23/04/2024
ဂျပန်မှာ၊ ကျောင်းပြီးသွားတဲ့အခါ အလုပ်ဝင်တဲ့ ကျောင်းသားဦးရေ တစ်နှစ်ထက်တစ်နှစ်တိုးနေပါတယ် 💓
ကျောင်းသားတွေ ဝင်လေ့ရှိတဲ့ အလုပ်အမျိုးအစားတွေထဲက top ten ကိုအောက်ကဇယားမှာ လေ့လာနိုင်ပါတယ်။
引用、
Language School & Educational Consultant
23/04/2024
ဂျပန်မှာ၊ ကျောင်းပြီးသွားတဲ့အခါ အလုပ်ဝင်တဲ့ ကျောင်းသားဦးရေ တစ်နှစ်ထက်တစ်နှစ်တိုးနေပါတယ် 💓
ကျောင်းသားတွေ ဝင်လေ့ရှိတဲ့ အလုပ်အမျိုးအစားတွေထဲက top ten ကိုအောက်ကဇယားမှာ လေ့လာနိုင်ပါတယ်။
引用、
23/04/2024
人生に「答え」はなく
「選択」があるだけです
自分が決めたことを「正解」に
していくことが大切です
လူ့ဘဝမှာ အဖြေ ဆိုတာမရှိပါဘူး
ရွေးချယ်မှုတွေကြီးပါပဲ။
ကိုယ်ဆုံးဖြတ်ထားတဲ့အရာတစ်ခုကို
အမှန်ဖြစ်အောင်လုပ်သွားဖို့က အဓိကကျပါတယ်။
အားလုံးပဲ ရွေးချယ်မှုတွေမှန်ကန်ကြပါစေ 🍀
22/04/2024
#母の日 ははのひ
💐မြန်မာမှာတော့ ပြာသိုလပြည့်နေ့ဟာ အမေများနေ့ဖြစ်ပေမဲ့ ဂျပန်နဲ့ အနောက်တိုင်းတွေမှာတော့ မေလရဲ့ ဒုတိယမြောက်တနင်္ဂနွေနေ့ဟာ အမေများနေ့ဖြစ်ပါတယ်တဲ့။ ဆိုတော့ နှစ်တိုငိး အမေများနေ့ရဲ့ ရက်ဟာမတူပါဘူး။ ဒီ ၂၀၂၄ ဆို အမေများနေ့က မေလ ၁၂ရက်နေ့ပါ။
💐လွန်ခဲ့တဲ့ နှစ်၁၀၀လောက်က အမေရိကန်နိုင်ငံမှာ Anna Maria Jarvis ဆိုတဲ့အမျိုးသမီးတစ်ယောက်က သူ့အမေဆုံးတဲ့အထိမ်းအမှတ်နဲ့ ဘုရားကျောင်းမှာ ကာနေးရှင်းပန်း (carnation flower) တွေဝေရာကနေ စတင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကနေတဆင့် ဂျပန်ကိုရောက်လာတယ်လို့ သိရပါတယ်။
💐ဂျပန်မှာတော့ အမေများနေ့မှာ အမေတွေဆီ အိတ်၊ အသုံးအဆောင်၊ စားစရာစသဖြင့် လက်ဆောင်တွေပို့ပေးကြတယ်။ ပန်းဆိုင်တွေမှာလည်း carnation ပန်းတွေကို ဝေဝေဆာဆာပြင်ဆင်ထားလေ့ရှိပြီး ပန်းစည်း၊ ပန်းခြင်းတွေ အဝယ်များကြပါတယ်။
💐Online site တွေကနေလည်း လက်ဆောင်တွေအဝယ်များကြပြီး များသောအားဖြင့် ¥5000-¥8000 (မြန်မာငွေ ၁သိန်းကျော် - ၂သိန်း)ကြား သုံးကြပါတယ်တဲ့။ အသက်အရွယ်အလိုက် / ကိုယ်သုံးချင်တဲ့ငွေပမာဏအလိုက်ရွေးရလွယ်အောင်လည်း ဆိုင်တွေက စီစဉ်ပေးထားကြတယ်။
💐အားလုံးရော အမေများနေ့မှာ ပုံမှန်နဲ့မတူတဲ့ ဘာလေးတွေ လုပ်ပေးဖြစ်၊ လက်ဆောင်ပေးဖြစ်လဲ ☺️💐
良かったらいいねとシェアよろしくね💓
22/04/2024
#朝礼
ဂျပန်ကုမ္ပဏီအများစုမှာ မနက်ပိုင်း 朝礼(ちょうれい)လို့ခေါ်တဲ့ Morning Meeting လေးလုပ်လေ့ရှိပါတယ်။ တိုက်ရိုက်ဘာသာပြန်ရင်တော့ မနက်ပိုင်းအလေးပြုတယ်ပေါ့…
朝礼မှာတော့ Team member တစ်ဦးချင်းစီက ကိုယ်တနေ့တာ ဘာတွေလုပ်မလဲဆိုတာကို ကိုယ့် team နဲ့ ကိုယ့် Manager ကိုအသိပေးတဲ့ Meeting လေးဖြစ်ပါတယ်။
ဒီမှာ Manager တွေ Team Member တွေကလဲ ကိုယ်လုပ်မယ့် လုပ်ငန်းစဉ်အသေးစိတ်နဲ့ပတ်သက်ပြီးမေးမြန်းတာ ဝင်ရောက်ဆွေးနွေးတာတွေလုပ်ကြပါတယ်။
朝礼ကိုလုပ်တဲ့ ရည်ရွယ်ချက်ကတော့ ဝန်ထမ်းတွေရဲ့တနေ့တာအလုပ်တာဝန်တွေကို သိရုံတင်မကပဲ ဝန်ထမ်းတွေနဲ့အထက်လူကြီးတွေရဲ့ Communication ပိုကောင်းလာဖို့၊ အလုပ်အတွက် Motivation ရဖို့အတွက်ဖြစ်ပါတယ်။
နောက်နေ့လေးတွေမှာလဲ ဒီလိုမျိုး ဂျပန်နိုင်ငံနဲ့ဆိုင်တဲ့ဗဟုသုတလေးတွေ တင်ပေးအုံးမှာမို့လို့ page လေးကို Like & Follow လေးလုပ်ထားဖို့မမေ့ပါနဲ့နော်🇯🇵
Photo crd to original owner
—————————
22/04/2024
🙅🏼♀️🚨
22/04/2024
#ことわざ
ဒီနေ့မိတ်ဆက်ပေးမယ့်စကားပုံလေးကတော့…..
[ことわざ]
「石橋を叩いて渡る」(いしばしをたたいてわたる)
“ကျောက်တံတားကို ထုရိုက်ကြည့်ပြီးမှ ဖြတ်ကူးတယ်”
[意味]
どんなに安全そうなことでも十分に確認してから行動することのたとえ。
အဓိပ္ပါယ်လေးကတော့ ဘယ်လောက်တောင် သေချာတဲ့ အန္တရာယ်ကင်းတဲ့အရာပဲဖြစ်ပါစေ သေချာစမ်းစစ်လေ့လာပြီးမှ ပြုလုပ်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
ဘယ်လိုစာကြောင်းမျိုးမှာသုံးလဲဆိုရင်…
[例文]
彼は何事にも石橋を叩いて渡る。
သူကဘယ်အရာကိုမဆို သေချာလေ့လာစမ်းစစ်ပြီးမှလုပ်တတ်တယ်။
#ဂျပန် #ことわざ
Photo Credit to original owner
ဂျပန်ကိုခုမှစသွားမယ့် မောင်ငယ်ညီမငယ်လေးတို့အတွက် လေယာဉ်ပေါ်ကဆင်းတာနဲ့ လေဆိပ်မှာဘာတွေဘယ်လိုဖြတ်ရလဲဆိုတာကို ရှင်းပြထားတာလေးပါ။
လိုရင်းတိုရှင်းလေးမို့ ကြည့်ကြည့်ပါနော်
Credit to original owner
22/04/2024
#今日の読み物
🌸ချုပ်တည်းထိန်းချုပ်စရာ(ရှောင်စရာ)မလိုတဲ့ အရာ (၁၀) မျိုးတဲ့ 🌸
#遠慮(えんりょ)しなくていい 10のこと
🌸誰(だれ)かを好き(すき)になること
တစ်စုံတစ်ယောက်ကို ချစ်ဖို့
🌸その人(ひと)を好き(すき)でいること
အဲဒီလူကိုဆက်ချစ်နေဖို့
🌸自分(じぶん)を貫く(つらぬく)こと
ကိုယ့်ကိုယ်ကို သစ္စာရှိဖို့
🌸思い(おもい)切り(きり)笑う(わらう)こと
အားရပါးရရယ်မောဖို့
🌸思い(おもい)切り(きり)泣く(なく)こと
အားရပါးရငိုဖို့
🌸愛情(あいじょう)を言葉(ことば)と形(かたち)にすること
ချစ်ကြောင်း၊ မေတ္တာရှိကြောင်းကို စကားလုံးနဲ့ဖြစ်ဖြစ်၊ အပြုအမူနဲ့ဖြစ်ဖြစ် ပြသဖို့
🌸誰か(だれか)に頼る(たよる)こと
တစ်စုံတစ်ယောက်ကို အားကိုးဖို့
🌸素直(すなお)な感情(かんじょう)を見(み)せること
ကိုယ့်ရဲ့စိတ်ခံစားချက်ကို ရိုးရိုးသားသားဖွင့်ပြဖို့
🌸「ありがとう」を伝(つた)えること
"ကျေးဇူးတင်ပါတယ်" လို့ ပြောပေးဖို့
🌸幸せ(しあわせ)になること
ပျော်ပျော်ရွှင်ရွှင်နေဖို့
ဒီထဲက တချို့အရာတွေက လွတ်လပ်တဲ့လူတွေ၊ ဖြူစင်တဲ့ချစ်ခြင်းမေတ္တာတွေအတွက်ပဲ ဖြစ်သင့်ပါတယ်။
🙅🏼♀️မိသားစုတွေပြိုကွဲအောင်လုပ်တာမျိုးတော့ မဖြစ်ရဘူးပေါ့နော်🙅🏼♀️
22/04/2024
ရောထွေးလွယ်တဲ့ Feeling နဲ့ပတ်သက်တဲ့စကားလုံး အသုံးပြုပုံလေးတွေကို ဥပမာ video လေးတွေနဲ့ရှင်းပြထားတဲ့ eLearning video website link လေးပါ😊😊
စိတ်ဝင်စားဖို့ကောင်းလို့ ဝင်လေ့လာကြည့်နော်
https://www.hikidasu.jpf.go.jp/jp/corner/onomatopoeia/
Photo from Hikidasu Japan
Photo Credit to owner
22/04/2024
ဒီနေ့မှာတော့ ဂျပန်ဗီဇာနဲ့ ပတ်သတ်ပြီး sharing လုပ်ချင်ပါတယ်။
များသောအားဖြင့် 査証(さしょう)VISA နဲ့ 在留資格(ざいりゅうしかく) residential status ကို အတူတူပဲလို့ ထင်တဲ့လူတွေ များပါတယ်။ တကယ်က မတူပါဘူးနော် ☺️
査証(さしょう)VISA ဆိုတာ ဂျပန်နိုင်ငံထဲကို ဝင်ဖို့ သံရုံးမှာ ဗီဇာသွားလျှောက်တဲ့အခါ passport မှာကပ်ပြီး ထုတ်ပေးလိုက်တဲ့ ပြည်တွင်းဝင်ရောက်ခွင့်ပါ။ 🌸
အမျိုးအစား ၈ မျိုးရှိပါတယ်။
1. 外交査証 (がいこうさしょう)
သံအမတ်၊ သံဝန်ထမ်းဗီဇာ
2. 公用査証 (こうようさしょう)
အစိုးရဝန်ထမ်းဗီဇာ
3. 就業査証 (しゅうぎょうさしょう)
အလုပ်၊ ကျန်းမာရေး၊ သာသနာ၊ ကျောင်းဆရာ၊ reporter စသဖြင့် အလုပ်နဲ့ပတ်သတ်တဲ့ ဗီဇာ
4. 一般査証 (いっぱんさしょう)
ကျောင်းသား၊ မိသားစု၊ training၊ researcher စသဖြင့် ပညာရေး၊ သင်ယူမှုနဲ့ပတ်သတ်တဲ့ ဗီဇာ
5. 短期滞在査証 (たんきたいざいさしょう) ၁၅ရက်ကနေ ရက်၉၀ အတွင်းပဲနေထိုင်ခွင့်ရှိတဲ့ ရက်တိုဗီဇာ
6. 通過査証 (つうかさしょう)
သူလည်း အတူတူပဲ။ ၁၅ရက်ကနေ ရက်၉၀ အတွင်းပဲနေထိုင်ခွင့်ရှိတဲ့ ရက်တိုဗီဇာ
7. 特定査証 (とくていさしょう)
ဂျပန်လူမျိုး/မြန်မာလူမျိုး PRရထားတဲ့လူနဲ့ လက်ထပ်ထားတာ၊ long-term resident ကိုင်ထားတဲ့လူတွေအတွက် ဗီဇာ
8. 医療滞在査証 (いりょうたいざいさしょう)
နိုင်ငံရေးကြောင့်နေရပ်ပြန်မရတဲ့လူတွေ၊ ဆေးလာပြတဲ့လူတွေ စသဖြင့် အကြောင်းတစ်ခုခုကြောင့် အပေါ်က ၇ မျိုးထဲမှာ အကြုံးမဝင်တဲ့ လူတွေအတွက် ထုတ်ပေးတဲ့ ဗီဇာ ဆိုပြီးတော့ပါ။
永住権(えいじゅうけん) PR (Permanent Residence) ရထားတဲ့လူတွေကတော့ ဗီဇာလျှောက်စရာ မလိုတော့ပါဘူးတဲ့ 😇
အဲ ကဒ်လေးပြပြီး ဂျပန်ကို ကြိုက်သလိုဝင်နိုင်ထွက်နိုင်ပါတယ်တဲ့နော် 🥰
ကဲ..က်ိုယ်က ဘာနဲ့လာမှာလဲပေါ်မူတည်ပြီး ဘယ်ဗီဇာလျှောက်မှာလဲဆိုတာ သိပြီပေါ့နော် 😉
နောက်နေ့တွေမှာတော့ 在留資格(ざいりゅうしかく) residential status နဲ့ပတ်သတ်ပြီး တင်ပေးမယ်နော် ☺️
いいねとシェアおねがいします〜🙇♀️🌼
Photo from
22/04/2024
————▪️Hou Ren Sou(報 連 相) ▪️————-
ဒီနေ့မှာတော့ မင်မင်က ဂျပန်နိုင်ငံရဲ့ကုမ္ပဏီလုပ်ငန်းခွင်မှာ အရေးကြီးတဲ့ Business manner လေးတစ်ခုအကြောင်း sharing လုပ်ချင်ပါတယ်
Business manner လေးတွေထဲကမှ ပထမဆုံးတခုအနေနဲ့ ❗️Hou Ren Sou(報 連 相) ❗️ဆိုတဲ့အသုံးအနှုန်းလေးရှိပါတယ်။ ဒါကတော့ ကုမ္ပဏီလုပ်ငန်းမှမဟုတ်ပဲ ဘယ်အလုပ်မှာမဆို လုပ်ကိုလုပ်သင့်တဲ့ ဂျပန်လူမျိုးတွေရဲ့ business manner လေးတစ်ခုပါ
အဲ့တော့ တစ်လုံးချင်းစီက ဘာအဓိပ္ပါယ်လဲဆိုတာ ကြည့်ရအောင်…
Hou Ren Sou(報 連 相)
🎨報(Hou) - ဂျပန်စာလုံး 報告(ほうこく) ရဲ့ အတိုကောက် ဖြစ်ပြီး report တင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်
အထက်လူကြီးကခိုင်းလိုက်တဲ့အလုပ်ကို စမလုပ်ခင်မှာ ဒီလိုပုံစံလုပ်လိုက်ပါမယ်ဆိုပြီး လုပ်ပုံအဆင့်ဆင့်ကိုတင်ပြတာမျိုး၊ လုပ်ငန်းပြီးစီးသွားတဲ့အခါမှာလဲလုပ်ငန်းရဲ့ procedure ဘယ်လိုပြီးစီးသွားကြောင်း အသေးစိတ် Report တင်ပြတာမျိုးကိုဆိုလိုတာပါ။
🎨連(Ren) - ဂျပန်စာလုံး 連絡(れんらく)ရဲ့ အတိုကောက်ဖြစ်ပြီး ဆက်သွယ်ခြင်း၊ အကြောင်းကြားခြင်းလို့ အဓိပ္ပါယ်ရပါတယ်
အလုပ်စမယ့်အချိန်မှာ အခုချိန်ကစပြီး စလုပ်ပါတော့မယ်ဆိုပြီး အထက်လူကြီးကိုအသိပေးအကြောင်းကြားပြီး အလုပ်ပြီးစီးသွားတဲ့အခါမှာလဲ အလုပ်ပြီးဆုံးကြောင်း ဆက်သွယ်အကြောင်းကြားခြင်းကိုပြုလုပ်ရတာမျိုးကိုဆိုလိုပါတယ်။
🎨相(Sou) - ဂျပန်စာလုံး 相談(そうだん)ရဲ့ အတိုကောက်ဖြစ်ပြီး တိုင်ပင်ခြင်း အကြံရယူခြင်းလို့ အဓိပ္ပါယ်ရပါတယ်
အလုပ်လုပ်နေချိန် မမျှော်လင့်တဲ့ ပြဿနာနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ အမှားလုပ်မိတဲ့အခါမျိုးမှာ
ကိုယ့်ဘာသာဆုံးဖြတ်ပြီးလုပ်လိုက်တာထက် ကိုယ့်ထက်အတွေ့အကြုံရင့်ကျက်တဲ့ အလုပ်ရှင်၊ အထက်လူကြီးတွေကို အမှန်အတိုင်းတိုင်ပင်ဆွေးနွေးပြီး အကြံရယူဖို့လိုတယ်လို့ဆိုလိုတာပါ။ အဲ့လိုတိုင်ပင်ဆွေးနွေးခြင်းကနေ အောင်မြင်တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်လာနိုင်တယ်လို့ဂျပန်လူမျိုးတွေယုံကြည်ကြလို့ပါပဲ
‼️ဒါတွေဟာ ဂျပန်လူမျိုးတွေအနေနဲ့ မပြောလဲသိနေရမယ်ဆိုတဲ့ Manner တစ်ခုဖြစ်တဲ့အတွက် မင်မင်တို့နိုင်ငံခြားသားတွေ ဂျပန်ကုမ္ပဏီ လုပ်ငန်းခွင်စဝင်တဲ့အခါ အများဆုံးကြုံတွေ့ရတဲ့အခက်အခဲတစ်ခုဖြစ်လို့ ဒါလေးကိုလုပ်ငန်းခွင်မဝင်ခင်ကြိုတင်သိထားရင် မိမိအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ရှင်😊😊
နောက်နေ့လေးတွေမှာလဲ ဒီလိုမျိုး ဂျပန်နိုင်ငံနဲ့ဆိုင်တဲ့ဗဟုသုတလေးတွေ တင်ပေးအုံးမှာမို့လို့ page လေးကို Like & Follow လေးလုပ်ထားဖို့မမေ့ပါနဲ့နော်🇯🇵
#ဂျပန်
22/04/2024
လွန်ခဲ့တဲ့၁၀နှစ် ဂျပန်ရောက်စကဖြေတုန်းကတော့ အောင်ရုံလေးပဲရခဲ့တဲ့ N1အမှတ်ကို အခု ကျွန်မ education field ထဲ ပြန်ဝင်မယ်ဆိုတော့ ပြန်ဖြေဖြစ်တယ်။ အမှတ်ပြည့်ရဖို့ ၃ မှတ်လိုဆိုတော့ ကျေနပ်ပါတယ် 🥰
သင်ဆရာ မြင်ဆရာတွေကိုလည်း ဒီနေရာကနေပဲ ကျေးဇူးတင်ကြောင်း ပြောပါရစေရှင် 🙇♀️
ဂျပန်စာကို ကြိုးစားနေကြတဲ့ မိနစံတို့လည်း သိချင်တာရှိရင် လာမေးလို့ ရပါတယ်နော် 💓