ဟိန်းမဟာကိုယ်ပိုင်မူလတန်းကျောင်း

ဟိန်းမဟာကိုယ်ပိုင်မူလတန်းကျောင်း

Share

ထက်မြက်ထူးချွန် လူရည်မွန်များ၊ မွေးထုတ်ပေးရာ ဟိန်းမဟာ

16/06/2026

ယနေ့မှစ ကလေးငယ်များကို
ဖုန်းဖြတ်မည်မည်သူမှ
ဖုန်းမပြရန်တောင်းဆိုချင်ပါသည်

ဖုန်းနဲ့ ငြိမ်တယ်
ကလေး၏ လူမှု့ဘ၀ပါ
ငြိမ်သွားစေနိုင်ပါတယ်။
ကလေးများကို ငြိမ်နေဖို့
ဖုန်း TV လုံး၀မပေးပါနှင့်။

Phone, Tablet, Games, TV, ကာတွန်း စသည့်
Screen Time ၏ ဆိုးကျိုးများ

ဦးနှောက်အာရုံကြော
ပုံမှန်အလုပ်မလုပ်ခြင်း။
လူတွေနဲ့ စကားပြောဆက်သွယ်မှု
မလုပ်နိုင်ခြင်း။
မှတ်ဥာဏ်သာကောင်းပြီး
ပုံမှန်မတွေးခေါ်နိုင်ခြင်း။
နေ့စဉ် အီးသေးကိစ္စပင်
မတောင်းဆိုတတ်ခြင်း။
ထမင်းဟင်း အာဟာရကို
ပုံမှန်ကလေးများလို
မစားတတ်ခြင်း၊
လိုချင်တာ ဖြစ်ချင်တာ
မတောင်းတတ်ခြင်း။
စိတ်ကစင့်ကလျားဖြစ်နေခြင်း။
ကိုယ်ခန္ဓာကို မထိန်းချူပ်နိုင်ခြင်း။
ခံစားမှုကို မဖော်ပြတတ်ခြင်း ။
အမြဲ ဂဏာမငြိမ်ခြင်း။
အိပ်စက်နိုင်မှုမရှိခြင်း၊

ကလေးငယ်စဉ်မှာ မိသားစုများ
မအားလပ်လို့ကလေးအား
Phone, Tablet, Games, TV, ကာတွန်း
စသည့်တို့ဖြင့်
ငြိမ်နေအောင် အချိန်ကုန် အဖော်ပြုစေပါက
ကလေးသည် လူမှု့ဘ၀တွင်
အခက်အခဲများစွာ
ရင်ဆိုင်နိုင်ဖို့ ကလေးမိသားစုများ
အဆင်သင့်ပြင်ထားပါ။

ယနေ့ သင်မအားလပ်မှုသည်
သင်ကလေး၏ လူမှု့ဘ၀ကို
ပေးဆပ်ရပါလိမ့်မည်။

ကလေးများ ငယ်စဉ်မှာ
သင်အားအောင်လုပ်ပါ။
သင့်ကလေးကို အဖေါ်အဖြစ်
အုပ်ထိန်းသူအဖြစ်
နေ့စဉ် သင်ကြားကစားပေးပါ။

ကလေးများကို ငြိမ်နေဖို့
ဖုန်း TV လုံး၀မပေးပါနှင့်။
ကလေး၏ လူမှု့ဘ၀ပါ
ငြိမ်သွားစေနိုင်ပါတယ်။

မိသားစုအတော်များများထဲက
၅နှစ်အောက် ကလေးတွေ ဒီပြဿနာတွေနဲ့
ရင်ဆိုင်နေရပါတယ်။

နေ့စဉ်နဲ့အမျှ ဒီလိုကလေးတွေကို
တွေ့ရတာများလာတော့
ရင်ထဲ စိတ်မကောင်းလွန်းလို့ပါ။

ကလေးက စကားသိပ်မပြောဘူး
မိဘက မအားလို့
အဖိုးအဖွားတွေ မရှိလို့ မထိန်းနိုင်လို့
ကလေးထိန်းနဲ့ပဲထားရလို့
ဘယ်သူမှ ကလေးနား နေချိန်မပေးနိုင်လို့
အကြောင်းပြချက်များစွာသည်
ကလေးဘ၀ကို တကယ်ပင်
ငြိမ်သွားစေတာပါပဲ။

ကလေးကို ကလေးမိသားစုက
ကူညီမှ ဖြစ်မှာပါ။

ကလေးကို ချစ်ရင် ကလေးနဲ့အတူ
အချိန်ကုန်လွန်ပါစေ
ကလေးနဲ့အတူ ကလေးလို ဆော့ကစားပါ။
ကလေးနဲ့အတူ ပြေးလွှားခုန်ကစားပါ။
ကလေးနဲ့အတူ ပြောဆိုငြင်ခုံကာ ကစားပါ။
သင်ကလေးသည် ပုံမှန်ထက်
ထူးချွန်နေပါလိမ့်မည်။

သင့်ကလေးကို တကယ်ချစ်သလား။
အထပ်ထပ် အခါခါ မိမိကိုယ်ကို မေးကြည့်ပါ။
သင့်ကလေးကို သင်ချစ်ပေးပါ။

လူတိုင်း မိသားစုတိုင်း ဘ၀အခက်အခဲများစွာ
ရင်ဆိုင်ရပါတယ်
ဘယ်လောက်ကြီးသော ရည်မှန်းချက် နဲ့
အခက်အခဲရှိရှိ
သင့်ကလေးဘ၀ကို စတေးမခံပါနဲ့။

တကယ်ချစ်ပေးပါ။

Crdit

Photos from ဟိန်းမဟာကိုယ်ပိုင်မူလတန်းကျောင်း's post 28/05/2026

ကျောင်းသား/သူလေးတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှုက ကျွန်တော်တို့ 'ဟိန်းမဟာ' ရဲ့ ပထမဆုံး ဦးစားပေးပါ။ ❤️
​မိုးရာသီမှာ ဖြစ်ပွားတတ်တဲ့ သွေးလွန်တုပ်ကွေးရောဂါနဲ့ အခြားခြင်/ယင်ကောင်ကနေတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါဘယတွေကနေ ကာကွယ်နိုင်ဖို့အတွက် ကျောင်းဝင်းတစ်ခုလုံးကို စနစ်တကျ ခြင်ဆေးဖြန်းခြင်း လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။

​သားငယ်၊သမီးငယ်များ စိတ်အေးချမ်းသာစွာနဲ့ ပညာသင်ကြားနိုင်ဖို့ မိဘတစ်ဦးကဲ့သို့ အမြဲမပြတ် ဂရုစိုက်စောင့်ရှောက်ပေးနေပါမယ်။ 🙏✨

​ #ဟိန်းမဟာ #ကျန်းမာပျော်ရွှင်ဟိန်းမဟာရင်ခွင်"

24/05/2026

မိဘများရှင့်

မနက်ဖြန် ၂၅.၅.၂၀၂၆ (တနင်္လာနေ့) မှ စပြီး
ကျောင်းအပ်လို့ရပါပြီရှင်✨

တနင်္လာ မှ သောကြာအထိ မနက် ၉:၀၀ နာရီ မှ ညနေ ၃:၀၀ အထိ
စနေ ၊ တနင်္ဂနွေ နေ့လယ် ၁:၀၀ မှ ၃:၀၀ အထိ
အချိန်များတွင် လာရောက်အပ်နှံလို့ ရပါပြီရှင်...

09-444489887
09-420306696
09-423747301
အမှတ်(၃၀၅) ဇေယျာသီရိလမ်း၊ (၂၂)ရပ်ကွက်
ရွှေပေါက်ကံမြို့သစ် ၊မြောက်ဥက္ကလာပ မြို့နယ်...

22/05/2026

#အသိပေးကြေညာချက်များ
၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသော အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများမှ အခြေခံပညာမူလတန်း(Grade 2 မှ Grade 5)နှင့် အလယ်တန်းဆင့် (Grade 6 မှ Grade 9)ကျောင်းနေအရွယ်ကလေးများအား အသက်အရွယ်အရ သတ်မှတ် ထားသည့် အတန်းများသို့ ဝင်ရောက်ပညာသင်ယူနိုင်ရေးအတွက် အထူးအစီအစဉ်အနေဖြင့် Placement Test ကို ၁၅-၆-၂၀၂၆ ရက်နေ့မှ ၂၀-၆-၂၀၂၆ ရက်နေ့အတွင်း ဆောင်ရွက်ရမည် ဖြစ်ပါသည်။

အဆိုပါ Placement Test(အထူးအစီအစဉ်)ကို အောက်ပါလုပ်ငန်းစဉ်များအတိုင်း စာမေးပွဲ ကြီးကြပ်မှုကော်မတီများဖွဲ့စည်း၍ စာမေးပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ရန် ဖြစ်ပါသည်-

(က) မြို့နယ်ပညာရေးမှူးများက သတ်မှတ်ချက်နှင့်ကိုက်ညီပြီး အထောက်အထား ပြည့်စုံမှုရှိသော လျှောက်လွှာများကို စိစစ်လက်ခံရန် (၂၂-၅-၂၀၂၆ မှ ၅-၆-၂၀၂၆ ရက်နေ့အထိ)၊

(ခ) တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးများက မေးခွန်းပြုစု၍ (၂၆-၅-၂၀၂၆ မှ ၅-၆-၂ဝ၂၆ ရက်နေ့ထိ)၊

(ဂ) ခရိုင်ပညာရေးမှူးရုံးများက မေးခွန်းလှိမ့်ပွား ဖြန့်ဝေရန် (၆-၆-၂၀၂၆ မှ ၁၂-၆-၂၀၂၆ ရက်နေ့ထိ)၊

(ဃ) မြို့နယ်အလိုက် ဖြေဆိုသူစာရင်း ပြုစုရန်၊ ခုံအမှတ် ထုတ်ပြန်ကြေညာရန်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးနှင့် အခြေခံပညာဦးစီးဌာန(ရုံးချုပ်)သို့ စာဖြေသူစာရင်း တင်ပြရန် (၆-၆-၂၀၂၆ မှ ၁၁-၆-၂၀၂၆ ရက်နေ့ထိ)၊

(င) မြို့နယ်ပညာရေးမှူးရုံးစိုက်ရာ မြို့များတွင် စာစစ်ဌာနသတ်မှတ်၍ စာမေးပွဲ ကျင်းပရန် (၁၅-၆-၂၀၂၆ မှ ၂၀-၆-၂၀၂၆ ရက်နေ့ထိ)၊

(စ) ခရိုင်ပညာရေးမှူးရုံးများတွင် အဖြေလွှာများစစ်ဆေးရန်၊ အတန်းတက်ရောက်ခွင့် ရရှိသူများစာရင်း(မူကြမ်း)ပြုစုရန် (၂၂-၆-၂၀၂၆ မှ ၂၈-၆-၂၀၂၆ ရက်နေ့ထိ)၊

(ဆ) အတန်းတက်ရောက်ခွင့် ရရှိသူများစာရင်း(မူကြမ်း)ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးရုံးများသို့ တင်ပြ၍ အတည်ပြုချက်ရယူရန် (၂၉-၆-၂ဝ၂၆ မှ ၃၀-၆-၂၀၂၆ ရက်နေ့အထိ)

(ဇ) မြို့နယ်ပညာရေးမှူးရုံးများက အတန်းတက်ရောက်ခွင့်ရရှိသူများစာရင်းကို ၁-၇-၂၀၂၆ ရက်နေ့တွင် တစ်နိုင်ငံလုံး တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာရန်နှင့် အတန်း တက်ရောက်ခွင့်ရရှိသူများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ အခြေခံပညာ ကျောင်းများတွင်သာ တက်ရောက်ပညာသင်ယူစေရန်။
၄။ သို့ဖြစ်ပါ၍ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများက မိမိခရိုင်၊ မြို့နယ်အတွင်းရှိကျောင်းများအထိ ဆက်လက်အသိပေး ဆောင်ရွက်ပြီး အထက်ပါ ညွှန်ကြားချက်များအား သိရှိလိုက်နာ ဆောင်ရွက်ရန် အကြောင်းကြားပါသည်။

Crd to original uploader

12/05/2026

📢 ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်
ကျောင်းအပ် ကြိုတင်စာရင်း လက်ခံနေပါပြီ
🏫 ဟိန်းမဟာ ကိုယ်ပိုင်မူလတန်းကျောင်းတွင်
ကျောင်းသား/ကျောင်းသူများအား အရည်အသွေးပြည့်ဝသော ပညာရေးနှင့် စည်းကမ်းကောင်းမွန်သော သင်ကြားမှုပတ်ဝန်းကျင်ဖြင့် သင်ကြားပေးလျက်ရှိပါသည်။
✨ ယခုအခါ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်
ကျောင်းအပ်နှံရန် ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီ။
📍 လိပ်စာ – အမှတ် (၃၀၅)၊ ၂၂ ရပ်ကွက်၊ ဇေယျာသီရီလမ်း၊ ရွှေပေါက်ကံမြို့၊ မြောက်ဥက္ကလာပမြို့နယ်
📞 ဆက်သွယ်ရန် –
၀၉၄၂၀၃၀၆၆၉၆
၀၉၄၄၄၄၈၉၈၈၇
၀၉၄၂၃၇၄၇၃၀၁
🌟 လူဦးရေကန့်သတ်ထားပါသဖြင့် အမြန်ဆုံး လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။

#ကျောင်းခွဲလုံးဝမရှိပါ

10/05/2026

မိခင်ဆိုသည်မှာ သားသမီးတို့၏
ပထမဦးဆုံးသော ဆရာသမားဖြစ်သလို
ဘဝအတွက် အနွေးထွေးဆုံးသော
အကာအကွယ်လည်း ဖြစ်ပါသည်။
သားငယ်သမီးငယ်တို့အပေါ် ထားရှိသော
မိခင်များ၏ အတုမရှိမေတ္တာနှင့် ပေးဆပ်မှုများကို
ဟိန်းမဟာကိုယ်ပိုင်မူလတန်းကျောင်း မိသားစုမှ
အစဉ်အမြဲ အသိအမှတ်ပြု လေးစားလျက်ရှိပါသည်။
ယနေ့ကျရောက်သော အမေများနေ့တွင်
မိခင်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများဖြင့် ပြည့်စုံပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါသည် 🎉💐✨

30/04/2026

💼 မေလ ၁ ရက် – အလုပ်သမားနေ့ (Labour Day)

အလုပ်သမားများ၏ ကြိုးစားအားထုတ်မှု၊ သစ္စာရှိမှုနှင့် တာဝန်ယူမှုတို့ကြောင့် လူမှုအသိုင်းအဝိုင်းတစ်ရပ်လုံး တိုးတက်လျက်ရှိပါသည်။

ယနေ့အခါသမယတွင် လုပ်သားအလုပ်သမားများအားလုံး၏ အားထုတ်မှုများကို လေးစားဂုဏ်ပြုအပ်ပြီး
ကျန်းမာချမ်းသာ၍ အောင်မြင်မှုများ ဆက်လက်ရရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

🙏 ပျော်ရွှင်ဖွယ် အလုပ်သမားနေ့ ဖြစ်ပါစေ 🙏

30/04/2026

🌕 ကဆုန်လပြည့်နေ့
ဤကဆုန်လပြည့်နေ့အခါသမယတွင်
မြတ်စွာဘုရားရှင်အား မေတ္တာဖြင့် ရေလောင်းလှူဒါန်းကြရင်း
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေ။
လူတန်းစားအားလုံး ကုသိုလ်ကောင်းမှုများ တိုးပွားပြီး
ဘေးရန်ကင်းကွာကာ အေးချမ်းသာယာသော ဘဝကို
ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
🙏 မင်္ဂလာရှိသော ကဆုန်လပြည့်နေ့ ဖြစ်ပါစေ 🙏

29/04/2026

ဟိန်းမဟာ ကိုယ်ပိုင်မူလတန်းကျောင်းတွင် တတ်ရောက်နေသော အသက်၁၀နှစ်ပြည့်ပြီး ကျောင်းသားကျောင်းသူများအား နိုင်ငံသား မှတ်ပုံတင်ပြုလုပ်ပေးမည် ဖြစ်ပါသဖြင့် ဟိန်းမဟာ ကိုယ်ပိုင်မူလတန်းကျောင်းတွင် လာရောက် စာရင်းပေးသွင်းနိုင်ပါရန် အသိပေး အကြောင်းကြားအပ်ပါသည်။’

28/04/2026

အလုပ်အကိုင်ခေါ်ယူခြင်း ကြေညာချက်
ဟိန်းမဟာ ကိုယ်ပိုင်မူလတန်းကျောင်းတွင် ပညာရေးဆိုင်ရာ လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိပါသဖြင့် အောက်ပါရာထူးများအတွက် စိတ်အားထက်သန်ပြီး တာဝန်ယူနိုင်သော ဝန်ထမ်းများကို ဖိတ်ခေါ်အပ်ပါသည်။

🔹 လိုအပ်သောရာထူးများ

ဘာသာရပ်သင် ဆရာမ (Primary Teacher)
ရုံးစာရေး (Office Staff)
သန့်ရှင်းရေး(School Cleaner)

🔹 လိုအပ်သောအရည်အချင်းများ

👩‍🏫 ဘာသာရပ်သင် ဆရာမ

သက်ဆိုင်ရာဘာသာရပ်တွင် ဘွဲ့ရရှိထားသူ ဖြစ်ရမည်။
ကလေးများနှင့် သင်ကြားဆက်ဆံနိုင်စွမ်း ကောင်းမွန်ရမည်။
တာဝန်ယူမှုရှိပြီး အကျင့်စာရိတ္တကောင်းမွန်ရမည်။
သင်ကြားရေးအတွေ့အကြုံရှိသူကို ဦးစားပေးမည်။

📚Assistant Teacher

ကလေးများနှင့် သင်ကြားဆက်ဆံနိုင်စွမ်း ကောင်းမွန်ရမည်။
တာဝန်ယူမှုရှိပြီး အကျင့်စာရိတ္တကောင်းမွန်ရမည်။

🗂️ ရုံးစာရေး

ကွန်ပျူတာအသုံးပြုနိုင်သူ ဖြစ်ရမည် (Microsoft Word/Excel)
စာရင်းရေးသွင်းခြင်းနှင့် ရုံးလုပ်ငန်းများ ဆောင်ရွက်နိုင်ရမည်။
ဆက်ဆံရေးကောင်းမွန်ပြီး တာဝန်ယူမှုရှိရမည်။
အတွေ့အကြုံရှိသူကို ဦးစားပေးမည်။
35 နှစ်မကျော်သောသူဖြစ်ရပါမည်။

သန့်ရှင်းရေးဝန်ထမ်း

🔹 တာဝန်များ
ကျောင်းအခန်းများ၊ လမ်းကြောင်းများကို သန့်ရှင်းစေရန်
သန့်ရှင်းရေးပစ္စည်းများကို စနစ်တကျ အသုံးပြုထိန်းသိမ်းရန်
နေ့စဉ် သန့်ရှင်းရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန်
🔹 လိုအပ်သောအရည်အချင်းများ
သန့်ရှင်းသပ်ရပ်မှုရှိသူ
တာဝန်ယူမှုရှိပြီး စိတ်ရှည်သည်းခံနိုင်သူ
အချိန်မှန်လုပ်ကိုင်နိုင်သူ
ကျန်းမာရေးကောင်းမွန်သူ
အတွေ့အကြုံရှိသူကို ဦးစားပေးမည်။

📍 အလုပ်နေရာ – ဟိန်းမဟာ ကိုယ်ပိုင်မူလတန်းကျောင်း
📅 လျှောက်လွှာနောက်ဆုံးရက် – ၇.၅.၂၀၂၆

📄 လျှောက်ထားလိုသူများအနေဖြင့် CV Form နှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်များဖြင့် လျှောက်ထားနိုင်ပါသည်။

📞 ဆက်သွယ်ရန်-09420306696,09444489887,09423747301
ကျောင်းလိပ်စာ-အမှတ်(၃၀၅)၊ဇေယျာသီရိလမ်း၊၂၂ရပ်ကွက်၊ရွှေပေါက်ကံမြို့၊မြောက်ဥက္ကလာပမြို့နယ်

✨ စိတ်အားထက်သန်သူများကို နွေးထွေးစွာ ကြိုဆိုလျက်ရှိပါသည်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

ဇေယျာသီရိလမ်း ( ရန်ကုန်လမ်းအနီး )
Yangon