14/09/2025
"ဝမ်းနည်းကြေကွဲခြင်း"
ဦးမာရ်တင်တီး (လွိုင်ကော်) ( Italian speaking Tour Guide)
အသက် (၅၂) နှစ်
အီတလီဘာသာစကားပြော ဧည့်လမ်းညွှန် ဦးမာရ်တင်တီးသည် ၁၄.၉.၂၀၂၅ (တနင်္ဂနွေနေ့) အီတလီ စံတော်ချိန် နံနက် ၄ နာရီအချိန်တွင် ၉၆ ပါးသော ရောဂါဖြင့်အီတလီနိုင်ငံ Casa Postalengo, Via Armando 26841 LODI (MI)၌ ကွယ်လွန်အနိစ္စ ရောက်သွားကြောင်း သိရှိရပါသဖြင့် ဝမ်းနည်းရပါကြောင်းနှင့်လုပ်ဖော်ကိုင်ဘက် ဧည့်လမ်းညွှန်များသိရှိနိုင်ရန် ထပ်ဆင့် အသိပေးအကြောင်းကြားအပ်ပါသည်။ ။
မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း
03/06/2025
"ဝမ်းနည်းကြေကွဲခြင်း"
ဦးသန့်ဇော်ငြိမ်း
(အင်္ဂလိပ်ဧည့်လမ်းညွှန်)
အသက် (၅၇)နှစ်
အင်္ဂလိပ်ဘာသာစကားပြော ဧည့်လမ်းညွှန် ဦးသန့်ဇော်ငြိမ်း သည် ၂.၆.၂၀၂၅ (တနင်္လာနေ့) ၁၂း၃၀ အချိန်တွင် ကွယ်လွန်အနိစ္စ ရောက်သွားပြီး၊ ၄.၆.၂၀၂၅ (ဗုဒ္ဓဟူးနေ့) ညနေ (၄) နာရီအချိန်တွင် ရန်ကုန်မြို့ရေဝေးသုဿန်၌သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရှိရပါသဖြင့် လိုက်ပါပို့ဆောင်ပေးလိုသော ဧည့်လမ်းညွှန် လုပ်ဖော်ကိုင်ဘက်များသိရှိနိုင်ရန်နှင့် ဝမ်းနည်းကြေကွဲရပါကြောင်းအသိပေးထုတ်ပြန်အပ်ပါသည်။ ။
မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း
01/10/2024
"ဝမ်းနည်းကြေကွဲခြင်း"
ကိုဝေဖြိုးအောင်(ခ)ကိုကျော်စည်သူ
(ပြင်သစ်ဧည့်လမ်းညွှန်)
အသက် (၃၇)နှစ်
ပြင်သစ်ဘာသာစကားပြော ဧည့်လမ်းညွှန် ကိုဝေဖြိုးအောင်(ခ) ကိုကျော်စည်သူ သည် ၂၉.၉.၂၀၂၄ (တနင်္ဂနွေ) နေ့တွင် ကွယ်လွန်အနိစ္စ ရောက်သွားပြီး၊ ၁.၁၀.၂၀၂၄ (အင်္ဂါနေ့) ညနေ ၄ နာရီတွင် ရန်ကုန်မြို့ရေဝေးသုဿန်၌သင်္ဂြိုဟ်ပြီးစီးပါကြောင်းသိရှိရပါ
သဖြင့်လုပ်ဖော်ကိုင်ဘက်ဧည့်လမ်းညွှန်များနှင့်မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းမှဝမ်းနည်းကြေကွဲရပါကြောင်းအသိပေးထုတ်ပြန်အပ်ပါသည်။ ။
မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း
09/06/2024
"အထူးဝမ်းနည်းကြေကွဲခြင်း"
ဆရာကြီး ဦးသက်ထွန်း
အသက် (၇၆)နှစ်
ဝါရင့်ဧည့်လမ်းညွှန်
(Tourist Burma)
ဧည့်လမ်းညွှန်များအတွက် သင်တန်းများပို့ချသင်ကြားပေးခဲ့သော၊ ဝါရင့် အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်ဖြစ်သူ
ဆရာကြီး ဦးသက်ထွန်း (အသက် ၇၆ နှစ်) သည် ၈.၆.၂၀၂၄ (စနေနေ့)တွင်ကွယ်လွန်အနိစ္စ ရောက်သွားကြောင်းသိရပါသဖြင့် တပည့် ဧည့်လမ်းညွှန်များနှင့် မြန်မာနိုင်ငံဧည့်လမ်းညွှန်များ
အသင်းအနေဖြင့် အထူးဝမ်းနည်း ကြေကွဲရပါကြောင်းအသိပေးထုတ်ပြန်ပါသည်။ ။
မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း
09/05/2024
"ဝမ်းနည်းကြေကွဲခြင်း"
ဦးမိုးအောင်လွင်
G-0150
(အင်္ဂလိပ်ဧည့်လမ်းညွှန်)
အသက် (၆၃) နှစ်
အင်္ဂလိပ်ဘာသာစကားပြော ဧည့်လမ်းညွှန် ဦးမိုးအောင်လွင် သည် ၅.၅.၂၀၂၄ (တနင်္ဂနွေ) နေ့တွင် ၉၆ ပါးသော ရောဂါဖြင့်ကွယ်လွန်အနိစ္စ ရောက်သွားပြီး၊ (၆.၅.၂၀၂၄) တနင်္လာနေ့ တွင် ပုဂံမြို့၌သင်္ဂြိုဟ်ပြီးစီးပါကြောင်း ကျန်ရစ်သူမိသားစုထံမှသိရှိရပါ
သဖြင့်လုပ်ဖော်ကိုင်ဘက်ဧည့်လမ်းညွှန်များနှင့်မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းမှဝမ်းနည်းကြေကွဲရပါကြောင်းအသိပေးထုတ်ပြန်အပ်ပါသည်။ ။
မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း
08/05/2024
"အထူးဝမ်းနည်းကြေကွဲခြင်း"
ဆရာမကြီးဒေါ်တင်သန်းယု
အသက် (၈၁)နှစ် ဂျာမန်ဧည့်လမ်းညွှန် (ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း)-ငြိမ်း
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ခရီးသွားလုပ်ငန်းဆိုင်ရာသင်တန်းကျောင်း(ဧည့်လမ်းညွှန်အခြေခံသင်တန်းများ)တွင်ပို့ချသင်ကြားပေးခဲ့သူ၊ဧည့်လမ်းညွှန်မျိုးဆက်သစ်များစွာကို မွေးထုတ်ပေးခဲ့သူ၊တင်သန်းယု (မြန်မာ့ခရီးသွား) ကလောင်အမည်ဖြင့် ခရီးသွားလုပ်ငန်းဆိုင်ရာ စာအုပ်များနှင့် ခရီးသွားဗဟုသုတ ဆောင်းပါးများ ရေးသားခဲ့သူ၊ ဝါရင့်ဂျာမန်ဘာသာစကားပြော ဧည့်လမ်းညွှန်ဖြစ်သူ
ဆရာမကြီး ဒေါ်တင်သန်းယု (အသက် ၈၁ နှစ်) သည် ၈.၅.၂၀၂၄ နေ့တွင်ခရစ်တော်၌ အိပ်ပျော်သွားကြောင်းသိရပါသဖြင့် တပည့် ဧည့်လမ်းညွှန်များနှင့်
မြန်မာနိုင်ငံဧည့်လမ်းညွှန်များ
အသင်းအနေဖြင့် အထူးဝမ်းနည်း ကြေကွဲရပါကြောင်းအသိပေးထုတ်ပြန်ပါသည်။
၁၂.၅.၂၀၂၄ (တနင်္ဂနွေ) နေ့ မွန်းလွဲ ၃ နာရီတွင် ရေဝေးသုဿန် (ခရစ်ယာန်ဂိုဏ်းပေါင်းစုံခန်းမ)၌ ဝတ်ပြုဆုတောင်းပွဲပြုလုပ်အပြီး ဂူသွင်းသင်္ဂြိုဟ်မည်ဖြစ်ပါ၍ တပည့် ဧည့်လမ်းညွှန်များလာရောက်ဂါရ၀ပြုနိုင်ရန်အတွက်ထပ်ဆင့် အသိပေးအပ်ပါသည်။ ။
မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း
10/04/2024
"ဝမ်းနည်းကြေကွဲခြင်း"
ဒေါ်မေရီ (ခ) ဒေါ်ခင်မြတ်သူ
(G-0045)
{Tourist Burma}
ဝါရင့် အင်္ဂလိပ်ဘာသာ ဧည့်လမ်းညွှန် ဒေါ်မေရီ (ခ) ဒေါ်ခင်မြတ်သူ (Tourist Burma) သည် ၂၀၂၄ ခု ဧပြီလ ၉ ရက်နေ့တွင် အလ္လာဟ်အရှင်မြတ်အမိန့်တော်ခံယူသွားကြောင်း သိရပါသဖြင့် ဧည့်လမ်းညွှန်များနှင့် မြန်မာနိုင်ငံဧည့်လမ်းညွှန်
များအသင်းအနေဖြင့် ဝမ်းနည်းကြေကွဲရပါကြောင်း အသိပေးထုတ်ပြန်ပါသည်။ ။
မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း
01/12/2023
"ဝမ်းနည်းကြေကွဲခြင်း"
ဦးကျော်ဘိုးသာ
အသက်- ၆၁ နှစ်
(ပြင်သစ်ဧည့်လမ်းညွှန်)
ပြင်သစ်ဘာသာစကားပြော ဧည့်လမ်းညွှန် ဦးကျော်ဘိုးသာ (အသက် ၆၁ နှစ်) သည် ၃၀.၁၁.၂၀၂၃ ( ကြာသပတေးနေ့) နေ့လည် ၁၂ နာရီ တွင် ၉၆ ပါးသော ရောဂါဖြင့်ကွယ်လွန်အနိစ္စ ရောက်သွားပြီး၊ (၁.၁၂.၂၀၂၃) ရက် နေ့လည် (၃ နာရီ) အချိန်တွင် ပခုက္ကူမြို့၌သင်္ဂြိုဟ်မည်ဖြစ်
ကြောင်းကျန်ရစ်သူမိသားစုထံမှသိရှိရပါသဖြင့်လုပ်ဖော်ကိုင်ဘက်ဧည့်လမ်းညွှန်များနှင့်မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းမှဝမ်းနည်းကြေကွဲရပါကြောင်းအသိပေးထုတ်ပြန်အပ်ပါသည်။ ။
မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း
15/10/2022
"ဝမ်းနည်းကြေကွဲခြင်း"
ဦးမြင့်ကျော်သူ
အသက်- ၅၂ နှစ်
G-3648 ပုဂံညောင်ဦးဧည့်လမ်းညွှန်အသင်း
ဥက္ကဌ(ဟောင်း)
အင်္ဂလိပ်ဘာသာစကားပြော ဧည့်လမ်းညွှန် ဦးမြင့်ကျော်သူ (အသက် ၅၂ နှစ်) သည် ၁၅.၁၀.၂၀၂၂ ရက် (စနေနေ့) နံနက်တွင် ညောင်ဦးမြို့၌ ၉၆ ပါးသော ရောဂါဖြင့်ကွယ်လွန်အနိစ္စ ရောက်သွားကြောင်း သိရှိရပါသဖြင့် လုပ်ဖော်ကိုင်ဘက်ဧည့်လမ်းညွှန်များနှင့် မြန်မာနိုင်ငံဧည့်လမ်းညွှန်များ အသင်းမှအထူးဝမ်းနည်းကြေကွဲရပါကြောင်းအသိပေးထုတ်ပြန်အပ်ပါသည်။ ။
မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း
22/09/2021
"ပြန်လည်မျှဝေခြင်း"
နိုင်ငံတစ်ကာ ခရီးသွားများ ဝင်ရောက်မှုနဲပါးပြီးဧည့်လမ်းညွှန် အများစုအားလပ်ခဲ့သည့် အချိန်များတွင်
(ကိုဗစ်ကပ်ရောဂါမဝင်ရောက်မီ အခြေအနေတည်ငြိမ်အေးချမ်းခဲ့သည့်ကာလများဖြစ်သော)၂၀၁၈/၂၀၁၉ နှစ်များ၏ စက်တင်ဘာ ၂၂ ရက် နေ့များတွင် ပြုလုပ်ခဲ့သည့် ဧည့်လမ်းညွှန်များ၏ အမှတ်တရ ခရီးစဉ်အချို့ကိုပြန်လည် မျှဝေလိုက်ပါသည်။
#ယခုအချိန်တွင်ဧည့်လမ်းညွှန်များအတွက်မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းကိုယ်စားပြုလှုပ်ရှားမှုအရပ်ရပ်ကိုယာယီရပ်ဆိုင်းထားရချိန်ဖြစ်ပါသည်။ #
လက်ရှိ ရင်ဆိုင်နေရသည့် ကမ္ဘာ့ကပ်ရောဂါအပါအဝင်အခြေအနေအရပ်ရပ်တည်ငြိမ်အေးချမ်းမှုရရှိသွားမည့်ကာလများတွင်အသင်း၏ လှုပ်ရှားမှုများကိုပြန်လည်စ,တင်သွားနိုင်ရန်အတွက်(လက်ရှိကာလအတွင်း)ဧည့်လမ်းညွှန်များအနေဖြင့်
ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံမှုများအတွက် သတိပြု ကာကွယ်နေထိုင်နိုင်ကြပါရန်အသိပေးနှိုးဆော်အပ်ပါသည်။ ။
မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း
19/09/2021
"ဝမ်းနည်းကြေကွဲခြင်း"
ကိုအောင်သဲဦး
အသက် (၄၄) နှစ်
G-3915
(တရုတ်ဧည့်လမ်းညွှန်)
တရုတ်ဘာသာစကားပြောဧည့်လမ်းညွှန် ကိုအောင်သဲဦး(အသက် ၄၄) နှစ် သည် ၁၈.၉.၂၀၂၁ (စနေ) နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်အနိစ္စရောက်ရှိသွားပြီး ၁၉.၉.၂၀၂၁ (တနင်္ဂနွေ)နေ့လည် ၃ နာရီအချိန်တွင် ရေဝေးသုဿန်၌ သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရှိရသည့်အတွက် လုပ်ဖော်ကိုင်ဘက်ဧည့်လမ်းညွှန်များ နှင့်မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းမှအထူးဝမ်းနည်းကြေကွဲရပါကြောင်းအသိပေးထုတ်ပြန်အပ်ပါသည်။ ။
မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း