အသက်သေဆုံးစေတတ်တယ်..
လေပြွန်ပိတ်ဆို့ပြီးအသက်ရှူ ကြပ်တတ်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
☺
အဆိုးဆုံးကေတာ့..
ဆေးမတည့်လို့မဟုတ်ပဲ..
Aminoacid Imbalance..လို့ခေါ်တဲ့..
ခန္ဓာကိုယ်အတွင်း..
အသားဓာတ်ညီညွတ်မျှတမှု..
မရှိတော့တာကြောင့်..
®
Hyperammonemia..လို့ခေါ်တဲ့..
(သွေးအတွင်းအမိုးနီးယားဓာတ်များလွန်ကဲများပြားခြင်း)နဲ့..
®
Prerenal Azotemia..လို့ခေါ်တဲ့..
(သွေးအတွင်းနိုက်ထရိုဂျင်ဓာတ်..
ပေါင်းစပ်ပါဝင်နေသော..
စွန့်ပစ်ပစ္စည်းများ..
လွန်ကဲများပြားနေခြင်း)
တို့ဖြစ်တတ်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
☺
အမိုးနီးယားဒြပ်ပေါင်းနဲ့..
နိုက်ထရိုဂျင်ဓာတ်ပါဝင်တဲ့..
စွန့်ထုတ်ပစ်ရမည့်ဒြပ်ပေါင်းများဟာ..
ခန္ဓာကိုယ်အတွက်..
အလွန်အင်မတန်အန္တရာယ်ရှိတဲ့..
အဆိပ်အတောက်တွေပါပဲ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
☺
ခန္ဓာကိုယ်ကနေစွန့်ထုတ်ပစ်ဖို့..
လိုအပ်တဲ့ဒြပ်ပေါင်းတွေကို..
ပုံမှန်အားဖြင့်..
အသည်းကစစ်ထုတ်..
ကျောက်ကပ်ကစွန့်ထုတ်ပေးရပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
☺
အသည်းကောင်းနေသမျှ..
ကျောက်ကပ်ကောင်းနေသမျှ..
ခန္ဓာကိုယ်အတွင်းကနေ..
စွန့်ထုတ်ရမည့်ဒြပ်ပေါင်းတွေ..
ပုံမှန်စွန့်ထုတ်နေနိုင်ပါတယ်..
ဒါကြောင့်လည်း..
မော်ရီယာမင်းအားဆေးထိုးသူတိုင်း..
အဆိပ်အတောက်ဖြစ်တဲ့..
လက္ခဏာမပြတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
☺
အသည်းရောဂါရှိနေသူ..
အသည်းအားနည်းနေသူ..
ကျောက်ကပ်ရောဂါရှိသူ..
ကျောက်ကပ်အားနည်းနေသူ..များ..
မော်ရီယာမင်းအားဆေးထိုးမိရင်..
Aminoacids..အသားဓာတ်ရဲ့..
End products..စွန့်ထုတ်ပစ္စည်းများ..
ဖြစ်တဲ့..
နိုက်ထရိုဂျင်နဲ့..
အမိုးနီးယားဒြပ်ပေါင်းများ..
စွန့်ထုတ်နိုင်စွမ်းမရှိလို့..
အဆိပ်အတောက်အနေနဲ့..
သွေးအတွင်းစုပြုံသွားပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
☺
ရပ်ထဲရွာထဲမှာ..
မော်ရီယာမင်းအားဆေးကို..
သက်ကြီးရွယ်အိုအားဆေးလို့..
ထင်မှတ်မှားနေကြတော့..
အသက်ကြီးသူအဖိုးအဖွားများ..
အထိုးများကြပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
☺
ယေဘုယျအားဖြင့်..
အဖိုးအဖွားများဟာ..
ငယ်ရွယ်သူတွေလို..
အစားအစာလုံလောက်မျှတအောင်..
မစားနိုင်ကြလို့..
အသားဓာတ်အပါအဝင်..
အဟာရဓာတ်များချို့တဲ့တတ်ပါတယ်..
မော်ရီယာမင်းအားဆေးသည်..
အသားဓာတ်ဖြစ်တဲ့အတွက်..
အလွန်ကောင်းပါတယ်..
သို့သော်..
အသက်ကြီးလာတာနဲ့အမျှ..
အသည်းအား..
ကျောက်ကပ်အား..တွေ
လျော့ကျနေတတ်လို့...
မော်ရီယာမင်းအဆိပ်တောက်တတ်ပါတယ်..
အဖိုးအဖွားများလိုအပ်တဲ့အသားဓာတ်ကို..
ထိုးဆေးအနေနဲ့မပေးပဲ..
သဘာဝအတိုင်းချက်ပြုတ်တဲ့..
အသားပြုတ်အသားပေါင်း..
ကွကျဥအခွခေံအစားအစာ..
နွားနို့အခြေခံအစားအစာ..
အဟာရမှုန့်စသည်ဖြင့်..
ဖြည့်စွက်ပေးရင်..
အန္တရာယ်ပိုကင်းပါလိမ့်မယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
☺
မော်ရီယာမင်းထိုးဆေးကြောင့်..
နိုက်ထရိုဂျင်ပါဝင်မှုများတဲ့..
စွန့်ထုတ်ပစ္စည်းများ..
လွန်ကဲလာတတ်ပါတယ်..
®Urea..ယူရီယာများလာမယ်..
®Creatinine..ခရီယာတင်နင်းများလာမယ်®အခြားသောစွန့်ထုတ်ပစ္စည်းတွေ..
များလာမယ်..
ဒီအခြေအနေမျိုးကို..
Prerenal Azotemia..လို့ခေါ်ပါတယ်..
©ဆီးနည်းသွားမယ်..
Oliguria
©ဆီးလုံးဝမထွက်တဲ့အထိဖြစ်မယ်..
Anuria
©ထုံထိုင်းမူးဝေပြီးမှိန်းနေတတ်တယ်..
Confusion
©လှုပ်ရှားမှုတွေလေးလံသွားမယ်..
Decreased Alertness
©ပါးစပ်ခြောက်မယ်..
Dry mouth
©ဖောရောင်လာမယ်..
Generalized oedema
©ဗိုက်နာမယ်..
Abdominal pain
©နှလုံးတုန်မယ်..
Palpitation
ကျောက်ကပ်ဆေးကြောမှု..
အမြန်မလုပ်နိုင်ရင်..
အသက်သေဆုံးနိုင်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
☺
မော်ရီယာမင်းထိုးဆေးကြောင့်..
စွန့်ထုတ်ရမည့်..
အမိုးနီးယားဒြပ်ပေါင်းများ..
သွေးအတွင်းလွန်ကဲလာမှု..
Hyperammonemia..ရရင်..
ဦးနှောက်ထိခိုက်ပြီး..
အသက်သေဆုံးတတ်ပါတယ်..
©အစာစားချင်စိတ်ပျောက်သွားမယ်..
Decreased Appetite
©စိတ်အားလူအား..
လျော့ကျပျော့ခွေနေမယ်.
Lethargy
©အသက်ပြင်းပြင်းမြန်မြန်ရှူ နေရမယ်.
Rapid and heavy breathing
©စိတ်တိုလွယ်မယ်
Irritability
©စိတ်ပိုင်းဆိုင်ရာပြောင်းလဲသွားမယ်
Alter Mental State
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
☺
ကောင်းကျိုးနဲ့ဆိုးကျိုး..
ချင့်ချိန်နိုင်ကြပါစေ..
မည်သူတဦးတယောက်ကိုမျှ..
နှစ်နာစေလိုသောသဘောမရှိပါ..
အမှန်ကိုအမှန်အတိုင်း..
တင်ပြခြင်းသာဖြစ်ပါသည်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
☺
Credit
မေတ္တာဖြင့်..
ဒေါက်တာစိုင်းဟန်ကျော်စိန်
Forever Medical Student
I promote child support and health
ရန်ကုန်မြို့ မှ
မိဘများဆရာဝန်အိမ်ပင့်အတွက်Messengerနှင့်commentတွင်ph no များပြန်ပေးပါခင်ဗျာအိမ်ကသမီးလေးဖျက်လိုက်လို့ပါခင်ဗျာ
ရန်ကုန်မြို့ မှ မိဘပြည်သူများအဆင်ပြေစေရန် ဆရာဝန်
အိမ်ပင့်ဝန်ဆောင်မှု Messenger(သို့)comment တွင်ph noချန်ထားပေးပါ
06/09/2021
📍သွေးလွန်တုတ်ကွေးသတိ📍
🙇♂️🙇♀️ယခုရက်ပိုင်းတွင် ကလေးငယ်များအတွက် သွေးလွန်တုတ်ကွေး အန္တရာယ်များအရေးကြီးလာပြီဖြစ်ပါသည်🙇♂️🙇♀️
✅ဆေးရုံတွင်နေ့စဉ်နှင့်အမျှသွေးလွန်ကွေး ကလေးလူနာများအဖြစ်များနေပါသည်
⭕အောက်ပါလက္ခဏာများခံစားနေရပါကဆေးရုံ/ဆေးခန်းအမြန်ဆက်သွယ်ပါ⭕
(၁)အဖျားကြီးခြင်း(၁၀၂' နှင့်အထက်)
(၂)ကလေးမှိန်းခြင်း
(၃)အစားအသောက်မဝင်ခြင်း
(၄)နှာခေါင်းသွေးလျှံခြင်း
(၅)အမဲရောင်အန်ခြင်း
(၆)ဝမ်းမဲမဲသွားခြင်း
(၇)ဗိုက်အောင့်ခြင်း
✅✅သွေးလွန်တုတ်ကွေးဖြစ်လျှင် ဓါတ်ဆားရည်တိုက်ရပါမည်
အထက်ပါလက္ခဏာများခံစားရလျှင်ဆေးရုံ/ဆေးခန်းအမြန်ပြပါရန်
30/08/2021
USA Masterchef ပြိုင်ပွဲကြီးတွင် ယှဉ်ပြိုင်နေဆဲ / Winner ရရန်ရည်ပန်းစားနေသော မြန်မာနိုင်ငံသူ "စု"ရဲ့ ဟင်းချက်လက်ရာများပဲဖြစ်ပါတယ် ဂုဏ်ယူဝမ်းမြောက်စွာဂုဏ်ပြုအပ်ပါသည်
credit ပုံများအား စု ရဲ့ IG မှကူးယူဖော်ပြပါသည်
COVID ကာလမိဘပြည်သူများအဆင်ပြေရန်အလို့ငှာ
လူနာများအတွက်Home visit ဆရာဝန် ဝန်ဆောင်မှု့ပေးနေပြီဖြစ်ပါသည် messenger တွင်ဆက်သွယ်ပေးပါရန်
ရန်ကုန် မြို့တွင်ဖြစ်ပါသည်
19/08/2021
🦠ကလေးကိုဗစ်
Credit: ပါမောက္ခဒေါက်တာစောဝင်း (ကလေးကျန်းမာရေး)
✳️အခုတလော ကိုဗစ်ဖြစ်တဲ့ကလေးတွေ များလာပါတယ် တအိမ်ထဲက ဖြစ်နေတဲ့ လူကြီးတွေဆီကကူးတာပါ
ကလေးမှာ ကိုဗစ်ကပြင်းထန်လေ့မရှိပါ သာမာန် တုပ်ကွေးလိုပဲပြီးသွားပါမယ်
( ရှားရှားပါးပါး ပြင်းထန်တာရှိပါတယ် တေါ်တေါ်ရှားပါတယ် အဖျာကြီးပြီးရက်ကြာရင် စဉ်းစားရပါမယ်)
➡️ဖျားရင်/ ကိုက်ခဲရင် ( ငိုနေ / ဂျီကျနေ ) ရင်ပါရာစီတမောတိုက်ပါ
ယေဘူယျအားဖြင့် ၁၅ မီလီဂရမ် / ကီလိုဂရမ် ကိုယ်အလေးချိန်နဲ့ ၄-၆ နာရီ တခါ တိုက်လို့ရပါတယ် ပုံမှန်တိုက်ဖို့မလိုပါဘူး တိုက်ပြီး ချွေးထွက်လါရင် ပြောင်အေါင် မသုတ်ပါနဲ့ အင်္ကျီမလဲပါနဲ့ ချွေးကအငွေ့ပျံဖို့လိုတဲ့အပူ ကို ခန္ဓာကိုယ်ကစုပ်ယူ ခြင်းဖြင့် အပူချိန်ကိုကျစေတာပါ
➡️၁နှစ်အောက် ( အစက်ချဆေး Drop )
Biogesic drop / Babygesic drop / Napa drop / အလားတူတွေရှိပါတယ်
100 mg / ml ပါပါတယ်
၆ နာရီ တခါလိုရင်တိုက်နိုင်ပါတယ်
➡️၁နှစ်က ၅ နှစ်
အရည် (Syrup or suspension) တွေရှိပါတယ်
120/ 5ml နဲ့ 250 / 5 ml ဆိုပြီး၂ မျိုးရှိပါတယ်
၄-၆ နာရီ တခါ တိုက်နိုင်ပါတယ်
Biogesic / Progesic / Sara / Napa စသည်ဖြင့်တံဆိပ်မျိုးစုံ ရှိပါတယ် အကုန်အတူတူပါပဲ
➡️၅ နှစ် အထက်
ဆေးပြားသောက်တာ ပိုဈေးသက်သာပါတယ်
တပြား ၅၀၀ မီလီဂရမ်ပါတယ်
တံဆိပ်မျိုးစုံရှိပါတယ် အကုန်အတူတူပါပဲ
ကိုယ်အလေးချိန်နဲ့ ၁၀-၁၅ မီလီဂရမ် / ကေဂျီ တွက် ပြီးတိုက်ပါ
ကိုယ်အလေးချိန် ဘယ်လေါက်ရှိရှိ အများဆုံးတခါသေါက် ၂ ပြားထက်ပိုမသေါက်သင့်ပါ
😤နှာစေး နှာခေါင်းပိတ်ရင်
Cetrizine syrup ( Cetrine/ Adezio/ Ormist /
အလားတူတွေရှိပါတယ်
5 mg / 5 ml. 1ml မှာ 1 mg ပါပါတယ်
၂နှစ်အေါက်အတွက် ကလေးပမာဏ မဖေါ်ပြထားပါ
➡️မိမိအနေနဲ့ ပေးလေ့ရှိတာကတော့
၆ လအေါက် - 1 ml ၂ ကြိမ်
၆လ နဲ့ ၁နှစ်ကြား - 1.5 ml ၂ ကြိမ်
၁နှစ် နဲ့ ၅ နှစ် ကြား - 2.5 ml ၂ ကြိမ်
ဆေးပြား 10 mg /tab ဆိုရင်
၁-၃ နှစ်ကြား တစိတ် ၁/၄ ၂ ကြိမ်
၃-၅ နှစ်ကြား ၁/၃ ၂ကြိမ်
၅ နှစ် အထက် ၁/၂ ၂ ကြိမ် ပေးပါတယ်
✳️နှာခေါင်းအခြောက်ပိတ်ရင်
ဆားရည် (Physiodose or Seawater spray ) တွေကို မကြာခဏ ထည့်ပေးနိုင်ပါတယ်
ဝယ်မရရင် - ရေသန့်၁ဖန်ခွက် မှာ ဆားသန့်သန့် လဖက်စားဇွန်းတဝက်နဲ့ ထည့်ဖျော် လို့ရပါတယ်
🩺ဝမ်းသွားရင်
အရေးအကြီးဆုံးက ဓါတ်ဆားရည်ပါ
ရိုးရိုး အရသာမပါ - MPF
လိမ္မော်အရသာ - Pharolit / Peditral/ Electral / Electrorush ( ဖျော်ပြီးသား) မျိုးစုံရှိပါတယ်
အညွှန်းအတိုင်းဖျော်ပါ
ဆေးလိုမသေါက်ရပါ ရေဆာ တိုင်းရေအစားသေါက်ရပါမယ်
ဓါတ်ဆားရည် မသေါက်ပါက အုန်းစိမ်းရည် / ဆန်ပြုတ်ကျဲကျဲ ဆားခတ် သေါက်နိုင်ပါတယ်
🤮အံရင်
Domperidone အအံပျောက်ဆေး တကြိမ် သေါက်လို့ရပါတယ်
အစက်ချဆေးဆိုရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / 5 ကေဂျီ နဲ့ တွက်လို့ရပါတယ်
( Voneta/ Deflux / စသည်ဖြင့် )
အရည် ဆိုရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / ကေဂျီ နဲ့တွက်လို့ရတယ်
( Motilium syrup/ Cosy စသည်ဖြင့် )
ဆက်တိုက်အံ ဘာ မှမဝင်ရင်ဆေးရုံတက်ရပါမယ်
👩🏻🦰👶မိခင် ကိုဗစ်ဖြစ်ရင်လည်း နို့စို့ကလေးငယ်ကို မိခင်နို့ဆက်တိုက်လို့ရပါတယ်
ကလေးနို့မတိုက်မီ လက်ဆေးပါ မိခင် မတ်စ်တပ်ပါ မျက်နှာအုပ် (face shield ) ပါတတ်ပါ
👶ကလေး ကိုဗစ်ဖြစ်ရင် လူကြီးတွေကိုကူးနိုင်ပါတယ် အထူးသဖြင့် အဖိုးအဖွားတွေကိုကူးရင် သူတို့မှာ အသက်အန္တရာယ်ရှိပါတယ် သတိ အရမ်းထားဖို့လိုပါတယ်
Photo Credit
15/08/2021
COVID ကာကွယ်ဆေးများ
ပုံများအား Credit ပေးပါသည်
အာလုံး COVID ရန်မှကင်းဝေးကြပါစေ🙏🙏🙏🙏🙏
COVID ကာကွယ်ဆေး 🧪 ထိုးရန် စုံစမ်းပါ
👧👦သားသားမီးမီးများအတွက်
🦟🦟သွေးလွန်တုတ်ကွေးနှင့်COVIDအန္တရာယ်
💨💦မိုးရာသီရောက်ရှိလာပြီဖြစ်တဲ့အတွက်ကလေးတွေမှာသွေးလွန်တုတ်ကွေးအန္တရာယ်စိုးရိမ်ရပြီဖြစ်ပါတယ်-မြန်မာနိုင်ငံအတွင်းမှာသွေးလွန်တုတ်ကွေးကြောင့်ကလေးငယ်များအသက်ဆုံးရှုံးမှု့မြင့်မားဆဲဖြစ်ပါတယ်-😥😢
💪💪💪ဘယ်လိုကာကွယ်ကြရမလည်း
(၁) ပထဆုံးအနေနဲ့ခြင် 🦟 မကိုက်အောင်ကာကွယ်ကြရမှာဖြစ်ပါတယ်(နေ့ခင်းဘက် ၃ နာရီမှ ညနေ၆ နာရီကြား)ကိုက်တဲ့ခြင်ဟာသွေးလွန်တုတ်ကွေးအဖြစ်အများဆုံးအချိန်ဖြစ်ပါတယ်
ဒါကြောင့်ကလေးငယ်များနေ့ခင်းဘက်အိပ်လျှင် ခြင်ထောင် ထောင်ပြီး(ဇာခြင်ထောင်ခြင်လုံပါးပါး) နဲ့ပေးအိပ်ရမာဖြစ်ပါတယ်
(၂) ခြင် 🦟 နေနိုင်သောနေရာများအကုန်ရှင်းလင်းခြင်း
( ချုံပုတ်များ. /ရေ အိုင်များ./ ဘုရားပန်းအိုးများပုံမှန်လဲခြင်း./ ခြင်ကိုက်ကာကွယ်လိမ်းဆေးများလိမ်းခြင်း )
🤦♂️🤦♀️သွေးလွန်တုတ်ကွေးလက္ခဏာများ
(၁) အဖျားကြီးခြင်း(အဖျားကျဆေးပေးသော်လည်း အဖျားမကျခြင်း)
(၂) ဆေးရုံတွင်သွေးလွန်တုတ်တွေးစမ်းသပ်လျှင်လက်တွင်အနီစက်များပေါ်လာခြင်း
(၃) နှာခေါင်းသွေးလျှံခြင်း
(၄) ဗိုက်အောင့်ခြင်း
(၅) သွေးအန်ခြင်း/ကော်ဖီရောင်များအန်ခြင်း/ဝမ်းမဲမဲသွားခြင်း/ကိုယ်လက်မအီမသာဖြစ်ခြင်း
(၆) သွေးပေါင်ချိနိအလွန်အမင်းကျ၍သတိလစ်ခြင်း(သွေးလန့်ခြင်း)
ထိုအချက်များရှိပါကဆေးရုံသို့အမြန်သွားရောက်၍ဆရာဝန်နှင့်ချက်ခြင်းပြသရပါမည်.
(သွေးလွန်တုတ်ကွေးဟုသံသယရှိပါကမိမိကလေးငယ်အား ဓါတ်ဆားရည်မဖြစ်မနေတိုက်ရမည်)
ကလေးငယ်များသွေးလွန်တုတ်ကွေးအန္တရာယ်မှကင်းရှင်းကြပါစေ🙏🙏👏🙏
💧💉💧တုတ်ကွေးကာကွယ်ဆေးအကြောင်း💧💉💧(Seasonal Influenza Vaccine)
🧔👩🦳တုတ်ကွေးကာကွယ်ဆေးကိုလူကြီးများတွင်ပုံမှန်တနှစ်လျှင်တကြိမ်ထိုးလျှင်လုံလောက်ပြီဖြစ်သည်💉
ကလေးငယ်များတွင်အသက် (၉) နှစ် အောက် နှင့် အထက် နှစ်ပိုင်းခွဲထားပါသည်
🙇♀️🙇♂️အကယ်၍မိမိကလေးသည်အသက်(၉)နှစ်အောက်ဖြစ်ခဲ့လျှင်တုတ်ကွေးကာကွယ်ဆေးအား(၁)လခြား၍နှစ်ကြိမ်ထိုးပေးရပါမည်
🤵🤵အသက်(၉)နှစ်အထက်ကလေးများသည်သာမာန်လူကြီးများကဲ့သို့တနှစ်လျှင်တကြိမ်သာထိုးရန်လိုပါသည်
မြန်မာပြည်သူပြည်သားများအားလုံးတုတ်ကွေးရန်မှကင်းရှင်းကြပါစေ
မြန်မာနိုငိငံတွင်ရရှိနိုင်သောတုတ်ကွေးကာကွယ်ဆေးအမျိုးအစားများအားPageတွင်ဆက်လက်ဖော်ပြသွားပါမည်
🐹🐹COVID -19 ကာကွယ်ဆေး ရနေပြီလား?🐵🐵
COVID-19 ကာကွယ်ဆေးဟာ ၉၀ %ကျော် အထောက်အကူပြုတယ်လို့ မကြာသေးမီကပဲကြေညာခဲ့ပြီဖြစ်ပါတယ်
🇲🇲🇲🇲🇲🇲မြန်မာပြည်အတွက်?🇲🇲🇲🇲🇲🇲
- မြန်မာပြည်မာလည်းမကြာမီရရှိတော့မာပါ✅
2021 April, May လောက်မှာအစောဆုံးရရှိမှာဖြစ်ပါတယ်
(20% ✅ကိုမြန်မာပြည်အတွက် ရမယ်လို့ခန့်မှန်းရပါတယ်)
(20%ကလည်းတပြိုင်နက်မရပဲ 3%✅ကိုအရင်ရရှိမှာပါ
✔️✔️✔️ဘယ်လိုဝယ်ကြမလည်း?✔️✔️✔️
-ကာကွယ်ဆေးရပြီဆိုတာနဲ့ဖွံ့ဖြိုးပြီးနိုင်ငံတွေကငွေကြေးသုံးစွဲပြီးဝယ်မာဖြစ်တဲ့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေကရဖို့ခက်ခဲနေပါတယ်
ဒါပေမဲ့ WHO,UNICEF တို့ကအဲ့လိုမဖြစ်အောင် နိုင်ငံတိုင်းVaccineရနိုင်အောင်ဖန်တီးပေးထားပါတယ်
(Global collaboration and equitable access to vaccines) ♻️♻️♻️❇️
(Every people in some countries ⭕❌)ဆိုတာထက် (Some people in every countries ✅✅)ဆိုတဲ့နည်းလမ်းကိုအသုံးပြုမှာဖြစ်ပါတယ်
အားလုံးCOVIDရန်မှကင်းဝေးကြပါစေ🙏🙏🙏🙏🙏
Click here to claim your Sponsored Listing.
Location
Website
Address
၄၈၆