07/02/2025
ကျမရဲ့ Content လေးပါရှင် 🩷 ယောရောဘွန်းတို့လည်း လိုက်လုပ်ကြည့်ကြနော် 🇰🇷🇰🇷
Meaningက ကျက်တော့ကျက်တယ် တီချယ် ဒါမယ့် မေ့မေ့သွားတယ် မှတ်မိအောင် ဘယ်လိုလုပ်ရမလဲ❓
ကျမ ကျမကျောင်းသားတွေကို ပြောဖြစ်လေ့ရှိတဲ့ Meaning မှတ်ပုံမှတ်နည်းလေးကို ဝေမျှပေးချင်လို့ပါ 🩷🇰🇷
ဘာသာစကားလေ့လာရာမှာ ကြာရှည်စွာ မှတ်မိနိုင်ဖို့တစ်ယောက်နဲ့တစ်ယောက် လေ့ကျင့်ပုံလေ့ကျင့်နည်းတွေ မတူကြပါဘူး။ ကျမကတော့ ကျမ ကိုရီးယားစာလေ့လာတုန်းက Meaning ကျက်ခဲ့ပုံလေးကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ 그럼 시작해 볼까요?
📌နံပတ်တစ်အနေနဲ့ကတော့ Meaningတွေကို ချရေးကျက်တာပါ 📝 နှုတ်တိုက်ကျက်တာထပ် နှုတ်ကလည်းဆို လက်ကလည်းချရေးရင် ပိုမှတ်မိလွယ်လို့ပါ။ Examတွေမှာ တစ်ခါတစ်လေ ဦးနှောက်က မေ့သွားတဲ့အခါမျိုးတွေဆို လက်နဲ့ချရေးကျက်ထားတဲ့အတွက် လက်ကမှတ်မိနေတတ်ပါတယ်။
📌နံပတ်နှစ်အနေနဲ့ကတော့ Meaningတွေကို အထပ်အောက် ပြောင်းပြန် ပြန်ဆိုကြည့်တာမျိုးပါ။ ဥပမာ ကိုယ်က 1-10ထိ ဆိုပြီးရင် 10-1ထိ ပြန်ဆိုတာမျိုးပါ။
📌နံပတ်သုံးအနေနဲ့ကတော့ စကားလုံးဆင်တူလေးတွေလေ တွဲမှတ်တာမျိုးပါ။ ခပ်ဆင်ဆင် စကားလုံးတွေ တွဲမှတ်ထားလိုက်ရင် တစ်လုံးကျက် နှစ်လုံးရသလိုမျိုးလေ့မို့ တော်တော်သဘောကျပါတယ်။
📌နံပတ်လေးအနေနဲ့ကတော့ ကိုယ့်နေတဲ့ ကိုယ့်အခန်း၊ စာရေးစားပွဲအဲ့လိုနေရာမှာ မှတ်ရခက်တဲ့စာလုံး ဒါမှမဟုတ် ခဏခဏ မေ့တတ်တဲ့ စကားလုံးမျိုးကို Sticky noteမှာ အဓိပ္ပာယ်နဲ့တကွ ချရေးပြီး မြင်သာတဲ့နေရာမှာ ချရေးထားပါ။ အခန်းထဲကိုဝင်တိုင်း အဲ့စကားလုံးကို ကြည့်ဖြစ်အောင်ကြည့်ပြီး ပါးစပ်ကတစ်ခါလောက်တော့ ဆိုလိုက်ပါ။ (ကျမဆို Topik ဖြေတုန်းက အခန်းနံရံမှာ ပေပွအောင်ကပ်ထားတာ မရတာများလို့ 😭)
📌နံပတ်ငါးအနေနဲ့ကတော့ Meaning ကျက်ပြီးတဲ့အခါ ကိုယ်သိထားတဲ့ Meaning ကို Sentence တည်ဆောက်ကြည့်ပါ။ ဒါက Meaningမှ မဟုတ်ပါဘူး Grammar လည်း အတူတူပါပဲ စာကြောင်းတည်ဆောက်လိုက်တဲ့အခါ အဲ့စာကြောင်းရော မီးနင်းကိုပါ မှတ်မိနေမှာဖြစ်ပါတယ်။
ဒီလိုနည်းလေးတွေနဲ့ Meaning လေးတွေ မှတ်ကြည့်ကြပါ။ ယောရောဘွန်းတို့ရော ယောရောဘွန်းတို့ Meaning မှတ်တဲ့နည်းလမ်းတွေရှိရင် ကွန်မန့်မှာ Sharing လုပ်သွားပေးကြပါဦးနော်။ 감사합니다 🌸
Htet Htet 쌤입니다 🇰🇷