Tachibana JLC

Tachibana  JLC Myanmar Trust Human Resources
ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ

https://www.tiktok.com/.jlc?_r=1&_t=ZS-93fCFwgBEKl

https://t.me/tachibanajlc

23/08/2026

စာမေးပွဲသာ မဖြေနိုင်တာ

အောင်ချင်တာကတော့ ထိပ်ဆုံးကပဲ

(တိုက်ဆိုင်သူများသာ ရည်ရွယ်ပါသည်)
🤣🤣🤣

21/08/2026

ပိတ်ရက်လေး နားကြ

စာမလုပ်ကြနဲ့နော်လို့ မှာလိုက်တာ

စာတွေခိုးလုပ်နေမှာ စိတ်ပူရတာလည်း ဒုက္ခပါပဲ
🤣🤣🤣

သောကြာနေ့ဆို အလုပ်ပြန်ချိန်က တော်တော်လှတာ🤣🤣🤣
21/08/2026

သောကြာနေ့ဆို အလုပ်ပြန်ချိန်က တော်တော်လှတာ🤣🤣🤣

20/08/2026

ဂျပန်ပြည်တွင်းအလုပ်ခေါ်စာ
TOKUTEI KATSUDO အလုပ်ခေါ်စာ
①Nagano Ken , Saku shi - Male 5 ယောက် 
လုပ်ငန်းအကြောင်းအရာ : 加工
တစ်နာရီလုပ်ခလစာ - 1,400 yen(6လပြည့်ရင် 1,450yen)
အလုပ်ချိန် - နေ့ဆိုင်း/ညဆိုင်း
အဆောင် 20,000 ~ 50,000 yen ၀န်းကျင်
အချိန်ပို နာရီ 40 လောက်ရှိပါတယ်
လစာ သောင်း ၃၀ ~ သောင်း ၄၀ ဝန်းကျင်

ခရီးစရိတ်လည်းကုမ္ပဏီဘက်မှ ကျခံပေးပါမှာပါ။
ကိုယ့်ဘက်က ကြိုတင်ကျခံထားပြီး လစာ ဒုတိယအကြိမ် နှင့် အတူ ပြန်ပေးပါမည်။
အလုပ်မိတ်ဆက်ခ ဗီဇာကြေး အခမဲ့ပါရှင့်
အမြန်ဆုံး အလုပ်၀င်နိုင်သူ

Tokutei katsudo visa /နန်းမင်းအလုပ်လုပ်ခွင့်အပြည့်ရှိသူ
အလုပ်သင်သုံးနှစ်ပြီးဆုံးသူ များလည်းလျှောက်ထားနိုင်ပါသည်။
ဗီဇာ ထောက်ပံ့ပေးမည်ဖြစ်သောကြောင့် CB or ဖုန်း 080 7669 4904 သို့ဆက်သွယ် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
ရုံးချိန်ပြင်ပ အကြောင်းမပြန်နိုင်ပါသဖြင့် ရုံးချိန်အတွင်းစုံစမ်းမေးမြန်းပေးပါ

2026/7လပိိုင်း JLPT Result 8လပိုင်း 27ရက်နေ့ထွက်မည်ဖြေထားသူများ အားလုံးအောင်ပါစေဗျာ😊😊
20/08/2026

2026/7လပိိုင်း JLPT Result
8လပိုင်း 27ရက်နေ့ထွက်မည်
ဖြေထားသူများ အားလုံးအောင်ပါစေဗျာ😊😊

19/08/2026

Tachibana ရဲ့ အလုပ်ခေါ်စာတွေ တင်တာနဲ့ချက်ချင်းသိချင်ရင်တော့ Telegram ကို Joinထားနော့်

19/08/2026

မိန်းကလေး ခေါ်စာတွေ တောက်လျောက်လာနေတော့ အရင်အကြောင်းလေးတွေ ပြန်တွေးဖြစ်တယ်။
Tachibana မှာ အရင်တုန်းက အတန်းတွေဖွင့်ရင်
👩 မိန်းကလေးဆို ကန့်သတ်ပြီး လက်ခံရတာများတယ်။

ဘာလို့လဲဆိုတော့ မိန်းကလေးတွေအတွက် အလုပ်ခေါ်စာက မရှိသလောက်ရှားလို့ပါ။
အတန်းပြီးသွားတဲ့အခါ အလုပ်မိတ်ဆက်မပေးနိုင်ရင် အဆင်မပြေမှာစိုးတာကြောင့် တခါတလေ မိန်းကလေးတွေကို လက်မခံဘဲ ငြင်းလိုက်ရတာတွေလည်း ရှိခဲ့တယ်။

👨 ယောကျာ်းလေးတွေကတော့ အဲဒီတုန်းက အလုပ်အကိုင်အခွင့်အလမ်းများတော့
အတန်းထဲမှာရှိတဲ့လူတွေနဲ့တောင် မလောက်ဘူး။
အပြင်ကနေ လူခေါ်ရတာများတယ်။

ဒါပေမယ့် အခုကျတော့… 🤔

အခြေအနေတွေက ပြောင်းပြန်ဖြစ်လာပြီ။

👨 ယောကျာ်းလေးတွေအတွက် အလုပ်ခေါ်စာတွေ သိပ်မများတော့ဘဲ
👩 မိန်းကလေးတွေအတွက် အလုပ်ခေါ်စာတွေက ပိုများလာတယ်။
အရင်က
မိန်းကလေးတွေကို အလုပ်မိတ်ဆက်ပေးဖို့ စိတ်ပူခဲ့ရပြီး
အခုတော့ မိန်းကလေးအလုပ်ခေါ်စာတွေချည်းပဲ ။
တကယ်ပါပဲ…
အပြောင်းအလဲတွေက မြန်လိုက်တာ။

「ありがとう」を「当たり前」にしないでね。လူတစ်ယောက်က ကိုယ့်ကို တစ်ခါကူညီပေးရင်「ありがとう」 လို့ ပြောတတ်ကြတယ်။နှစ်ခါ၊ သုံးခါ ကူညီပေးလာရင်လည်းကျေးဇ...
19/08/2026

「ありがとう」を「当たり前」にしないでね。

လူတစ်ယောက်က ကိုယ့်ကို တစ်ခါကူညီပေးရင်
「ありがとう」 လို့ ပြောတတ်ကြတယ်။

နှစ်ခါ၊ သုံးခါ ကူညီပေးလာရင်လည်း
ကျေးဇူးတင်နေကြသေးတယ်။

ဒါပေမယ့် အမြဲတမ်း ကူညီပေးလာတဲ့အခါ…
တဖြည်းဖြည်းနဲ့ အဲ့ဒီအရာက 「当たり前」 ဖြစ်သွားတတ်တယ်။

当たり前 ဆိုတာ
“ဒါက လုပ်ပေးရမှာပဲ”
“ဒါက သဘာဝပဲ”
ဆိုပြီး ထင်လာတာမျိုးပါ။

မိဘတွေက ကိုယ့်အတွက် လုပ်ပေးတာတွေဆို—

「မိဘပဲလေ… လုပ်ပေးရမှာပေါ့」

ညီအစ်ကိုမောင်နှမတွေက ကူညီပေးရင်—

「မောင်နှမပဲလေ… ကူညီရမှာပေါ့」

သူငယ်ချင်းတစ်ယောက်က အမြဲတမ်း ကူညီပေးနေရင်—

「သူက ဒီလိုပဲ ကူညီပေးရမှာပေါ့」

လူ့ပတ်ဝန်းကျင်မှာလည်း အတူတူပါပဲ။

တစ်ယောက်ယောက်က ကိုယ့်အတွက် အမြဲတမ်း နားလည်ပေး၊
အမြဲတမ်း ကူညီပေး၊
အမြဲတမ်း ဂရုစိုက်ပေးနေတဲ့အခါ…

အဲ့ဒီအရာတွေကို တန်ဖိုးထားတာထက်
ကိုယ့်ရပိုင်ခွင့်တစ်ခုလို ထင်လာတတ်ကြတယ်။

အဲ့ဒီအချိန်မှာ
「ありがとう」 ဆိုတဲ့ စကားလေးတစ်ခွန်းက
တဖြည်းဖြည်း ပျောက်သွားတတ်တယ်။

ဒါပေမယ့် ကိုယ်သတိထားရမယ့်အရာတစ်ခုရှိတယ်။

သူက မိဘဖြစ်လို့ လုပ်ပေးရတာမဟုတ်ဘူး။
သူက မောင်နှမဖြစ်လို့ ကူညီရတာမဟုတ်ဘူး။
သူက သူငယ်ချင်းဖြစ်လို့ အမြဲနားလည်ပေးရတာမဟုတ်ဘူး။

ကိုယ့်ကို တန်ဖိုးထားကြလို့သာ လုပ်ပေးနေကြတာပါ။
သူတို့မှာလည်း ပင်ပန်းမှုတွေ၊ ခံစားချက်တွေ၊
ကိုယ့်ဘဝနဲ့ကိုယ် ရှိကြပါတယ်။

ကိုယ့်အတွက် လုပ်ပေးနေတဲ့အရာတွေဟာ
「当たり前」 မဟုတ်ပါဘူး။

တစ်ချိန်က ကိုယ်ကျေးဇူးတင်ခဲ့တဲ့အရာတွေကို
အမြဲတမ်း ရလာတဲ့အခါ မမေ့လိုက်ပါနဲ့။

18/08/2026

လူပြည့်သွားပါပြီနော် အားလုံးကျေးဇူးပါ
မမီလိုက်တဲ့သူတွေတော့ နောက်တခေါက်ပေါ့နော့်

🇯🇵 N4 အောင်ပြီးသွားရင် ဘာဆက်လုပ်သင့်လဲ?N4 အောင်ပြီးသွားပြီဆိုရင်“အောင်ပြီ” ဆိုပြီး ရပ်မနေဘဲ ကိုယ်ဘယ်လမ်းကြောင်းနဲ့ ဂျပန်...
18/08/2026

🇯🇵 N4 အောင်ပြီးသွားရင် ဘာဆက်လုပ်သင့်လဲ?

N4 အောင်ပြီးသွားပြီဆိုရင်
“အောင်ပြီ” ဆိုပြီး ရပ်မနေဘဲ ကိုယ်ဘယ်လမ်းကြောင်းနဲ့ ဂျပန်သွားချင်လဲ သေချာရွေးချယ်ပါ။ 🎯

🔹 Tokutei နဲ့သွားချင်တာလား?

Tokutei နဲ့သွားချင်တယ်ဆိုရင်
ကိုယ်လုပ်ချင်တဲ့ Tokutei အလုပ်အမျိုးအစားကို အရင်ရွေးချယ်ပြီး သက်ဆိုင်ရာ Tokutei ကို ဖြေဆိုထားပါ။

📌 ထို့အပြင် Tokutei အလုပ်အမျိုးအစားတချို့မှာ N4 ထက် N3 အဆင့်ရှိသူတွေကို ပိုမိုရွေးချယ်လေ့ရှိတာ ကြောင့် N4 အောင်ပြီးတာနဲ့ မရပ်ဘဲ N3 ကိုလည်း ဆက်လေ့လာထားပါ။

📚 N4 ဆိုတာ ဂျပန်စာရဲ့ အခြေခံအဆင့်တစ်ခုပါ။

ကိုယ့်အတွက် ရွေးချယ်စရာ အလုပ်အကိုင်အခွင့်အရေးတွေ ပိုများချင်တယ် ဆိုရင်—

➡️ N3 ကို ဆက်လေ့လာပါ
➡️ Kaiwa (စကားပြော) ကို လေ့ကျင့်ပါ
➡️ အင်တာဗျူးအတွက် ကြိုတင်ပြင်ဆင်ထားပါ
➡️ ဘယ်အချိန် အင်တာဗျူးလာလာ အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားပါ

Address

Yangon

Opening Hours

Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959771390764

Alerts

Be the first to know and let us send you an email when Tachibana JLC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Tachibana JLC:

Shortcuts

Share