24/06/2023
အခြေခံ သူနာပြုစုနည်းများနှင့် ပတ်သက်သော ကျန်းမာရေးဗဟုသုတများသည် လူတိုင်းအတွက် လိုအပ်သော အခြေအနေတွင် အထောက်အကူ ပြုစေရန် ရည်ရွယ်ပါသည်။
Nursing Care (General Knowledge)
မြန်မာပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်ပြီး အသိပညာဗဟုသုတများတိုးပွါးစေရန် ရည်ရွယ်၍ သူနာပြုစုနည်းန.....
24/06/2023
မိခင်လောင်းများနှင့် မွေးကင်းစကလေးငယ်များအတွက် အခြေခံပြုစု စောင့်ရှောက်မှုများနှင့် ပတ်သက်သော ကျန်းမာရေး ဗဟုသုတများကိုရရှိစေရန် ရည်ရွယ်ပါသည်။
Maternal & Child Care (General Knowledge)
မြန်မာပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်ပြီး အသိပညာဗဟုသုတများတိုးပွါးစေရန် ရည်ရွယ်၍ ကိုယ်ဝန်ဆောင်မိ.....
04/01/2023
🚩အရိုးကျီးပေါင်း မဖြစ်ခင် ကြိုတင်သတိပေး ပြောပြနေသော ရောဂါ၏ ရှေ့ပြေးလက္ခဏာများ…
(၁) ညဘက် ခေါင်းအုံးနှစ်လုံး ဆင့်ပြီး မြင့်မြင့်အုံးအိပ်ပါက နံနက် အိပ်ရာထလျှင် ခေါင်းမကြည်လင်ခြင်း၊ ဇက်တောင့်ခြင်း၊ လက်ပြင်ကြောတင်းခြင်း။
(၂) ပက်လက်ကုလားထိုင်ပေါ် ကြာကြာထိုင်မိပါက ဇက်တောင့်ခြင်း၊ နောက်စေ့အတွင်း ခဲလာခြင်း။
(၃) အရိုးကျီးပေါင်းတက်မည့် ညာဘက်ခြမ်းကို စောင်းအိပ်မှ အိပ်ပျော်ခြင်း။
(၄) ဇက် မကြာမကြာချိုးချင်လေ့ရှိခြင်း၊ ထိုကဲ့သို့ဇက်ချိုးလျှင် ကုပ်ဇက်အတွင်းမှ အသံမြည်ပြီး ပူခနဲ ရှိန်းခနဲ ဖြစ်သွားခြင်း။
(၅) အာရုံစိုက်ပြီး စာရေး၊ စာဖတ်၊ တီဗီကြည့် အလုပ်လုပ်ကာမျိုး ကြာကြာပြုလုပ်သည့်အခါမျိုးတွင် ကုပ်ဇက်လေးလာပြီး နားထင်ကြောတွေ တင်းလာခြင်း။
(၆) ဇက်ကြော၊ နောက်ကြောတွေ တက်ခြင်း၊ ထိုးခြင်း။
(၇) ပစ္စည်းအလေးအပင်တွေ ကြာကြာမ မနိုင်ခြင်း၊ မသယ်နိုင်ခြင်း။
(၈) မကြာ မကြာ အုံးလွဲ၊ လက်ပြင်ငုတ်တတ်ခြင်း။
(၉) ဝမ်းချုပ်၊ ချွေးငုတ်နေခြင်း။
(၁၀) လက်သည်း၊ ခြေသည်းများ အရေးအကြောင်းများ ပေါ်ခြင်း။
(၁၁) ဆံပင်တွေ အဖျား နှစ်ခွ ဖြစ်လာခြင်း။
(၁၂) အတက်စာ နည်းနည်းစားမိရုံဖြင့် ခေါင်းမူး၊ ခေါင်းနောက်၊ အကြောတက်တတ်ခြင်း။
(၁၃) ကုပ်ဇက်ကို ထိခိုက်ဖူးခြင်း။
📚 ကျွန်တော့် ကိုယ်တွေ့အရိုးကျီးပေါင်းရောဂါကုထုံး ဆေးဝါးများ (စကြာမင်း)
🤍🤍🤍🤍🤍
01/01/2023
နှစ်သစ် ဆုတောင်း….🤍🤍🤍🤍
ကျန်းမာရေး အသိပညာ၊ အတတ်ပညာများကို မှန်ကန်သော အသိ၊ လုပ်ရပ်များဖြင့် မိမိတို့၏ အသက်၊ သူတပါးတို့၏ အသက်တို့ကို ဆထက်တံပိုး ပိုမိုတန်ဖိုးထားတတ်ခြင်းဖြင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုအင်ဆန္ဒများနှင့် အလုံးစုံ ပြည့်စုံကြပါစေ….🤍🤍🤍🤍
26/12/2022
အသင့်စားခေါက်ဆွဲခြောက်များနှင့် ကျန်းမာရေးပြဿနာများ
🍜🍜🍜
အသင့်စားခေါက်ဆွဲခြောက်ကို ၁၉၅၈ ခုမှာ ဂျပန် နိုင်ငံသား အဖြစ်ခံယူထားတဲ့ ထိုင်ဝမ် လူမျိုး မစ္စတာ အန်ဒိုက စတင် တီထွင် ထုတ်လုပ်ခဲ့ပြီး အခု အခါမှာတော့ တကမ္ဘာလုံးမှာ လူကြိုက်များတဲ့ အစားအစာ တခု ဖြစ်လာပါပြီ ။
၂၀၂၀ စာရင်းအရ တကမ္ဘာလုံးစားသုံးမှုမှာ တနှစ်လျင် ခေါက်ဆွဲခြောက် အထုတ်ပေါင်း ၁၀၃.၆ ဘီလီယံ ရှိပြီး ခေါက်ဆွဲခြောက် စားသုံးမှု အများဆုံးနိုင်ငံ မှာ တရုတ်ပြည် ဖြစ်သည်။
🫖🫖🫖
ရေနွေးနဲ့ ၃ မိနစ်လောက် ဖျောလိုက်ရုံ နဲ့ ပူပူနွေးနွေး ခေါက်ဆွဲ တခွက် ရတယ် ဆိုတော့ အလွန် အဆင်ပြေပါတယ် ။ ဈေးလည်း သက်သာတယ် ။ စားလို့လည်း ကောင်းတယ် ။ ဒါပေမယ့် ကျန်းမာရေး ဆိုးကျိုးတွေ ရှိပါတယ် ။
🍲🍲🍲
ခေါက်ဆွဲခြောက်တွေက အာဟာရ တန်ဖိုး အလွန်နည်းပါတယ် ။ အဓိက ပါဝင်တာက ကစီဓာတ် ၊ စားသုံးဆီ ၊ ဆိုဒီယမ် ၊ အချိုမှုန့် နှင့် အရသာ အမှုန့်များ ၊ ဆိုးဆေး နှင့် ဓာတု ပစ္စည်းများ ၊ ပရိုတိန်း ဓာတ် အနည်းငယ် ပါဝင်ပါတယ် ။ အမျှင်ဓာတ် ၊ ဗီတာမင်နှင့် သတ္တုဓာတ်များ ချို့တဲ့ပါတယ် ။
🍝🍝🍝
ခေါက်ဆွဲခြောက်ကို တလလျှင် တစ်ကြိမ် ခန့်သာ စားသုံးသင့်ပါတယ် ။ ခရီသွားသူများ ၊ တောထဲတွင် စခန်းချသူများ အတွက် သင့်လျှော်သော်လည်း ပုံမှန်စားသုံးရန် မသင့်လျှော်ပါ ။
၂၀၁၄ ခု Harvard School of Public Health သုတေသန ပြုချက်အရ ခေါက်ဆွဲခြောက်ကို တပတ်လျှင် ၂ ကြိမ် ထက် ပိုစားသော အမျိုးသမီးများ၏ ၆၈% တွင် သွေးတိုး ၊ ဆီးချို ၊ အဝလွန်ခြင်းနှင့် သွေးတွင်း အဆီဓာတ်များခြင်း ရောဂါများ ဖြစ်နိုင်ကြောင်း တွေ့ရှိရသည်။
🫄👫
ခေါက်ဆွဲခြောက်ကို လုံးဝ မစားသင့်သူများကတော့ ကိုယ်ဝန်ဆောင် နဲ့ ကလေးငယ်များ ဖြစ်ပါတယ် ။ ခေါက်ဆွဲခြောက်ကို တာရှည်ခံအောင်လုပ်တဲ့ ဆေး TBHQ preservatives က ကလေး လူငယ်တွေကို "အာရုံစူးစိုက်မှုအားနည်းပါးပြီး ဂနာမငြိမ်သောရောဂါ " ADHD (注意力不足過動症)လက္ခဏာများ ဖြစ်စေပါတယ် ။ ရေရှည်စားပါက ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေပါတယ် ။
😨😨👁👁
ခေါက်ဆွဲခြောက်မှာ ပါဝင်တဲ့ ဓာတုဆေးဝါးတွေက ခေါင်းကိုက်ခြင်း ၊ ခေါင်းမူးခြင်း ၊ ဆံပင်ကျွတ်ခြင်း ၊ အမြင်အာရုံ ဝေဝါးခြင်းတို့ ဖြစ်စေ နိုင်ပါတယ် ။
🍜🍜🍜
ခေါက်ဆွဲခြောက်တွေက အစာချေဖို့ အလွန်ခက်ပါတယ်။ တခြား ခေါက်ဆွဲ အစိုတွေက အစာအိမ်ထဲမှာ ၂ နာရီလောက်ဆိုရင် လုံးဝ ကျေပျက် သွားပါပြီ ။ ခေါက်ဆွဲခြောက်တွေက အစာအိမ် ထဲမှာ နာရီပေါင်းများစွာ ကြာမှ ကျေပျက်ပါတယ် ။ အဲဒီတော့ အဆာခံ ပါတယ် ။ အစာအိမ်နဲ့ အူလမ်းကြောင်းကို ဝန်ထုတ် ဝန်ပိုး ဖြစ်စေပါတယ် ။
✏️✏️
လွန်ခဲ့တဲ့ ၆-၇ နှစ်ခန့်က အိန္ဒိယမှာ ထုတ်တဲ့ ခေါက်ဆွဲခြောက်တွေမှာ ခဲ ပါဝင် မှုရှိပြီး ခဲ အဆိပ်သင့်မှု Lead poisoning ဖြစ်နိုင်တာကြောင့် ဈေးကွက် ကနေ ဖယ်ရှား ခဲ့ရပါတယ်။
👨💼👨💼📝
၂၀၁၆ တွင် ထိုင်ဝမ် ကျောင်းသား တစ်ဦးသည် ခေါက်ဆွဲခြောက်ကို အလယ်တန်း ကျောင်းသား ဘဝ မှစ၍ နေ့တိုင်း နည်းပါးစားခဲ့သည် ။ အသက် ၁၈ နှစ် တက္ကသိုလ် ပထမနှစ် တွင် ဗိုက်နာခြင်း ၊ အော့အန် ခြင်း စတဲ့ လက္ခဏာတွေကြောင့် ဆရာဝန် သွားပြပြီး ကျန်းမာရေး စစ်ဆေးရာ အစာအိမ် ကင်ဆာ အဆင့် ၄ ဖြစ်ကြောင်း တွေ့ရှိရသည် ။ တနှစ်အကြာတွင် ဆုံးပါးသွားသည် ။
ခေါက်ဆွဲခြောက်ကို ၄ နှစ် ဆက်တိုက်စား ပြီး တက္ကသ်ိုလ် ကျောင်းသား တစ်ယောက် အစာအိမ် ကင်ဆာ ဖြင့် ဆုံးပါးသွားတယ် .. စသည်ဖြင့် ထိုင်ဝမ် သတင်းစာ ၊ ရုပ်မြင်သံကြား ၊ သတင်း ဌာနများက ဖော်ပြကြရာ ဟိုးလေး တကြော် ဖြစ်ခဲ့ဖူးပါတယ် ။
ဆရာဝန်များက ရှင်းပြရာတွင် ... ခေါက်ဆွဲခြောက် ကြောင့် အစာအိမ် ကင်ဆာ ဖြစ်ကြောင်း သုတေသန အထောက်အထားများ မရှိပါ ။ ခေါက်ဆွဲခြောက် တွင်ပါဝင်သော ဆိုဒီယမ် ၊ အချိုမှုန့် ၊ အငန်ဓာတ် လွန်ကဲခြင်း ၊ ဆိုးဆေး ၊ ဓာတု ဆေးတွေက အစာအိမ် ကင်ဆာ ဖြစ်စေနိုင် တယ်လို့ ပြောကြားပါတယ် ။
🧬🩻🔬
ခေါက်ဆွဲခြောက်မှာ ပါတဲ့ ဆိုဒီယမ်၊ အချိုမှုန့် ၊ အငန်ဓာတ် လွန်ကဲခြင်း တွေက အစာအိမ် ကင်ဆာ ဖြစ်ရုံသာမက သွေးတိုးရောဂါ နှင့် နောက်ဆက်တွဲရောဂါများ - နှလုံး သွေးကြောပိတ်ရောဂါ ၊ ဦးနှောက် သွေးကြောပေါက်ခြင်း ၊ နှလုံး အားနည်းခြင်း Heart failure ၊ ကျောက်ကပ် ပျက်စီးခြင်း များ ဖြစ်နိုင်ပါတယ်။ ကျောက်ကပ် ပျက်စီးပြီ ဆိုရင်တော့ ကျောက်ကပ်ဆေး မလား ၊ ကျောက်ကပ် အစားထိုးမလား ကိစ္စ ရပ်တွေကို ရင်ဆိုင်ရပါမယ် ။
🍲🍜🍖🥚🥬🥦🌽
ခေါက်ဆွဲခြောက် တွေကို ကျန်းမာရေး နဲ့ ညီညွတ် အောင်ချက်မယ် ဆိုရင် သူ့ထဲမှာ ပါတဲ့ အရသာအထုတ်ကို မသုံးဘဲ ကြက်ဥ၊ သားငါး ၊ ပဲပြား ၊ဟင်းသီး ဟင်းရွက် ... စသည်တို့ ထည့်ချက် ပြီး ခေါက်ဆွဲပြုတ်ရည်ကိုလည်း ပထမ တရေ ကို သွန်ပစ်ရပါမယ် ။ အဲဒါဆို လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်ဆည်းရာ ရောက်ပြီး ခန္ဓာကိုယ်အတွက် မကောင်းတဲ့ ဓာတု ဆေးတွေကိုလည်း အတော်အသင့် ဖယ်ရှား နိုင်ပါလိမ့်မယ်။
📝
ဒေါက်တာကိုမျိုး
၂၆ ဒီဇင်ဘာ ၂၀၂၂
19/12/2022
🅾️ အောက်ဆီဂျင်ပေးရာတွင် လိုက်နာရမည့် အချက်များ...
◽️အောက်ဆီဂျင်သည် လောင်ကျွမ်းစေနိုင်သော ဓါတ်ငွေ့ဖြစ်သောကြောင့် မီးခြစ် ခြစ်ခြင်း၊ ဖယောင်းတိုင်ထွန်းခြင်း၊ အရက်ပျံ သုံးခြင်း၊ သိုးမွှေးစောင်သုံးခြင်းတို့ မပြုလုပ်ရန် လူနာမိသားစုဝင်တွေကို ပြောပြရမည်။
◽️အောက်ဆီဂျင်အိုးပေါ်တွင် ဆီများ မသုတ်လိမ်းရပါ။ ပူသောနေရာများတွင် မထားရပါ။
◽️အောက်ဆီဂျင် ကုန်သော အိုးများကို ကုန်ကြောင်းစာကပ်ထားရမည်။
◽️မွေးစကလေးများကို အောက်ဆီဂျင် အလွန်အကျွံပေးလျှင် မျက်စိကွယ်တတ်သည်။
◽️အောက်ဆီဂျင်ပေးလျှင် ရေကိုဖြတ်ပြီးမှ ပေးပါ။
◽️နှာခေါင်းပိုက်ကို ၈ နာရီခြားတစ်ခါ လဲပေးရမည်။ (သို့) ၁၂ နာရီခြား (သို့) ၂ ရက်တစ်ခါ လဲပေးရမည်။
◽️အောက်ဆီဂျင်ပေးသော ပိုက်သည် လိမ်ခြင်း၊ တွန့်ခြင်း၊ ခေါက်ခြင်း မရှိစေရ။
◽️အောက်ဆီဂျင်ပေးထားသော နှာခေါင်းတွင် အရေပြား ပွန်းပဲ့ခြင်း မရှိစေရန် အမြဲဂရုစိုက်ရမည်။
◽️အောက်ဆီဂျင်ပေးသော လူနာ၏ လက်သည်း၊ခြေသည်း၊ နှုတ်ခမ်းတို့ ပြာနေခြင်း ရှိမရှိစစ်ဆေးရမည်။
◽️အောက်ဆီဂျင်ပေးသော လူနာသည် အာခေါင်ခြောက်တတ်သဖြင့် မကြာခဏ ခံတွင်း သန့်ရှင်း ပေးရမည်။
◽️အောက်ဆီဂျင် ဆလင်ဒါကို အပိုတစ်ခုအမြဲထားရမည်။
⚕️⚕️⚕️⚕️⚕️
🤍🤍🤍🤍🤍
12/12/2022
Why should you take Vitamins? | The Fixies | Cartoons for Kids
Tom Thomas has been trying unsuccessfully to memorize the multiplication table. The Fixies think that his problems with memory are a result of a vitamin defi...
10/12/2022
🥺 ထုံနာ ကျင််နာ ဖြစ်စေသော အကြောင်းများ...
(၁) အာရုံကြောများ ထိခိုက်ဒဏ်ရာရခြင်း ဖိမိခြင်း ညပ်ခြင်း
(၂) ရေရှည် ဖိမိ ညှပ်မိခြင်း
(၃) ခန္ဓာကိုယ်ရောဂါများကြောင့် အာရုံကြောများ ရောင်ခြင်း ပျက်စီးခြင်း
(၄) ပြင်ပ အဆိပ်များမိခြင်း
(၅) မျိုးရိုးဗီဇ ပျက်စီးခြင်း
🥺 ထုံနာ ကျင်နာ လက္ခဏာများ...
💥 အမျိုးအစား
▪️ခံစားမှု ပျက်စီးခြင်း
▪️လှုပ်ရှားမှု ထိခိုက်ခြင်း
▪️ကိုယ်တွင်း အဂ်ါ
▪️အာရုံကြော တစ်ခုသာ ထိခိုက်ခြင်း
▪️မျိုးစုစုပေါင်း
💥 တစ်ခုချင်း လက္ခဏာများ...
▪️ခံစားမှု ပျက် ထုံနာကျင်နာ
▪️လှုပ်ရှားမှု ထိခိုက်ခြင်း
▪️ကိုယ်တွင်း အဂ်ါထိန်း ပျက်စီးမှု
🤍🤍🤍🤍🤍
Ref 📚
လေဖြတ် လေညှပ် သေမတတ် အာရုံကြောရောဂါများ
09/12/2022
☀️ ရေနွေး အိတ်ကပ်ခြင်း
ရည်ရွယ်ချက်...
▪️နာကျင်မှု သက်သာစေရန်၊
▪️နွေးစေရန်၊
▪️အိပ်ပျော်စေရန်၊
▪️ဆီးမသွားနိုင်ပါက ဆီးသွားစေရန် ရေနွေးအိတ် တင်ပေးရန်။
ရေနွေးအိတ်ပေးရာတွင် သတိပြုရမည့် လူနာများ...
▪️သတိမေ့နေသော လူနာများ၊
▪️မေ့ဆေးမပြယ်သေးသော လူနာများ၊
▪️ခါးအောက်ပိုင်း ထုံဆေးပေးထားသော လူနာများ၊
▪️မွေးစကလေးနှင့် သက်ကြီးရွယ်အိုများ၊
▪️စိတ်ကျန်းမာရေး ချို့တဲ့သူများ။
🤍🤍🤍🤍🤍
08/12/2022
⚡️ဝမ်းကိုက်ရောဂါအတွက် အသုံးပြုသော ဆေးများမှ (Metroidazole) ၏ ဘေးထွက်ဆိုးကျိုးများ...
▪️ပါးစပ် ခါးခြင်း
▪️ဆီးအရောင်နောက်ခြင်း (သို့) နီညိုရောင် ဖြစ်ခြင်း
▪️အစာ စားချင်စိတ် မရှိခြင်း
▪️ခေါင်းကိုက်ခြင်း
▪️မူးဝေခြင်း
⚡️သတိပြု သုံးစွဲသင့်သူများ...
▪️အသည်း မကောင်းသူများ
▪️ကိုယ်ဝန်ဆောင်နှင့် နို့တိုက် မိခင်များ
🤍🤍🤍🤍🤍