Tr Thet - Life Coach and Consultant

Tr Thet - Life Coach and Consultant

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tr Thet - Life Coach and Consultant, Yangon.

Photos from Tr Thet - Life Coach and Consultant's post 22/02/2026

222 Portal ကပြတဲ့ နိမိတ်ကတော့
တစ်ချပ်ခြင်း ဖွင့်ဝင်ခဲ့တာပါပဲ🙂

22/02/2026

ဆက်ဆံရေးတွေမှာလေ ချစ်လျက်နဲ့ ပြန်မပတ်သက်နိုင်တော့ဘူးဆိုတာ များသောအားဖြင့် ယုံကြည်ချက်မရှိတော့လို့ပဲ။

ကိုယ့်အပေါ်ထိခိုက်မနာကျင်စေပါဘူးဆိုတဲ့
ယုံကြည်ချက်၊ထပ်ပြီးစွန့်ခွါမသွားခဲ့ပါဘူးဆိုတဲ့ယုံကြည်ချက်၊ကတိတွေပေးပြီးရင်တည်ပါ့မယ် ကိုယ့်ခံစားချက် စကားတွေအပေါ်အလေးထားပါမယ်၊စောင့်နေရင်ပြန်လာခဲ့ပါ့မယ်၊တန်ဖိုးထားပါမယ်ဆိုတဲ့ ယုံကြည်ချက်တွေမရှိတော့လို့ပဲ။

ယုံကြည်ချက်ဆိုတာ သစ္စာအပေါ်မှာပဲ ထားရှိရတာမဟုတ်ဘူး။ယုံကြည်ချက်မရှိတော့ဘူးဆိုတာ တစ်ဖက်လူကဖောက်ပြန်မှာဆိုးလို့ နောက်တစ်ယောက်ထားမှာဆိုးလို့ ယုံကြည်ချက်မရှိတာက သပ်သပ်။ ဒါပေမဲ့ လက်တွေ့ဘဝမှာတော့ ယုံကြည်မှုဆိုတဲ့ စကားက အများကြီးကျယ်ပြန့်တယ်။

လူတွေကိုချစ်လျက်နဲ့ ဘာလို့အတူတူဆက်မရှိနိုင်တော့လည်းဆို အဲ့ဒီလူကြောင့်နာကျင်ခံစားခဲ့ရပြီး အဲ့လူကထပ်ပြီး ထိခိုက်နာကျင်အောင်မလုပ်ပါဘူးဆိုတဲ့ ယုံကြည်မှုမရှိတော့သလိုပဲ။ လူတွေက ယုံကြည်မှုနဲ့ ပတ်သက်ကြတာပါ။

ချစ်တဲ့အခါလည်း ငါ့ကိုတော့ သူက အလေးပေးမှာပဲ၊ ငါကစောင့်နေရင်တော့ လာမှာပဲ၊ ငါ့စကားတွေငါ့ခံစားချက်တွေကိုတော့ သူကအလေးထားမှာပဲဆိုတဲ့ ယုံကြည်ချက်နဲ့ ချစ်ကြတယ် အတူတူရှင်သန်ကြတယ်။

တကယ်လို့ တစ်ဖက်က ကိုယ့်ခံစားချက်တွေကို အလေးမထားတော့ဘူး၊သူ့ကြောင့်ကိုယ်ထိခိုက်မှာမစိုးရိမ်တော့ဘူး ၊စောင့်နေပေမဲ့ရောက်လာဖို့မျှော်လင့်ချက်မရှိဘူး။အတူတူရှိပြီးနောက် ထပ်ထားခဲ့ မခံရဖို့ ယုံကြည်ချက်မရှိဘူးဆို လူတွေကချစ်ပေမဲ့ အတူတူမရှိရဲကြတော့ဘူး ။

ဆက်ဆံရေးတိုင်းမှာ ယုံကြည်မှုကအရေးကြီးတယ်
စီးပွါးရေးလုပ်တဲ့အခါလည်း အပြန်အလှန် ယုံကြည်မှုရှိဖို့၊မိတ်ဆွေအပေါင်းအသင်းတွေ သူငယ်ချင်းတွေကြားမှာလည်း ယုံကြည်စိတ်ချရဖို့လိုသလို ချစ်ခြင်းမေတ္တာမှာဆို ပိုတောင်ယုံကြည်မှုလိုသေးတယ်။

အချစ်ဆိုတဲ့ စိတ်ကလေးဟာ ထိရှလွယ်တဲ့မဟုတ်လား လူတိုင်းကခံစားနာကျင်ရမှာကြောက်ကြတဲ့လူတွေကြည့်ပဲ။ ချစ်စိတ်တစ်ခုကို ရှေ့တန်းတင်ပြီး ခံစားချက်တွေ ယုံကြည်မှုတွေကို ပေးခဲ့ပေမဲ့ ထပ်တူညီတဲ့တန်ကြေးကို ပြန်မရရင် ချစ်ရတဲ့လူကို လူတွေကိုပိုကြောက်တတ်ကြတယ်၊ပိုရှောင်သွားတတ်ကြတော့တာပဲ။


22/02/2026

မိန်းမတစ်ယောက်ကို ပတ်ဝန်းကျင်ကပါလေးစားလာအောင် မစော်ကားရဲမထိရဲအောင်လုပ်ပေးနိုင်တဲ့အရာကအလှလည်းမဟုတ်သလိုငွေလည်းမဟုတ်ဘူး 🙅🙅စကားကြီးကြီးပြောနေတာလည်းမဟုတ်ပါဘူး😇😇

သူမရဲ့ နောက်မှာရပ်နေတဲ့ ယောကျာ်းတစ်ယောက်ရဲ့အချစ်ပါ တကယ်ချစ်ပြီးတန်ဖိုးထားတတ်တဲ့
ယောကျာ်းတစ်ယောက်က သူ့နယ်ပယ်မှာမိသားစုကြားမှာရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီးကာကွယ်ပါလိမ့်မယ် ဇနီးကိုလူကြားထဲမှာမအော်ဘူးအထင်သေးအောင်မလုပ်ဘူး 🙅🙅

ကိုယ့် အမှားကြောင့် အခြားလူတွေပေါ့ပျက်ပျက်ပြောရဲအောင်အခွင့်ရေးမပေးဘူး ဒီလိုယောကျာ်းတစ်ယောက်ရဲ့ဘေးမှာရှိတဲ့ မိန်းမတစ်ယောက်ကို
ပတ်ဝန်းကျင်ကလူတွေကတဖြည်းဖြည်းနားလည်လာတတ်ပါတယ် ဒီမိန်းမကိုစကားအရာနဲ့တောင်စော်ကားလို့မရဘူး🙅🙅ပေါ့ပေါ့မပြောရဘူးမထိရဘူးဆိုတာကိုပါအလိုလိုသိလာတယ်😇😇

မိန်းမတစ်ယောက်ကို ဘယ်သူမှမစော်ကားရဲတာက
သူမကို ကြောက်လို့မဟုတ်ပါဘူး🙅🙅 သူမနောက်မှာတန်ဖိုးထားတတ်တဲ့ယောကျာ်းတစ်ယောက်
ရှိနေတယ်ဆိုတာကိုလူတွေသိနေကြလို့ပါ

အချစ်ဆိုတာ ချိုသာတဲ့စကားတွေမဟုတ်ပါဘူး
အများရှေ့မှာပြသဖို့လည်းမလိုပါဘူး🙅🙅

အချစ်ဆိုတာကာကွယ်ပေးနိုင်ခြင်း လေးစားပေးနိုင်ခြင်းတန်ဖိုးထားပေးနိုင်ခြင်းပါ ယောကျာ်းတစ်ယောက်ရဲ့အချစ်က သူ့ဇနီးရဲ့တန်ဖိုးကို သူမ မပြောဘဲနဲ့တောင်လူတွေရှေ့မှာ တိတ်တိတ်လေးမြှင့်တင်ပေးနေတတ်ပါတယ်😇😇

22/02/2026

“ငွေရှာပေးနေရင် ပြည့်စုံပြီ” လို့ထင်နေတတ်ကြတယ်

ဒါပေမယ့်… 🌸
မိန်းမတစ်ယောက်အတွက်
ငွေ 💸💵
အပြောအဆိုချိုသာခြင်း 🗣️
အာရုံစိုက်မှု 👀
လေးစားမှု 🤍
လုံခြုံမှု (emotional security)
ဒါတွေကလည်း တူတူလိုအပ်တာပါ။

ငွေရှာပေးတာက “တာဝန်” ပါ
ဒါပေမယ့် ချစ်ခြင်း၊ ဂရုစိုက်ခြင်း၊ နားထောင်ပေးခြင်းက “ဆက်ဆံရေး” ပါ။

သူက “ငါတာဝန်ကျေပြီ” လို့ထင်နိုင်ပေမယ့်
သင့်ဘက်က “ငါမခံစားရဘူး” လို့ရှိနေရင်
အဲ့ဒီဆက်ဆံရေးထဲမှာ အပေါက်လေးရှိနေပြီဆိုတာပါ။🌸

အိမ်ထောင်ရှင်တိုင်း အဖက်ဖက်က ပြည့်စုံပျော်ရွှင်နိုင်ကြပါစေ



16/02/2026

“သူမပို့တာ သူမပို့ချင်လို့ပဲ”

လူတစ်ယောက်က စာမပို့တာ
သူအလုပ်ရှုပ်လို့ မဟုတ်ရင်
အကြောင်းတစ်ခုခုရှိလို့ မဟုတ်ပါဘူး။

အများဆုံး အကြောင်းရင်းက
မပို့ချင်လို့ပဲ ဖြစ်တတ်ပါတယ်။

Happy Valentine’s Day လို စာတစ်ကြောင်းတောင်
မပြောဘူးဆိုရင် အကြောင်းပြချက် မရှာပါနဲ့။
သူမလုပ်တဲ့ အရာကိုကိုယ်အကြောင်းနဲ့ မချိတ်ပါနဲ့။

👉 သူမပို့တာ = ကိုယ်မလုံလောက်လို့ မဟုတ်ဘူး
👉 သူမပြောတာ = ကိုယ်တန်ဖိုးမရှိလို့ မဟုတ်ဘူး
အမှန်တရားကတော့မလုပ်ချင်လို့ မလုပ်တာပါ။

ဒါကို Emotional ဖြစ်ပြီး
ကိုယ့်တန်ဖိုးကို လျှော့မချပါနဲ့။

လူတစ်ယောက်ရဲ့ လုပ်ရပ်က
ကိုယ့်တန်ဖိုးကို မဆုံးဖြတ်နိုင်ပါဘူး။

ကိုယ့်ကို တန်ဖိုးထားမယ့်သူနဲ့ပဲ
ဘဝကို တည်ဆောက်ပါ။ 🌸



13/02/2026

💍 အိမ်ထောင်ရေးမှာ မေတ္တာမလျော့သွားစေချင်ရင်…မင်္ဂလာပွဲပြီးတဲ့နေ့က မေတ္တာက အဆုံးမဟုတ်ပါဘူး။
အဲဒီနေ့က စပြီး နားလည်ပေးခြင်းခရီးစဉ် စတင်တာပါ။
အိမ်ထောင်ရေးက —
✔ အနိုင်ယူရမယ့် စစ်မဟုတ်ဘူး
✔ မှန်မှန်မမှန်မှန် အပြစ်ရှာရမယ့်နေရာမဟုတ်ဘူး
✔ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ရမယ့် တာဝန်ပါ
မယားက ပင်ပန်းရင်
လင်က နားလည်ပေးရမယ်။
လင်က စိတ်ပင်ပန်းရင်
မယားက စကားနူးနူးညံ့ညံ့လေးနဲ့ အားပေးပေးရမယ်။
💬 စကားမပြောဘဲ နေခြင်းက အေးစက်မှုကို ဖန်တီးတတ်တယ်။
💬 စကားပြောနည်းမှန်ရင် ပြဿနာအများစု ပြေလည်တတ်တယ်။
အချစ်ဆိုတာ
“ငါမှန်တယ်” ဆိုတာထက်
“ငါတို့ အဆင်ပြေဖို့” ကိုရွေးချယ်နိုင်ခြင်းပါ။
❤️ အိမ်ထောင်ရေးက တစ်နေ့တစ်နေ့ ထိန်းသိမ်းရတဲ့ ဥယျာဉ်တစ်ခုပဲ။
မပျိုးမထောင်ရင် မေတ္တာပင်ပန်းသွားတတ်တယ်။



13/02/2026

I got over 10,000 reactions on my posts last week! Thanks everyone for your support! 🎉

31/01/2026

အခုတလော TT မှာ အလုပ်လုပ်နေတော့ Facebook ကို ပစ်ထားလိုက်ရတယ် မွေးပြီးမှ သေချာ Sharing ပြန်လုပ်ပါ့မယ်ရှင့်

12/01/2026

45 days Daily Guidelines and Consultant ယူတဲ့ ဂျပန်က ညီမလေး နောက်တစ်ယောက် Congratulations ပါ သဲရေ🌿💗🌿💎

12/01/2026

I got over 8,000 reactions on my posts last week! Thanks everyone for your support! 🎉

30/12/2025

အစပိုင်းတော့ စာလေးနဲ့ပေါ့ ပြီးရင် Phone Call လေး ပြီးရင် Video Call ပြီးရင် အပြင်မှာတွေ့ကြတာပါပဲရှင်😅💁🤭 ပြောမိပြန်ပြီ

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Culinary Team

Attire

Telephone

Website

Address

Yangon
11041