ကျော်ကြား အဆင့်မြင့်စာသင်စာကျက်စာစစ်ဝိုင်း နှင့် ဘော်ဒါ

ကျော်ကြား အဆင့်မြင့်စာသင်စာကျက်စာစစ်ဝိုင်း နှင့် ဘော်ဒါ

Share

ဝါရင့်ဆရာဆရာမများDoctorများEngineerများသင်ကြားလေ့ကျင့်စီမံအုပ်ချုပ်သည်
2018 100%အောင်ချက်။

27/12/2025

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအတန်းများအတွက် နှစ်ဆုံးစာမေးပွဲ ကာလ သတ်မှတ်ခြင်း၊ အောင်စာရင်းထုတ်ပြန်ခြင်းနှင့် အခြေခံပညာ Grade-10 Grade-11 ကျောင်းတွင်းစစ် (ပြင်ပဖြေ)စာမေးပွဲများ ကျင်းပဆောင်ရွက်ရန်ကိစ္စ

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာအတန်းများအတွက် ကျောင်းတွင်းစစ်နှစ်ဆုံးစာမေးပွဲများ ကျင်းပခြင်း၊ အောင်စာရင်းထုတ်ပြန်ခြင်းနှင့် အခြေခံပညာ Grade-10 Grade-11 ကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲများ ကျင်းပခြင်းတို့ကိုစာမေးပွဲစည်းမျဉ်း၊ စည်းကမ်းများအတိုင်း စနစ်တကျ ဆောင်ရွက်သွားရပါမည်။

ကျောင်းတွင်းစစ်နှစ်ဆုံးစာမေးပွဲများကို အောက်ပါအတိုင်း ကျင်းပသွားရန် ဖြစ်ပါသည်-

(က) အခြေခံပညာမူလတန်းဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-5) စာမေးပွဲကို (၂၃-၂-၂၀၂၆)ရက် နေ့မှ (၂၇-၂-၂ဝ၂၆)ရက်နေ့အတွင်း ကျင်းပရန်ဖြစ်ပါသည်။

(ခ) အခြေခံပညာအလယ်တန်းဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-9)စာမေးပွဲကို (၂၃-၂-၂၀၂၆)ရက် နေ့မှ (၂၈-၂-၂၀၂၆)ရက်နေ့အတွင်း ကျင်းပရန်ဖြစ်ပါသည်။

(ဂ) ကျန်ရှိသော ကျောင်းတွင်းစစ်စာမေးပွဲများကို (၄-၂-၂၀၂၆)ရက်နေ့မှ (၁၁-၂-၂ဝ၂၆)ရက်နေ့အတွင်း (တနင်္ဂနွေနေ့မပါ) ကျင်းပရန်ဖြစ်ပါသည်။

(ဃ) အခြေခံပညာအထက်တန်းဆင့်ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-12) စာမေးပွဲကို(၄-၂-၂ဝ၂၆)ရက် နေ့မှ (၁၁-၂-၂၀၂၆)ရက်နေ့အတွင်း (တနင်္ဂနွေနေ့မပါ) ကျင်းပရန်ဖြစ်ပါသည်။

(င) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ၏ နှစ်ဆုံးစာမေးပွဲများကို (၃၀-၁-၂၀၂၆)ရက်နေ့မှ (၁၁-၂-၂၀၂၆)ရက်နေ့အတွင်း (တနင်္ဂနွေနေ့မပါ)ကျင်းပရန် ဖြစ်ပါသည်။

မူလတန်းဆင့်(Grade-4)၊ အလယ်တန်းဆင့် (Grade-6)၊ (Grade-7)၊ (Grade-8)တို့တွင် နှစ်ဆုံးစစ်ဆေး ခြင်း(Year End Test)ကို (၄-၂-၂၀၂၆)ရက်နေ့မှ(၁၀-၂-၂၀၂၆)ရက်နေ့အထိ (Grade-4)အတွက် တစ်နေ့ (၂)ဘာသာနှုန်းဖြင့် ဘာသာရပ်(၁)ခုလျှင် စာသင်ချိန်(၁)ချိန် စစ်ဆေးရန်ဖြစ်ပြီး ကျန်အတန်းများ (Grade-6,7,8)အတွက် တစ်နေ့လျှင်(၁)ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် (၁)နာရီစစ်ဆေးသွားရန် ဖြစ်ပါသည်။

အထက်တန်းဆင့် (Grade-10)နှင့် (Grade-11) အတွက် နှစ်ဆုံးစစ်ဆေးခြင်း (Year End Test) ကို (၄-၂-၂၀၂၆)ရက်နေ့မှ (၁၁-၂-၂၀၂၆) ရက်နေ့အထိ (တနင်္ဂနွေနေ့မပါ) တစ်နေ့(၁)ဘာသာနှုန်းဖြင့် ဘာသာရပ်(၁)ခုလျှင် ဖြေဆိုချိန် (၂)နာရီ စစ်ဆေးရန်ဖြစ်ပါသည်။
အထက်တန်းဆင့် (Grade-12) အတွက် အခြေခံပညာအထက်တန်းဆင့်ပြီးမြောက်မှု စစ်ဆေး အကဲဖြတ်ခြင်းစာမေးပွဲ(Completion Examination) ကို (၄-၂-၂ဝ၂၆)ရက်နေ့မှ (၁၁-၂-၂၀၂၆)ရက်နေ့ အထိ (တနင်္ဂနွေနေ့မပါ) တစ်နေ့(၁)ဘာသာနှုန်းဖြင့် ဘာသာရပ်(၁)ခုလျှင် ဖြေဆိုချိန် (၃)နာရီ စစ်ဆေးရန်ဖြစ်ပါသည်။

(Grade-10) စာမေးပွဲကို ကျောင်းတွင်းမှဖြစ်စေ၊ ကျောင်းတွင်းစစ်(ပြင်ပဖြေ)စာမေးပွဲမှဖြစ်စေ အောင်မြင်ပြီး အစိုးရလုပ်ငန်းများနှင့် ပြည်ပလုပ်ငန်းများတွင်းလုပ်လုပ်နေသူများ၊ ရဲတပ်ဖွဲ့ (သို့မဟုတ်) တပ်မတော်သို့ ဝင်ရောက် အမှုထမ်းဆောင်နေသူများ၊ စီးပွားရေး၊ လူမှုရေး ၊ ဒေသအခက်အခဲစသည့် အကြောင်း အမျိုးမျိုးကြောင့် ကျောင်း ဆက်လက်မတက်ရောက်နိုင်သူများအတွက် အခြေခံပညာနှင့်အဆင့်မြင့်ပညာ ဆက်လက် လေ့လာဆည်းပူး နိုင်ရန် ရည်ရွယ်၍ အခြေခံပညာ (Grade-11) ကျောင်းတွင်းစစ်(ပြင်ပဖြေ) စာမေးပွဲကို ကျင်းပရန် ဖြစ်ပါသည်။

၁၂။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာ(Grade-10)၊(Grade-11) ကျောင်းတွင်းစစ်(ပြင်ပဖြေ) စာမေးပွဲများကို (၄-၅-၂၀၂၆)ရက်နေ့မှ(၁၁-၅-၂၀၂၆)ရက်နေ့အတွင်း (တနင်္ဂနွေနေ့မပါ) တစ်နေ့(၁)ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင်ဖြေဆိုချိန်(၂)နာရီ စစ်ဆေး၍ အောင်စာရင်းများကို (၂၅-၅-၂၀၂၆)ရက်နေ့တွင် ထုတ်ပြန် ပေး ရန် ဖြစ်ပါသည်။စာမေးပွဲဖြေဆိုမည့်သူများ စာရင်းပြုစုခြင်း၊ စာဖြေဌာနများစီစဉ်ခြင်း၊ စာမေးပွဲကျင်းပခြင်းတို့ကို မြို့နယ်ပညာရေးမှူး များကလည်းကောင်း၊ မေးခွန်းပြုစုခြင်း၊ အဖြေလွှာစစ်ဆေးခြင်း၊ အောင်စာရင်းထုတ်ပြန်ခြင်း တို့ကို ခရိုင်ပညာရေးမှူးများကလည်းကောင်း တာဝန်ယူဆောင်ရွက်သွားရန်နှင့် တိုင်းဒေသကြီး/ပြည်နယ်ပညာရေး မှူးများက ကြပ်မတ်ဆောင်ရွက်ရန် ဖြစ်ပါသည်။

တရားဝင်စာ အသေးစိတ် ကြည့်ချင်ပါက >>
https://www.facebook.com/share/p/17obfvHXxk/

Photos from ကျော်ကြား အဆင့်မြင့်စာသင်စာကျက်စာစစ်ဝိုင်း နှင့် ဘော်ဒါ's post 27/12/2025

Fri-နင်စာသင်ချိန် စာတွေတအားလိုက်မှတ်တယ်နော်
Me-
😅
Credit

25/12/2025

🎄 Happy Merry Christmas to you all 🎄

မိသားစုနဲ့အတူ
အေးချမ်းသာယာတဲ့အချိန်လေးတွေကို
ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်

22/12/2025
21/12/2025

မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းလွှာကို တစ်စုံတည်းသာ အသုံးပြုမည် ဟု သတင်းကြားခဲ့ပါသည်။

အဆိုပါ စနစ်ကို လာမည့်နှစ်မှ စတင်အကောင် အထည်ဖော်မည်ဟု ကြားသိရပြီး ပညာရေးစနစ်အတွင်း ညီမျှမှုနှင့် တရားမျှတမှု ပိုမိုရရှိလာနိုင်မည်ဟု မျှော်လင့်ရပါသည်

လက်ရှိ စနစ်အရ ဘာသာရပ်တိုင်းတွင်ကျောင်းသား အချို့အတွက် ဖြေဆိုရ လွယ်ကူလာသော်လည်း၊ အချို့ကျောင်းသားများအတွက် ပိုမိုခက်ခဲလာနေကြောင်း တွေ့ရှိလာရပါသည်။

အဆိုပါ အပြောင်းအလဲများကြောင့် တန်းတူညီမျှမှု၊ သင်ကြားမှုအရည်အသွေးနှင့် စာမေးပွဲစနစ် တရားမျှတမှု အပေါ် ပြည်သူလူထု၏ အမြင်များ၊ အသံများ ပိုမိုမြင့်တက်လာနေပြီ ဖြစ်ပါသည်။

ပညာရေးသည် လူတိုင်းအတွက် မျှတရမည်ဖြစ်သောကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ပြည်သူ့အသံကို နားထောင်ပြီး သင့်လျော်သော ပြင်ဆင်မှုများ ပြုလုပ်လာမည်ကို မျှော်လင့်ရပါသည်။

ပြင်ဆင်ချက်တစ်ခုကို ဗုန်းခနဲ ပြောင်းလို့မရသလို
စီမျဉ်းချက်တစ်ခုကိုလည်း ဗုန်းခနဲ ချမှတ်လို့ မရပါ။အပြောင်းအလဲတိုင်းဟာအချိန်၊ စမ်းသပ်မှု၊ ပြည်သူ့အသံ နဲ့အတူ တဖြည်းဖြည်း တည်ဆောက်ရတာ ဖြစ်ပါတယ်။

📌 အသေးစိတ်အတည်ပြုချက်များကို သက်ဆိုင် ရာအဖွဲ့အစည်းများမှ တရားဝင်ထုတ်ပြန်လာပါက ထပ်မံအသိပေးသွားပါမည်။

------------ Grade 12 ---------- စာမေးပွဲ ------

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ၊တက္ကသိုလ်ဝင်စာမေးပွဲကို ၁၁-၃-၂၀၂၆ ရက်နေ့မှ ၁၇-၃-၂၀၂၆ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ပြီး တနင်္ဂနွေနေ့ တစ်ရက်သာ ပိတ်ရက် ဖြစ်ပါသည်။

************

မှတ်ချက် ။ ။ ယခု သတင်းက အတည်ပြုမည်ဆိုရင် လာမည့်နှစ်မှစပြီ စတင် ဆောင်ရွက်မည်မှာ ဖြစ်ပါတယ်။ ဒီနှစ်တွင် အရင်နှစ်အတိုင်းပဲ ဖြစ်ပါမည်။


#တက္ကသိုလ်ဝင်စာမေးပွဲ

19/12/2025

ပျော်ရွှင်စရာကရင်နှစ်သစ်ကူးနေ့ဖြစ်ပါစေ🙏

ကရင်နှစ်သစ်ကူးနေ့မှာ ကရင်လူမျိုးတွေရဲ့ သမိုင်းကြောင်းလေး ဗဟုသုတ ဖော်ပြပေးလိုက်ပါတယ်။

🛡️ ကရင်လူမျိုး (သို့မဟုတ်) ကရင်နွယ်ဖွားများသည် မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး တိုင်းရင်းသားလူမျိုးစုဖြစ်ပြီး အရှေ့တောင်အာရှဒေသတွင် ရှေးကျသော သမိုင်းကြောင်းများ ရှိကြပါတယ်။ ကရင်ဒဏ္ဍာရီများအရ ၎င်းတို့သည် "ထီးဆဲ့မဲ့ယွား" (သဲစီးသောချောင်း) ဟုခေါ်သော ဒေသမှ ဆင်းသက်လာကြသူများဖြစ်ပြီး၊ ယင်းမှာ ဂိုဘီသဲကန္တာရ သို့မဟုတ် မြစ်ဝါမြစ်ဝှမ်းဒေသ ဖြစ်နိုင်ကြောင်း ယူဆကြပါတယ်။
လူမျိုးစုများ အနေနဲ့
၁။ ကရင်လူမျိုး
၂။ စကောကရင်လူမျိုး
၃။ ပိုးကရင်လူမျိုး
၄။ ပလေကီးလူမျိုး (ပလေချီး)
၅။ ဘွဲလူမျိုး
၆။ တလှေပွာလူမျိုး (တလှေပွား)
၇။ မောနေပွားလူမျိုး
၈။ မိုးပွလူမျိုး (မိုးပွား)
၉။ ပကူးလူမျိုး
၁၀။ကရင်ဖြူလူမျိုး (ဂေဘားကရင်)
၁၁။မွန်ကရင်လူမျိုး (စာဖြူ)

ကရင်လူမျိုးတွင် စကောကရင် နှင့် ပိုးကရင် ဟူ၍ အဓိကလူမျိုးစုကြီး ၂ စုရှိသည်။ ထိုလူမျိုးစုကြီး ၂ စုမှာ ဓလေ့စရိုက် နှင့် အသုံးပြုသော ဘာသာစကားတွင် ကွဲပြားခြားနားမှုများရှိသည်။ ကရင်မျိုးနွယ်စုတွင် အဓိကမျိုးနွယ်စုဖြစ်သော ပိုးကရင် (အရှေ့ပိုး နှင့် အနောက်ပိုးကရင်) နှင့် စကောကရင်သာမက ပကူးကရင်၊ ဘွဲကရင်၊ ဂေခိုကရင်၊ ဂေဘားကရင်၊ မောနေပွားကရင်၊ ကရင်ဖြူ၊ ထူးကလိဘောင်ကရင်၊ တလှေပွာကရင်၊ ပလေကီးကရင် စသည့်မျိုးနွယ်စုများသည်လည်း ကရင်လူမျိုးစုအုပ်စုဝင်ထဲတွင်ပါဝင်သည်။

စကောကရင်လူမျိုးများသည် ယောက်ျားလေးများ၏ အမည်ရှေ့တွင် "စော" တပ်၍ ခေါ်ဝေါ်လေ့ရှိကြပြီး မိန်းကလေးအမည်ရှေ့တွင် "နော်" တပ်၍ ခေါ်ဝေါ်လေ့ရှိကြသည်။ ပိုးကရင်လူမျိုးအနက် အရှေ့ပိုးကရင်များ၏ အမည်ရှေ့တွင် အမျိုးသားဆိုပါက "စော" ထည့်၍ အမျိုးသမီး အမည်ရှေ့တွင် "နန်း" တပ်၍ ခေါ်ဝေါ်လေ့ရှိကြသည်။ အနောက်ပိုးကရင်များ၏ အမည်ရှေ့တွင်မူ အသက်အလိုက် အမျိုးသားဆိုပါက "စ" နှင့် "မန်း" ထည့်၍ ခေါ်ပြီး အမျိုးသမီး အမည်ရှေ့တွင် "နန့်" တပ်၍ ခေါ်‌လေ့ရှိကြသည်။

ကရင်နှစ်သစ်ကူးနေ့ကို ပြာသိုလဆန်း (၁) ရက်နေ့ဟု သတ်မှတ်ခဲ့ကြပါတယ်။ ဤသို့ သတ်မှတ်နိုင်ရန် ကရင်ခေါင်းဆောင်များသည် ၁၉၃၆ ခုနှစ်မှစ၍ ကြိုးပမ်းခဲ့ကြပြီး၊ ၁၉၃၈ ခုနှစ်တွင် အစိုးရရုံးပိတ်ရက်အဖြစ် ပထမဆုံး စတင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ကရင်သက္ကရာဇ်ကို ကရင်လူမျိုးများ မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်လာသည့် ဘီစီ ၇၃၉ ခုနှစ်မှစ၍ ရေတွက်ခြင်း ဖြစ်ပါတယ်။

ထင်ရှားသော ကရင်လူမျိုးများ

✅ ဒေါ်ခင်ကြည် - မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး
✅ မန်းဘခိုင် - အာဇာနည် ခေါင်းဆောင်ကြီး ဝန်ကြီး
✅ မန်းဝင်းမောင် - ပြည်ထောင်စုမြန်မာနိုင်ငံ၏ တတိယမြောက်သမ္မတ
✅ စမစ်ဒွန်း - မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
✅ စောဘဦးကြီး - ကရင် အမျိုးသား အစည်းအရုံး ၏ ပထမဆုံး ခေါင်းဆောင်
✅ ဗိုလ်ချုပ်ကြီးစောဘိုမြ
✅ နော်လွီဇာ ဘင်ဆင် - မယ်ဗမာ ၂ထပ်ကွမ်း
✅ အောင်ဆန်းသူရိယ စောဘရီ
✅ အောင်ဆန်းသူရိယ စောမြင့်
✅ မြန်မာ့ဂီတသမိုင်းတွင် ရောင်းအားအကောင်းဆုံး စံချိန်တင်ခဲ့သူအဆိုတော် ဗဒင်
✅ အိုင်းရင်းခရော့စ် (Iron Cross) တီးဝိုင်း ကိုတည်ထောင်သူ စောဘွဲ့မှူး
✅ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီ
✅ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်း
✅ ဒေါက်တာ စင်သီယာမောင် - လူမှုကူညီရေးများအတွက် နိုင်ငံတကာမှ ဆုပေါင်း ၁၈ ခုတိုင်အောင် ချီးမြှင့်ခံရသူ
✅ စိုးမြတ်မင်း - မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင်
✅ ချစ်စမ်းမောင် - ဂစ်တာပညာရှင်
✅ မန်းဘခင်
✅ စောစံဘ
✅ စောသာအေးကြီး

Wikipedia ပါ အချက်အလက်များအရ ကရင်လူမျိုးများသည် မိမိတို့၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုကို ကမ္ဘာအနှံ့တွင် ခိုင်ခိုင်မာမာ ထိန်းသိမ်းထားနိုင်သည့် လူမျိုးတစ်မျိုး ဖြစ်ပါတယ်။ အထူးသဖြင့် ပြည်ပရောက် ကရင်နွယ်ဖွားများသည်လည်း မိမိတို့၏ ဇာစ်မြစ်ကို မမေ့ဘဲ ရိုးရာပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိတာကို တွေ့ရပါတယ်။

✨ ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ဟာ ကရင်တိုင်းရင်းသားတို့ရဲ့ ရိုးရာယဉ်ကျေးမှုအရ အလွန်အရေးကြီးတဲ့ "ကရင်အမျိုးသား နှစ်သစ်ကူးနေ့" ပဲ ဖြစ်ပါတယ်။ ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ်သို့ ကူးပြောင်းရောက်ရှိလာတဲ့ ဒီနေ့ထူးနေ့မြတ်မှာ -

ကရင်တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။
ကရင်ရိုးရာ ဖားစည်သံကဲ့သို့ ကျော်ကြားဝင့်ထည်ပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကို ထာဝရ ထိန်းသိမ်းနိုင်ကြပါစေ။

ကရင်နှစ်သစ်ကူးနေ့ရဲ့ အနှစ်သာရဖြစ်တဲ့ ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုတွေနဲ့အတူ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး အေးချမ်းသာယာတဲ့ ဘဝသစ်တွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

Sources: Wikipedia/Karen_people

#မောင်စွယ်စုံကျမ်း #ဗဟုသုတ #ကရင်နှစ်သစ်ကူး #၂၇၆၅
#ကျော်ကြားအဆင့်မြင့်စာသင်စာကျက်စာစစ်ဝိုင်းနှင့်ဘော်ဒါ

05/12/2025

''အခြေခံ ကဗျာရေးနည်းများ''

(၁) သံပေါက်
https://www.facebook.com/share/p/1ENqbSbBHh/

(၂) ဝက်နင်း နှင့် ခွာထောက်
https://m.facebook.com/story.php?story_fbid=2130557910307471&id=1877881868908411

(၃) ကာရန်နှင့် စာစပ်
https://m.facebook.com/story.php?story_fbid=2133902893306306&id=1877881868908411

(၄) ပယ်ကြတဲ့ အသတ်ခြောက်ပါး အစပ်ခြောက်ပါး
https://m.facebook.com/story.php?story_fbid=2134036053292990&id=1877881868908411

(၄) အဆက်
https://m.facebook.com/story.php?story_fbid=2134159539947308&id=1877881868908411

(၅) ဒွေးချိုး
https://m.facebook.com/story.php?story_fbid=2135139469849315&id=1877881868908411

(၆) အသံလေးမျိုး
https://m.facebook.com/story.php?story_fbid=2135874439775818&id=1877881868908411

(၇) လေးလုံးစပ်
https://m.facebook.com/story.php?story_fbid=2137699719593290&id=1877881868908411

(၈) သံချပ်
https://m.facebook.com/story.php?story_fbid=2140698479293414&id=1877881868908411

(၉) တြိချိုး
https://m.facebook.com/story.php?story_fbid=2140916872604908&id=1877881868908411

(၁၀) ပဒလင်္ကာရ နှင့် ပဒပူရဏ
https://m.facebook.com/story.php?story_fbid=2142395615790367&id=1877881868908411

(၁၁) ချီသံနှင့် ချသံ
https://m.facebook.com/story.php?story_fbid=2142613689101893&id=1877881868908411

(၁၂) လေးချိုး/လေးဆစ်
https://m.facebook.com/story.php?story_fbid=2146496498713612&id=1877881868908411

-> ဒွေးချိုး တြိချိုး လေးချိုး အစပ်
https://m.facebook.com/story.php?story_fbid=2148439491852646&id=1877881868908411

(၁၃) လေးချိုးလတ်
https://m.facebook.com/story.php?story_fbid=2148652398498022&id=1877881868908411

(၁၄) အလင်္ကာနှင့် နဘေစပ်
https://m.facebook.com/story.php?story_fbid=2156619914367937&id=1877881868908411

-> နဘေစပ် လေ့လာပုံ-
https://m.facebook.com/story.php?story_fbid=2273293822700545&id=1877881868908411

-> ခွဲထား-
https://m.facebook.com/story.php?story_fbid=2161315850565010&id=1877881868908411

-> တောလား/ စာစပ်လေ့လာခြင်း
https://m.facebook.com/story.php?story_fbid=2163640160332579&id=1877881868908411

-> လေ့ကျငိ့ခန်း-
https://m.facebook.com/story.php?story_fbid=2165502616813000&id=1877881868908411

(၁၅) လေးချိုးကြီး
https://m.facebook.com/story.php?story_fbid=2168498959846699&id=1877881868908411

(၁၆) ကဗျာ့အပြစ် ဒေါသ
https://m.facebook.com/story.php?story_fbid=2168623833167545&id=1877881868908411

(၁၇) ရတု
https://m.facebook.com/story.php?story_fbid=2176313552398573&id=1877881868908411

(၁၈) ဝဲရိုက်ဝဲသွင်း
https://m.facebook.com/story.php?story_fbid=2181627768533818&id=1877881868908411

(၁၉) တေးထပ်
https://m.facebook.com/story.php?story_fbid=2183407425022519&id=1877881868908411

-> တေးထပ်တည်ပိုဒ် လေ့ကျင့်ရန်
https://m.facebook.com/story.php?story_fbid=2188911054472156&id=1877881868908411

(၂၀) သံချို
https://m.facebook.com/story.php?story_fbid=2191910744172187&id=1877881868908411

(၂၁) လွမ်းချင်း
https://m.facebook.com/story.php?story_fbid=2196209863742275&id=1877881868908411

- လေးချိုးလတ် ကဗျာ
https://m.facebook.com/story.php?story_fbid=2199562346740360&id=1877881868908411

(၂၂) ဂုဏ်ဆယ်ပါး
https://m.facebook.com/story.php?story_fbid=2203666579663270&id=1877881868908411

-> ကာရန်နဲ့ အလင်္ကာ-
https://m.facebook.com/story.php?story_fbid=2204674846229110&id=1877881868908411

- သံချပ် အဆက်-
https://m.facebook.com/story.php?story_fbid=2215209135175681&id=1877881868908411

(၂၃) ပျို့ အကြောင်း
https://m.facebook.com/story.php?story_fbid=2253168828046378&id=1877881868908411

(၂၄) ရသ အကြောင်း
https://m.facebook.com/story.php?story_fbid=2268606496502611&id=1877881868908411

(၂၅) မြန်မာရှစ်လုံးဖွဲ့ အကြောင်း
https://m.facebook.com/story.php?story_fbid=2276884425674818&id=1877881868908411

(၂၆) သံပေါက် အဆက်-
https://m.facebook.com/story.php?story_fbid=2281143058582288&id=1877881868908411

(၂၇) တေးရိုးငယ် တေးရိုးကြီး-
https://m.facebook.com/story.php?story_fbid=2291860677510526&id=1877881868908411

(၂၈) ဧးချင်း-
https://m.facebook.com/story.php?story_fbid=2325198944176699&id=1877881868908411

(၂၉) အဲချင်း-
https://m.facebook.com/story.php?story_fbid=2326255020737758&id=1877881868908411

(၃၀) တေးတွဲ့-
https://m.facebook.com/story.php?story_fbid=2361380380558555&id=1877881868908411

-> ကာရန်ပြန်-
https://m.facebook.com/story.php?story_fbid=2403639492999310&id=1877881868908411

-> သိင်္ဂါသံ ~ ငိုချင်းရှည်-
https://m.facebook.com/story.php?story_fbid=2444719845557941&id=1877881868908411

(၃၁) ဥပစာ-
https://m.facebook.com/story.php?story_fbid=2433862966643629&id=1877881868908411

(၃၂) သိင်္ဂါသံ/ငိုချင်းရှည်-
https://m.facebook.com/story.php?story_fbid=2457814370915155&id=1877881868908411

(၃၃) အိုင်ချင်း-
https://m.facebook.com/story.php?story_fbid=2495014693861789&id=1877881868908411

-တျာချင်း-
https://m.facebook.com/story.php?story_fbid=2102362256460370&id=1877881868908411

(၃၄) သျှိုးလိုက်ရတု-
https://www.facebook.com/1877881868908411/posts/2522415784455013/

- ကဗျာရွတ်ခြင်း-
https://www.facebook.com/1877881868908411/posts/2710309092332347/

- သဒ်ဒါလငျ်ကာရ -
https://www.facebook.com/1877881868908411/posts/3217431358286782/

နောက်ထပ် ရေးသမျှ ကဗျာရေးနည်း ပို့များကိုလည်း ဒီပို့မှာပဲ ထပ်ဖြည့်စုသွားပါမည်။

ရှေးစာကဗျာများ
Credit

15/11/2025

Respiration
ဒီအကြောင်း တစ်ခါတော့ ပြောဖူးတယ်၊ Cellular respiration ဆိုပြီး။
ဒီနေ့တော့ Cellular Respiration နဲ့ Gas Exchange နှစ်မျိုးစလုံးကိုချိတ်ဆက်ပြီး ဒီ Respiration ခေါင်းစဉ်နဲ့ပဲ သက်ရှိတွေစွမ်းအင်ဘယ်လိုရယူလဲ၊ ဓာတ်ငွေ့တွေ ဘယ်လိုဖလှယ်လဲဆိုတာကို အသေးစိတ် ဆွေးနွေးပေးဦးမယ်။
၁။ Cellular Respiration
Cellular Respiration ဆိုတာ သက်ရှိဆဲလ်တွေထဲမှာ ဖြစ်တဲ့ Chemical reaction ၊ ဒီ reaction က Glucose ကို ဖြိုခွဲပြီး နေ့စဉ် လှုပ်ရှားမှုတွေအတွက် လိုအပ်တဲ့ စွမ်းအင် ATP ကို ထုတ်ပေးတယ်။
Reaction ကနှစ်မျိုး၊ ဆိုတော့ Respiration နှစ်မျိုးပေါ့။
(က) Aerobic Respiration
ဒါကတော့ အောက်ဆီဂျင် လုံလောက်စွာ ရရှိတဲ့အခါ ဖြစ်ပေါ်တဲ့ အထိရောက်ဆုံး စွမ်းအင်ထုတ်လုပ်မှု ဖြစ်စဉ်။သူဖြစ်တဲ့နေရာက Cytoplasm နဲ့ အဓိကအားဖြင့် Mitochondria ထဲမှာ ဖြစ်တယ်။
သူ့ Equation က -
C_6H_12O_6 + 6O_2 —> 6CO_2 + 6H_2O + ATP
ဒီ reaction ကနေ စွမ်းအင် အများအပြား (High yield of ATP) ထုတ်လုပ်ပေးပါတယ်။
(ခ) Anaerobic Respiration
ဒါကကျ အောက်ဆီဂျင် မရရှိတဲ့အခါ (သို့) လုံလောက်မှု မရှိတဲ့အခါ ဖြစ်ပေါ်တဲ့ စွမ်းအင်ထုတ်လုပ်မှု ဖြစ်စဉ်။ စွမ်းအင် အနည်းငယ်ပဲ ထုတ်လုပ်ပေးနိုင်တယ်။ လူနဲ့သတ္တဝါတွေမှာတော့ ကြွက်သားဆဲလ်တွေ ပြင်းပြင်းထန်ထန် လှုပ်ရှားရတဲ့အခါ အောက်ဆီဂျင် မလုံလောက်တော့ရင် ဒီ Anaerobic respiration ဖြစ်ပြီး Lactic Acid ထွက်လာရော။ ကြွက်သားတွေ နာကျင်ကိုက်ခဲစေတာ ဒီ Lactic Acid ပဲ။ နောက်ပိုင်းမှာ ဒီ Oxygen မလုံလောက်ပဲ ဖြစ်ပေါ်ထားရတဲ့ anaerobic respiration အတွက် Oxygen Debt ကို ပြန်ဆပ်ဖို့ လိုအပ်ပါတယ်။
သူ့ equation က -
Glucose —> Lactic Acid + energy (ATP အနည်းငယ်)
Yeast နဲ့ အပင်တွေမှာတော့ ဒီ anaerobic respiration ကို Fermentation - အချဉ်ဖောက်တယ် ခေါ်တယ်။ ဒီမှာတော့ ဂလူးကို့စ်ကနေ Ethanol (အရက်ပျံ) နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် အဖြစ် ပြောင်းသွားတယ်။ မုန့်ဖုတ်တဲ့နေရာ Ethanol ထုတ်တဲ့နေရာတွေမှာ တွေမှာ အသုံးပြုကြတယ်။
သူ့ equation က -
Glucose —> Ethanol + Carbon Dioxide + energy (ATP အနည်းငယ်)
၂။ Gas Exchange in Humans
Gas Exchange ဆိုတာက လေထဲက အောက်ဆီဂျင်ကို ခန္ဓာကိုယ်ထဲ စုပ်ယူပြီး၊ ခန္ဓာကိုယ်က ထုတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အပြင်သို့ စွန့်ထုတ်တဲ့ လုပ်ငန်းစဉ်။ ဒီဖြစ်စဉ်ကို အဆုတ် (Lungs) ထဲက Alveoli (လေအိတ်ကလေးတွေ) မှာ လုပ်ဆောင်တယ်။
(က) Gas exchange အတွက် အဆုတ်ရဲ့ ဖွဲ့စည်းပုံကို ကြည့်ရင် Alveoli လေတွေဟာ gas exchange အထိရောက်ဆုံး ဖြစ်အောင် တည်ဆောက်ထားတာကို တွေ့ရလိမ့်မယ်။ တစ်ချက်ချင်းကြည့်ရအောင် -
က) Alveoli အရေအတွက် သန်းပေါင်းများစွာရှိလို့ (Large Surface Area) မျက်နှာပြင်ဧရိယာ အလွန်ကြီးမားတော့ gas exchange မြန်ဆန်စေတာပေါ့။
ခ) Alveoli ရဲ့ နံရံတွေနဲ့ သူတို့ပေါ်က Capillary တွေရဲ့ နံရံတွေ က Thin Walls ၊ ဆဲလ်တစ်ထပ်စာပဲ ထူတဲ့အတွက် Gas Diffusion မြန်လို့ gas exchange မြန်ဆန်စေနိုင်သေးတယ်။
ဂ) Alveoli တစ်ခုစီမှာ capillaries တွေ အများကြီး (Dense Capillary Network ) ဝန်းရံထားတော့ gas exchange က ပိုထိရောက်တာပေါ့။
ပြီးတော့ Alveoli ရဲ့ အတွင်းမျက်နှာပြင်က အမြဲစိုစွတ်နေတော့ ဓာတ်ငွေ့တွေ ပျော်ဝင်နိုင်ပြီး Diffusion ကို ပိုမိုလွယ်ကူစေသေးတော့ gas exchange က ဒီ ဖွဲ့စည်းပုံ structure တွေကြောင်း အဆုတ်ထဲမှာ တကယ်ပဲ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ဖြစ်ပေါ်ပါတယ်။
Gas Exchange ဖြစ်စဉ်က Concentration Gradient ကြောင့် Diffusion နည်းလမ်းနဲ့ ဖြစ်တယ်ဆိုတာလေးလည်း သိထားရမယ်။
ပြောမယ်ဆို Alveoli ထဲက လေထဲမှာ အောက်ဆီဂျင် ပမာဏ များတယ်။ Capillary ထဲကို ဝင်လာတဲ့ သွေးထဲမှာတော့ အောက်ဆီဂျင် ပမာဏ နည်းတယ်။ ဒါကြောင့် အောက်ဆီဂျင်ဟာ Alveoli ကနေ Capillary ထဲကို ပျံ့နှံ့ဝင်ရောက်သွားတယ်။
နောက်တစ်ခုက Capillary ထဲကို ရောက်လာတဲ့ သွေးထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏ များတယ်။ Alveoli ထဲက လေထဲမှာတော့ ပမာဏ နည်းတယ်။ ဒါကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ Capillary ထဲကနေ Alveoli ထဲကို ပျံ့နှံ့ထွက်သွားပြီး အသက်ရှုထုတ်တဲ့အခါ ခန္ဓာကိုယ်အပြင်ကို စွန့်ထုတ်လိုက်တာပဲ။
၃။ Breathing
အသက်ရှူသွင်းခြင်းနဲ့ ရှူထုတ်ခြင်းကတော့ ရင်ခေါင်းထဲက လေဖိအားကို ပြောင်းလဲခြင်းအားဖြင့် လေတွေကို ဝင်ထွက်စေတဲ့ Mechanical Process ပဲ။
အသက်ရှူသွင်းခြင်း (Inhalation) လုပ်တဲ့အခါ Diaphragm (ရင်ဝမ်းခြားကြွက်သား) က contract ဖြစ်ပြီး အောက်ကို ကျုံ့ဆင်း ပါတယ်။ External Intercostal Muscles (နံရိုးကြားအပြင်ကြွက်သား) တွေကလည်း contract ဖြစ်ပြီး နံရိုးတွေကို အပေါ်ကို ဆွဲတင် ပါတယ်။ ဒါကြောင့် ရင်ခေါင်းရဲ့ ထုထည်ဟာ ကြီးမား လာပြီး ရင်ခေါင်းထဲက လေဖိအားဟာ လေထုဖိအားထက် နည်းသွား ပါတယ်။ လေဖိအား ကွာခြားမှုကြောင့် လေတွေဟာ အဆုတ်ထဲကို စီးဝင် လာပါတယ်။
အသက်ရှူထုတ်ခြင်း (Exhalation) လုပ်ရင်တော့ Diaphragm ဟာ relax ဖြစ်ပြီး အပေါ်ကို ပြန်ခုံလာပါတယ်။
External Intercostal Muscles တွေလည်း relax ပြီး နံရိုးတွေ ပြန်ကျဆင်း ပါတယ်။ ဒါကြောင့် ရင်ခေါင်းရဲ့ ထုထည်ဟာ သေးငယ် သွားပြီး ရင်ခေါင်းထဲက လေဖိအားဟာ လေထုဖိအားထက် များလာ ပါတယ်။ လေဖိအား ကွာခြားမှုကြောင့် လေတွေဟာ အဆုတ်ထဲကနေ အပြင်သို့ စီးထွက် သွားပါတယ်။ ဒီ breathing mechanism လေးကိုလည်း ရှင်းရှင်းလင်းလင်း မျက်စေ့ထဲ မြင်တဲ့အထိ နားခည်ထားရင်ကောင်းပါတယ်။
Respiration ခေါင်းစဉ်ကို လေ့လာတဲ့အခါ Cellular Respiration ရဲ့ Chemical equation တွေ နဲ့ စွမ်းအင်ထုတ်လုပ်မှုတွေ၊ Gas Exchange ရဲ့ Diffusion နည်းလမ်းနဲ့ Alveoli တွေရဲ့ ဖွဲ့စည်းပုံ၊ အသက်ရှူသွင်း/ရှူထုတ်ခြင်းရဲ့ စက်မှုဖြစ်စဉ်တွေ အားလုံးကို သေသေချာချာ နားလည်ထားဖို့ အရေးကြီးပါတယ်။
ကဲ ဒါလောက်ဆို အတော်အတန်တော့ အထောက်အကူဖြစ်မယ် ထင်ပါတယ်။

အဆင်ပြေကြပါစေ
Dr. ANW

Photos from အရုဏ် - Online Class's post 15/11/2025
Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

အမှတ် (၃၃)သမာဓိ (၃)လမ်း ဆ/ကရပ်ကွက်
Yangon
[email protected]

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00