A+ Education Service Centre

A+ Education Service Centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from A+ Education Service Centre, School, Room 706, Lamin Tharyar Condo, Yangon.

08/02/2026

မင်္ဂလာပါရှင်
IGCSE အတန်း အတွက် သင်ရိုးကိုလေ့လာလိုသော ကျောင်းသားများနှင့် IGCSE အတွက်အခြေခံ သင်ခန်းစာများကို သင်ယူလိုသော ကျောင်းသားများအတွက် နွေရာသီ ၃ လ IGCSE Orientation အတန်းကို ဖွင့်လှစ် ပါမယ်ရှင်။
English
Mathematics
Combined Science
ICT
Computer Science ဘာသာများကို သင်ကြားပေးသွားပါမယ်ရှင်။

compact class size အဖြစ် ကျောင်းသားကျောင်းသူ ၃၀ဦး အထိသာ လက်ခံပေးသွားပါ့မယ်ရှင်။

School

မင်္ဂလာပါရှင်🔶 ညီမတို့ A Plus Tutors’ House မှ Oct/ Nov 2026 Cambridge/ Edexcel Awarding Body စာမေးပွဲ အတွက် ပြင်ဆင်လိုသ...
02/02/2026

မင်္ဂလာပါရှင်

🔶 ညီမတို့ A Plus Tutors’ House မှ Oct/ Nov 2026 Cambridge/ Edexcel Awarding Body စာမေးပွဲ အတွက် ပြင်ဆင်လိုသော ကျောင်းသားတွေအတွက် Intensive classes တွေရှိပါတယ်ရှင်။

📚ညီမတို့ A Plus Tutors’ House မှ May/ June 2026 Cambridge/ Edexcel Awarding Body စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အတွက် သက်ဆိုင်ရာ နယ်ပယ်မှ အတွေ့အကြုံရှိ ဆရာ၊ ဆရာများမှ Exam-focused အတန်းတွေကို သင်ကြားပေးမှာဖြစ်ပါတယ်ရှင့်။ 👨🏼‍🏫✨

🖊 ကျောင်းသား၊ ကျောင်းသူများ လိုအပ်ချက်အရ Individual class သို့မဟုတ် group session ဖြင့် မိမိတို့ နှစ်သက်ရာ နည်းလမ်းဖြင့် ဆရာ၊ ဆရာမများနှင့် ဆွေးနွေးတိုင်ပင် သင်ကြားနိုင်ပါသည်ရှင့်။ ⭐️
📌 Cambridge/ Edexcel နှစ်မျိုးလုံးအတွက် အောက်ပါ subjects တွေနဲ့ ပက်သက်ပြီး အတန်းတွေ ယူနိုင်ပါတယ်ရှင့်။


⭐️ Cambridge (CAIE)
• ICT (0417)
• Physics (0625)
• Mathematics (without Coursework) (0580)
• Additional Mathematics (0606)
• English as a Second Language (0510)
• Chemistry (0620)
• Biology (0610)

⭐️ Edexcel
• Biology (4BI1)
• Chemistry (4CH1)
• Computer Science (4CP0)
• English as a Second Language (4ES1)
• ICT (4IT1)
• Physics (4PH1)
• Mathematics A (4MA1)
• Mathematics B (4MB1)
• Further Pure Maths (4PM1)

📫 အသေးစိတ်သိရှိလိုပါက Page Messenger တွင်သောလည်းကောင်း Centre ကို လာရောက်၍သောလည်းကောင်း လာရောက် မေးမြန်းနိုင်ပြီဖြစ်ပါတယ်ရှင်။✨

📞 Phone Number
09-781817741
09-782276770

📍Address
Room No. (901), M4 Building, Kandawgyi Yeik Mon, Upper-Pansodan Road, Opposite of Rose Garden

A+ Tutors' House မှ ဝန်ထမ်းအသစ်များ ခေါ်ယူလျက် ရှိပါသည်။ CV form များကို aplus.ygn.mm@gmail.com သို့ပို့၍ လျှောက်ထားနိုင...
15/12/2025

A+ Tutors' House မှ ဝန်ထမ်းအသစ်များ ခေါ်ယူလျက် ရှိပါသည်။

CV form များကို [email protected] သို့ပို့၍ လျှောက်ထားနိုင်ပါသည်။ လူတွေ့ interview ရှိပါမည်ရှင်။ 🫶🏻✨

🔍 လျှောက်ထားနိုင်သည့် position များ -

1. Administrative Assistant
2. Student Service
3. Marketing

🌟 Requirements

- Any graduates ----for Administrative Assistant position

- Minimum Second Year ----for Student Service & Marketing

- Female 👩🏻
- Age: 18 ~ 32
-Working hour: 8:50 ~ 4:50
5 days/ week ( days are negotiable)

☎️ Phone Numbers
09-781817741 (Viber)
09-782276770

📬 Address
Room No. (901), M4 Building, Kandawgyi Yeik Mon, Upper-Pansodan Road, Opposite of Rose Garden.

A+ Tutors' House မှာ Higher Education အဆင့် collage နှင့် university တို့တွင် computer science နဲ့ computing ဘာသာရပ်များ...
19/10/2025

A+ Tutors' House မှာ Higher Education အဆင့် collage နှင့် university တို့တွင် computer science နဲ့ computing ဘာသာရပ်များကို သင်ယူနေသော ကျောင်းသား၊ကျောင်းသူများ အထောက်အကူဖြစ်စေရန် C++ သင်တန်းများကို သင်ကြားမှုအတွေ့အကြုံရှိသော ဆရာ၊ဆရာမများဖြင့် ဖွင့်လှစ်သင်ကြားပေးနေပါပြီ။

📬 IGCSE အကြောင်း၊ Training Centre အကြောင်းနှင့် တခြားသော အကြောင်းအရာများ သိရှိလိုပါက Page Messenger တွင်သော်လည်းကောင်း Centre ကို လာရောက်၍သော်လည်းကောင်း မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။✨

Phone Number
09-781817741
09-782276770

Address
Room No. (901), M4 Building, Kandawgyi Yeik Mon, Upper-Pansodan Road, Opposite of Rose Garden.

၂၀၂၆ -၂၀၂၇ ပညာသင်နှစ်အတွက် IGCSE Regular Class အတန်းများကို စတင်လက်ခံပါမည်။ Cambridge and Edexcel Awarding Body နှစ်ခုလု...
09/10/2025

၂၀၂၆ -၂၀၂၇ ပညာသင်နှစ်အတွက် IGCSE Regular Class အတန်းများကို စတင်လက်ခံပါမည်။ Cambridge and Edexcel Awarding Body နှစ်ခုလုံးအတွက် သက်ဆိုင်ရာ အတွေ့အကြုံရှိဆရာ ဆရာမများမှ သင်ကြားပေးမှာ ဖြစ်ပါတယ်။ Additional teaching များ မလိုအပ်အောင် အတန်းချိန်တွင် ထိရောက်စွာ သင်ကြားပေးမှာဖြစ်ပါတယ်။

📬 IGCSE အကြောင်း၊ Training Centre အကြောင်းနှင့် တခြားသော အကြောင်းအရာများ ဆွေးနွေးတိုင်ပင်လိုပါက Page Messenger တွင်သောလည်းကောင်း Centre ကို လာရောက်၍သောလည်းကောင်း လာရောက် မေးမြန်းနိုင်ပြီဖြစ်ပါတယ်ရှင်။✨

Training Centre နဲ့ ပတ်သတ်တဲ့ Announcements Post တွေကိုလည်း နောက်ပိုင်း A PLUS ရဲ့ Official Page ကနေပဲ တင်ပေးသွားမှာဖြစ်တာကြောင့် စောင့်ကြည့်ပေးထားကြပါအုံး။🫶🏻

Phone Number
09-781817741
09-782276770

Address
Room No. (901), M4 Building, Kandawgyi Yeik Mon, Upper-Pansodan Road, Opposite of Rose Garden.

09/08/2025

A PLUS Education Centre မှ IGCSE Exam Training များအတွက် A PLUS Tutors' House ကို နေရာအသစ်မှာ ပြန်လည်ဖွင့်လှစ်လိုက်ပါပြီပဲ ဖြစ်ပါတယ်ရှင့်။✨

🌟 October/November (W25) အတွက် Exam Preparation လုပ်ချင်တဲ့ သူတွေအနေနဲ့လည်း Individuals or Groups လိုက်လေး တွေရှိပါမယ်ရှင်။

Subject Syllabus Update နဲ့ Exam Regulation Update တွေနဲ့အညီ Candidate များ နားလည်အောင် လေ့ကျင့်ပေးသွားမယ့်အပြင် စာမေးပွဲဖြေဆိုဖို့အတွက်ကိုလည်း "ပွဲမဝင်ခင် အပြင်ကကျင်းပ"နိုင်မှာဖြစ်လို့ A Plus ရဲ့ New Location မှာ Join လို့ရပါပြီနော်~

Cambridge & Edexcel နှစ်မျိုးလုံးအတွက် အောက်ပါ Subjects တွေနဲ့ပတ်သက်ပြီး အတန်းတွေယူနိုင်ပါတယ်။

⭐ Cambridge - CIE
⁃ ICT 0417
⁃ CS 0478
⁃ Phys 0625
⁃ Maths (w/o course book) 0580
⁃ Additional Maths 0606
⁃ Eng 0510
⁃ Chem 0620
⁃ Bio 0610

⭐ Edexcel
⁃ Biology 4BI1
⁃ Chemistry 4CH1
⁃ Computer Science 4CP0
⁃ ESL 4ES1
⁃ ICT 4IT1
⁃ Physics 4PH1
⁃ Maths A 4MA1
⁃ Maths B 4MB1
⁃ Further pure maths 4PM1

📬 IGCSE အကြောင်း၊ Training Centre အကြောင်းနှင့် တခြားသော အကြောင်းအရာများ ဆွေးနွေးတိုင်ပင်လိုပါက Page Messenger တွင်သောလည်းကောင်း Centre ကို လာရောက်၍သောလည်းကောင်း လာရောက် မေးမြန်းနိုင်ပြီဖြစ်ပါတယ်ရှင်။✨

Training Centre နဲ့ ပတ်သတ်တဲ့ Announcements Post တွေကိုလည်း နောက်ပိုင်း A PLUS ရဲ့ Official Page ကနေပဲ တင်ပေးသွားမှာဖြစ်တာကြောင့် စောင့်ကြည့်ပေးထားကြပါအုံး။🫶🏻

Phone Number
09-781817741
09-782276770

Address
Room No. (901), M4 Building, Kandawgyi Yeik Mon, Upper-Pansodan Road, Opposite of Rose Garden.

School

A+ Education Centre  သည် 2006 ခုနှစ်မှ စတင်ကာ IGCSE  နှင့်  GCE O Level  ဖြေဆို၍  နိုင်ငံတကာ ကျောင်းများသို့ဆက်လက်တက်ရော...
27/05/2020

A+ Education Centre သည် 2006 ခုနှစ်မှ စတင်ကာ IGCSE နှင့် GCE O Level ဖြေဆို၍ နိုင်ငံတကာ ကျောင်းများသို့ဆက်လက်တက်ရောက်မည့် ကျောင်းသားများထူးချွန်စွာ အောင်မြင်ရေးအတွက် ကူညီ သင်ကြားပေးခဲ့သည်။ 2016 ခုနှစ်တွင် လမင်းသာယာ ကွန်ဒိုတွင် After School Class များဖွင့်လှစ်သင်ကြားခဲ့သည်။ ယခုအချိန်တွင် Online Course သင်ကြားပေး​နေပြီး Pandemic ကာလ ပြီးဆုံးသည့်အခါ တစ်ဦးချင်းဖြစ်စေ class များ တွင် ဖြစ်စေ တက်ရောက်နိုင်ပါသည်။

IGCSE စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားကျောင်းသူများအတွက် CAIE နှင့် EDEXCEL နှစ်မျိုးမှ သင်ယူလိုသည့် awarding အမျိုးအစားကို သီးသန့်စီ သင်ကြားပေးပါသည်။ After school (သို့) Private Learning သင်ကြားမှု ဖြစ်သည့်အတွက် ကျောင်းတက်ရောက်နေသည့် ကျောင်းသားဖြစ်စေ ၊ ကျောင်းပြင်ပမှ စာမေးပွဲဖြေလိုသည့် ကျောင်းသားဖြစ်စေ သင်ကြားနိုင်ပါသည်။ စာမေးပွဲသို့ Private ဝင်ရောက်ဖြေဆိုလိုသည့် ကျောင်းသားကျောင်းသူများအတွက် Exam registration ကိစ္စ အားလုံးကို နှစ်စဥ် တာဝန်ယူဆောင်ရွက်ပေးခဲ့ပါသည်။

A+ Education Centre တွင် သင်ယူနိုင်သော ဘာသာများမှာ အောက်ပါ အတိုင်းဖြစ်ပြီး တစ်ဘာသာချင်းမှ စ၍ ကျောင်းသားကျောင်းသူတစ်ဦးချင်း၏ လိုအပ်ချက်အတိုင်း ရွေးချယ် သင်ယူနိုင်ပါသည်။

Edexcel International GCSE (9-1) အတွက်

-Biology

-Chemistry

-Computer Science

-English as Second Language

-English Language A

-English Language B

-English Literature

-Further Pure Mathematics

-Human Biology

-Information and Communication Technology

-Mathematics A

-Mathematics B

-Physics

-Science (Double Award)

-Science (Single Award) တို့ဖြစ်ပါသည်။

Cambridge IGCSE အတွက်

-Additional Mathematics

-Biology

-Cambridge International Mathematics

-Chemistry

-Combined Science

-Computer Science

-English as a Second Language (Count-in Speaking)

-English as a Second Language (Speaking Endorsement)

-First Language English (Oral Endorsement)

-Information and Communication Technology

-Literature (English)

-Mathematics (without coursework)

-Physics တို့ဖြစ်ပါသည်။

14/01/2019

SINGAPORE - An examiner's bag containing 32 O-level additional mathematics scripts from Singapore was taken by mistake by another train passenger in Britain in November last year (2018).. Read more at straitstimes.com.

07/10/2016

ဆရာ ဆရာမ vs ကျောင်းသား ကျောင်းသူ

( ကို Zin Bo Aung ၏ post ကို ပြန်လည်ဝေမျှပါသည်)

Pupils vs Students
==============================
စင်ကာပူ အလယ်တန်း ပညာရေးစနစ် ရဲ့ စာသင်ကြားပုံတွေ ကို သမီးကြီး ပြန်ပြောပြလို့ သိလာရတာလေး ပြန်ရေးချပါမယ်။

ဆရာဆရာမ အများစုဟာ အသက် ၃၀ အောက် လူငယ်တွေ ၊ ကျောင်းသားကျောင်းသူတွေနဲ့ ရင်းရင်းနှီးနှီး dialouge လုပ်ကာ လိုချင်တဲ့ message ကို ပေးကြတယ် ၊ ကျောင်းသား ကျောင်းသူတွေ ကလည်း ဆရာ ဆရာမ တွေကို ရင်းရင်းနှီးနှီး ဆက်ဆံတယ် ဆိုရှယ်မီဒီယာ Facebook Instragam က အစ follow လုပ်ကာ ဆရာဆရာမ တွေရဲ့ ဘဝ အမှန်ကို သိကာ ရင်းနှီး မှု တခုကို တည်ဆောက်တယ်

အထူးသဖြင့် အလယ်တန်း အဆင့် နောက်ဆုံး နှစ် sec 4 မှာ ကျောင်းသား ကျောင်းသူ တွေရဲ့ ဘဝ ကို အဆုံး အဖြတ်ပေးမယ့် O level exam အတွက် ပြင်ဆင် သင်ကြား ပေးပုံ ကစိတ်ဝင်စားဖွယ် ကောင်းလှတယ် (မြန်မာနိုင်ငံမှာ ကျနော်တို့ ကျောင်းသား ဘဝ တုန်းက ဆယ်တန်းရောက်ရင် ကျောင်းမတက်တော့ဘဲ အပြင် ကျူ ရှင်သာ တက်တော့တဲ့ ဘဝ နဲ့တော့ အတော်လေး ကွာတယ်)

ကျောင်းသားကျောင်းသူတွေကို responsible students တွေ ဖြစ်အောင် သွန်သင်တယ် ၊ obedience pupils ဖြစ်အောင် မလုပ်ဘူး ဆိုတဲ့ အချက်ကို တွေ့ရတယ် ၊ ဆရာ နဲ့ ကျောင်းသား dialouge တွေကို ပြန်သိရတာ အတော်လေး ပွင့်လင်း ရဲတင်းမှု ရှိတာ တွေ့ရတယ် ၊ စင်ကာပူ နိုင်ငံရဲ့ population plan and crisis အကြောင်း သင်နေတဲ့ ဆရာမကို ကျောင်းသားတွေက ဆရာမ ကိုယ်တိုင် အိမ်ထောင်ပြု ထားပြီး ဘာကြောင့် သားသမီး မယူသေးတာလဲ ဒါကြေုာင့် singapore population ပြသနာ ရှိနေတာ ဆိုပြီး reply ပြန် လုပ်ရဲတယ့် အဆင့်ကို ရောက်နေပြီ

S*x education နဲ့ ပက်သက်လာလည်း gender မရွေး ရဲရဲ ဝင့်ဝင့် ပြောဆို ဆွေးနွေး နိုင်ဘို့ ဆရာဆရာမတွေက လူငယ်ဆယ်ကျော်သက်တွေကို မှန်ကန်တဲ့ knowledge တွေ အမြဲ မျှ ဝေပါတယ် ။

အထူးသဖြင့် ဘဝ အတွက် အနာဂတ် အတွက် responsible person အဖြစ် guide လုပ်ပေးရမှာ force to do ဆိုတာထက် မိမိဘဝ ကို မိမိ သိကာ တာဝန်ယူတတ်သူများ ဖြစ်အောင် လမ်းညွှန်ပေးတဲ့ သင်ကြားမှု စနစ်ကို သုံးပါတယ် ၊ home work တွေ ပေးလိုက်လို့ လုပ်လား မလုပ်လား ပြန်လည် အသေးစိတ် စစ်ဆေး မှုကို ဆရာဆရာမ တွေ အတင်းအကျပ်မလုပ်ပါ ၊ ကိုယ်လုပ်ရင် ကိုယ်ရမယ် ၊ ကိုယ်မလုပ်ရင် ကိုယ့်ဘဝ တက်လမ်း ဆုံးရှုံး မှု နဲ့ ရင်ဆိုင်ရမယ် ဆိုတဲ့ သတင်းစကားကိုသာ ကျောင်းသားလူငယ်တွေရဲ့ မှတ်ဥာဏ်မှာ စွဲနေအောင် ထည့်ပေးထာပါတယ် ။

23/08/2016

ကျောင်းသား
++++++++
မနေ့က မြန်မာပြည်မှာ စီမံခန့်ခွဲရေးပညာတွေ သင်နေတဲ့ ပုဂ္ဂလိကကျောင်း တကျောင်း အကြောင်း စကားစပ်မိတယ်။ ကျောင်းက နာမည်ကြီးသလို ဈေးလည်းကြီးတယ်။ UK နဲ့လည်းချိတ်ထားတယ်။ စာမေးပွဲ ဖြေချင်ရင်လည်း စီစဉ်ပေးတယ်။ ဆရာ၊ ဆရာမတွေကလည်း အသင်အပြကောင်း တယ်တဲ့။
အဲဒီမှာ နှစ်မျိုးကြားရတယ်။ နှစ်ဦးလုံးက သင်တန်းကျောင်း တက်နေတာ မဟုတ်တော့ တဆင့်ကြားပေါ့။ တယောက်က အသင်အပြကောင်းလို့၊ ဆက်ဆံရေးကောင်းလို့ သဘောကျတယ်။ ပေးရတာ တန်တယ်။ နောက်တယောက်က UK စာမေးပွဲ အဆင်ပြေအောင် လုပ်ပေးမယ်ဆိုပြီး မလုပ်ပေးလို့ ပိုက်ဆံလိမ်ယူတယ်ပေါ့။ အဆင်ပြေအောင် ဆိုတာ ဘာကို ဆိုလိုလဲတော့ အတိအကျ မသိဘူး။
သင်တန်းဘယ်လောက် ကောင်းကောင်း ကျောင်းသားပေါ် အများကြီးမူတည်တယ်။ ကိုယ်တွေ့တခု လောက် ပြောပြမယ်။ ကြွားတာတော့ မဟုတ်ပါဘူး။ အခုခေတ်မှာ နိုင်ငံခြားက ဘွဲ့ရတာ မဆန်းတော့ပါဘူး။ အခု ခေတ်လူငယ်တွေ ကျေနော်တို့ခေတ်ထက် အများကြီးတော်ပါတယ်။ လေ့လာအား သင်ယူအားကောင်းတယ်။တချို့တွေရေးတဲ့ အင်္ဂလိပ်လို ဆောင်းပါးတွေ ကမ္ဘာ့အဆင့်မီပါ။
အင်္ဂလန်စရောက်တော့ အင်္ဂလိပ်စာ မီးကျိုးမောင်းပျက်တတ်ပါတယ်။ အမေရိကန် အင်္ဂလိပ်စာတွေ စကားပြောတွေ သင်ခဲ့သူမို့ ဗြိတိသျှ အင်္ဂလိပ်က အတော်ကို ဒုက္ခပေးပါတယ်။ ဒီလိုနဲ့ သုံးနှစ်လောက် အလုပ်လုပ်ရင်း အင်္ဂလိပ်စာ သင်တန်းတွေ တက်တယ်။ ဖြစ်နိုင်လောက်ပြီ ထင်တော့ တက္ကသိုလ် တက်တယ်။
အဲဒီကျမှ ကိုယ့်အင်္ဂလိပ်စာ ဘယ်လောက် အားနည်းလဲဆိုတာ သဘောပေါက်တော့တယ်။ ပထမနှစ် စတက်တော့ လက်ချာခန်းကျယ်ကြီးထဲမှာ သင်တဲ့ဆရာပြောတာ ဘာမှ ရေရေရာရာ နားမလည်ဘဲ လက်ချာပြီးခဲ့ရတာ အကြိမ်ကြိမ်။ ဒီကြားထဲ အိုင်းရစ်ဆရာ၊ စကော့တစ်ဆရာတွေနဲ့ တွေ့ရင် ပိုဆိုး။ ဘာပြောလို့ ပြောမှန်း နားမလည်။ ဟာသပြောလို့မှ မရယ်နိုင်တဲ့ဘဝ။
ကိုယ့်အခန်းထဲက စာကြည့်စားပွဲမှာ ထိုင်ရင်း မျက်ရည်ပေါက်ပေါက် ကျဖူးတယ်။ စိတ်ညစ်လွန်းလို့ ကျောင်းထွက်ဖို့ ကြိုးစားဖူးတယ်။ ဒါပေမဲ့ ပြန်စဉ်းစားတယ်။ အသက်၂၇နှစ်ရှိပြီဖြစ်တဲ့ငါ ဒီတပွဲ အရူံးပေးလိုက်ရင် ဘဝမှာ တိုက်ပွဲတွေ အကြိမ်ကြိမ် ရူံးတော့မှာပဲ။ သူသေကိုယ်သေ ချမယ်ကွာ လို့ အားတင်းတယ်။
ရှိတဲ့ပိုက်ဆံလေးနဲ့ အသံဖမ်းစက် ဝယ်တယ်။ အတန်းရဲ့ရှေ့ဆုံးမှာ ဆရာရှေ့တည့်တည့် ထိုင်ပြီး အသံသွင်းတယ်။ ပြီးရင် စာကြည့်တိုက်သွားပြီး ရစ်လိုက် ပြန်နားထောင်လိုက် လုပ်ပြီး လက်ချာလိုက်တယ်။ ရည်ညွန်းစာအုပ်တွေထဲက အခန်းတွေ သူများက တရက်ဖတ်ရင် ကိုယ်က သုံးရက် ဖတ်ရတယ်။ အက်ဆေးတပုဒ်ကို သူများက တနာရီအတွင်းရေးရင် ကိုယ်က တညလုံးရေးရတယ်။
ခြောက်လလောက် လုပ်လိုက်တော့ ဆရာတွေ ပြောတာ နားလည်လာတယ်။ ဖတ်နိုင်လာတယ်။ အကောင်းချည်း မဟုတ်တောင် ရေးနိုင်လာတယ်။ ပထမနှစ်ပြီးတော့ အင်္ဂလိပ်ဘာသာက လွဲရင် ကျန်တာ ဂုဏ်ထူးထွက်တယ်။ အင်္ဂလိပ်ကလည်း အပိုယူတာပါ။ ဘယ်ကျောင်းသားမှ မယူဘူး။ ကိုယ်နဲ့ တရုတ်သုံးယောက်ပဲ ရှိတယ်။
ဘဝမှာ ကျန်တာတွေ ဂုဏ်ယူချင်မှ ယူမယ်။ အဲဒီ ကျောင်းသားဘဝ သုံးနှစ်ကိုတော့ ဂုဏ်ယူတယ်။ လုံလအစိုက်ရဆုံးကာလတွေပေါ့။ ဆရာအောင်သင်းပြောတဲ့ တချောင်းတည်းစိတ် ရှိခဲ့တဲ့ အချိန်တွေ။ ရုပ်ရှင်ရုံမှာ လက်မှတ်ရောင်း၊ ပေါက်ပေါက်ရောင်း၊ အမှိုက်ကောက်ပြီး First Class ရအောင် ယူနိုင်ခဲ့လို့ ဂုဏ်ယူတယ်။
ကျောင်းသားက မပါရင် ဘယ်လောက်တော်တဲ့ ဆရာ၊ ဘယ်လောက် ကောင်းတဲ့ကျောင်း က ဘယ်လိုကတိတွေပေးပေး မဖြစ်ပါဘူး။ မိုးရွာတာ တူရင် ရေခံပုံ ခံနည်းကွဲတယ်။ ခံတတ်ရင် သူများထက် မိုးရေပိုရမယ်။ဒါက ကိုယ့်ဘာသာ ရခဲ့တဲ့ ဘဝသင်ခန်းစာတခုပေါ့။ မျှဝေခြင်းသာ။ ။
______________________
AKMoe 2016/08/23
Courtesy of Ko Aung Kyaw Moe

IGCSE သီးသန့် အတွေ့အကြုံ ကြီးမားသော ဆရာ၊ ဆရာမများမှ သင်ကြားပေးပါမည်။တစ်ဘာသာချင်းကိုသော်လည်းကောင်း၊ ဘာသာတွဲများကိုသော်လည်...
08/06/2016

IGCSE သီးသန့် အတွေ့အကြုံ ကြီးမားသော ဆရာ၊ ဆရာမများမှ သင်ကြားပေးပါမည်။

တစ်ဘာသာချင်းကိုသော်လည်းကောင်း၊ ဘာသာတွဲများကိုသော်လည်းကောင်း သင်ယူနိုင်ပါသည်။

Address

Yangon
11011

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959755899505

Website

Alerts

Be the first to know and let us send you an email when A+ Education Service Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to A+ Education Service Centre:

Shortcuts

Share

Category