📌Hello ကလေးတို့ရေ 📌
Sensei အမေ ဆေးရုံတက်ရဖို့ဖြစ်လို့
နက်ဖြန်ရော သန်ဘက်ခါရော သင်တန်းပိတ်ပါမယ်နော်
ကြာသပတေး သောကြာက အခြေနေကြည့်ပြီး ဖွင့်မဖွင့်ပြန်ပြောပါမယ်နော်
စာတွေလုပ်ထားကြပါ
CHAN Japanese Language Teacher
いっしょに伸びましょう。
လိုနေတာ ဒါမျိုးလေး မဟုတ်လား🤭🤭🤭
13/05/2026
နွေးထွေးရပါတယ်🫂
🏪 **ဂျပန်က ကွန်ဗီးနီးယန့်စတိုးဆိုင်လေးတစ်ခုမှာ ကပ်ထားတဲ့ ဆိုင်းဘုတ်လေးတစ်ခုကြောင့် အင်တာနက်ပေါ်မှာ လူပေါင်းများစွာ စိတ်
လှုပ်ရှား မျက်ရည်ဝဲခဲ့ရ** 🥺
当店では数名の外国人留学生などが、在籍しています。
まだまだ日本語が未熟で伝わりにくい部分もありますが、ご理解のほど
よろしくお願い致します。
また、一生懸命頑張っている彼らを温かく応援して頂けると幸いです。
🇯🇵ဂျပန်နိုင်ငံက ကွန်ဗီးနီးယန့်စတိုး (Convenience Store) ဆိုင်လေးတစ်ခုမှာ ကပ်ထားတဲ့ သာမန် ဆိုင်းဘုတ်စာရွက်လေးတစ်ခုဟာ အခုရက်ပိုင်း အင်တာနက်ပေါ်မှာ လူသိန်းချီရဲ့ နှလုံးသားကို ထိရှစေခဲ့ပါတယ်။
👉💥အဲဒီစာရွက်လေးထဲမှာ "ဒီဆိုင်မှာ နိုင်ငံတကာက ကျောင်းသားတွေ အလုပ်လုပ်နေပါတယ်။ သူတို့ရဲ့ ဂျပန်စကားက နားလည်ရခက်နေခဲ့ရင်တောင် သည်းခံပေးကြဖို့ မေတ္တာရပ်ခံပါတယ်" လို့ ယဉ်ယဉ်ကျေးကျေး ရေးသားထားပါတယ်။
🤔💥ဒါပေမယ့် လူတွေကို အထိရှဆုံးဖြစ်စေခဲ့တာကတော့ နောက်ဆုံးမှာ ရေးထားတဲ့ စာကြောင်းလေးပါပဲ...
一生懸命頑張っている彼らを温かく応援して頂けると幸いです。
👉**"ကြိုးကြိုးစားစား အလုပ်လုပ်နေတဲ့ သူတို့ကို နွေးနွေးထွေးထွေးနဲ့ ဝန်းရံ အားပေးကြပါ"** တဲ့။
👉ဒီစာသားလေးကို ဖတ်မိသူတွေအတွက်တော့ ဒါဟာ သာမန် customer service တစ်ခုထက် အများကြီး ပိုနေပါတယ်။ ဒီအရာက လက်ရှိ ဂျပန်နိုင်ငံရဲ့ အလုပ်သမားရှားပါးမှု ပြဿနာနဲ့ လုံးဝကွဲပြားတဲ့ ဘာသာစကား၊ ယဉ်ကျေးမှုတွေကြားမှာ အချိန်ပိုင်းအလုပ် (Baito) တွေလုပ်ရင်း ရုန်းကန်ရှင်သန်နေကြရတဲ့ နိုင်ငံခြားသားကျောင်းသားတွေရဲ့ လက်တွေ့ဘဝကို ထင်ဟပ်စေခဲ့ပါတယ်။
ဒီအကြောင်းအရာဟာ ဂျပန်ဆိုရှယ်မီဒီယာတွေမှာ အတော်လေး ပျံ့နှံ့သွားခဲ့ပြီး လူတွေရဲ့ တုံ့ပြန်မှုတွေကလည်း အမျိုးမျိုးရှိခဲ့ပါတယ်။
* ဆိုင်ရှင်ရဲ့ ကြင်နာမှုနဲ့ ပွင့်လင်းမှုကို လူအများက ချီးကျူးခဲ့ကြပါတယ်။
* အချို့ကလည်း နိုင်ငံခြားသား အလုပ်သမားတွေဟာ ဂျပန်ရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ် အရေးပါလာပြီလို့ မှတ်ချက်ပေးကြပါတယ်။
* တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းတွေဟာ လုပ်အားခသက်သာတဲ့ ကျောင်းသားတွေအပေါ် အရမ်း မှီခိုလွန်းနေတယ်လို့ ဝေဖန်သူတွေလည်း ရှိနေပါတယ်။
တကယ်တော့ လူတွေကို အထိရှဆုံးနဲ့ အံ့သြသွားစေတာက ဘာသာစကား အခက်အခဲဆိုတာထက်၊ အခုလိုမျိုး လူမြင်ကွင်းမှာ တပါးသူအပေါ် ကိုယ်ချင်းစာတရားထားဖို့ တောင်းဆိုတဲ့အရာမျိုးက ခေတ်ကြီးထဲမှာ အရမ်း ရှားပါးနေလို့ပဲ ဖြစ်ပါတယ်။
ကဲ... မိတ်ဆွေတို့ရော ဘယ်လိုထင်ကြလဲ?
ဂျပန်မှာ ဘဝတစ်ခုတည်ဆောက်ဖို့ ရုန်းကန်နေရတဲ့ နိုင်ငံခြားသား ကျောင်းသားတွေအပေါ် ဖောက်သည်တွေက ပိုပြီး သည်းခံနားလည်ပေးသင့်သလား...
💥👉ကိုယ်ကိုတိုင်ကော ဘယ်လိုအတွေ့အကြုံတွေရခဲ့သလဲ⁉️။ 👇
#ဂျပန်ရောက်မြန်မာများ
#ဂျပန်
#ဂျပန်သတင်း #နိုင်ငံခြားသားကျောင်းသားများ
11/05/2026
ピダウ🌼🌼💛💛💛
10/05/2026
今日母の日です。💖
世界中のすべてのお母さんに、心から感謝を込めて。💐💐💐💐💐
ယုတ်မာလိုက်ကြတာ
Meaning တွေ
မကျက်ထားကြဘူး🙂
ဆရာမ ပြန်ရောက်ပါပြီနော် 😬😬😬
02/05/2026
ဟိတ် ကလေးတို့ စာကျက်နေကြလား 😝
Sensei က ကလေးတို့အတွက် ပိုလည်ခဲ့မှာမို့ 😆
စာသေချာကျက်ပြီး စောင့်နေကြနော်😚😚😚🥰🥰🥰
30/04/2026
Writing အတွက် ကြိုးစားပြီး ရေးထားကြတဲ့ N4 အတန်းက ကလေးတွေ 😍🥰
သူတို့ရေးထားတာတွေ ဖတ်ပြီး အတွေးတွေကို သဘောတွေကျ🤣🤣🤣
အပြေးမြန်တဲ့ပါဝါလိုချင်တယ်တဲ့
ဘာလို့ဆို ဆီတွေပြတ်နေတော့ အဲ့ပါဝါနဲ့ ပစ္စည်းပို့ပြီး ပိုက်ဆံရှာလို့ရလို့တဲ့ရှင် 🤭🤭🤭
လက်ရှိနဲ့ကိုက်ညီအောင်စဉ်းစားတက်ချက်ကတော့😆😝
25/04/2026
7 လပိုင်း N4 JLPT ဖြေမယ့်အုပ်စု 👩🏫
အိမ်စာမှန်မှန်လုပ်
သင်တန်းရဲ့ စာမေးပွဲတွေ မှန်မှန်ဖြေ
စာမှန်မှန်လုပ်ရင် အေးအေးဆေးဆေးပါရှင်
ဖိုက်တိုး🫰
22/04/2026
Nat-Test အောင်လက်မှတ်ထုတ်ဖို့
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Mingalar ThintDi Street
Yangon
11201
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |