Teacher PHYU

Teacher PHYU ပြောင်းလဲလာသောသင်ရိုးသစ်စနစ်သစ်အတိုင်းသင်ကြားသောTrPHYU chem&phy teacher

12/02/2026

စာသင်ရတဲ့အလုပ်က ကျွန်မအတွက် တကယ်ကျေနပ်စရာ ပျော်စရာပါ... ဒါပေမယ့် စိတ်ညစ်တာတစ်ခုက သင်တန်းလခ ကျူရှင်ခတွေကို လစဉ် ၁၀ ရက်ကျော်ထိ မေ့နေကြတာကို လိုက်တောင်းရတာပါပဲ...

တစ်ချို့လဲ မတောင်းမချင်းမေ့နေကြတာရှင့် ... ဆရာတစ်ယောက်က လစာလိုက်တောင်းရတာ တကယ်အနေခက်တယ်ရှင့်... တစ်ခါတစ်လေ နောက်ကျတာ ဘာညာ နားလည်တယ်... ငွေမလည်သေးလို့ မပေးနိုင်သေးလို့လာပြောလဲ စောင့်ပေးတယ်... တစ်နေရာရာရောက်နေလို့ လွှဲမရသေးလို့ပါဆိုလဲ အေးဆေးပဲ...

ဒါပေမယ့် တစ်ချို့က လုံးဝကို ဂရုမစိုက်တာ... တစ်လတစ်လေ မဟုတ်ဘူးနော်... လတိုင်းတော့... ငါတောင်းလိုက်ရင် သူတို့အားနာသွားမလား... ငါ့တစ်မျိုးထင်မလား.. စိတ်ခုသွားကြမလား ဆိုပြီး.... ဘယ်တော့ပေးမလဲ ပေးချင်တဲ့အချိန်ပေးစမ်းဆိုပြီး လဝက်လောက်လွှတ်ပေးထားလဲ သတိကို မရကြတာတော့ 😁

နောက်လနားကပ်သွားရင် အငြင်းပွားစရာဖြစ်မှာစိုးလို့ တောင်းရပြန်ရော... ​အသပြာဆရာမလို့ ပြောခံရမှာလဲ ကြောက်ရသေးတယ်လေ 😁

လစဉ် သင်တန်ကြေးကောက်ပေးဖို့ service တောင် ငှားရမလိုပဲ... 😁😁

19/12/2025

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ
ပညာရေးဝန်ကြီးဌာန၊​မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကြေညာချက်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်

၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ကို အောက်ဖော်ပြပါ အချိန်စာရင်းအတိုင်း ကျင်းပသွားမည် ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်း

၁၁-၃-၂၀၂၆ (ဗုဒ္ဓဟူးနေ့)
နံနက် (၉:၀၀) နာရီ မှ (၁၂:၀၀) နာရီ အထိ — မြန်မာစာ

၁၂-၃-၂၀၂၆ (ကြာသပတေးနေ့)
နံနက် (၉:၀၀) နာရီ မှ (၁၂:၀၀) နာရီ အထိ — အင်္ဂလိပ်စာ

၁၃-၃-၂၀၂၆ (သောကြာနေ့)
နံနက် (၉:၀၀) နာရီ မှ (၁၂:၀၀) နာရီ အထိ — သင်္ချာ

၁၄-၃-၂၀၂၆ (စနေနေ့)
နံနက် (၉:၀၀) နာရီ မှ (၁၂:၀၀) နာရီ အထိ — ဓာတုဗေဒ နှင့် ပထဝီ

၁၅-၃-၂၀၂၆ (တနင်္ဂနွေနေ့)
စာမေးပွဲမရှိပါ (ကျောင်းသား/ကျောင်းသူများ စာကျက်ရန် အချိန်)

၁၆-၃-၂၀၂၆ (တနင်္လာနေ့)
နံနက် (၉:၀၀) နာရီ မှ (၁၂:၀၀) နာရီ အထိ — ရူပဗေဒ နှင့် သမိုင်း

၁၇-၃-၂၀၂၆ (အင်္ဂါနေ့)
နံနက် (၉:၀၀) နာရီ မှ (၁၂:၀၀) နာရီ အထိ — ဇီဝဗေဒ နှင့် ဘောဂဗေဒ

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို ၁၁-၃-၂၀၂၆ ရက်နေ့မှ ၁၇-၃-၂၀၂၆ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ပြီး တနင်္ဂနွေနေ့ တစ်ရက်သာ ပိတ်ရက် ဖြစ်ပါသည်။

21/09/2025

ကျောင်းလခ ၊ကျူရှင်လခ‌ တွေ သက်သာလာပါတယ်။ ငွေကြေးဖောင်းပွ မှုနဲ့ ယှဉ်ရင်ပေါ့ လေ။

တခြား ပစ္စည်းတွေက ဈေးနှုန်း ၃ ဆ နီးပါးတက်ပါတယ်။ ကျူရှင်လခ ၊ကျောင်းလခ က မတက်ပါ။တက်ရင်လည်း ၃ ဆ မရှိပါ။

ဒီတော့ ဘာဖြစ်လဲ။ ဆရာ/မ တွေ အရင်လို ငွေကြေး မပြေလည်တော့ဘဲ ကျောင်းသားပိုလက်ခံရ ၊အလုပ် ပိုလုပ်ကြရပါတယ်။ နားချိန် မရှိကြတော့ပါ။

ဝိုင်းတွေ ၊ကျူရှင်တွေ ထပ်မရ ရှာကြတဲ့ တချို့ ဆရာ၊ဆရာမ တွေ အသုံးအစွဲကို (၃) ဆ ချုံ့ရပါတော့တယ်။ ဟင်းနဲ့ ထမင်းတစ်နပ်၊ ဟင်းမပါဘဲ ထမင်း နှစ်နပ် စားရတာ က ပြဿနာ မရှိပေမယ့် ဆေးဖိုးဝါးခ ကိစ္စ မှာတော့ ဒုက္ခ တွေ့ကြရပါတယ်။
ဆေးဖိုးဝါးခ က (၅)ဆလောက် တက်ပြီး ၊ လျှော့ သောက် လို့လည်း မရတာမို့ အင်္ဂလိပ်ဆေးဝါးကို ရပ်ကာ ဆေးမြှီးတို့နဲ့ ပြီးရရှာပါတော့တယ်။ဒါ ဆရာ၊ဆရာမ အများစု လက်ရှိ ကြုံနေရတဲ့ အခြေအနေ မှန်ပါ။

တခြား ပစ္စည်းတွေ ဈေးတက်လို့ (၃) ဆ ပိုပေးရလည်း ဝယ်ကြပေမယ့် ပညာအလေးထားပါတယ်လို့ အော်ကြတဲ့ မိဘများက ဆရာ/မတွေကို လစာ (၃) ဆ အသာထား၊ (၂)ဆ တောင် တက်မပေးချင်ကြပါ။

စိတ်မကောင်း ဖြစ်ရပါတယ်။
Crd

စာသင်ခြင်းအနုပညာ စာသင်ကြားပေးခြင်းဆိုတာအနုပညာတစ်ခုပါပဲ။ စာတတ်တိုင်း စာသင်မတတ်နိုင်ပါဘူး။ သင်တန်းတတ်ပြီးတိုင်းလည်းစာသင်မတ...
26/05/2025

စာသင်ခြင်းအနုပညာ

စာသင်ကြားပေးခြင်းဆိုတာ
အနုပညာတစ်ခုပါပဲ။

စာတတ်တိုင်း
စာသင်မတတ်နိုင်ပါဘူး။
သင်တန်းတတ်ပြီးတိုင်းလည်း
စာသင်မတတ်နိုင်ပါဘူး။
စာအုပ်တွေဖတ်တိုင်းလည်း
စာသင်မတတ်နိုင်ပါဘူး။
စာသင်ကြားခြင်းမှာ ပုံသေနည်း Formula သတ်မှတ်လို့လည်း
မရနိုင်ပါဘူး။

ဒါတွေကို မယုံရင်
ဝေးဝေးမကြည့်ပါနဲ့။
မိမိပတ်ဝန်းကျင်ကိုပဲ
လေ့လာလိုက်ပါ။
မိမိကိုသင်ကြားပေးခဲ့တဲ့
ဆရာတွေကို ပြန်တွေးကြည့်ပါ။
မိမိရဲ့ စီနီယာတွေကို
ပြန်တွေးကြည့်ပါ။
မိမိနဲ့ တန်းတူသူတွေကို
ပြန်တွေးကြည့်နိုင်ပါတယ်။

ပညာအရည်အချင်းတူပေမယ့်
စာသင်ကောင်းခြင်း
စာသင်တတ်ခြင်း
မတူကြပါဘူး။

အသက်အရွယ်ချင်းတူပေမယ့်
စာသင်ကောင်းခြင်း
စာသင်တတ်ခြင်း
မတူကြပါဘူး။

ဘွဲ့ ဒီဂရီချင်း တူပေမယ့်
စာသင်ကောင်းခြင်း
စာသင်တတ်ခြင်း
မတူကြပါဘူး။

သင်တန်းဆင်း ကျောင်းဆင်းချင်းတူပေမယ့်
စာသင်ကောင်းခြင်း
စာသင်တတ်ခြင်း
မတူကြပါဘူး။

လုပ်သက်အတွေ့အကြုံချင်းတူပေမယ့်
စာသင်ကောင်းခြင်း
စာသင်တတ်ခြင်း
မတူကြပါဘူး။

နောက် ဆက်လေ့လာမယ်ဆိုရင်
ပညာအရည်အချင်း
နိမ့်ခြင်းမြင့်ခြင်းနဲ့လည်း
သတ်မှတ်လို့မရပါဘူး။

အသက်ငယ်ခြင်း အသက်ကြီးခြင်းနဲ့လည်း
သတ်မှတ်လို့ မရပြန်ပါဘူး။

လုပ်သက်နည်းခြင်း
လုပ်သက်များခြင်းနဲ့လည်း
သတ်မှတ်လို့ မရပြန်ပါဘူး။

ဟိုကျောင်း ဟိုသင်တန်းနဲ့လည်း
သတ်မှတ်လို့ မရပြန်ပါဘူး။

တကယ်တော့
စာသင်ကောင်းခြင်း
စာသင်တတ်ခြင်းက
သင်ယူ တတ်မြောက်ခဲ့တဲ့
သိထားတတ်ထားတဲ့ပညာ
ကိုယ်ပိုင်ဥာဏ်၊ ဖြတ်ထိုးဥာဏ်
တွေးခေါ်မြော်မြင်မှု
လေ့လာဆန်းသစ်မှု
အတွေ့အကြုံ
ပြောဆိုရှင်းပြနိုင်တဲ့စွမ်းရည်
ဆွဲဆောင်နိုင်မှု၊ ဆွဲခေါ်နိုင်မှု
ကိုးကားညွှန်းဆိုနိုင်မှု
တိကျပြတ်သားမှု
စသည်စသည်များ ပေါင်းစပ်ထားတဲ့
အနုပညာတစ်ခုသာ
ဖြစ်နေပါတော့တယ်။

Crd
17/03/2025

Crd

ဒီနိုင်ငံမှာ မိဘ၊ဆရာအများစုဟာ..ကြောက်တာကို..လေးစားမှုရယ်လို့မှားယွင်းထင်ကြတာများပါတယ်။Respectခေါ်တဲ့လေးစားမှုမှာချစ်ခင်ခ...
20/01/2025

ဒီနိုင်ငံမှာ မိဘ၊ဆရာအများစုဟာ..ကြောက်တာကို..လေးစားမှုရယ်လို့မှားယွင်းထင်ကြတာများပါတယ်။

Respectခေါ်တဲ့လေးစားမှုမှာ

ချစ်ခင်ခြင်း၊ မဟုတ်တာမမှန်တာကို ထိုသူရေမှ့ပြောရဲမလုပ်ရဲ ခြင်း၊ယုံကြည်ခြင်း၊ တန်ဖိုးထားခြင်း များပါဝင်တယ်။အဲ့အတွက်..ထိုသူပြောတာကိုလိုက်လုပ်တယ်၊နားထောင်တယ်။

ကြောက်တာကတော့

စိတ်မသက်မသာဖြစ်ခြင်း၊အသက်ရှုမဝခြင်း၊ မှန်တာမှားတာဘာမှသူ့ရှေ့မပြောရဲ ခြင်း၊အဆူခံရမှာအလကားနေကြောက်ခြင်း၊လိမ်ညာလိုခြင်း၊ထိုသူရှေ့အဆူမခံရအောင်နေခြင်း၊ မျက်နှာရအောင်နေထိုင်ခြင်းတို့ဖြစ်လာစေတယ်။

ကလေးတွေက..ကိုယ့်အပေါ်မှာ..Respect ဖြစိအောင်နေထိုင်သင့်ပါတယ်။

ကြောက်အောင် အကြောက်တရားနဲ့အုပ်ချုပ်
နေထိုင်ရင်တော့ လိမ်ပြီးခေါင်းမာတတ်တဲ့လူလိမ်မာများသာ.မွေးထုတ်လာမှာပါပဲ။

အကြောက်တရားများမှကင်းဝေးနိုင်ကြပါစေ

🇲🇲Read the passage ဖြေဆိုနည်းများ    *************************** - သတိပြုရန် အချက်များ ။ - မေးခွန်းစကားလုံးများ။ - Read ...
15/01/2025

🇲🇲Read the passage ဖြေဆိုနည်းများ
***************************

- သတိပြုရန် အချက်များ ။
- မေးခွန်းစကားလုံးများ။
- Read the passage အတွက် လှည့်ကွက်ဆန်များ။
- (Similar meaning) အဓိပ္ပါယ်တူစကားလုံးများဖြင့်လှည့်ခြင်း။
- Active to Passive လှည့်မေးခြင်း။
- Word form ပုံစံအမျိုးမျိုးလှည့်မေးခြင်း။
- Verb Form ပုံစံအမျိုးမျိုးလှည့်မေးခြင်း။
- တစ်ခုကိန်း အများကိန်းလှည့်မေးခြင်း။
- အငြင်းဝါကျနှင့် ရိုးရိုးဝါကျကို လှည့်မေးခြင်း။
- Grammar ပုံစံကိုသုံး၍ လှည့်မေးခြင်း။
- တိုက်ရိုက်မမေးသွယ်ဝိုက်၍ မေးခြင်း။
- Ving ကို မေး၍ V1 / V2 မေးခြင်း။
crd_to_owner_with_respect

14/11/2024

အသက် ၂၀လောက်တုန်းက အမေနဲ့မတည့် ၊ အဖေနဲ့မတည့် ၊ အိမ်နဲ့မတည့်နဲ့ပြသနာကတော်တော်ဆိုးဆိုးပဲ.. နေ့တိုင်းကို စိတ်ဒုက္ခလိုဖြစ်နေခဲ့တာ။ အဲ့လိုဖြစ်တိုင်း ကိုယ့်ရဲ့ mentor ကို အမြဲရင်ဖွင့်ပြီး သွားသွားငိုတယ်။

တနေ့ ဆရာကို ရင်ဖွင့်တော့ ဆရာ စကားတစ်ခွန်းပြောလိုက်တာ
တသက်လုံးစာ တခါထဲ မှတ်သွားတယ်။

" သမီးကကိုယ့်အလုပ်ကိုယ်မှမလုပ်တာ " အဲ့တာကြောင့်
အရာရာကပြသနာဖြစ်နေတာ တဲ့ ...

ဒီစကားတစ်ခွန်းက တစ်ဘ၀လုံးစာအတွက်အဖြေဖြစ်လာခဲ့တယ်။

ဘ၀မှာ ကိုယ့်အလုပ်ကိုယ် မလုပ်နေတဲ့အချိန်ဟာ $ပြသနာ အများဆုံးအချိန်တွေပဲ ။

ဟိုလူ့အာရုံစိုက်လိုက် ဒီလူ့အာရုံစိုက်လိုက် ၊ မကျေနပ်တာတွေ ကျေနပ်တာတွေအာရုံစိုက်လိုက် ၊ အတင်းပြောလိုက် ၊ အားနေလိုက် ၊ လောင်နေလိုက် နဲ့ တနေ့တနေ့ သောကတွေများ၊ အတွေးတွေများ၊ ပြသနာတွေများ။

ကိုယ့်အလုပ်ကိုယ် လုပ်နေတဲ့လူတစ်ယောက်မှာ သူများအကြောင်းစဉ်းစားဖို့အချိန်မရှိဘူး ၊ ထမင်းမဖြစ် ဟင်းမဖြစ်တဲ့ခံစားချက်တွေကိုပုံကြီးချဲ့နေဖို့အချိန်မရှိဘူး ၊ အရေးမပါတာတွေ အလုပ်မဟုတ်တာတွေကို နေရာပေးဖို့အချိန်မရှိဘူး ၊ အတွေးတွေနယ်ချဲ့ သောကများနေဖို့အချိန်မရှိဘူး။ အဲ့ပြသာနာတွေအားလုံးက ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ဖြတ်သန်းနေတဲ့လူတစ်ယောက်မှာ မရှိဘူး။

ဒါကိုနားလည်ပြီးတဲ့နောက်မှာ

အိမ်မှာနေတယ် .. ကိုယ့်အလုပ်ကိုယ်လုပ်တယ်။ မိသားစုနဲ့ပြသနာ နဲပြီးပိုအဆင်ပြေလာတယ်။

အလုပ်သွားတယ် .. ကိုယ့်အလုပ်ကိုယ်လုပ်တယ် .. ။ အလုပ်မှာတာဝန်ကျေပြီး လူတွေနဲ့ပြသနာနဲတယ်။

အမြဲတမ်းမှာ ကိုယ့်ဘ၀ကိုယ်အာရုံစိုက်တယ်။ ကိုယ့်လမ်းကိုယ်လျှောက်တယ် ။

ကိုယ့်အလုပ်ကိုယ်လုပ်နေတဲ့ အဲ့ဒီအချိန်ကစပြီး
ဘ၀က ပြသနာနဲပြီး အရာရာအဆင်ပြေလာခဲ့တယ်။

အဲ့တာကြောင့် အာရုံများလာရင် အမြဲတမ်းကိုယ့်ကိုယ်ကို သတိပေးတဲ့စာတစ်ကြောင်းက " ကိုယ့်အလုပ်ကိုယ်လုပ်ပါ။ "
Crd

03/11/2024

တဖက်လူကို
တလေးတစားဆက်ဆံတာ
ကိုယ်က နိမ့်နေလို့မဟုတ်ဘူး
Mutual Respect ရှိလို့"

02/11/2024

Welcome ဖြစ်တတ်တာတို့
appreciate လုပ်တတ်တာတို့
manners ကောင်းတာတို့
Ethics ရှိတာတို့ ဆိုတာတွေက
ငပေါလုပ်နေတာမဟုတ်ဘူး
Educated ဖြစ်တာနဲ့
ကျင်လည်ခဲ့ရတဲ့ပတ်ဝန်းကျင်ကောင်းရှိခဲ့တယ်ဆိုတာကို
သိသာစေတဲ့အချက်တွေပဲ

ဒါကိုနားလည်ဖို့ဆိုတာလည်း
ဘာသာပြန်တဲ့ Brain Lvl နဲ့ပဲ ဆိုင်တယ်။ 🙁

မေးခွန်းအဓိပ္ပါယ်ကောက်လွဲရင်နစ်နာသွားပြန်ရောပါမောက္ခ dr အောင်မြင့်သိန်း တင်ထားတာပါ
25/10/2024

မေးခွန်းအဓိပ္ပါယ်ကောက်လွဲရင်
နစ်နာသွားပြန်ရော
ပါမောက္ခ dr အောင်မြင့်သိန်း တင်ထားတာပါ

Address

Yangon

Telephone

+959401392035

Website

Alerts

Be the first to know and let us send you an email when Teacher PHYU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category