PS StudyGlobal

PS StudyGlobal

Share

PS StudyGlobal is a professional education consultancy organization which is offering trusted education advices and services to Myanmar students.

Photos from PS StudyGlobal's post 09/08/2026

Day (2): Mahidol University မှ Professor များ
နှင့် တိုက်ရိုက်ဆွေးနွေးခွင့် ရမည့်နောက်ဆုံးနေ့ 📚⏰


Photos from PS StudyGlobal's post 08/08/2026

One step closer to your academic goals! 🌟

📅 August 8 – 9, 2026 (Saturday & Sunday)
📍 Parkroyal Yangon Hotel (Grand Ballroom)
⏰ 9AM-5 PM
👉 Come visit us at the PS Study Global & Mahidol University Booth!



08/08/2026

မဟာအခွင့်အလမ်း 📚⭐️

Mahidol University မှ Professor များနှင့် တိုက်ရိုက်ဆွေးနွေးခွင့်ရမည့် အခွင့်အရေးကြီးကို ယနေ့ 9.00 AM ကနေ အခမဲ့စတင်ရယူနိုင်ပါပြီရှင့်။

Place: PARKROYAL Hotel
Time: 9:00AM - 5:00PM
Dates: 8-9, August,2026




03/08/2026

English Version Below:
⏳ ရက်ပေါင်း (5) ရက်သာ လိုပါတော့တယ်။

သင့်ကလေး၏ တောက်ပသော အနာဂတ်အတွက် ထိုင်းနိုင်ငံ၏ ထိပ်တန်း Mahidol University နှင့် အတူတူ အကောင်အထည်ဖော်လိုက်ပါ! 🌟

ထိုင်းနိုင်ငံရဲ့ Top University တစ်ခုဖြစ်တဲ့ Mahidol University က တာဝန်ရှိသူများနှင့် တိုက်ရိုက်တွေ့ဆုံပြီး Chemical Engineering ဘာသာရပ်ဆိုင်ရာ အသေးစိတ်အချက်အလက်များနှင့် ပညာသင်ဆု (Scholarship) အခွင့်အလမ်းများကို စုံစမ်းမေးမြန်းနိုင်မယ့် အဖိုးတန်အခွင့်အရေးကြီး ရောက်ရှိလို့လာပါပြီ။

ပွဲမှာ ဘာတွေ ပါဝင်ဦးမလဲ?
🎯 စိတ်လှုပ်ရှားဖွယ် Fun Games များ
🎁 ချစ်စရာ ကောင်းမွန်သော အမှတ်တရ လက်ဆောင်များ (Gifts)

ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့၏ အနာဂတ်ပညာရေးလမ်းကြောင်းအတွက် ဒီအခွင့်အရေးကောင်းကို လက်မလွှတ်ရအောင် PS Study Global Booth သို့ လာရောက်ခဲ့ဖို့ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။ ❤️

📅 August 8 – 9, 2026 (စနေ၊ တနင်္ဂနွေ)
⏰ Morning 9:00 AM – Evening 5:00 PM
📍 Parkroyal Yangon Hotel (Grand Ballroom)
👉 PS Study Global Booth မှာ တွေ့ကြရအောင်!

🇬🇧 English Version
⏳ Only 5 Days Left!
Shape your child’s bright future with Mahidol University — one of Thailand’s leading institutions! 🌟

Join us at the World Education Expo for an exclusive opportunity to meet directly with Mahidol University representatives. Get all the insights on the Chemical Engineering program and explore potential scholarship opportunities!
What’s waiting for you at our booth?

🎯 Exciting & Fun Interactive Games
🎁 Exclusive Lovely Gifts & Giveaways
Parents and students, don't miss out on this valuable chance to chart the right academic path!
📅 August 8 – 9, 2026 (Saturday & Sunday)
📍 Parkroyal Yangon Hotel (Grand Ballroom)
👉 Come visit us at the PS Study Global Booth!

31/07/2026

ကုန်ကျစရိတ်သက်တောင့်သက်သာနဲ့ UK, US နဲ့ French ဘွဲ့တွေကို ဗီယက်နမ်နိုင်ငံရှိ UEF မှာတက်ရောက်သင်ယူနိုင်ပါပြီ။

29/07/2026

ယနေ့ကျရောက်သော ဝါဆိုလပြည့် (ဓမ္မစင်္ကြာ အခါတော်နေ့) အခါသမယတွင် မိဘပြည်သူအပေါင်း ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး စီးပွားလာဘ်လာဘများ တိုးပွားကာ နှလုံးစိတ်ဝမ်းအေးချမ်းသာယာကြပါစေ။

တရားဘာဝနာပွားများရင်း ကုသိုလ်များလည်း တိုးပွားကြပါစေကြောင်း PS Study Global မိသားစုမှ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်ရှင့်။🙇

#ဝါဆိုလပြည့်

23/07/2026

မင်္ဂလာပါလူငယ်တို့ရေ....🤍
အမှတ်စာရင်းတွေသိကြရပြီဟုတ်???

မိမိရဲ့ အမှတ်စာရင်းတွေ အပေါ်မူတည်ပြီး တက္ကသိုလ်တွေ၊ကောလိပ်တွေတက်ဖို့ ဆုံးဖြတ်ချက်တွေမချခင် အကြံတစ်ခုပြုပါရစေ။

အဲ့တာကတော့ မိမိဘာကို တကယ်စိတ်ဝင်စားသလဲဆိုတာကို အရင်ဆုံးလေ့လာစမ်းသပ်ကြည့်စေလိုပါတယ်။

ဒါမှသာ မေဂျာနဲ့တက္ကသိုလ်တွေရွေးချယ်တဲ့အခါ မလိုလားအပ်သော စိတ်ဖိစိမှုတွေကို အကောင်းဆုံးကျော်ဖြတ်နိုင်မှာပဲ ဖြစ်ပါတယ်။

မိမိရဲ့ဝါသနာနဲ့ စိတ်အားထက်သန်မှုကို စမ်းသပ်စစ်ဆေးနိုင်မယ့် နည်းလမ်း (၅) ခု

၁။ ရက်တို အခမဲ့သင်တန်းများနှင့် Workshop များ တက်ကြည့်ပါ။

နည်းပညာ၊ စီးပွားရေး၊ ဘာသာစကား၊ အနုပညာ၊ သဘာဝပတ်ဝန်းကျင် သို့မဟုတ် လူမှုရေးဆိုင်ရာ ရက်တို Workshop / Webinar လေးတွေကို တက်ကြည့်ပါ။
ဒီလေးလေးတွေတက်ကြည့်ချင်းအားဖြင့် ကိုယ်က ဘယ်လို အကြောင်းအရာမျိုး သင်ယူနေရချိန်မှာ မပျင်းဘဲ စိတ်ပါဝင်စားစွာ လေ့လာဖြစ်သလဲဆိုတာကို သတိထားကြည့်ပြီး မိမိကိုယ်ကို ရှာဖွေတွေ့ရှိနိုင်မှာပဲ ဖြစ်ပါတယ်။

၂။ စေတနာ့ဝန်ထမ်း (Volunteer) လုပ်ငန်းများတွင် ပါဝင်ပါကြည့်ပါ။

ပြင်ပ လူမှုအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများနှင့် ပွဲလမ်းသဘင်များတွင် Volunteer အဖြစ် ပါဝင်ကူညီပါ။
အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်ရတာ ကြိုက်သလား၊ ဦးဆောင်ရတာ ကြိုက်သလား၊ စီမံခန့်ခွဲရတာ ကြိုက်သလား သို့မဟုတ် နည်းပညာ/ဒီဇိုင်းပိုင်း ကူညီရတာကို ပိုသဘောကျသလားဆိုတာကို သူငယ်ချင်းအသစ်တွေနဲ့ Networking ပြုလုပ်ရင်းရှာဖွေနိုင်မှာပဲ ဖြစ်ပါတယ်။

၃။ နယ်ပယ်အသီးသီးမှ စီနီယာများနှင့် တွေ့ဆုံမေးမြန်းပါ (Informational Interview)

မိမိစိတ်ဝင်စားနိုင်ဖွယ်ရှိသော နယ်ပယ် အသီးသီးတွင် အလုပ်လုပ်နေသည့် စီနီယာများ၊ ဆရာ/မများနှင့် စကားပြောကြည့်ပါ။
ထိုမေဂျာ/ထိုအလုပ်ရဲ့ တကယ့်လက်တွေ့ စိန်ခေါ်မှုများနှင့် သဘောသဘာဝများကို မေးမြန်းကြည့်ခြင်းဖြင့် မိမိနှင့် ကိုက်ညီမှု ရှိမရှိ ကိုခန့်မှန်းဆုံးဖြတ်ချက်ချနိုင်မှာပဲဖြစ်ပါတယ်။

၄။ အွန်လိုင်း Self-Assessment Quiz များ ပြုလုပ်ကြည့်ပါ။

MBTI Personality Test သို့မဟုတ် Holland Code (RIASEC) ကဲ့သို့သော စိတ်ဓာတ်နှင့် ဝါသနာ စစ်ဆေးသည့် Quiz များကို အွန်လိုင်းတွင် စမ်းသပ်ဖြေဆိုကြည့်ပါ။
ဒီလိုမေးခွန်းတွေကနေတဆင့် ကိုယ့်ရဲ့ ပင်ကိုယ်စရိုက် (Personality) နှင့် ဘယ်လိုမေဂျာ/အလုပ်အကိုင်မျိုးက ပိုမိုလိုက်ဖက်မှုရှိသလဲဆိုသည်ကို အကြမ်းဖျင်း လမ်းညွှန်ချက်ရရှိနိုင်မှာပဲဖြစ်ပါတယ်။

၅။ မတူညီသော ဝါသနာများကို လက်တွေ့စမ်းသပ်လုပ်ဆောင်ကြည့်ပါ (Micro-Projects)

စာရေးခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ ကွန်ပျူတာ programming လေ့လာခြင်း၊ စိုက်ပျိုးရေး လုပ်ဆောင်ခြင်း စသည့် သေးငယ်သော Project လေးများကို ကိုယ်တိုင် ဖန်တီးကြည့်ပါ။
သီအိုရီအရ စိတ်ဝင်စားတာထက် လက်တွေ့လုပ်ကြည့်သည့်အခါ ပျော်ရွှင်မှု ရှိ/မရှိ စစ်ဆေးနိုင်မှာပဲဖြစ်ပါတယ်။



20/07/2026

ထိုင်းနိုင်ငံရဲ့ အကောင်းဆုံး တက္ကသိုလ်တစ်ခုဖြစ်တဲ့ Mahidol University က တာဝန်ရှိသူတွေနဲ့ တိုက်ရိုက် ဆွေးနွေးခွင့်ရမယ့် အခွင့်အရေး ✨🤝

နိုင်ငံတကာ ပညာရေးခရီးလမ်းကို စိတ်ဝင်စားတဲ့ ကျောင်းသား/သူတွေနဲ့ မိဘအုပ်ထိန်းသူများအားလုံး မင်္ဂလာပါရှင်။

အခုလာမည့် August (8) ရက်နေ့နဲ့ (9) ရက်နေ့တွေမှာ Dagon Exhibition ကနေ ကျင်းပမယ့် (၄) ကြိမ်မြောက် World Education Expo Myanmar 2026 ပွဲကြီးကို PS Study Global ကလည်း အားတက်သရော အတူ ပါဝင်ဆင်နွှဲသွားမှာဖြစ်ပါတယ်ရှင့်။

ဒီတစ်ခေါက်မှာတော့ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ Mahidol University နဲ့အတူတူ Partner အနေနဲ့ ပူးတွဲပါဝင်သွားမှာဖြစ်လို့ သားသမီးတွေရဲ့ ပညာရေးအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်စေမယ့်အပြင်၊ ပညာသင်ဆု (Scholarship) အခွင့်အလမ်းတွေကိုပါ တစ်ပါတည်း စုံစမ်းနိုင်မယ့် အခွင့်အရေးကြီးတစ်ခုပဲ ဖြစ်ပါတယ်ရှင့်။

Chemical Engineering Subject ကို စိတ်ဝင်စားသူများအတွက် သီးသန့်📍

ဒီပွဲမှာ ကျမတို့ရဲ့ အဓိက Highlight ကတော့ အနာဂတ်ခေတ်ရေစီးကြောင်းမှာ အလုပ်အကိုင် အခွင့်အလမ်း အများကြီးရှိတဲ့ Chemical Engineering (ဓါတုဗေဒ အင်ဂျင်နီယာ) ဘာသာရပ်ပဲ ဖြစ်ပါတယ်။

ဘာသာရပ်အကြောင်း အသေးစိတ်သိချင်တာတွေ၊ ပညာသင်ဆု (Scholarship) အခွင့်အလမ်းတွေနဲ့ကျောင်းဝင်ခွင့် လိုအပ်ချက်တွေကို Mahidol Universityရဲ့ ကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်မှာ ဖြစ်ပါတယ်ရှင့်။

ဒါ့အပြင် ကျမတို့ Booth ကို လာရောက်လည်ပတ်တဲ့ လူငယ်နဲ့ မိဘ၊ဆရာသမားတို့အတွက် စိတ်လှုပ်ရှားစရာ Fun Games (ဂိမ်းအစီအစဉ်လေးတွေ) ပြင်ဆင်ထားသလို၊ ချစ်စရာကောင်းတဲ့ အမှတ်တရ လက်ဆောင်ပစ္စည်း (Gifts) တွေကိုလည်း လက်ဆောင်ပေးသွားဦးမှာဖြစ်ပါတယ်ရှင့်။

📌 ပွဲကျင်းပမယ့်နေရာနှင့် အချိန်:
📅 နေ့ရက်: August 8 – 9, 2026 (စနေ၊ တနင်္ဂနွေ)
📍 နေရာ: Parkroyal Yangon Hotel (Grand Ballroon)

အခွင့်အရေးဆိုတာ ခဏခဏမလာတတ်လို့ August 8-9 မှာ (၄) ကြိမ်မြောက် World Education Expo Myanmar 2026 ပွဲကြီးကို ကို အရောက်လှမ်းခဲ့ပြီး ကျမတို့ရဲ့ PS Study Global & Mahidol University Booth မှာ တွေ့ကြရအောင်နော်။

လွတ်လပ်စွာ လာရောက်မေးမြန်း စုံစမ်းနိုင်ပါတာမို့ အားလုံးကို စောင့်ကြိုနေပါ့မယ်ရှင့်။

11/07/2026

Grade 12/GED ပြီးထားတဲ့ လူငယ်တွေအတွက် နိုင်ငံခြားကျောင်းသွားတက်ဖို့ လမ်းညွှန်📍🗺️

လူငယ်တို့ရေ... Mentor တစ်ယောက်လို အကြံပေးပါရစေ။ နိုင်ငံခြားကျောင်းသွားတက်ချင်တယ်ဆို ဒါလေးတွေ ကြိုသိထားရအောင်နော်။ 🎓🌍

မောင်လေးတို့၊ ညီမလေးတို့ရေ... Grade 12 သို့မဟုတ် GED ပြီးလို့ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ ပြင်ဆင်နေပြီဆိုရင် ကိုယ်လိုအပ်ချိန်တိုင်းမှာတိုင်ပင်လို့ရမဲ့ Mentor တစ်ယောက် လိုအပ်လေ့ရှိပြီး ရှိနေရရင်လဲ မိမိရဲ့ပညာရေးလမ်းကြောင်းက ပိုမိုလွယ်ကူသွားလေ့ရှိပါတယ်နော်။

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ကမ္ဘာကြီးကို လေ့လာဖို့ ခြေလှမ်းစတော့မယ့် မောင်လေး၊ ညီမလေးတို့အတွက် အဆင်ပြေပြေနဲ့ ခရီးစတင်နိုင်အောင် PS Study Global က Consultant တီချယ်နဲ့ မမတွေက ကြင်နာမှုအပြည့်နဲ့ သေချာလေး အတူရှိနေပေးပါမယ်နော်။

အဓိက ကြိုတင်ပြင်ဆင်ရမယ့် အချက် (၅) ချက်ကို အတူတူ ကြည့်ရအောင် -

၁။ ပညာရေးစာရွက်စာတမ်းလေးတွေ အဆင်သင့်ပြင်ထားမယ်နော် (Academic Readiness)

ကျောင်းဝင်ခွင့်လျှောက်ဖို့က စာရွက်စာတမ်းတွေက အသက်ပဲလေ။ ဒါကြောင့် အဓိကအကျဆုံး စာရွက်စာတမ်းတွေကို အင်္ဂလိပ်လို ဘာသာပြန်ပြီး တရားဝင်အသိအမှတ်ပြုတံဆိပ် (Notary Public) လေး ထုထားရမယ်။

• Grade 12 အောင်ထားတဲ့ ကလေးတွေဆိုရင် ဆယ်တန်း/Grade 12 အောင်လက်မှတ်နဲ့ အမှတ်စာရင်း (Transcript) ကို အဆင်သင့်လုပ်ထားပါ။
• GED ပြီးထားတဲ့ ကလေးတွေဆိုရင် GED Official Diploma နဲ့ Transcript လိုအပ်ပါတယ်။ ကျောင်းအများစုက ဘာသာရပ်တိုင်းမှာ အနည်းဆုံး ၁၄၅ မှတ်စီ ရှိဖို့ လိုတတ်တယ်နော်။
• တခြားအရေးကြီးတာတွေကတော့ နိုင်ငံကူးလက်မှတ် (Passport) ရဲ့ သက်တမ်းက အနည်းဆုံး ၁ နှစ်ခွဲကျော် ကျန်နေဖို့ လိုမယ်။ ပြီးတော့ ကိုယ်တက်မယ့်ကျောင်းအပေါ် မူတည်ပြီး ဆရာမတွေဆီက ထောက်ခံစာ (Recommendation Letter) နဲ့ ကိုယ့်အကြောင်းရေးထားတဲ့ CV Form လေးတွေကိုပါ ကြိုတင်ပြင်ဆင်ထားရမယ်နော်။

၂။ ဘာသာစကား သတ်မှတ်ချက်တွေကို လေ့လာကြမယ် (Language & Entry Requirements)

• IELTS / TOEFL / Duolingo တို့လို English Language Skills တွေကို နိုင်ငံတကာတက္ကသိုလ်အများစုက အင်္ဂလိပ်စာအရည်အချင်းအသိအမှတ်ပြုလက်မှတ် တောင်းလေ့ရှိတယ်။ ဒါကြောင့် ကိုယ်သွားမယ့်ကျောင်းက English Language Skills ဘယ်လိုတောင်းလဲဆိုတာ ကြိုတင်လေ့လာပြီး စာမေးပွဲဖြေဖို့ လေ့လာထားသင့်တယ်နော်။
• စိတ်မပူရမယ့် Option လေးလည်းရှိပါသေးတယ်။ အကယ်၍ စာမေးပွဲဖြေဖို့ အချိန်မရဘူး၊ သို့မဟုတ် IELTS မရှိလို့ စိတ်ပူနေရင်လည်း စိတ်မပျက်ပါနဲ့ဦး။
အထက်မှာပြောခဲ့တဲ့ ဗီယက်နမ်နိုင်ငံက UEF ကျောင်းလိုမျိုး IELTS လုံးဝမလိုဘဲ Flexible English Entry နဲ့ တက်လို့ရတဲ့ ကျောင်းကောင်းလေးတွေကိုလည်း ရှာဖွေရွေးချယ်လို့ ရပါတယ်ရှင်။

၃။ ဘဏ္ဍာရေးနဲ့ ဘတ်ဂျက်ကို တွက်ချက်ရအောင် (Financial Planning)

ဒါကတော့ ကိုယ့်ကို ကျောင်းထားပေးမယ့် ဖေဖေ မေမေတို့လို အုပ်ထိန်းသူတွေအတွက် အရေးကြီးဆုံးအပိုင်းမို့ တီချယ်တို့က ကူညီပြီး တိုင်ပင်တွက်ချက်ပေးလို့ရပါတယ်။ ကျောင်းလခအပြင် နေထိုင်စားသောက်စရိတ်တွေကိုပါ ထည့်တွက်ကြည့်ပေးရမှာပါ။
• ကျောင်းလခနဲ့ စရိတ်တွေအနေနဲ့ကတော့ ဥရောပတို့၊ အမေရိကတို့ သွားမယ်ဆိုရင် ကုန်ကျစရိတ်က တော်တော်လေး များပြားနိုင်သလို ဗီဇာအတွက် ဘဏ်စာရင်း (Bank Statement) ပြရတာလည်း အလွန်တင်းကျပ်ပါတယ်ရှင်။
• အာရှဒေသတွင်း ရွေးချယ်မှုအနေနဲ့ကတော့ ဘတ်ဂျက်လည်း သက်သာချင်တယ်၊ ဗီဇာလည်း အဆင်ပြေချင်တယ်ဆိုရင်တော့ အာရှတွင်းနိုင်ငံတွေက နိုင်ငံတကာကျောင်းတွေက အသင့်တော်ဆုံးပဲ။ ဥပမာ - UEF (University of Economics & Finance) ဆိုရင် IELTS/TOEFL စတဲ့ စာမေးပွဲကြီးတွေ ဖြေဆိုဖို့ အချိန် သို့မဟုတ် ဘတ်ဂျက် အခက်အခဲရှိနေတဲ့ မြန်မာကျောင်းသားတွေအတွက် IELTS မလိုဘဲ Grade 12 သို့မဟုတ် GED ရှိရုံနဲ့ နိုင်ငံတကာဘွဲ့ တွေတိုက်ရိုက်ရမယ့် လမ်းကြောင်းတွေရှိနေပါတယ်။
• NIM (Nanyang Institute of Management) ဆိုရင်လဲ အထူးသဖြင့် Hospitality & Tourism မေဂျာအတွက် လက်တွေ့အလုပ်သင် (Paid Internship) တွေ ပါဝင်ပြီး စင်္ကာပူမှာ စရိတ်သက်သက်သာသာနဲ့ ထိရောက်တဲ့ ပညာရေးကို ရရှိနိုင်ပါတယ်။
PSB Academy ကျောင်းဆိုရင်လဲ စင်္ကာပူရဲ့ ထိပ်တန်းကျောင်းကြီးဖြစ်ပြီး Cambridge, UK သို့မဟုတ် Australia က နာမည်ကြီး တက္ကသိုလ်ကြီးတွေရဲ့ ဘွဲ့တွေကို အမိမြေနဲ့လည်းနီး၊ ဗီဇာလည်း စိတ်ချရတဲ့ စင်္ကာပူနိုင်ငံမှာတင် စရိတ်သက်သာစွာနဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်ရှင်။

၄။ အတွေ့အကြုံရှိတဲ့ Consultation Partner နဲ့ တိုင်ပင်မယ် (Seeking Professional Guidance)

ကိုယ့်ဘာသာကိုယ် ကျောင်းလျှောက်တာ၊ ဗီဇာလျှောက်တာတွေက အသေးအဖွဲ အမှားလေးတစ်ခုကြောင့် ဗီဇာငြင်းခံရတာမျိုး (Visa Refusal) ဖြစ်တတ်လို့ အတွေ့အကြုံရှိတဲ့ Consultation Partner (ပညာရေးအကြံပေးအဖွဲ့အစည်း) တွေနဲ့ တိုင်ပင်တာ အကောင်းဆုံးပါပဲ။

• PS Study Global အနေနဲ့ မောင်လေး၊ ညီမလေးတို့ရဲ့ ပညာရေးနောက်ခံ၊ ဝါသနာနဲ့ မိဘတွေရဲ့ ဘတ်ဂျက်အပေါ် မူတည်ပြီး အကိုက်ညီဆုံး မေဂျာနဲ့ ကျောင်းတွေကို မေတ္တာရှေ့ထား ရွေးချယ်ပေးနိုင်ပါတယ်။
• ကျောင်းဝင်ခွင့် Offer Letter လျှောက်ပေးတာကနေ ဗီဇာအစအဆုံး ကိစ္စရပ်တွေကိုပါ အခမဲ့ ကူညီပေးတာမို့ အချိန်ကုန် လူပင်ပန်း သက်သာပြီး စိတ်အေးရတာပေါ့။

၅။ လက်တွေ့ဘဝ နေထိုင်မှုပုံစံလေးတွေ အကျင့်လုပ်ထားမယ် (Life Skills)
နိုင်ငံခြားမှာ တစ်ယောက်တည်း သွားတက်ရမှာဖြစ်လို့ စာကြိုးစားရုံတင်မကဘဲ ကိုယ်ပိုင်ဘဝကို စီမံခန့်ခွဲနိုင်တဲ့ စွမ်းရည် (Life Skills) လေးတွေလည်း ရှိထားမှ ဖြစ်မယ်နော်။

• အခြေခံချက်ပြုတ်နည်း: ကိုယ်တိုင် အခြေခံဟင်းလေးတွေ ချက်တတ်အောင် အိမ်မှာကတည်းက လေ့ကျင့်သွားပါ။ ဒါက ကုန်ကျစရိတ်ကို အများကြီး သက်သာစေသလို ကိုယ့်ကျန်းမာရေးအတွက်လည်း စိတ်ချရတာပေါ့။
• ငွေကြေးစီမံခန့်ခွဲမှု: မိဘတွေ ပို့ပေးလိုက်တဲ့ လစဉ်သုံးစရိတ်ကို အဝင်အထွက် စနစ်တကျ

ခွဲခြမ်းစိတ်ဖြာပြီး သုံးစွဲတတ်တဲ့ အလေ့အကျင့်လေး လုပ်ထားပါ။
• ယဉ်ကျေးမှုနဲ့ ရာသီဥတု: ကိုယ်သွားမယ့်နိုင်ငံရဲ့ ရာသီဥတု၊ အစားအသောက်နဲ့ ယဉ်ကျေးမှုတွေကို ကြိုတင်လေ့လာပြီး စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားရပါမယ်ရှင်။





26/06/2026

အနောက်နိုင်ငံကြီးများမှ အသိအမှတ်ပြုဘွဲ့များကို ကုန်ကျစရိတ်သက်သာစွာ သင်ယူနိုင်ပါပြီ။ 📢📚

ပြင်သစ် ၊ ဥရောပ နဲ့ အမေရိက တို့အထိ သွားစရာမလိုဘဲ... သက်သာတဲ့ကျောင်းလခနဲ့ နိုင်ငံတကာဘွဲ့တွေ ရယူချင်ပါသလား ဖေဖေ၊မေမေတို့ရေ... 🌱✨

မင်္ဂလာပါ ဖေဖေ မေမေတို့နဲ့ မောင်လေး၊ ညီမလေးတို့ရှင် 🤗

သားသမီးတွေကို နိုင်ငံတကာအဆင့်မီ ပညာရေးလည်း ပေးချင်တယ်၊။
ရာသီဥတုနဲ့ ယဉ်ကျေးမှုကလည်း အဝေးကြီး မဖြစ်စေချင်ဘူးဆိုရင်တော့... ဗီယက်နမ်နိုင်ငံရဲ့ အစည်ကားဆုံး Ho Chi Minh City မှာရှိတဲ့ UEF (University of Economics & Finance) ကျောင်းကြီး ရှိပါတယ်ရှင်။

UEF (University of Economics & Finance) ဟာဆိုရင်...
💰 ကျောင်းလခ သက်သာခြင်း: တစ်နှစ်ကို အကြမ်းဖျင်း $4,100 ဝန်းကျင် သာ ကျသင့်လို့
ဥရောပနိုင်ငံတွေနဲ့ ယှဉ်ရင် ဘတ်ဂျက် အများကြီး သက်သာစေပါတယ်။

🎓 နိုင်ငံတကာဘွဲ့များ: ဗီယက်နမ်မှာ တက်ရောက်ရမှာ ဖြစ်ပေမယ့် University of Gloucestershire (UK), Keuka College (US) စတဲ့ ဗြိတိန်နဲ့ အမေရိကန် တက္ကသိုလ်ကြီးတွေက တိုက်ရိုက်ချီးမြှင့်တဲ့ ဘွဲ့တွေကို ရရှိမှာပါ။

🤝 အလုပ်အကိုင် အခွင့်အလမ်း ၉၅% သေချာခြင်း: ကျောင်းတွင် Corporate Relations Center ရှိပြီး Marriott, Hilton, IHG, Ajinomoto, Yusen Logistics အစရှိတဲ့ နာမည်ကြီး လုပ်ငန်းပေါင်း ၁,၀၀၀ ကျော်နဲ့ ချိတ်ဆက်ထားလို့ ကျောင်းသားတွေအတွက် အလုပ်သင် (Internship) နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို အပြည့်အဝ အာမခံချက် ပေးထားပါတယ်ရှင်။

UEF မှာအဓိက ဦးတည်သင်ကြားပေးမည့် Top Majors များ -
Hospitality & Tourism Management (ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း)
Business & Finance (စီးပွားရေးနှင့် ဘဏ္ဍာရေး)
Logistics & Supply Chain Management (သယ်ယူပို့ဆောင်ရေးစီမံခန့်ခွဲမှု)

❌ ကျောင်းဝင်ခွင့်အတွက် IELTS ချက်ချင်း မလိုသလို၊ အကယ်၍ IELTS 5.0 နှင့်အထက် ရှိထားပြီးသား ကျောင်းသားဆိုရင်လည်း ပညာသင်ဆု (Scholarship) တွေပါ လျှောက်ထားနိုင်ဦးမှာပါနော်။

📅 Now Recruiting for November 2026 Intake!
ဆယ်တန်း / Grade 12 / IGCSE / GED အောင်မြင်ထားပြီး လာမယ့် နိုဝင်ဘာ ၂၀၂၆ တန်းခွဲ အတွက် ကျောင်းဝင်ခွင့် လျှောက်ထားလိုသူ မောင်လေး၊ ညီမလေးတို့အနေနဲ့...

🎟️ မြန်မာကျောင်းသားများအတွက် Visaကိစ္စရပ်များနှင့်အခြားသိရှိလိုသည်များကို PS Study Global မှ အခမဲ့ အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးနေပြီ ဖြစ်လို့ အသေးစိတ်ကို အခုပဲ ဖုန်းနံပါတ် 09 43107150 (သို့) Page Messenger မှာ လာရောက်စုံစမ်းမေးမြန်းနိုင်ပါပြီရှင်။







Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

10C, Myaynigone Plaza, Bargayar Road, Sanchaung Township, Yangon
Yangon
11111