08/09/2021
မြန်မာ့ပတ္တမြား၏ ဝိသေသလက္ခဏာများ
၁။ ကိုယ်ထည်အရောင်သည် ခရမ်းရောင်သမ်းသော သို့မဟုတ် အနီမှပန်းရောင်သမ်းသောအနီ သို့မဟုတ် လိမ္မော်ရောင်သမ်းသောအနီ ဖြစ်ပါသည်။
၂။ အညိုရောင် သို့မဟုတ် မီးခိုးရောင် ရောနှောဖုံးလွှမ်း၍ ညစ်ထေးထိုင်းမှိုင်း နေခြင်းမျိုးမရှိပါ။ ထို့ကြောင့် ကျောက်၏ အရောင်သည် ပြည့်ဝသန့်စင်သော အနီရောင်ဖြစ်ပါသည်။
၃။ အရောင်သည် သာမာန်အနီရောင်မဟုတ်ပဲ တောက်ပစိုပြေသည့် အနီရောင်ဖြစ်ပါသည်။
၎။ အကွက်ဖော်သွေးထားသော တာပလာကျောက်၏ မျက်နှာပြင် ခေါ် ပယ် ကို အပေါ်တည့်တည့်မှနေ၍ ကြည့်ပါက မျက်နှာပြင်ပေါ်တွင် အမည်းရိပ်၊ အမည်းကွက်ဖုံးလွှမ်းနေသော ဧရိယာသည် အနည်းငယ်သာပါရှိပြီး အနီရောင်တောက်ပနေသောဧရိယာသည် ၇၅ ရာခိုင်နှုံးထက် မနည်းရှိနေသည်ကို တွေ့ရှိရပါမည်။
၅။ အစဉ်အမြဲ နီရဲတောက်ပ၍ လှပပါသည်။
17/06/2021
ကျောက်မျက်ရတနာတို့၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ ( Physical properties of Gems)
➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡
ကျောက်မျက်ရတနာဟု သတ်မှတ်နိုင်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာအဂါင်္ရပ်များစွာ လိုအပ်ပါသည်။ ၎င်းတို့မှာ.....
1. အရောင် (Colour)
2. မာခြင်း ( Hadness)
3. ကြံ့ခိုင်ခြင်း ( Toughness)
4. ကွဲအင် ( Cleavage)
5. အက်ရာ ( Fracture)
6. သိပ်သည်းဆ ( Specific gravity)
7. အပူစီးနိုင်မှု ( Thermal conductivity)
8. ဓာတုပစ္စည်းများကို ခံနိုင်ရည်ရှိမှု ( Chemical resistance)
9. အလေးချိန်ယူနစ်များ ( Unit of weight)
တို့ဖြစ်ကြပါသည်။
*****************************
1. အရောင်
အရောင်သည် ကျောက်မျက်ရတနတို့အတွက် လှပခြင်းဟူသောစွမ်းရည်ကို ပေးပါသည်။ ကျောက်မျက်အတန်းအစား၊ အရည်အသွေးနှင့် တန်ဖိုးအနည်းအများကို ဆုံးဖြတ်ပေးသော အဓိကကျသည့်အချက်ဖြစ်သကဲ့သို့ ကျောက်မျက်အမျိုးအစား ခွဲခြားရာ၌လည်း အဆုံးအဖြတ်ပေးသည့် အရေးကြီးသည့် အချက်တစ်ခု ဖြစ်ပါသည်။
ဥပမာအားဖြင့်~ ပတ္တမြား = အနီရောင်- Red ( ခိုသွေးရည် - Pigeon blood)
နီလာ = အပြာရောင် - Blue ( ကတ္တီပါရည် - Velvet)
မြ = အစိမ်းရောင် ( Green)
စသည်ဖြင့်..........
ဆက်လက်ဖော်ပြသွားပါမည်
24/03/2020
တောင်ဒဂုံ စက်မှုဇုန် မင်းကွင်းဈေးထိပ်က တပည့်ဖြစ်သူရဲ့ ရွှေဆိုင်၌ ပညာသင်ပေးရန် ရောက်ရှိ
26/01/2020
ရွှေနှင့်ပတ်သက်သည့် မြန်မာနိုင်ငံသုံး ရွှေအလေးချိန်
ရှေးခေတ်သုံး မြန်မာ့ရွှေအလေးချိန် ( ခ)
၂ ရွေးလေး = ၁ ရွေးကြီး
၃ ရွေးကြီး = ၁ ပဲသား
၂ ပဲသား = ၁ မတ်သား
၂ မတ်သား = ၅ မူးသား
၂ ငါးမူးသား = ၁ ကျပ်သား
၁၀၀ ကျပ်သား = ၁ ပိသာ
၁ ကျပ်သား = ၁၂၀ ရွေးလေး
26/01/2020
ရွှေနှင့်ပတ်သက်သည့် မြန်မာနိုင်ငံသုံး ရွှေအလေးချိန်
ရှေးခေတ်သုံး မြန်မာ့ရွှေအလေးချိန် ( က)
၃၆ မရမာအဏုမြူ = ၁ အဏုမြူ
၃၆ အဏုမြူ = ၁ လိက္ခာမြူ
၇ လိက္ခာမြူ = ၁ သန်းဦးခေါင်း
၇ သန်းဦးခေါင်း = ၁ မုန်ညင်းလုံး
၃ မုန်ညင်းလုံး = ၁ နှမ်းလုံး
၎ နှမ်းလုံး = ၁ ဆန်လုံး
၎ ဆန်လုံး = ၁ ချင်ရွေး
၈ ချင်ရွေး = ၁ ပဲ
၅ ပဲ = ၁ မတ်
၂ မတ် = ၁ ငါးမူး
၂ ငါးမူး = ၁ ကျပ်
၅ ကျပ် = ၁ ပို
၂၁ ပို = ၁ ပိသာ
၎ ပိသာ = ၁ တုလာ
၎ တုလာ = ၁ ပုံ
26/01/2020
WIN MAW GOLD & SILVER ACADEMY
ကိုယ်ပိုင်ရွှေဆိုင် အပေါင်ဆိုင် ဖွင့်လှစ်လိုသူများအတွက် ''ရွှေ "အကြောင်းကို အခြေခံမှစ၍ စာတွေ့ လက်တွေ့ သင်ကြား ပို့ချပေးပါသည်။
♥ သင်ရိုးညွှန်တမ်း~
Gold knowledge
မြန်မာ့ ရွှေ အလေးချိန်
နိုင်ငံတကာသုံး ရွှေ အလေးချိန်
ရွှေ တန်ဖိုး တွက်ချက်နည်း
Myanmar & international gold weight convention
မြန်မာ နိုင်ငံ ရွှေဈေးကို ခန့်မှန်းနည်း
မြန်မာနိုင်ငံ ရွှေ ဈေးကွက်တွင် ရောင်းဝယ်ဖောက်ကား နေသော ရွှေ အခေါက်တုံးများအကြောင်း
နိုင်ငံတကာမှ ထုတ်လုပ်သော ရွှေ များအကြောင်း
မြန်မာနိုင်ငံ သုံးရွှေ အရည်အသွေးများ
ရွှေ အရည်အသွေး စပ်ယူနည်းများ
ရွှေ အရည်အသွေး ကိုစစ်ဆေးသော မှတ်ကျောက် အကြောင်း
ရွှေ အရည်အသွေး ကိုစစ်ဆေး အကဲဖြတ်နည်း
ရွှေ အတု အစစ်ခွဲခြားနည်း
Digital Scale & Digital Kit [ရွှေ အရည်အသွေး စစ်စက်]များအကြောင်း
ရွှေ အရည်အသွေးကို ကြည့်၍ တန်ဘိုး ဖြတ်နည်း
ရွှေ အပေါင်ခံ တန်ဘိုး ဖြတ်နည်း
ရွှေ ဆိုင်ဖွင့်ရန် လိုအပ်ချက်များ
ရွှေ ဒင်္ဂါပြား များအကြောင်း
ရွှေ သန့်စင်နည်းစနစ်များ
ပန်းထိမ်ပိုင်းဆိုင်ရာ သိကောင်းစရာ
ပန်းထိမ်၌ ရွှေ ထည်ပစ္စည်းများ အပ်ယူခြင်း
ရွှေ ထည်များကို အရောင်တင်နည်း
moule ဖြင့်ရွှေထည် ပြုလုပ်နည်း
silver [925] အကြောင်း
ကျောက်မျက်အချိန်အတွယ် နှင့် သိမှတ်ဖွယ်ရာများ အစရှိသည်တို့ကို အဓိကထား၍ သင်ကြားပို့ချပေးပါမည်။
Win Maw Gold & Silver Academy
No.131,top fl[r], 32 Street[mid],
Pabedan Township , Yangon,
MYANMAR
Hot line ~ 9251037895
26/05/2018
ရွှေအရောင်တင် လက်တွေ့သင်ယူနေသော တပည့်
04/02/2018
ဆိုင်ဖွင့်ရန် ကြိုတင်ပြင်ဆင်မှု