Japanese For You Myanmar

Japanese For You Myanmar

Share

သင်ယူချင်စိတ်သာ အဓိကပါ🇯🇵🙏

30/04/2026

VIP မှာပါတဲ့ Grammar Explain ပါ။ JLPT ဖြေမယ့်သူတွေအတွက်အရမ်းကောင်းတာပါ။✅

27/04/2026

👉🇯🇵 Listening အားနည်းသူတွေအတွက် Listening Practice လေ့ကျင့်‌နည်းလေးပါခဗျာ🔶

27/04/2026

👉🇯🇵 မိုးအေးအေးလေးနဲ့ သတင်းကောင်းလေးပြောချင်ပါတယ်။ Sensei အနေနဲ့ ဂျပန်စာလေ့လာနေတဲ့သူတွေကို ပညာဒါနအပြင်တခြားဘာတွေ လုပ်ပေးလို့ရသေးလဲလို့တွေးမိပြီး စာမေးသမျှကိုပြန်ဖြေပေးမယ့်၊ နေ့စဉ်စာလေ့ကျင့်လို့ရတဲ့၊ မေးခွန်းဟောင်းတွေကို ဖြေပြ၊ ရှင်းပြပေးမယ့် system လေးတစ်ခု လုပ်ပေးရင်ကောင်းမယ်‌လို့တွေးမိတာကြာပါပြီ။ ဒီကြားထဲမှာ ပျောက်နေတာ အဲ့တာအတွက်လုံးပမ်းနေတာပါ။ အခုတော့ စပြီး အကောင်အထည်ပေါ်လာပါပြီ။

Your Own Tutor AI ဆိုတဲ့ Telegram AI bot တစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။ နည်းပညာအရကူညီပေးကြတဲ့ မိတ်ဆွေတွေကိုလည်းအထူးကျေးဇူးတင်ပါတယ်။🙏

ဂျပန်စာလုပ်နေရင်းမသိလို့မေးချင်လို့ မေးစရာဆရာဆရာမကို အားနာရတာတွေ၊ မေးခွန်းတွေနားမလည်လို့ မေးခွန်းဟောင်းလုပ်တာကြာနေတာတွေ၊ အသံနဲ့စကား‌ပြောလေ့ကျင့်စရာလူမရှိလို့ ခက်ခဲနေတာတွေ၊ Kanji, Bunpo လေ့ကျင့်ခန်းတွေကို နားမလည်ဝာာတွေ၊ Listening မေးခွန်းတွေကို ကြောက်နေရတာတွေ အဲ့တာတွေအားလုံးကို ဒီ Your Own Tutor က ဖြေရှင်းသွားပေးမှာပါ။🔶

ဘာဆိုဘာမှလိုလေသေးမရှိအောင် ဘေးနားမှာ မရှိမဖြစ်ဆရာတစ်ယောက်လို 24 hrs သင်ကြားကူညီပေးနေမယ့် Guide တစ်ယောက်လို့ပြောလို့ရပါတယ်။

Engslih စာလေ့လာနေသူတွေအတွက်လည်း Setting ထဲမှာ English စာသင်မယ့်အပိုင်းပါပါတယ်။

အင်တာဗျူးလေ့ကျင့်တဲ့အပိုင်းမှာလည်း မိမိနယ်ပယ်အလိုက်ရွေးချယ်လေ့ကျင့်လို့ရပါပြီ။ 🔶

အားလုံး မည်သူမဆို အခမဲ့လေ့ကျင့်အသုံးပြုနိုင်ပါတယ်။ လူအများကြီးသုံးလာတဲ့အခါ Server ဖိုးအရမ်းတက်တာမို့ လူအကန့်အသန်ရှိပါမယ်။ လူ အများကြီးသုံးလာရင် ပထမဆုံး သုံးသူတွေကိုပဲ ဆက်ပြီးသုံးခွင့်ပေးပြီး ကျန်တဲ့သူတွေကို သုံးခွင့်ပိတ်မှာပါ။ အခု Early comers အနေနဲ့ အမြန်ဆုံး သုံးထားပါခဗျာ။( နောက်ကျသူများသုံးခွင့်ရဖို့မသေချာပါ)
Daily Limit လေးတော့ရှိပါမယ်။ မေးခွန်း 20 ထိမေးခွင့်ပေးထားပါတယ်။ အဲ့တာကုန်ရင် နောက်နေ့မှ ပြန်ပြီး သုံးလို့ရပါမယ်။ Premium Users တွေအတွက်ကတော့ နေ့စဉ် အကန့်အသတ်မရှိအသုံးပြုနိုင်မှာပါ။
လောလောဆယ် Premium Users 2 ယောက်ရှိပါပြီ။ 💎

ဘာတွေလုပ်လို့ရတယ် ဘယ်လိုသုံးရမယ်ဆိုတာတွေက ဒီ Channel ထဲမှာ ကြည့်ပေးပါခဗျာ။

မှတ်ချက် ✨ Bonus ✨
Sensei ရဲ့ Pattern 2000 Kaiwa Program နဲ့ Interview Training Program (တစ်ခုခု)တက်ရောက်သူများက Premium 6 လစာ Free ရရှိသွားမှာဖြစ်ပါတယ်ခဗျာ။

ဒီ ထဲမှာဝင်ပြီး စတင်အသုံးပြုလို့ရပါပြီဗျ✅

http://t.me/Your_own_tutor_AI_bot 💫

27/04/2026

🔥 ဂျပန်သွားဖို့ အင်တာဗျူးဖြေရတော့မယ်... ဘာတွေမေးမလဲ၊ ဘယ်လိုဖြေရမလဲဆိုတာ မသိလို့ စိတ်ပူနေပြီလား?

J.F.Y MYANMAR ကနေ ဂျပန်အင်တာဗျူးတွေကို ယုံကြည်မှုအပြည့်နဲ့ ရင်ဆိုင်နိုင်ဖို့ "INTERVIEW TRAINING PROGRAM" အသစ်ကို ဂျပန်သွားမယ့်သူ‌‌တွေအားလုံး တက်ရောက်နိုင်ပါပြီ။ 🇯🇵✨

စာအုပ်ဖတ်ပြီး အလွတ်ကျက်မှတ်နေရတဲ့ ခေတ်မဟုတ်တော့ပါဘူး။ ကျောင်းသားတစ်ဦးချင်းစီအတွက် သီးသန့်ပေးအပ်မယ့် ကိုယ်ပိုင် Student ID နဲ့ ဝင်ရောက်လေ့လာနိုင်မယ့် Premium Digital စနစ်နဲ့အတူ အောက်ပါ Feature တွေကို အပြည့်အဝ အသုံးပြုနိုင်မှာပါ-

🔶 ဘာတွေပါဝင်မလဲ?

100+ Interview Q&A: အမေးများဆုံး မေးခွန်းပေါင်း (၁၀၀) ကျော်နဲ့ ဆရာကိုယ်တိုင် ရေးသားထားတဲ့ အကောင်းဆုံးအဖြေများ။

Audio Support 🔊: ဂျပန်လို အသံထွက်ကို ကိုယ်တိုင်နှိပ်ပြီး နားထောင်နိုင်လို့ Listening နဲ့ Speaking ကို တစ်ပြိုင်နက်တည်း လေ့ကျင့်နိုင်ခြင်း။

Mock Test Feature ⏱️: တကယ့်အင်တာဗျူး အငွေ့အသက်အတိုင်း အချိန် (Timer) သတ်မှတ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်စမ်းသပ်နိုင်မယ့် စနစ်။

Secret Tips 💡: မေးခွန်းတိုင်းမှာ "အင်တာဗျူးစစ်ဆေးသူက ဘာကြောင့်မေးတာလဲ"၊ "ဘယ်လိုဖြေရင် အမှတ်ပိုရနိုင်မလဲ" ဆိုတဲ့ လျှို့ဝှက်ချက် ရှင်းလင်းချက်များ။

🔶 ဘယ်သူတွေ လေ့ကျင့်သင့်သလဲ?

Language School: ကျောင်းသားဗီဇာ (COE) လျှောက်ထားမယ့်သူများ
Tokutei Ginou (SSW): စားသောက်ဆိုင်၊ ဘိုးဘွားစောင့်ရှောက်ရေး (Kaigo)၊ စိုက်ပျိုးရေး၊ အစားအသောက်ထုတ်ကုန်၊ ဟိုတယ်၊ အဆောက်အဦးသန့်ရှင်းရေး၊ ဆောက်လုပ်ရေး၊ ကျောင်း စတဲ့ နယ်ပယ် အတွက် အင်တာဗျူးဖြေမယ့်သူများ

Engineering: ဂျပန် IT ကုမ္ပဏီ၊ မြို့ပြနဲ့ စက်မှုလုပ်ငန်းတွေမှာ အလုပ်ဝင်မယ့် အင်ဂျင်နီယာများ

👉အင်တာဗျူးဆိုတာ ကြောက်စရာမဟုတ်ပါဘူး။ မှန်ကန်တဲ့ လမ်းညွှန်မှုနဲ့ သေချာကြိုတင်ပြင်ဆင်ထားရင် အလွယ်လေး ကျော်ဖြတ်နိုင်ပါတယ်။
Sensei Derek ရဲ့ "INTERVIEW TRAINING PROGRAM" နဲ့အတူ သင့်ရဲ့ ဂျပန်အိပ်မက်ကို ယုံကြည်မှုရှိရှိ အကောင်အထည်ဖော်လိုက်ပါ။ 🔶

🔶 ဘယ်လိုJoin နိုင်မလဲ?

Join မည်ဆိုပါကသို့မဟုတ် အသေးစိတ်သိရှိလိုပါက J.F.Y MYANMAR Page Messenger သို့မဟုတ် Sensei ရဲ့ တယ်လီဂရမ် t.me/kyawzinhtun0070 သို့ ယခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါပြီ။🇯🇵🙏

20/04/2026

👉🇯🇵 Kaiwa Video Class(၄၅၀၀၀) နဲ့ Pattern 2000 Kaiwa Program(၃၅၀၀၀) ဘယ်ဟာတက်သင့်လဲလို့မေးနေတဲ့သူတွေအတွက် Sensei Recommend ပေးချင်ပါတယ်။ Video Class ကတော့ Video Class ဆိုတဲ့အတိုင်း Video Lectures ပေါင်းများစွာကိုလေ့လာရမှာဖြစ်ပါတယ်။ Pattern 2000 ကတော့ Pattern ပေါင်းများစွာကို ဦးနှောက်ထဲကို Brute Force နဲ့ လေ့ကျင့်တာဖြစ်တဲ့အတွက် သူကတော့ တတ်မြောက်တာပိုမြန်ပြီး ဂျပန်သံအစစ်နဲ့ဖြစ်တဲ့အတွက် Listening ကိုပါလေ့ကျင့်ပြီးသားဖြစ်သွားပါမယ်ခဗျာ။ အချိန်မရတဲ့သူတွေ အမြဲတမ်းလေ့လာချင်တဲ့အပိုင်းကို ရွေးပြီးလေ့လာချင်တယ်ဆိုရင် Pattern 2000 ကို Recommend ပေးပါတယ်။ အချိန်ရရင်တော့ Video Class ကို Recommend ပေးပါတယ်ခဗျာ။ နှစ်ခုလုံးပေါင်းမယ်ဆိုရင်တော့ ၅၅၀၀၀ ကျပ်နဲ့ promotion ရပါမယ်ခဗျာ။ 💥

18/04/2026

👉🇯🇵 မတောင်းပဲ ပေးတဲ့ Review တွေမြင်ရင် ထခုန်ချင်လောက်အောင်ပျော်တာပါ🥰✨

18/04/2026

🇯🇵🙏 စဖွင့်ဖွင့်ချင်းမှာပဲ Patterns-2000 Kaiwa Program ကို ၆ ယောက်လောက် တက်ရောက်သွားတဲ့အတွက် တကယ်ကို မင်္ဂလာရှိသွားပါပြီ။ Kaiwa စကားပြောမှာ ပိတ်မိနေတဲ့သူတွေ Video Class တွေရော အပြင်တန်းတွေရော ဘယ်လောက်တက်တက်မရဘူးဆိုတဲ့သူ‌‌တွေ တကယ်တက်ကြည့်ပါ။ အဓိကက တကယ့်ဂျပန်သံအစစ်ကိုကြားဖူးကြားစနည်းလို့ မတိုးတက်ကြတာပါ။ ကြားနေကြဆိုရင် အလိုလို တိုးတက်ပါတယ်။ ဘာစာတစ်လုံးမှမသိတဲ့ ကလေးတွေ ဘာသာစကားကို အလွယ်တကူပြောနိုင်တာက နားထောင်ရင်း လေ့ကျင့်ရင်းနဲ့ပါ။ နောက်ပြီး Grammar Points တွေကို အောာရုံစိုက်ပြီး လေ့လာတာကမှားနေပါတယ်။ ဘယ်မွေးကင်းစကလေးကမှ Grammar တွေမသိပါဘူး။ ဒါပေမယ့်သူတို့ပြောနိုင်တာ များများနားထောင်ပြီးသူ့အလိုလို ပြောထွက်လာတာပါ။
Sensei ဆရာရယ်လို့မဖြစ်ခင်ကတည်းက တစ်နေ့ကျရင် ဒီလို Exposure များများ‌ပေးနိုင်တဲ့၊ တကယ့်ဂျပန်သံအစစ်နဲ့ နေရာအနေအထားကိုလိုက်ပြီးဘာပြောသင့်လဲဆိုတာ သင်ကြားပေးနိုင်မယ့် Program တွေလုပ်မယ်လို့တွေးခဲ့တာပါ။ အခုတော့တကယ်ဖြစ်လာပါပြီ။ နည်းပညာအရရော ဘာသာစကားပိုင်းမှာ ကူညီပေးခဲ့ကြတဲ့ မိတ်ဆွေတွေကိုလည်းကျေးဇူးအထူးတင်ပါတယ်ခဗျား။ 🇯🇵👑

18/04/2026

🔶 ငွေ ၃၅၀၀၀ ကျပ်တည်းနဲ့ ဂျပန်စကားပြော Pattern (၂၀၀၀) ကို အသံနဲ့တကွ လေ့ကျင့်နိုင်မယ့် အခွင့်အရေး! 🇯🇵✨

ဂျပန်စကားကို ရေရေလည်လည် ပြောချင်ပေမယ့် စာအုပ်တွေဖတ်ပြီး အလွတ်ကျက်ရတာ ငြီးငွေ့နေပြီလား? လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ အင်တာဗျူးမှာပဲဖြစ်ဖြစ် ယုံကြည်မှုရှိရှိ ဂျပန်လို ပြောနိုင်ဖို့ J.F.Y MYANMAR ရဲ့ Patterns-2000 Kaiwa Program က ကူညီပေးပါလိမ့်မယ်!
ဒီ Program မှာ ဘာတွေပါဝင်မလဲ? 👇

🎧 Pattern (၂၀၀၀) တိတိကို အသံနဲ့တကွ လေ့ကျင့်နိုင်ခြင်း
အခြေခံ နှုတ်ဆက်စကားတွေကနေစပြီး Tokutei လုပ်ငန်းခွင်သုံး၊ အင်ဂျင်နီယာသုံး၊ အင်တာဗျူးနဲ့ Keigo (ယဉ်ကျေးသောအသုံးအနှုန်း) တွေအထိ အသုံးအဝင်ဆုံး စကားပြော Pattern (၂၀၀၀) ကို Native အသံထွက်နဲ့တကွ နားထောင်ပြီး လေ့ကျင့်နိုင်ပါပြီ။

💻 ခေတ်မီဆန်းသစ်တဲ့ Interactive Program စနစ်
စာရွက်တွေ၊ PDF တွေ ဖတ်နေရတာမျိုး မဟုတ်ပါဘူး။ ကိုယ်လေ့ကျင့်ချင်တဲ့ စာကြောင်းကို နှိပ်လိုက်တာနဲ့ အသံချက်ချင်းထွက်လာမယ့် ခေတ်မီ Interactive Program စနစ်နဲ့ ပြုလုပ်ပေးထားလို့ အသံထွက်မှန်ကန်ဖို့နဲ့ နားရည်ဝဖို့ အထူးအာမခံပါတယ်။ (မြန်မာလို အဓိပ္ပါယ်တွေကိုလည်း ဖျောက်ထား/ဖော်ထား လုပ်လို့ရပါတယ်။)

📱 Telegram Private Group ဖြင့် အချိန်မရွေး လေ့ကျင့်နိုင်ခြင်း

သင်တန်းသားတွေအနေနဲ့ သီးသန့်ဖွဲ့စည်းထားတဲ့ Telegram Private Group ထဲမှာ Join ပြီး မိမိအားလပ်တဲ့အချိန်တိုင်း၊ နေရာမရွေး ဝင်ရောက်လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။

🔥 ဒီလို အဆင့်မြင့်စနစ်တွေ အကုန်လုံးပါဝင်တာကိုမှ သင်တန်းကြေးက ဘယ်လောက်လဲ?

(၁) သိန်း? (၅) သောင်း? မဟုတ်ပါဘူး။
သင်တန်းကြေး (၃၅၀၀၀) ကျပ် တည်းနဲ့ ဒီ Interactive Program တစ်ခုလုံးကို အပြီးအပိုင် ရယူပြီး Telegram Group ထဲမှာ ဝင်ရောက်လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။
ဂျပန်စာ N4/N3 အောင်ထားပေမယ့် စကားပြောဖို့ တွန့်ဆုတ်နေသေးရင်၊ လုပ်ငန်းခွင်မှာ ဂျပန်တွေနဲ့ ချောချောမွေ့မွေ့ ဆက်သွယ်ပြောဆိုချင်ရင် ဒီ Program လေးက သင့်အတွက် အကောင်းဆုံး လက်နက်တစ်ခု ဖြစ်လာမှာပါ။

👉 ဘယ်လို စာရင်းသွင်းရမလဲ?
အခုပဲ J.F.Y MYANMAR ရဲ့ Page Messenger (သို့မဟုတ်) Telegram ကနေတဆင့် Pattern-2000 Kaiwa Program တက်ချင်ပါတယ်" လို့ လာရောက်ဆက်သွယ်ပြီး Telegram Private Group ထဲကို Join နိုင်ပါတယ်ခဗျာ ✨

17/04/2026

✨🇯🇵အားလုံးမြန်မာ့နှစ်သစ်နှစ်ဆန်းတစ်ရက်နေ့မှာ အစစအရာရာအဆင်ပြေကြပါစေ။ စိတ်ရောကိုယ်ရောကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပေးပါတယ်ခဗျာ။ Japanese knowledge တွေ ပညာဒါနတွေလည်းထပ်ပြီးပေးဦးမှာမို့ Stay tuned ပေးပါ။ မိမိ သူငယ်ချင်းတွေကိုလည်း ဝေမျှပေးပါဦးနော်။ ဒီလထဲမှာပဲ ပညာဒါန ပေးစရာတွေအများကြီးရှိပါတယ်ခဗျာ။ 🇯🇵✨

Photos from Japanese For You Myanmar's post 14/04/2026

👉🇯🇵ဂျပန်တွေကို သင်္ကြန်အကြောင်းပြောမယ်💥

#日本語 #ဂျပန်စာလေ့လာကြမယ်

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address

Yangon