The Article Institute

The Article Institute

Share

Make Potential Real ✨ We offer public programs, workshops, and academic support, including scholarship guidance, to help youth achieve their educational goals.

The Article Institute is a youth-led organization in Myanmar, committed to empowering young people through education, leadership, and community engagement. We collaborate with over 10 strategic partners, including youth organizations, educational institutions, and community groups. Our contents are featured on KBZ Pay, Myanmar’s leading mobile payment platform, enabling us to reach a broader audie

25/08/2026

ဒီနေ့မှာတော့ The Article ကနေမှ
တဆင့် Audience လေးတွေ
အတွက်ကို ရည်ရွယ်ပြီး
တင်ဆက်ပေးသွားပါမယ်ဗျ။
ကျွန်တော်တို့ကပဲတခြားလူတွေကိုဂရုစိုက်ပြီး ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ဂရုစိုက်ဖို့ မေ့နေတဲ့လူတွေအတွက် ဖတ်သွားကြပါဦးဗျ။

ကျွန်တော်တို့တွေ တခြားသူတွေကို ဂရုစိုက်ပေးနေသလို ကိုယ့်စိတ်ကိုလည်း ဂရုစိုက်ဖို့ မမေ့ပါနဲ့ဗျ။

ကျွန်တော်တို့ဘဝတွေမှာ Mental Health ကို ဂရုစိုက်တယ်ဆိုတာ အားနည်းတဲ့အရာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး ကျန်းမာတဲ့ဘဝကို တည်ဆောက်နေတဲ့ လက္ခဏာတစ်ခုလို့မြင်စေချင်ပါတယ်ဗျ။

Self-care ဆိုတာ အကြီးအကျယ်လုပ်မှ မဟုတ်ပါဘူးဗျ။
• ပင်ပန်းနေတဲ့အချိန်မှာ အနားယူပေးခြင်း
• ကိုယ့်ခံစားချက်ကို လက်ခံပေးခြင်း
• မလိုအပ်တဲ့ ဖိအားတွေကို "မလုပ်နိုင်ဘူး" လို့ ပြောတတ်ခြင်း
• အိပ်ရေးဝဝအိပ်ခြင်း၊ ရေလုံလောက်စွာသောက်ခြင်း
• ကိုယ်ချစ်တဲ့အရာတွေကို အချိန်ပေးလုပ်ခြင်း
တစ်နေ့တာမှာ ကိုယ့်အတွက် မိနစ်အနည်းငယ်ပဲဖြစ်ဖြစ် အချိန်ပေးပါ။

ကျွန်တော်ပြောပြတဲ့အချက်တွေကိုဂရုတစိုက်နဲ့ နေထိုင်မယ်ဆိုရင် စိတ်ချမ်းသာကိုယ်ကျန်းမာပြီး စိတ်နဲ့လူခွန်အားရှိမှ
သူများတကာအတွက်အားဖြည့်နိုင်မှာဖြစ်တဲ့အတွက်
အရင်ဆုံး မိမိကိုယ်တိုင်ကျန်းမာဖို့ လိုအပ်တယ်လို့ ကျွန်တော်မြင်ပါတယ်ဗျ။

ကိုယ့်စိတ်ကျန်းမာမှုကို ဂရုစိုက်တာက ကိုယ့်ဘဝကို ဂရုစိုက်တာနဲ့ အတူတူပါ။

🌿 Take care of your mind. It's where your life happens. :::**

Content Writer name - Myat Min Khant
Graphic designer name - Zayar Kyaw

21/08/2026

ဒီလို High stimulation ဖြစ်လာတဲ့ လောကကြီးမှာ နေရတာ လူတိုင်း ပင်ပန်းနေကြမယ်လို့ထင်ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ စိတ်လေး ကျန်းမာဖို့အတွက် ဒီလို Competitive ဖြစ်တဲ့ လောကကြီးမှာ ကြံကြံ့ခံနိုင်ဖို့ Self-care ဘယ်လို လုပ်ရမလဲဆိုတာကို ဒီနေ့မှာ မျှဝေပေးသွားမှာဘဲ ဖြစ်ပါတယ်။

ပထမဦးဆုံးအချက်အနေနဲ့ “Me Time” ကိုယ့်ကိုကိုယ် အချိန်ပေးပါ။ ကိုယ့်ကိုကိုယ် အချိန်ပေးတယ်ဆိုတာ Social Media or DoomScrolling လုပ်တာ မဟုတ်ဘဲ ကိုယ်ရဲ့ Well-being အတွက် ကိုယ်ဝါသနာပါတာ သို့မဟုတ် ကိုယ့်ကို အကျိုးပြုစေမဲ့ အရာတွေလုပ်ရင်း ကိုယ့်အချိန်ကို အကျိုးရှိရှိ အသုံးပြုတာဘဲဖြစ်ပါတယ်။ (ဥပမာ စာအုပ်ဖတ်တာ၊ လေ့ကျင့်ခန်းလုပ်တာ)

နောက်တစ်ချက်အနေနဲ့က Social Media လျှော့ပြီး အသုံးပြုခြင်းဖြစ်ပါတယ်။ လူတိုင်းက FOMO (Fear of Missing Out) ကိုယ်တစ်ယောက်ထဲ ဘာတွေဖြစ်နေမှန်းမသိမှာ (ဥပမာ- သူငယ်ချင်းတွေ စုပြီးဖွဲ့ထားတဲ့ Group Chat ထဲမှာ စာတွေဝင်နေရင် ကိုယ်က Assignment တွေ၊ Homework တွေလုပ်နေရင်းတောင် ဝင်ပြီးကြည့်တာ)ကို စိတ်ပူတတ်ကြတယ်။

ဒါကြောင့် Social Media ကို လျှော့ပြီး အသုံးပြုခြင်းက ကိုယ့်အတွက် တစ်ကိုယ်ရည်အချိန်ကို ပိုရစေပါတယ်။ ဒါ့အပြင် လူအများစုဟာ Social Media မှာ သူများတွေနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကိုကိုယ် အလိုမကျဖြစ်ခြင်း ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ Social Media ဆိုတာ များသောအားဖြင့် လူတွေက ကိုယ်အောင်မြင်တဲ့အချိန်ဘဲ ထုတ်ပြတတ်တာဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ် သူများနဲ့ မနှိုင်းယှဉ်မိစေဖို့ အရေးကြီးပါတယ်။

နောက်ဆုံးအနေနဲ့က ကိုယ့်ကိုယ်ကို ဆုချခြင်း ဘဲဖြစ်ပါတယ်။ ကိုယ်က Achievement တစ်ခုခုကို ရရှိလာတဲ့အခါမှာ ကိုယ့်ကိုယ်ကို အနားပေးတာ ဒါမှမဟုတ် ကိုယ်ကြိုက်တဲ့အစားအသောက်လေးတွေ ဝယ်စားတာ စတာတွေ လုပ်ပေးပြီး ကိုယ့်ကိုယ်ကို ဂုဏ်ယူဖို့ မမေ့ပါနဲ့နော်။
အခုဆိုရင် ဒီလို Competitive ဖြစ်တဲ့လောကကြီးမှာ အနည်းငယ်တော့ စိတ်အေးအေးနဲ့ ရှင်သန်နိုင်ဖို့ Self-care လုပ်တဲ့နည်းလမ်းလေးတွေ သိသွားပြီလို့ထင်ပါတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်တာဟာ အချိန်ဖြုန်းတာမဟုတ်ဘဲ ရှေ့ဆက်လျှောက်နိုင်ဖို့ ကိုယ့်ကိုယ်ကို အားပြန်ဖြည့်ပေးတာပါ။ ဒါကြောင့် ဒီနေ့ကစပြီး ကိုယ့်အတွက် အချိန်လေးပေးဖို့ မမေ့ကြပါနဲ့နော်။
နောက်ရက်တွေမှာလည်း ဒီလို အသစ်သစ်သော အကြောင်းအရာတွေကို မျှဝေပေးသွားမှာမို့ Page လေးကို Like and Follow လုပ်ပေးဖို့ မမေ့ကြပါနဲ့နော်။💞✨

Content Writer – Alinkar
Graphic Designer – Shoon Lae Lae

------------------------------------------------------------------------
Subscribe our telegram channel🧑🏻‍💻
https://t.me/the_article_edu_telegram

Join our telegram group📌
https://t.me/thearticle

Follow our LinkedIn 🔗
https://www.linkedin.com/company/the-article-institute/

Follow our Instagram 📲
https://www.instagram.com/thearticleinstitute?igsh=NmY1c2p3czNrM28z

Join our YouTube Channel 🖥

https://youtube.com/?si=Tbauq_bND1nHKPL_



18/08/2026

How To Built Confidence

ဒီနေ့လေးမှာတော့ The Article ကနေပြီးတော့
Audience တွေအတွက် မိမိကိုယ်ကိုယုံကြည်ဖို့ ယုံကြည်ချက်နဲ့ရှေ့ဆက်ဖို့အတွက် အဓိကပြောပြပေးမှာဖြစ်ပါတယ်။

ကျွန်တော်တို့ မှာရှိတဲ့ Confidence ဆိုတာ မွေးရာပါအရည်အချင်းမဟုတ်ပါဘူးဗျာ၊ နေ့စဉ်အလေ့အကျင့်တွေနဲ့ တဖြည်းဖြည်းတည်ဆောက်ယူရတဲ့ စိတ်စွမ်းအားတစ်ခုဆိုပြီးပြောနိုင်ပါတယ်ဗျ။

Confidence တည်ဆောက်ဖို့ အဓိကလိုအပ်တဲ့အချက်တွေကတော့—

1. ကိုယ့်ကိုယ်ကို ယုံကြည်တတ်ပါ
ကျွန်တော်တို့ကအခြားသူတွေရဲ့ထင်မြင်ချက် ထက် ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်တိုင်အသိအမှတ်ပြုနိုင်ဖို့ အရေးကြီးပါတယ်ဗျ၊ ဒီတော့ ကျွန်တော်တို့ တန်ဖိုးကိုမြှင့်တင်ရမှာပထမပါပဲ။

2. သေးငယ်တဲ့ပန်းတိုင်တွေကနေ စတင်ပါ
ကျွန်တော်တို့ဘဝ‌တွေမှာ တစ်ခါတည်း အကြီးကြီးအောင်မြင်ဖို့ မလိုပါဘူးဗျ၊ သေးငယ်တဲ့အောင်မြင်မှုတွေကို စုဆောင်းရင်း Confidence ကလည်း တိုးလာနိုင်တာအမှန်ပါပဲဗျာ၊ ဒီတော့ ကိုယ်ဘဝကိုယ် ရည်မှန်းချက်နဲ့ရှင်သန်ရမှာပါဗျ။

3. အမှားကို သင်ခန်းစာအဖြစ် လက်ခံပါ
ကျွန်တော်တို့ရဲ့ မအောင်မြင်မှုတိုင်းက ကျရှုံးမှုမဟုတ်ပါဘူးဗျ၊ နောက်တစ်ကြိမ် ပိုကောင်းအောင်လုပ်နိုင်ဖို့ အတွေ့အကြုံတစ်ခုသာ ဖြစ်တဲ့အတွက် ကျွန်တော်တို့အမှားထဲ‌ကသင်ခန်းစာယူကြရအောင်ဗျာ။

4. ကိုယ့်ကိုယ်ကို အမြဲတိုးတက်အောင် လေ့လာပါ
ကျွန်တော်တို့ဘဝတွေရဲ့အချိန်တွေကို အလကားကုန်မယ့်အစား စာဖတ်တာတွေ ကျွမ်းကျင်မယ့်အရာအသစ်အဆန်း‌ သင်ယူမယ်ဆိုရင် ကျွန်တော်တို့ရဲ့အတွေ့အကြုံအသစ်တွေ ရယူခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ပိုမိုခိုင်မာစေပါတယ်ဗျ။

5. ကိုယ့်ကိုယ်ကို အဆိုးမြင်မပြောပါနဲ့
ကျွန်တော်တို့မှာ ပြဿနာတခုနဲ့ရင်ဆိုင်တိုင်းလူ‌တိုင်းပြောတတ်ကြတယ်‌ဗျ "ငါမလုပ်နိုင်ဘူး" ဆိုတဲ့စကားကို "ငါကြိုးစားကြည့်မယ်" လို့ ပြောင်းပြောကြည့်စေချင်ပါတယ်‌ဗျ၊ ကိုယ့်ကိုယ်ကို ပြောတဲ့စကားတွေက Confidence ကို တိုက်ရိုက်သက်ရောက်စေတဲ့အတွက် ကြိုးစားမယ်ဆို အောင်မြင်မယ်လို့ကျွန်တော်မြင်ပါတယ်ဗျ။

✨ မှတ်ထားသင့်တာက — Confidence ဆိုတာ မကြောက်တာမဟုတ်ပါဘူး။ ကြောက်နေမယ့်အစားရပ်မနေသင့်ပဲ ရှေ့ဆက်လုပ်ရဲတဲ့ သတ္တိကို Confidence လို့ ခေါ်တဲ့အတွက် ရပ်မနေပဲ ကြိုးစားမယ်ဆိုအောင်မြင်ဖို့ အဓိက ဖြစ်တဲ့အတွက်ကြိုးစားစေချင်ပါတယ်ဗျ။ ဒီတော့ကျွန်တော်တို့ရဲ့ဘဝတွေကို အချိန်အလကားအကုန်ခံမယ့်အစား ဘဝမှာ တိုးတက်မှာကို မြင်ယောင်ပြီး ယုံကြည်ချက်ရှိရှိနဲ့ ဖြတ်သန်းမယ်ဆို အောင်မြင်မှုကိုဘယ်သူမှတားလို့မရနိုင်တာ အမှန်ပါပဲဗျာ။

Content Writer - Myat Min Khant
Graphic designer - Zayar Kyaw

------------------------------------------------------------------------
Subscribe our telegram channel🧑🏻‍💻
https://t.me/the_article_edu_telegram

Join our telegram group📌
https://t.me/thearticle

Follow our LinkedIn 🔗
https://www.linkedin.com/company/the-article-institute/

Follow our Instagram 📲
https://www.instagram.com/thearticleinstitute?igsh=NmY1c2p3czNrM28z

Join our YouTube Channel 🖥

https://youtube.com/?si=Tbauq_bND1nHKPL_



14/08/2026

Book Recommendations

ကျွန်ဝောာ်တို့ ရဲ့ The Article ကနေပြီး Audience တွေအတွက် ဘဝရဲ့ အောင်မြင်မှု ရလဒ်ကောင်းဖိုအတွက်နဲ့ တက်လမ်းရမယ့် ဘဝတွေကျော်ဖြတ်ရမယ့်အခက်အခဲတွေအတွက် ဆေးတစ်ခွက်ကိုဖော်ဆောင်လာခဲ့ပါပြီးနော်။

နေ့စဥ်ကုန်သွားတဲ့အချိန်‌တွေကို စာအုပ်ဖတ်ခြင်းအားဖြင့်ကျွန်တော်တို့ရဲ့ ဗဟုသုတတိုးပွားစေမှာဖြစ်သလို အတွေးအခေါ်တွေလည်း ကျယ်ပြန့်စေမယ့် အလေ့အကျင့်ကောင်းတစ်ခုဖြစ်တာအမှန်ပါပဲဗျ။ စာအုပ်ကောင်းလေးတွေ ကို ဖတ်ပြီးတဲ့‌နောက်မှာ ဘဝအတွေ့အကြုံတွေ ၊ အသိပညာ‌တွေ နဲ့ စိတ်ဓာတ်ခွန်အားလည်းရစေနိုင်ပါတယ်ဗျ။

ကျွန်တော်အခုဖတ်စေချင်တဲ့စာအုပ်တွေကတော့-

- Atomic Habits – (အလေ့အကျင့်ကောင်းများ တည်ဆောက်နည်းနှင့် အကျင့်ဆိုးများကို ပြုပြင်ရမည့်နည်းလမ်းများ ) မိမိရဲ့ ဆိုးသွမ်းတဲ့အကျင့်တွေကိုဖျောက်ဖို့အတွက်အဓိကလိုအပ်တဲ့အတွက် ‌ရွေးချယ်ဖတ်သင့်ပါတယ်ဗျ။

- The Alchemist – (အိပ်မက်‌တွေကို ယုံကြည်ပြီး ကျွန်တော်တို့ရဲ့ ရည်မှန်းချက်‌တွေ ကို လိုက်လံအကောင်အထည်ဖော်ရန်အတွက် လှုံ့ဆော်ပေးနိုင်တဲ့ ဝတ္ထု)
အဲ့လိုဝတ္ထုမျိုးလည်း အိမ်မက်တွေကိုမှေးမှိန်မသွားဖို့အတွက် ကျွန်တော်တို့ အဓိကထားဖတ်သင့်ပါတယ်ဗျ။

- Rich Dad Poor Dad – (ငွေကြေးစီမံခန့်ခွဲမှုနှင့် ငွေကြေးပညာ၏ အရေးပါပုံ)ကို ကျွန်တော်တို့နားလည်ဖို့အတွက် ဖတ်သင့်တဲ့စာအုပ်ပါပဲဗျ။

- The Little Prince – (မေတ္တာ၊ ခင်မင်ရင်းနှီးမှုနှင့် ဘဝ)တွေအတွက် ရိုးရှင်းတဲ့အဓိပ္ပာယ်‌နဲ့ နားလည်လွယ်အောင် ရေးသားထားတဲ့ ဂန္တဝင်စာအုပ်တအုပ်မိုလက်လွတ်မခံသင့်ပါဘူးဗျ။

စာအုပ်‌တွေဟာကျွန်တော်တိုရဲ့ နေစဉ်ဘဝအတွက် ပုံမှန်ဖတ်ရှုဖို့အတွက် အသိပညာတိုးပွားလာနိုင်သလို စကားလုံးအသုံးအနှုန်း‌တွေ တွေးခေါ်နိုင်စွမ်းတွေနဲ့ ဘဝအမြင်‌တွေ ကိုလည်း ပိုမိုတိုးတက်လာနိုင်ပါသေးတယ်ဗျ။ ဒ့ါ‌ကြောင့်ကျွန်‌တော်ညွှန်ပြပေးတဲ့ စာအုပ်လေးတွေကိုဖတ်ပြီးလိုက်နာဖို့မမေ့နဲ့တော့နော်။

Content Writer - Myat Min Khant
Graphic designer- Shoon Lae Lae

Photos from The Article Academy 's post 11/08/2026

GED Science Intensive Class

11/08/2026

Technology တွေက တစ်နေ့ထက် တစ်နေ့ တိုးတက်လာတာနဲ့အမျှ မိမိတို့ရဲ့ ဖုန်းတွေ၊ Mobile devices တွေ မှာ မိမိတို့ရဲ့ dataတွေကို လုံခြုံအောင်ဘယ်လိုထားဖို့၊
Social media platforms တွေမှာ scam မမိဖို့၊ safety ဖြစ်ဖို့ စတဲ့ အရာတွေကလည်း အလွန်အရေးကြီးလာပါတယ်။ ယနေ့ခေတ်အချိန်မှာတော့ လူတွေက နေ့တိုင်း မိမိတို့ရဲ့ Information တွေကို Online class, Banking, Social media စတဲ့ Platforms တွေမှာ အသုံးပြုနေရပါတယ်။ ဒါကြောင့် Digital devices တွေသုံးတဲ့ လူကြီး၊ လူငယ်မရွေး Digital Awareness ဆိုတာ ဘာလဲဆိုကို သိဖို့လိုအပ်ပါတယ်။
Digital Awareness ဆိုတာက
Digital platforms တွေ ဘယ်လိုအလုပ်လုပ်လဲ၊ Cybersecurity ဘယ်လိုရှိလဲ၊ Digital platforms တွေကို ဘယ်လို Safe ဖြစ်အောင် သုံးရမလဲဆိုတာဘဲ ဖြစ်ပါတယ်။
ဥပမာ
-Facebook, Telegram, Viber စတဲ့ Social Media တွေမှာ မသိတဲ့သူလာပို့တဲ့ Link တွေ၊ Photo တွေ ကိုမဖွင့်ဘဲထားခြင်း။
-Banking App သို့မဟုတ် Online Payment App တွေရဲ့ Password ကို ခိုင်မာအောင်ထားပြီး Two-Factor Authentication (2FA) ဖွင့်ထားခြင်း။
-ဖုန်းပျောက်သွားခဲ့ရင် Data မပေါက်ကြားအောင် Screen Lock, Fingerprint, Face ID တို့ကို အသုံးပြုထားခြင်း။
-ဆုကြေးငွေရတယ်၊ give awayပေါက်တယ်၊ ဆုရတယ်ဆိုပြီး ငွေလွှဲခိုင်းတဲ့ Message တွေကို မယုံဘဲ Official Source ကနေ အတည်ပြုခြင်း။
-မိမိရဲ့ မှတ်ပုံတင်နံပါတ်၊ Bank OTP Code၊ Password စတဲ့ ကိုယ်ရေးအချက်အလက်တွေကို ဘယ်သူ့ကိုမှ မမျှဝေခြင်း။
စတာတွေဘဲဖြစ်ပါတယ်။
Digital awareness ဆိုတာ ဒီ ဥပမာတွေ ထက်ကျယ်ပြန့်ပေမဲ့ ဒီ စာလေးဖတ်လိုက်တဲ့အတွက် အနည်းနဲ့ အများတော့ သိရှိသွားလိမ့်မယ်လို မျှော်လင့်ပါတယ်။
နောက်ရက်တွေမှာလည်း မျှဝေပေးသွားမှာမို့ Page လေးကို Like and Follow လုပ်ပေးဖို့ မမေ့ကြပါနဲ့နော်။💞✨

Content Writer – Alinkar
Graphic Designer – Zayar Kyaw

------------------------------------------------------------------------
Subscribe our telegram channel🧑🏻‍💻
https://t.me/the_article_edu_telegram

Join our telegram group📌
https://t.me/thearticle

Follow our LinkedIn 🔗
https://www.linkedin.com/company/the-article-institute/

Follow our Instagram 📲
https://www.instagram.com/thearticleinstitute?igsh=NmY1c2p3czNrM28z

Join our YouTube Channel 🖥

https://youtube.com/?si=Tbauq_bND1nHKPL_



08/08/2026

သင်က စာဖတ်ရတာ ကြိုက်နှစ်သက်တဲ့သူတစ်ယောက်လား?
ဒါမှမဟုတ်
စာဖတ်ရတာ ပျင်းတဲ့သူတစ်ယောက်လား?🤷🏻‍♀️

ဒီနေ့မှာတော့ စာဖတ်ရတာကြိုက်တဲ့သူလေးတွေ အတွက်ကော၊ မကြိုက်တဲ့သူလေးတွေ အတွ9က်ကော စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေရယ်၊ ဘာကြောင့် စာဖတ်ခြင်းက အရေးကြီးတာလဲဆိုတာကို ပြောပြပေးသွားမှာပါ။✨

စာဖတ်ခြင်းက လူတစ်ယောက်ရဲ့ တွေးခေါ်ပုံတွေ၊ အမြင်တွေကို ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ စာဖတ်ခြင်းက လူတစ်ယောက်ရဲ့ ဦးနှောက်ကို လှုံဆော်ပေးတဲ့ အပြင် Cognitive health နဲ့ Well-being အတွက်လည်း အထောက်အကူပြုပါတယ်။

✨စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးများ
-စိတ်ဖိစီးမှု လျော့ချခြင်း
စာဖတ်ခြင်းက နှလုံးခုန်နှုန်း လျော့နည်းစေပြီး ကြွက်သားတွေကို ပြေလျော့စေခြင်းဖြင့် ခန္ဓာကိုယ်ကို Relax ဖြစ်စေပါတယ်။
-စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုပေးခြင်း
ဦးနှောက်ကို လှုံဆော်ပေးတဲ့အတွက် Alzheimer’s ရောဂါ နဲ့ Dementia ရောဂါရဲ့ ဖြစ်ပေါ် တိုးတက်မှုကို နှောင့်နှေးစေပါတယ်။
-မှတ်ဉာဏ်ကောင်းလာခြင်း
စာဖတ်ခြင်းက မှတ်ဉာဏ်ကောင်းစေတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ Thinking skills တွေပါ တိုးတက်လာစေတယ်။
-အာရုံစူးစိုက်မှုအားကောင်းစေခြင်း
Social media တွေ သုံးခြင်းနဲ့ နှိုင်းယှဉ်ရင်၊ စာဖတ်ခြင်းက အာရုံစူးစိုက်မှု ပိုကောင်းစေပြီး၊ တစ်ခြား Tasks တွေ (ဥပမာ- အလုပ်၊ ကျောင်းစာ) အတွက်လည်း အထောက်အကူပြုစေပါတယ်။
✨စာဖတ်ခြင်းရဲ့ အရေးပါမှု
စာဖတ်ခြင်းအားဖြင့် စာအုပ်တွေရဲ့ Genre အပေါ်မူတည်ပြီး Emotional intelligence, Vocabulary, Critical thinking, Knowledge စတဲ့ နေ့စဉ်လောက မှာ အရေးကြီးတဲ့ Skills တွေကို တိုးတက်စေပြီး၊ ရသ၊သုတ၊ အရ စိတ်ခံစားချက်၊ အသိပညာကြွယ်ဝမှုများ ကို ရရှိစေပါတယ်။ ဒီလို အသုံးဝင်မှုတွေ ကြောင့် စာဖတ်ခြင်းဟာ လူတစ်ယောက်ကို မနစ်နာစေတဲ့ အကျင့်တစ်ခုဘဲ ဖြစ်ပါတယ်။
နောက်ရက်တွေမှာလည်း မျှဝေပေးသွားမှာမို့ Page လေးကို Like and Follow လုပ်ပေးဖို့ မမေ့ကြပါနဲ့နော်။💞✨
Content Writer – Alinkar
Graphic Designer – Shoon Lae Lae


------------------------------------------------------------------------
Subscribe our telegram channel🧑🏻‍💻
https://t.me/the_article_edu_telegram

Join our telegram group📌
https://t.me/thearticle

Follow our LinkedIn 🔗
https://www.linkedin.com/company/the-article-institute/

Follow our Instagram 📲
https://www.instagram.com/thearticleinstitute?igsh=NmY1c2p3czNrM28z

Join our YouTube Channel 🖥

https://youtube.com/?si=Tbauq_bND1nHKPL_



06/08/2026

The Article ရဲ့ Academic Department မှပြန်လည်ဖွင့်လှစ်မယ့် GED Intensive Class လေးပဲဖြစ်ပါတယ်။ ✨

ဒီနေ့မှာတော့ The Article Academy ရဲ့ပထမဆုံးဖွင့်လှစ်မယ့် Class လေးကို မိတ်ဆက်ပေးချင်ပါတယ်။✨ ဒီ Class လေးကတော့ GED Social Studies Intensive Class လေးဖြစ်ပြီး သင်တန်းသားဦးရေ ၁၀ ယောက်သာလက်ခံသင်ကြားပေးမှာ ဖြစ်ပါတယ်။ သင်တန်းချိန်များအနေနဲ့ ရုံးချိန်လွတ် ကျောင်းချိန်လွတ် အားလပ်ချိန်များဖြစ်တဲ့ အပတ်စဉ် စနေနှင့် တနင်္ဂနွေ ည ၈ နာရီမှ ၉ နာရီခွဲအထိဖြစ်ပြီးစုစုပေါင်း ၁၂ ချိန်နဲ့ တစ်လခွဲကြာမြင့်မှာဖြစ်ပါတယ်။

ဘာတွေသင်ကြားပေးမှာလဲ?🤔

GED Social Studies နဲ့ပတ်သက်ပြီး စာမေးပွဲ မေးခွန်းပုံစံတွေကိုရှင်းလင်းသင်ကြားခြင်း၊ Real Test နဲ့အနီးစပ်ဆုံးသော မေးခွန်းများလေ့ကျင့်ခြင်း၊ Ready Test များဖြေဆိုပြီး Feedback ပေးခြင်း ဖြင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

ဘယ်သူတွေတက်ရောက်သင့်လဲ?🤔

GED စာမေးပွဲဖြေဆိုတော့မည့်သူများ၊ GED Social Studies အပိုင်းကိုအားနည်းကြသူများ၊ GED သင်တန်းများတက်ရောက်ပြီး စာမေးပွဲမဖြေဆိုခင် Reals Test နှင့်အနီးစပ်ဆုံးမေးခွန်းများလေ့ကျင့်ချင်သူများတက်ရောက်သင့်ပါတယ်။

သင်တန်းကြေးကရောဘယ်လောက်လဲ?🤔

စာရင်းသွင်းကြေး ၁ သောင်းကျပ်နှင့် သင်တန်းကြေး အပြီးအစီး ၁၂၀၀၀၀ ကျပ် စုစုပေါင်း ၁၃၀၀၀၀ ကျပ်ကျသင့်မှာဖြစ်ပါတယ်။ ဒါပေမယ့် Discount များအနေနဲ့ ပထမဆုံးလာရောက်အပ်နှံသူ ၃ ယောက်ကို သင်တန်းကြေး ၁ သောင်းကျပ်လျော့ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် The Article Academy ရဲ့ Survey https://www.facebook.com/share/p/19RHVvNJmg/?mibextid=wwXIfr ကိုဖြေဆိုခဲ့သူတိုင်းအတွက်လည်း 10% Discount ပေးအပ်သွားမှာဖြစ်ပါတယ်။

ဘယ်နေ့စတင်တက်ရောက်ရမလဲ ?🤔

သင်တန်းကို August 15 ရက်ကနေစတင်တက်ရောက်ရမှာဖြစ်ပြီး September 20 မှာပြီးစီးမှာဖြစ်ပါတယ်။

ဒါဆိုရင်တော့သင်တန်းတက်ရောက်ဖို့အတွက် အောက်ပါ Google Form ကိုဖြည့်ပြီး စာရင်းသွင်းလိုက်တော့နော်။ အခက်အခဲတစ်စုံတစ်ရာရှိပါက The Article Academy ၏ Facebook Messenger တွက်လာရောက်မေးမြန်းနိုင်ပါတယ်နော်။

သင်တန်းစာရင်းပေးသွင်းရန် Link 🔗

https://docs.google.com/forms/d/e/1FAIpQLSfUP0Yt9YR3xL6jrdW3EU6RutCZJ--GRxg5uaEm88IIgySMgQ/viewform?usp=publish-editor


06/08/2026

✨Media Partnership Announcement ✨

The Article Institute x D Data Lab

ကျွန်တော်တို့ The Article Insitute မှ D Data Lab ကနေပြုလုပ်မယ့်
"လူငယ်နှင့် IT Career Festival 2026" အတွက် Media Partner အဖြစ် ကူညီအားဖြည့်ပေးထားပါတယ်။

"လူငယ်နှင့် IT Career Festival 2026" ဟာ IT Career ကို စတင်လေ့လာချင်သူတွေ၊ Data, AI, Cloud စတဲ့ နယ်ပယ်တွေကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ရည်ရွယ်ထားတဲ့ Webinar Series တစ်ခုဖြစ်ပါတယ်။

ဒီပွဲမှာတော့ Myanmar, Singapore, Dubai, Thailand နဲ့ Vietnam စတဲ့ နိုင်ငံတွေမှာ Data Engineers, Data Analysts, AI Engineers, Technical Directors နဲ့ Heads of Digital Products တွေအပြင် Software Engineer အဖြစ် အလုပ်လုပ်ကိုင်နေတဲ့ Industry Professionals တွေရဲ့ လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံတွေ၊ Career Journey နဲ့ IT Industry ရဲ့ Career Opportunities တွေကို Sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

Webinar အကြောင်း အသေးစိတ်ကိုတော့ ဒီ Link ကနေတစ်ဆင့် ကြည့်ရှုလို့ ရပါတယ်။👇
https://www.facebook.com/share/p/18d9jLARxu/

IT Field ကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် အကျိုးရှိမယ့် Webinar တစ်ခုဖြစ်တာကြောင့် လက်မလွတ်မခံသင့်ပါဘူးနော်

🗓Date: 6 August 2026 to 9 August 2026 (4 Days)
⏳Time: 7:00 PM - 9:00 PM (MMT)
📍Platform: Zoom (Online)
🖇Registration Link:
https://forms.gle/zdX7NMcoUKXusQZ26

04/08/2026

Break a bad habit and replace it with a good one

အားလုံးပဲ မင်္ဂလာပါဗျ။

ယနေပြောပြပေးချင်တဲ့အကြောင်းအရာလေးကတော့ ‌လူတွေရဲ့အသက်ရှင်သန်စဉ်ကာလကလေးမှာမကောင်းတဲ့အချက်တွေကို လျော့ချပြီး ကောင်းတဲ့အချက်လေးတွေ‌မွေးမြူဖို့အတွက်အဓိက ကျွန်တော်တို့ Article ကနေမှတဆင့် Audience တွေအတွက် တင်ဆက်ပြောပြပေးမှာဖြစ်ပါတယ်ဗျ။

ကျွန်တော်တို့ရဲ့လူစဥ်တိုင်းမှာ မကောင်းတဲ့အလေ့အကျင့်တစ်ခုမဟုတ်တစ်ခုတော့ ရှိတတ်ကြတာပါပဲဗျ။ ဥပမာအားဖြင့် အချိန်ဖြုန်းတတ်တဲ့အကျင့်တွေ ၊ ဖုန်းအလွန်အကျွံကြည့်မိတဲ့အခါ‌မျိုးတွေ ၊ စာမကျက်ဘဲ အချိန်ဆွဲမိတဲ့အခါမျိုးတွေ အဲ့လိုမျိုး အလေ့အကျင့်တွေက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေကို အောင်မြင်ဖို့ အတားအဆီးဖြစ်စေတဲ့အဓိကအချက်ဆိုလည်းမမှားနိုင်ပါဘူးဗျ။ ဒါကြောင့် ဒီလိုမကောင်းတဲ့အလေ့အကျင့်တွေကို ဖျက်ပြီး ကောင်းတဲ့အလေ့အကျင့်တွေနဲ့ အစားထိုးဖို့ လိုအပ်တာအမှန်ပါပဲလို့ ကျွန်တော်ယူဆရပါတယ်ဗျာ။

ကျွန်တော်တို့ရဲ့ မကောင်းတဲ့အလေ့အကျင့်ကို ဖျက်ချင်ရင် အရင်ဆုံး ကျွန်တော်တို့ မှာ ဘယ်လိုအလေ့အကျင့်ရှိတယ်ဆိုတာကို သိရှိရပါမယ်။ ဒါ့အပြင် အဲလိုအလေ့အကျင့်ကို ဖြည်းဖြည်းချင်း လျှော့ချပြီး ကောင်းတဲ့အလေ့အကျင့်တစ်ခုကို စတင်မွေးမြူမယ်ဆိုရင်တိုးတက်မှုရှိနိုင်တယ်ဆိုတဲ့စကားကိုငြင်းဆန်နိုင်မှာမဟုတ်တော့ပါဘူး‌ဗျ။ ဥပမာအားဖြင့်ပြောရရင် ဖုန်းအလွန်အကျွံသုံးနေသူတစ်ယောက်ဟာ အဲလိုအချိန်မျိုးကို စာဖတ်တာမျိုး‌တွေ ၊ လေ့ကျင့်ခန်းလုပ်ပြီးအချိန်လည်းကုန်နိုင်သလို ၊ ဒါမှမဟုတ် အသစ်တစ်ခုကို သင်ယူတာမျိုးနဲ့အစားထိုးနိုင်ပါသေးတယ်‌ဗျ။

ကျွန်တော်တို့ရဲ့ နေတိုင်းလုပ်နေကျ အလေ့အကျင့်တစ်ခုကို ပြောင်းလဲဖို့ဆိုတာ လွယ်ကူတဲ့အရာတော့ မဟုတ်ပါတာအမှန်ပါပဲ။ သည်းခံတတ်အောင်နေတာမျိုး၊ စိတ်ရှည်အောင်နေတာမျိုး နဲ့ စည်းကမ်းရှိအောင်နေတာမျိုးတွေမှာ တစ်ခါတစ်ရံ ကျွန်တော်တို့ အမှားလုပ်မိနိုင်ပေမယ့် လက်မလျှော့ဘဲ ဆက်လက်ကြိုးစားမယ်ဆိုရင် အောင်မြင်နိုင်မှာ မလွဲမသွေပါပဲဗျာ။

နိဂုံးချုပ်အနေနဲ့ မကောင်းတဲ့အလေ့အကျင့်‌တွေကို ဖျက်ပြီး ကောင်းမွန်တဲ့အလေ့အကျင့်နဲ့ အစားထိုးနိုင်ခြင်းက ကျွန်တော်တို့ရဲ့ ဘဝကို ပိုမိုကောင်းမွန်စေတယ်ဆိုတဲ့အချက်ဆိုတာရဲရဲကြီး ကျွန်တော်အာမခံပါရစေဗျာ။ ကောင်းတဲ့အလေ့အကျင့်တွေအတွက် ကျန်းမာရေးကောင်းမွန်‌‌အောင်နေပြီး ပညာရေး၊ အလုပ်အကိုင်‌တွေ နဲ့ ဘဝအောင်မြင်မှုတွေကိုလည်း ရရှိစေနိုင်တဲ့အတွက်အခုချက်ချင်းထလုပ်လိုက်တော့နော်။

Content Writer Name: Myat Min Khant
Graphic Designer Name: Shoon Lae Lae

------------------------------------------------------------------------
Subscribe our telegram channel🧑🏻‍💻
https://t.me/the_article_edu_telegram

Join our telegram group📌
https://t.me/thearticle

Follow our LinkedIn 🔗
https://www.linkedin.com/company/the-article-institute/

Follow our Instagram 📲
https://www.instagram.com/thearticleinstitute?igsh=NmY1c2p3czNrM28z

Join our YouTube Channel 🖥

https://youtube.com/?si=Tbauq_bND1nHKPL_



Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00