
  • Home
  • Myanmar
  • Yangon

လူရည်ချွန် Quality ပညာရပ်ဝန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from လူရည်ချွန် Quality ပညာရပ်ဝန်း, School, အမှတ်(28)မြေညီ ဣစ္ဆာသယလမ်း ကျားကွက်သစ်ရပ်ကွက် ကျောက်မြောင်း တာမွေမြို့နယ်, Yangon.

၂၀၂၆တက္ကသိုလ်ဝင်စာ​မေးပွဲ အချိန်စာရင်း
22/12/2025

၂၀၂၆
တက္ကသိုလ်ဝင်စာ​မေးပွဲ အချိန်စာရင်း

23/07/2025

၁၉၆၀/၇၀ကာလတွေတုန်းက လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့တဲ့ အမေရိကန်မနုဿဗေဒပညာရှင် မာဂရက်မိဒ်ကို ဆွေးနွေးပွဲတခုမှာကျောင်းသားတယောက်က မေးခွန်းတခုမေးတယ်။

"သမိုင်းမှာ လူတွေစတင်ယဉ်ကျေးလာတဲ့ ပထမဆုံးအမှတ်လက္ခဏာက ဘာဖြစ်မယ်လို့ ထင်ပါသလဲခင်ဗျာ"တဲ့။
အားလုံးက ဓါးသွေးကျောက်ကို စတင်အသုံးပြုတတ်လာတာလို့ ဖြေလိမ့်မယ်။ ဒါမှမဟုတ်လည်း ငါးမျှားချိတ်ကို တီထွင်တတ်လာတာ။ ဒါမှမဟုတ် မြေအိုးရွှံအိုးတွေ ဖန်တီးအသုံးပြုတတ်လာတာဟာ ယဉ်ကျေးလာတဲ့လက္ခဏာလို့ ဖြေလိမ့်မယ်လို့ ထင်ထားခဲ့ကြတယ်။
ဒါပေမဲ့ မဟုတ်ဘူး။

မိဒ် တကယ်ဖြေလိုက်တာက အံ့ဩစရာကောင်းလှတယ်။
ခြေထောက်ရိုး/ပေါင်ရိုးကျိုးပြီး ပြန်လည်ကောင်းမွန်လာတာဟာ လူ့သမိုင်းမှာ လူတွေစတင်ယဉ်ကျေးလာတယ်ဆိုတဲ့ အမှတ်လက္ခဏာပါတဲ့။
အားလုံးပဲ ကြောင်သွားတယ်။
မိဒ်က ဆက်ရှင်းပြတယ်။

တိရိစ္ဆာန်လောကမှာ ခြေထောက်ကျိုးပြီဆိုရင် အဲ့ဒါဟာသေတာပဲ တဲ့။ အန္တရာယ်က လွတ်မြောက်အောင် မပြေးနိုင်တော့ဘူး။ အစာမရှာနိုင်တော့ဘူး။ ရေသောက်ဖို့ စမ်းချောင်းကို မသွားနိုင်တော့ဘူး။ လှည့်ပတ်ချောင်းမြောင်းနေတဲ့သားရဲအတွက် သင်ဟာ အစာသက်သက်ပဲ။ ဘယ်သတ္တဝါမှ ကျိုးနေတဲ့အရိုးပြန်ကောင်းလာချိန်အထိ အသက်မရှင်နိုင်ကြပါဘူး တဲ့။

ဒါပေမဲ့ လူတွေကတော့ ခြွင်းချက်ပေါ့။ လူတွေဟာ ခြေထောက်ရိုး ပေါင်ရိုးကျိုးပေမယ့် ပြန်ကောင်းလာခဲ့ကြတယ်။ အဲ့လိုပြန်ကောင်းလာတာဟာ တယောက်ယောက်က သူနဲ့အတူနေပေးပြီး ဒဏ်ရာကို ကျပ်စည်းပေးတယ်။ ဘေးလွတ်ရာကို တွဲခေါ်သွားပြီး ပြန်ကောင်းချိန်အထိ ပြုစုစောင့်ရှောက်ပေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။

အခက်အခဲတွေကြားက တခြားတယောက်ကို ကူညီပေးတယ်ဆိုတာဟာ လူ့ယဉ်ကျေးမှု စတင်လာခြင်းရဲ့ ပြယုဂ်ပါ တဲ့။
ခန်းမထဲမှာ လက်ခုပ်သံတွေ ဆူညံသွားတယ်။

မာဂရက်မိဒ်ဟာ မျိုးနွယ်တူချင်း ကူညီရိုင်းပင်းမှုကို ယဉ်ကျေးတဲ့လက္ခဏာအဖြစ်သတ်မှတ်ခဲ့တာပါ။ ပြန်တွေးကြည့်တော့ ကူညီရိုင်းပင်းမှု၊ ထောက်ထားစာနာမှုဆိုတာ လူသားတွေမှာပဲ တွေ့ရတတ်တာမျိုးပါ။ ပဋိသန္ဓေစိတ်က စတင်ပြီး လူရယ်လို့ဖြစ်လာချိန် စေတသိက်၅၂မျိုးမှာ ကရုဏာ၊ မုဒိတာ၊ အဒေါသ မေတ္တာအပြင် စိတ္တမုဒုတာဆိုတဲ့ စိတ်ထားနူးညံ့မှုက မွေးကတည်းက ပါလာပြီးသားပါ။ ကိုယ့်မှာပါလာပါလျက်နဲ့ အသုံးမပြုတတ်သေးရင်တော့ ဝမ်းနည်းစရာ ကောင်းလှတယ်။

We were born free but society,culture,religion and beliefs taught us limitations.
လူတွေဟာ လွတ်လပ်စွာမွေးဖွားလာကြပေမဲ့ လူမှုဝန်းကျင်၊ ယဉ်ကျေးမှု၊ ဘာသာတရားနဲ့ ယုံကြည်မှုတွေက ကျနော်တို့ကို ကန့်သတ်ချက်တွေထားတတ်အောင် သင်ကြားပေးလိုက်ကြတာပါဆိုတဲ့ ဆိုရိုးစကားလည်း ရှိတယ်။

အဲ့ဒါတွေကြောင့်များ မွေးစက နူးညံ့ခဲ့တဲ့စိတ်ကလေးဟာ မာကျောပြောင်းလဲသွားလေသလား စဉ်းစားစရာတော့ ရှိတယ်။ ဘာပဲဖြစ်ဖြစ် လူအချင်းချင်း ကူညီရိုင်းပင်းတာ သနားညှာတာတာဟာ ကောင်းတဲ့စေတသိက်တွေပါ။ ဘယ်သူမှ မငြင်းနိုင်ပါဘူး။
ဒါကြောင့် ဖြစ်နိုင်ရင် အချင်းချင်း စာနာရိုင်းပင်းပေးကြပါ။ အထူးသဖြင့် ခုလို မိုးခေါင်နေတဲ့ကာလမျိုးတွေမှာပေါ့။ ။

နေနော်
၂၀၀၇၂၄

Ref: Margaret Mead's mass media



မိဘများ၊​ကျောင်းသား​ကျောင်းသူများနှင့် လိုအပ်သူများအတွက် စိတ်ကျန်းမာ​ရေးအ​ထောက်အကူပြုဖို့ အခွင့်အ​ရေးတခု
23/07/2025

မိဘများ၊​ကျောင်းသား​ကျောင်းသူများနှင့် လိုအပ်သူများအတွက် စိတ်ကျန်းမာ​ရေးအ​ထောက်အကူပြုဖို့ အခွင့်အ​ရေးတခု



2272022 စတင်ဖြစ်ခဲ့တဲ့
Tyron 's Talking Therapy Counseling ဝန်​ဆောင်မှု Page ဟာ
ဒီ​နေ့ 2272025 မှာ သုံးနှစ်သက်တမ်းပြည့်ခဲ့ပြီဖြစ်လို့
ဆုံဆည်းဖြစ်ခဲ့တဲ့Client များရယ်
မိတ်​ဆွေသစ်များနဲ့ Social Media မှ မိတ်​ဆွေများကို
​ကျေးဇူးတုံ့ပြန်ရင်း page ကို ထပ်မံအပ်နှံတဲ့အ​နေနဲ့

တချိန်စာ ကူညီဝန်​ဆောင်မှု​ပေးပါမယ်...

ယ​နေ့ည ၁၂နာရီက​နေစပြီး 2972025 ည၁၂နာရီအထိ
စာရင်းသွင်းပြီး session ချိန်အလှည့်ကျညှိုနှိုင်းရယူပါ။

ကိုယ်​ရေးအချက်အလက်များစိတ်ချနိုင်ပါတယ်။
Online သီးသန့်ဝန်​ဆောင်မှုပါ...

အ​သေးစိတ်သိလိုပါက ​ထပ်မံစုံစမ်းနိုင်ပါတယ်...

Like တချက်နှိပ်ပြီး ၃နှစ်ပြည့်​မွေး​နေ့လက်​ဆောင်​ပေးရင်ပို​ပျော်မှာပါ...
သင်မလိုအပ်​သေးရင်လည်း share ေပးရင်တခြားသူ​တွေအသုံးတည့်နိုင်ပါတယ်...

သင့်ပြသာနာနဲ့သင်ဟာ အ​ဖြေရှာမရ​သေးတာမဟုတ်ပါဘူး
ကျ​နော်တို့ရှိပါ​သေးတယ်



အောင်စာရင်းထွက်မယ့်ရက်
23/07/2025

အောင်စာရင်းထွက်မယ့်ရက်

ဇူလိုင်လ ၄ ရက်နေ့ ဟာကျနော်တို့ လူရည်ချွန် Quality ပညာရပ်ဝန်း လူရည်ချွန် စာသင်ဝိုင်း ရဲ့ တည်ထောင်ခြင်း #၁၉နှစ်ပြည့်မြောက်...
04/07/2024

ဇူလိုင်လ ၄ ရက်နေ့ ဟာ
ကျနော်တို့ လူရည်ချွန် Quality ပညာရပ်ဝန်း

လူရည်ချွန် စာသင်ဝိုင်း ရဲ့ တည်ထောင်ခြင်း
#၁၉နှစ်ပြည့်မြောက်တဲ့ မွေးနေ့ ဖြစ်ပါတယ်။

စတင်တည်ထောင်ချိန်မှ ယနေ့ထိ
ပါဝင်ပတ်သက်ခဲ့ ကူညီလျက် ရှိကြသော
မိဘ၊ ဆရာများနှင့် ကျေးဇူးရှင်အားလုံးကို ဂါရဝပြုပါတယ်။

ယုံကြည်ခဲ့ အားကိုးခဲ့ သော
ယုံကြည်လျက် လက်တွဲမြဲဖြစ်သော
တပည့်များ၊စာသင်သားများအားလုံးနဲ့ သူတို့၏မိဘဆွေမျိုးများ' မိတ်ဆွေများအားလုံး ကို
သတိရ ကျေးဇူးတင် မှတ်တမ်းပြုပါကြောင်း...

🙏🙏🙏

အစဉ်အလာ၊ သမ္ဘာ နှင့် ပညာ အရည်အသွေး ဗဟိုပြုလူရည်ချွန် စာသင်ဝိုင်း တန်းခွဲများပြန်လည်ဖွင့်လှစ် အဆင်သင့်ဖြစ်နေပါပြီ။လူသန့်သ...
30/06/2024

အစဉ်အလာ၊ သမ္ဘာ နှင့် ပညာ အရည်အသွေး ဗဟိုပြု
လူရည်ချွန် စာသင်ဝိုင်း တန်းခွဲများ
ပြန်လည်ဖွင့်လှစ် အဆင်သင့်ဖြစ်နေပါပြီ။

လူသန့်သန့် ဝိုင်:သန့်သန့်
စည်းကမ်းကောင်း ပညာကောင်း ရချင်သူ
သားသမီးအတွက် စိတ်ချချင်သူမိဘများ ဆက်သွယ်နိုင်ပါတယ်။

Grade 5/6/7/8
Grade 9/10/11
Grade 12
သီးသန့်ဝိုင်း |Camp

အမှတ် ၂၈၊ ကစ္ဆာသယလမ်း၊ ကျားကွက်သစ်ရပ်ကွက်၊တာမွေမြို့နယ်၊ ရန်ကုန်မြို့။
၀၉၇၉၈၄၂၈၃၂၁

ဆရာမကြီး Dr TTw ရဲ့    #တက္ကသိုလ်ဝင် စာမေးပွဲ  #သင်္ချာဘာသာရပ်  #မေးခွန်းဟောင်း၇ စုံ နှင့် စံပြအဖြေများ စာအုပ်ရပါပြီ။ဆက်...
30/06/2024

ဆရာမကြီး Dr TTw ရဲ့
#တက္ကသိုလ်ဝင် စာမေးပွဲ
#သင်္ချာဘာသာရပ် #မေးခွန်းဟောင်း
၇ စုံ နှင့် စံပြအဖြေများ စာအုပ်ရပါပြီ။

ဆက်သွယ်မှာယူနိုင်ပါတယ်။

#တစုံ ပိုပါတဲ့ မေးခွန်းဟောင်း

လူရည်ချွန် Quality ပညာရပ်ဝန်း

#လူရည်ချွန်စာသင်ဝိုင်း
အမှတ် ၂၈ lဣစ္ဆာသယလမ်း၊ ကျားကွက်သစ်ရပ်ကွက်၊ ကျောက်မြောင်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
၀၉၂၅၃၉၈၅၉၄၈

သင်ကြားရေး အထောက်အကူပြုလေ့လာချင်သူ ဆရာများအတွက်ဆရာ ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ရဲ့Complex Numbers စာအုပ် ရပါမယ်။မှာယူလိ...
27/06/2024

သင်ကြားရေး အထောက်အကူပြု
လေ့လာချင်သူ ဆရာများအတွက်
ဆရာ ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ရဲ့
Complex Numbers စာအုပ် ရပါမယ်။

မှာယူလိုပါက

ဆက်သွယ်ရန်
cb
09253985948

၂၀၂၄ တက္ကသိုလ်ဝင် စာမေးပွဲမှာသင်္ချာဘာသာရပ် ဂုဏ်ထူးရ ကျောင်းသားအရေအတွက် ရာပြည့် ရရှိအောင် သင်ကြားနိုင်ခဲ့သော ဆရာ ဦးမောင်...
25/06/2024

၂၀၂၄ တက္ကသိုလ်ဝင် စာမေးပွဲမှာ
သင်္ချာဘာသာရပ် ဂုဏ်ထူးရ ကျောင်းသားအရေအတွက် ရာပြည့် ရရှိအောင် သင်ကြားနိုင်ခဲ့သော ဆရာ ဦးမောင်မောင်@ဦးကျော်စွာ ကို

#သင်္ချာဘာသာရပ်ကျွမ်းကျင်အရည်အချင်းမြှင့်သင်တန်း မှ သူငယ်ချင်းဆရာမများမှဂုဏ်ပြု အမှတ်တရလက်ဆောင်ချီးမြှင့်ပေးခဲ့ပါတယ်။

#သင်္ချာ #လူရည်ချွန်qualityပညာရပ်ဝန်း

၂၀၂၄ တက္ကသိုလ်ဝင် စာမေးပွဲမှာသင်္ချာဘာသာရပ် ဂုဏ်ထူးရ ကျောင်းသားအရေအတွက် ရာပြည့် ရရှိအောင် သင်ကြားနိုင်ခဲ့သော ဆရာဦးမောင်မ...
24/06/2024

၂၀၂၄ တက္ကသိုလ်ဝင် စာမေးပွဲမှာ
သင်္ချာဘာသာရပ် ဂုဏ်ထူးရ ကျောင်းသားအရေအတွက် ရာပြည့် ရရှိအောင် သင်ကြားနိုင်ခဲ့သော ဆရာဦးမောင်မောင်@ ဦးကျော်စွာ ၏ အောင်မြင်မှုအမှတ်တရ ဧည့်ခံပွဲတွင်
အထပြ (ငြိမ်း)ဆရာမ ဒေါ်ညိုညိုအေး (ဒဂုံ ၁ )မှ ဂုဏ်ပြု အမှတ်တရ စကားချီးမြှင့်ပေးခဲ့ပါတယ်။

#သင်္ချာ #လူရည်ချွန်qualityပညာရပ်ဝန်း

Address

အမှတ်(28)မြေညီ ဣစ္ဆာသယလမ်း ကျားကွက်သစ်ရပ်ကွက် ကျောက်မြောင်း တာမွေမြို့နယ်
Yangon
95

Telephone

+959254470824

Website

Alerts

Be the first to know and let us send you an email when လူရည်ချွန် Quality ပညာရပ်ဝန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category