SK Institute

SK Institute For your Korean dream ✨

Online class ဆိုပြီး ထိရောက်မှု ရှိပါ့မလား စိုးရိမ်နေသူလေးတွေအတွက် တီချယ် ဘာတွေ အိမ်စာပေးပြီး ဘယ်လိုစစ်ပေးလဲဆိုတာလေး အနည...
18/08/2026

Online class ဆိုပြီး ထိရောက်မှု ရှိပါ့မလား စိုးရိမ်နေသူလေးတွေအတွက် တီချယ် ဘာတွေ အိမ်စာပေးပြီး ဘယ်လိုစစ်ပေးလဲဆိုတာလေး အနည်းငယ် ပြောပြချင်ပါတယ်။ အိမ်စာကတော့ သင်လိုက်တဲ့ Grammarတွေကို ကိုယ်ပိုင်ဝါကျ ဖွဲ့ခိုင်းတာပါ။ အဲ့လိုမဖွဲ့ဘူးဆိုရင်တော့ သင်ခဲ့သမျှ Grammarတိုင်းသည် ခေါင်းထဲ ဘာမှ မကျန်ပဲ မေ့သွားပါလိမ့်မယ်။ Online classက ကလေးတွေရဲ့ အိမ်စာကို တီချယ် ဒီလို စစ်ပေးပါတယ်ရှင်။ နမူနာ အနေနဲ့ Level-4နဲ့ Level-1 Online classက ကလေးနှစ်ယောက်ရဲ့ ကိုယ်ပိုင်ဝါကျ အိမ်စာလေးတွေ ပြထားပေးပါတယ်ရှင်။

15/08/2026






#တီချယ်ဆွေ
#ကိုရီးယားစာသင်တန်း

YONSEI 2-1 Test တွင် ပထမဆု ရရှိသူ မသိမ့်သူသူအောင် နှင့် ဒုတိယဆုရှိသူ မယုဇနလွင် တို့အား ဆုကြေးငွေကျပ်များ အသီးသီး ချီးမြှ...
09/08/2026

YONSEI 2-1 Test တွင် ပထမဆု ရရှိသူ မသိမ့်သူသူအောင် နှင့် ဒုတိယဆုရှိသူ မယုဇနလွင် တို့အား ဆုကြေးငွေကျပ်များ အသီးသီး ချီးမြှင့်ခြင်းပုံရိပ်များပါရှင့်








#တီချယ်ဆွေ
#ကိုရီးယားစာသင်တန်း

08/08/2026








#တီချယ်ဆွေ
#ကိုရီးယားစာသင်တန်း

YONSEI Level-2 Vocabulary Test တွင် ပထမဆုရရှိသူ မသိမ့်သူသူအောင် နှင့် ဒုတိယဆုရရှိသူ မယုဇနလွင်         #တီချယ်ဆွေ #ကိုရီး...
07/08/2026

YONSEI Level-2 Vocabulary Test တွင် ပထမဆုရရှိသူ မသိမ့်သူသူအောင် နှင့် ဒုတိယဆုရရှိသူ မယုဇနလွင်








#တီချယ်ဆွေ
#ကိုရီးယားစာသင်တန်း

06/08/2026












#တီချယ်ဆွေ
#ကိုရီးယားစာသင်တန်း

06/08/2026

한국어능력시험(TOPIK) 미얀마 시행 공식 안내·접수 사이트. 주미얀마 대한민국 대사관 운영.

06/08/2026

၂၀၂၆ ခုနှစ် (၁၀၉) ကြိမ်မြောက် ကိုရီးယားအရည်ချင်းစစ် စာမေးပွဲ (TOPIK) ကြေညာချက်

(၁၀၉) ကြိမ်မြောက် ကိုရီးယားအရည်ချင်းစစ် စာမေးပွဲ (TOPIK) ကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါသည်။

၁။ စာမေးပွဲ ကျင်းပချိန်
၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၅ရက် (တနင်္ဂနွေနေ့) နံနက် ၉း၄၀ မှ ၁၆း၂၀ အထိ
TOPIK Ⅰ : နံနက်ပိုင်း / TOPIK Ⅱ : နေ့လယ်ပိုင်း

၂။ စာမေးပွဲ ကျင်းပမည့်နေရာ (၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၅ရက်နေ့)
ရန်ကုန်တက္ကသိုလ် (Kamayut Campus, Hlaing Campus)

၃။ စာမေးပွဲလျှောက်လွှာတင်ခြင်း
▷ (၁၀၉) ကြိမ်မြောက်မှစ၍ စာမေးပွဲလျှောက်လွှာကို ကိုယ်တိုင်လာရောက်တင်ရန် မလိုဘဲ Myanmar TOPIK website
(https://www.topik-myanmar.com) မှတစ်ဆင့် လျှောက်ထားရပါမည်။

https://www.topik-myanmar.com တွင် စာမေးပွဲလျှောက်လွှာ ဖြည့်သွင်းလျှောက်ထားရမည့် နေ့ရက်
--> ဩဂုတ်လ (၄) ရက်နေ့တွင် ကိုရီးယားသံရုံးမှ ကြေညာပေးလျှင် ပထမဆုံး Myanmar TOPIK websiteတွင် အကောင့်ဖွင့်ခြင်း (Membership လျှောက်ထားခြင်း) ကို မဖြစ်မနေ လုပ်ဆောင်ရပါမည်။

--> Membership ကို လျှောက်ထားပြီးသူများမှာ ဩဂုတ်လ (၁၃) ရက်နေ့မှစ၍ (၁၆) ရက်နေ့အတွင်း စာမေးပွဲလျှောက်လွှာကို အထက်ပါ website တွင် ထပ်မံ လျှောက်ထားရပါမည်။

▷ စာမေးပွဲကို လျှောက်ထားနိုင်သည့် လူဦးရေကို ကန့်သတ်ထားပါသည်။

TOPIK 1: ၂၉၁၀ ဦးအထိ
TOPIK 2: ၂၉၁၀ ဦးအထိ

▷ ခုံနံပါတ်ကို စာမေးပွဲကြေးသွင်းပြီးလျှင် စက်တင်ဘာလကုန်တွင် Myanmar TOPIK website မှတစ်ဆင့် ပြန်လည်ကြေညာပေးမည် ဖြစ်ပါသည်။

▷ ၁၀၉ ကြိမ်မြောက် စာမေးပွဲ ဖြေဆိုမည့်ရက် (နိုဝင်ဘာလ ၁၅ရက်) မတိုင်မီ ၂ပတ်အလိုတွင် Korea TOPIK ရုံးချုပ် ဝက်ဆိုက်ဒ်
(http://www.topik.go.kr) ၌ မိမိ၏ စာမေးပွဲ ဖြေဆိုခွင့်ကဒ်ကို ထုတ်ယူနိုင်မည် ဖြစ်ပါသည်။

▷ TOPIK စာမေးပွဲ Online လျှောက်လွှာဖြည့်စွက်ရာတွင် အမည် (အင်္ဂလိပ်စာလုံးပေါင်း အကြီးဖြင့်သာ)၊ မွေးသက္ကရာဇ်၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာများကို တိကျမှန်ကန်စွာ ဖြည့်စွက်ရန် လိုပါသည်။

▷ တိကျမှန်ကန်မှု မရှိသော အချက်အလက်များကြောင့် အကြောင်းအရာ တစ်စုံတစ်ခု ပေါ်ပေါက်လာပါက လျှောက်လွှာတင်သူ၏ တာဝန်သာဖြစ်ကြောင်းကို အသိပေးအပ်ပါသည်။ (ဖြေဆိုသူကိုယ်တိုင် လျှောက်ထားရမည်ဖြစ်ပြီး၊ သင်တန်းကျောင်း သို့မဟုတ် အေဂျင်စီမှ လျှောက်ထားစဉ် ထည့်သွင်းထားသော အချက်အလက်များ မှားယွင်းမှုရှိပါက ယင်းအတွက် နစ်နာမှုများသည် ဖြေဆိုသူ၏ တာဝန်သာဖြစ်ပါသည်။)

★ online formဖြင့် လျှောက်တင်ပြီးသည့် သူများသည် စာမေးပွဲ‌ကြေး USD 25 ကို ငွေသားဖြင့် ကိုယ်တိုင် (သို့) ကိုယ်စားလာ‌ရောက် ပေးသွင်းရပါမည်။

★ ထို့ပြင် စာမေးပွဲ‌ကြေး လာသွင်းချိန်တွင် ဖော်ပြထားသော ဖောင်ကို print ထုတ် ယူဆောင်လာရပါမည်။

# ဖောင်ကို စာရွက်ဖြင့် print ထုတ် ယူဆောင်လာခြင်း မရှိပါက လက်ခံပေးမည် မဟုတ်ပါ။

▷ စာမေးပွဲကြေးကို ပေးသွင်းရမည့် နေ့ရက်နှင့် နေရာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
နေ့ရက် : ၂၀၂၆ခုနှစ် ဩဂုတ်လ (၂၀) ရက်နေ့မှ (၂၃)ရက်နေ့အထိ
နေရာ : ရန်ကုန်တက္ကသိုလ် တောင်ငူဆောင်ခန်းမ (ကမာရွတ်နယ်မြေ - လှည်းတန်းအနီးအနား)

▷ လျှောက်တင်ရမည့် အချိန်နှင့် သတိပြုရန်အချက်များ
- နံနက် (၁၀) နာရီမှ နေ့လယ် (၁၂း၃၀) အထိ, နေ့လယ် (၂) နာရီမှ (၅) နာရီအထိ
(နေ့လယ်စာ နားချိန် (၁၂) နာရီခွဲမှ (၂) နာရီအထိ)

▷ စာမေးပွဲကျင်းပသည့်မြို့တွင် နေထိုင်သူများသည် မိမိကိုယ်တိုင် လာရောက် ပေးသွင်းရန်။

▷ စာမေးပွဲကျင်းပသည့်မြို့မှအပ နယ်ဝေးမှ ကိုယ်စားလှယ်ဖြင့် ပေးသွင်းလိုပါက မိသားစု (သို့ ) ဆွေမျိုး၊ အသိမိတ်ဆွေသာ လက်ခံပါမည်။
(စာမေးပွဲဖြေဆိုသူ၏ မှတ်ပုံတင်(မိတ္တူ) နှင့် ကိုယ်စား တင်ပေးသူ၏ မှတ်ပုံတင်မူရင်း လိုပါသည်။)

▷ စာ‌မေးပွဲကြေး ပေးသွင်းမည့်သူမှအပ ကျောင်းအတွင်း ဝင်ရောက်ခြင်းကို ခွင့်မပြုပါ။
- (မှတ်ပုံတင် NRC Card၊ ယာဥ်မောင်းလိုင်စင်၊ ပတ်စ်ပို့) ဖြင့်သာလျှင် စာမေးပွဲကြေး သွင်းနိုင်ပါသည်။
- အထက်ပါ သက်သေခံကတ်များ မရှိပါက ရပ်ကွက် (သို့) ရဲစခန်း ထောက်ခံစာ၊ အိမ်ထောင်စုစာရင်းကို ယူဆောင်လာရပါမည်။ မှတ်ပုံတင် မပါပါက ကျောင်းထဲ ဝင်ခွင့်မပြုပါ။

▷ စာမေးပွဲကြေး
- 25 USD (စာမေးပွဲကြေးကို ဒေါ်လာဖြင့်သာ လက်ခံမည် ဖြစ်ပါသည်။ လျှောက်လွှာမတင်မီ ကြိုတင် လဲလှယ်ထားရမည် ဖြစ်ပြီး လျှောက်လွှာ လက်ခံသည့်နေရာတွင် လုံးဝ လဲလှယ်ပေးမည် မဟုတ်ပါ။ ဒေါ်လာအကြွေပြန်အမ်းပေးပါမည်။‌)

၄။ အခြား အကြောင်းအရာများ
※ စာမေးပွဲနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းရန်
- Tel : 09) 968862300 / Email: [email protected]

▷ မေးမြန်းစုံစမ်း လက်ခံသည့် အချိန် (မနက် ၁၀နာရီမှ ညနေ ၄နာရီထိ) သာ ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

▷ စာမေးပွဲနှင့် ပတ်သက်သည့် အချက်အလက်
- MYANMAR TOPIK ဝက်ဆိုက်ဒ်
(https://www.topik-myanmar.com)








한국어능력시험(TOPIK) 미얀마 시행 공식 안내·접수 사이트. 주미얀마 대한민국 대사관 운영.

📌 Scammer Alert!SK Institute နှင့် တီချယ်ဆွေ အယောင်ဆောင်၍ မသမာသူများမှ ကျောင်းသားကျောင်းသူများ၏ ကိုယ်ရေးအချက်အလက်(နာမည်၊...
01/08/2026

📌 Scammer Alert!

SK Institute နှင့် တီချယ်ဆွေ အယောင်ဆောင်၍ မသမာသူများမှ ကျောင်းသားကျောင်းသူများ၏ ကိုယ်ရေးအချက်အလက်(နာမည်၊ မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ်၊ ဘဏ်အကောင့်နံပါတ် စသည်...) များကို SK Institute နှင့် တီချယ်ဆွေ အယောင်ဆောင် Social Media Account(Facebook, Telegram စသည်...) များမှတဆင့် တောင်းယူခြင်းများ ရှိနေသည်ဟု ကြားသိရပါသည်။

ထိုကဲ့သို့သော ကိုယ်ရေးအချက်အလက်များကို SK Institute မှ အမှန်တကယ် တောင်းယူခြင်းမျိုး မရှိပါ။ သို့ဖြစ်ပါ၍ ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့၏ ကိုယ်ရေးအ‌ချက်အလက်များကို မျှဝေခြင်း မပြုပါရန်နှင့် အထူးဂရုပြုကြပါရန် ပြောကြားလိုက်ရပါသည်။

ကိုယ်ရေးအချက်အလက် တောင်းယူခြင်းများ ရှိခဲ့လျှင်လည်း ဖုန်းဆက်အတည်ပြုကြပါရန် ပြောကြားလိုပါသည်။

အောက်ပါ Account များသာ SK Institute ၏ တရားဝင် Account များ ဖြစ်ပါသည်။

https://www.facebook.com/swekoreaninstitute

https://www.tiktok.com/swekoreaninstitute

https://www.instagram.com/swekoreaninstitute

https://www.youtube.com/swekoreaninstitute

https://t.me/swekoreaninstitute

https://invite.viber.com/?g2=AQAdMHYD7qD57lb2FGuMonPTdX%2BS0Rxbm82o9P0BJRX8LaZmTAOS8DMKcm%2B4Ijjz

09 961 153 773 (KBZ PAY/ AYA PAY/ UAB PAY)
Tin Thandar Swe

09 977 070 510







#တီချယ်ဆွေ

Address

No. (20), 2nd Floor, Hledan (7) Street, Near Hledan Market, Kamayut Township
Yangon

Website

Alerts

Be the first to know and let us send you an email when SK Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share